← Chapters

အေးစက်သော။

Vol. 43 Ch. 591

အေးစက်သော။

Vol. 43 Ch. 591

ကြယ်ရောင်စုံသောမိုးကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာ၌ အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော နန်းဆောင်ကြီးတစ်ခု တည်ရှိနေသည်။

ရှည်သွယ်မြင့်မားသော ပုံရိပ်တစ်ခုသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးအတွင်း၌ တင်ပျဥ်ချိတ်ထိုင်နေခဲ့ကာ သူ၏ဦးခေါင်းနောက်ကျောဘက်၌ ပြိုးပြိုးပျက်ပျက် ရောင်စဥ်တန်းများ လင်းလက်လျက် ရှိလေသည်။

သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်လာသော ရောင်ခြည်များကြောင့် အနီးအနားရှိ ကြယ်စင်များကတောင် လှုပ်ခါသွားခဲ့ရသည်။ ဤသည်မှာ ကြယ်စင်များက ထိုပုဂ္ဂိုလ်အား အရှုံးပေးနေခဲ့သည့်အလား ဖြစ်နေခဲ့သည်။

အဆိုပါ ရှည်သွယ်မြင့်မားသော ပုံရိပ်သည် လျှို့ဝှက်ဆန်းကြယ်သော မိုးပြာရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့ပြီး သူ၏ ကြီးမားသော မျက်နှာကြီးကိုတော့ မြူခိုးမြူငွေ့များက ဖုံးအုပ်ထားခဲ့ကာ ကြည့်ရှုရန် ခက်ခဲစေခဲ့သည်။ သူ၏ ရှည်လျားသော မိုးပြာရောင်ဆံပင်များကလည်း ကြယ်ရောင်စုံသော ညကောင်းကင်အတွင်း၌ ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ ဝဲဖြာနေခဲ့၏။

"ဘုန်း!"

ရုတ်တရက်ဆိုသလို မြူခိုးမြူငွေ့များ ရစ်သိုင်းထားသော အနှီလူ၏ မျက်နှာထက်မှ မိုးပြာရောင်အလင်းတန်းနှစ်ခု ပြေးထွက်သွားခဲ့သည်။ အဝေးတစ်နေရာရှိ ကြယ်စင်နှစ်လုံးသည် အဆိုပါအလင်းတန်းများ၏ ခွဲခြေခြင်းကို ခံလိုက်ရကာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ညကောင်းကင်ယံအတွင်း၌ ကြယ်ကြွေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဘယ်သူလဲ။ ဘယ်သူက ငါ့ရဲ့ကျိန်စာကို ချိုးဖျက်နိုင်တာလဲ။"

ရှေးဆန်ပြီး အိုမင်းရင့်ရော်နေသော အသံကြီးသည် ထိုသူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ယံတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

"အဲ့ဒီနေရာမှာ ကံတရားရဲ့ အငွေ့အသက်တွေ ရှိနေတာလား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ထိုလူက သူ၏လက်ကို ဆန့်တန်းထုတ်လိုက်ပြီး လက်ချောင်းများဖြင့် တွက်ချက်လိုက်သည့်အခါ တစ်စုံတစ်ခုကို တွေ့ရှိမိသွားခဲ့သည်။ သူ၏တုန်ယင်နေသော အသံကြီးက ကောင်းကင်ယံတစ်ခွင်ပျံ့လွင့်သွားခဲ့ကာ ၎င်းအသံအတွင်း၌ အကြောက်တရား၏ အရိပ်အရောင်တို့လည်းကိန်းဝပ်နေခဲ့၏။

"ဥာဏ်အလင်းပွင့်တာ!"

သူက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူ၏အသံသည် မမြင်ရသော လှိုင်းလုံးများအဖြစ် ပြောင်းလဲသွားခဲ့ကာ အချိန်နှင့် အာကာပြင်ကို ဖြတ်သန်း၍ အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်နေရာစီသို့ ရောက်ရှိသွားသည်။

"ဘာဖြစ်လို့လဲ ဟန်းလန်။"

နောက်တဒင်္ဂအကြာ၌ နောက်ထပ်အိုမင်းနေသော အသံတစ်သံသည် ကောင်းကင်ယံထက်မှ ပျံ့လွင့်လာခဲ့ကာ လှိုင်းလုံးများကလည်း ကောင်းကင်အတွင်း၌ ရုတ်တရက် ဖြစ်တည်လာခဲ့သည်။ များမကြာမီတွင် မြင့်မားသော ပုံရိပ်ယောင်တစ်ခုက လှိုင်းလုံးများအကြားမှ ထွက်ပေါ်လာခဲ့ပြီး အဝေးတစ်နေရာရှိ မိုးပြာရောင်ပုံရိပ်ထံသို့ စူးစိုက်ကြည့်နေခဲ့သည်။ 

"အစီအစဥ် ကျရှုံးသွားပြီ။"

တုန့်ဆိုင်းနေခြင်းမရှိဘဲ ဟန်းလန်က ဆက်လက်ပြောဆိုလိုက်၏။

"ဘာ!"

အဆိုပါ အေးစက်သည့်စကားလုံးများကို ကြားလိုက်ရသည့်အခါ ဝူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ကာ သူ၏မျက်နှာထက်၌ အံ့အားသင့်နေသော အမူအယာတစ်ခု ဖြစ်တည်လာခဲ့သည်။

"လက်ရှိကမ္ဘာလောကကြီးအတွင်းမှာ ဘယ်သူကများ မင်းရဲ့ကျိန်စာကို ချိုးဖျက်နိုင်သေးလို့လဲ။ ဖြစ်နိုင်တာက နတ်ဘုရားမများ ပြန်လည်ရောက်ရှိလာခဲ့တာလား။ အချိန်ကာလကြည့်ရရင်လည်း ဒီလောက်မြန်မြန် ပြန်ပေါ်မလာသင့်သေးဘူးလေ။"

များမကြာမီတွင် တစ်ဖက်လူက ခွန်းတုန့်ပြန်ပြောဆိုလိုက်သည်။

"သူမ မဟုတ်ဘူး!"

"အဲ့ဒါဆို ဘယ်သူလဲ။"

ဝူ၏အမူအယာက ပျက်ယွင်းသွားခဲ့ကာ အလျင်စလို မေးမြန်းလိုက်သည်။ ဘယ်တုန်းကမှ အမူအယာမပြောင်းလဲခဲ့ဖူးသေးသော သူသည် လက်ရှိအချိန်၌တော့ ခြောက်ခြားနေမိ၏။

"ငါလည်းပဲ ထွင်းဖောက်မမြင်နိုင်ဘူး။"

"ဒါပေမယ့် အဲ့ဒီလူမှာ ကံတရားရဲ့ အရှိန်အဝါတွေ ရှိနေတယ်။"

"အဲ့ဒီလူက ပုရွတ်ဆိတ်တစ်ကောင်လို သေးနုပ်တယ်လို့ ငါ ခံစားနေရတယ်။ ဒါပေမယ့် သူ့ဆီမှာ ကံတရားရဲ့ အရိပ်အမြွတ်တွေ ကိန်းဝပ်နေခဲ့တယ်။ ဒီလိုမှမဟုတ်ရင် သူက ငါ့ရဲ့ကျိန်စာကို ဖျက်စီးနိုင်ခဲ့မှာ မဟုတ်ဘူး။"

ဟန်းလန်က ခေါင်းကို ခါယမ်းလိုက်ပြီး တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်၏။

ကံတရားနှင့်သက်ဆိုင်လာလျှင် သူ့ကဲ့သို့ တည်ရှိမှုကြီးတစ်ခုကတောင် လက်လွတ်စပယ် မပြုမူရဲပါ။ ၎င်းသည် ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မှုများမှ တစ်ခုဖြစ်၏။ ကံတရားလမ်းစဥ်၏ စွမ်းပကားသည် ခန့်မှန်းတွက်ဆ၍ မရနိုင်ပါချေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ဟန်းလန်၏စကားကို ကြားလိုက်ရသည့်အခါ ဝူ၏မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့ပြီး ထိတ်လန့်စွာပြောဆိုလိုက်မိသည်။

"သူများ ဖြစ်နေမလား။"

ရုတ်တရက်ဆိုသလို ဝူက တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ကောက်ကာငင်ကာ ပြောဆိုလိုက်သည်။

"ဘယ်သူလဲ။"

ဟန်းလန်၏မျက်ဝန်းများအတွင်း၌ စိတ်ဝင်စားမှုများ ပေါက်ဖွားလာခဲ့ကာ ဝူကိုစိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် မေးမြန်းလိုက်သည်။

"နတ်ဘုရားရဲ့သားတော်"

"နတ်ဘုရားသားတော်ကလွဲလို့ ကောင်းကင်နဲ့ ကမ္ဘာမြေပြင်အတွင်းမှာ ဘယ်သူကမှ ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး။ ဒါ့အပြင် ဘယ်သူကမှလည်း မင်းရဲ့ကျိန်စာကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး။"

ဝူက လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"နတ်ဘုရားရဲ့သားတော်လား။"

ဝူ၏စကားကို ကြားလိုက်ရသည့်အခါ ဟန်းလန်၏အေးစက်သော မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူ၏လေသံအတွင်း၌ အပြောင်းအလဲတစ်စုံတစ်ရာမရှိတာကြောင့် သူ ဘာကို တွေးနေသလဲဆိုတာကို တွေ့မြင်ရန် ခဲယဥ်းလေ၏!

"အဲ့ဒါက အလုပ်မဖြစ်မှတော့ တိုက်ရိုက်ပဲ လှုပ်ရှားလိုက်ကြတာပေါ့။"

"ငါတို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ပြီးပြီ။ နတ်ဘုရားသားတော်လေးလောက်အတွက်နဲ့တော့ ငါတို့ရဲ့အစီအစဥ်ကို အပျက်အစီးမခံနိုင်ဘူး။" 

လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ယံကြီးသည် အချိန်အတော်လေးကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှာ ဟန်းလန်၏အသံက ဆက်လက်၍ ထွက်ပေါ်လာခဲ့သည်။

"မဟုတ်သေးဘူး!"

"ငါတို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်တာနဲ့တစ်ပြိုင်နက် ကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်းကလည်း ဟာသမဟုတ်ဘူးနော်။"

"ဘယ်သူက ကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကို ရပ်တန့်နိုင်လဲ။"

"ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်း သက်ဆင်းလာတာနဲ့တစ်ပြိုင်နက် ပြန်လည်ဝင်စားခွင့်တောင် မကြုံဘဲ စိတ်ဝိညာဥ်ကလည်း ကွဲကြေပျက်စီးသွားရလိမ့်မယ်!"

ဝူက ခေါင်းကို ခါယမ်းလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်၏။

"ဒါဖြစ်ရင် ငါတို့ ဘာလုပ်သင့်လဲ။"

"နတ်ဘုရားသားတော်ကို ဒီလိုပဲ ငါတို့ရဲ့အကြံအစည်ကို ဆက်ပြီးဖျက်စီးခွင့် ပြုတော့မှာလား။"

"မင်းလည်း သိပါတယ်။ ငါက ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကို ဖိနှိပ်ပြီး အစစ်အမှန် ကြီးမြတ်တဲ့တည်ရှိမှုဖြစ်လာဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒီခြေတစ်လှမ်းအတွက် ငါတို့တွေ စောင့်ဆိုင်းနေခဲ့တာလည်း ကြာလှနေပြီ။ ငါ ထပ်ပြီးတော့ မစောင့်ဆိုင်းချင်တော့ဘူး။"

ဟန်းလန်က ဝူ၏ ပုံရိပ်ယောင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်၏။ 

"ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီးက အခုလက်ရှိမှာ မအေးချမ်းသေးဘူး။ ငါတွက်ချက်ထားသလောက်ဆိုရင် ဧကရီနတ်ဘုရားမနဲ့ တစ်ခြားသူတွေ ပြန်လာဖို့အတွက် အချိန်တန်နေပြီ။ သူတို့တွေ အပြည့်အဝ ပြန်လည်မသက်သာလာသေးပေမယ့် သူတို့ကိုသာ ဖိအားပေးလိုက်ရင် ငါတို့အတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်သေးတယ်။"

"အဲ့ဒီအချိန်တုန်းက အဲ့ဒီပုဂ္ဂိုလ် ဘယ်လောက်တောင်ကြောက်လန့်ဖို့ကောင်းလဲဆိုတာကို မမေ့လိုက်နဲ့ဦး။"

"အဲ့ဒီပုဂ္ဂိုလ် ကြွေလွင့်သွားခဲ့ပေမယ့် ဧကရီနတ်ဘုရားမကလည်း လုံးဝကို အားမနည်းဘူး။ ငါတို့ရဲ့လူတွေအများကြီး သူမလက်ထဲမှာ သေဆုံးခဲ့ရတာ။ သူမသာ ကမူးရှူးထိုးပြုမူလိုက်ရင် အနည်းဆုံးတော့ ငါတို့ထဲက တစ်ယောက်နှစ်ယောက်လောက် အစားထိုးခံလိုက်ရလိမ့်မယ်။(သေလိမ့်မယ်)"

"ငါတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က တူညီနေပေမယ့် ဘယ်သူကမှလည်း အစားထိုးခံချင်မှာ မဟုတ်ဘူးလေ။"

ဝူက ခေါင်းကို ခါယမ်းလိုက်သည်။ သူ၏မျက်ဝန်းများက မှေးကျဥ်းသွားခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်၏။

"အရာအားလုံးကို လျစ်လျူရှုပြီး ငါတို့ သူတို့အားလုံးကို ဖိနှိပ်ခဲ့သင့်တာ။ ဒီလိုမှမဟုတ်ရင် ငါတို့ အခုလို ထိန်းချုပ်နေဖို့ ဘာ့ကြောင့်များ လိုအပ်တော့မှာလဲ။"

ဟန်းလန်၏နှုတ်ဖျားမှ အနည်းငယ်ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ ၎င်းအသံက ကောင်းကင်ယံကြီးတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ အစွမ်းထက်သော အသံလှိုင်းကြီးသည် လှိုင်းလုံးများသဏ္ဌာန် ပျံ့လွင့်သွားခဲ့ကာ အနီးနားရှိ ကြယ်စင်များကို တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားစေခဲ့သည်။

"ငါ ကန်းကို ကောင်းကင်တာအိုမျိုးနွယ်စုက လူတွေကို နတ်ဘုရားသားတော်နဲ့ တိုက်ခိုက်ခိုင်းဖို့အတွက် စေခိုင်းထားသေးတယ်။ အခုကြည့်ရတာ အဲ့ဒီကောင်းကင်တာအိုမျိုးနွယ်စုက လူတွေလည်း ကျရှုံးခဲ့တဲ့ပုံပဲ။"

ဝူ၏ပုံရိပ်ယောင်မျက်နှာပြင်ထက်၌ မှိုင်းညို့နေသော အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ 

"အဲ့ဒီ အမှိုက်ကောင်တွေ ငါတို့ရဲ့အစီအစဥ်ကြောင့်သာ မဟုတ်ရင် သူတို့ကို ရေခဲရုပ်ထုအဖြစ်ပြောင်းလဲပြီး ငါတို့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခဲ့မှာတောင် မဟုတ်ဘူး။"

ဟန်းလန်က မှိုင်းညို့စွာဖြင့် ပြောဆိုလိုက်သည်။

သူက ဝူကို စူးစိုက်ကြည့်လိုက်ပြီး ဆက်လက်ပြောလိုက်၏။

"ငါစိုးရိမ်တာက ဧကရီနတ်ဘုရားမနဲ့ အခြားသူတွေက လက်ရှိပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကထဲမှာ ရှိနေမှာကိုပဲ။ မင်းတောင်မှ သူတို့ရဲ့တည်နေရာကို ခြေရာမခံနိုင်ဘူးလား။"

"မင်းသာ သူတို့ကို သတ်နိုင်မယ်ဆိုရင် ငါအရာအားလုံးကို ပေးဆပ်ဖို့ လိုလားတယ်။"

"အဲ့ဒီအချိန်ကျရင် ဘယ်သူကမှ ငါ့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။"

ဟန်းလန်၏စကားကို ကြားလိုက်ရသည့်အခါ ဝူက ခေါင်းကို ခါယမ်းလျက် ပြောဆိုလိုက်သည်။"ငါ သူတို့ကို ခြေရာခံလို့ မရခဲ့ဘူး။ သူတို့က ပြင်ဆင်ထားတဲ့ပုံပဲ။ ငါ့ရဲ့လျှို့ဝှက်နည်းစနစ်နဲ့တောင်မှ သူတို့ရဲ့ ကံတရားကို တွက်ချက်လို့ မရနိုင်ဘူး။"

"ဒါဆိုရင်လည်း ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကတစ်ခုလုံးကို ဖျက်စီးလိုက်ကြတာပေါ့ကွာ။"

ခေါင်းမာသော အကြည့်တစ်ခုသည် ဟန်းလန်၏ မျက်ဝန်းများအတွင်း ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

ဝူက ခေါင်းကို ခါယမ်းလိုက်၏။ သူက ဟန်းလန်၏ ဒေါသထွက်နေသောစကားလုံးများကို အတည်ယူခဲ့ခြင်းမရှိပါ။ သူက ပြောဆိုလိုက်သည်။

"ဧကရီနတ်ဘုရားမနဲ့ ကျန်တဲ့လူတွေကိုတော့ ခဏ ဘေးဖယ်ထားလိုက်ပါဦး။ အခု လက်ရှိအစီအစဥ်အတွက် ငါတို့တွေ နတ်ဘုရားသားတော်နဲ့ အရင်ဦးဆုံး ရင်ဆိုင်ရလိမ့်မယ်။"

"သူက ကြီးထွားတာ အရမ်းမြန်ဆန်လွန်းနေတယ်။ ငါတို့သာ အာရုံ မစိုက်လိုက်ဘူးဆိုရင် ငါတို့ရဲ့ရန်သူကြီးတောင် ဖြစ်လာနိုင်တယ်။"

"အာ... ကောင်းကင်မျိုးနွယ်စုထဲမှာ ငါ့ရဲ့ အစွယ်အပွားတစ်ယောက်ကိုလည်း ငါ စီစဥ်ထားခဲ့သေးတယ်။ ငါ့ရဲ့ အစွယ်အပွားကို သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားခိုင်းလိုက်သင့်လား။ ငါတို့ကိုယ်တိုင် မသတ်ဖြတ်နိုင်ဘူးဆိုမှတော့ ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကထဲက နယ်ရုပ်ကလေးတွေကိုပဲ လုပ်ခိုင်းလိုက်ကြတာပေါ့။"

ဟန်းလန်၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုရှိနေခဲ့ကာ ခံစားချက်တစ်စုံတစ်ရာ မပါဝင်ဘဲ ပြောဆိုလိုက်သည်။ 

"ပြီးတော့ ဒီလှုပ်ရှားမှုက နည်းနည်းတော့ ကြီးမားပေမယ့် ဧကရီနတ်ဘုရားမနဲ့ အခြားသူတွေက နောက်ဆုံးအခြေအနေမဟုတ်ရင် ပိုက်ကွန်ကို ခွဲထွက်ပြီး လူလုံးပြလာကြမှာ မဟုတ်ဘူး။"

ဝူက တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ခေါင်းငြိမ့်လျက် ထောက်ခံလိုက်သည်။ 

ထိုသို့ပြောဆိုလိုက်ပြီးနောက် ဝူ၏ပုံရိပ်ယောင်မှာ ရုတ်တရက်ဆိုသလို လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ယံအတွင်းမှ ပျောက်ကွယ်သွားခဲ့ကာ တင်ပျဥ်ချိတ်ထိုင်နေသော ဟန်းလန်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

All Chapters