← Chapters

တကယ်ပဲ မင်းကိုး

Vol. 93 Ch. 1395

တကယ်ပဲ မင်းကိုး

Vol. 93 Ch. 1395

“အားလုံးပဲ... တစ်ချက်ကြည့်လိုက်ကြပါဦး”

ဂမ္ဘီရဆီးနှင်းက ပန်းရှုခင်းမဏ္ဍပ်မှာ မတ်တတ်ရပ်ပြီး ရှေ့သို့လက်ညိုးထိုးပြလိုက်၏။

လူတိုင်းသည် ဂမ္ဘီရဆီးနှင်းပြသည့်ဘက်သို့ လိုက်ကြည့်လိုက်ကြ၏။ သူတို့အနေဖြင့် ဧရာမမီးတောင်ကို ငုံ့ကြည့်ဖို့အတွက် ထိုရှုထောင့်က အကောင်းဆုံးဖြစ်လေသည်။

လောင်ကျွမ်းနေသောချော်ရည်များက အထဲမှာ တလိပ်လိပ်ထကြွနေပြီး သွေးများကဲ့သို့ နီရဲကာ ချစ်ချစ်တောက်အပူလှိုင်းများကို ဖြာထုတ်ပေးနေ၏။

အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းလေသည်။

ပို၍ပင်တုန်လှုပ်စရာကောင်းသည်မှာ မီးတောင်ထဲမှာ မြင့်မားသောသစ်ပင်တစ်ပင်က ရှင်သန်ကြီးထွားနေခြင်းဖြစ်၏။ ၎င်း၏ အကိုင်းအခက်များသည် အစိမ်းရောင်သစ်ရွက်များဖြင့် ပြည့်နှက်နေပြီး ပန်းပွင့်များက မီးတောက်များတစ်ခုပြီးတစ်ခု ဖူးပွင့်လာသည်နှင့် တူနေ၏။

ဖူစန်းသစ်ပင်....

“အဲ့ဒါက အရှေ့ပင်လယ်ရဲ့ ဒဏ္ဍာရီလာ ဂမ္ဘီရသစ်ပင်ပဲ”

မိုယင်က တီးတိုးရေရွတ်လိုက်၏။

လူတိုင်း၏အကြည့်သည် နက်ရှိုင်းသောတုန်လှုပ်မှုဖြင့် ပြည့်နှက်လာကြ၏။

သူတို့သည် အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များကြားထဲမှာ သစ်ပင်တစ်ပင်က ရှင်သန်ပေါက်ဖွားနိုင်လိမ့်မည်ဟု မည်သူကမှ စဥ်းစားကြည့်နိုင်လိမ့်မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်... တကယ်ပဲ.. မင်းကိုး”

ထိုစဥ်မှာပင် မုန်းတီးမှုများနှင့်ပြည့်နှက်နေသော အငြိုးအတေးကြီးသည့်အသံတစ်သံက ပန်းရှုခင်းခန်းမ၏ အပြင်ဘက်ကနေ ထွက်ပေါ်လာ၏။

ပန်းရှုခင်းမဏ္ဍပ်ထဲရှိလူများကြားတွင် မိုယင်တစ်ယောက်သာလျှင် တုန်လှုပ်သွားခြင်းဖြစ်၏။ သူမသည် အသံထွက်ပေါ်လာရာဘက်သို့လှမ်းကြည့်ပြီး အော်ငေါက်လိုက်၏။

“အဲ့ဒါဘယ်သူလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်ဂမ္ဘီရဆီးနှင်း ၊ ကောင်းကင်ဘုံဖီးနစ်နှင့် ဆူဇီမိုပင် အပါအဝင် အခြားသူများသည် တုန်လှုပ်အံ့ဩသည့် အမူအရာများစွာမရှိကြပေ။ သူတို့သည် ဤကဲ့သို့ဖြစ်ပျက်လာမည်ကို ကြိုတင်သိရှိထားခဲ့ကြသည့်အလားပင်။

သူ့ကို အထီးကျန်သိုင်းသခင်အဖြစ် မှတ်မိနိုင်သော မည်သူမဆို သူနှင့်အရင်က တွေ့ဆုံဖူးရပေမည်။ အရှေ့ပင်လယ်တွင် သူနှင့်တွေ့ဆုံခဲ့ဖူးသည်မှာ တစ်ယောက်သာလျှင်ရှိ၏။

ရွှေကျီးကန်းတတိယမင်းသား...

ဆူဇီမိုသည် မလှမ်းမကမ်းရှိ ရွှေကျီးကန်းတတိယမင်းသားကို လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

“တကယ်ပဲ... မင်းကိုး”

တကယ်တော့ အရှေ့ပင်လယ်အကြောင်းကြားရစဥ်ကတည်းက ဆူဇီမိုသည် ရွှေကျီးကန်းတတိယမင်းသားကို တွေးမိထားခဲ့ပြီဖြစ်၏။

ဒဏ္ဍာရီအရဆို ရွှေကျီးကန်းမျိုးနွယ်၏ တားမြစ်ကုန်းမြေသည် အရှေ့ပင်လယ် ဖန်းလိုင်ကျွန်းမှာ တည်ရှိလေသည်။

“မင်းလေသံကို နားထောင်ရတာ အဲ့ဒါကို ခန့်မှန်းမိထားတဲ့ပုံပဲ”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ပြုံးစစဖြင့် မေးလိုက်၏။

ဆူဇီမိုကပြောလိုက်လေသည်။

“မင်းက ဘာလှုပ်ရှားမှမပြုလုပ်ဘဲ ဒီလောက်အကြာကြီးစောင့်နေခဲ့ရတာ မင်းအတွက်ခက်ခဲနေခဲ့မှာပဲ”

“မင်းငါ့ကို ဘယ်အချိန်ကစပြီး သံသယဝင်ခဲ့တာလဲ”

ကောင်းကင်ဘုံဖီးနစ်က တွေဝေရှုပ်ထွေးသွားပြီး မေးလိုက်၏။

“ငါမင်းရဲ့ရှေ့မှာ မူမမှန်တာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး... သခင်လေးအဖြစ် မင်းရဲ့အဆင့်အတန်းကိုရရှိတုန်းကတောင် ငါကအရင်စပြီး မင်းကိုနှုတ်ဆက်ခဲ့တာပဲ”

“ငါက မင်းနဲ့ ပထမဆုံးအကြိမ်တွေ့ကတည်းက ငါ့မှာ သံသယရှိနေခဲ့တာ”

ဆူဇီမိုကပြောလိုက်၏။

“အဲ့ဒီအချိန်တုန်းက မင်းက သွေးနီရောင်ဝတ်အမျိုးသမီး ဘယ်နေရာကို ရောက်နေသလဲလို့ ငါ့ကိုမေးခဲ့တယ်... သူမက ထွက်သွားတာကြာခဲ့ပြီ... ဘယ်တော့မှ ပြန်လာမှမဟုတ်ဘူးလို့ ငါကပြောခဲ့တယ်”

“အဲ့ဒါအမှန်ပဲ”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုကဆက်ပြောလေသည်။

“အဲ့ဒါကိုမင်းကြားတုန်းက မင်းမှာနောင်တတချို့ရှိနေသလိုထင်ရတယ်... ဒါပေမဲ့လို့ အဲ့ဒီအချိန်မှာ မင်းက စိတ်သက်သာရာရသွားတဲ့ပုံစံနဲ့ သက်ပြင်းတစ်ချက်ချပြီး စိတ်လက်ပေါ့ပါးသွားတာကို မသိသာပေမယ့် ငါက ဝိုးတဝါးခံစားမိခဲ့တယ်”

“သွေးနီရောင်ဝတ်အမျိုးသမီး ပြန်မလာတော့ဘူးဆိုမှတော့ မင်းက ဘာကိုမှထောက်ထားခြင်းမရှိဘဲနဲ့ ငါ့ကိုတိုက်ခိုက်နိုင်ပြီလေ။”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က မနေနိုင်ဘဲ ရယ်မောကာ ခေါင်းညိတ်ပြလိုက်၏။

“မဆိုးဘူး... မင်းရဲ့အာရုံခံစိတ်က တကယ်ထက်ရှတာပဲ... ငါ့ရဲ့ မဆိုသလောက် စိတ်ခံစားချင်ကလေးကိုတောင် မင်းကမြင်နိုင်ခဲ့တယ်”

ဆူဇီမိုကဆက်ပြောလိုက်၏။

“အဲ့ဒါပြီးတဲ့နောက် အရာရာတိုင်းက မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တယ်... ငါက နဂါးဝိညာဥ်ဆေဘာကို ရုတ်တရက်ကိုင်ဆွဲပြီး နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဖြစ်လာလိမ့်မယ်လို့တော့ မင်းထင်မထားခဲ့ဘူးမလား”

ထိုစကားကိုကြားသောအခါ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွား၏။

ဆူဇီမိုက မေးလိုက်လေသည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟာသားရဲသုံးပါးက ငါ့ကိုလာရောက်တိုက်ခိုက်ခဲ့တာလည်း မင်းရဲ့အကြံအစည်ပဲလေ... ဟုတ်တယ်မလား”

“အဲ့ဒါလည်းအမှန်ပဲ”

ကိစ္စများက ဤအခြေအနေထိရောက်ရှိလာပြီဆိုမှတော့ သူ့အနေဖြင့် တစ်စုံတစ်ရာကိုဆက်လက်၍ ဖုံးကွယ်ထားစရာ မလိုအပ်တော့ပေ။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီအချိန်တုန်းက မင်းက ဒဏ္ဍာရီလာတာအိုအရှင် အထီးကျန်သိုင်းသခင် ဖြစ်တယ်လို့ လျှို့ဝှက်သတင်းတစ်ခုကို ဖန်းလိုင်ကျွန်းကနေ ငါရရှိခဲ့တယ်”

“မင်းက ကောင်းကင်နဲ့မြေကြီး တောင်ကြားတိုက်ပွဲမှာ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များစွာကို သတ်ဖြတ်ခဲ့ပြီးတော့ ကမ္ဘာတစ်ဝှမ်းကျော်ကြားနေခဲ့ပြီ... ငါက အဲ့ဒါနဲ့ပတ်သက်ပြီး သံသယဝင်မိတယ်”

ဆူဇီမိုက ဆက်ပြောလိုက်၏။

“အဲ့ဒါကြောင့် မင်းက မဟာသားရဲသုံးပါးကိုစေလွှတ်ခဲ့တယ်ဆိုတာ ငါ့ရဲ့အစွမ်းအစကို စမ်းသပ်ကြည့်ချင်လို့ပေါ့”

“အဲ့ဒါလည်း အမှန်ပဲ”

ကောင်းကင်ဘုံဖီးနစ်က ပြောလိုက်၏။

“မဟာသားရဲသုံးပါက ဒီလောက်မြန်မြန်ဆန်ဆန်သေဆုံးသွားတာကို တွေ့မြင်လိုက်ရတော့ ငါက ဖန်းလိုင်ကျွန်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်”

“စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်... သခင်လေးကိုလုပ်ကြံဖို့အတွက် ရှင်ဘယ်လိုတောင် ဖန်းလိုင်ကျွန်းနဲ့ ပူးပေါင်းရဲတာလဲ”

ထိုအခါမှာသာလျှင် မိုယင်သည် သူမ၏တုန်လှုပ်မှုကနေ ရုန်းထွက်လာနိုင်ပြီး အေးစက်စွာဖြင့် မေးခွန်းထုတ်လိုက်၏။

လက်ရှိလူတိုင်းတွင် သူမတစ်ယောက်သာလျှင် ဘုမသိဘမသိ ရောက်ရှိလာပုံရ၏။

အစကတော့ မိုယင်သည်လည်း စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ် ခေါ်လာခဲ့သောလူဖြစ်မည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။ ဘာပဲပြောပြော ဖန်းလိုင်ကျွန်းကို သွားရောက်ဖို့ အရင်ဆုံးအကြံပြုခဲ့သည်မှာ သူမဖြစ်လေသည်။

ယခုအခါမှာတော့ မိုယင်သည် တကယ်ပင် ဘာမှကိုသိမထားတာဖြစ်ပုံရလေသည်။

“ကောင်းကင်ဘုံဖီးနစ်... ရှင်က နတ်ဖီးနစ်ကျွန်းကလူပဲ အဲ့ဒီနှစ်တွေထဲမှာ ကျွန်းသခင်က ရှင့်အပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့ လမ်းညွှန်ပြသမှုတွေလည်း ပြုလုပ်ပေးခဲ့တယ်... ရှင်က ဘယ်လိုတောင် ကျေးဇူးကန်းနိုင်ရတာလဲ”

မိုယင်သည် အဲ့ဒါကိုဆက်လက်၍ သည်းမခံနိုင်တော်ဘဲ ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။

ယခုအခါမှာတော့ အမြဲတမ်း ယဥ်ကျေးသိမ်မွေ့၍ ရင်းနှီးဖော်ရွေတတ်သော စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ဘယ်လိုကြောင့် ရုတ်တရက်ဤအခြေအနေထိ ပြောင်းလဲသွားရသည်ကို သူမက နားမလည်နိုင်သေးပေ။

“ကျေးဇူးကန်းတယ် ဟုတ်လား”

ကောင်းကင်ဘုံဖီးနစ်၏ နှုတ်ခမ်းက ကွေးညွှတ်သွားပြီး သူ့ကိုယ်သူအပြစ်တင်သည့်ပုံစံဖြင့် ရယ်မောလိုက်၏။

“ဒါဆို... နင့်ကိုငါမေးပါရစေ ကျွန်းသခင်ရဲ့ ကျေးဇူးတရားဆိုတာ အပြင်လူတစ်ယောက်ကို သခင်လေးနေရာပေးလိုက်တာကို ပြောတာလား”

“နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်တဲ့ဘယ်သူမဆို နတ်ဖီးနစ်ကျွန်းရဲ့သခင်လေးဖြစ်လာလိမ့်မယ်... အဲ့ဒါက ဆေဘာဧကရာဇ်ချမှတ်ထားခဲ့တဲ့ စည်းမျဥ်းစည်းကမ်းပဲ... ကျွန်းသခင်က ဘိုးဘေးရဲ့ လမ်းညွှန်မှုအတိုင်းလိုက်နာခဲ့ရုံပဲ အဲ့ဒါက ဘာများမှားနေလို့လဲ”

မိုယင်က အေးစက်စွာဖြင့် ငြင်းဆန်လိုက်၏။

“ဟဲဟဲ”

ကောင်းကင်ဘုံဖီးနစ်က ရယ်မောလိုက်၏။

“ငါက နတ်ဖီးနစ်ကျွန်းမှာ မွေးလာခဲ့တယ်.... အဲ့ဒီမှာပဲ ငါကကြီးပြင်းလာခဲ့တယ်... ဒီနှစ်တွေထဲမှာ နတ်ဖီးနစ်ကျွန်းအတွက် ငါဘယ်လောက်တောင်လုပ်ပေးခဲ့ရလဲ... ငါက နဂါးဝိညာဥ်ဆေဘာကို မကိုင်ဆွဲနိုင်ဘူးဆိုတာနဲ့ပဲ ကျွန်းသခင်က အပြင်လူတစ်ယောက်ကို သခင်လေးနေရာပေးလိုက်ရတယ်ပေါ့”

“ငါအဲ့ဒါကို မကျေနပ်ဘူး”

“အဲ့ဒါကို သူက ဘယ်လိုအချက်ပေါ်အခြေခံပြီး ဆုံးဖြတ်ခဲ့တာလဲ”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်း၏ သခင်လေးဖြစ်လာဖို့ အသည်းအသန်ကြိုးစားခဲ့သော်လည်း သူသည် နေ့ချင်းညချင်း ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံခဲ့ရ၏။ သူက အဲ့ဒါကိုလုံးဝလက်မခံနိုင်ပေ။

“နဂါးဝိညာဥ်ဆေဘာက ငါပိုင်ဆိုင်ရမှာ... သခင်လေးနေရာကိုလည်း ငါပဲဆက်ခံရမှာ”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က သူ့ရင်ထဲရှိသတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းဘယ်သူလဲ... ငါဂရုမစိုက်ဘူး မင်းက တစ်စုံတစ်ရာအတွက် ငါနဲ့တိုက်ခိုက်ရဲမှတော့ သေခြင်းတရားကပဲ မင်းကိုစောင့်ဆိုင်းနေလိမ့်မယ်”

“မင်း... အထီးကျန်သိုင်းသခင်က နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်ခဲ့တယ်ဆိုတာ ပညာရှင်တစ်ယောက်က မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဖီးနစ်အရိုးကို ထည့်သွင်းပေးခဲ့လို့ပဲ... ငါက မင်းရဲ့နတ်ဖီးနစ်အရိုးကိုလုယူပြီး နတ်ဖီးနစ်အရိုးနှစ်ခု ပိုင်ဆိုင်လာတာနဲ့ ငါက နဂါးဝိညာဥ်ဆေဘာကိုလည်း ကိုင်ဆွဲလာနိုင်လိမ့်မယ်”

မိုယင်က အေးစက်စွာဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံဖီးနစ်... ရှင်ဒီတိုင်းဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်မယ်ဆိုရင်တောင် ဘာများလုပ်လို့ရတော့မှာလဲ... ရှင့်ကို နတ်ဖီးနစ်ကျွန်းတစ်ကျွန်းလုံးက အမဲလိုက်ကြလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ရှင့်ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ကျွန်းကို ဘယ်တော့မှပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

“ဟားဟားဟားဟား”

ကောင်းကင်ဘုံဖီးနစ်က ရယ်မောလိုက်၏။

“မိုယင်... နင်တော်တော်နုံအတာပဲ ဒီနေ့ နင်အပါအဝင် ဘယ်သူကမှ ကျွန်းကိုပြန်နိုင်မှာ မဟုတ်တော့ဘူး... အထီးကျန်သိုင်းသခင်​သေသွားတာနဲ့ နတ်ဖီးနစ်ကျွန်းမှာ သခင်လေးဖြစ်လာဖို့ အဆင့်မီတဲ့လူက ငါတစ်ယောက်ပဲရှိတော့မယ်”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် ဤကိစ္စနှင့်ပတ်သက်ပြီး ဖန်းလိုင်ကျွန်းနှင့် ရွှေကျီးကန်းမျိုးနွယ်နှင့် တွေးနွေးပြောဆိုခဲ့ပြီးပြီဖြစ်၏။

အထီးကျန်သိုင်းသခင် သေဆုံးသွားသည်နှင့်အမျှ သူသည် ဤကိစ္စကို ရွှေကျီးကန်းမျိုးနွယ်အပေါ် အပြစ်တင်ပုံချလိုက်မည်ဖြစ်၏။

သူက နဂါးဝိညာဥ်ဆေဘာနှင့်အတူ နတ်ဖီးနစ်ကျွန်းသို့ ပြန်ရောက်လာမည်ဆိုလျှင် မည်သူကမှ အမှန်တရားကို သိရှိနိုင်တော့မည် မဟုတ်ပေ။

စကားများစွာပြောဆိုပြီးနောက် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် သူ့ရင်ထဲရှိ မကျေနပ်ချက်များကို နောက်ဆုံးမှာတော့ ဖွင့်ထုတ်နိုင်ခဲ့လေပြီ။ သူက အတော်လေးကျေနပ်အားရသွား၏။

သူ၏အကြည့်က ဆူဇီမို၏မျက်နှာပေါ်သို့ ရွေ့လျားသွား၏။

ဆူဇီမိုသည် သူက အန္တရာယ်တောထဲသို့ရောက်ရှိနေပြီး အချိန်မရွေးသေဆုံးသွားနိုင်သည်ကို နားမလည်သေးသည့်အလား တည်ငြိမ်၍ ဣန္ဒြေရနေဆဲ ဖြစ်၏။

ထိုတည်ငြိမ်မှုသည် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကို မျက်မှောင်ကြုတ်၍ သူ၏စိတ်ထဲမှာ ခံပြင်းလာစေ၏။

“ငါ နားမလည်နိုင်တာတစ်ခုတော့ရှိတယ်”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ဆူဇီမိုကိုစိုက်ကြည့်ပြီး လေးနက်သော အသံဖြင့်ပြောလိုက်၏။

“မင်းက ငါ့ကိုသံသယဝင်ခဲ့တယ်ဆိုရင် ဘာလို့ငါ့နောက်ကို လိုက်လာခဲ့သေးတာလဲ”

“ဘာလို့လဲဆိုတော့... မင်းက ငါ့ရဲ့နတ်ဖီးနစ်အရိုးကိုလိုချင်သလို ငါ့မှာလည်း အဲ့လိုအတွေးရှိနေလို့ပဲ”

ဆူဇီမိုက ရယ်မောလိုက်၏။

“မင်းက... နာနာခံခံရှိနေခဲ့မယ်ဆိုရင် ငါကမင်းကို တိုက်ခိုက်မှာမဟုတ်ဘူး... ဒါပေမဲ့လို့ မင်းကသေချင်နေပြီဆိုမှတော့ ငါ့ကိုအပြစ်မတင်နဲ့တော့”

All Chapters