← Chapters

"သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"

Vol. 43 Ch. 599

"သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"

Vol. 43 Ch. 599

ဝမ်ဖုန်းက ထိတ်လန့်နေစဥ်မှာ စနစ်၏အေးစက်သောအသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းသည် ထိတ်လန့်နေရာမှ ပြန်၍သတိဝင်လာပြီး သူ၏မျက်ဝန်းများအတွင်း၌ မျှော်လင့်စောင့်စားနေသော အကြည့်တစ်ခုဖြတ်သန်းသွားခဲ့ကာ လျှင်မြန်စွာ ပြောဆိုလိုက်သည်။

"စစ်ဆေးမယ်!"

"ဒင်၊ ကျန်းဇီရာ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်- ကျန်းဇီရာ။

အဆင့်အတန်း- ရှန်ရှန်ကျုံ့ဂိုဏ်း၏ တတိယမြောက်အစောင့်အရှောက်(အဆင့်အတန်းသည် ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများထက် မြင့်မားပြီး ဂိုဏ်းချုပ်နှင့် ဘိုးဘေးထက် နိမ့်ကျသည်။)

ဘွဲ့- ကျန်းထိုက်ကုန်း၊ ဖေးရှုန်းဆရာသခင်။

လက်ရှိကျင့်ကြံမှုအဆင့်- ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်။

ဧကရာဇ်အဆင့်သိုင်းပညာများ-နတ်ဘုရားများ၏ ယုံကြည်ချက်၊ တောင်ငါးလုံးအသွင် ဒြပ်စင်ငါးခု၊ တိုက်ပွဲဝင်ကြယ်စင်သို့ပြောင်းလဲခြင်း၊ ဖုန်းရှန်းကျိန်စာ၊ သိုင်းပညာ၏လျှို့ဝှက်ချက်ခြောက်ချက်။

ထူးခြားသောဧကရာဇ်အဆင့်သိုင်းကွက်များ- ဧကရာဇ်ရှန်းဝေ့၊ ဧကရာဇ်ရှန်းယု၊ မသေမျိုးကန်းချီ။

ဧကရာဇ်အဆင့် လက်နက်များ- ဖုန်းရှန်းနှင်တံ၊ အင်မော်တယ်သတ်ဓားပျံ၊ နတ်ဘုရားကြာပွတ်!"

"မှတ်ချက်- ကျန်းဇီရာက သူ့ရဲ့မွေးရာပါဧကရာဇ်သိုင်းကွက် ဧကရာဇ်ရှန်းယုကို နတ်ဘုရားကြာပွတ်နဲ့ တွဲစပ်အသုံးပြုမယ်ဆိုရင် ရန်သူ့ကို ဖိနှိပ်ထားနိုင်ပါတယ်။ သူက ရန်သူ့ရဲ့ခွန်အားကို ဖိနှိပ်ထားနိုင်ရုံသာမက သူ့ရဲ့ကိုယ်ပိုင်ခွန်အားကိုလည်း တိုးမြင့်နိုင်ပါတယ်။"

"မှတ်ချက်- ကျန်းဇီရာက ဖုန်းရှန်းနှင်တံကိုအသုံးပြုပြီး မွေးရာပါဧကရာဇ်သိုင်းကွက် ဧကရာဇ်ရှန်းယုကို အသုံးပြုလိုက်မယ်ဆိုရင်တော့ အလွန်အမင်းသန်မာတဲ့ ခံစစ်ကို ဖော်ဆောင်နိုင်မှာပါ။ ဒါက သန်မာတဲ့ သွေးနီရောင်ဧကရာဇ်အဆင့်စွမ်းအားရှင်ရဲ့ တိုက်ကွက်ကို ခုခံနိုင်ပါတယ်!"

"မှတ်ချက်- ကျန်းဇီရာက အင်မော်တယ်သတ်ဓားပျံကို အသုံးပြုပြီး မွေးရာပါဧကရာဇ်သိုင်းကွက် မသေမျိုးကန်းချီကို အသုံးပြုလိုက်မယ်ဆိုရင်တော့ အစွမ်းထက်တဲ့တိုက်ကွက်တစ်ခုကို ပြုလုပ်နိုင်မှာပါ။ အဲ့ဒီသိုင်းကွက်က အနိမ့်ဆုံးအနေနဲ့ ကောင်းကင်ဘုံဧကရာဇ်အဆင့် စွမ်းအားရှင်တွေကို သတ်ဖြတ်နိုင်ပြီး အမြင့်ဆုံးအနေနဲ့ သွေးနီရောင်ဧကရာဇ်အဆင့် စွမ်းအားရှင်တွေကို သတ်ဖြတ်နိုင်ပါတယ်။ သတ်ဖြတ်နိုင်တဲ့အဆင့်ကတော့ ကျန်းဇီရာရဲ့ခွန်အားအပေါ် မူတည်ပါတယ်။"

"ဒင်၊ တတိယအစောင့်အရှောက်ကျန်းဇီရာကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ကျန်းဇီရာက အစောင့်အရှောက်တွေရဲ့ စည်းမျဥ်းနဲ့ ကန့်သတ်ခံထားရမှာဖြစ်ပြီး ဂိုဏ်းသို့မဟုတ်ပိုင်ရှင် အကြပ်အတည်းဘေးဒုက္ခ တွေ့ကြုံရတဲ့အခါမှသာ ဆင့်ခေါ်နိုင်မှာ ဖြစ်ပါတယ်။"

"တစ်ချိန်တည်းမှာပဲ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဒုတိယအစောင့်အရှောက် ရှီကန်းတန်အပေါ် စည်းမျဥ်းစည်းကမ်းတွေကို ဖြေလျှော့ပေးလိုက်ပါပြီ။ သူက ပိုင်ရှင်အလိုရှိတဲ့အချိန်တိုင်း ဆင့်ခေါ်လို့ရရှိနိုင်ပါပြီ။"

အဆက်မပြတ်သတိပေးသံများသည် ဝမ်ဖုန်း၏စိတ်အာရုံအတွင်း ထွက်ပေါ်လာခဲ့သည်။ ဤအချိန်၌ ဝမ်ဖုန်းဟာ လုံးဝကို ကြောင်အနေမိသည်။ သူဟာ ကျန်းဇီရာ၏စွမ်းဆောင်ရည်ဇယားကို တွေတွေကြီးငေးမောနေမိသည်။ 

ကျန်းဇီရာက အရမ်းအစွမ်းထက်လိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့သော်လည်း အဆင့်ကြီးနှစ်ဆင့်ဖြတ်ကျော်၍ ရန်သူကိုသတ်ဖြတ်နိုင်သည်အထိ သန်မာလိမ့်မည်ဟုတော့ သူ ထင်မထားခဲ့ပါ။

ကျန်းဇီရာ၏ မွေးရာပါဧကရာဇ်သိုင်းကွက်များသည် တကယ့်ကိုအစွမ်းထက်လွန်းလှသည်။ ဘယ်သိုင်းကွက်ပင်ဖြစ်ပါစေ ဝမ်ဖုန်းကို အဆုံးစွန်ထိတိုင် တုန်လှုပ်သွားစေခဲ့သည်။

မြင့်မြတ်သောစွမ်းအားသည် ရန်သူ့ကို ဖိနှိပ်ပြီး မိမိ၏ကိုယ်ပိုင်ခွန်အားကို တိုးမြင့်စေနိုင်သည်။ မြင့်မြတ်သောခုခံမှုကလည်း ကာကွယ်ရာ၌ အင်မတန်အစွမ်းထက်လာသည်။ အင်မော်တယ်သတ်ဓားပျံဖြင့်လည်း အင်မတန်အစွမ်းထက်သည့် တိုက်ကွက်ကို ပြုလုပ်နိုင်လေသည်။ အဆိုပါသိုင်းကွက်သုံးကွက်က တစ်ခုနှင့်တစ်ခုဖြည့်စွတ်နေခဲ့ကာ အစွမ်းထက်သော ကျန်းဇီရာကို ဖန်တီးပေးနေခဲ့သည်။

ဟုတ်ပါပေသည်။ ကျန်းဇီရာ၏ သိုင်းကွက်သုံးကွက် အင်မတန်အစွမ်းထက်နေရခြင်းမှာ သူပိုင်ဆိုင်ထားသော ဧကရာဇ်အဆင့်လက်နက်များကြောင့်ဖြစ်ကြောင်းကိုလည်း ဝမ်ဖုန်းတစ်ယောက် မှန်းဆမိပါသည်။ 

အဆိုပါလက်နက်ကြီးသုံးခုသည် အင်မတန်အစွမ်းထက်သော မှော်ဝင်ရတနာများသာ ဖြစ်ရမည်။ ဆင့်ခေါ်ထားခြင်းကြောင့် သူတို့ဟာ ဧကရာဇ်အဆင့်လက်နက်များသာဖြစ်‌ေနကြသော်လည်း သူတို့၏စွမ်းအားက သာမန်ဧကရာဇ်အဆင့်လက်နက်များ ရင်ဆိုင်နိုင်တာထက် များစွာကျော်လွန်နေသည်။ 

အဆိုပါ သာမန်မဟုတ်သောလက်နက်သုံးခုနှင့် ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကျန်းဇီရာ၏ မွေးရာပါသိုင်းကွက်များသည် ကန့်သတ်ချက်ကိုကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိခဲ့သည်။ 

ကျန်းဇီရာ၏အဆင့်ဖြတ်ကျော်၍ တိုက်ခိုက်ခြင်းသည် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်နှင့် ကွာခြားမှုရှိလေသည်။ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်သည် နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားဖြင့် အဆင့်ကြီးနှစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ကျန်းဇီရာလောက်တော့ အံ့သြဖို့မကောင်းသေးပါ။

လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်သာ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ကို ရောက်ရှိသွားပါက သူဟာ အဆင့်ကြီးနှစ်ဆင့်ဖြတ်ကျော်၍ တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါ။ အဆင့်ကြီးတစ်ဆင့်ဖြတ်ကျော်၍ တိုက်ခိုက်နိုင်ခဲ့ရင်တောင် အင်မတန် အံ့သြဖို့ကောင်းနေပြီဖြစ်သည်။

ဒါ့အပြင် ကျန်းဇီရာက အဆင့်ကြီးနှစ်ဆင့်ဖြတ်ကျော်၍ ရန်သူများကို တိုက်ခိုက်နိုင်ရုံတင်မကဘဲ ရန်သူများကိုလည်း သတ်ဖြတ်နိုင်၏။

သတ်ဖြတ်နိုင်ခြင်းနှင့် တိုက်ခိုက်နိုင်ခြင်းမှာ မတူကွဲပြားသော လမ်းစဥ်နှစ်ခုဖြစ်လေသည်။

"နတ်ဘုရားတွေတောင် ရှောင်ရှားရတယ်။ ဆရာသခင်ကျန်းဆိုတဲ့အတိုင်းပါပဲလား။"

ဝမ်ဖုန်းသည် ထိရှသွားခဲ့ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ကျန်းဇီရာ၏ခွန်အားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသော်လည်း ၎င်းက ရှန်ရှန်ကျုံ့ဂိုဏ်းအတွက် ကောင်းမွန်သည့်အချက်ဖြစ်သည်။

"စနစ်၊ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ တတိယမြောက်အစောင့်အရှောက်သားရဲကို ဆင့်ခေါ်ပါ။"

တစ်ခဏကြာအောင် ထိတ်လန့်နေပြီးနောက် ဝမ်ဖုန်းက နောက်ဆုံးမှာ တည်ငြိမ်သွားခဲ့ကာ ဆက်လက်ပြောဆိုလိုက်သည်။

"ဒင်၊ ချန်းဟွေ့ယင်လုံကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"

စနစ်၏အေးစက်သောအသံကြောင့် ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းမိလိုက်ကာ တုန့်ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်မိလိုက်သည်။

"ဒင်၊ ချန်းဟွေ့ယင်လုံရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်။

ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ တတိယမြောက်အစောင့်အရှောက်သားရဲ ချန်းဟွေ့ယင်လုံ

ဘွဲ့- မြင့်မြတ်သောနဂါး၊ ရှေးဟောင်းနဂါးကြီးလေးကောင်အနက် တစ်ကောင်။

လက်ရှိကျင့်ကြံမှုအဆင့်- ကြယ်စင်ဧကရာဇ်အထွတ်အထိပ်။

ဧကရာဇ်အဆင့်သိုင်းပညာများ- ထိတ်လန့်စေသောနဂါး၊ မြင့်တက်လာသော မီးတောက်များ၊ မဟူရာပေါက်ကွဲကြာပွင့်၊ နဂါးမီးတောက်ကို ဖျက်စီးခြင်း၊ နဂါးဝိညာဥ်ဟိန်းဟောက်ခြင်း။

မွေးရာပါဧကရာဇ်သိုင်းပညာများ- ယင်လုံကျိုးရှီ၊ နဂါးနတ်ဘုရားဧကရာဇ်၊ နဂါးဧကရာဇ်မှ ကောင်းကင်ကျိန်စာအား ချိပ်ပိတ်ခြင်း!"

"မှတ်ချက်- ချန်းဟွေ့ယင်လုံဟာ မွေးရာပါဧကရာဇ်သိုင်းပညာ ယင်လုံကျိုးရှီကို အသုံးပြုလိုက်ရင် သူ့ရဲ့တိုက်ခိုက်မှုက နှစ်ဆတက်သွားမှာပါ။ ဒါက ဧကရာဇ်ဘိုးဘေးအဆင့်စွမ်းအားရှင်တွေနဲ့ ရင်ဆိုင်နိုင်စေပါတယ်။"

"မှတ်ချက်- ချန်းဟွေ့ယင်လုံက မွေးရာပါဧကရာဇ်သိုင်းပညာ နဂါးနတ်ဘုရားကို အသုံးပြုလိုက်ရင်တော့ သူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို အထွတ်အထိပ်အခြေအနေထိရောက်အောင် ကောင်းချီးပေးနိုင်ပါတယ်။ သူ့ရဲ့ကျင့်ကြံမှုက ကောင်းကင်ဘုံဧကရာဇ်အဆင့်အထိ ယာယီမြင့်တက်သွားမှာပါ။ သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားကလည်း ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်နှင့် ရင်ဆိုင်နိုင်ပါလိမ့်မယ်။"

"မှတ်ချက်- ချန်းဟွေ့ယင်လုံက မွေးရာပါဧကရာဇ်သိုင်းပညာ နဂါးဧကရာဇ်မှ ကောင်းကင်ကျိန်စာအား ချိပ်ပိတ်ခြင်းကို အသုံးပြုလိုက်ရင် ကောင်းကင်ဘုံဧကရာဇ်အဆင့်ထက် နိမ့်ကျတဲ့စွမ်းအားရှင်များ သေဆုံးရမှာပါ။ ကောင်းကင်ဘုံဧကရာဇ်အဆင့်စွမ်းအားရှင်တွေတောင် အပြင်းအထန် ဒဏ်ရာရပါလိမ့်မယ်။"

"ဟာ!"

ချန်းဟွေ့ယင်လုံ၏ စွမ်းရည်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ကျန်းဇီရာကြောင့် ထိတ်လန့်ထားသော ဝမ်ဖုန်းသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ အစက သူသည် အစောင့်အရှောက်သားရဲနှင့်ပတ်သက်ပြီး အရမ်းအာရုံစိုက်မထားခဲ့ချေ။

ပြောရပါလျှင် တတိယမြောက်အစောင့်အရှောက်ကျန်းဇီရာ၏ စွမ်းဆောင်ရည်ကတောင် ထိတ်လန့်ဖွယ်ကောင်းနေလေပြီ။ တတိယမြောက်အစောင့်အရှောက်သားရဲကို ဆင့်ခေါ်လိုက်ရင်တောင် သူ၏ကျင့်ကြံမှုက ကြယ်စင်ဧကရာဇ်အထွတ်အထိပ်သာ ရှိနေမည်ဖြစ်ရာ ဘယ်လောက်များ သန်မာနိုင်ဦးမှာလဲ။

သို့ပါသော်လည်း ဝမ်ဖုန်းသည် စနစ်က ဆင့်ခေါ်ပေးလိုက်သော တတိယမြောက်အစောင့်အရှောက်သားရဲ၏ခွန်အားကို အထင်သေးခဲ့မိသည်။ ဝမ်ဖုန်းကို အမှန်တကယ်ထိတ်လန့်သွားစေခဲ့သည်က ချန်းဟွေ့ယင်လုံ၏ မွေးရာပါဧကရာဇ်သိုင်းပညာဖြစ်သော နဂါးနတ်ဘုရားမှ ကောင်းကင်ကျိန်စာအား ချိပ်ပိတ်ခြင်းဖြစ်လေသည်။

၎င်းသိုင်းပညာသည် ကောင်းကင်ဘုံဧကရာဇ်အဆင့်အောက် စွမ်းအားရှင်များကို သေဆုံးစေနိုင်ပြီး ကောင်းကင်ဘုံဧကရာဇ်စွမ်းအားရှင်များကို အပြင်းအထန် ဒဏ်ရာရစေနိုင်သည်။

ဒါက ဘယ်လိုထိတ်လန့်ဖို့ကောင်းတဲ့ ဧကရာဇ်အဆင့် သိုင်းပညာမျိုးပါလိမ့်။

ချန်းဟွေ့ယင်လုံ၏ လက်ရှိကျင့်ကြံမှုသည် ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်မျှသာ ရှိသေးသော်လည်း ကျန်းဇီရာနှင့် ယှဥ်ပြိုင်နိုင်လုမတတ်ဖြစ်နေခဲ့သည်။ ဒါက ဝမ်ဖုန်းကို အံ့သြသွားစေခဲ့သည်။

ကြည့်ရတာ ချန်းဟွေ့ယင်လုံက အထွတ်အထိပ်အခြေအနေမှာဆိုရင် ပိုပြီးတော့တောင် သန်မာဦးမယ့်ပုံပဲ။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ခွန်အားက ဒီလောက်အထိ အစွမ်းထက်နေစရာမရှိဘူးလေ။

ချန်းဟွေ့ယင်လုံ၏ အထွတ်အထိပ်ကျင့်ကြံမှုအခြေခံက အရမ်းသန်မာနေ၍သာ စနစ်၏ဖိနှိပ်မှုကြောင့် ဆင့်ခေါ်ခံရပြီးသည့်နောက်တွင်တောင် ထိတ်လန့်ဖွယ်ကောင်းသည့် တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်သည်။

"တတိယမြောက်အစောင့်အရှောက်သားရဲ ချန်းဟွေ့ယင်လုံကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ချန်ဟွေ့ယင်လုံက အစောင့်အရှောက်သားရဲတွေအပေါ်ထားရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေရဲ့ကန့်သတ်ခြင်းကို ခံထားရမှာပါ။ အရေးပေါ်အခြေအနေမှာပဲ အသုံးပြုနိုင်ပါတယ်။

"တစ်ချိန်တည်းမှာပဲ ဒုတိယအစောင့်အရှောက်သားရဲ အမှောင်လောကတောက်တျဲအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ပါပြီ။ တောက်တျဲသားရဲကို ပိုင်ရှင်ရဲ့အလိုဆန္ဒအတိုင်း ခိုင်းစေနိုင်ပါပြီ။"

ဝမ်ဖုန်းက ထိတ်လန့်နေစဥ်မှာ စနစ်၏အသိပေးသံက ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။

အချိန်အတော်ကလေးကြာသည့်အခါမှသာ ဝမ်ဖုန်းဟာ ထိတ်လန့်နေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူဟာ တစ်ခဏကြာအောင် တွေးတောနေခဲ့ပြီး ခန်းမအတွင်းမှ ချက်ချင်းထွက်မသွားခဲ့ပါ။ ယခုအချိန်တွင် ဆင့်ခေါ်မှုတွေလည်း ပြီးဆုံးလေပြီ။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ခွန်အားကလည်း များစွာတိုးတက်သွားခဲ့သည်။ ဤအချိန်က သူ၏ကိုယ်ပိုင်ခွန်အားကို တိုးတက်စေရမည့်အချိန်သာ ဖြစ်တော့သည်။

ဝမ်ဖုန်းသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏အကြီးအကဲများကို အဆင့်မြင့်တင်ပေးဖို့ မရည်ရွယ်ထားပါ။ သူ လက်ရှိပိုင်ဆိုင်ထားသော ဂိုဏ်းအမှတ်များဖြင့်ဆိုပါက ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲအားလုံးကို ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်အထိ မြင့်တင်ပေးဖို့ဆိုတာက မဖြစ်နိုင်သေးပါ။

သူဟာ သူ၏ကျင့်ကြံမှုကို ဦးစွာပထမမြင့်တင်ချင်မိသည်။ ပြီးမှသာ ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ ကျင့်ကြံမှုကို တိုးမြင့်ပေးရမည်။

"စနစ်၊ ဂိုဏ်းအမှတ် ငါးထရီလီယံကိုအသုံးပြုပြီး ထီကံစမ်းလိုက်ပါ။ ရရှိလာတဲ့ ကျင့်ကြံမှုတွေကိုတော့ ဒီဂိုဏ်းချုပ်အပေါ်ကို ကောင်းချီးပေးပါ။ အရှိန်အဝါတွေကိုတော့ ဖုံးအုပ်ထားမယ်!"

All Chapters