← Chapters

လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်

Vol. 43 Ch. 597

လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်

Vol. 43 Ch. 597

"မှတ်ချက်- ပိုင်ရှင်က စနစ်ကို အဆင့်15အထိ မြင့်တင်ခဲ့တာကြောင့် အနာဂါတ်မှာ အဆင့်ကို နှစ်ဆင့်မြင့်တင်ပြီးချိန်တိုင်းမှာ ပိုင်ရှင့်အနေနဲ့ အစောင့်အရှောက်တစ်ယောက်ကို ဆင့်ခေါ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။"

"အစောင့်အရှောက်တွေရဲ့ အများဆုံးအရေအတွက်ကတော့ ဆယ်ယောက်ပါ။"

များမကြာမီတွင် စနစ်၏အေးစက်သောအသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း ထပ်ဖန်တစ်ခါ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏မျက်နှာကို ပျော်ရွှင်သွားစေခဲ့သည်။ အစက သူသည် အစောင့်အရှောက်တစ်ယောက်ကို ဆင့်ခေါ်ခွင့်ရရန် အဆင့်ကို ငါးဆင့်အထိ မြင့်တင်ခဲ့ရသော်လည်း အခုအချိန်မှာတော့ နှစ်ဆင့်သာ မြင့်တင်ရန် လိုအပ်တော့သည်တဲ့လား။

ဆိုလိုတာက စနစ်က သန်မာပြီးရင်း သန်မာလာတာပဲ!

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ စနစ်က ပို၍သန်မာလေလေ၊ သူ၏ရှန်ရှန်ကျုံ့ဂိုဏ်းကလည်း ပို၍သန်မာလေလေဖြစ်သည်။ တစ်နေ့နေ့မှာ သူဟာ စစ်မှန်သောထူးမြတ်မှုကို ရယူပြီး စနစ်နောက်ကွယ်ရှိ လျှို့ဝှက်ချက်များအားလုံးကို နားလည်အောင် ကြိုးပမ်းရမည်!

"စနစ်၊ ချန်ခွမ်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့်15ကြိမ်ကို ပူးပေါင်းပြီး ဧကရာဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့်5ကြိမ်အဖြစ် ပြောင်းလဲလိုက်ပါ။"

ဒါကိုတွေးမိသွားတော့ ဝမ်ဖုန်းက တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။

သူဟာ စနစ်အဆင့်မြင့်တင်လာမှာကို စောင့်ဆိုင်းရင်း ချန်ခွမ်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့်များနှင့် ဂိုဏ်းအမှတ်များကို စုဆောင်းခဲ့လေသည်။

သူဟာ နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ကို တိုက်ရိုက်ဆင့်ခေါ်ရန် စီစဥ်ထားခဲ့သည်။ ဒီနည်းလမ်းဖြင့်ဆိုပါက သူ့ရှန်ရှန်ကျုံ့ဂိုဏ်း၏ ကျင့်ကြံမှုအကန့်အသတ်သည်လည်း များစွာတိုးတက်လာလိမ့်မည်။ ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများအားလုံး နိယာမဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူ၏ရှန်ရှန်ကျုံ့ဂိုဏ်း၌ သန်မာသောနိယာမဧကရာဇ်စွမ်းအားရှင်ဒါဇင်ကျော် ရရှိလာမှာဖြစ်သည်။

ဤခွန်အားသည် ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီး၌တော့ ဘာမှမဟုတ်သော်လည်း လက်ရှိမွန်မြတ်ဘုံလောကအတွင်း၌တော့ ပြိုင်ဘက်ကင်းနေပြီးသား ဖြစ်လေသည်။

"ဒင်၊ ချန်ခွမ်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့် 15ကြိမ်ကို အသုံးပြုပြီး ဧကရာဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့် 5ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!"

"စနစ်၊ ဧကရာဇ်နယ်ပယ်အခြေခံဆင့်ခေါ်ခွင့်5ကြိမ်ကို ပေါင်းစည်းလိုက်ပြီး နိယာမဧကရာဇ်အထွတ်အထိပ်ကို ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲလိုက်ပါ။ ပြီးတော့ စတင်ပြီး ဆင့်ခေါ်မယ်။ အရှိန်အဝါတွေကို ဖုံးအုပ်ထားမယ်။"

စနစ်၏အတည်ပြုသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများက ဝင်းလက်တောက်ပသွားခဲ့ကာ မျှော်လင့်ကြီးစွာဖြင့် ပြောဆိုလိုက်သည်။

"ဒင်၊ နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်ခွင့်တစ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။"

"ဒင်၊ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"

"လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်လား။"

စနစ်၏အေးစက်သောအသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့သည်။ ထိုလူမှာ ဗီလိန်တစ်ယောက်ဖြစ်သော်လည်း သူ၏စွမ်းအားက အဓိကဇာတ်ဆောင်များနှင့်တောင် ရင်ဆိုင်နိုင်စွမ်းရှိခဲ့၏။

"စစ်ဆေးမယ်။"

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ မျှော်လင့်စောင့်စားနေသောအကြည့်တစ်ခု ဖြတ်သန်းသွားခဲ့ပြီး အလျင်စလို ပြောဆိုလိုက်သည်။

"ဒင်၊ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်- ပိုင်ယွဲ့ကျင့်စဉ်သခင်

ဘွဲ့- အဆင့်မြင့်ဘုန်းတော်ကြီး။

ကျင့်ကြံမှု- နိယာမဧကရာဇ်အထွတ်အထိပ်။

ဧကရာဇ်လမ်းစဥ်- အာပေါ(ရေ)လမ်းစဥ်။

ဧကရာဇ်သိုင်းပညာများ- သွေးလွှမ်းမုန်တိုင်း၊ နတ်ဆိုးအက၊ နတ်ဆိုးလက်သည်း၊ အရပ်မျက်နှာအားလုံးကို ရှင်းလင်းသုတ်သင်ခြင်း၊ လောဘကို အုပ်စိုးမည့်အဆိပ်၊ ကျိန်စာသင့် နတ်ဆိုးမြွေ၊ စိတ်ဝိညာဥ်ဖမ်းဆီးခြင်း။

ဧကရာဇ်စွမ်းရည်များ-ဆင့်ခေါ်ခြင်း၊ ပေါင်းစည်းခြင်း။

ဧကရာဇ်လက်နက်- မှော်ဝင်ချိပ်စည်း(ဧကရာဇ်အဆင့်မှော်ဝင်ရတနာ)။"

"မှတ်ချက်- လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ဧကရာဇ်မှော်ပညာက အာပေါလမ်းစဥ်ကတစ်ဆင့် ရေတွေကို ထိန်းချုပ်နိုင်ပြီး ရေမကောင်းဆိုးရွားတွေအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ ပြီးတော့ ရေမကောင်းဆိုးဝါးတွေနဲ့အတူ တိုက်ခိုက်နိုင်ပါတယ်။ ထိုအခြေအနေမှာဆိုရင် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ တိုက်ပွဲဝင်စွမ်းအားက အကြီးအကျယ်မြင့်တက်သွားပြီးတော့ တော်ဝင်ဧကရာဇ်အဆင့်စွမ်းအားရှင်တွေကိုတောင် ခုခံတားဆီးနိုင်ပါတယ်။"

"မှတ်ချက်- လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ မွေးရာပါနည်းစနစ်၊ ပေါင်းစည်းခြင်းကို အသုံးပြုလို့လည်း ရပါသေးတယ်။ ရေမကောင်းဆိုးဝါးတစ်ကောင်ကို ဆင့်ခေါ်ပြီး အဲ့ဒီမကောင်းဆိုးဝါးနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ တိုက်ပွဲဝင်စွမ်းအားက အင်မတန်တိုးတက်သွားမှာပါ။ သူက အဆင့်ကြီးနှစ်ဆင့်ကို ဖြတ်ကျော်တိုက်ခိုက်နိုင်ပါလိမ့်မယ်။ သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားက ဂုဏ်ထူးဆောင်ဧကရာဇ်အစောပိုင်းအဆင့်နဲ့ ညီမျှမှာပါ။"

သူ၏အရှေ့တွင်ထွက်ပေါ်လာသော စွမ်းရည်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့ရသည်။ ယခုအချိန်ထိ သူဟာ စွမ်းရည်ဇယားများစွာကို တွေ့မြင်ဖူးသော်လည်း ဤမျှလောက်စိတ်ကျေနပ်စရာကောင်းသည့် စွမ်းရည်ဇယားကိုတော့ မမြင်ဖူးပါ။

ဒါ့အပြင် အခြေအနေနှစ်ရပ်ကို အသုံးပြုလိုက်ပါက လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်၏ စွမ်းဆောင်ရည်မှာ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းလာလိမ့်မည်။

ထိုသူ၏စွမ်းဆောင်ရည်မှာ မကောင်းဆိုးရွားများကို ဆင့်ခေါ်ခြင်းနှင့်ပေါင်းစည်းခြင်းဖြစ်လေသည်။ ဒါက အရမ်းကို စွမ်းအားကြီးပါသည်။ ဒါ့အပြင် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်တစ်ဖြစ်လဲ ပိုင်ယွဲ့ကျင့်စဉ်သခင်၏ တိုက်ပွဲဝင်စွမ်းအားကလည်း အဆင့်ကြီးနှစ်ဆင့်ဖြတ်ကျော်နိုင်ပြီး ဂုဏ်ထူးဆောင်ဧကရာဇ်အစောပိုင်းအဆင့်နှင့် ညီမျှနေသေးသည်။

ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီး၌တောင် အဆင့်ကြီးနှစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်နိုင်သော တိုက်ပွဲဝင်စွမ်းအားသည် အင်မတန်မှ ရှားပါးလေသည်။ ၎င်းကို ပါရမီရှင်များအကြားမှ ပါရမီရှင်ဟု ခေါ်ဆိုရမည်သာဖြစ်သည်။ ချန်ခွမ်းဘုံလောကကြီးတွင်တောင် ရှန်ရှန်ကျုံ့ဂိုဏ်းမှတစ်ပါး ဘယ်အင်အားစုကများ ဒီလိုပါရမီရှင်ကို ပိုင်ဆိုင်နိုင်ဦးမှာလဲ။

လူသားမျိုးနွယ်စုအင်ပါယာကြီးများ၏ ကြီးမြတ်သောဧကရာဇ်များနှင့် ကောင်းကင်တာအိုမျိုးနွယ်စုခေါင်းဆောင်များတွင်တောင် ဤကဲ့သို့တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမရှိနိုင်ပါ။

"တကယ့်ကို စွမ်းအားကြီးတာပဲ။"

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး တိုးညှင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။ သူ၏မျက်နှာထက်တွင်တော့ အပြုံးတစ်ခုရှိနေခဲ့သည်။ အဲ့ဒီလပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်နဲ့ လီရှောင်းယောင်တို့နှစ်ယောက် တွေ့ကြရင်ရော တိုက်ခိုက်ကြဦးမလားမသိဘူးနော်။

သို့ပါသော်လည်း ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း၌ တရားမျှတသော ယှဥ်ပြိုင်မှုများကို ခွင့်ပြုထားသည်။ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ကသာ လှည့်ကွက်များနှင့် လှည့်စားမှုများကို ပြုလုပ်ရဲပါက သူ့ကို အပြစ်မတင်လေနဲ့တော့။

"ဒင်၊ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ကို ဆင့်ခေါ်လိုက်တာကြောင့် အစောင့်အရှောက်များနှင့် အစောင့်အရှောက်သားရဲများရဲ့ ကျင့်ကြံမှုတွေကလည်း အလိုအလျှောက် ပြောင်းလဲသွားပါပြီ။"

"ဂိုဏ်းရဲ့ပထမမြောက်အစောင့်အရှောက် ကိုးမြီးမြေခွေးက နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ။ ဒုတိယမြောက်အစောင့်အရှောက်သားရဲ တျောက်တျဲရဲ့ကျင့်ကြံမှုကတော့ တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ။"

"ပထမအစောင့်အရှောက် လီပိုင်ရဲ့ကျင့်ကြံမှုက လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ထက် နှစ်ဆင့်မြင့်မားတာကြောင့် သူ့ရဲ့ကျင့်ကြံမှုက ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို တိုက်ရိုက်ရောက်ရှိသွားပါပြီ။ ဒုတိယအစောင့်အရှောက် ရှီကန်းတန်ကတော့ ကြယ်စင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိသွားပါပြီ။"

"ပိုင်ရှင်သာ တတိယမြောက်အစောင့်အရှောက်သားရဲကို ဆင့်ခေါ်ခဲ့မယ်ဆိုရင် ဒုတိယအစောင့်အရှောက်သားရဲအပေါ်ထားရှိတဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမှာပါ။"

စနစ်၏အေးစက်သောအသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာက အပျော်များဖြင့် ပြည့်နှက်သွားပြီး ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်မိသည်။ များစွာသော အစောင့်အရှောက်များနှင့် အစောက်အရှောက်သားရဲများသည် တစ်ယောက်ပြီးတစ်ယောက် တိုးတက်လာခဲ့ကြကာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားသည်လည်း မြင့်မားလာခဲ့လေပြီ။

"မှတ်ချက်- အစောင့်အရှောက်တွေနဲ့ အစောင့်အရှောက်သားရဲတွေရဲ့ ကျင့်ကြံမှုတွေက ထီကံစမ်းမှုမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။"

"ဒါပေမယ့်လည်း ပိုင်ရှင်က စနစ်ကို အဆင့်15အထိ မြင့်တင်ခဲ့တာကြောင့် ပိုင်ရှင်ရဲ့ကျင့်ကြံမှုကန့်သတ်ချက်ကိုတော့ ဒုတိယအစောင့်အရှောက်နဲ့ တတိယအစောင့်အရှောက်တို့ရဲ့ကြားထဲကို ချမှတ်ပေးလိုက်ပါပြီ။"

"သာမန်အခြေအနေတွေအောက်မှာဆိုရင်တော့ ပိုင်ရှင်က စနစ်ရဲ့ကောင်းချီးပေးမှုနှင့်ဆိုလျှင် နိယာမဧကရာဇ်အထွတ်အထိပ်ကိုပဲ ရောက်ရှိနိုင်မှာပါ။ ဒါပေမယ့် ကန့်သတ်ချက်တွေကို တိုးမြင့်ပေးလိုက်တာကြောင့် ပိုင်ရှင်ဟာ ကောင်းချီးပေးမှုအနေနဲ့ ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ထိ ရောက်ရှိနိုင်မှာပါ။ ဒါပေမယ့်လည်း တတိယအစောင့်အရှောက်ရဲ့ ကျင့်ကြံမှုထက်တော့ လျှော့နည်းနေဦးမှာပါ။"

စနစ်၏အတည်ပြုသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏အမူအယာက ခဲတောင့်သွားခဲ့သည်။ သူ ပြန်လည်သတိဝင်လာသည့်အခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အဆက်မပြတ် တုန်ယင်နေပေတော့သည်။ စနစ်က တကယ်ပဲ သူ့ကို နားလည်တာကိုး။

အတိတ်တွင် အစောင့်အရှောက်များနှင့် စောင့်ရှောက်သူသားရဲများသည် ထီကံစမ်းမှုတွင် မပါဝင်ခဲ့ကြပါ။ ထို့အတွက်ကြောင့် သူ၏ကျင့်ကြံမှုက အကြီးအကဲများနှင့် တန်းတူညီမျှသာ ဖြစ်နေခဲ့သည်။

ဟုတ်ပါပေသည်။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားခြင်းက ရှားပါးလှပေသည်။ သို့ပါသော်လည်း တစ်ခါတစ်ရံမှာတော့ သူဟာလည်း ကြီးမြတ်သည့်ပုံစံ ဟန်ဆောင်ချင်သေး၏။ ထိုမှသာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ဂိုဏ်းသားများက သူ၏ကြီးကျယ်ခမ်းနားမှုကို တွေ့မြင်ခံစားရမှာဖြစ်သည်။

ယခု သူ့ရဲ့ကန့်သတ်ချက်တွေကို တိုးမြင့်ပေးလိုက်ပြီဆိုတော့ သူက ချက်ချင်းပဲ ထီကံစမ်းပြီး ရှီကန်းတန်ထက် သန်မာ၊ တတိယအစောင့်အရှောက်ထက် တစ်ဆင့်သာ နိမ့်ကျတော့မှာပေါ့။ ပြောရရင် သူက ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ အသန်မာဆုံးထဲကတစ်ယောက် ဖြစ်လာတော့မယ်။

ဒီလိုဆိုရင် သူ၏ကြီးမြတ်မှုများနှင့် ဂုဏ်သရေကိုလည်း လူပေါင်းများစွာ တွေ့မြင်နိုင်ကြတော့မည်။ ဒါကိုတွေးမိလိုက်သည့်အခါ ဝမ်ဖုန်းက မျက်ဝန်းကိုမှေးကျဥ်းလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ တိုက်ရိုက်ပြောဆိုလိုက်သည်။

"စနစ်၊ တတိယအစောင့်အရှောက်ကို ဆင့်ခေါ်လိုက်ပါ။"

သူ၏မျက်နှာထက်၌ မျှော်လင့်စောင့်စားနေသော အကြည့်တစ်ခု ဖြစ်ပေါ်နေသည်။ တတိယအစောင့်အရှောက်က ဘယ်လောက်များ သန်မာလိမ့်ဦးမလဲ။ တတိယအစောင့်အရှောက်သည် ဒုတိယအစောင့်အရှောက်ထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်ကြောင်းသိသော်လည်း ကျင့်ကြံမှုအဆင့်သည် တိုက်ပွဲဝင်စွမ်းအားကို တိုက်ရိုက်ရည်ညွှန်းခြင်း မရှိပါချေ။

ဥပမာအားဖြင့် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ခေါင်းဆောင်သည် နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားမျှသာရှိသော်လည်း သူ၏တိုက်ပွဲဝင်စွမ်းအားကတော့ ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့် စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်နိုင်နေသည်!

All Chapters