အကျွန်နှုပ်ဒီမှာရှိသောကြောင့် နတ်ဘုရားများ ရှောင်ရှားစေအံ့
Vol. 43 Ch. 598
" စနစ်....ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ပြီးရင် ဘယ်အဆင့်တွေ လာသလဲ။ "
တတိယအစောင့်အရှောက်ကို ဆင့်ခေါ်နေတုန်းမှာ ဝမ်ဖုန်းက စနစ်ကို မေးမြန်းလိုက်သည်။
" ဒင်.....ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ပြီးရင်တော့ ကောင်းကင်ဘုံဧကရာဇ်အဆင့်၊ သွေးနီရောင်ဧကရာဇ်အဆင့်နဲ့ နက္ခတ်ဧကရာဇ်အဆင့်ဆိုပြီး အစဥ်အတိုင်းလာပါတယ်။ အဲ့တာတွေပြီးရင်တော့ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်ပါ။ "
" မူလဧကရာဇ်အဆင့်ကနေ ဆင့်ကဲပြောင်းလဲခြင်းအဆင့်အထိ အဆင့်(12)ဆင့်ကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ရဲ့ အခြေခံ(12)မျိုးလို့ ခေါ်တွင်ပါတယ်။ "
" အခြေခံဧကရာဇ်အဆင့်ပြီးရင်တော့ အစစ်အမှန်ဧကရာဇ်အဖြစ်ကို အသွင်ပြောင်းလဲနိုင်မှာပါ။ "
" ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ရဲ့ အစစ်အမှန်ဧကရာဇ်နယ်ပယ်ကြီး(6)ခု ရှိပါတယ်။ အဲ့တာတွေကတော့ လောင်ထျန်းဧကရာဇ်အဆင့်၊ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်၊ ကြက်သွေးရောင်ဧကရာဇ်အဆင့်၊ သူတော်စင်ဧကရာဇ်အဆင့်၊ တုန်ထျန်းဧကရာဇ်အဆင့်နဲ့ အင်မော်တယ်ဧကရာဇ်အဆင့်တို့ပါ။ "
" အင်မော်တယ်ဧကရာဇ်အဆင့်ကိုရောက်ရှိပြီး ဟုန်မာန်ကပ်ဘေးကိုဖြတ်ကျော်ပြီးရင်တော့ ပိုင်ရှင်က ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်မှာပါ "
စနစ်၏အေးစက်သောအသံက ဝမ်ဖုန်း၏မျက်နှာကို ပျက်ယွင်းသွားစေခဲ့သည်။ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၌ ဤမျှများပြားသောအဆင့်ခွဲများ ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။
ဒါက ဝမ်ဖုန်းရဲ့စိတ်ကို ပို၍စိုးရိမ်ကြောင့်ကြလာစေခဲ့သည်။
အစက သူသည် တတိယအစောင့်အရှောက်က ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ကို ရောက်ရှိသွားလျှင် ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားဖြင့်ဆိုပါက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး၌ နေရာတစ်နေရာကို အုပ်စိုးနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
ဒါပေမဲ့ အခုကြည့်ရတာတော့ ဧကရာဇ်ဘိုးဘေးအဆင့်ဆိုတာက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးမှာ ဘာမှမဟုတ်တဲ့ပုံပဲ !
ဝမ်ဖုန်းဟာ အနည်းငယ်စိတ်ပျက်သွားသော်လည်း စိတ်အားလျော့သွားခြင်းမရှိပါ။လက်ရှိသူဟာ မွန်မြတ်ဘုံလောကအတွင်း၌သာရှိသော်လည်း ဂိုဏ်း၏အစောင့်အရှောက်များကို တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်အထိရောက်အောင် ဆောင်ကျဥ်းပေးနိုင်ခဲ့သည်။သူသာ အမှန်တကယ် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကို ရောက်ရှိသွားရင် ဂိုဏ်းအစောင့်အရှောက်တွေလည်း ပိုပြီးအစွမ်းထက်လာနိုင်တာပဲလေ။
စနစ်သာ အကန့်အသတ်သို့ ရောက်မသွားသေးသ၍ ရှန်ရှန်ကျုံဂိုဏ်းရဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုဟာလည်း ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါ။
ဤသို့ဖြစ်နေခြင်းကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြားရှိ ဘယ်အင်အားစုကမှ သူ၏ရှန်ရှန်ကျုံဂိုဏ်းကို မယှဥ်ပြိုင်နိုင်ပါချေ။ဤသည်ကသာ ဝမ်ဖုန်းအတွက် ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြားရှိ အင်အားစုများနဲ့ တိုက်ခိုက်ရာ၌ ယုံကြည်မှုရှိစေသည့် အချက်တစ်ချက် ဖြစ်တော့သည်။
သူဟာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြား၌ ထူးမြတ်သောတည်ရှိမှုတစ်ခု ဖြစ်ချင်ယုံသာမက သူ၏ရှန်ရှန်ကျုံဂိုဏ်းကိုလည်း နံပါတ်တစ် အထွတ်အမြတ်ဂိုဏ်းကြီးတစ်ခုဖြစ်လာစေချင်သည်။
ဘာကိုကောင်းကင်တာအိုမျိုးနွယ်စုတွေလဲ။ ဘာကိုကြီးမြတ်တဲ့ တည်ရှိမှုတွေလဲ။ သူတို့အားလုံးက ရှန်ရှန်ကျုံဂိုဏ်းရဲ့ရှေ့မှာ ဦးခေါင်းကို နှိမ့်ချထားကြရမယ်။
ဝမ်ဖုန်းတစ်ယောက် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကြီး၏ ကျင့်ကြံမှုများအကြောင်း တုန်လှုပ်ထိတ်လန့်နေစဥ်တွင် မွန်မြတ်ဘုံလောက၏ မြေအောက်တစ်နေရာ၌ အပြာရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာခဲ့သည်။ ဤသည်မှာ ဝမ်ဖုန်းဖျက်စီးခဲ့သော ရေခဲချိပ်စည်းကျိန်စာမှ ပြိုကွဲထွက်ပေါ်လာသော ရေခဲအပိုင်းအစများ ဖြစ်လေသည်။
အဆိုပါရေခဲအပိုင်းအစများမှနေ၍ အပြာရောင်အလင်းတန်းများက တလှပ်လှပ်တောက်ပနေလေသည်။
ဤအချိန်၌ ကွဲကြေနေသော ရေခဲတုံးအပိုင်းအစများသည် ထူးခြားသောပြောင်းလဲမှုတစ်စုံတစ်ရာကို တွေ့ကြုံနေရပုံပေါ်သည်။ ရေခဲတုံးများ၏ကိုယ်ထည်မှ စွမ်းအားကြီးသောအရှိန်အဝါများ ထုတ်လွှတ်နေပြီး သိပ်သည်းသော မိုးပြာရောင်သင်္ကေတများကလည်း မြေအောက်ကို အုပ်စိုးထားလျက် ရှိလေသည်။ မြေအောက်နေရာကြီးတစ်ခုလုံးသည် မှော်ဆန်သောအပြာရောင်ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထူးဆန်းသည့်အရာမှာ မွန်မြတ်ဘုံလောကအတွင်း၌ စွမ်းအားကြီးသောစွမ်းအားရှင်များစွာ ရှိနေကြသော်လည်း ဘယ်သူကမှ မြေအောက်ရှိအပြောင်းအလဲများကို အာရုံမခံမိခဲ့ကြပါ။ပိုင်ချုံးလို စွမ်းအားရှင်တစ်ယောက်ကတောင် ထောက်လှမ်းမမိခဲ့ချေ။
ပိုင်ဟုန်နဲ့ရွှမ်းယွမ်တို့ကသာ ထူးဆန်းမှုတစ်စုံတစ်ရာကို ခံစားခဲ့ကြရသည်။ သို့ပါသော်လည်း သူတို့က ဘယ်အရာက ထူးဆန်းနေကြောင်းကို ရှာမတွေ့နိုင်ခဲ့ပါ !
မြေအောက်နေရာ၌ ပြောင်းလဲမှုများက စတင်ဖြစ်ပွားနေပြီး သိပ်သည်းသောသင်္ကေတများကလည်း ဆက်လက်ထွက်ပေါ်လျက်ရှိသည်။၎င်းသင်္ကေတများက ချိန်းကြိုးအသွင်ပြောင်းလဲသွားပြီးနောက် ရေခဲတုံးအပိုင်းအစများကို အတူတကွ တုတ်နှောင်လိုက်သည်။
မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုသည် မျိုးနွယ်စုခွဲတစ်စုဖြစ်သော်လည်း အဆိုပါမျိုးနွယ်စု၌ လူပေါင်းရာကျော်၊ထောင်ကျော် နေထိုင်ကြသည်။ အဆိုပါလူပေါင်းရာကျော်၊ထောင်ကျော်၏ ရေခဲချိပ်စည်းကျိန်စာကို ဖျက်စီးလိုက်ပြီးနောက် ရေခဲတုံးဘယ်လောက်များများကွဲကြေသွားကြောင်းကို ဘယ်သူကမှ မခန့်မှန်းနိုင်ကြပါ။
သို့ပါသော်လည်း ထူးဆန်းသောသင်္ကေတများက အဆိုပါမရေမတွက်နိုင်အောင်ရှိနေကြသည့် ရေခဲတုံးများကို အတူတကွ တုတ်နှောင်ပစ်လိုက်သည်။
ကြည့်ရသည်မှာ အဆိုပါသင်္ကေတများ၌ ကိုယ်ပိုင်စိတ်ဝိညာဥ်ရှိနေပုံပေါ်ကာ ၎င်းတို့ကို ထူးဆန်းသည့်တစ်စုံတစ်ရာက ထိန်းချုပ်ထားခဲ့ပုံပေါ်သည်။
သင်္ကေတများ၏ချိတ်ဆက်ပေးမှုအောက်တွင် ကွဲကြေနေသောရေခဲတုံးများက တဖြည့်ဖြည်းဖြင့် စုစည်းလာကာ ရုပ်လုံးပေါ်လာကြသည်။ ထိတ်လန့်ဖွယ်ကောင်းသည့်အရာမှာ ရေခဲတုံးများစုစည်းရာမှ ဖြစ်ပေါ်လာသည့်အရာမှာ လူသားတစ်ယောက်၏ပုံသဏ္ဍာန်နဲ့ တူညီနေခြင်း ဖြစ်သည်။
အဆိုပါရုပ်ထုကြီးသည် အင်မတန်မှမြင့်မားပြီး သာမန်လူများ ထိုရုပ်ထု၏အမြင့်ကို အကြည့်တစ်ကြည့်ဖြင့် မှန်းဆနိုင်မှာမဟုတ်ပါ။ သို့ပါသော်လည်း ထိုမျှကြီးမားသည့်အရာကြီး မြေအောက်၌ရှိနေတာတောင် ဘယ်တုန်ခါမှုကိုမှ မဖြစ်စေခဲ့ပါ။
" ဝုန်း....! "
များမကြာမှီတွင် မြေအောက်နေရာ၌ တုန်ခါနေသောအသံတစ်သံ ဖြစ်ပေါ်လာခဲ့သည်။ မူလက ကြီးမားစွာတည်ရှိနေသော မိုးပြာရောင်ရုပ်ထုကြီးသည် မရေမတွက်နိုင်သောသင်္ကေတများ၏ဖိအားပေးမှုအောက်တွင် တဖြည်းဖြည်းအရွယ်အစား သေးလာခဲ့သည်။ လေထုအတွင်း ပျံ့လွင့်လျက်ရှိသော အရှိန်အဝါများမှာ ပိုမို၍ထူထပ်ကာ ကြောက်လန့်ဖွယ်ကောင်းလာခဲ့သည်။
အဆုံးမှာတော့ မရေမတွက်နိုင်သော ရေခဲတုံးများ၏ ဖွဲ့စည်းခြင်းခံထားရသောဘီလူးကြီးသည် တဖြည်းဖြည်းဖြင့် ဆယ်ပေခန့်အမြင့်မျှသာ ရှိတော့သည်။ အဆိုပါရုပ်ထုသည် မနှိုင်းဆနိုင်လောက်အောင် မြင့်မားနေသေးသော်လည်း ယခင်ကထက်စာရင်တော့ အများကြီး သေးကျုံ့သွားခဲ့သည်။
ခက်ထန်ကြမ်းတမ်းပြီး ပြင်းထန်သောအရှိန်အဝါများက အဆိုပါရုပ်ထုကြီးထံမှ ထွက်ပေါ်လျက်ရှိကာ မြေအောက်နေရာရှိလေထုကို ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် အက်ကွဲသွားစေခဲ့၏။
ရုပ်ထုကြီး၏ခန္ဓာကိုယ်ပေါ်၌ လျို့ဝှက်ဆန်းကြယ်သောသင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါထူးဆန်းသော အပြာရောင်မျဥ်းကြောင်းများသည် တလှပ်လှပ်တောက်ပလျက်ရှိကာ ရုပ်ထုကြီးကို နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေခဲ့သည်။ သာမန်လူသားတစ်ယောက်သာ ထိုရုပ်ထုကို တခဏမျှ စိုက်ကြည့်လိုက်မိလျှင် စိတ်ဝိညာဥ်များတောင် လွင့်ထွက်သွားရလောက်၏။
မြေအောက်နေရာ၌ အဆုံးအစမဲ့သော အေးစက်မှုများ ပျံ့နှံ့သွားခဲ့ကာ မြေအောက်ရှိအပူရှိန်မှာ ရုတ်ချည်းကို ထိုးကျသွားခဲ့သည်။
ကြီးမားသောရုပ်ထုကြီးသည် သူ၏မျက်ဝန်းများကို မဖွင့်လှစ်ခဲ့သလို သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဇီဝဓာတ်အနည်းငယ်တောင် ရှိမနေပါ။ ၎င်းမှာ အသက်မဲ့သည့်အရာတစ်ခုသာဖြစ်သော်လည်း ၎င်းထံမှ ထုတ်လွှတ်နေသည့်အရှိန်အဟုန်များမှာ အချိန်နဲ့အမျှ ပို၍ပို၍ သန်မာလာခဲ့သည်။
" ဝုန်း....! "
ဤအချိန်၌ မြေအောက်နေရာကြီးတစ်ခုလုံးသည် အဆက်မပြတ်တုန်ယင်သွားခဲ့ကာ မြေအောက်မျက်နှာပြင်ထက်၌ အက်ကွဲကြောင်းကြီးများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အဆိုပါအနက်ရောင်အက်ကွဲကြောင်းကြီးများသည် ကြီးမားခြင်းမရှိဘဲ အင်မတန်မှ သေးငယ်လေသည်။ အက်ကွဲကြောင်းများ၏ ပြင်ပမျက်နှာပြင်ကတော့ အပြာရောင်အလင်းတန်းကြီးများ တောက်ပနေလေသည်။အဆိုပါအက်ကွဲကြောင်းကြီးများမှာ အင်မတန်ထူးဆန်း၍ ထိတ်လန့်စရာကောင်းသော မျက်ဝန်းကလေးတစ်ခုအဖြစ် ပုံဖော်နေလေသည်။
" ဘုန်း.....! "
အက်ကွဲကြောင်းများထွက်ပေါ်လာပြီး မကြာသေးခင်မှာပဲ မိုးပြာရောင်သင်္ကေတကြီးများသည် အက်ကွဲကြောင်းကြီးများမှ ထွက်ပေါ်လာပြီး ဘီလူးကြီး၏ခန္ဓာကိုယ်ပေါ်သို့ ဝင်ရောက်သွားခဲ့သည်။ အဆိုပါသင်္ကေတများသည် ယခင်က မြေအောက်နေရာ၌ထွက်ပေါ်လာခဲ့သောသင်္ကေတများနှင့် မတူညီဘဲ ကွာခြားမှုရှိနေခဲ့သည်။
အဆိုပါမိုးပြာရောင်သင်္ကေတများသည် ပို၍လျို့ဝှက်ဆန်းကြယ်ကာ စွမ်းအားကြီးနေသည်။ သာမာန်ပျက်သုန်းခြင်းဧကရာဇ်စွမ်းအားရှင်များဆိုပါက ထိုသင်္ကေတများကို ခပ်ကြာကြာတောင်စူးစိုက်ကြည့်ရဲမှာ မဟုတ်ပါ။
သင်္ကေတများ၏ပိုမိုထူထပ်များပြားလာမှုနဲ့အတူ မြေအောက်နေရာရှိ အေးစက်သောလေထုသည် ပို၍ပို၍အေးစက်လာခဲ့ကာ မြေအောက်နေရာကြီးတစ်ခုလုံးသည် အေးခဲလုမတတ် ဖြစ်သွားခဲ့သည်။ များပြားသောမိုးပြာရောင်သင်္ကေတများ ရုပ်ထုကြီး၏ကိုယ်ထဲအတွင်းဝင်ရောက်သွားခြင်းနှင့်အတူ အံ့အားသင့်စွာဖြင့် အသက်ဓာတ််များလည်း တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
.................
ကောင်းကင်မျိုးနွယ်စု၏အဓိကခန်းမကြီးအတွင်း၌ ဝမ်ဖုန်းသည် တင်ပျဥ်ချိတ်ထိုင်နေခဲ့ပြီး သူ၏မျက်နှာထက်တွင်တော့ မျှော်လင့်စောင့်စားနေတဲ့အကြည့်တစ်ခု ရှိနေခဲ့သည်။
" ဒင်.....တတိယအစောင့်အရှောက်ကျန်းဇီရာကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ "
မကြာခင်မှာ စနစ်၏အေးစက်သောအသံထွက်ပေါ်လာခြင်းနဲ့အတူ ဝမ်ဖုန်းဟာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
" ကျန်းဇီရာ ! "
သူ၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး တိုးညှင်းစွာရေရွက်လိုက်သည်။ သူ၏နှလုံးသားက တုန်လှုပ်နေလေသည်။
ဤလူသည် ပညာရှိယွမ်ရှီးထျန်းကျွင်း၏တပည့်ဖြစ်ပြီး ကျိုးတိုင်းပြည်၏ဧကရာဇ်ဟူကို အကြွင်းမဲ့အာဏာရရှိစေရန် ကူညီပေးခဲ့သည်။ သူ၏နည်းဗျူဟာ၌ဖြစ်စေ၊ ခွန်အား၌ဖြစ်စေ သူဟာ အခြားသူများ၏အထက်၌ တည်ရှိလေသည်။
အကျွန်နှုပ်ဒီမှာရှိနေသောကြောင့် နတ်ဘုရားများရှောင်ရှားစေအံ့။
ဤစာသားတစ်ကြောင်းကတောင် ကျန်းဇီရာသို့တည်းမဟုတ် ကျန်းထိုက်ကုန်း၏ဂုဏ်သရေကိုဖော်ပြရန် လုံလောက်လေသည်။