ဧကရာဇ်အခွင့်အာဏာသည် အကျွန်နှုပ်နဲ့ သက်ဆိုင်သည်
Vol. 43 Ch. 594
တည်ငြိမ်အေးဆေးမှုသည် ကမ္ဘာလောကကြီး၏အရေးကိစ္စများကို အောင်မြင်စေနိုင်သည် !
သူလန်လဲ့ကသာ စိတ်လိုလက်ရလုပ်ဆောင်တတ်သူဖြစ်ပါက မွန်မြတ်ဘုံလောကအတွင်း ပြိုင်ဖက်ကင်းဖို့ ဝေးလေစွ။ယခုအချိန်ထိတိုင်အောင် ရပ်တည်နိုင်ခဲ့မှာမဟုတ်ပါ။
တစ်လှမ်းပြီးတစ်လှမ်းဖြင့် အမြင့်ဆုံးကို တည်ငြိမ်စွာ လျှောက်လှမ်းရပေလိမ့်မည် !
အေးစက်သောစကားများကို ကြားလိုက်ရသည့်အခါ စစ်ထူရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ ခိုင်မာသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက အံကိုတင်းတင်းကြိတ်လျက် လေးစားစွာ ပြောဆိုလိုက်၏။ " ကောင်းပါပြီ ပထမမင်းသား ! "
အခြားသူများ၏သား၊သားမက်များက သူတို့ဇနီး၊မယား၏ဖခင်အား ယောက္ခမဟုခေါ်ဆိုခြင်း၊ ဇနီးမယားကို ချစ်စနိုးခေါ်ဆိုခြင်းက သာမန်သာဖြစ်သော်လည်း မင်းသားတစ်ပါးက မိမိဇ၏ဇနီးကို ဧကရီရှင်မဟု ခေါ်ဆိုလိုက်ခြင်းက အကြပ်ကိုင်လိုက်ခြင်းလည်းဖြစ်သည်။ထိုစကားသာ ပေါက်ကြားသွားပါက ပထမမင်းသားသာမက စစ်ထူမိသားစုပါ ရာဇဒဏ်သင့်ပေလိမ့်မည်။
ရှိနေကြသောလူများအားလုံးမှာ နှလုံးသားများ ထိတ်လန့်သွားကြသည်။သူတို့က အကြီးဆုံးမင်းသားကို အံ့သြတသင့် ငေးစိုက်မိလိုက်ကြသည်။သူတို့အားလုံးက ရည်မှန်းချက်ကြီးသောလူများဖြစ်တာကြောင့် ပထမမင်းသားက သူ၏ခမည်းတော်ကို ဆန့်ကျင်ခြင်းအပေါ် အဘယ်သို့သော မကောင်းထင်မြင်ချက်မျိုးမှ မရှိကြပါ။
ဒီလောကကြီးမှာ လုံလောက်အောင်မရက်စက်၊မကြမ်းတမ်းဘူးဆိုရင် ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး !
ဒါ့အပြင် ပထမမင်းသားက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ရောက်ရှိသွားခဲ့သော်လည်း သူဟာ တဖြည်းဖြည်းချင်းဖြင့်သာ အရေးကိစ္စများကို တည်ငြိမ်စွာ ဆောင်ရွက်နေသည်။ဒါက ရှိနေကြသောလူများအားလုံးကို ပထမမင်းသားနောက်ကို ဆက်လက်လိုက်ပါစေရန် ပိုမို၍ ဆုံးဖြတ်ချက် ခိုင်မာလာစေခဲ့၏။
" အရှင်မင်းသား ကျွန်တော်တို့စတင်လှုပ်ရှားလိုက်တာနဲ့တပြိုင်နက် ဝူမိသားစုကလည်း ကျိန်းသေပေါက်လာရောက်တားဆီးပါလိမ့်မယ်။အဲ့ဒီခါကျ ကျွန်တော်တို့.......... "
စစ်ထူရှင်း၏စကားကိုကြားလိုက်ရသည့်အခါ လန်ယွင်၏အမူအရာမှာ အေးခဲသွားခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
ရှိနေကြသောလူများ၏မျက်ဝန်းများမှာလဲ လေးနက်သွားခဲ့ကြသည်။ဝူမိသားစုသည် အမြင့်သို့တက်လှမ်းလိုသူတိုင်း မဖြစ်မနေကြုံတွေ့ကြရမည့် အတားအဆီးကြီးဘဲ ဖြစ်တော့သည်။
ဝူမိသားစုသည် နိုင်ငံတော်၏စစ်တပ်အင်အားအများစုကို ထိန်းချုပ်ထားသည်။အကြီးဆုံးမင်းသားလန်လဲ့၏ကျင့်ကြံမှုမှာ အင်မတန်မြင့်မားသော်လည်း သူသာဧကရာဇ်တစ်ပါးဖြစ်လိုပါက တစ်ယောက်တည်းအားဖြင့် ရန်သူများကို ဖြေရှင်း၍ မဖြစ်နိုင်ပါ။
" ဒီမင်းသားက မရဏမျိုးနွယ်စု၊အခြားမျိုးနွယ်စုတွေနဲ့ သဘောတူညီချက် ပြုလုပ်ပြီးပြီ။သူတို့ကို နိုင်ငံတော်အတွင်းခေါ်သွင်းပြီး ဝူမိသားစုနဲ့ ရင်ဆိုင်စေမယ်။ "
" ဒီမင်းသားသာအောင်မြင်သွားရင် ဝူမိသားစုက ခုခံချင်ရင်တောင်မှ လုံးဝကို စွမ်းအားမဲ့နေတော့မှာ "
လန်လဲ့၏မျက်ဝန်းများအတွင်း၌ အေးစက်သောအကြည့်တစ်ခုရှိနေခဲ့ဖြင် နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ "
" ဒါပေမဲ့ မရဏမျိုးနွယ်စုနဲ့အခြားမျိုးနွယ်စုတွေက ......."
အေးစက်သောစကားသံကိုကြားလိုက်ရသည့်အခါ ရှိနေကြသောလူများအားလုံးမှာ ထိတ်လန့်သွားကြ၏။ယဲ့မိသားစုခေါင်းဆောင် ယဲ့ချန်ဟုန်က ချက်ချင်းမေးမြန်းလိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က တိုက်ပွဲအတွင်း၌ မရဏမျိုးနွယ်စုနဲ့အခြားမျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များအားလုံးကို ရှန်ရှန်ကျုံဂိုဏ်းက သတ်ဖြတ်လိုက်သည်။ယခုအချိန်တွင် သူတို့ဟာ ဦးဆောင်သူမဲ့နေလေပြီ။ဒါ့အပြင် အဓိကအင်ပါယာကြီးများကလည်း မရဏမျိုးနွယ်စုတို့ကို တန်ပြန်တိုက်စစ်ပြုလုပ်ရန် စီစဥ်နေကြလေသည်။
အဆိုပါမျိုးနွယ်စုကြီးများအတွင်း၌ သန်မာသော ပျက်သုန်းခြင်းနယ်ပယ်စွမ်းအားရှင်ကြီးများရှိနေသေးသော်လည်း လက်ရှိအချိန်အခါ၌တော့ အင်ပါယာကြီးများက သူတို့ကို သွားရောက်မတိုက်ခိုက်ရင်တောင် သူတို့က တိုးတိတ်စွာ ပျော်ရွှင်နေရမှာ ဖြစ်သည်။ ဒါကို သူတို့က ဘာ့ကြောင့်များ စန်းရိအင်ပါယာကို လာရောက်တိုက်ခိုက်ရဲဦးမှာလဲ။
" ဒီမင်းသားက သူတို့ကို ကတိပေးထားလို့ပဲ။ ဒီအရာအားလုံးပြီးဆုံးသွားရင် သူတို့တွေကို လုံခြုံစေရလိမ့်မယ်လို့ပေါ့။ "
" ဒါက...."
အေးစက်သောအသံကိုကြားလိုက်ရသောအခါ ရှိနေကြသောလူများအားလုံး၏အမူအရာမှာ အေးခဲသွားခဲ့ပြီး အံ့သြတသင့်ရေရွက်လိုက်သည်။
" မစိုးရိမ်ပါနဲ့.....ဒီမင်းသားရဲ့လုပ်ဆောင်မှုသာ အောင်မြင်သွားခဲ့ရင် ဒီမင်းသားက မြင့်မြတ်တဲ့စန်းရိအင်ပါယာကို မွန်မြတ်ဘုံလောကတစ်ခုလုံးရဲ့ အကြွင်းမဲ့အာဏာရှင်ဖြစ်လာအောင် ပြုလုပ်ပေးမှာပါ။သူတို့တွေကတော့ အရှုံးပေးရင်ပေး၊ မပေးရင် သေရမှာပေါ့ ! "
" အခု သူတို့က ဒီမင်းသားနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့တောင် အဆင့်မမှီတော့ဘူး "
အေးစက်သောမျက်ဝန်းများအတွင်း၌ ခက်ထန်သောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး ပထမမင်းသားက လှောင်ရယ်လိုက်၏။
" အကြီးဆုံးမင်းသားက ပညာရှိပါပေတယ် "
အေးစက်သောစကားများကိုကြားလိုက်ရသည့်အခါ စစ်ထူရှင်းတို့အားလုံးမှာ ကြောင်အသွားကြပြီး တညီတညွတ်တည်း ကျယ်လောင်စွာ ဂုဏ်ပြုလိုက်ကြသည်။
အမှန်ပဲ....ဤကနေ့ မရဏမျိုးနွယ်စုနဲ့အခြားသော မျိုးနွယ်စုကြီးများသည် သူတို့နှင့် ညှိနှိုင်းဆွေးနွေးရန် အဆင့်မမှီတော့ပါ။ပထမမင်းသား၏ခွန်အားဖြင့်ဆိုပါက ထိုလူများကို လွယ်လင့်တကူ ချေမှုန်းပစ်နိုင်၏။
သို့ပါသော်လည်း မရဏမျိုးနွယ်စုနှင့် အခြားသောကောင်းကင်တာအိုမျိုးနွယ်စုများကို ဝူမိသားစုနဲ့ရင်ဆိုင်ခိုင်းလိုက်ပါက ၎င်းမှာ မြင့်မြတ်သောစန်းရိအင်ပါယာကို သစ္စာဖောက်ခြင်းသာမက လူသားမျိုးနွယ်စုတစ်စုလုံးကိုလည်း သစ္စာဖောက်လိုက်ခြင်း ဖြစ်သည်။
" မတော်တဆမူတွေမရှိရအောင် မင်းတို့ရဲ့လက်အောက်ခံတွေကို မွန်မြတ်ဘုံလောကအတွင်းက စစ်တပ်တွေကို ရုတ်သိမ်းခိုင်းထားလိုက်ပါ။ "
ရှိနေကြသောစစ်သူကြီးများအားလုံးကို ဝေ့ဝဲကြည့်ရှူ့လိုက်ပြီး အကြီးဆုံးမင်းသားက နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
" အရှင်မင်းသား မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့တတွေကျိန်းသေပေါက် ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားမှာပါ။ "
စစ်သူကြီးများကလည်း လေးလေးစားစားဂါရဝပြုလျက် ပြောကြားလိုက်သည်။
" ကောင်းပြီ၊ ဒါဆိုရင် ကိုယ်တိုင်ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ကြတာပေါ့။ ကြင်ယာတော်စစ်ထူသာ အောင်မြင်သွားလျှင် ငါတို့စတင်လှုပ်ရှားဖို့အတွက် အချိန်ကျလာလိမ့်မယ်။ "
အကြီးဆုံးမင်းသားက လက်ကိုအေးစက်စွာ ခါယမ်းလိုက်ပြီး ပြောဆိုလိုက်၏။
" ဟုတ်ကဲ့...ကျွန်တော်တို့ စတင်လုပ်ဆောင်ပါတော့မယ်။ "
စစ်ထူရှင်းနှင့်အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ဦးခေါင်းညွှတ်လျက် ဂါရဝပြုလိုက်ကြကာ ခန်းမကြီးအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။မင်းသားလန်လဲ့၊တော်ဝင်ဦးရီးတော်လန်ယွင်နှင့် တော်ဝင်ဦးရီးတော်လန်ဖုန်းတို့သာ ခန်းမအတွင်း၌ ကျန်ရစ်တော့၏။
" လဲ့အာ မွန်မြတ်တဲ့မြို့တော်က ပျက်သုန်းခြင်းဧကရာဇ်အဆင့် မှော်ဝင်ရတနာတစ်ခုပဲ။ အဲ့ဒါကိုတော်ဝင်ဦးရီးတော်တွေအများကြီးက ထိန်းချုပ်ထားကြတာ။ ကြီးမြတ်တဲ့ဧကရာဇ်စန်းရိသာ တဇွတ်ထိုးလုပ်ဆောင်လာမေဆိုရင် စန်းရိအင်ပါယာရဲ့ မွန်မြတ်တဲ့မြို့တော်ကို အသက်သွင်းနိုင်လောက်တယ်။ "
တစ်စုံတစ်ရာကိုတွေးမိသွားပုံဖြင့် လန်ယွင်က စိုးရိမ်ကြောင့်ကြစွာ ပြောဆိုလိုက်သည်။
မြင့်မြတ်သောစန်းရိအင်ပါယာ၏မွန်မြတ်သောမြို့တော်ကြီးသည် ရှေးယခင်ဧကရာဇ်မင်းများ စီမံပြုလုပ်ခဲ့သော မှော်ဝင်ရတနာ ဖြစ်၏။၎င်းမှာ သာမန်ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် လက်နက်ပစ္စည်းတောင် မဟုတ်ပါပေ။
" ကိစ္စမရှိပါဘူး။ ကျုပ်ရဲ့ဆရာက မြင့်မြတ်တဲ့စန်းရိအင်ပါယာရဲ့ မွန်မြတ်မြို့တော်ကိုတောင် ဖိနှိပ်နိုင်တဲ့ ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်မှော်ဝင်ရတနာ(3) ခုကို ချီးမြှင့်ပေးခဲ့တယ် "
လန်ယွင်၏စကားကိုကြားလိုက်ရသည့်အခါ လန်လဲ့ကပြုံးရယ်လိုက်ပြီး လက်ကိုဝှေ့ရမ်းလျက် ပေါ့ပါးစွာ ပြောဆိုလိုက်သည်။
ထိုစကားများကို ကြားသိလိုက်ရသည့်အခါ လန်ယွင်နှင့် လန်ဖုန်းတို့မှာ တဆတ်ဆတ်တုန်လှုပ်သွားကြ၏။သူတို့က တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်မိလိုက်ကြသည်။ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်မှော်ဝင်ရတနာ(3)ခုလား....။ ဒါက ဘယ်လိုအရာမျိုးပါလဲ။
ပျက်သုန်းခြင်းဧကရာဇ်အဆင့်မှော်ဝင်ရတနာများကိုလည်း ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏ ကျင့်ကြံဆင့်များအလိုက် ပိုင်းခြားထားသည်။ အထူးသဖြင့် မြင့်မြတ်တဲ့စန်းရိအင်ပါယာပိုင်ဆိုင်ထားသည့် မှော်ဝင်ရတနာနှစ်မျိုးသည် တော်ဝင်ဧကရာဇ်အဆင့် မှော်ဝင်ရတနာများ ဖြစ်ကြ၏။၎င်းတို့မှာ တော်ဝင်ဧကရာဇ်၏ အထွတ်အထိပ်သို့တောင် ရောက်ရှိနေသေးသည်။
သို့သော်လည်း ပထမမင်းသားကတော့ ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်မှော်ဝင်ရတနာ(3)မျိုးကိုတောင် ပိုင်ဆိုင်ထား၏ !
ဤသည်မှာ မွန်မြတ်ဘုံလောကအတွင်း၌ရှိနေသော ခုနှစ်ပြည်ထောင်မင်းများပိုင်ဆိုင်ထားသည့် မှော်ဝင်ရတနာများအားလုံးကိုတောင် ဖိနှိပ်နိုင်စွမ်း ရှိလေသည်။ဧကရာဇ်အဆင့်လက်နက်များ၏စွမ်းပကားသည်လည်း ဧကရာဇ်အဆင့်စွမ်းအားရှင်များ၏ စွမ်းပကားအတိုင်း ကွာခြားမှုရှိလေသည်။ အဆင့်တစ်ဆင့်ကွာခြားမှုတိုင်းတွင် စွမ်းအားပမဏကွာခြားမှုက အင်မတန်ကွာဟလေသည်။
အရေးကြီးဆုံးက အကြီးဆုံးမင်းသားမှာ တကယ်ပဲ လျို့ဝှက်ဆန်းကြယ်တဲ့ ဆရာတစ်ယောက်ကို ပိုင်ဆိုင်ထားတာလား။ အကြီးဆုံးမင်းသားက ဒီလိုကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုကို ရောက်ရှိသွားတာလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ကြောင့်လား။
အချိန်တစ်ခုထိတိုင်အောင် လန်ယွင်နှင့်လန်ဖုန်းတို့၏နှလုံးသားမှာ တလှပ်လှပ် ခုန်လှုပ်နေခဲ့သည်။သူတို့က အကြီးဆုံးမင်းသားကို ပိုမို၍တောင် ရိုကျိုးလေးစားလာကြသည်။
" လန်ဟွမ်နှင့် တခြားဦးရီးတော်တွေကို ဆွဲဆောင်ဖို့အတွက် ဦးရီးတော်နှစ်ယောက်ကိုပဲ အကူညီတောင်းရတော့မှာပေါ့ဗျာ။ ကျုပ်တို့အားလုံးက ဆွေမျိုးတွေပဲလေ။ ဒီမင်းသားက သူတို့ကို မထိခိုက်စေချင်ပါဘူး။ "
" ဒါပေမဲ့ သူတို့ကသာ ဒီမင်းသားရဲ့လမ်းကို ပိတ်ပင်ရဲတယ်ဆိုရင်တော့ ဒီမင်းသားကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့တော့ "
လန်လဲ့က လန်ယွင်တို့နှစ်ယောက်ကို လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။
မြင့်မြတ်သောစန်းရိအင်ပါယာ၏ တော်ဝင်ဦးရီးတော်တိုင်းသည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။ လန်လဲ့က ထိုသူများကို အဆုံးရှုံးမခံချင်ပါ။
ဦးရီးတော်လန်ဟွမ်တို့သည် ဧကရာဇ်စန်းရိနဲ့ နီးကပ်သောဆက်ဆံရေးရှိသည်။သူသာ ဧကရာဇ်စန်းရိကို ဆန့်ကျင်လိုက်ပါက သူတို့က နေရာမှခုန်ထွက်လာပြီး သူ့ကို ကျိန်းသေပေါက်တားဆီးပေလိမ့်မည်။
" အကြီးဆုံးမင်းသား မစိုးရိမ်ပါနဲ့။ ကျုပ်တို့တွေ သူတို့ကို ဖျောင်းဖျလိုက်ပါမယ်။ "
လန်လဲ့၏စကားကိုကြားလိုက်ရသည့်အခါ လန်ယွင်နှင့်လန်ဖုန်းတို့၏နှလုံးသားများမှာ တုန်လှုပ်သွားကြပြီး အလျှင်စလို ပြောဆိုလိုက်ကြသည်။ဦးရီးတော်များသည် သူတို့အဖွဲ့နဲ့သူတို့ရှိနေကြသော်လည်း သူတို့က နောက်ဆုံးမှာတော့ ဆွေမျိုးများသာ ဖြစ်ကြသည်။ သူတို့က လန်ဟွမ်နှင့်အခြားသောဦးရီးတော်များကို မင်းသားလန်လဲ့၏လက်အတွင်း၌ မသေဆုံးစေချင်ပါ။
အကြီးဆုံးမင်းသားက ခေါင်းညိတ်လိုက်ပြီး လက်ကိုဖြည်းလေးစွာ ခါရမ်းလိုက်သည်။
ဤသည်ကိုမြင်တော့ လန်ယွင်နှင့်လန်ဖုန်းတို့ကလည်း နားလည်သိတတ်စွာဖြင့် ခန်းမကြီးအတွင်းမှ ချက်ချင်းထွက်ခွာသွားကြသည်။
လန်ယွင်တို့နှစ်ယောက်၏ထွက်ခွာသွားသော ကျောပြင်များကို ငေးစိုက်ကြည့်နေရင်း ပထမမင်းသားလန်လဲ့၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့ကာ သူ၏ပုံရိပ်ကလည်း ခန်းမအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
" ဧကရာဇ်ရဲ့အခွင့်အာဏာက ငါနဲ့ပဲ သက်ဆိုင်စေရမယ် ! "