ပြဿနာရှာရန် အခွင့်အလမ်း။
Vol. 43 Ch. 593
ပိုင်ချုံး၏စိတ်ရင်းခံကို ခံစားလိုက်ရတာကြောင့် ဝမ်ဖုန်းက စိတ်ကျေနပ်အားရစွာ ပြုံးရယ်လိုက်မိသည်။ ကံတရားဝိညာဥ်ကို အသုံးပြုပြီး ကောင်းကင်မျိုးနွယ်စုကို ကယ်တင်ခဲ့တာက အချည်းနှီးတော့ မဟုတ်ခဲ့ပါဘူးလေ!
"ကောင်းပြီ။ အခုချိန်ကစပြီး မင်းတို့တွေက ဂိုဏ်းချုပ်ဝမ်ရဲ့ စီမံမှုကို နာခံရမယ်။"
ပိုင်ဟုန်က ခေါင်းငြိမ့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်၊ ဒီဧကရာဇ်မှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်။"
ထို့နောက် ပိုင်ဟုန်က ဝမ်ဖုန်းကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ!"
ပျော်ရွှင်နေသော ဝမ်ဖုန်းက သူ၏လက်ကို ဝေ့ယမ်းလျက် ချက်ချင်းပြောဆိုလိုက်သည်။
"အနာဂါတ်မှာ ကျုပ်တို့ရဲ့ ကောင်းကင်မျိုးနွယ်စုက ရှန်ရှန်ကျုံ့ဂိုဏ်းကို စတင်ပြီး တိုက်ခိုက်ခဲ့ရင် ကျေးဇူးပြုပြီး ရှန်ရှန်ကျုံ့ဂိုဏ်းက ကျုပ်တို့ကောင်းကင်မျိုးနွယ်စုကို ပြန်လည်မတိုက်ခိုက်ဖို့ တောင်းဆိုပါရစေ။"
"ဒီဧကရာဇ်က ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကမှာရှိတဲ့ ကောင်းကင်မျိုးနွယ်စုတစ်စုလုံးကို ကိုယ်စားမပြုနိုင်ပေမယ့်လည်း ဒီဧကရာဇ်သာ ကောင်းကင်မျိုးနွယ်စုကို အမိန့်ပေးနိုင်သ၍ ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့သာ မဟာမိတ်ဖွဲ့ပြီး ဘယ်တော့မှ ရှန်ရှန်ကျုံ့ဂိုဏ်းကို မထိခိုက်စေရဘူးလို့ အာမခံပါတယ်!"
"ဧကရာဇ်ဘုံလောကမှာရှိတဲ့ ကောင်းကင်မျိုးနွယ်စုက အဆင့်မြင့်အရာရှိတွေကိုလည်း ဒီဧကရာဇ်က ဖြောင့်ဖြနိုင်အောင် အကောင်းဆုံးကြိုးစားပါ့မယ်။ သူတို့ကို ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရရှိလာအောင် ပြုလုပ်ပေးဖို့ပေါ့။"
ပိုင်ဟုန်က ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ မေးမြန်းလိုက်သည်။
ဝမ်ဖုန်း၏ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို တွေ့မြင်လိုက်ရသည့်အတွက် ပိုင်ဟုန်ဟာ ဝမ်ဖုန်းနှင့် ရှန်ရှန်ကျုံ့ဂိုဏ်းကို ထိတ်လန့်နေမိသည်။ မလွဲသာမရှောင်သာအခြေအနေမဟုတ်ပါက သူဟာ လျှို့ဝှက်ဆန်းကြယ်သော ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် ရန်သူမဖြစ်လိုပါ။
"ကောင်းပြီ။ ဒီဧကရာဇ်က အမိန့်ပေးပါတယ်။"
"ကောင်းကင်မျိုးနွယ်စုက ကျုပ်တို့ရှန်ရှန်ကျုံ့ဂိုဏ်းကို ထိခိုက်အောင်မလုပ်လာသေးသ၍ ကျုပ်တို့ရဲ့ရှန်ရှန်ကျုံ့ဂိုဏ်းကလည်း ကောင်းကင်မျိုးနွယ်စုကို မိတ်ဆွေရင်းတွေလိုမျိုး အမြဲဆက်ဆံမှာပါ။"
ပိုင်ဟုန်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ ပြောဆိုလိုက်သည်။
ပိုင်ဟုန်နှင့် ရွှမ်းယွမ်ထံမှ လျှို့ဝှက်ချက်များကို သိရှိလိုက်ရပြီးနောက် ကောင်းကင်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို ကျူးကျော်လိုသည့် စိတ်ဆန္ဒမရှိကြောင်း သူ သိခဲ့ရသည်။ ၎င်းတို့မှာ ကြားဝင်နှောက်ယှက်နေသော ထိတ်လန့်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးများကြောင့်သာဖြစ်သည်။ တစ်ဖက်တွင်ရှိနေသော ကောင်းကင်တာအိုမျိုးနွယ်စုများဟာလည်း သနားစရာဒုက္ခသည်များသာ ဖြစ်ကြ၏။
ခန်းနားကြီးကျယ်ပြီး အစွမ်းထက်သော အင်အားစုတစ်စုက မျိုးနွယ်စုများအကြား၌ ကြားဝင်နှောက်ယှက်နေပြီး စစ်ပွဲများကို ဖြစ်ပွားစေလိုသည်။ ဒါက ဘယ်လိုကြောင့်များပါလိမ့်။
"အရှင်၊ ကျွန်တော့မှာလည်း ရဲတင်းတဲ့တောင်းဆိုမှုတစ်ခု ရှိပါတယ်။"
ဤအချိန်တွင် တစ်ဖက်တွင်ရှိနေသော ပိုင်ချုံးက ရုတ်တရက် ပြောဆိုလိုက်ပြန်သည်။
"ပြောပါ။"
ဝမ်ဖုန်းဟာ မျက်မှောင်ကြုံလိုက်သော်လည်း ငြင်းပယ်ခြင်းမရှိဘဲ မေးမြန်းလိုက်သည်။
သို့သော်လည်း ဤအချိန်၌ သူ၏အမူအယာက အေးစက်နေခဲ့သည်။ သူဟာ သူတော်စင်တစ်ပါး မဟုတ်ပါ။ တစ်ယောက်ပြီးတစ်ယောက် သူ့ကို လာရောက်တောင်းဆိုနေရအောင် သူ့ကို အရမ်းများကြင်နာတတ်တယ်လို့ တွေးနေရော့သလား။
"ရှန်ရှန်ကျုံ့ဂိုဏ်းကသာ ကောင်းကင်မျိုးနွယ်စုနဲ့ တိုက်ပွဲဖြစ်လာမယ်ဆိုရင် အရှင့်အနေနဲ့ ကျွန်တော်တို့ကို ကောင်းကင်မျိုးနွယ်စုနဲ့ မတိုက်ခိုက်ခိုင်းပါနဲ့။"
"ကျွန်တော်တို့က မျိုးနွယ်တူတဲ့လူတွေကို မထိခိုက်စေချင်ပါဘူး။"
"တစ်ခြားရန်သူတွေဆိုရင်တော့ အသက်ကိုစတေးရရင်တောင် အရှင့်ရဲ့အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပေးမှာပါ။"
ပိုင်ချုံး၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာက အံ့သြမှင်သက်သွားခဲ့သည်။ ပိုင်ချုံးကိုကြည့်နေသည့် သူ၏အကြည့်များအတွင်း၌လည်း လေးစားအားကျသည့် အရိပ်အယောင်များ ကိန်းဝပ်လာခဲ့သည်။ သူ၏အမူအယာကလည်း ပိုမို၍ ပျော့ပြောင်းလာသည်။
"ဒီဂိုဏ်းချုပ် ကတိပေးပါတယ်။"
ဝမ်ဖုန်းက လက်ကို ခါယမ်းလျက် ပြောဆိုလိုက်သည်!
"ကျေးဇူးတင်ပါတယ်အရှင်။"
ပိုင်ချုံးက ထပ်ကာထပ်ကာ ဂါရဝပြုလျက် ပြောဆိုလိုက်သည်။
"ဒင်၊ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စနစ်ကို အဆင့်မြင့်တင်ရန် လိုအပ်ချက်များနှင့် ပြည့်စုံသွားပါပြီ။ ဂိုဏ်းကိုလည်း အဆင့်မြင့်တင်လို့ ရပါပြီ။"
"မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်မျိုးနွယ်စုကို အညံ့ခံစေခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ကံတရား ငါးရာဘီလီလျံနှင့် ဂိုဏ်းအမှတ် သုံးထရီလီလျံကို ဆုချလိုက်ပါတယ်။ ဒါ့အပြင် ချန်ခွမ်းအဆင့် အန္တိမဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကိုလည်း ဆုချလိုက်ပါတယ်။"
ဤအချိန်၌ စနစ်၏အေးစက်သောအသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဒါက ဝမ်ဖုန်း၏အပြုံးကို ပိုမို၍ကြီးမားလာစေခဲ့သည်။
"အရှင်၊ မပြန်သေးဘူးဆိုရင် ကျွန်တော်က ဒီနေရာမှာ စားသောက်ပွဲတစ်ပွဲကျင်းပပေးဖို့ စီစဥ်ပြီးပါပြီ။ အရှင်များ ကျွန်တော်တို့ကို မျက်နှာသာပေးနိုင်မလား။"
ပိုင်ချုံးက ဝမ်ဖုန်းကို စိုက်ကြည့်လျက် လေးလေးစားစား ပြောဆိုလိုက်သည်။
"ကောင်းပြီ။"
ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်သည်။ ပိုင်ချုံးတို့၏ ဦးဆောင်မှုအောက်တွင် သူဟာ ကောင်းကင်မျိုးနွယ်စု၏ အဓိကခန်းမကြီးထံသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။
လမ်းတစ်လျှောက်တွင် ဝမ်ဖုန်းတို့တတွေဟာ နိုးထလာပြီးသော ကောင်းကင်မျိုးနွယ်စုဝင်များစွာကို တွေ့မြင်ခဲ့ရသည်။ သူတို့အားလုံးက ဝမ်ဖုန်းတို့ကို စူးစမ်းလိုသောအကြည့်များ၊ လေးစားသောအကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
ရှန်ရှန်ကျုံ့ဂိုဏ်းကို အညံ့ခံလိုက်ပြီးနောက် ပိုင်ချုံးက ကောင်းကင်မျိုးနွယ်စုကို ဝမ်ဖုန်းတို့ ကယ်တင်ခဲ့သည့်အကြောင်း၊ ထို့အတွက်ကြောင့် ရှန်ရှန်ကျုံ့ဂိုဏ်းကို ကောင်းကင်မျိုးနွယ်စုက အညံ့ခံခဲ့သည့်အကြောင်းကို ကြေညာခဲ့လေသည်။
ထို့အတွက်ကြောင့် ဝမ်ဖုန်းတို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မျိုးနွယ်စုဝင်အားလုံးက သူတို့ကို ကယ်တင်ရှင်များအဖြစ် လေးလေးစားစားဆက်ဆံကြ၏။
...
တစ်ချိန်တည်း၌ မြင့်မြတ်သော စန်းရိအင်ပါယာအတွင်းရှိ မွန်မြတ်မြို့တော်အတွင်း၌ဖြစ်သည်။ အကြီးဆုံးမင်းသားသည် အဓိကခန်းမကြီးအတွင်း၌ အေးစက်စွာ တင်ပျဥ်ချိတ်ထိုင်နေခဲ့ပြီး သူ၏ အောက်ဘက်မှာတော့ ဒါဇင်ကျော်သော စွမ်းအားရှင်များ ထိုင်နေကြသည်။
ဒါ့အပြင် အဓိကအင်အားစုကြီးလေးစုအနက်မှ တစ်စုဖြစ်သော ယဲ့မိသားစုမှ ယဲ့ချန်ဟုန်သည်လည်း လူအများကြား၌ ရှိနေခဲ့သည်။ ကျန်နေသော လူများအားလုံးဟာလည်း မြင့်မြတ်သောစန်းရိမင်းဆက်မှ မတူကွဲပြားသည့် စစ်သူကြီးများနှင့် အရာရှိများ ဖြစ်ကြသည်။
သူတို့အားလုံးသည် ချန်ခွမ်းသူတော်စင်အဆင့်သို့ ရောက်ရှိနေကြပြီးပြီ ဖြစ်သည်။ ဤသည်မှာ ပထမမင်းသားလန်လဲ့မှ နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ခဲ့ရသော အဖွဲ့အစည်းကြီးဖြစ်လေ၏!
ဤအသင်းအဖွဲ့၏ အင်အားတစ်ခုတည်းဖြင့်ဆိုပါက ရှန်ရှန်ကျုံ့ဂိုဏ်းရှိမနေခဲ့လျှင်တောင် ပထမမင်းသားလန်လဲ့သည် မင်းသမီးလေးလန်လင်း၏ ပြိုင်ဘက်ဖြစ်လာနိုင်မှာ မဟုတ်ပါ။ မင်းသမီးလန်လင်း၏ စစ်သည်တော်တစ်ယောက်ကတောင် ဤနေရာတွင်ရှိနေသော လူများအားလုံးကို ဖိနှိပ်ရန် လုံလောက်လေသည်။
လန်လင်းက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသလိုက်ပြီးနောက် အချို့သောတော်ဝင်ဦးရီးတော်များက မင်းသမီးလန်လင်းဘက်ကို ပြောင်းရွေ့သွားခဲ့သည်ကို ထည့်မပြောရသေးပါ။
ခန်းမကြီးအတွင်း၌ ပထမမင်းသားလန်လဲ့သည် ဦးခေါင်းကိုငုံ့လျက် ထိုင်နေပြီး သူ၏ ဝဲဘက်နှင့်ယာဘက်တွင်တော့ နဂါးဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားနှစ်ယောက် ထိုင်နေကြသည်။ သူတို့ဟာ ပထမမင်းသား လန်လဲ့နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် တော်ဝင်ဦးရီးတော် လန်ယွင်နှင့်လန်ဖုန်းတို့ ဖြစ်ကြ၏!
ထိုပုဂ္ဂိုလ်နှစ်ယောက်ဟာ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ရောက်ရှိနေသော စွမ်းအားရှင်များဖြစ်ကြပြီး စန်းရိမင်းဆက် တော်ဝင်မိသားစု၏ စစ်မှန်သောနောက်ခံများလည်း ဖြစ်ကြသည်။
သို့ပါသော်လည်း လက်ရှိအချိန်၌ရှိနေကြသောလူတိုင်းသည် အမူအယာကင်းမဲ့နေသောလန်လဲ့ကို အံ့သြတကြီး ငေးစိုက်ကြည့်နေမိကြသည်။ ဘယ်အရှိန်အဝါမှထုတ်ဖော်မနေသော်လည်း လန်လဲ့၏ ခန်းနားကြီးကျယ်သော ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းက သူတို့အားလုံး၏နှလုံးသားကို တုန်ခါစေခဲ့သည်။
ဦးရီးတော်နှစ်ယောက်သည် အစက ငြင်းဆန်နေသေးသော်လည်း လန်လဲ့က ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပြီးနောက် လန်လဲ့နောက်သို့လိုက်ပါပြီး ကိစ္စကြီးများကိုဆောင်ရွက်ရန် အံကိုတင်းတင်းကြိတ်လျက် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားရင်တောင် တော်ဝင်မိသားစုကိုဖြင့် ရင်ဆိုင်နိုင်ဦးမှာ မဟုတ်ပါ!
စန်းရိအင်ပါယာကြီးသည် အင်မတန်မှ ကြီးမားလေသည်။ သူတို့က ချန်ခွမ်းသူတော်စင်အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း သူတို့ထက် စွမ်းအားကြီးသောလူများလည်း များစွာရှိနေသေးသည်။ ဘယ်သူ့ဘယ်သူကမှ အခြားသောသူ၏ လက်အောက်ခံမဖြစ်လိုပါ။ လူတိုင်းက အမြင့်ကို တက်လှမ်းလိုကြသည်ဖြစ်ရာ သူတို့ဟာလည်း ခြွင်းချက်မဟုတ်ပါပေ။
အောင်မြင်နိုင်သည့်အခွင့်အလမ်းကြီးကြီးမားမား တွေ့မြင်နေလေရာ သူတို့အားလုံးဟာ သဘာဝကျစွာဖြင့် တွန့်ဆုတ်မနေနိုင်တော့ပေ။
"အခုရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအားလုံးက မွန်မြတ်တဲ့မြို့တော်က ထွက်ခွာသွားကြပြီ။ ဒါက ဒီမင်းသားအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းကြီးတစ်ခုပဲ။"
လန်လဲ့သည် ရှိနေကြသောလူများကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး မျက်ဝန်းကို မှေးကျဥ်းလျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ခန်းမကြီးတစ်ခုလုံးကို သူ၏စွမ်းအားဖြင့် လွှမ်းခြုံထားသည်ဖြစ်ရာ ဧကရာဇ်စန်းရိ၏ သတိပြုမိခြင်းခံရမှာကို ကြောက်နေစရာမလိုတော့ပါ။ သူ၏လက်ရှိကျင့်ကြံမှုဖြင့်ဆိုပါက သူသာ ခွင့်မပြုသ၍ ဘယ်သူကမှ သူတို့စကားပြောဆိုနေတာကို ခိုး၍နားထောင်နိုင်မည် မဟုတ်ချေ။
"ဒါဟုတ်တယ်။ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ခွန်အားကို လျှော့တွက်လို့တော့ မရဘူး။"
"မင်းသမီးလန်လင်းနဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဆက်ဆံရေးအရဆိုရင် ငါတို့တွေ စတင်ပြဿနာရှာလိုက်တာနှင့်တစ်ပြိုင်နက် ရှန်ရှန်ကျုံ့ဂိုဏ်းက ကျိန်းသေပေါက် ကြားဝင်လာမှာပဲ။"
"အခုအချိန်ကသာ ပထမမင်းသားလေး လှုပ်ရှားဖို့အတွက် အကောင်းဆုံးအချိန်အခါပဲ။"
"ဟုတ်တာပေါ့။ အကြီးဆုံးမင်းသားရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် ရှန်ရှန်ကျုံ့ဂိုဏ်းကို လုံးဝကြောက်နေစရာမလိုတော့ဘူး။ ဒါပေမယ့် ရှန်ရှန်ကျုံ့ဂိုဏ်း မရှိဘူးဆိုရင် လုပ်ဆောင်ရတာ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်။"
တစ်ဖက်တွင်ရှိနေသော စွမ်းအားရှင်တစ်ယောက်ကလည်း ထောက်ခံသည့်သဘောဖြင့် ပြောဆိုလိုက်သည်။
ကြွင်းကျန်ရစ်သော စွမ်းအားရှင်များက ဘားမှထုတ်ဖော်မပြောဆိုကြသော်လည်း သူတို့အားလုံး၏အမူအယာက ထောက်ခံနေကြ၏။
"ယောက္ခမကြီး၊ ကျုပ်သာ ဘုရင်မင်းမြတ်ဖြစ်လာခဲ့ရင် ခင်များရဲ့သမီးကလည်း ဧကရီရှင်မ စစ်ထူဖြစ်လာမှာပဲလေ။"
ပထမမင်းသား၏ မျက်ဝန်းများအတွင်း၌ အေးစက်သောအကြည့်တစ်ခုရှိနေခဲ့ပြီး စစ်ထူရှင်းကို စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။
သူ၏လက်ရှိကျင့်ကြံမှုဟာ တော်ဝင်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော်လည်း ပထမမင်းသားသည် ရောင့်ရဲခြင်းမရှိဘဲ ဝမ်ဖုန်းတို့ထွက်ခွာသွားသည်ကို အခွင့်ကောင်းယူ၍ ဧကရာဇ်မင်းမြတ်ကိုဖြုတ်ချရန် ကြံစည်နေလေသည်!