← Chapters

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှု

Vol. 94 Ch. 1399

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှု

Vol. 94 Ch. 1399

ဝှစ်…

စတုရန်းကြေးမီးဖိုတစ်လုံးသည် ဆူဇီမို၏ နှာရောင်ထဲကနေ ပျံသန်းထွက်ပေါ်လာ၏။ ၎င်းသည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေပြီး ကမ္ဘာဦးခေတ်ကနေ ဆင်းသက်လာသည့်အလား ရှေးကျသော အော်ရာတစ်ခု ထွက်ပေါ်နေ၏။

စတုရန်းကြေးမီးဖိုက ဆူဇီမို ရှေ့ကနေ ပိတ်ကာပေးလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ထဲရှိ နတ်ဖီးနစ်အရိုးကနေ ထုတ်ဖော်လိုက်သော သွေးနီရောင် နတ်ဘုရားအလင်းသည် စွမ်းအားကြီးမားပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သော်လည်း ၎င်းသည် စတုရန်းကြေးမီးဖိုနှင့် ထိတွေ့ရိုက်ခတ်သောအခါ မည်သည့် ဝဲဂယက်မှ ထွက်မလာခဲ့ပေ။

ရွှစ်..

တစ်ဖက်မှာတော့.. ဆူဇီမို၏ ထိန်းချုပ်မှုအောက်တွင် စတုရန်းကြေးမီးဖိုသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ဆီသို့ ပစ်ဝင်လာခဲ့ပြီဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင်.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏ ဓမ္မစွမ်းအားနှင့် မျိုးဆက်သွေးအရ ဤထိတွေ့ရိုက်ခတ်မှုကနေ ရှောင်တိမ်းနိုင်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက တိတ်ဆိတ်ခြောက်ကပ်သော မီးခိုးရောင်မြူခိုးထဲမှာ ကပ်ငြိနေပြီး သူ၏ လှုပ်ရှားမှုက နှေးကွေးနေ၏။ သူသည် စတုရန်းကြေးမီးဖို ဝင်ရောက်လာသည်ကို တွေ့မြင်သော်လည်း လုံးဝ မရှောင်တိမ်းနိုင်တော့ပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်ပြီး သူ၏ လက်တစ်ဖက်ဖြင့် သူ၏ ဆေဘာကို လွှဲယမ်းကာ စတုရန်းကြေးမီးဖိုကို ခုတ်ပိုင်းချလိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို လှည့်ပတ်ပြီး စတုရန်းကြေးမီးဖိုထံသို့ နောက်ထပ် သွေးနီရောင် မီးတောက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ချွမ်း..

ဆေဘာနှင့် စတုရန်းကြေးမီးဖို ထိတွေ့ရိုက်ခတ်သောအခါ မီးပွားများက စင်ထွက်လာ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ဆတ်ခနဲ တုန်ခါသွားပြီး သူ၏ လက်က ထုံကျင်သွား၏။ သူ၏ ဆေဘာသည် အဆက်မပြတ် တုန်ခါ၍ သူ၏လက်ထဲကနေ လွင့်စင်ထွက်လုနီးပါး ဖြစ်သွားလေသည်။

ဤဆေဘာသည် သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်ပြီး မူလအဆင့် ဓမ္မလက်နက်တစ်ခုလည်း ဖြစ်လေသည်။ နတ်ဖီးနစ်၏ သွေးကို ယဇ်ပူဇော်ပြီး အဲဒါကို သန့်စင်ထားခြင်းဖြစ်ကာ ၎င်းသည် နဂါးဝိညာဉ်ဆေဘာနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဆေဘာသည် စတုရန်းကြေးမီးဖိုနှင့် ထိတွေ့ရိုက်ခတ်သောအခါ ၎င်း၏ ဓားသွားသည် တဇီဇီ အော်မြည်၍ ဝမ်းနည်းဖွယ်ရာ အော်ဟစ်လိုက်သည့်အလား တုန်ခါနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ သူသည် သူတို့နှစ်ယောက်အကြား ထိတွေ့ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော တန်ပြန်ကန်အားကို သုံးကာ သူ၏ မျိုးဆက်သွေး ဓမ္မစွမ်းအားများကို လှည့်ပတ်၍ ကျတ်တီးမြေထဲကနေ ရုန်းထွက်လိုက်၏။

သို့သော် သူ ခုန်ထွက်လိုက်သည့် အချိန်မှာပင်.. သူ့မျက်လုံးရှေ့မှာ ပုံရိပ်တစ်ခုက လှစ်ခနဲ လှုပ်ရှားသွားသည်ဟု ခံစားလိုက်ရ၏။ ဆူဇီမိုသည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး အနာကွန်ဒါတစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။

အေးစက်စက် အမူအရာနှင့်အတူ ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ခွန်အားကို ထုတ်ဖော်လိုက်၏။

အနာကွန်ဒါ ဖျစ်ညှစ်ခြင်း…

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတစ်ခုချင်းစီသည် လျင်မြန်စွာ ပြန့်ကားလာပြီး စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို အဆက်မပြတ် ဖျစ်ညှစ်ကာ ထိုသူကို သတ်ဖြတ်ဖို့ ကြိုးစားနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အလိုလိုရုန်းကန်လိုက်သော်လည်း ရုန်းမထွက်နိုင် ဖြစ်နေ၏။

စောစောကတင် ဆူဇီမို၏ ခန္ဓာကိုယ်သည် ပျော့ပြောင်း၍ အားနည်းနေဆဲဖြစ်သည်ကို သူက ခံစားမိခဲ့၏။ သို့သော်လည်း သူ့ကို ရစ်ပတ်ပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်သည် မာကြောလာပြီး သတ္တုများကဲ့သို့ ချက်ချင်း မကိုင်လှုပ်နိုင်တော့ပေ။

“မကောင်းတော့ဘူး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ခေါင်းနပန်းကြီးသွား​ပြီး ရင်ထဲမှာ တထိတ်ထိတ် ဖြစ်လာ၏။

“အထီးကျန်သိုင်းသခင်က ငါ့ကို ဖျစ်ညှစ်ပြီး သတ်ဖို့ ကြိုးစားနေတာပဲ”

“အား…”

သိပ်သည်းပြင်းထန်သော အန္တရာယ်အောက်တွင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်လာပြီး ပေါက်ကွဲတော့မတတ် ဖြစ်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများကို တစ်လွှာပြီးတစ်လွှာ ရုန်းကြွလာစေပြီး ကောင်းကင်ထက်သို့ ကျယ်လောင်သော ဖီးနစ်အော်သံကို ထုတ်ဖော်လိုက်၏။

သေခြင်းအော်ရာကို ခံစားမိလာပြီး စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏ ခွန်အားကုန်ကို ထုတ်သုံးကာ သူ၏ မျိုးဆက်သွေးစွမ်းအားကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

ဆူဇီမိုကလည်း သူ၏ ခွန်အားကုန်ဖြင့် ဖျစ်ညှစ်ထားဆဲ​ ဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အသက်လု၍ ဒေါသတကြီး ရုန်းကန်​နေ၏။

သူတို့နှစ်ယောက်စလုံးသည် ခွန်အားကို ရူးသွပ်စွာ ထုတ်ဖော်နေကြ၏။

ဆူဇီမို၏ မျိုးဆက်သွေးသည် ချိပ်ပိတ်ခံထားရခြင်း မရှိဘဲ သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်နိုင်မည်ဆိုလျှင် သူသည် တစ်ခဏအတွင်းမှာပင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို အသုံးမပြုနိုင်ဘဲ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် မျှခြေတစ်ခုမှာ လွန်ဆွဲနေရ၏။

ထိုအခိုက်အတန့်တွင် ကျတ်တီးမြေ ဓမ္မပညာရပ်ကလည်း ပျက်ပြယ်လာခဲ့ပြီဖြစ်၏။

ရုတ်တရက်ဆိုသလို…

ပန်းရှုခင်းမဏ္ဍပ် အပြင်ဘက်ကနေ ရွှေရောင်အလင်းတန်းနှစ်ခုသည် မိုးကြိုးနှစ်စင်းကဲ့သို့ ပျံသန်းဝင်ရောက်လာကြ၏။ သူတို့သည် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်နှင့်အတူ ချက်ချင်းပင် ရောက်ရှိလာကြ၏။

ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်ဖိအားတစ်ခုက ဆင်းသက်လာလေသည်။

မိုယင်သည် ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ အမူအရာက ပြောင်းလဲသွား၏။

ထိုဖိအားသည် သူမကိုပင် မွန်းကျပ်ဖွယ်ရာ ခံစားရစေ၏။

“အဲဒါတော့ ဆိုးပြီ.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက် ရောက်လာတာပဲ”

မိုယင်က ထိတ်လန့်သွား၏။

သူမ၏ မျက်လုံးထောင့်ကနေ ရွှေရောင်အလင်းတန်းနှစ်ခုကို တွေ့မြင်လိုက်ရပြီး သူမက ရင်ထဲမှာ နင့်ခနဲ ဖြစ်သွား၏။

ရွှေရောင်အလင်းတန်းနှစ်ခုသည် သွေးချီနှင့်အတူ တလိပ်လိပ်တက်လာပြီး သူတို့၏ အော်ရာများက ရွှေကျီးကန်း တတိယမင်းသားနှင့် တူညီလေသည်။ သူတို့သည် အလွန်တရာ ပူပြင်းတောက်လောင်ပြီး ရွှေကျီးကန်းမျိုးနွယ်မှ လာသည်မှာ သိသာလေသည်။

အဲဒါသည် ကမ္ဘာဦးမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက် ဖြစ်၏။

အဲဒါကတော့ သွားရှာပြီ..။

မိုယင်က စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင်.. ဆူဇီမိုသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်လေသည်။

ရွှေကျီးကန်းမျိုးနွယ်၏ အခြေချရာနေရာသည် ဤဖန်းလိုင်ကျွန်းမှာ တည်ရှိလေသည်။ ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက် ရောက်ရှိလာသည်မှာ အံ့အားသင့်စရာတော့ သိပ်မရှိပေ။

ဆူဇီမို၏ မျိုးဆက်သွေးက ချိပ်ပိတ်မခံထားရလျှင်တောင် သူသည် ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်နှင့် ရင်ဆိုင်ရပါက​ အသက်နှင့်ခန္ဓာ ပျက်သုဉ်းရဖို့ များလေသည်။

ဒါ့အပြင်.. ယခုချိန်မှာ သူ၏ မျိုးဆက်သွေးကို အသုံးမပြုနိုင်ဘဲ သူ၏ ဝှက်ဖဲများ အားလုံးကိုလည်း ဖော်ထုတ်ခဲ့ပြီးလေပြီ။ ယခုအချိန်တွင် သူက ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို အနိုင်ယူဖို့ အခွင့်အရေး လုံးဝ မရှိတော့ပေ။

“အထီးကျန်သိုင်းသခင်.. မင်းကတော့ သေပြီပဲ.. ဟားဟားဟားဟား”

စွမ်းအားကြီးပုဂ္ဂိုလ်​ ကောင်းကင်ဘုံဖီးနစ်က မနေနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်၏။

ဆူဇီမိုက တည်ငြိမ်သော အမူအရာနှင့်ပင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်၏။

ရွှေရောင်အလင်းတန်းနှစ်ခုက ဆူဇီမိုထံသို့ ရောက်ရှိလာတော့မည့်ဆဲဆဲမှာပင်.. အလွန်တရာ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုသည် သူ၏ နှာရောင်ကနေ ဖြန့်ကြက်ထွက်ပေါ်လာ၏။

ရုတ်တရက်.. လက်တစ်ဝါးအရွယ်ရှိသော လခြမ်းကွေးသဏ္ဌာန် ကြေးခွံတစ်ခုသည် သူ၏ နှာရောင်ကနေ ပျံသန်းထွက်ပေါ်လာ၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်.. ဘက်ပြန်ကြေးခွံ…

စွမ်းအားကြီးပုဂ္ဂိုလ်​ ကောင်းကင်ဘုံဖီးနစ်၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွား၏။

သူသည် ထိုကြေးခွံကနေ သန်မာအားကောင်းသော သေခြင်းအော်ရာတစ်ခုကို ခံစားမိနေ၏။

သူ၏ အသိစိတ်ထဲတွင် သူ၏ အမြုတေစိတ်ဝိညာဉ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေ၏။

ကံကောင်းထောက်မစွာဖြင့်.. ထို အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို ပစ်မှတ်ထားခြင်း ဖြစ်၏။

မဟုတ်ပါက.. စွမ်းအားကြီးပုဂ္ဂိုလ်​ ကောင်းကင်ဘုံဖီးနစ်သည် သူက သေချာပေါက် သေရလိမ့်မည်ဟု ယုံကြည်လေသည်။

ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည်လည်း တုန်လှုပ်သွားပြီး သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင်.. ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် သူတို့ပေါ်မှာ ခြိမ်းခြောက်မှု မရှိနိုင်ပေ။

သူတို့ထံမှ မည်သည့် စိတ်ဝိညာဉ်အသိစိတ်မဆို.. တစ်ဖက်လူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ချေမွဖျက်ဆီးနိုင်လေသည်။

သို့သော်လည်း ဤကြေးခွံကတော့ ကွဲပြားခြားနားလေသည်။

ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ပင်လျှင် ခြိမ်းခြောက်မှုကို ခံစားရ၏။

“မင်းကတော့ သေချင်နေပြီပဲ”

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည် ဟိန်းဟောက်၍ သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။

မီးတောက်များဖြင့် လောင်ကျွမ်းနေသော ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ကောင်သည် ပျံသန်းထွက်ပေါ်လာပြီး ထိုကြေးခွံနှင့် ထိတွေ့ရိုက်ခတ်လိုက်၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သုံးခုက တိတ်တဆိတ် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

သို့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လေထုသည် တုန်ခါ၍ တွန့်လိမ်သွား၏။ အလင်းတန်းများ၏ လမ်းကြောင်းကပင်လျှင် သွေဖယ်သွားရလေသည်။

ဘက်ပြန်ကြေးခွံပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အဲဒါက ကြေမွပျက်စီးသွား၏။

နဂါးတစ်ကောင်၏ လက်ပြန်ကြေးခွံနှင့် ထိတွေ့မိသူ မည်သူမဆို သေရပေလိမ့်မည်။

ဘက်ပြန်ကြေးခွံသည် သန်မာသော်လည်း အဲဒီမှာ အကန့်အသတ်တစ်ခု ရှိနေဆဲဖြစ်၏။

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များသည် ဘက်ပြန်ကြေးခွံကို ချက်ချင်းပင် ကြေမွပျက်စီးသွားစေ၏။

တကယ်တော့ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည်လည်း ခပ်သဲ့သဲ့ ညည်းလိုက်ရ၏။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားခဲ့ရ၏။ သူတို့သည် ဒဏ်ရာရရှိမသွားသော်လည်း သူတို့က တုန်လှုပ်သွားရဆဲ ဖြစ်၏။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ဒဏ်ရာရစေလုနီးပါး ဖြစ်ခဲ့၏။

ဤလူကသာ ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သွားလျှင် ဘာတွေများ ဖြစ်လာနိုင်မလဲ..။

“သတ်”

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည် မာန်သွင်းအော်ဟစ်၍ နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြ၏။

သူတို့နှစ်ယောက်သည် သူတို့၏ လက်ဖဝါးများကို လှုပ်ရှားပြီး မနှိုင်းယှဉ်သာအောင် သန့်စင်သော ဓမ္မစွမ်းအားများကို စုဖွဲ့လိုက်၏။ ချက်ချင်းပင် သူတို့၏ လက်ဖဝါးထဲမှာ လှံရှည်တစ်လက်စီက ဖြစ်ပေါ်လာ၏။

ထိုဓမ္မစွမ်းအားများသည် ပေါင်းစည်းခန္ဓာအဆင့်၏ အကန့်အသတ်ထိ ရောက်ရှိအောင် ကျင့်ကြံထားခဲ့ပြီးဖြစ်၏။

သူတို့ထံမှ လှုပ်ရှားမှု တစ်ခုချင်းစီသည် အသန်မာဆုံး ဓမ္မပညာရပ်များကို ထုတ်ဖော်နိုင်လေသည်။

ရွှေရောင်နေမင်း အမြုတေမီးတောက်ဖြင့် လောင်ကျွမ်းနေသော လှံများသည် သက်ရှိများ အားလုံးကို ပြာချပစ်နိုင်သည့်အလား.. မနှိုင်းယှဉ်သာအောင် ချစ်ချစ်တောက် ပူလောင်နေ၏။

ရွှစ်…

လှံနှစ်လက်သည် ပျံသန်းထွက်ပေါ်လာပြီး ဆူဇီမိုရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

ဆူဇီမိုသည် သူ၏ လက်ကို လွှတ်ချပြီး လက်တစ်ဖက်ဖြင့် စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ကာ ခုခံလိုက်၏။

တစ်ချိန်တည်းမှာပင်.. သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်က ဖျပ်ခနဲလက်သွား၏။ သူ၏ အခြားလက်တစ်ဖက်က နဂါးဝိညာဉ်ဆေဘာကို ကိုင်ဆွဲပြီး ရှေ့သို့ တိတ်တဆိတ် ခုတ်ပိုင်းချကာ ဝဲဂယက်လှိုင်းများကို ဖြစ်ပေါ်လာစေ၏။

ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်နှင့် တိုက်ခိုက်သောအခါ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်သွား၏။ သူသည် စိတ်သက်သာရာရသွားပြီး သူ၏ စိတ်ကလည်း ပေါ့ပါးသွား၏။

သူက ထွက်ပြေးလွတ်မြောက်နိုင်တော့မည်ပင်။

ရုတ်တရက်ဆိုသလို…

သူသည် သူ၏မျက်ဝန်းထောင့်ကနေ တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရ၏။

သူ့နောက်ဘက်ရှိ လေဟာနယ်ထဲကနေ လှိုင်းဂယက်တစ်ခုက ဖြန့်ကြက်လာသည်ဟု ထင်ရပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဘုန်း..

လှံနှစ်လက်သည် ကျယ်လောင်သော မြည်သံနှင့်အတူ စတုရန်းကြေးမီးဖိုနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။

စတုရန်းကြေးမီးဖိုသည် ဖျက်ဆီး၍ မရနိုင်ပေ။ ၎င်းသည် ဓမ္မစွမ်းအား လှံနှစ်လက်ကို ခုခံနိုင်ခဲ့သော်လည်း စတုရန်းကြေးမီးဖိုသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ စွမ်းအားများကိုတော့ ခုခံပေးနိုင်ခြင်း မရှိပေ။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ခါသွားပြီး သူ၏လက်ထဲကနေ အရိုးများ ကျိုးပဲ့သံ ထွက်ပေါ်လာကာ သွေးမြူများက ပန်းထွက်လာ၏။

သူ၏ လက်တစ်ဖက်လုံးက ထိုတိုက်ခိုက်မှုဖြင့် ပျက်စီးသွားခဲ့ပြီဖြစ်၏။

All Chapters