တည်ငြိမ်ပင်လယ်
Vol. 94 Ch. 1397
ကမ္ဘာဦးခေတ်၏ အထက်ဘုံကနေ ဆင်းသက်လာခဲ့သော ထိုဝင်္ကပါသည် အလွန်တရာစွမ်းအားကြီးမားသည်ဟု ဆိုရပေမည်။
အဲ့ဒါကို အသက်သွင်းပြီးနောက် ဆူဇီမို၏ မျိုးဆက်သွေးက လုံးဝချုပ်နှောင်ခံလိုက်ရသည်။
သူက ဘယ်လိုပင်ကြိုးစားပါစေ သူ၏မျိုးဆက်သွေးကို အသက်မသွင်းနိုင်တော့ပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် သူ၏အမြုတေစိတ်ဝိညာဥ်ကလည်း ချုပ်နှောင်ခံရခြင်းကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အစစ်အမှန်နဂါးခန္ဓာ၏ အသိစိတ်က တကယ့်ကိုကြောက်စရာကောင်းလေသည်။
သည့်ယခင်တုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဝူရှဲ့၏ အသက်ဖြတ်ကျိန်စာကြောင့် သတ်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့၏။
သို့သော်လည်း အစစ်အမှန်နဂါးခန္ဓာကတော့ လုံးဝသက်ရောက်ခြင်း မခံခဲ့ရပေ။
အစစ်အမှန်နဂါးခန္ဓာ၏ အသိစိတ်ထဲတွင် ငြိမ်သက်နေသော နတ်လိပ်တစ်ကောင်ရှိနေရုံသာမက ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ အလင်းလုံး သုံးလုံးလည်း ရှိလေသည်။
ဂိတ်တံခါးရှစ်ထပ်နဂါးသော့ခတ်ဝင်္ကပါ၏ စွမ်းအားသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အလင်းလုံးသုံးလုံး၏ ခြေဖျက်ခြင်းကို ခံလိုက်ရ၏။
အဲ့ဒါကြောင့် ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို အသက်မသွင်းနိုင်သော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်က ချုပ်နှောင်ခြင်းခံမနေရပေ။
သူသည် သူ့ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ သတ်ဖြတ်ခြင်းလက်နက်ကို ဆုံးရှုံးထားရသော်လည်း သူ့မှာအသုံးပြုနိုင်သော ဝှက်ဖဲများစွာကျန်ရှိနေသေး၏။
နဂါးဝိညာဥ်ဆေဘာကို ခုတ်ပိုင်းလိုက်သောအခါ ဆူနာမီအသံနှင့် နဂါးဟိန်းသံများက ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ တစ်ပြိုင်နက်တည်းပေါက်ကွဲထွက်ပေါ်လာ၏။
“ဟမ်...”
ဂမ္ဘီရဆီးနှင်းက အေးစက်စွာနှာတစ်ချက်မှုတ်၍ ငေါက်ငမ်းလိုက်၏။
“ဒီအထွတ်အမြတ်မီးတောင်ပေါ်မှာ တည်ငြိမ်ပင်လယ် ဆေဘာနည်းစနစ်ကို သုံးနေတာကတော့ မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ”
သူသည် သူ၏မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်လိုက်၏။ အဲ့ဒါကလည်း ဆေဘာတစ်လက်ဖြစ်၏။
ထိုဆေဘာသည် အလွန်တရာထူးခြားသည့်ပုံပေါ်လေသည်။ အဲ့ဒါက နဂါးဝိညာဥ်ဆေဘာကဲ့သို့ တူညီသော ခံ့ညားထည်ဝါမှုမရှိဘဲ အတော်အတန် ဗြက်ကျဥ်း၍ ရှည်လျားလေသည်။ အဲ့ဒါက လူသားများကို ဝါးမျိုနိုင်သည့် အဆိပ်ရှိအနာကွန်ဒါတစ်ကောင်နှင့် တူနေ၏။
ဂမ္ဘီရဆီးနှင်းသည် သူ၏မနောကျင့်ကြံရေးနည်းစနစ်ကို လှည့်ပတ်ပြီး ဝင်ရောက်လာသောလှိုင်းလုံးကို ရက်စက်ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်၏။
ရှဲ....
ချစ်ချစ်တောက်ပူလောင်သော ဆေဘာချီက ပေါက်ကွဲထွက်ပေါ်လာပြီး ဝင်ရောက်လာသော လှိုင်းလုံးကို နှစ်ပိုင်းလှီးဖြတ်ကာ မီးနှင့်ထိတွေ့သော တရှဲရှဲမြည်သံကို ထွက်ပေါ်လာစေ၏။
နဂါးဝိညာဥ်ဆေဘာကနေ ဆင့်ခေါ်ထားသော နတ်နဂါးပင်လျှင် ပိုင်းဖြတ်ခြင်းခံလိုက်ရ၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ဖန်းလိုင်ကျွန်း၏ သခင်လေးအနေဖြင့် ဂမ္ဘီရဆီးနှင်းသည် ထိပ်တန်းအဆင့် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်လေသည်။ ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များနှင့် နှိုင်းယှဥ်လျှင် သူက သေချာပေါက်တန်းတူရည်တူရှိပြီး သို့မဟုတ် ပို၍ပင်သန်မာနိုင်လေသည်။
သို့သော်လည်း ဆေဘာတာအိုမှာဆိုလျှင် ဆူဇီမို၏ ဆေဘာတာအိုကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည့်အဆင့်သို့ မရောက်ရှိသေးပေ။
သူသည် ဆူဇီမို၏ ဆေဘာနည်းစနစ်ကို ချေဖျက်နိုင်ခဲ့သည်မှာ ကျင့်ကြံရေးနည်းစနစ်များမှာ တန်ပြန်ဝိပါက်ကိုယ်စီရှိကြသောကြောင့်ဖြစ်၏။
ဂမ္ဘီရဆီးနှင်း ကျင့်ကြံထားသော ကျင့်ကြံရေးနည်းစနစ်သည် မီးဓာတ်သဘာဝရှိလေသည်။ အထွတ်အမြတ်မီးတောင်ပေါ်မှာ ထိုကျင့်ကြံခြင်းနည်းစနစ်၏ စွမ်းပကားက ၎င်း၏အကန့်အသတ်ထိ တိုးမြင့်လာခဲ့၏။
တစ်ဘက်မှာတော့ တည်ငြိမ်ပင်လယ်ကျမ်း၏ ခုတ်ချက်တစ်ချက်ချင်းစီသည် သမုဒ္ဒရာ၏ စိတ်ဆန္ဒကို သယ်ဆောင်ထား၏။ ထိုဆေဘာနည်းစနစ်ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် အထွတ်အမြတ်မီးတောင်ပေါ်မှာ ထိုဆေဘာနည်းစနစ်၏ စွမ်းအားက အားပျော့သွားရလေသည်။
ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ဆေဘာကိုရုပ်သိမ်းကာ နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
ထိုခုတ်ချက်သည် နက်နဲသိမ်မွေ့၍ ထောက်လှမ်းဖို့အတွက် မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လောကတစ်ခုလုံးသည် ရပ်တန့်သွားသည်ဟု ထင်ရ၏။ ဂမ္ဘီရဆီးနှင်းသည် သူ၏ဦးခေါင်းထက်ကနေ ဖြည်းဖြည်းချင်း ကျဆင်းလာနေသော နဂါးဝိညာဥ်ဆေဘာ၏ ခုတ်ချက်ကို တွေ့မြင်နေရသော်လည်း သူက လုံးဝလှုပ်ရှားနိုင်ခြင်း မရှိပေ။
နောက်ဆုံးမှာတော့ သူသည် တုန်လှုပ်ချောက်ချားသောအမူအရာတစ်ခု ရှိလာ၏။
ဒဏ္ဍာရီအရဆို ဆေဘာဧကရာဇ်၏ အမွေအနှစ်တွင် ကြောက်စရာအကောင်းဆုံး ဆေဘာနည်းစနစ်တစ်ခု ရှိသည်ဟု ဆိုလေသည်။
ဤနှစ်များအတွင်း ကျွန်းနှစ်ကျွန်း၏ ကျင့်ကြံသူများသည် ကြိမ်ဖန်များစွာ လက်ရည်စမ်းခဲ့ကြသော်လည်း မည်သူကမှ ထိုဆေဘာနည်းစနစ်ကို မထုတ်ဖော်နိုင်ခဲ့ကြပေ။
တကယ်ဆို လူတိုင်း၏ စိတ်ထဲတွင် ထိုဆေဘာနည်းစနစ်သည် ထင်ယောင်ထင်မှား ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့လေပြီ။
ယခုအခါမှာတော့ တည်ငြိမ်ပင်လယ်က ဆင်းသက်လာခဲ့ပြီး ဂမ္ဘီရဆီးနှင်းသည် ဝင်ရောက်လာသောဓားသွားကို မရှောင်တိမ်းနိုင်ခြင်း၏ အကြောက်တရားကို နောက်ဆုံးမှာ တွေ့ကြုံခံစားမိလာခဲ့လေပြီ။
ချွမ်း...
ထိုစဥ်မှာပင် ဓားသွားဆွဲထုတ်လိုက်သည့်အသံက ထွက်ပေါ်လာ၏။
ပြိုင်ဘက်ကင်းဆေဘာအလင်းတန်းတစ်ခုက ဆင်းသက်လာပြီး တည်ငြိမ်ပင်လယ်နှင့် တူညီသော ဆေဘာစိတ်ဆန္ဒတစ်ခုသည် ဆူဇီမို၏ နဂါးဝိညာဥ်ဆေဘာဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။
ထပ်တူနီးပါးတူညီသော ဆေဘာစိတ်ဆန္ဒတစ်ခုသည် ထိတွေ့တိုက်ခိုက်လိုက်ကြပြီး တစ်ခုကိုတစ်ခု ချေဖျက်ကာ ဝါးမျိုနေကြ၏။
ချက်ချင်းပင် ဂမ္ဘီရဆီးနှင်းသည် ကြောက်စရာကောင်းသောထိုစွမ်းအားကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး ကြောင်တိကြောင်တောင် အမူအရာတစ်ခုရှိနေ၏။
မသိလိုက်မသိဘာသာနှင့်ပင် သူက ချွေးစေးများဖြင့် စိုရွှဲနေခဲ့လေပြီ။
“ဟမ်...”
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။
ကောင်းကင်ဘုံဖီးနစ်...
ထိုမြင်ကွင်းသည် သူတွေးထင်ထားသည်ထက် တစ်နည်းတစ်ဖုံကျော်လွန်သွားခဲ့လေပြီ။
“မင်းကလည်း တည်ငြိမ်ပင်လယ်ကို နားလည်ဆင်ခြင်နိုင်ထားတာလား”
ဆူဇီမိုက ပြောလိုက်၏။
စောစောက ဂမ္ဘီရဆီးနှင်းကိုကယ်တင်ဖို့အတွက် တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်ခဲ့သည့်သူမှာ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ဖြစ်၏။
သူက ဝံ့ကြွားစွာဖြင့် သရော်ပြုံးလိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းငါ့ကိုအထင်သေးနေတာပဲ.. မင်းကို အံ့အားသင့်စေမှာက ဒီတစ်ခုတည်း မဟုတ်ဘူး”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် အမှန်တကယ်ပင် သူ့ကိုယ်သူကောင်းကောင်းသိုဝှက်ထားနိုင်ခဲ့၏။
ဆူဇီမိုကိုမပြောနှင့် မိုယင်ပင်လျှင် သူ၏အစစ်အမှန်ခွန်အားကို မသိရှိခဲ့ပေ။ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းပင်ဘုံဖီးနစ်သည်လည်း တည်ငြိမ်ပင်လယ်ကို ကျင့်ကြံထားသည်ဆိုတာကို သူမက မသိရှိခဲ့ပေ။
“အို... ဒါနဲ့ မင်းမှာတခြားဘာဝှက်ဖဲတွေ ရှိသေးလဲ”
ဆူဇီမိုက မျက်ခုံးပင့်၍မေးလိုက်၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါက ဖန်းလိုင်ကျွန်းနဲ့ ရွှေကျီးကန်းမျိုးနွယ်နဲ့ ဒီနေ့ပူးပေါင်းခဲ့တယ်ဆိုတာ အမှားအယွင်းတစ်စုံတစ်ရာမရှိရအောင် သေချာစေဖို့ပဲ... အထီးကျန်သိုင်းသခင် ဒီဂိတ်တံခါးရှစ်ထပ် နဂါးသော့ခတ်ဝင်္ကပါမရှိရင်တောင် မင်းက ငါ့ကိုတစ်ယောက်တစ်ယောက်ချင်း ယှဥ်နိုင်ချင်မှ ယှဥ်နိုင်လိမ့်မယ်”
“ဟုတ်ပါ့မလား”
ဆူဇီမိုကပြောလိုက်၏။
“ဒါဆိုလည်း ငါ့ရဲ့တိုက်ခိုက်မှုကို ခံယူကြည့်လိုက်ဦး”
သူသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ပြီး သူ၏နှာရောင်ကနေ နတ်ဘုရားအလင်းတစ်ခုကို ရုန်းကန်ထွက်ပေါ်စေကာ ကောင်းကင်ထက်သို့ ဝင်ရောက်သွားစေ၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်ထွက်ပေါ်လာခဲ့လေပြီ။
ဘုန်း...
ကောင်းကင်ထက်ကနေ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
တိမ်စိုင်များက ပေါက်ကွဲသွားပြီး အလွန်းကြီးမား၍ တုတ်ခိုင်သော ကျောက်တိုင်တစ်တိုင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ကြောက်စရာကောင်းသော စွမ်ပကားတစ်ခုနှင့်အတူ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ဆီသို့ ဖိချေကျဆင်းလာ၏။
ထိုကျောက်တိုင်သည် မီးခိုးဖြူရောင်ဖြစ်ပြီး ၎င်းပေါ်တွင် လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်က တွယ်တက်နေ၏။ အဲ့ဒါသည် မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်နိုင်သည့်အလား အသက်ဝင်နေ၏။
ဆူဇီမိုနားလည်ဆင်ခြင်နိုင်ခဲ့သော ဒုတိယမြောက် ပင်ကိုနတ်ဘုရားစွမ်းအား.. ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဖြစ်၏။
ထိုနတ်ဘုရားစွမ်းအား ဆင်းသက်လာသည့်အချိန်မှာပင် တိုက်ပွဲကလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ဖန်းလိုင်းကျွန်း၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က မိုယင်ကို ပူးပေါင်တိုက်ခိုက်လိုက်ကြလေသည်။
မိုယင်သည် တစ်ယောက်တည်းဖြစ်သော်လည်း သူမသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်နှင့် ရင်ဆိုင်ရာမှာ အရေးနိမ့်ခြင်း မရှိပေ။
အခြားတစ်ဘက်မှာတော့ ရွှေကျီးကန်းတတိယမင်းသား ၊ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်းတို့က ဆူဇီမိုကို ပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။
ရွှေကျီးကန်းတတိယမင်းသားနှင့် ဂမ္ဘီရဆီးနှင်းသည် သူတို့၏စွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ကို တိုက်ခိုက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်ပြီး ကောင်းကင်ထက်သို့ မာန်သွင်းဟိန်းဟောက်လိုက်၏။
သူသည် ကျယ်လောင်သောဖီးနစ်အော်သံကို အမှန်တကယ်ပင် ထုတ်ဖော်လိုက်ပြီး သူ၏သွေးချီစွမ်းအားသည် တလိပ်လိပ်ထိုးတက်ကာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
ဘုန်း...
ကျယ်လောင်သောဆူညံသံက ထွက်ပေါ်လာ၏။
ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ကြေမွပျက်စီးသွား၏။
“ဟားဟားဟားဟား”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ဟားတိုက်ရယ်မောလိုက်၏။
“ဒဏ္ဍာရီလာ သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားကြီးမှာ ရှိတာ ဒါအကုန်ပဲလား... ငါ့ရဲ့အစွမ်းအစကို ပြရသေးတာပေါ့”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး တစ်ခဏအတွင်း ဆူဇီမိုရှေ့သို့ရောက်ရှိကာ သူ၏ဆေဘာနှင့်အတူ ခုတ်ပိုင်းချလိုက်၏။
ဝေါ...
ထိုခုတ်ချက်သည် ဆေဘာစိတ်ဆန္ဒများစွာကို ထုတ်ဖော်လိုက်ရုံသာမက စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီသံကပါ ထွက်ပေါ်လာ၏။
ဆူနာမီသွေး...
သူ့မျိုးဆက်သွေး၏ ဆူနာမီသံသည် သူ၏ဆေဘာစိတ်ဆန္ဒသံနှင့် လိုက်ဖက်ညီနေပြီး ထိုခုတ်ချက်၏စွမ်းအားကို အရှိန်အဟုန်တိုးမြင့်လာစေ၏။
ဆူဇီမိုသည် နဂါးဝိညာဥ်ဆေဘာကို ကိုင်မြှောက်ပြီး လွှဲယမ်းကာ ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
ဆေဘာနှစ်လက်ထိတွေ့သွားပြီး မီးပွားများက လွင့်စင်ထွက်သွား၏။
ဆူဇီမိုသည် ဆတ်ခနဲတုန်ယင်သွားပြီး နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရ၏။
ဘာပဲပြောပြော သူ၏ကျင့်ကြံမှုအဆင့်သည် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ထက် အဆင့်ကြီးတစ်ဆင့် နိမ့်ကျနေ၏။
ဒါ့အပြင် သူ၏မျိုးဆက်သွေးက ကန့်သတ်ခံထားရပြီး သူ၏အနီးကပ်တိုက်ခိုက်ရည်က စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ထက် နိမ့်ကျနေလေသည်။
တစ်ချိန်တည်းမှာပင် ဂမ္ဘီရဆီးနှင်းကလည်း ဆင်းသက်လာပြီး ရှေ့သို့ပစ်ထိုးလိုက်၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ ဆေဘာနည်းစနစ်နှင့်နှိုင်းယှဥ်လျှင် ထိုထိုးချက်သည် အလွန်တရာလှည့်ဖျားတတ်ပြီး ခုခံဖို့အတွက် မဖြစ်နိုင်ပေ။
ဆူဇီမိုက နောက်သို့တစ်ဖန်ဆုတ်လိုက်ရ၏။
ရွှေကျီးကန်းတတိယမင်းသားကတော့ သူသည် သူ၏ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်အပေါ် မှီခိုပြီး ဆူဇီမိုနားမှာရစ်ဝဲကာ တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေ၏။
သူ၏တောင်ပံများက ဒဏ်ရာရရှိထားသော်လည်း သူတို့သည် ဆူဇီမိုကိုခြိမ်းခြောက်နိုင်နေဆဲ ဖြစ်၏။
စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်က အထက်စီးရရှိလာပြီး အခြေအနေကိုထိန်းချုပ်လာနိုင်ကြ၏။
ဆူဇီမိုက တည်ငြိမ်သောအမူအရာရှိနေဆဲပင်။
သူသည် အရေးနိမ့်နေလျှင်တောင် အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်မှာ ရှိနေသည့်အလား သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စမှ ရှိမနေပေ။