← Chapters

ဘိုးဘေးများ၏ မျိုးဆက်ရှစ်ဆက်၊ အရှေ့တိုင်း၏တစ်ဦးတည်းသောဧကရာဇ်

Vol. 43 Ch. 596

ဘိုးဘေးများ၏ မျိုးဆက်ရှစ်ဆက်၊ အရှေ့တိုင်း၏တစ်ဦးတည်းသောဧကရာဇ်

Vol. 43 Ch. 596

ရွှမ်းရွှမ်တို့သုံးယောက် ခေါင်းပြန်မော့လိုက်သည့်အခါ အရှင်သခင်ကန်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

" ဒီနေ့မှာ ငါတို့တွေ အရှင်သခင်ကန်းရဲ့ အစွမ်းအစကို မျက်မြင်တွေ့ကြုံခဲ့ရတယ်။ ဒါက တကယ့်ကို ခန့်မှန်းလို့ မရနိုင်အောင်ပါလား။ "

ရွှမ်းရွှမ်က ဗလာဖြစ်နေသောခန်းမကြီးကို ကြည့်ရှူလိုက်ပြီး ခံစားချက်များဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။သူ၏မျက်ဝန်းများအတွင်း၌ တောင့်တမျှော်လင့်နေသော အရိပ်အယောင်များ ရှိနေခဲ့သည်။သူသာ အရှင်သခင်ကန်းလိုအဆင့်မျိုးကို ရောက်ရှိနိုင်ပါက သူ၏ဘဝက ပြည့်စုံသွားပေလိမ့်မည်။

မင်ဖုန်းတို့နှစ်ယောက်ကလည်း ဘာကိုမှ မပြောခဲ့ကြသော်ငြား သူတို့၏မျက်နှာများကလည်း လေးစားမှုဖြင့် ပြည့်နှက်နေခဲ့ကြသည်။အရှင်သခင်ကန်း၏ မူလဇစ်မြစ်မှာ လျို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်ပါ။ထိုသူမှာ ဟုန်မာန်နတ်ဘုရားဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုကြီး၏ မဟာပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ၏အဆင့်အတန်းမှာ ကောင်းကင်တာအိုမျိုးနွယ်စုကြီးတစ်စုအတွင်း၌ အဆုံးအစမဲ့ မြင့်မြတ်လှလေသည်။

ဒဏ္ဍာရီများအရ လွန်ခဲ့သည့်နှစ်ပေါင်းများစွာအကြာက ကောင်းကင်တာအိုမျိုးနွယ်စုကြီးသည် ကြီးမားသောဘေးဒုက္ခကြီးကို ရင်ဆိုင်ခဲ့ရသည်။ထိုအချိန်၌ အရှင်သခင်ကန်းသည် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တာအိုမျိုးနွယ်စုကြီးကို ကယ်တင်ခဲ့လေသည်။ထိုအချိန်မှစ၍ အရှင်သခင်ကန်းဟာ ကောင်းကင်တာအိုမျိုးနွယ်စုကြီးများအကြား၌ ထူးကဲသည့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။

ကောင်းကင်မျိုးနွယ်စုနဲ့ ဟွမ်လျှိုမျိုးနွယ်စုအပြင် မရဏ၊ဖျက်စီးခြင်းနှင့် ရွှမ်ဟိုင်းမျိုးနွယ်စုကြီးများသည် အရှင်သခင်ကန်း၏ဦးဆောင်မှုနောက် လိုက်ပါခဲ့ကြသည်။ဟုတ်ပါပေသည် အရှင်သခင်ကန်းက ပြင်ပမှလူတစ်ယောက်သာဖြစ်သည်ဟုဆိုပြီး ခေါင်းမာနေကြသော လူတစ်စုလည်း ရှိနေသေးသည်။

သို့သော်လည်း ဘယ်သူကမှ ထိုခေါင်းမာသောလူတစ်စု၏စကားကို နားမထောင်ကြပါ။အရှင်သခင်ကန်းကို စော်ကားသည့်စကားလုံးများကို ပြောဆိုရဲပါက ထိုလူများကို မျိုးနွယ်စုကြီးများက လိုက်လံသတ်ဖြတ်ပေလိမ့်မည်။

" အရှင်သခင်ကန်းရဲ့ကူညီပေးမှုနဲ့ဆိုရင် ရှန်ရှန်ကျုံဂိုဏ်းဖြစ်ဖြစ်၊ မင်းသားလန်လဲ့ဖြစ်ဖြစ်၊ ငါတို့မျိုးနွယ်စုကြီးတွေရဲ့ပြိုင်ဖက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ "

ရွှမ်းရွှမ်၏မျက်ဝန်းများအတွင်း၌ ပြင်းထန်သောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့ကာ လှောင်ရယ်ပြောဆိုလိုက်သည်။ သူ၏အသံက အင်မတန်မှ ခက်ထန်နေခဲ့ပြီး နတ်ဆိုးတစ်ကောင်၏အော်ဟစ်သံအလား ဖြစ်နေခဲ့လေသည်။

သူအဘယ်မျှလောက် ဒေါသထွက်နေခဲ့ရသည်ကို ဘုရားသခင်သာ သိပါလိမ့်မည်။အခုအချိန်မှာတော့ အရှင်သခင်ကန်း၏ဦးဆောင်မှုအောက်တွင် သူ၏ကောင်းကင်တာအိုမျိုးနွယ်စုဟာ ထောင်၊သောင်းချီသော မျိုးနွယ်စုများ၏အထက်၌ ရပ်တည်နိုင်လိမ့်မည်။ သူတို့ကိုအာခံရဲသော ပါရမီရှင်များဟာလဲ ကျိန်းသေပေါက် သတ်ဖြတ်ခံရလိမ့်မည်။

" ကောင်းတယ် ! "

" ဒီလိုဆိုရင် ငါတို့တွေ တကယ်ပဲ ပြပွဲကောင်းကြီးကို ကပြနိုင်ပြီပေါ့ကွာ။ အဲ့ဒီအင်ပါယာကြီးတွေကို ဝါးမြိုဖို့အတွက် အခွင့်အလမ်းကောင်းကို စောင့်ဆိုင်းလိုက်ကြရအောင်လား။ "

မင်ဖုန်း၏မျက်နှာထက်၌ စိတ်လှုပ်ရှားနေသောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သူဟာ အဆုံးသတ်ကို တွေ့မြင်ခဲ့ရပြီးလေပြီ။သူ၏မရဏမျိုးနွယ်စုနှင့်အခြားသောမျိုးနွယ်စုကြီးများဟာ မွန်မြတ်ဘုံလောကကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်။တော်ဝင်ဧကရာဇ်(13) ယောက်၏ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စွက်ဖက်မှုဖြင့်ဆိုပါက ရှန်ရှန်ကျုံဂိုဏ်းနှင့် လန်လဲ့က ဘယ်လိုများတားဆီးနိုင်ပါဦးမလဲ။

သူတို့ခံစားခဲ့ရတဲ့အရှက်ရမှုတွေကို အဲ့ဒီရှန်ရှန်ကျုံဂိုဏ်းနဲ့လန်လဲ့တို့တွေ ပြန်လည်ပေးဆပ်ရမယ်။ ကမ္ဘာလောကကြီးကလဲ သူတို့ကောင်းကင်တာအိုမျိုးနွယ်စုကို ဦးညွှတ်ကြရလိမ့်မယ် !

" ငါတို့တွေ ကူကယ်ရာမဲ့နေသလိုမျိုး ဟန်ဆောင်ကြရမယ်။ သင့်တော်တဲ့အချိန်အခါကို ရောက်တဲ့အခါမှ အကြောင်းကိစ္စတွေကို ပြောင်းပြန်လှန်ပစ်ရမယ် "

ကျစ်ထျန်း၏မျက်ဝန်းများအတွင်း၌ အေးစက်သောအကြည့်တစ်ခုဖြတ်သန်းသွားပြီး ခိုင်မာစွာ ပြောဆိုလိုက်သည်။

" ဒီလိုဆိုမှတော့ ငါသွားရောက်ပြင်ဆင်လိုက်ဦးမယ်။ ငါတို့တွေက လန်လဲ့ရဲ့အမိန့်ကိုနာခံနေရသလိုမျိုး ဟန်ဆောင်ကြရမယ်။ " မင်ဖုန်းကလည်း ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။

မင်ဖုန်း၏အသံကိုကြားလိုက်ရသည့်အခါ ကျစ်ထျန်းတို့နှစ်ယောက်ကလည်း တစ်ညီတညွှတ်တည်းခေါင်းညိတ်လိုက်ကြကာ ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။မင်ဖုန်းတစ်ယောက်တည်းကသာ မြင့်မြတ်တဲ့စန်းရိအင်ပါယာကိုစိုက်ကြည့်လျက် လှောင်ပြောင်ရယ်မောကာ ခန်းမကြီးအတွင်းမှာ ကျန်ရစ်ခဲ့လေသည်။

နန်းတော်ကြီး၏အဆောင်တစ်ဆောင်အတွင်း၌ ဝမ်ဖုန်းသည် တင်ပျဥ်ချိတ်၍ ထိုင်နေခဲ့သည်။စားသောက်ပွဲကြီးပြီးဆုံးခဲ့သော်လည်း ဝမ်ဖုန်းတို့သည် ကောင်းကင်မျိုးနွယ်စုမှ ချက်ချင်းမထွက်ခွာခဲ့ကြသေးပါ။ဝမ်ဖုန်းတို့က ကောင်းကင်မျိုးနွယ်စုမှ မထွက်ခွာခင်တွင် စနစ်ကို အဆင့်မြှင့်တင်ရန် ပြင်ဆင်ထားခဲ့၏။

" စနစ်ကို အဆင့်မြှင့်တင်မယ် "

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့ပြီး လျို့ဝှက်စွာ ပြောဆိုလိုက်သည်။

" ဒင်....ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက် ဂိုဏ်းအမှတ် 1.5 ထရီလီယံကို အသုံးပြုလိုက်ပါပြီ "

" ဒင်....ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စနစ်နှင့်ဂိုဏ်းကို အဆင့်(15)ကို အောင်မြင်စွာ မြှင့်တင်ပြီးပါပြီ။ "

တခဏအတွင်း၌ စနစ်၏အေးစက်သောအသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ကာ ဝမ်ဖုန်း၏မျက်နှာကို ပျော်ရွှင်မှုဖြင့် ဝင်းလက်တောက်ပလာစေခဲ့သည်။ " အဆင့်မြှင့်တင်ပြီးတော့ ဘယ်လိုလုပ်ဆောင်ချက်တွေများ အသစ်ပွင့်သလဲ "

စနစ်ကို အဆင့်(15)သို့မြှင့်တင်ပြီးပြီဖြစ်ရာ သူ၏ရှန်ရှန်ကျုံဂိုဏ်းကလည်း ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့လေသည်။ ဤအချိန်၌ ရှန်ရှန်ကျုံဂိုဏ်း၏အကြီးအကဲများစွာကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ထိတိုင်အောင် အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။ဒီနည်းလမ်းဖြင့်ဆိုပါက ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားသည် မွန်မြတ်ဘုံလောကအတွင်း၌ ကျိန်းသေပေါက် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။

" ဒင်.....စနစ်ကို အဆင့်(15)ထိ အဆင့်မြှင့်တင်ပြီးပါပြီ။ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အတွက် အခြေခံဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ "

" ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့်က မူလဧကရာဇ်အဆင့်ကနေ နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်အထိရှိတဲ့ စွမ်းအားရှင်တွေကို ဆင့်ခေါ်ပေးနိုင်မှာပါ။ "

" ချန်ခွန်းနယ်ပယ်အန္တိမဆင့်ခေါ်ခွင့်သုံးကြိမ်ကို ပေါင်းစပ်ပြီး ဧကရာဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဧကဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့်(5)ကြိမ်ကို ပေါင်းစပ်မယ်ဆိုရင်တော့ အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ကို ဆင့်ခေါ်နိုင်မှာပါ။ "

" ဒါ့အပြင် စနစ်ကို အဆင့်(15)အထိ မြှင့်တင်ခဲ့တာကြောင့် ရှန်ရှန်ကျုံဂိုဏ်းရဲ့ တတိယမြောက်အစောင့်အရှောက်ကို ဆင့်ခေါ်နိုင်ပါပြီ။ "

" မှတ်ချက် _ ရှန်ရှန်ကျုံဂိုဏ်းရဲ့ တတိယမြောက်အစောင့်အရှောက်က ဒုတိယအစောင့်အရှောက်ထက်ပိုပြီး အဆင့်မြင့်ပါလိမ့်မယ်။ပြီးတော့ ဆင့်ခေါ်ခြင်းရဲ့ကန့်သတ်ချက်တွေနဲ့ ချည်နှောင်ခြင်းခံရမှာပါ။ တတိယအစောင့်အရှောက်က ဘေးဒုက္ခကြီးမကြုံသေးသရွေ့ ထွက်ပေါ်လာလို့မရပါဘူး "

" တချိန်တည်းမှာပဲ ဒုတိယအစောင့်အရှောက်ရဲ့ ကန့်သတ်ချက်တွေကို ပြေလျော့ပေးလိုက်ပါပြီ။ ကန့်သတ်ချက်တွေကို ဆက်လက်ထားရှိတော့မှာ မဟုတ်ပါဘူး။ "

စနစ်၏တစ်ဆက်ပြီးတစ်ဆက်ထွက်ပေါ်လာသောအသံများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းရဲ့အမူအရာက ပျော်ရွှင်သွားခဲ့သည်။သူ၏ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

သေချာပါပြီ...စနစ်ကိုအဆင့်မြှင့်တင်လိုက်သည့်အခါတိုင်း ရှန်ရှန်ကျုံဂိုဏ်းရဲ့ခွန်အားကလည်း မိုးထိအောင် မြင့်တက်သွားလေပြီ !

နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကို ဆင့်ခေါ်လိုက်ပါက လီပိုင်၏ကျင့်ကြံမှုက ထိုစွမ်းအားရှင်ထက် အဆင့်ကြီးနှစ်ဆင့် ပိုမိုမြင့်မားနေလိမ့်မယ်။ဒီလိုဆိုရင် သူက ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်သွားတော့မှာပေါ့ !

ဤသည်မှာ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်ဖြစ်၏။သူက ဘေးဒုက္ခကြီးကြုံတွေ့မှ ထွက်ပေါ်လာနိုင်သော်လည်း ရှန်ရှန်ကျုံဂိုဏ်းကို မွန်မြတ်ဘုံလောကအတွင်း၌ ပြိုင်ဖက်ကင်း ဖြစ်နေစေလိမ့်မည်။

" ဒါ့အပြင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ ရှစ်ယောက်မြောက်ဘိုးဘေးသုံ့ဟွမ်ထိုက်ရိကို ဆင့်ခေါ်နိုင်ပါပြီ။ ပိုင်ရှင်က ကံတရားအမှတ်တွေအသုံးပြုပြီး ရှန်ရှန်ကျုံဂိုဏ်းအဋ္ဌမမြောက် ဘိုးဘေးသုံ့ဟွမ်ထိုက်ရိကို အခုမှစ၍ ဆင့်ခေါ်အသုံးချနိုင်ပါပြီ ! "

" ဟာ.....! "

ရုတ်တရက်ဆိုသလိုဘဲ စနစ်၏နောက်ထပ်အသံက ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။သူဟာ သက်ပြင်းမရှိုက်ဘဲ မနေနိုင်တော့ပါ။

ကောင်းကင်ယံ၌ ဒုတိယမြောက်နေ့ရက်ဟူသည်ကမရှိ။ ကမ္ဘာမြေပြင်၌ ကပ်ဘေးဒုက္ခတို့သက်ရောက်နေစဥ် အရှေ့ပိုင်း၏ဧကရာဇ်သက်ဆင်းလာခဲ့သည် !

အောင်မြင်ခြင်၊ ကျရှုံးခြင်းဟာ အကျွန်နှုပ်အပေါ်မူတည်၍ ပြောဆိုဆွေးနွေးခြင်းကလည်း အကျွန်နှုပ်၏နှုပ်ဖျားမှသာ မြစ်ဖျားခံသည် !

တိုက်ပွဲ၌ အရေအတွက်ဟူသည်ကား မရှိ။ တိုက်ပွဲ၌ ကျရှုံးမှုဟူသည်ကားမရှိ။

ဝမ်ဖုန်းသည် ရှန်ရှန်ကျုံဂိုဏ်း၏အဋ္ဌမမြောက်ဘိုးဘေးမှာ အရှေ့ပိုင်း၏ပြိုင်ဖက်ကင်းသောဧကရာဇ် သုံ့ဟွမ်ထိုက်ရိဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ထိုသူဟာ သူတော်စင်များ၏အောက်၌ ပထမဆုံး ပြိုင်ဖက်ကင်းစွမ်းအားရှင် ဖြစ်လေသည်။

သို့သော်လည်း လက်ရှိ၌ ဝမ်ဖုန်းသည် ကြာကြာမပျော်ရွှင်နိုင်ခဲ့ပါ။ သူ၏မျက်နှာထက်၌ မဲ့ပြုံးတစ်ခု ရှိနေခဲ့သည်။ သူသာ သုံ့ဟွမ်ထိုက်ရိကို ဆင့်ခေါ်ချင်ပါက လက်ရှိရှန်ရှန်ကျုံဂိုဏ်း၏ကံတရားမှာ လုံလောက်မှုမရှိသေးပေ။ ကံတရားအကုန်လုံးကို အသုံးပြုလိုက်ရင်တောင်မှ ဆင့်ခေါ်ဖို့အတွက် မလုံလောက်သေးပါ။

သို့ပါသော်လည်း အခွင့်အရေးတစ်ခုသာ ရှိနေသေးသရွေ့ ဝမ်ဖုန်းသည် အရှေ့တိုင်း၏ပြိုင်ဖက်ကင်းပုဂ္ဂိုလ်ကို မျက်မြင်တွေ့လိုမိသည် !

" စနစ်....ဂိုဏ်းကိုအဆင့်မြှင့်တင်လိုက်ပြီးတော့ ဘယ်လုပ်ဆောင်ချက်တွေများ အသစ်ပွင့်သေးလဲ။ "

စနစ်ကို အဆင့်မြှင့်တင်ပြီး ရရှိလာသည့်လုပ်ဆောင်ချက်များအကြောင်းကို သိရှိလိုက်ပြီးနောက် ဝမ်ဖုန်းက ဆင့်ခေါ်ရန် အလျှင်မလိုခဲ့ဘဲ ဆက်လက်မေးမြန်းလိုက်သည်။

" ဒင်......ဂိုဏ်းအဆင့်ကိုလဲ အဆင့်(15)အထိ မြှင့်တင်ပြီးတာကြောင့် ဂိုဏ်းတပည့်အားလုံးကို ဘေးထွက်ဆိုးကျိုးမရှိဘဲ အဆင့်ကြီးတစ်ဆင့် မြှင့်တင်ပေးလိုက်ပါမယ်။ "

" တချိန်တည်းမှာပဲ ပိုင်ရှင်ကို တတိယအစောင့်အရှောက်သားရဲတစ်ကြိမ်ဆင့်ခေါ်ခွင့်ကို ဆုချလိုက်ပါတယ်။ "

" မှတ်ချက် _ တတိယအစောင့်အရှောက်သားရဲက ဒုတိယမြောက်အစောင့်အရှောက်သားရဲထက် ပိုမိုပြီး အဆင့်မြင့်ပါလိမ့်မယ်။ တတိယအစောင့်အရှောက်သားရဲက စည်းမျဥ်းစည်းကမ်းတွေရဲ့ ကန့်သတ်ချက်ကို ခံထားရမှာပါ။ ဒါပေမဲ့ ဒုတိယအစောင့်အရှောက်သားရဲအပေါ်ထားရှိတဲ့ ကန့်သတ်ချက်တွေကိုတော့ ပြေလျော့ပေးမှာပါ။ "

" ဒါ့အပြင် ကမ္ဘာဘောလုံးလေးရဲ့ အကျယ်အဝန်းကိုလည်း မြှင့်တင်ပေးလိုက်ပါပြီ။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်းမှာရှိတဲ့ နိယာမတွေကိုလည်း မြှင့်တင်ပေးလိုက်ပါမယ်။ ကမ္ဘာဘောလုံးလေးအတွင်းမှာရှိတဲ့ စည်းမျဥ်းတွေကလည်း ပိုမိုအဆင့်မြင့်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေရဲ့အရေအတွက်ကတော့ မပြောင်းလဲဘဲ ကျန်ရှိပါမယ်။ "

အဆက်မပြတ်ထွက်ပေါ်လာသော အေးစက်သည့်အသံများက ဝမ်ဖုန်း၏နှလုံးသားကို ပျော်ရွှင်သွားစေခဲ့သည်။ လက်ရှိအခြေအနေများဖြင့်ဆိုပါက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ သူသွားရောက်ခဲ့ရင်တောင် နေရာတစ်နေရာကို ကျိန်းသေပေါက် ဆုပ်ကိုင်နိုင်ပေလိမ့်မည် !

All Chapters