← Chapters

ပြဿနာပဲ

Vol. 93 Ch. 1388

ပြဿနာပဲ

Vol. 93 Ch. 1388

“ဒါက...”

ပေမင်ရွှယ်က တုန်လှုပ်သွား၏။

စောစောက ဆူဇီမိုသည် စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် တိုက်ခိုက်ခဲ့စဥ်က သူမသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ ပုန်းကွယ်နေသော ကျောက်တုံးတစ်တုံးရှိနေသည်ကိုခံစားမိခဲ့၏။

သို့သော် ယခု ထိုကျောက်တုံးသည် ခုန်ထွက်လာပြီး မြေပြင်ပေါ်မှာ လူးလိမ့်နေ၏။

“အဲ့ဒါက အသက်ရှိနေတာလား”

ပေမင်ရွှယ်သည် ဆူဇီမိုအံ့အားသင့်သွားခြင်းမရှိသည်ကို တွေ့မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်၏။

“အင်း”

ဆူဇီမိုက ခေါင်းညိတ်၍ ဘဲဥပုံသဏ္ဌာန်ကျောက်တုံးကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒါကမှ ပေမင်ကလန်စောင့်ထိန်းလာခဲ့တဲ့ အစစ်အမှန် လျှို့ဝှက်ချက်ပဲ... ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း မဟုတ်ဘူး”

ပေမင်ရွှယ်သည် တုန်လှုပ်သွားပြီး ကြောင်အ,မှင်တက်သွား၏။

ပေမင်ကလန်စောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်သည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကဲ့သို့ လောကဆိုင်ရာအဆုံးစွန်ရတနာတစ်ခုမဟုတ်ဘဲ ထူးဆန်းသော ကျောက်တုံးတစ်တုံးဖြစ်နေလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

သူမသည် လိမ္မာပါးနပ်ပြီး ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

သူမ၏ဆရာသည် ဤလျှို့ဝှက်ကို တခြားသူများရှေ့မှာ မပြောဆိုခဲ့ဘဲ အားလုံးထွက်သွားပြီးမှ သူမကိုပြောပြလာခဲ့၏။ အဲ့ဒါက အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ရပေမည်။ ပေမင်ရွှယ်သည် ဧရာမကျောက်တုံးကို ခဏမျှငေးကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူမက မနေနိုင်ဘဲ မေးလိုက်လေသည်။

“အဲ့ဒါက ဥတစ်လုံးလား”

ဆူဇီမိုက ပြန်ဖြေခြင်းမရှိဘဲ ပြန်လည်မေးလိုက်၏။

“ကမ္ဘာဦးတဗူးဆိုတာ မင်းကြားဖူးလား”

“ကျွန်မအဲ့ဒါကို အရင်ကကြားဖူးခဲ့တယ်”

ပေမင်ရွှယ်က ပြောလိုက်၏။

“ကောင်းကင်နဲ့မြေကြီး တောင်ကြားတိုက်ပွဲသတင်းပြီးတဲ့နောက်မှာ ကျွန်မအဲ့ဒါကို စပြီးကြားဖူးခဲ့တာ... ကမ္ဘာဦးခေတ်တုန်းက ကမ္ဘာဦးတဗူးလို့ခေါ်တဲ့ အရမ်းကိုကြောက်စရာကောင်းပြီး စွမ်းအားကြီးမားတဲ့ ကမ္ဘာဦးတဗူးရှိတယ်ပြောတယ်... ဆရာ့ဘက်က အဲ့ဒီသားရဲတောကောင်က ကမ္ဘာဦးတဗူး ဖြစ်တယ်လို့ပြောကြတယ် ဟုတ်တယ်မလား”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ညဝိညာဥ်က ‘ဟို့’ ပဲ သူ သူက တဗူးတွေထဲက တစ်မျိုးပေါ့”

“တဗူးတွေထဲက တစ်မျိုးလား”

ပေမင်ရွှယ်သည် ခဏမျှမှင်တက်သွားပြီး မေးလိုက်၏။

“ကမ္ဘာဦးတဗူးဆိုတာ မျိုးနွယ်တစ်ခုမဟုတ်ဘူးလား”

ဆူဇီမိုက​ပြောလိုက်၏။

“ကမ္ဘာဦးခေတ်တုန်းက အဓိကကျတဲ့ တဗူးသုံးမျိုးရှိခဲ့တယ်... ‘ဟို့’ က သူတို့ထဲက တစ်မျိုးပဲ... အခြားတဗူးနှစ်မျိုးကတော့ နဂါးဖီးနစ်နဲ့ ခွန်ဖန်းပဲ”

ပေမင်ရွှယ်က အတွေးနက်သွား၏။

ခဏကြာပြီးနောက် သူမ၏မျက်လုံးက ဝင်းလက်သွားပြီး မေးလိုက်၏။

“ဆရာ... ဒီဧရာမကျောက်တုံးထဲမှာ ကမ္ဘာဦးတဗူးတစ်မျိုးရှိနေတယ်လို့ ပြောချင်တာလား”

“ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက ခွန်ဖန်းဥဖြစ်လိမ့်မယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အာ...”

ပေမင်ရွှယ်က အံ့အားတသင့်ရေရွတ်လိုက်၏။

ကမ္ဘာဦးတဗူးများက ဘယ်လောက်တောင်သန်မာလိုက်သလဲ။ ကမ္ဘာဦးမျိုးနွယ် ၉ စုပင်လျှင် သူတို့ကို အလွန်တရာစိုးရိမ်နေကြလေသည်။ တကယ်ဆို ညဝိညာဥ်ကိုကြီးထွားမလာခင် သတ်ဖြတ်နိုင်ဖို့အတွက် သူတို့သည် ကြီးမားသော အင်အားအစုအဖွဲ့တစ်ခုကို စေလွှတ်ခဲ့ရ၏။

သူမ၏ ဘိုးဘေးများသည် တုန်လှုပ်စရာ​ကောင်းသော ဤလျှို့ဝှက်ချက်ကို စောင်ထိန်းလာခဲ့မည်ဟု ပေမင်ရွှယ်က ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုကပြောလိုက်၏။

“ဒီကိစ္စကို တခြားလူတွေရဲ့ရှေ့မှာ ငါမပြောခဲ့ဘူးဆိုတာ ဒီလျှို့ဝှက်ချက်က အရမ်းကိုကြီးမားလို့ပဲ”

“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရဲ့ သတင်းကပျံ့နှံ့သွားမယ်ဆိုရင် နန်းကုန်ရှေးတော်ဝင်မိသားစုက သူတို့ရဲ့ ခွန်အားနဲ့ ဒီဂမ္ဘီရစိမ့်စမ်းကို ခုခံပေးကောင်း ခုခံပေးနိုင်လိမ့်မယ်.... ဒါပေမဲ့ ခွန်ဖန်းဥရဲ့သတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် နန်းကုန်ရှေးတော်ဝင်မိသားစုကို မပြောနဲ့ ရှေးတော်ဝင်မိသားစု ၃စု ပူးပေါင်းမယ်ဆိုရင်တောင် အဲ့ဒါကို ခုခံကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

တကယ်တော့... ဤလျှို့ဝှက်ချက်သည် ပေမင်ကလန်အတွက် ကောင်းချီးဆိုတာထက် ကျိန်စာတစ်ခုဖြစ်ခဲ့ပုံရလေသည်။

ထို့ကြောင့်ပင်လျှင် ပေမင်ကလန်၏ ဘိုးဘေးများက အရမ်းကို သတိကြီးကြီး ထားခဲ့ကြခြင်းဖြစ်၏။ ဆူဇီမိုက ပြောလိုက်လေသည်။

“ငါ... တခြားသူတွေကိုအရင်ဆုံး ထွက်သွားခိုင်းခဲ့တယ်ဆိုတာ ငါမင်းကို ဒီအကြောင်းပြောချင်လို့ပဲ.. ဒုတိယအချက်အနေနဲ့ ဒီခွန်ဖန်းဥက အရမ်းကိုအသိစိတ်ရှိတယ် မင်းမြင်တဲ့အတိုင်း အဲ့ဒါက အသားနဲ့ အဆီအနှစ်စွမ်းအင်တွေကို အခုပဲဝါးမျိုနေပြီ”

“ပြေရမယ်ဆို... သူက အပြင်မှာရှိတဲ့အန္တရာယ်ကိုလည်း အာရုံခံနိုင်တယ်... အဲ့ဒါကြောင့် သူက စောစောက ထွက်မလာခဲ့တာပဲ... အခု ငါကတခြားသူတွေကိုနှင်ထုတ်လိုက်မှပဲ သူကထွက်လာခဲ့တယ်”

ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။ ခွန်ဖန်းသည် ယခုအချိန်ထိ အကောင်မပေါက်သေးသော်လည်း ၎င်းသည် အလွန်တရာထူးခြားသော ဉာဏ်ရည်ဉာဏ်သွေးကိုပြသနေခဲ့လေပြီ။

“အဲ့ဒါဆို... ဒီကိစ္စကို ကျွန်မတို့ဘယ်လိုလုပ်ရမလဲ”

ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်၍ မေးလိုက်၏။

ဆူဇီမိုကလည်း ခေါင်းခါပြလိုက်၏။

ခဏမျှစဥ်းစားပြီးနောက် သူက ပြောလိုက်၏။

“ခွန်ဖန်းဥက အသားတွေနဲ့ အဆီအနှစ်စွမ်းအင်တွေကိုစုပ်ယူပြီးမှပဲ ဘာဆက်ဖြစ်လာမလဲ ငါတို့ စောင့်ကြည့်ရမယ်”

“အဲ့လိုပဲလုပ်ရတော့မှာပေါ့”

ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။

ထိုစဥ်မှာပင် သူမသည် အခွင့်အလမ်းတစ်ခုကို အာရုံခံမိသွာသည့်အလား ရင်တစ်ချက်ထိတ်သွား၏။

“ဆရာ... ကျွန်မမကြာခင် အဆင့်ချိုးဖျက်တက်လှမ်းတော့မယ်ထင်တယ်”

ပေမင်ရွှယ်က ပြောလိုက်၏။

တကယ်တော့ သိုင်းတာအိုကို ကျင့်ကြံနေစဥ် လူတစ်ယောက်သည် သွေးချီရွှေအမြုတေကိုစုဖွဲ့ခြင်းဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ ကြိုးပမ်းနိုင်လေသည်။

ဆူဇီမိုသည် ပေမင်ရွှယ်ကို ဆက်လက်၍ ကျင့်ကြံစေခဲ့သည်မှာ သူမကို ပြီးပြည့်စုံသော အခြေခံအုတ်မြစ်တစ်ခုတည်ဆောက်စေပြီး သူမ၏ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းတွင် ပို၍ဝေးဝေးခရီးဆက်နိုင်ဖို့ဖြစ်၏။

သိုင်းတာအိုအပေါ် သူ့ထက်ပိုပြီး ဘယ်သူကမှ ကောင်းကောင်းနားလည်သဘောပေါက်ခြင်းမရှိသောကြောင့်ဖြစ်၏။ သိုင်းတာအိုပင်မခန္ဓာသည် နဂါးဆင်ခွန်အားကိုကျင့်ကြံခဲ့ပြီး အဆင့်ချိုးဖျက်တက်လှမ်းပြီးနောက် သူ၏အမြုတေစိတ်ဝိညာဥ်သည် အလွန်တရာစွမ်းအားကြီးမားသော သိုင်းစိတ်ဝိညာဥ်မီးကနေ ဆင်းသက်လာခြင်းဖြစ်၏။

“အဲ့ဒါကို ဒီမှာပဲလုပ်လိုက်ပေါ့”

ဆူဇီမိုက ခေါင်းညိတ်၍ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို လက်ညိုးထိုးပြလိုက်၏။

ပေမင်ရွှယ်က အဆင့်ချိုးဖျက်တက်လှမ်းနိုင်သည်မှာ ကြာခဲ့လေပြီ။ ယခု စွမ်းအားကြီးပုဂ္ဂိုလ်များကြားတိုက်ပွဲကို စောင့်ကြည့်ပြီးနောက် သူမ၏ နှလုံးက လှုပ်ရှားလာပြီး နောက်ဆုံးမှာတော့ သူမသည် သူမ၏အမြုတေစိတ်ဝိညာဥ်အတွက် အခွင့်အလမ်းတစ်ခုကိုအာရုံခံမိလာ၏။

သူမသည် ရွှေရောင်ရေကန်ထဲသို့ဝင်ရောက်သွားပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် တင်ပျဥ်ခွေထိုင်လိုက်၏။

ဆူဇီမိုသည် ခန်းမ၏ဝင်ပေါက်ဝမှာ စောင့်ကြပ်ပေးနေ၏။

အဲ့ဒါသည် ပေမင်ရွှယ်ကို ကာကွယ်ဖို့သာလျှင် မဟုတ်ဘဲ ခွန်ဖန်းဥကို တခြားသူများမမြင်စေရန် ကာကွယ်ဖို့အတွက်လည်းဖြစ်၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။

တစ်ခဏအတွင်းမှာပင် နှစ်ရက်တာက ကုန်ဆုံးသွားခဲ့လေပြီ။ ရုတ်တရက် ပေမင်ရွှယ်သည် ဆတ်ခနဲတုန်ယင်သွားပြီး အဟန့်အတားတချို့ကျိုးပြတ်သွားသည့်အလား သူမ၏အော်ရာက မြင့်တက်လာ၏။ သူမ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ထက်ရှသောအလင်းတန်းတစ်ခုက တောက်ပလာ၏။

“ဟမ်..”

ဆူဇီမို၏အမူအရာက ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်၏။

“မဆိုးဘူးပဲ”

ပေမင်ရွှယ်သည် အဆင့်ချိုးဖျက်တက်လှမ်းပြီး သိုင်းစိတ်ဝိညာဥ်အဆင့်သို့ ဝင်ရောက်လာခဲ့၏။

အဲ့ဒါသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ နိုးထဝိညာဥ်အဆင့်နှင့် တူညီလေသည်။

ထိုမျှသာမက ပေမင်ရွှယ်၏ သိုင်းစိတ်ဝိညာဥ်သည် အရင်ဆုံးထက်ရှသော ဓားတစ်လက်အဖြစ်အသွင်ပြောင်းလဲပြီးမှ ၎င်း၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလာခဲ့၏။

အဲ့ဒီမှာ သိုင်းစိတ်ဝိညာဥ်အမျိုးအစားများစွာရှိလေသည်။

ဆူဇီမို၏ သိုင်းစိတ်ဝိညာဥ်သည် မီးတောက်များကနေ ဆင်းသက်လာခြင်းဖြစ်၏။

ပေမင်ရွှယ်ကတော့ ဓားတစ်လက်ကနေ ဆင်းသက်လာခြင်းဖြစ်၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် ဓားတာအိုအပေါ် ပေမင်ရွှယ်၏ နားလည်သဘောပေါက်နိုင်မှုသည် အနာဂတ်မှာ အခြားသူများထက် သေချာပေါက် ကျော်လွန်သွားပေလိမ့်မည်။

ဤကဲ့သို့ သိုင်းစိတ်ဝိညာဥ်တစ်ခု၏ အကူအညီနှင့်အတူ ပေမင်ရွှယ်၏ ဓားတာအိုသည် သေချာပေါက် အလွန်တရာကြောက်စရာကောင်းလာပေလိမ့်မည်။

နောက်ထပ်နှစ်နာရီကြာသွားပြီးနောက် ပေမင်ရွှယ်၏အော်ရာက တဖြည်းဖြည်းတည်ငြိမ်သွား၏။

ပေမင်ရွှယ်သည် သူမ၏မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး သူမခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုကိုခံစားမိသောအခါ ပြုံးလိုက်မိလေသည်။

“ဆရာ... ကျွန်မအောင်မြင်သွားပြီ”

“အင်း..”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ထိုစဥ်မှာပင် ခွန်ဖန်းဥကလည်း သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီဖြစ်၏။ သူသည် မြေပြင်ပေါ်ရှိ အသားများအားလုံးကို ဝါးမျိုခဲ့ပြီးလေပြီ။

ထိုသို့ဆိုလျှင်တောင် ခွန်ဖန်းဥသည် အကောင်ပေါက်လာမည့် လက္ခဏာမပြသပေ။

ဤခန်းမထဲရှိ အသွေးအသားများသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များထံမှဖြစ်ပြီး တစ်ပိုင်း-မျိုးနွယ်စု ဘိုးဘေးများပင်လျှင် ပါဝင်လေသည်။

ဤမျှအထိ များပြားလှသော အသားနှင့် သွေးအဆီအနှစ်ပမာဏသည်ပင် ခွန်ဖန်းကို အကောင်ပေါက်လာစေဖို့ မလုံလောက်သေးပေ။

ခွန်ဖန်း၏စွမ်းအားက အရမ်းကိုကြောက်စရာကောင်းလေသည်။

ဆူဇီမိုက တိတ်တဆိတ်တုန်လှုပ်သွားရ၏။

ကြည့်ရသည်မှာ ဤတဗူးသည် တကယ်ပင် ကိုင်တွယ်ရခက်ခဲမည့်ပုံပင်။

သူ့ကိုမပြောနှင့် ထိပ်သီးဂိုဏ်းကြီးများပင်လျှင် ဤခွန်ဖန်းဥကို အကောင်ပေါက်စေနိုင်ဖို့ မလွယ်ကူပေ။ ၎င်းကို အကောင်ပေါက်စေခဲ့မည်ဆိုလျှင်တောင် ခွန်ဖန်း၏ အစားစားလိုစိတ် အာသီသသည် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း သို့မဟုတ် နှစ်ဂိုဏ်းကိုပင် ဝါးမျိုနိုင်လောက်၏။

ကမ္ဘာဦးတဗူးများသည် အရမ်းကိုရှားပါးခဲ့ခြင်းမှာ တကယ်​ပင်တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။

ဤကဲ့သို့ကြီးမားသော အရင်းအမြစ်ပမာဏများကိုလိုအပ်သည့် နောက်ထပ်ခွန်ဖန်းအချို့ ထပ်ရှိလာခဲ့မည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး မွဲပြာကျသွားနိုင်၏။

ဆူဇီမိုစဥ်းစားတွေးတောနေစဥ်မှာပင် ခွန်ဖန်းဥသည် ခုန်ဆွခုန်ဆွဖြင့် သူ၏ဘေးသို့ရောက်ရှိလာပြီး အလွန်တရာရင်းနှီးကျွမ်းဝင်သောပုံစံဖြင့် သူ၏လက်ကိုပွတ်သပ်နေ၏။

ပေမင်ရွှယ်ကလည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ လျှောက်လှမ်းထွက်လာ၏။

ခွန်ဖန်းဥသည် ပေမင်ရွှယ်၏ ခြေရင်းသို့လှိမ့်သွားပြီး သူမကိုလှည့်ပတ်နေ၏။

၎င်းသည် များပြားလှစွာသော အသားများကိုဝါးမျိုပြီးနောက် အကောင်​ပေါက်မလာသေးသော်လည်း ခွန်ဖန်းဥသည် အရမ်းကိုပျော်ရွှင်နေသည်မှာ သိသာလေသည်။

All Chapters