← Chapters

အရှုံးပေးခြင်း

Vol. 45 Ch. 665

အရှုံးပေးခြင်း

Vol. 45 Ch. 665

တစ်ချိန်တည်းမှာပင် ကိုရီးယားနိုင်ငံ၏ ကွန်ရက်တစ်ခုလုံး တစ်ဖန်ပြန်၍ ဖရိုဖရဲ ဖြစ်သွားလေသည်။

ဝိုင်ဗိုင်းရပ်စ်သည် ကိုယ်ပိုင်လင့်ခ်များ မဖန်တီးတော့ဘဲ အခြားသော website ထဲမှ လင့်ခ်များကို ကပ်တွယ် သွားသည်။

အစပိုင်း၌ လူတိုင်းသည် သင်ခန်းစာ ရသွားပြီး ထူးဆန်းသော လင့်ခ်အသစ်များကို နှိပ်မကြည့်တော့ချေ။ သို့သော် သူတို့သည် ရင်းနှီးသော Baidu, Google နှင့် အခြားသော ယုံကြည်ရသည့် website များကို အကျင့်အရ နှိပ်ကြည့်ကြသည်။ သို့သော်လည်း သူတို့ ကူးစက်ခံရဆဲပင်။

ကိုရီးယားနိုင်ငံ …

ကွန်ပျူတာ ဌာနသည် S အဆင့် သတိပေးချက်ကို ထပ်၍ ပေးလာရသည်။

ဝိုင်ဗိုင်းရပ်စ်သည် ဆင့်ကဲပြောင်းလဲသွားပြီး ပြန်လည်ပျံ့နှံ့လာသည်ဟု ယူဆရသည်။ ၎င်းကို ရှင်းထုတ်နိုင်သည့် နည်းလမ်းကို ရှာတွေ့ပြီဟု သူတို့ ထင်ခဲ့သည်။ သို့သော် ဗိုင်းရပ်စ် ဒေတာဘေ့စ်ကို အသစ် ပြန်လုပ်ခြင်းက အကူအညီ မဖြစ်ပေ။ ယခုတစ်ခေါက်၌ ကြေညာချက်တွင် ကိုရီးယားနိုင်ငံ၏ ပြည်သူများအားအား မည်သည့် website၊ တရားဝင် website များကိုတောင်မှ မဝင်ရန် သတိပေးခဲ့သည်။

သတိပေးချက် ထုတ်ပြန်ချိန် နောက်ကျလွန်းသွားသည်က စိတ်မကောင်းစရာပင်။ လက်ရှိ ဝိုင်ဗိုင်းရပ်စ်သည် သူတို့အား သတိလက်လွတ် ဖြစ်သွားစေခဲ့ပြီး မရေတွက်နိုင်သော လူများသည် ထိုလှည့်ကွက်အောက်၌ ကျရှုံး သွားလေသည်။

ယခင်က အဆင်ပြေနေသော website များက သူတို့ ဝင်လိုက်သည့်အခိုက်မှာပင် ဗိုင်းရပ်စ် ကူးစက်ခံရလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ကိုရီးယားနိုင်ငံ၏ ကွန်ရက်တွင် ထောင်သောင်းချီသော လူများက ဒေါသတကြီး မှတ်ချက်များ ရေးကြလေသည်။

[လခွမ်း … ဝိုင်ဗိုင်းရပ်စ်က ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ]

[သေစမ်း … ငါပါ ကူးသွားပြီ၊ ဒါ တော်တော် ဆိုးတာပဲ]

[သူတို့ အဖြေ ရှာတွေ့ပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဒါ ဘာလို့ ဖြစ်ရတာလဲ]

[ငါတို့နိုင်ငံက ပညာရှင်တွေ ဘာလုပ်နေတာလဲ]

[ဒီတစ်ခေါက် အရင်ကထက် ပိုတောင် ဆိုးသေးတယ်၊ ငါတို့ ဘာ website ကိုမှ ဝင်လို့မရတော့ဘူး၊ ဒီလိုပုံနဲ့ဆို ငါ့အင်တာနက်ကြိုးကို တကယ် ဖြုတ်ပစ်ဖို့ လိုနေပြီ]

[ဟက်ကာဝိုင်က အရမ်း ကောက်ကျစ်တယ်၊ မင်း ဒါကို ဘယ်လိုလုပ် လုပ်နိုင်တာလဲ၊ ငါ မင်းကို ဘာလုပ်မိလို့လဲ]

မကြာသေးခင်ကပင် ဝိုင်ဗိုင်းရပ်စ်ကို အဖြေရှာနိုင်သည့်အတွက် သူတို့ အောင်ပွဲခံနေခဲ့ကြသည်။ ချက်ချင်းဆိုသလိုပင် ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာခဲ့သည်။ ယင်းက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန် နေ၏။

ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာဌာနအတွင်း၌ လူတိုင်းသည် အလုပ်ပိနေပြီး ဝိုင်ဗိုင်းရပ်စ် ခေါင်းစဉ်အောက်၌ ခေါင်းကုတ်နေကြလေသည်။

“ဒီဗိုင်းရပ်စ်ကို ဘယ်လိုများ ဖန်တီးထားတာပါလိမ့်၊ ဒါက သူ့ဘာသာသူ ဗီဇပြောင်းသွားတာလား၊ ဒါမှမဟုတ် ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းလား”

“ဟက်ကာဝိုင်ရဲ့ အရည်အချင်းက ကောင်းလွန်းတယ်၊ ဒီလိုဗိုင်းရပ်စ်မျိုးကို သူ ဖန်တီးနိုင်တယ်ဆိုရင် သူက အလိုအလျောက် ပြောင်းလဲတဲ့ ပရိုဂရမ်ကို ရေးနိုင်တဲ့ အစွမ်းအစ ရှိတယ်လို့ ဆိုလိုတာလား”

သူတို့ အချင်းချင်း ပြန်ကြည့်နေကြသည်။

*ဒီလို ပရိုဂရမ်မျိုးကို ဘာက ဘယ်လို ရေးနိုင်တာလဲ၊ AI လား၊ ဒါက သူ့ဘာသာသူ အလိုလို ဆင့်ကဲပြောင်းလဲပြီး တိုးတက်နေတယ်၊ ဒါကြီးက ကြောက်ဖို့ ကောင်းလိုက်တာ*

ချက်ချင်းဆိုသလိုပင် တစ်ယောက်က ခေါင်းခါ၍ ငြင်းဆန်လေသည်။

“လုံးဝ မဖြစ်နိုင်ဘူး၊ ဟက်ကာဝိုင် ဗိုင်းရပ်စ်ကို ပထမဆုံး ဖန်တီးကတည်းက ကုဒ်ရေးထားမျိုး ဖြစ်မယ်လို့ ငါ ထင်တယ်၊ ကိုယ်တိုင် ဆင့်ကဲပြောင်းလဲတဲ့ ဗိုင်းရပ်စ်က အဲ့လောက် မရိုးရှင်းဘူး၊ မင်းတို့ သတိမထားမိဘူးလား၊ ငါတို့ရဲ့ အသစ်စက်စက် firewall က ဗိုင်းရပ်စ် ပျံ့တာကို ဖိနှိပ်တဲ့ နေရာမှာ တော်တော်လေး အသုံးဝင်တယ်လေ”

“ဒါက ဆင့်ကဲပြောင်းလဲတယ်လို့ ငါ မထင်ဘူး၊ ဒါကို ဟက်ကာဝိုင် ပရိုဂရမ် ဆွဲထားတာပဲ ဖြစ်မယ်၊ သူ ညွှန်ကြားချက် နှစ်ခု ထားထားတာနေမှာ၊ ပထမက ထိုးဖောက်ပြီး ပျံ့နှံ့အောင် လုပ်ဖို့၊ ဒုတိယ ညွှန်ကြားချက်က ပုန်းနေဖို့ ဖြစ်မယ်၊ ငါတို့ ဗိုင်းရပ်စ်ကို ရှင်းနိုင်ပြီလို့ ထင်တဲ့အချိန်မှာ ကွန်ရက်ထဲ ပုန်းနေတဲ့ ဗိုင်းရပ်စ်က ပြန်ပေါ်လာပြီး အခြား website တွေထဲ ဝင်တာပဲ။ ဒါပေမဲ့ ဒီလို အဆင့် အရည်အချင်းမျိုးကို မကြားဖူးဘူး”

“မင်းတို့ ဘယ်လို ပြောပြော၊ သူ ငါတို့ကို ပစ်မှတ်ထားတာ ရှင်းနေတာပဲ”

“ဒါက ဘာပဲဖြစ်ဖြစ် ငါတို့ ဒါကို မြန်မြန် သုတေသန လုပ်သင့်တယ်၊ ငါတို့ ဒီဆင့်ကဲပြောင်းလဲတဲ့ ဗိုင်းရပ်စ်ကို နှစ်နာရီအတွင်း ဖြေရှင်းပြီးတော့ ဗိုင်းရပ်စ် ဒေတာဘေ့စ်ကို မြှင့်တင်မှ ရမယ်၊ မဟုတ်ရင် ကူးစက်ခံထားရတဲ့ ကိုယ်ပိုင် ကွန်ပျူတာတွေ ပိုပိုပြီး ထိန်းချုပ်မရ ဖြစ်နေတော့မယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အဆောတလျင် ကြေညာလာသည်။

“ဒါက ထိန်းချုပ်မရ ဖြစ်နေပြီ၊ ကူးစက်သွားတဲ့ ကွန်ပျူတာ အရေအတွက်က တစ်မီလီယံကျော် ဖြစ်နေပြီလို့ ငါ အခုလေးတင် သတင်းရလိုက်တယ်၊ ပြီးတော့ အရေအတွက်က ဆက်ပြီး တိုးလာနေတုန်းပဲ”

“ကွန်ရက် သတင်းပို့ချက်က ကြီးလွန်းတယ်၊ အဲ့ဒါက ချက်ချင်း ကြီးထွားပြင်းထန်လာတဲ့ သက်ရောက်မှုလိုပဲ၊ စက္ကန့်ပိုင်းအတွင်း ကြီးကြီးလာတာ”

“တော်လောက်ပြီ၊ အရေးမပါတာတွေ ပြောမနေတော့ဘဲ သုတေသနကို မြန်မြန် လုပ်ကြ”

ကိုရီးယားနိုင်ငံသည် အန္တရာယ်ရှိသော အခြေအနေသို့ တစ်ဖန်ပြန်ရောက်ရှိသွားပြီး ကူးစက်နှုန်းက ယခင်ကထက် ပို၍ ဆိုးလာသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်များကို အသစ် ပြန်လုပ်ပြီး ဗိုင်းရပ်စ် ဒေတာဘေ့စ်ကို အဆင့်မြှင့်တင်လိုက်ပြီးနောက် ပြဿနာများကို ဖြေရှင်းပြီးသွားပြီဟု သူတို့ ခံစားလိုက်ရ၍ ဖြစ်သည်။ သူတို့ သတိလျော့သွားသည်နှင့် ဝိုင်ဗိုင်းရပ်စ်အား ပို၍ မြန်ဆန်စွာ ပျံ့နှံ့အောင် ခွင့်ပြုသလို ဖြစ်သွားလေသည်။

သို့သော် နာရီဝက်အတွင်းမှာပင် ကိုရီးယားနိုင်ငံ၏ သုတေသနအဖွဲ့တွင် သုန်မှုန်သော အမူအရာများ ဖြစ်ပေါ်လာသည်။

ယင်းက ခက်ခဲလွန်းသည်။ ဤဝိုင်ဗိုင်းရပ်စ်ကို ဘယ်နေရာမှာမှ ရှာ၍မရပေ။ ဟက်ကာဝိုင် ရေးထားသော ဗိုင်းရပ်စ်က သူတို့နှင့် အချိန်နေရာကာလ မတူညီဟု သူတို့ ခံစားနေရလေသည်။ တကယ်တမ်းတွင် ဗိုင်းရပ်စ်က ယုံကြည်ရသော website များ၏ လိပ်စာများ၌ ဘယ်လိုလုပ် ကပ်တွယ်နိုင်သွားသလဲ သူတို့ မသိကြချေ။

ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာဌာနအတွင်း၌ ပညာရှင်များနှင့် ဟက်ကာများသည် ဝိုင်ဗိုင်းရပ်စ်အား ကြံရာမရ ကြည့်နေကြသည်။ သူတို့အားလုံး ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရသည်။

သူတို့၏ အရည်အချင်းက လုံးဝ မယှဉ်နိုင်ဘဲ အပြတ်အသတ် နောက်ကောက်ကျ ကျန်နေခဲ့သည်။

နတ်ဘုရားဆန်သည့် လူမျိုးကို သူတို့ ဘယ်လို ရန်စခဲ့မိသလဲ ဆိုသည်ကို သူတို့ နားလည်သွားသည်။

ဟက်ကာဝိုင်က အစကတည်းက သူတို့အား စောင့်ကြည့်မနေပေ။ သူသည် ဗိုင်းရပ်စ်ကို ဖန်တီး၍ သူတို့နိုင်ငံ၏ ကွန်ရက်ထဲ၌ ပစ်ထားခဲ့သည်။ ဟက်ကာဝိုင်က ဘာမှအားမထုတ်ရသော်လည်း သူတို့လူမျိုးများက အစွမ်းကုန် ကြိုးစားနေရသော်လည်း သဘောတရားကို နားလည်နိုင်စွမ်း မရှိဘဲ ဗိုင်းရပ်စ်ကို မဖြည်နိုင်တော့ချေ။

*တရုတ်မှာ တော်တဲ့ ဟက်ကာတွေ လိုနေတယ်တဲ့လား*

*တရုတ်ရဲ့ ကွန်ပျူတာ အရည်အချင်းက ဆိုးရွားတယ်တဲ့လား*

ယခု သူတို့ ပြန်စဉ်းစားကြည့်ပါက သူတို့၏ စကားများက တကယ်ကို အဓိပ္ပာယ် မရှိချေ။ ထို့အပြင် သူတို့သည် ဟက်ကာဝိုင်ထံမှ အကြီးအကျယ် ရိုက်ချခံလိုက်ရလေသည်။

ဝိုင်ဗိုင်းရပ်စ်၏ ကနဦး ပျံ့နှံ့နှုန်းက မြန်ဆန်၍ သူတို့အား ပျာယာခတ်သွားစေသော်လည်း မတားနိုင်ခြင်း မဟုတ်ပေ။ သို့သော် ယင်းက အစမျှသာ ရှိသေးသည်။ မထင်ထားသည့်အပိုင်းမှာ ဝိုင်ဗိုင်းရပ်စ်၏ ဒုတိယပုံစံ ဖြစ်သည်။

၎င်းသည် ကွန်ရက်တည်း၌ ကိုယ်တိုင် ကပ်တွယ်နေပြီး သူတို့အား ရှင်းထုတ်၍ မရအောင် ဖြစ်သွားစေခဲ့သည်။ ယင်းက တစ်နိုင်ငံလုံး လိုင်းပိတ်ထားရမည်ဟု ဆိုလိုနေပါသလော။

[မြတ်စွာဘုရား၊ ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ]

[ငါတို့ ဘာလုပ်နိုင်မလဲ]

[ဒါကို မြန်မြန် ဖြေရှင်းပါဟ]

[ဘယ်လို ဖြေရှင်းမလဲ၊ ငါတို့ဉာဏ်က မလုံလောက်ဘူးကွ]

[ဝိုင်ဗိုင်းရပ်စ်ကို စစချင်း ဖြေရှင်းတုန်းက သုံးရက်ကြာတယ်၊ ပြီးတော့ ဒီတစ်ခေါက်က ပိုပြီးတော့ ခက်လာတယ်၊ ပရိုဂရမ် နှစ်ခုလုံးက လုံးဝ မတူတဲ့ပုံပဲ]

[အဲ့ဒီ သောက်ဟက်ကာဝိုင်ကတော့ကွာ]

[website အားလုံး ဝင်မရတော့ဘူး၊ ငါတို့ ဒီဗိုင်းရပ်စ် မပျံ့အောင် မတားနိုင်တော့ဘူး]

[မြတ်စွာဘုရား၊ ဒီတစ်ခေါက် ငါတို့ အကြီးကြီး နစ်နာတာပဲ]

ကိုရီးယား တစ်နိုင်ငံလုံး အော်ဟစ်နေပြီး သူတို့အားလုံး စိတ်ဓာတ်ကျလုနီးနီး ဖြစ်နေကြသည်။

ထိုအခိုက်တွင် ကိုရီးယားနိုင်ငံ ငြိမ်သက်နေ၏။ အမေရိကန်၊ အင်္ဂလန်နှင့် အခြားသော နိုင်ငံများအားလုံး ငြိမ်နေသည်။

နိုင်ငံတကာ ဟက်ကာ ပညာရှင်များအားလုံး ဤအဖြစ်အပျက်ကို လိုက်ကြည့်နေကြသည်။ အစက ဤအဖြစ်က ပြီးသွားပြီဟု သူတို့ ထင်ခဲ့ကြသည်။ အဆုံးသတ်၌ ဤသို့ ကြီးမားသော အပြောင်းအလဲ ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။

လူတိုင်း ထိတ်လန့်နေကြသည်။ ဟက်ကာဝိုင်သည် တကယ်ကို လူ့အသွင်နှင့် နတ်ဆိုးတစ်ကောင် ဖြစ်ပြီး အလွန်အမင်း ကြောက်စရာ ကောင်းပေသည်။ သူ၏ အရည်အချင်းက သူတို့အားလုံးထက် သာလွန်၏။

အစပိုင်း၌ ဝိုင်ဗိုင်းရပ်စ်ကို ဖန်တီးနိုင်ခြင်းနှင့်တင် သူက အလွန် ကြောက်လန့်ဖွယ် ကောင်းနေပြီဟု သူတို့ ထင်ခဲ့ကြသည်။ ယင်းက အဖျက်အား အလွန် ကြီးမားလှပြီး တန်ပြန်တိုက်ခိုက်နိုင်ရန် တစ်နိုင်ငံလုံးမှ ပညာရှင်များ လိုအပ်ခဲ့သည်။ ၎င်း၌ ဖြေရှင်းရန် မဖြစ်နိုင်သော ဒုတိယ ပရိုဂရမ် ပါနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ယင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ဤသို့သော လူမျိုးအား ဘယ်သောအခါမှ ရန်မစသင့်ပေ။ သူတို့ ရန်စရန် မတတ်နိုင်သော လူမျိုးပင်။

ကူးစက်ခံထားရသော ကွန်ပျူတာများ၏ ဖန်သားပြင်ပေါ်၌ ယခင်အတိုင်း ဝိုင်ဟူသော သင်္ကေတ ပေါ်နေသည်။ ထိုစာလုံး၏ အောက်၌ ရေးထားသည်က [တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး ဖိနှိပ်ခံရမယ်]

ကိုရီးယားနိုင်ငံမှ ဟက်ကာများအားလုံး ဆွံ့အသွားကြသည်။

ထိုသင်္ကေများသည် ကြည့်ရှုရန်ပင် အလွန် မျက်စိကျိန်းစရာ ကောင်းလှသည်။ ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော လူမျိုးအား ဤဘဝ၌ သူတို့ လက်တုံ့ပြန်ရန် မစဉ်းစားဝံ့တော့ချေ။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားသည်။

မနက်အစောပိုင်း၌ ရဲ့လင်းချန်သည် လေ့ကျင့်ခန်းများ ပြီးအောင် ပြုလုပ်ပြီး တောအုပ်ထဲမှ မှုန်ကုန်နေသော အမူအရာနှင့် လမ်းလျှောက်လာသည်။

*နှေးတယ်*

*တိုးတက်မှုက နှေးလွန်းတယ်*

သူသည် သူ၏ လက်ရှိ လေ့ကျင့်ရေး လုပ်ငန်းစဉ်ကို အလွန်အမင်း မကျေမနပ် ဖြစ်နေ၏။ ယခင်က သူ လေ့ကျင့်လျင် နေ့တိုင်း ကြီးမားသော တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုအခါ၌ သူသည် အဆင့်တစ်ခုတည်း၌ နေ့ပေါင်းများစွာ တန့်နေသည်။

ထိုအခိုက်တွင် ဟောင်ယွင်က သူ့ထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာ၏။ သူမ၏ လှပသော မျက်နှာလေးက နီမြန်းလျက် စိတ်လှုပ်ရှားစွာ ပြောလာသည်။

“ရဲ့နတ်ဘုရား၊ ကိုရီးယားနိုင်ငံက အရှုံးပေးလိုက်ပြီ”

All Chapters