မြန်မြန် ဆုတ်ကြ
Vol. 45 Ch. 664
“ဟာ”
ထိုအခိုက်တွင် ရဲ့လင်းချန်သည် ဝမ်းသာပျော်မြူးသွားသော်လည်း သူ၏ လက်မောင်းက ဒဏ်ဖြစ်သွားသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ပင့်သက်ရှိုက်မိသွားစေသည်။
လက်ရှိတွင် သူ၏ လက်မောင်းများသည် ပြင်းထန်သော နာကျင်မှုကြောင့် အားမရှိဘဲ ခွေယိုင်နေကာ အခြားသော ခံစားချက်များ ကင်းမဲ့နေ၏။ သူ၏ လက်မောင်းသည် အပြင်ဘက်၌ အဆင်ပြေပုံ ပေါ်သော်လည်း သူ၏ သွေးကြောများက အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲလုနီးပါး ဖြစ်နေ၏။
*သေစမ်း၊ ငါ တော်တော် အလျင်စလို ဖြစ်သွားတာပဲ*
ရဲ့လင်းချန် စိတ်ထဲမှ ရေရွတ်နေမိသည်။ သူသည် အဆင့်မြင့်အဆင့် အရဟာ လက်သီးစွမ်းအင်ကို ယခုမှ လေ့ကျင့်မှု စတင်ခြင်း ဖြစ်သည်။ ၎င်းကို ရုတ်တရက် အကုန် အသုံးပြုလိုက်ခြင်းက သူ နိုင်သည်ထက်ပိုသော ကျောက်တုံးအား ရွေ့အောင် အတင်းလုပ်ခြင်းနှင့် အတူတူပင်။ သူ ရွေ့နိုင်လျင်တောင်မှ အလွန် ခက်ခဲပင်ပန်း ပေလိမ့်မည်။
သူ အသက်ပြင်းပြင်းရှူ၍ ကိုယ်နေဟန်ထားကို ပြန်ပြုပြင်လိုက်သည်။
အရဟာ လက်သီးစွမ်းအင်သည် သူ့လက်မောင်းထဲမှ သွေးကြောများကို ပြုပြင်ခြင်း၌ အဓိကထားသည်။ အလယ်အလတ်အဆင့်၌ သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားကို ထုတ်သုံးနိုင်ခဲ့သည်။ အလယ်အလတ်အဆင့်မှ သူ၏ သွေးကြောများ၏ အင်အားကို ရေဇလုံနှင့် နှိုင်းယှဉ်ပါက အဆင့်မြင့်အဆင့်မှအားကို ရေတိုင်ကီနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သူ၏ သွေးကြောများ တိုးတက်လာစေရန် သူ မလျော့တမ်း လေ့ကျင့်ရန် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် အရဟာ လက်သီးစွမ်းအင်က အဆင့်မြင့်အဆင့်၌ မူလစိတ်ဝိညာဉ် အတွင်းအားကို ကောင်းကောင်း အသုံးပြုနိုင်မည်ဟု ခံစားနေရသည်။ မူလ အတွင်းအားကား အဘယ်နည်း။ ယင်းအား လေ့ကျင့်ယူထားသော အတွင်းအားနှင့် ယှဉ်ပါက မူလစိတ်ဝိညာဉ် အတွင်းအား တစ်ဂရမ်က လေ့ကျင့်ရရှိထားသော အတွင်းအား ဆယ်ဂရမ်နှင့် ညီမျှလေသည်။ အရဟာ လက်သီးစွမ်းအင်သည် သတ်ဖြတ်ရန်အတွက် မူလစိတ်ဝိညာဉ် အတွင်းအား၏ တစ်ဂရမ်သာ လိုအပ်မည် ဖြစ်သော်လည်း လေ့ကျင့်ထားသော အတွင်းအား ဖြစ်ပါက တစ်ဆယ်ဂရမ် လိုအပ်ပေလိုက်မည်။ အားက ဆယ်ဆ တိုးသွားခြင်းပင်တည်း။ ယင်းက သူ၏ သွေးကြောများကို ပိုမို၍ အားကောင်းလာစေပေမည်။
ရဲ့လင်းချန်သည် သိုင်းပညာမှ အမျိုးမျိုးသော အဆင့်များကို နောက်ဆုံး၌ သိနားလည်လာသည်။ သူ၏ အရဟာ လက်သီးစွမ်းအင်ကို တိုင်းတာကြည့်လျင် သူ၏ သိုင်းပညာက မူလစိတ်ဝိညာဉ် အဆင့်၏ ပထမအဆင့်ကိုသာ ရောက်သေးသည်။ သူ၏ တိုက်ခိုက်မှုက လေထုထဲမှ စိတ်ဝိညာဉ်စွမ်းအင်၏ အနည်းငယ်သော ပမာဏကို ထိန်းညှိနိုင်သည်။ သူ နောက်ထပ် လုပ်ရန် လိုအပ်နေသည်က အရဟာ လက်သီးစွမ်းအင်ကို မူလစိတ်ဝိညာဉ် အတွင်းအား အဆင့်သို့ ပြောင်းလဲနိုင်ရန် ဖြစ်သည်။ ထိုသို့ဆိုလျင် သူ၏ အတွင်းအားက မူလစိတ်ဝိညာဉ် အတွင်းအားအဖြစ်သို့ လုံးဝ ပြောင်းလဲသွားမည် ဖြစ်ပြီး သူ့အား မူလဝိညာဉ် အထွတ်အထိပ်အဆင့်သို့ ရောက်အောင် ပြုလုပ်ပေးနိုင် ပေလိမ့်မည်။
သို့သော်ငြားလည်း ရဲ့လင်းချန်၏ ခွန်အားက မူလစိတ်ဝိညာဉ်အဆင့်ဟုသာ သတ်မှတ်၍ မ၇နိုင်ပေ။ သူသည် ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး၊ အဆင့်မြင့် လျင်မြန်စွာ ပြေးခြင်း နှင့် ကျင့်ကြံခြင်းတို့ကိုလည်း လေ့ကျင့်သေးသည်။ အခြားသော ပညာများကိုပါ ထည့်တွက်လိုက်လျင် သူ၏ ခွန်အားက သိုင်းအဆင့် တူသူများထက် သေချာပေါက် သာလွန်ပေလိမ့်မည်။ ထို့ကြောင့်ပင် မူလ စိတ်ဝိညာဉ်အဆင့်၌ ရှိနေသော မိုသခင်ကြီးကိုလည်း သူ အလွယ်တကူ အနိုင်ယူနိုင်ခြင်း ဖြစ်သည်။
လျင်မြန်စွာ ပြေးခြင်းစွမ်းရည်က သူ၏ အတားအဆီး ဖြတ်ကျော်ခြင်း စွမ်းရည်ကို အဆင့်မြင့်ရာမှ ရရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ပြေးခင်းနှင့် ခုခံခြင်းမရှိသော စွမ်းရည်များအတွက် အဓိက အသုံးပြုလေသည်။ သူ၏ အတွင်းအားက သူ၏ ခြေထောက်နား၌သာ လွှမ်းခြုံနိုင်လေသည်။ ၎င်းအား အဆင့်ဖြင့် စီရမည်ဆိုလျင် အရဟာ လက်သီးစွမ်းအင်ထပ် ပိုမို၍ နိမ့်ကျပြီး လေခွင်းကန်ချက်နှင့် အဆင့်တူနီးပါးလောက် ဖြစ်နိုင်သည်။ လေခွင်းကန်ချက်၌ ခံစစ်နှင့် တိုက်စစ် စွမ်းရည် နှစ်ခုလုံး ရှိပြီး လျင်မြန်စွာ ပြေးခြင်းစွမ်းရည်မှာမူ ထွက်ပြေးခြင်း အတွက် သက်သက်သာ ဖြစ်သည်။ ဟော်ရှန်၏ လေခွင်းကန်ချက်က လျင်မြန်မှု၌ ရဲ့လင်းချန်ကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။ ထို့အပြင် ဟော်ရှန်သည် လေထဲ၌ ဟန်ကိုယ့်နိုင်ရန် ခြေလှမ်းအနည်းငယ်မျှ လှမ်းရမည် ဖြစ်သော်လည်း ရဲ့လင်းချန်ကဲ့သို့ မပျံနိုင်ချေ။
သူ မဖြစ်မနေ အဆင့်လိုက် စီရမည်ဆိုပါက အတားအဆီး ဖြတ်ကျော်ခြင်း စွမ်းရည်သည် အနိမ့်ဆုံးအဆင့် ဖြစ်ပြီး သိုင်းပညာဟုပင် မခေါ်နိုင်ဘဲ စွမ်းရည်သာသာမျှသာ ဖြစ်သည်။ အရဟာ လက်သီးနှင့် ရှစ်ဆ ပြင်းထန် လက်သီးမှာမူ အခြေခံ သိုင်းပညာများဟု သတ်မှတ်နိုင်ပေသည်။ နောက်အဆင့်များမှာ လေခွင်းကန်ချက်၊ လျင်မြန်စွာ ပြေးခြင်းနှင့် နှလုံးဖျက် လက်ဝါးတို့ ဖြစ်သည်။ ၎င်းတို့သည် အတွင်းအားကို ထုတ်နိုင်ရုံသာမက မူလ စိတ်ဝိညာဉ် အဆင့်ကိုပင် ရောက်စေနိုင်သည်။ အရဟာ လက်သီးစွမ်းအင်နှင့် ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးတို့က အမြင့်ဆုံး ဖြစ်သည်။ လေခွင်းကန်ချက်နှင့် နှလုံးဖျက် လက်ဝါးတို့ကိုသာ ထပ်မံ၍ အဆင့်မြှင့်နိုင်ပါက ၎င်းတို့သည် အရဟာ လက်သီးစွမ်းအင်ထက်ပင် ပို၍ အဆင့်မြင့်နိုင်သည်။
ရဲ့လင်းချန်သည် စဉ်းစားတွေးတောနေပြီးနောက် ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့၍ ကိုယ်နေဟန်ထားကို ပြင်ကာ အသက်ရှူပုံကို ထိန်းညှိလိုက်သည်။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်က ဘောလုံးကဲ့သို့ ဖောင်းတက်လာသည်။ သူ၏ ရင်ဘတ်က သဲအိတ်အရွယ်အစားနီးနီး ဖောင်းလာပြီး အဝတ်အစားများ ပြဲလုနီးပါး ဖြစ်သွားလေသည်။ ခန္ဓာကိုယ် ဆွဲဆန့်ခြင်းက နာကျင်မှုက ရဲ့လင်းချန်ကို ပြင်းထန်စွာ မျက်မှောင်ကြုတ်မိသွားစေသည်။
ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးသည် အရဟာ လက်သီးစွမ်းအင်နှင့် ကွဲပြားပြီး ပြင်ပ လေ့ကျင့်ရေး သက်သက်သာ ဖြစ်သည်။ သူ၏ အတွင်းအား သွေးကြောတစ်လျှောက် မစီးဆင်းဘဲ ကြွက်သားနှင့် အရိုးများထဲသို့ ဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ဆက်တိုက် ပြုပြင်ပေးသည်။ အဆင့်တစ်ခုသို့ ရောက်ပြီးသွားလျင် သူသည် ကြွက်သားနှင့် အရိုးများထဲမှ အတွင်းအားကို အသုံးပြုနိုင်မည်ဖြစ်ကာ သူ၏ တိုက်ပွဲဝင်ခွန်အားကို တိုးနိုင်မည် ဖြစ်သည်။
ထို့အပြင် အဆင့်မြင့်အဆင့်သို့ ရောက်ပြီးနောက် ရဲ့လင်းချန်သည် စိတ်ဝိညာဉ်စွမ်းအင်အား သူ၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်၍ သူ၏ ကြွက်သားအတွင်းမှ လေ့ကျင့်ရရှိထားသော အတွင်းအားကို မူလ စိတ်ဝိညာဉ်အတွင်းအား ဖြစ်အောင် မွမ်းမံရန် လိုအပ်ပေသည်။ အရိုးမှစ၍ အရေပြားအဆုံးထိ ယင်းက သူ့အား ထိုးဖောက်မရနိုင်သော ခန္ဓာကိုယ် ရရှိအောင် မွမ်းမံပေးနိုင်ပေလိမ့်မည်။ ထိုအခါတွင် သူသည် ဘေးကင်းပြီး သတ်ဖြတ်၍ မရနိုင်သည့် သက်ရှိတစ်ဦး ဖြစ်လာပေလိမ့်မည်။
အလယ်အလတ်အဆင့်မှ ပုံစံ သုံးဆယ့်နှစ်ခုက ခက်ခဲမှု တိုးလာသော်လည်း ၎င်းသည် လက်ခံနိုင်ဖွယ်ရှိသော ဖြည်းညင်းသည့် လုပ်ငန်းစဉ် ဖြစ်သည်။ သို့သော် အဆင့်မြင့်အဆင့်၌ ခက်ခဲမှု ကွာခြားချက်က ပိုကြီးလာပြီး အဆင့်တစ်ခုသို့ ရောက်သွားခဲ့သည်။
ရဲလင်းချန် မျက်လုံးမှိတ်ထားလိုက်သည်။ သူ၏ အရိုးထဲမှ အတွင်းအားသည် သူ စုပ်ယူထားသော စိတ်ဝိညာဉ် စွမ်းအင်နှင့် တုံ့ပြန်နေပြီး တင်းမာမှု ဖြစ်နေ၏။ ၎င်းက သူ၏ ရင်ဘတ်မှ အရိုးများကို စတင် မွမ်းမံလာသည်။ ခံစားချက်က လူတစ်ယောက်အား ဓားတစ်ချောင်းဖြင့် တစ်ခါလျင် တစ်ကြိမ် ဓားဖြင့် မွှမ်းနေသည်နှင့် ဆင်တူလေသည်။
ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး အဆင့်မြင့်အဆင့်သည် လူတစ်ယောက်၏ ရင်ဘတ်မှ အရိုးများထံမှ စတင်ပြီး လက်၊ ခြေထောက်၊ ကျောရိုးနှင့် ဦးခေါင်းသို့ တစ်ဆင့်ချင်း သွားလေသည်။ အရိုးများ မွမ်းမံခြင်း ပြီးသွားပါက အရေပြားဘက်သို့ ကူးပြောင်းပေမည်။
တစ်နာရီ အကြာ၌ ရဲ့လင်းချန်သည် သူ၏ ရင်ဘတ်က ပေါက်ကွဲလုမတတ် ခံစားလာရသဖြင့် ထိုနေရာမှာတင် ရပ်လိုက်ရသည်။
သူ၏ မျက်လုံး၌ စိတ်ပျက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး ဖြစ်စေ အရဟာ လက်သီးစွမ်းအင် ဖြစ်စေ နှစ်ခုလုံးက နာကျင်ပြီး လေ့ကျင့်မှုနှုန်းကို သိသိသာသာ လျော့ကျစေသည်။ ယခင်နှင့် ယှဉ်လိုက်လျင် သူ၏ တစ်ရက်ချင်းစီ တိုးတက်မှုကို သိသိသာသာ ခံစားမိသည်။ သို့သော် ယခုအချိန်၌ သူ တိုးတက်မှု ဆိတ်သုဉ်းသွားသလို ခံစားနေရသည်။
၎င်းက အမှန်တကယ် တိုးတက်မှု ဆိတ်သုဉ်းခြင်း မဟုတ်သော်လည်း သက်ရောက်မှုက သေးငယ်လှသည်။ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ လေ့ကျင့်ရေးက သူ ထင်ထားသည်ထက် ပို၍ ခက်ခဲပေသည်။
*ပြင်ပ အကူအညီကို သုံးဖို့ အချိန်တန်ပြီပဲ …*
ရဲ့လင်းချန် အတွေးနက်နေသည်။ ပါရမီရှင်တစ်ယောက် ဖြစ်ရသည်က မည်မျှ ကောင်းသည် ဆိုပါသော်လည်း အချိန်တိုအတွင်း ခါးသီးသော လေ့ကျင်မှုလေးနှင့် အောင်မြင်မှု ရရှိရန် အလွန် ခက်ခဲပေသည်။ အချိန်တန်လျင် သူသည် အားဖြည့်ဆေးများ လိုအပ်ပေလိမ့်မည်။ ဆေးလုံးများထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူခြင်းက သူကိုယ်တိုင် စုပ်ယူခြင်းထက် ပို၍ မြန်ဆန်လောက်သည်။
ရဲ့လင်းချန်ဘက်၌ အစစ အရာရာ အဆင်ပြေလျက် ရှိသည်။ ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သော သုံးရက်အတွင်း အကြီးအကျယ် ဗြောင်းဆန်နေသည်ကို သူ မသိပေ။
ထိုနေ့ညအပြီး၌ ရဲ့လင်းချန်သည် ကိုရီးယားနိုင်ငံအပေါ် အခြားသော နည်းလမ်းများဖြင့် ဒုက္ခမပေးတော့ဘဲ ဂရုမစိုက်ဘဲ ထားခဲ့လိုက်သည်။ သို့သော် ဝိုင်ဗိုင်းရပ်စ်က ကိုရီးယားနိုင်ငံ၏ ကွန်ရက်ထဲ၌ ကျန်ရှိနေဆဲ ဖြစ်သည်။
၎င်းသည် ဗိုင်းရပ်စ် အမျိုးအစားသစ် တစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းသည် လျင်မြန်စွာ ပျံ့နှံ့ပြီး အဖျက်စွမ်းအား အလွန် ပြင်းသည်။ ၎င်းက ကိုရီးယားနိုင်ငံ၏ ကွန်ရက်ကို ဗြောင်းဆန်စေခဲ့ပြီး ကြံရာမရ ဖြစ်သွားစေသည်။
သို့သော် ကိုရီးယားနိုင်ငံက ခေါင်းမာပြီး တောင်းပန်ချင်စိတ် မရှိချေ။ ဟက်ကာများနှင့် နည်းပညာ ပရော် ဖက်ရှင်နယ်များအားလုံးက ရှားရှားပါးပါး အတူတူ ပူးပေါင်း၍ ဖြေရှင်းကြသည်။ သူတို့သည် နိုင်ငံတကာ ပညာရှင်အချို့ကိုပါ ငှားရမ်းပြီး သူတို့ လုပ်နိုင်တာမှန်သမျှ အကုန် လုပ်ကြလေသည်။ သို့သော် သူတို့သည် ဝိုင်ဗိုင်းရပ်စ်ကို ဖြေရှင်းနိုင်စွမ်း မရှိပေ။
[Two of Hearts: ချီးပဲကွာ … ငါတို့ နောက်ဆုံးတော့ ဒီဝိုင်ဗိုင်းရပ်စ်ကို ဖြေရှင်းနိုင်ပြိ၊ ငါ မောလာပြီ]
[ပြောမနေပါနဲ့တော့ကွာ၊ ငါ ပြီးခဲ့တဲ့ သုံးရက်အတွင်း စုစုပေါင်း ခြောက်နာရီပဲ အိပ်ရသေးတယ်၊ ယီးပဲ]
[အဲ့ဒီ ဟက်ကာဝိုင်က လူယုတ်မှာပဲ၊ ငါ လက်တုံ့ပြန်ဦးမယ်]
[King of Spades: ဟုတ်တယ်၊ ငါတို့ လက်စားချေမှရမယ်၊ ဒီတစ်ခေါက် ငါတို့နိုင်ငံက တကယ်ကို အကြီးအကျယ် ဆုံးရှုံးခဲ့ရတာ၊ ငါတို့ ဒါကို ဒီအတိုင်း ထားလိုက်လို့ မရဘူး]
[ဘုရင်လေး: ဝိုင်ဗိုင်းရပ်စ် မရှိရင် ငါတို့ အဲ့ဟက်ကာဝိုင်ကို ကြောက်နေစရာ မလိုတော့ဘူး၊ ငါတို့ သူ့ကို အမိ ဖမ်းကြမလား]
[ဘုရင်ကြီး: ဝိုင်ဗိုင်းရပ်စ်က အဲ့လောက် မရှုပ်ထွေးဘူး၊ အဲ့ဒါက နည်းနည်းလေး အသစ် ဖြစ်နေလို့ ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်တွေက အဲ့ဒါကို မကာကွယ်နိုင်တာ၊ အရင်တုန်းက ငါတို့ တစ်ခါမှ မကြုံဖူးတော့ ဟက်ကာဝိုင်ကို အဲ့ဟာကွက်ကနေ ကစားခွင့် ပေးလိုက်သလို ဖြစ်သွားတာပဲ၊ နောက်တစ်ခေါက်ကျရင် အဲ့ဗိုင်းရပ်စ်ကို ငါတို့ firewall ကို မကျော်နိုင်အောင် ငါ သေချာလုပ်ပစ်မယ်]
[ငါ ဘုရင်ကြီးကို ယုံတယ်၊ ငါတို့ လုပ် …]
[Two of Hearts: ဟမ် … ဘာဖြစ်တာလဲ၊ မင်း လိုင်းပျက်သွားတာလား]
[King of Spades: မင်း ရှိသေးလား]
သို့သော် အလန့်တကြား အော်သံများ ထွက်ပေါ်လာလေသည်။
[လခွမ်း … ငါ့ကွန်ပျူတာက ဘယ်လိုလုပ် အဟက်ခံလိုက်ရတာလဲ၊ websites တွေလည်း ကျကုန်ပြီ]
[အာ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မဖြစ်နိုင်ဘူး]
[ဒါ ဘယ်လို ဖြစ်ရတာလဲ၊ မင်း ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်ကို မဒေါင်း …]
[ချီးပဲ … နောက်တစ်ယောက် လိုင်းပျက်သွားတာလား]
[သေစမ်းကွာ … ငါတို့ အသစ် ပြန်လုပ်ခဲ့တယ် မဟုတ် …]
[အား … ငါ့ကွန်ပျူတာလဲ သေသွားပြီ]
[ထပ်ဖြစ်ပြန်ပြီလား]
[အင်တာနက်ပေါ်က ဆင်းကြတော့၊ မြန်မြန် ဆုတ်ကြ]
…