ပူးပေါင်းကြခြင်း
Vol. 93 Ch. 1386
“အထီးကျန်သိုင်းသခင်... ခင်ဗျား-ခင်ဗျား”
အကြီးအကဲဘဝဖြတ်ပိုင်း၏အော်ရာက အားနည်းလာပြီး သူ၏ပါးစပ်ထဲကနေ သွေးများက အဆက်မပြတ် စီးကျလာ၏။ သူက ဆက်လက်၍ စကားမပြောဆိုနိုင်တော့ပေ။
သူ၏ကိုယ်တွင်းအင်္ဂါများက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထိုးဖောက်ခြင်းခံလိုက်ရပြီဖြစ်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် မည်မျှပင် အသက်ဓာတ်ပေါကြွယ်ဝပါစေ သူတို့သည် ဤကဲ့သို့ အလွန်တရာ ပြင်းထန်သည့် ဒဏ်ရာများကနေ ပြန်လည်သက်သာလာနိုင်တော့မည် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်များကနေ အသက်ဓာတ်က လျင်မြန်စွာဆုတ်ယုတ်လာ၏။
အမျိုးသမီးအိုသည် မြေပြင်ပေါ်မှာလဲကျနေပြီး အတတ်နိုင်ဆုံးကြိုးစားကာ အသက်မဲ့နေသောမျက်လုံးများဖြင့် ဆူဇီမိုကိုလှည့်ကြည့်လိုက်၏။ သူမ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီဖြစ်ပြီး သူမက မကျေမချမ်းဖြင့်ပင် သေဆုံးသွားရ၏။
သိပ်မကြာခင် အကြီးအကဲဘဝဖြတ်ပိုင်းကလည်း သေဆုံးသွားခဲ့လေပြီ။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်က သေသွားကြလေပြီ။
ဆူဇီမိုမှာ နောက်ထပ်ဝှက်ဖဲများရှိနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။ ဒါ့အပြင် သူက အဲ့ဒါကိုထုတ်ဖော်လိုက်သည့်ခဏမှာပင် သူတို့၏ အသက်ကိုနုတ်ယူသွားနိုင်ခဲ့လေသည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်သည် မဟာရှေးဟောင်းဓားပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်သည် အမြဲတမ်းနီးပါး တိုက်ခိုက်ရာမှာအောင်မြင်ခဲ့လေသည်။ အရင်တုန်းက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ပျက်ပြယ်ခဲ့ရသည့်တစ်ခုတည်းသောအချိန်မှာ တာအိုအရှင်အမုန်းက အမုန်းသုတ္တန်ကို သုံးပြီး အရာရာတိုင်းကို ခုခံခဲ့စဥ်ကဖြစ်၏။
အချိန်အများစုမှာ အဆင့်တူခြင်း၌ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကို ခုခံနိုင်သည့်သူက မရှိသလောက်နီးပါးပင်။
တကယ်တော့... ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက လုံးလုံး ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ ဓားဂိုဏ်းမှာ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ရှိပြီး အဲ့ဒါက ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ထက် အားမနည်းပေ။
ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကို ကျင့်ကြံထားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာမည်ဆိုလျှင် သူက ဆူဇီမိုနှင့်ယှဥ်နိုင်ပေလိမ့်မည်။ ဒါ့အပြင် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များ၏ အထက်မှာ ပို၍သန်မာသော လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ရှိသေးလေသည်။
အနည်းဆုံးတော့ ပြန်ဝင်စားမွန်းစတားနှစ်ယောက်သည် သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ကြောင်း ဆူဇီမိုက သိရှိထား၏။
တစ်ယောက်က အဆူရာဖြစ်ပြီး နောက်တစ်ယောက်က ကိုယ်တော်တာမင်းဖြစ်၏။
ဆူဇီမိုသည် ဟိုဟိုဒီဒီတွေးတောနေစဥ်မှာပင် ခန်းမထဲရှိကျင့်ကြံသူများက စောစောကမြင်ကွင်းမှာ တုန်လှုပ်နေကြဆဲ ဖြစ်၏။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ခင်ဗျားက တကယ်ပဲ...”
အတန်ကြာပြီးနောက် အကြီးအကဲလန်ထျန်က ခါးသက်စွာပြုံး၍ တွေဝေတုံ့ဆိုင်းနေ၏။
သူ၏ထင်မြင်ယူဆချက်က မှားယွင်းခဲ့သေးလေသည်။
တစ်ချိန်တည်းမှာပင် သူက စိတ်ထဲကနေ စိတ်သက်သာရာရသွားခဲ့၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုတို့နှင့် မပူးပေါင်းခဲ့ရသည်မှာ အကြောင်းအရင်းနှစ်ရပ်ရှိလေသည်။
အကြောင်းရင်းတစ်ရပ်မှာ... သူက ဆူဇီမို၏ အစစ်အမှန်နဂါးခန္ဓာကို စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်၏။ နောက်ထပ်အကြောင်းရင်းမှာ ဆူဇီမို၏ ပါရမီအလားအလာကြောင့်ဖြစ်၏။
သို့သော်လည်း လက်ရှိဆူဇီမိုကပင်လျှင် သူ့ကို ကြောက်ရွံ့တူန်လှုပ်စေဖို့ လုံလောက်နေလေပြီ။
သူက ရှေးတော်ဝင်မိသားစု နှစ်စုနှင့် ပူးပေါင်းဖို့ရွေးချယ်ခဲ့မည်ဆိုလျှင် ယခုချိန်တွင် မြေပြင်ပေါ်မှာလဲကျနေမည့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအလောင်းက နှစ်လောင်းမဟုတ်ဘဲ သုံးလောင်းဖြစ်နေပေလိမ့်မည်။
“တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတွေသေသွားပြီဆိုတော့ ဒီကိစ္စက ညှိနှိုင်းဆွေးနွေးလို့ရမှာ မဟုတ်တော့ဘူး”
အကြီးအကဲလန်ထျန်က ညင်သာစွာသက်ပြင်းချလိုက်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်နှင့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်က သေဆုံးသွားခြင်းနှင့်အတူ ဆူဇီမိုနှင့် ရှေးတော်ဝင်မိသားစု နှစ်စုအကြား ရန်ငြိုးရန်စက အလွန်တရာနက်ရှိုင်းသွားခဲ့လေပြီ။
“ဘာလို့လဲ”
ဆူဇီမိုက မျက်ခုံးပင့်ပြီး ပြောလိုက်၏။
“အဲ့ဒီရှေးတော်ဝင်မိသားစုနှစ်စုက မျိုးနွယ်စုခေါင်းဆောင်တွေက ပေါ်ထွက်လာမှာလား”
ယခုအချိန်တွင် သူက ပေါင်းစည်းခန္ဓာအဆင့်မှာဖြစ်၏။ သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ပင်လျှင် သူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့် ခုခံတိုက်ခိုက်နိုင်သော်လည်း သူက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် အနိုင်ရဖို့ သေချာပေါက် အခွင့်အလမ်းမရှိပေ။
“ကျုပ်... အဲ့လိုဖြစ်မယ်တော့ မထင်ပါဘူး”
အကြီးအကဲလန်ထျန်က မရေမရာပြန်ဖြေလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် မျိုးနွယ်စုခေါင်းဆောင်တွေက သူတို့ရဲ့ မိသားစုကလန်တွေ ဖျက်ဆီးချေမှုန်းမခံရသရွေ့ ပေါ်ထွက်လာမှာမဟုတ်ဘူး”
ကိစ္စက ထိုသို့ဆိုသော်လည်း ယနေ့ ရှေးတော်ဝင်မိသားစုနှစ်စုအပေါ်ရိုက်ချက်က အရမ်းကိုကြီးမားပြင်းထန်လေသည်။
မျိုးနွယ်စုခေါင်းဆောင်များသည် ဤကိစ္စကို သိရှိလာဖို့ အခွင့်များလေသည်။
ဆူဇီမိုက တည်ငြိမ်သောအမူအရာရှိနေ၏။ သူသည် ဘာပဲဖြစ်လာဖြစ်လာ ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ရောက်ရှိလာမယ်ဆိုရင် သူကအလွန်ဆုံး ထွက်ပြေးရုံသာဖြစ်၏။
သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ဝင်ရောက်လာပြီး အပြည့်အဝကြီးထွားလာခဲ့ပြီဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူ့ကိုသတ်ဖြတ်ဖို့ အလွန်တရာခဲယဥ်းပေလိမ့်မည်။
ဆူဇီမိုသည် ဒေါင်ဖန်ရွှမ်နှင့် ရှီမန်ထောင်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်ထဲတွင် သူတို့နှစ်ယောက်သာလျှင်ကျန်ရစ်တော့၏။
အစကတော့ အခြားစွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သုံးယောက်ကတော့ ရှင်သန်နေသေးလေသည်။ သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီမုန်တိုင်း တိုက်ခတ်လာပြီးနောက် သူတို့သည် ချက်ချင်းပင် သေဆုံးသွားခဲ့ကြ၏။
ဆူဇီမိုကြည့်လိုက်သောအခါ သူတို့နှစ်ယောက်သည် စိတ်ပျက်အားငယ်နေသော မျက်ဝန်းများဖြင့် တုန်လှုပ်ချောက်ချားနေကြ၏။
သူတို့နှစ်ယောက်သည် အရင်က မြင့်မားသောစိတ်ဝိညာဥ်များနှင့်အတူ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဦးဆောင်လာခဲ့ကြ၏။ သူတို့ထဲ မည်သူကမှ ဤကဲ့သို့ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး သနားညှာတာပါဦး”
ဒေါင်ဖန်ရွှမ်က ခါးသီးသောအမူအရာနှင့်အတူ တောင်းပန်တိုးလျှိုးလိုက်၏။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူသည် နောက်ထပ်နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နေထိုင်ရဦးမည်ဖြစ်၏။ သူက ဤကဲ့သို့ သေမသွားချင်သေးပေ။
သူက သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်ရမည်ဆိုလျှင်တောင် အဲ့ဒါကို ကြိုးစားကြည့်ရပေမည်။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ကျုပ်က မိသားစုကလန်ဆီပြန်ရောက်သွားရင် ခင်ဗျားနဲ့သေချာပေါက် ရန်ဘက်အဖြစ်ခံမှာ မဟုတ်တော့ဘူး”
ရှီမန်ထောင်ကလည်း အလောတကြီးကျိန်ဆိုလိုက်၏။
ထိုသည်ကိုကြည့်ပြီး လူတိုင်းသည် စိတ်ခံစားချက်များ ရောထွေးလာကြ၏။
ရှေးတော်ဝင်မိသားစုနှစ်စုမှ မိသားစုသခင်များသည် နောက်ဆုံးမှာတော့ အထီးကျန်သိုင်းသခင်၏ရှေ့မှာ ဒူးထောက်၍ သနားညှာတာဖို့အတွက် တောင်းပန်တိုးလျှိုးနေရလေသည်။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်း၏မြင်ကွင်းက အရမ်းကိုတုန်လှုပ်စရာကောင်းခဲ့လေသည်။
မိသားစုသခင်နှစ်ယောက်သည် လိပ်ပြာလွင့်မတက် ကြောက်လန့်နေကြလေသည်။
“မင်းတို့တွေ သွားလို့ရပြီ”
ဆူဇီမိုက လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ပြောလိုက်၏။
“ဒီကနေ ပြန်သွားပြီးရင် မင်းတို့ရဲ့ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတွေကို ငါ့ကိုရန်လာမရှာဖို့ပြောလိုက်... ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့မယ်”
“ဟုတ်-ဟုတ်... ဟုတ်ကဲ့”
မိသားစုသခင်နှစ်ယောက်က ထပ်တလဲလဲခေါင်းညိတ်ပြလိုက်၏။
“ကျုပ်တို့... ရန်မစရဲတော့ပါဘူး”
အဲ့ဒါက အမှန်တရားဖြစ်၏။
သူတို့သည် လက်စားချေချင်သည်ဆိုလျှင်တောင် ဤကိစ္စ၏ အတိုင်းအရှည်ကို ပြန်လည်စဥ်းစားချင့်ချိန်နေရမည်ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကိုပါ ဖိတ်ခေါ်နေရဦးမည်ဖြစ်၏။
ဆူဇီမိုသည် သူတို့၏စိတ်ကို ဖတ်မိသည့်အလား သူကထပ်ပြောလိုက်၏။
“မင်းတို့တွေက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို တံခါးပိတ်ကျင့်ကြံရာကနေ ဖိတ်ခေါ်နိုင်မယ်ဆိုရင်တောင် ဒီကိစ္စကို သေသေချာချာပြန်စဥ်းစားရလိမ့်မယ်... မဟုတ်ရင် ငါ အထီးကျန်သိုင်းသခင် အသက်ရှင်နေသရွေ့ မင်းတို့ရှေးတော်ဝင်မိသားစု နှစ်စုက အနာဂတ်မှာ အေးအေးချမ်းချမ်းနေရလိမ့်မယ်မထင်နဲ့”
အဲ့ဒါက ပြောင်းပြောင်းတင်းတင်းခြိမ်းခြောက်လိုက်ခြင်းဖြစ်၏။
မိသားစုသခင်နှစ်ယောက်သည် ကြောက်ရွံမှုဖြင့်တုန်လှုပ်သွားပြီး သူတို့၏ခေါင်းများကို အလောတကြီးခါပြလိုက်၏။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ခင်ဗျားနောက်နေတာပဲ ဖြစ်ရမယ်... ကျုပ်တို့က ဘယ်လိုလုပ် အဲ့လိုလုပ်ရဲပါတော့မလဲ”
“သွားတော့”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
မိသားစုသခင်နှစ်ယောက်သည် ထိုသည်ကိုမြင်သောအခါ ဆက်လက်၍ ကြန့်ကြာရဲခြင်းမရှိတော့ဘဲ နောက်ပြန်လှည့်ခြင်းမရှိ လှည့်ထွက်သွားကြ၏။ တစ်ခဏအတွင်းမှာပင် သူတို့က ပျောက်ကွယ်သွားကြလေပြီ။
ဆူဇီမိုသည် သူတို့နှစ်ယောက်ကို လွှတ်ပေးခဲ့ရသည့်အကြောင်းရင်းမှာ သူက သတင်းစကားတစ်ခုကို ပြန်ပေးပို့စေချင်သောကြောင့်ဖြစ်၏။
ယနေ့ကိစ္စကို ဤနေရာမှာအဆုံးသတ်လိုက်မည်ဖြစ်ပြီး ဤကိစ္စကြောင့်သူသည် ရှေးတော်ဝင်မိသားစု နှစ်စုကို ဆက်လက်၍ ပြဿနာရှာတော့မည် မဟုတ်ပေ။
သို့သော်လည်း ရှေးတော်ဝင်မိသားစုနှစ်စုက မရပ်တန့်နိုင်ဘူးဆိုလျှင် သူကလည်း ဆက်လက်၍ ငဲ့ကွက်စဉ်းစားလိမ့်မည် မဟုတ်ပေ။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... အကွက်ရွှေ့သွားတာ ကောင်းတယ်ဗျာ”
အကြီးအကဲလန်ထျန်က ခေါင်းညိတ်၍ ချီးကျူးလိုက်၏။
“နန်းကုန်မိသားစုကရော ဒီကိုဘာ့ကြောင့်ရောက်လာတာလဲ”
ဆူဇီမိုက လှည့်၍မေးလိုက်၏။
မည်သို့ပင်ဆိုစေ နန်းကုန်မိသားစုသည် ရှေးတော်ဝင်မိသားစုနှစ်စုနှင့် ပူးပေါင်းခဲ့ခြင်းမရှိပေ။ နန်းကုန်လင်းကြောင့် ဆူဇီမိုသည် နန်းကုန်မိသားစုအပေါ် ကောင်းမွန်သော ထင်မြင်ချက်ရှိလေသည်။
“ကျုပ်တို့က ဒီနေရာကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကြောင့် ရောက်လာတာပါပဲ”
အကြီးအကဲလန်ထျန်ပြောလိုက်၏။
“ဒါပေမဲ့ တာအိုရောင်းရင်းအထီးကျန်သိုင်းသခင် ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့... ကျုပ်က ဒီဂမ္ဘီရစိမ့်စမ်းနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ခင်ဗျားနဲ့ဆွေးနွေးချင်ရုံပါပဲ”
“ဒါက... ပေမင်ရှေးတော်ဝင်မိသားစုရဲ့ရတနာတစ်ခုပဲ ကျုပ်အဲ့ဒါကိုယူမှာ မဟုတ်ဘူး”
ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
အကြီးအကဲလန်ထျန်ကလည်း ပြောလိုက်လေသည်။
“ဒါပေမဲ့လို့ လက်ရှိပေမင်ကလန်ရဲ့ အင်အားနဲ့ ဒီဂမ္ဘီရစိမ့်စမ်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့မလွယ်ဘူး... တာအိုရောင်းရင်း အထီးကျန်သိုင်းသခင် ခင်ဗျားလည်း ဒီနေရာမှာအမြဲတမ်းစောင့်ကြပ်ပေးနေနိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်သွား၏။
အကြီးအကဲလန်ထျန်က ဆက်ပြောလေသည်။
“ကျုပ်မှာအကြုံပြုစရာတစ်ခုရှိတယ်... ကျုပ်ရဲ့ နန်းကုန်မိသားစုက ဒီဂမ္ဘီရစိမ့်စမ်းကို ပေမင်ကလန်အတွက် ကာကွယ်စောင့်ရှောက်ပေးမယ်... အဲ့ဒီအချိန်အတွင်းမှာ ကျုပ်တို့မိသားစုတွေက ပေမင်ကလန်သားတွေ ကောင်းကောင်းကျင့်ကြံဖို့လည်း အတတ်နိုင်ဆုံး ကူညီပေးမယ်... ပေမင်ကလန်က အန္တရာယ်ရှိလာမယ်ဆိုရင် ကျုပ်တို့က အစွမ်းကုန်ထုတ်ပြီး ကာကွယ်ပေးမယ်”
“အဲ့ဒါအတွက် ကျုပ်တို့ကလည်း ဂမ္ဘီရစိမ့်စမ်းရဲ့ ဝေစုတစ်ခုကို ရချင်တယ်... တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်နဲ့ ပေမင်ကလန်ကလူတိုင်းပဲ ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ”
ဆူဇီမိုကပြောလိုက်လေသည်။
“ဒါက.. ပေမင်ကလန်ရဲ့ကိစ္စပဲ ကျုပ်ဝင်ပါမှာ မဟုတ်ဘူး”
တကယ်တော့... အဲ့ဒါသည် ပေမင်ကလန်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်လေသည်။
ပေမင်ကလန်သည် နန်းကုန်မိသားစုနှင့် ပူးပေါင်းလိုက်မှသာလျှင် ဤကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ကာကွယ်နိုင်ပေလိမ့်မည်။
မဟုတ်ပါက လက်ရှိအချိန်တွင် ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုကိုမပြောနှင့် မည်သည့်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းမဆို ပေမင်ကလန်ကို ဖျက်ဆီးချေမှုန်းနိုင်လေသည်။