ဆေဘာနည်းစနစ်အပေါ် ကျွမ်းကျင်ပိုင်နိုင်လာခြင်း
Vol. 93 Ch. 1391
ရှောင်းယောင်ထွက်ခွာသွားပြီးနောက် ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။
ပေမင်ရွှယ်သည် ပူဆွေးဝမ်းနည်းမှုတစ်စွန်းတစ်စနှင့်အတူ သူမ၏ခေါင်းကို အနည်းငယ်ငုံ့ထား၏။
ခဏနေပြီးနောက် သူမက နောက်ဆုံးမှာ မေးလိုက်၏။
“ဆရာ... ရှင်လည်း သွားတော့မှာမလား”
“အင်း...”
ဆူဇီမိုကခေါင်းညိတ်၍ တစ်စုံတစ်ရာဖုံးကွယ်ထားခြင်း မရှိပေ။
“မင်းက... နိုးထဝိညာဥ်အဆင့်ထိ ကျင့်ကြံခဲ့ပြီးပြီပဲ... မင်းအနေနဲ့ ကျင့်ကြံရေးလောကမှာ စွန့်စားသွားလာဖို့အချိန်ကျပြီ”
ပေမင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်နေ၏။
သူမ၏ဆရာသည် သူမ၏ဘေးမှာတစ်ချိန်လုံး နေနိုင်မည်မဟုတ်ဘဲ သူမကို အန္တရာယ်များအားလုံးကနေ ကာကွယ်ပေးလိမ့်မည်မဟုတ်ကို သူမသိထားလေသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ သူမက အဲ့ဒါကို လက်မခံချင်သေးပေ။
သူမ၏ကျင့်ကြံမှုက လုံးဝတိုးတက်မလာဘူးဆိုလျှင်တောင် သူမသည် သူမဆရာကို သူမ၏ဘေးမှာ အမြဲတမ်းနေစေချင်ပြီး သူမကို ကာကွယ်ပေးစေချင်လေသည်။
ပေမင်ရွှယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သိပ်မကြာခင် သူမ၏စိတ်ကိုသူမ တည်ငြိမ်စေလိုက်၏။ သူမက သူမ၏စိတ်ထဲရှိအတွေးများကို ရှင်းထုတ်ပစ်ပြီးပြောလိုက်၏။
“ကောင်းပါပြီ... ကျွန်မ အခုပဲ ကျင့်ကြံရေးလောကကို တစ်ချက်သွားကြည့်လိုက်ပါမယ်... စိတ်မပူပါနဲ့ဆရာ ကျွန်မရှင့်ကို သေချာပေါက်အရှက်မရစေရပါဘူး”
သိပ်မကြာခင် ယနေ့အဖြစ်အပျက်သည် ကျင့်ကြံရေးလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်၏။ ထိုအချိန်ကျလျှင် သူမသည် အထီးကျန်သိုင်းသခင်၏ အကြီးဆုံးတပည့်ဖြစ်သည်ဆိုတာကို ကျင့်ကြံလောကရှိ ကျင့်ကြံသူအားလုံးက သိရှိသွားပေတော့မည်။
ထိုအချိန်ကျလျှင် အန္တရာယ်များနှင့် စိန်ခေါ်မှုများက သူမကိုစောင့်ကြိုနေပေလိမ့်မည်။
ထိုအရာများအားလုံးသည် သူမ၏သိုင်းတာအိုကို မီးဆေးဖို့ သူမအတွက် လိုအပ်သည့်အခြေခံအုတ်မြစ်ဖြစ်လာပေလိမ့်မည်။
“ဆရာ... ရှင်က ဘယ်ကိုသွားဖို့ရည်ရွယ်ထားလဲ”
ပေမင်ရွှယ်က ထပ်မံ၍မေးလိုက်၏။
“ငါက တောင်ပိုင်းဒေသကို ရောက်နေတယ်ဆိုမှတော့ ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို သွားတွေ့ရလိမ့်မယ်”
ဆူဇီမို၏စိတ်ထဲတွင် ဦးပဉ္စင်းလေးတစ်ပါး၏ပုံရိပ်က ဖျတ်ခနဲဝင်ရောက်လာပြီး သူက တီးတိုးရေရွတ်လိုက်၏။
“ငါသူ့ဆီကနေ သတင်းမကြားရတာ တော်တော်ကြာသွားခဲ့ပြီပဲ... ငါစိုးရိမ်မိတယ်”
“မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရမယ်... သိပ်မကြာခင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကပ်ဆိုးတွေအများကြီး ဖြစ်လာနိုင်ချေရှိတယ်... လုံလောက်တဲ့အင်အားမရှိဘူးဆိုရင် မင်းရဲ့မိသားစုကလန်ကို ကာကွယ်ဖို့နေနေသာ မင်းရဲ့အသက်ကိုတောင် ဆုံးရှုံးရနိုင်တယ်”
ဆူဇီမိုက ထပ်မံ၍ သတိပေးလိုက်၏။
သူ၏ စိုးရိန်ပူပန်မှုများက အခြေအမြစ်မရှိခြင်း မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသည် ဝရုန်းသုန်းကားဖြစ်လာတော့မည်ဟု အရိပ်လက္ခဏာများက ပြသလာခဲ့ပြီဖြစ်၏။
ကြီးမားသောအပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာပေတော့မည်။
ဤပြောင်းလဲမှုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ကပ်ဆိုးပင်ဖြစ်လာနိုင်ချေဖြစ်ပြီး မည်သည့်ဂိုဏ်း ၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်မျိုးနွယ်ကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
. . . .
တောင်ပိုင်းပင်လယ်၏ အနက်ပိုင်းထဲတွင်...
ပင်လယ်ဒေသတွင်နေထိုင်သော သက်ရှိမျိုးစိတ်များသည် ကုန်းမြေမှာထက်ပင် ပိုမိုများပြားလေသည်။
ပင်လယ်မှာရှိသည့်အရင်းအမြစ်များက အရမ်းကိုကြွယ်ဝပြီး မရေမတွက်နိုင်သောပညာရှင်များက မွေးဖွားပေါ်ထွက်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် သားရဲနယ်မြေရှစ်ခွင်ရှိပြီး သူတို့ထဲမှ သုံးခုသည် အရှေ့ပင်လယ် ၊ တောင်ပိုင်းပင်လယ်နှင့် မြောက်ပိုင်းပင်လယ်တို့မှာ ဖြစ်ကြ၏။
ပင်လယ်တွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များရှိလေသည်။
သမုဒ္ဒရာသုံးစင်းကြားတွင် ကမ္ဘာဦးအပျက်အစီးနယ်မြေများစွာရှိပြီး သူတို့ထဲမှအများစုက အကောင်းတိုင်းကျန်ရှိနေသည်ဟု ဆိုကြလေသည်။
ပင်လယ်၏အနက်သည် ကီလိုမီတာ သိန်းချီအထိရှိနိုင်လေသည်။
ပင်လယ်ရေ၏အောက်ခြေတွင် နေနိုင်သောသက်ရှိ များများစားစား မရှိကြပေ။
အကြောင်းမှာ ပင်လယ်ရေ၏ အနက်က တိုးလာသည်နှင့်အမျှ ပင်လယ်ရေဖိအားကလည်း တိုးလာမည်ဖြစ်သောကြောင့်ပင်။ ပေါင်းစည်းခန္ဓာအဆင့်သို့ မရောက်ရှိဘဲ တစ်စုံတစ်ယောက်သည် ပင်လယ်ရေ၏ အနက်ပိုင်းထဲမှာ ရှင်သန်နေနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် တောင်ပိုင်းပင်လယ်၏ နက်မှောင်နေသော ပင်လယ်ရေအောက်ခြေမှာ ပုံရိပ်တစ်ခုက ထိုင်နေ၏။
ထိုပုံရိပ်သည် မီးတောက်များကဲ့သို့လောင်ကျွမ်းနေသော ပခုံးထောက် သွေးနီရောင်ဆံပင်ရှိပြီး ပင်လယ်ရေအနက်ပိုင်းထဲမှာပင် အဲ့ဒါက ငြိမ်းသေမည့်လက္ခဏာမပြသပေ။
အစစ်အမှန်နဂါးခန္ဓာ...
အစစ်အမှန်နဂါးခန္ဓာသည် ဓမ္မဝိသေသအဆင့်မှာပဲ ရှိနေသေးသော်လည်း သူသည် သူ၏ခန္ဓာနှင့် မျိုးဆက်သွေးနှင့်အတူ ပင်လယ်ရေအနက်ပိုင်းထဲမှာ ရှင်သန်နေထိုင်နိုင်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်၏ လမ်းညွှန်ပြသချက်ကိုရရှိပြီးနောက် အစစ်အမှန်နဂါးခန္ဓာသည် ပင်လယ်၏ အနက်ပိုင်းထဲသို့ ငုပ်လျှိုးသွားပြီး တည်ငြိမ်ပင်လယ်ကျမ်းကို ကျင့်ကြံနေ၏။
အစစ်အမှန်နဂါးခန္ဓာသည် ပင်လယ်ရေအောက်ခြေမှာ ရှင်သန်နိုင်လေသည်။
သို့သော်လည်း သူသည် ပင်လယ်ရေအောက်ခြေမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်သည်ဟု မဆိုလိုပေ။
သူ၏ကိုယ်ကာယနှင့် မျိုးဆိုသွေးနှင့်ပင်လျှင် သူသည် ပင်လယ်အောက်ခြေမှာ အလွန်တရာကြောက်စရာကောင်းသော ဖိအားတစ်ခုကိုခံစားနေရဆဲ ဖြစ်၏။
သူ၏ပြုမူလှုပ်ရှားမှုတစ်ခုချင်းစီသည် ကုန်းမြေပေါ်မှာထက် စွမ်းအင်အဆတစ်ရာကျော် ပို၍လိုအပ်လေသည်။ သူသည် သူ၏ဆေဘာကို ရေအောက်မှာအသုံးပြုသောအခါ ရေဖိအားသည် ခုတ်ချက်တစ်ချက်ချင်းစီကို အလွန်တရာ နှေးကွေးသွားစေပြီး များစွာခက်ခဲလာစေ၏။
ထိုအခြေအနေမှာတောင် အစစ်အမှန်နဂါးခန္ဓာသည် အံကိုကြိတ်ပြီး အဆက်မပြတ်ကျင့်ကြံနေခဲ့၏။
သုံးနှစ်ကြာကျင့်ကြံပြီးနောက် ဆေဘာတာအိုပေါ် အစစ်အမှန်နဂါးခန္ဓာ၏ နားလည်သဘောပေါက်နိုင်စွမ်းက ပို၍နက်ရှိုင်းလာခဲ့ပြီဖြစ်၏။
သူသည် နောက်ဆုံးမှာတော့ တည်ငြိမ်ပင်လယ်ကျမ်း၏ လေးနက်သောအဓိပ္ပါယ်ကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်၏။
ပင်လယ်ကိုကိုယ်တိုင်မြင်တွေ့ရခြင်းမရှိဘဲ တစ်စုံတစ်ယောက်သည် ပင်လည်တည်ငြိမ်ကျမ်း၏ စစ်မှန်သောအနှစ်သာရကို ဖမ်းဆုပ်မိနိုင်လိမ့်မည်မဟုတ်ပေ။
ပင်လယ်၏ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကိ ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိဘဲ တစ်စုံတစ်ယောက်သည် တည်ငြိမ်ပင်လယ်၏စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့်သုံးနှစ်အတွင်း အစစ်အမှန်နဂါးခန္ဓာ၏ကျင့်ကြံမှုက ဓမ္မဝိသေသအဆင့်မှာသာရှိနေသေးပြီး အဆင့်ချိုးဖျက်တက်လှမ်းခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဆေဘာတာအိုမှာ သူက နားလည်သဘောပေါက်မှုနှင့် အမြင်သစ်တချို့ရှိလာခဲ့ပြီဖြစ်၏။
ဤနေ့တွင်...
အစစ်အမှန်နဂါးခန္ဓာသည် ပင်လယ်အောက်ခြေမှာ သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး ကျင့်ကြံနေ၏။
ရုတ်တရက်ဆိုသလို...
အစစ်အမှန်နဂါးခန္ဓာက သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
ပင်လယ်၏မှောင်မည်းနေသော အနက်ပိုင်းထဲကနေ နတ်ဘုရားဆန်ဆန်အလင်းတစ်ခု ပေါ်ထွက်လာသည့်အလား ထိန်ထိန်လင်းသွားစေ၏။
ထိုနတ်ဘုရားအလင်း၏ လင်းထိန်မှုအောက်တွင် အစစ်အမှန်နဂါးခန္ဓာသည် သတ်လိုဖြတ်လိုသော စိတ်ဆန္ဒများနှင့်အတူ ရေအောက်စီးကြောင်းများတစ်လျှောက် သူ့ထံသို့ ချီတက်လာနေသော ပုံရိပ်သုံးခုကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
သူတို့က ရန်လိုစိတ်ရှိနေကြ၏။ သူတို့သုံးယောက်သည် အရမ်းကို မြန်ဆန်ပြီး တစ်ခဏအတွင်းမှာပင် သူ့ရှေ့သို့ရောက်ရှိလာကြ၏။
စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်...
အစစ်အမှန်နဂါးခန္ဓာသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို အသက်သွင်းပြီးနောက် ထိုပုံရိပ်သုံးခုသည် ပေါင်းစည်းခန္ဓာအဆင့်မှာရှိသည်ကို သိရှိလိုက်၏။
အစစ်အမှန်နဂါးခန္ဓာ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ထွက်ပေါ်လာ၏။
သူ၏စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ဒူးပေါ်မှာတင်ထားသော ဆေဘာသည် သူ၏လက်ဖဝါးဆီသို့ ရုတ်တရက်ကန်တက်လာ၏။
အစစ်အမှန်နဂါးခန္ဓာသည် မှင်သေသေအမူအရာတစ်ခုရှိနေပြီး နဂါးဝိညာဥ်ဆေဘာကိုဆုပ်ကိုင်ကာ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ထိုခုတ်ချက်သည် ရေထုကိုပိုင်းဖြတ်သွားသော်လည်း မည်သူ့ကိုမှ ထိခတ်သွားစေခြင်း မရှိပေ။
ချီတက်လာနေသောပုံရိပ်သုံးခုက ကျေနပ်နှစ်ခြိုက်သွား၏။
“ကြည့်ရတာ ဒီလူ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိတဲ့ပုံပဲ... သူ့ရဲ့ခုတ်ချက်ကတောင် လွဲချော်သွားတယ်ဆိုတော့”
ထိုအတွေးက သူတို့၏စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
ထိုခုတ်ချက်ဆင်းသက်လာပြီးနောက် ဓားသွား၏အနားစောင်း ဖြတ်သန်းသွားရာလမ်းတစ်လျှောက် ဧရာမဝဲကတော့တစ်ခုဖြစ်ပေါ်လာ၏။ အဲ့ဒါက ကမ္ဘာတုန်လောက်ပြီး ပင်လယ်တစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။
ပင်လယ်အနက်ပိုင်းထဲကနေဆိုလျှင် အဲ့ဒါက များစွာသိသာထင်ရှားမှု မရှိပေ။
သို့သော်လည်း တစ်စုံတစ်ယောက်သည် လေထဲမှာရပ်ပြီး ပင်လယ်ရေမျက်နှာပြင်ကိုငုံကြည့်မည်ဆိုလျှင် ပင်လယ်ရေများသည် အဆက်မပြတ် စုစည်း၍ လည်ပတ်လာပြီး ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်လာစေသည်ကို ရှင်းလင်းစွာတွေ့မြင်ရပေမည်။
ဝဲကတော့၏အနက်က ပင်လယ်အောက်ခြေထိ ရောက်ရှိနိုင်သည်ဟု ထင်ရ၏။
နက်ရှိုင်းသောပင်လယ်ထဲတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် ယခုတင်တိုက်ခိုက်လိုက်ကာစဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များသည် ဧရာမဝဲကတော့၏စွမ်းအားကြောင့် ရွေ့လျားသွားကာ သူတို့၏မူပိုင်ဓမ္မလက်နက်များကလည်း သူတို့၏ မူလလမ်းကြောင်းကနေ သွေဖယ်သွားကြ၏။
သူတို့သုံးယောက်သည် သူတို့ခန္ဓာကိုယ်များကိုပင် မထိန်းချုပ်နိုင်တော့ဘဲ ဝဲကတော့၏ ကြောက်စရာကောင်းသောစွမ်းအားများဖြင့် မွှေယူခြင်းခံလိုက်ရပြီး နဂါးဝိညာဥ်ဆေဘာ၏ လမ်းကြောင်းဆီသို့ တိုးဝင်သွားကြ၏။
သူတို့သုံးယောက်လုံးက တုန်လှုပ်သွားကြ၏။
ထိုခုတ်ချက်၏စွမ်းအားက အရမ်းကိုကြောက်စရာကောင်းလေသည်။
ဤလူသည် ဓမ္မဝိသေသအဆင့်မှာသာရှိနေသေး၏။ သူသည် ဤကဲ့သို့သော ဆေဘာနည်းစနစ်တစ်ခုကို ဘယ်လိုတောင်ထုတ်ဖော်နိုင်ရတာလဲ။
ထိုခုတ်ချက်တွင် ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဟုန်ပါဝင်နေလေသည်။
အဲ့ဒါသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသာ ထိတွေ့နိုင်သော စွမ်းအားတစ်ခုဖြစ်၏။
ထိုအတွေးက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အစစ်အမှန်နဂါးခန္ဓာက သူ၏နဂါးဝိညာဥ်ဆေဘာကိုရုပ်သိမ်းပြီး နောက်တစ်ဖန်ခုတ်ပိုင်းချလိုက်၏။
ရွှစ်...
ကီလိုမီတာတစ်သိန်းကျော်သော ရေလှိုင်းတစ်ခုက သူတို့သုံးယောက်ဆီသို့ တလိပ်လိပ်တိုးဝင်လာ၏။
အဲ့ဒါသည် စစ်မှန်သော ရေလှိုင်းမဟုတ်သော်လည်း ဆေဘာချီကနေ ဖြစ်ပေါ်လာသောလှိုင်းလုံးများသည် အလွန်တရာထက်ရှသော အနားစောင်းတစ်ခုကိုပိုင်ဆိုင်ထားပြီး သက်ရှိများအားလုံးကို ကြိတ်ချေနိုင်သည်ဟု ထင်ရလေသည်။
စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ရူးသွပ်စွာလှည့်ပတ်၍ ဓမ္မပညာရပ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။ သူတို့သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များကိုထိန်းချုပ်ပြီး ရေလှိုင်းများဆီသို့ တိုးဝင်သွားကြ၏။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
သူတို့သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ ဝတ်ရုံများပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး သူတို့သည် ဒဏ်ရာများ၊ သွေးများဖြင့် ပြည့်နှက်သွားကြ၏။
စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်၏ မျက်လုံးများထဲသို့ အတောမသတ်နိုင်သော ကြောက်ရွံ့မှုများက ဝင်ရောက်လာကြ၏။