← Chapters

မီးတောင်ထဲသို့ ခုန်ချသွားခြင်း

Vol. 94 Ch. 1400

မီးတောင်ထဲသို့ ခုန်ချသွားခြင်း

Vol. 94 Ch. 1400

သူ၏ လက်တစ်ဖက်သည် ပျက်စီးထိခိုက်သွားပြီး စတုရန်းကြေးမီးဖိုကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ကောက်ယူဖို့ စွမ်းအင် မကျန်ရှိတော့ပေ။

အကြောင်းမှာ.. ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ကြောက်စရာကောင်းမှုသည် ထိုမျှသာ မကသောကြောင့်ပင်။

လှံနှစ်လက်သည် စတုရန်းကြေးမီးဖိုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် သူတို့က ကြေမွပျက်စီးသွားခဲ့ပြီဖြစ်၏။ သို့သော်လည်း ချစ်ချစ်တောက် ပူလောင်သော ရွှေရောင်မီးတောက်များသည် ပေါက်ကွဲထွက်ပေါ်လာပြီး ဆူဇီမိုကို ချက်ချင်းပင် ဝါးမျိုသွား၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဆင့်ခေါ်ထားသော နေမင်းအမြုတေမီးသည် ရွှေကျီးကန်း တတိယမင်းသားထက် များစွာပို၍ သန်မာလေသည်။

သူ၏ ဆံပင်များနှင့် အသားများသည် လောင်ကျွမ်းတူးချစ်သွားပြီး သူ့ကို​ နေမင်းအမြုတေမီးက အပြည့်အဝ လွှမ်းခြုံကာ ဧရာမ လူပုံသဏ္ဌာန် မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေ၏။

တစ်ချိန်တည်းမှာပင်.. တိုက်ပွဲနယ်မြေကနေ နောက်ထပ် သွေးရောင် အလင်းလုံးတစ်လုံးကလည်း ပေါက်ကွဲထွက်ပေါ်လာ၏။

“အား…”

ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ်၏ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်နှင့် ခုခံရင်ဆိုင်နေစဉ်အတွင်း သူ ထုတ်ဖော်ခဲ့သော ခုတ်ချက်သည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို ပစ်မှတ်ထားခဲ့လေသည်။

သွေးသံရဲရဲ လက်တစ်ဖက်က လွင့်စင်ထွက်လာ၏။

ဆူဇီမိုသည် နေမင်းအမြုတေမီးထဲမှာ ရှိပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် သိပ်သည်းပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း သူက အသံတစ်ချက် မထွက်ပေ။ သူသည် အံကို တင်းတင်းကြိတ်ပြီး နဂါးဝိညာဉ်ဆေဘာကို ပစ်ချကာ ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ်၏ လက်ပြတ်ကို ဖမ်းယူလိုက်၏။

ပြောရမည်ဆိုလျှင်.. နေမင်းအမြုတေမီး လောင်ကျွမ်းခံရခြင်း၏ နာကျင်မှုသည် တာအိုအမွေအနှစ်ကုန်းမြေ၏ ကပ်ဘေးသုံးဆင့်နယ်မြေမှာ သူခံစားခဲ့ရသည့် နာကျင်မှု၏ ၁၀ ရာခိုင်နှုန်းနှင့်ပင် မယှဉ်နိုင်သေးပေ။

ထိုစဉ်တုန်းက ခံစားခဲ့ရသော အရိုးကွဲယင်လေနှင့် ကံကြမ္မာမီးတောက်များ၏ နာကျင်မှုသည် သာမန်လူများ ခံနိုင်ရည်ရှိသော တစ်စုံတစ်ရာ မဟုတ်ပေ။

“သူက သေမသွားဘူးလား”

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမူအရာက အေးစက်လာပြီး ရွှေရောင်အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲကာ ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။

သူတို့သည် ဆူဇီမိုကို အသက်ရှင်ခွင့်ပေးစရာ အကြောင်းမရှိပေ။

ရွှေရောင်မီးတောက်များအတွင်းမှာ ဆူဇီမို၏ မျက်လုံးထဲ၌ လှောင်ပြောင်သရော်လိုသည့် ပုံရိပ်က ထွက်ပေါ်လာ၏။ ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက် လှုပ်ရှားလိုက်သည့် အချိန်မှာပင် သူကလည်း လှုပ်ရှားလိုက်ပြီ ဖြစ်၏။

သူက ရှေ့သို့ တက်မလာဘဲ သူ့နောက်ဘက် မလှမ်းမကမ်းရှိ မီးတောင်နှုတ်ခမ်းဝဆီသို့ ခုန်ဆုတ်လိုက်၏။

“သခင်လေး..”

မိုယင်က ထိုသည်ကို မြင်သောအခါ ထိတ်လန့်တကြား အော်ခေါ်လိုက်၏။

ဘန်း…

သူမသည် စိတ်အာရုံ ပျက်ယွင်းသွားပြီး ဖန်းလိုင်ကျွန်းမှ ပေါင်းစည်းခန္ဓာတစ်ယောက်၏ ဓမ္မပညာရပ်ဖြင့် ထိမှန်ခြင်း ခံလိုက်ရ၏။ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မှေးမှိန်သွားသော အမူအရာနှင့်အတူ သွေးများကို ထွေးထုတ်လိုက်ရ၏။

သူမသည် သူမ၏ ခန္ဓာကိုယ်မှ မည်သည့် နာကျင်မှုကိုမှ မခံစားရသည့်အလား.. မိုယင်သည် မီးတောင်နှုတ်ခမ်းဝ ရှိရာဘက်သို့ ငေးငိုင်စွာဖြင့် ကြည့်နေ၏။

ဆူဇီမို၏ ပုံရိပ်က တဝုန်းဝုန်း ထကြွနေသော အပူလှိုင်းများကြား တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

အထဲမှာ ရှိသော ချော်ရည်များကို မပြောနှင့်… မီးတောင်နှုတ်ခမ်းဝမှာပင်လျှင် အထွတ်အမြတ်မီးတောင်ကနေ ထွက်ပေါ်လာသော အပူရှိန်ကို သူတို့က တောင့်ခံနိုင်ရုံမျှသာ ရှိကြ၏။

ရွှေကျီးကန်းမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက် အထဲသို့ ကျဆင်းသွားခဲ့လျှင်တောင် သူတို့၏ ခန္ဓာကိုယ်များသည်လည်း ပျက်သုဉ်းရမည် ဖြစ်၏။

“ဒါက..”

ထိုသည်ကို မြင်သောအခါ.. အခြားလူတိုင်းသည် ကြောင်အ,မှင်တက်သွားကြ၏။

“အထီးကျန်သိုင်းသခင်ရဲ့ စိတ်ဓာတ်က တော်တော်မာကြောတာပဲ.. သူက ငါတို့သတ်တာ ခံရဖို့ထက် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ပဲ ရွေးချယ်သွားခဲ့တယ်”

ဂမ္ဘီရဆီးနှင်းက ပြောလိုက်၏။

“အဲဒါက သူ့အတွက် အရမ်းလွယ်ကူသွားတာပေါ့”

ရွှေကျီးကန်း တတိယမင်းသားက မုန်းတီးစွာဖြင့် ပြောလိုက်၏။

သူသည် ဆူဇီမိုကို တစ်စစီ ဆုတ်ဖြဲပြီး ညှင်းပန်းနှိပ်စက်ခြင်း မပြုလုပ်လိုက်ရသည့်အတွက် သူ့ရင်ထဲရှိ အမျက်ဒေါသများက ပြေပျောက်မသွားနိုင်ပေ။

“မဟုတ်သေးဘူး.. အဲ့လောက်ထိ မရိုးရှင်းဘူး”

ထိုစဉ်မှာပင်.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အသံက ထွက်ပေါ်လာပြီး အနည်းငယ် မောဟိုက်နေ၏။ သူ၏ လက်ပြတ်ဒဏ်ရာမှ သွေးများက စီးကျနေပြီး သူ၏ လက်က ယခုအချိန်ထိ ပြန်ပေါက်မလာသေးပေ။

နဂါးဝိညာဉ်ဆေဘာတွင် ပါဝင်သော နဂါးချီသည် သူ၏ ဒဏ်ရာအပေါ် သိသိသာသာ သက်ရောက်စေခဲ့၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အော်ရာက အားနည်းသွားသော်လည်း သူက ပြောဆိုလိုက်လေသည်။

“ခင်ဗျားတို့တွေ မီးတောင်နှုတ်ခမ်းဝကို တစ်ချက်သွားကြည့်သင့်တယ်… အထီးကျန်သိုင်းသခင်မှာ တခြားလှည့်ကွက်တွေ ရှိရင် ရှိနေဦးမှာ”

“အဲဒါတော့ ဟုတ်တယ်”

ရွှေကျီးကန်း တတိယမင်းသားကလည်း တုံ့ပြန်လိုက်၏။

“အထီးကျန်သိုင်းသခင်က တော်တော်အသက်ပြင်းတယ်.. ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကြောင့် သူက လေဟာနယ်စီးကြောင်းထဲကို တွန်းပို့ခံလိုက်ရတာတောင် သေမသွားခဲ့ဘူး”

“ဟွန့်”

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

“အထွတ်အမြတ် မီးတောင်ထဲမှာရှိတဲ့ ချော်ရည်ရဲ့ အပူရှိန်က ဘယ်လောက်တောင် ပြင်းထန်သလဲ မင်းတို့ မသိဘူးလား.. ငါတို့ ပြုတ်ကျသွားရင် ငါတို့လည်း သေရမှာပဲ… သူ့လို ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကိုဆို ပြောနေစရာတောင် မလိုဘူး”

ထိုသို့ သူပြောလိုက်သော်လည်း.. လူတိုင်းသည် အထွတ်အမြတ်မီးတောင်၏ အပူရှိန်ကို တောင့်ခံကာ မီးတောင်နှုတ်ခမ်းဝသို့ သွားရောက်လိုက်ကြ၏။

သူတို့ မီးတောင်နှုတ်ခမ်းဝသို့ ရောက်ရှိသည့်အချိန်တွင် ရွှေကျီးကန်း တတိယမင်းသား၊ ဂမ္ဘီရဆီးနှင်းနှင့် အခြားသူများသည် ချွေးများဖြင့် စိုရွှဲလာပြီဖြစ်ပြီး ထိုချွေးများက ချက်ချင်းပင် အငွေ့ပျံသွား၏။ သူတို့၏ အရေပြားများကပင် ခြောက်သွေ့၍ အက်ကွဲလာခဲ့ပြီ ဖြစ်၏။

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ မျက်နှာပေါ်မှာလည်း ချွေးတစ်လွှာက ဖြစ်ပေါ်လာ၏။

လူတိုင်းသည် မီးတောင်၏ အနက်ပိုင်းထဲသို့ အာရုံစိုက်၍ ကြည့်လိုက်ကြ၏။

မီးတောင်၏ အနက်ပိုင်းထဲတွင် သွေးနီရောင် ချော်ရည်များက တလိပ်လိပ် တက်လာနေပြီး ဆူဇီမိုက သူ၏မျက်လုံးနှစ်ဖက်ကို တင်းကျပ်စွာ မှိတ်ထား၏။ သူ၏ ခန္ဓာကိုယ် ထက်ဝက်ကျော်သည် ချော်ရည်ထဲမှာ နစ်မြုပ်နေ၏။

သူ၏ အသားများက ဘာမှမကျန်အောင် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်၏။

သူ၏ အရိုးစုသာ ကျန်ရစ်ခဲ့သော်လည်း အဲဒါကလည်း ကြောက်စရာကောင်းသော ချော်ရည်များ၏ အောက်မှာ စတင် အရည်ပျော်လာနေပြီဖြစ်၏။

သိပ်မကြာခင်.. ချော်ရည်များက တလိပ်လိပ်တက်လာပြီး ဆူဇီမိုကို လုံးဝ နစ်မြုပ်သွားစေ၏။

ထိုသည်ကို မြင်သောအခါ.. လူတိုင်းက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ထိုသို့ဆိုလျှင်.. အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်မလာနိုင်တော့ပေ။ လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်လိုက်ကြ၏။ မီးတောင်နှုတ်ခမ်းဝ၏ အစပ်၌ လှုပ်ရှားမှု တစ်ခုချင်းစီသည် သူတို့အတွက် ကြီးစွာသော နှိပ်စက်မှုတစ်ခုကို ဖြစ်စေလေသည်။

“အခြေအနေ ဘယ်လိုလဲ.. အထီးကျန်သိုင်းသခင် အသက်ရှင်နေသေးလား”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ့လက်ဒဏ်ရာကြောင့် ရှေ့သို့ သွားမကြည့်နိုင်ခဲ့ပေ။ သူက အခြားလူများ အလျင်အမြန် ပြန်လာသည်ကို တွေ့မြင်သောအခါ အလောတကြီး မေးလိုက်၏။

“သူ သေသွားပြီ”

ဂမ္ဘီရဆီးနှင်းက ခေါင်းညိတ်၍ အသေအချာ ပြောလိုက်၏။

“ဒီနေ့ကစပြီး အထီးကျန်သိုင်းသခင်ဆိုတာ ကျင့်ကြံရေးလောကမှာ မရှိတော့ဘူး”

“သူက အဲ့လောက်လွယ်လွယ် သေသွားတာလား”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အဲဒါကို မယုံကြည်နိုင်သေးပေ။ သူသည် ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်မိလေသည်။

“စီနီယာတို့.. စောစောတုန်းက အထီးကျန်သိုင်းသခင်က မီးတောင်ထဲကို ခုန်မချနိုင်ခင်.. ခင်ဗျားတို့က မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး သူ့ကို တားဆီးခဲ့သင့်တယ်”

“ဘာလဲ.. မင်းက ငါတို့ကို အပြစ်တင်နေတာလား”

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်က အေးစက်စက် အမူအရာတစ်ခု ရှိလာပြီး သူ၏မျက်နှာက မကောင်းဆိုးဝါးဆန်နေလေသည်။

“မ.. မဟုတ်ပါဘူး.. ကျုပ်က.. အဲ့လို ဆိုလိုတာ မဟုတ်ဘူး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ထိတ်လန့်သွားပြီး အလောတကြီး ရှင်းပြလိုက်၏။

“ဘာပဲပြောပြော.. အထီးကျန်သိုင်းသခင်မှာ လျှို့ဝှက်ချက်တွေနဲ့ ရတနာတွေ အများကြီး ရှိတယ်.. သူက မီးတောင်ထဲမှာ ဒီလိုပုံစံနဲ့ သေဆုံးသွားရတာ နှမျောစရာပဲ”

“ဟွန့်”

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

“ဘာမှ နှမျောနေစရာ မရှိဘူး.. အထီးကျန်သိုင်းသခင်ရဲ့ ကြေးမီးဖိုနဲ့ နဂါးဝိညာဉ်ဆေဘာက ဒီမှာ ကျန်ခဲ့သေးတာပဲ”

“ဒါ.. ဒါပေမဲ့…”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တစ်စုံတစ်ရာကို ပြောချင်သော်လည်း ရပ်တန့်လိုက်၏။

“ဒါပေမဲ့ ဘာဖြစ်လဲ”

အခြား ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးက လှောင်ရယ်မော၍ မေးလိုက်၏။

“ကျုပ်ရဲ့ လက်က…”

“ဟီးဟီး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဆုံးအောင် မပြောရသေးခင်မှာပင်.. သူက ဖြတ်၍ အရယ်ခံလိုက်ရ၏။

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးက နှုတ်ခမ်းစူလိုက်၏။

“အဲဒါက လက်တစ်ဖက်ပဲ.. မင်းက ရက်နည်းနည်းလောက် အားဖြည့်ပြီး မင်းဒဏ်ရာမှာ ရှိတဲ့ နဂါးချီတွေ ပျက်ပြယ်သွားတာနဲ့ အဲဒါက ပြန်ပေါက်လာမှာပေါ့”

“ဒါပေမဲ့…”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ထပ်မံ၍ ရှင်းပြချင်သေး၏။

ရွှေကျီးကန်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးက မျက်မှောင် အနည်းငယ်ကြုတ်၍ စိတ်မရှည်နိုင်သော အမူအရာဖြင့် လက်ကာပြလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ဘာကြောင့်ရယ်မသိ… သူက မအီမသာ ခံစားနေရ၏။

တကယ်ပင် သူ၏ လက်တစ်ဖက် ပြတ်တောက်သွားခြင်းသည် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟု မဆိုနိုင်ပေ။

သို့သော်လည်း.. အဓိက ပြောစရာဖြစ်သည်မှာ ပြတ်တောက်သွားသော သူ၏ လက်ထဲတွင် နတ်ဖီးနစ်အရိုး ပါသွားခြင်း ဖြစ်၏။

ထိုအချိန်တုန်းက အခြေအနေသည် သိသိသာသာ ထူးခြားနေခဲ့၏။ တကယ်ဆို.. အထီးကျန်သိုင်းသခင်သည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုများကို သူ၏ ခွန်အားကုန်ဖြင့် ခုခံရမည့်အစား ကောင်းကင်ဘုံဖီးနစ်၏ လက်ကို မရမက ပိုင်းဖြတ်သွားခဲ့လေသည်။

နောက်ပိုင်းတွင် အထီးကျန်သိုင်းသခင်၏ လက်က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့၏။

သို့သော်လည်း သူသည် နတ်ဖီးနစ်အရိုးကို အရယူနိုင်ဖို့အတွက် သူ၏ စတုရန်းကြေးမီးဖိုနှင့် နဂါးဝိညာဉ်ဆေဘာကိုပင် စွန့်လွှတ်လိုခဲ့လေသည်။

အထီးကျန်သိုင်းသခင်သည် နတ်ဖီးနစ်အရိုးတစ်ခုကို ရရှိဖို့အတွက်နှင့် ပင်းပန်းဆင်းရဲခံကာ ပြင်းထန်သော ဒဏ်ရာများစွာကို ခံယူ၍ သူ၏ ရတနာလက်နက်များကိုပင် စွန့်လွှတ်ခဲ့လေသည်။ သူက မီးတောင်ထဲကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ချင်တာဆိုလျှင် ထိုမျှအထိ ဒုက္ခခံဖို့ လိုအပ်ခဲ့ရဲ့လား။

အဲဒါက အဓိပ္ပာယ် သိပ်မရှိပေ။

တကယ်တော့.. ဂမ္ဘီရဆီးနှင်းနှင့် အခြားသူများသည် အထီးကျန်သိုင်းသခင် သေဆုံးသွားသည်ကို သူတို့၏ မျက်စိနှင့် တပ်အပ်မြင်တွေ့ခဲ့သည် ဆိုမှတော့.. အဲဒီမှာ အမှားအယွင်း တစ်စုံတစ်ရာကလည်း ရှိမလာနိုင်တော့ပေ။

အထီးကျန်သိုင်းသခင်သည် ဤတိုက်ပွဲမှာ သတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း သူတို့သည်လည်း ကြီးမားစွာ နစ်နာဆုံးရှုံးခဲ့ရ၏။

အထူးသဖြင့် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ဖြစ်လေသည်။

အစကတော့.. သူသည် အထီးကျန်သိုင်းသခင်၏ နတ်ဖီးနစ်အရိုးကို အရယူနိုင်မည်ဟု တွေးထင်ထားခဲ့၏။ ထိုအခါ သူသည် ဖုန့်ဟွမ်မျိုးဆက်သွေးကို မကျင့်ကြံနိုင်လျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားက အဆများစွာ တိုးပွားလာမည် ဖြစ်၏။ ယခုအချိန်မှာတော့ သူ ပိုင်ဆိုင်ခဲ့သော နတ်ဖီးနစ်အရိုးကိုပင် ဆုံးရှုံးခဲ့ရလေပြီ။

All Chapters