← Chapters

အသွင်ပြောင်းလဲခြင်း

Vol. 94 Ch. 1401

အသွင်ပြောင်းလဲခြင်း

Vol. 94 Ch. 1401

“ဒုတိယမင်းသားနဲ့ စတုတ္ထမင်းသား.. မင်းတို့တွေက ဘာလို့ ဒီကို ရောက်လာတာလဲ”

ရွှေကျီးကန်း တတိယမင်းသားက မကျေနပ်ဟန်ဖြင့် မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“ငါက ဒီနေရာမှာ ဂိတ်တံခါး ၈ထပ် နဂါးသော့ခတ် ဝင်္ကပါကို ကြိုတင်ခင်းကျင်းခဲ့ပြီးပြီ.. အထီးကျန်သိုင်းသခင်ရဲ့ မျိုးဆက်သွေးက ချိပ်ပိတ်ခံထားရလို့ သူက ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

ရွှေကျီးကန်းမျိုးနွယ်တွင် ကလန်သားများစွာ ရှိသော်လည်း မျိုးဆက်တစ်ခုချင်း၏ လူငယ်မျိုးဆက်များသည် ရွှေကျီးကန်းမင်းသား ၁၀ပါးကို သူတို့၏ ခေါင်းဆောင်များအဖြစ် ရှုမြင်ကြ၏။

ရောက်ရှိလာသော တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည်လည်း ရွှေကျီးကန်းမင်းသား ၁၀ပါးထဲမှ ၂ပါး ဖြစ်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်သည် ရွှေကျီးကန်း ဒုတိယမင်းသားဖြစ်ပြီး အခြားတစ်ယောက်က ရွှေကျီးကန်း စတုတ္ထမင်းသား ဖြစ်၏။

ရွှေကျီးကန်းမင်းသား ၁၀ပါးကြားမှာ သူတို့၏ ကျင့်ကြံမှုအဆင့်က ကွာခြားမှု ရှိကြ၏။ သို့သော်လည်း အားအနည်းဆုံးမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။

“တတိယမင်းသား.. ငါတို့သာ ရောက်မလာဘူးဆိုရင် မင်းက အထီးကျန်သိုင်းသခင် လက်ချက်နဲ့ သေနေလောက်ပြီ ထင်တယ်”

ရွှေကျီးကန်း စတုတ္ထမင်းသားက ရယ်မောလိုက်၏။

“ဟွန့်”

ရွှေကျီးကန်း တတိယမင်းသားက သူ၏လက်သီးကို ဆုပ်လိုက်၏။

“မင်းတို့မှာ ဘာအကြံရှိသလဲ ငါမသိဘူး မထင်နဲ့… မင်းတို့က ဒီနေရာကို အထီးကျန်သိုင်းသခင်ရဲ့ ရတနာတွေအတွက် တိုက်ခိုက်ဖို့ ရောက်လာကြတာပဲ”

ရွှေကျီးကန်းမင်းသား ၁၀ပါးကြားမှာ ပြင်းထန်သော ပြိုင်ဆိုင်မှု ရှိပြီး သူတို့အချင်းချင်း ကိုယ်တိုင်ကိုယ်ကျတော့ တိုက်ခိုက်လေ့ မရှိကြပေ။

ရွှေကျီးကန်း ဒုတိယမင်းသားက တစ်ချိန်လုံး မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိပေ။ သို့သော်လည်း သူက စတုရန်းကြေးမီးဖို ရှိရာသို့ လျှောက်သွားပြီး အဲဒါကို ကောက်မလိုက်၏။

“တော်တော် လေးတာပဲ”

သူက ရင်တစ်ချက်ထိတ်သွား၏။

အထီးကျန်သိုင်းသခင်က သေဆုံးသွားသော်လည်း သူက ရတနာနှစ်ခုကို ချန်ထားရစ်ခဲ့၏။ အဲဒါက စတုရန်းကြေးမီးဖိုနှင့် နတ်ဖီးနစ်ကျွန်း၏ နဂါးဝိညာဉ်ဆေဘာ ဖြစ်၏။

နဂါးဝိညာဉ်ဆေဘာက အပြင်လောကမှာ အတော်လေး နာမည်ကြီး ကျော်ကြားလေသည်။

ဒါ့အပြင် နဂါးဝိညာဉ်ဆေဘာကို ကိုင်ဆွဲနိုင်သည့် မည်သူမဆို နတ်ဖီးနစ်ကျွန်း၏ သခင်လေး ဖြစ်လာလိမ့်မည်ဟု ဆေဘာဧကရာဇ်က ပြောဆိုခဲ့၏။

သို့သော်လည်း.. ရွှေကျီးကန်း ဒုတိယမင်းသား၏ မျက်လုံးထဲတွင် စတုရန်းကြေးမီးဖိုက နဂါးဝိညာဉ်ဆေဘာထက် ပို၍ အဖိုးတန်ပြီး ပို၍ လျှို့ဝှက်ဆန်းကြယ်လေသည်။

စတုရန်းကြေးမီးဖိုသည် သူ၏ ကိုယ်ထည်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်၍ လုံးဝ ဖျက်ဆီးခံထားရသည့်ပုံပေါ်နေ၏။

သို့သော်လည်း ၎င်းသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံပေးနိုင်ခဲ့၏။

ရွှေကျီးကန်း ဒုတိယမင်းသားသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ စတုရန်းကြေးမီးဖိုပေါ်တွင် အထီးကျန်သိုင်းသခင် ချန်ထားရစ်ခဲ့သည့် စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားကို ဖျက်ဆီးဖို့ ကြိုးစားလိုက်၏။

အထီးကျန်သိုင်းသခင် ချန်ထားရစ်ခဲ့သော စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားကို ဖျက်ဆီးပစ်မှသာလျှင်.. စတုရန်းကြေးမီးဖိုက သူ့အပိုင်ရတနာ ဖြစ်လာပေလိမ့်မည်။

အခြားတစ်ဖက်မှာတော့ ရွှေကျီးကန်း စတုတ္ထမင်းသားသည် ရှေ့သို့ လျှောက်လှမ်းသွားပြီး နဂါးဝိညာဉ်ဆေဘာကို ကောက်ယူလိုက်၏။ သူက ရွှေကျီးကန်း တတိယမင်းသားဘက်သို့ လှည့်၍ သွားဖြဲပြလိုက်၏။

“တတိယမင်းသား.. ဒီနဂါးဝိညာဉ်ဆေဘာကတော့ ငါ့အပိုင် ဖြစ်သွားပြီနော်”

“ဟမ်”

ရွှေကျီးကန်း တတိယမင်းသားက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

သူသည် ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲတွင် သူ၏ တတိယမြောက် ခြေထောက် ဖြတ်တောက်ခံရကာ ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ဖန်းလိုင်ကျွန်းသို့ ပြန်ရောက်လာပြီးနောက် ရွှေကျီးကန်းမျိုးနွယ်မှာ သူ၏ အဆင့်အတန်းက ကျဆင်းသွားခဲ့လေပြီ။

ရွှေကျီးကန်းတစ်ကောင်အနေဖြင့် သူ၏ တတိယမြောက် ခြေထောက်ကို ဆုံးရှုံးလိုက်ရခြင်းက သူ၏ အသန်မာဆုံး ဝှက်ဖဲကို ဆုံးရှုံးလိုက်ရခြင်းနှင့် တူညီလေသည်။

အစကတော့.. ရွှေကျီးကန်း တတိယမင်းသားသည် ဤတစ်ခေါက်မှာ အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ပြီး သူပိုင်ဆိုင်သည့် ရတနာများနှင့် ကျင့်ကြံရေး နည်းစနစ်များကို ရယူကာ အဆင့်ချိုးဖျက်တက်လှမ်းဖို့ ရည်ရွယ်ထားခဲ့၏။

သို့သော် ဤတစ်ခေါက်မှာလည်း ရွှေကျီးကန်းမင်းသားနှစ်ပါး ဝင်ရောက်လာခြင်းနှင့်အတူ သူက မည်သည့် အကျိုးအမြတ်ကိုမှ မရရှိနိုင်တော့ပေ။

ရွှေကျီးကန်း စတုတ္ထမင်းသားက ပြုံးစစဖြင့် ရှေ့သို့ လျှောက်လှမ်းသွား၏။ သူ၏ လက်ဖဝါးက နဂါးဝိညာဉ်ဆေဘာနှင့် ထိတွေ့သည့် အခိုက်အတန့်မှာပင် အပြောင်းအလဲတစ်ခုက ဖြစ်ပေါ်လာ၏။

ချွင်… ချွမ်…

ရုတ်တရက်.. ဆေဘာက ရူးသွပ်စွာ တုန်ခါလာပြီး ပြင်းထန်ကြမ်းကြုတ်သော ဆေဘာချီစီးကြောင်းများကို ထုတ်ဖော်လာ၏။ ဘိုးဘေးနဂါးချီသည် ဖြန့်ကြက်ထွက်ပေါ်လာပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ထုတ်ဖော်လာ၏။

“ဟမ်”

အငိုက်မိသွားပြီး နဂါးဝိညာဉ်ဆေဘာကနေ ထုတ်ဖော်လိုက်သော ဆေဘာချီကြောင့် သူ၏ လက်ဖဝါးက ဒဏ်ရာရရှိသွားကာ သွေးများက စီးကျလာ၏။

“ပိုင်ရှင်မဲ့ လက်နက်တစ်ခုက ဘယ်လိုတောင် မောက်မာရဲတာလဲ”

ရွှေကျီးကန်း စတုတ္ထမင်းသားသည် သူ၏ အပြုံးကို ရုတ်သိမ်းပြီး သူ၏ အမူအရာက အေးစက်လာ၏။

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်အနေဖြင့် သူ့လက်ဖဝါးပေါ်ရှိ ဒဏ်ရာက သူ့အပေါ်မှာ သက်ရောက်မှု လုံးဝမရှိပေ။ တစ်ခဏအတွင်းမှာပင်.. ထိုဒဏ်ရာက ပျောက်ကင်းသွားလေသည်။

သူသည် သူ့မျိုးဆက်သွေး၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး ရွှေရောင်နေမင်းအမြုတေမီးကို သူ၏ လက်ဖဝါးထဲမှာ စုဖွဲ့ကာ နဂါးဝိညာဉ်ဆေဘာကို အဆက်မပြတ် လောင်ကျွမ်းစေလိုက်၏။

နဂါးဝိညာဉ်၏ ဆေဘာချီသည် ဘာမှမကျန်အောင် ချက်ချင်းပင် လောင်ကျွမ်းခံလိုက်ရ၏။

ဘိုးဘေးနဂါးချီပင်လျှင် တောင့်မခံနိုင်ခဲ့ပေ။

“ဂါး…”

သို့သော်လည်း နဂါးဝိညာဉ်ဆေဘာသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်နေဆဲ ဖြစ်၏။ မရင်းနှီးသော မျိုးဆက်သွေးကို ခံစားမိသွားပြီး ဘိုးဘေးနဂါးချီက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် ဘိုးဘေးနဂါး ပုံရိပ်ယောင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ၎င်းသည် ရွှေကျီးကန်း စတုတ္ထမင်းသား ရှိရာဘက်သို့ ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။

“ဆိုးယုတ်သတ္တဝါပဲ”

ရွှေကျီးကန်း စတုတ္ထမင်းသားက မုန်းတီးစွာဖြင့် ပြောဆိုလိုက်၏။

“မင်း.. ငါ့ရှေ့မှာ ဘယ်လိုတောင် ဆူညံပူညံ လုပ်ရဲတာလဲ”

ရွှေကျီးကန်း စတုတ္ထမင်းသားသည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ရွှေနီရောင် မီးတောက်စီးကြောင်းများကို ထွေးထုတ်ကာ ဘိုးဘေးနဂါး ပုံရိပ်ယောင်ကို ချက်ချင်းပင် ဝါးမျိုသွားစေ၏။

ဘိုးဘေးနဂါး ပုံရိပ်ယောင်သည် ဝမ်းနည်းဖွယ်ရာ ဆက်တိုက်အော်ဟစ်လိုက်၏။

အဆုံးသတ်မှာတော့.. နဂါးဝိညာဉ်ဆေဘာ၏ စွမ်းအားသည် ရွှေကျီးကန်းမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကို မခုခံနိုင်ခဲ့ပေ။

“ဟဲဟဲ”

ထိုသည်ကို တွေ့မြင်သောအခါ.. ရွှေကျီးကန်း တတိယမင်းသားက ရယ်မောလိုက်လေသည်။

ဒုတိယမင်းသားနှင့် စတုတ္ထမင်းသား နှစ်ယောက်စလုံးသည် အထီးကျန်သိုင်းသခင်၏ ရတနာများကို ရယူဖို့ ကြိုးပမ်းရာမှာ အဟန့်အတား အနှောင့်အယှက်များနှင့် ကြုံတွေ့နေရ၏။

သူတို့နှစ်ယောက် ထိခိုက်ခံစားနေရသည်ကို ကြည့်ပြီး ရွှေကျီးကန်း တတိယမင်းသားက အူမြူးအားရနေ၏။

“ဒီအမျိုးသမီးကိုရော.. ဘယ်လိုလုပ်မလဲ”

ဂမ္ဘီရဆီးနှင်း၏ အကြည့်က မဏ္ဍပ်ထဲရှိ မိုယင်အပေါ်သို့ ကျရောက်သွား၏။

“သတ်ရမှာပေါ့”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အမူအရာကင်းမဲ့နေပြီး စကားတစ်ခွန်းသာ ပြောလိုက်၏။

ဂမ္ဘီရဆီးနှင်းက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ဒီလို အချောအလှလေးကို သတ်ပစ်ရမှာ နှမျောစရာပဲ.. နောက်ပြီး သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ”

“အဲဒီ အမျိုးသမီးက သေရမယ်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လေသံက ပြတ်သားနေ၏။

မိုယင်သည် နတ်ဖီးနစ်ကျွန်းသို့ အသက်ရှင်လျက် ပြန်ရောက်သွားမည်ဆိုလျှင် သူ့ကို သေချာပေါက် အမှုပတ်ပေတော့မည်။

သူက အမျိုးသမီးများကို လုံးဝ ဂရုမစိုက်ပေ။

သူမသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်း ပြောဆိုနေသည့် အသံကို ကြားရသောအခါ.. မိုယင်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမှ ပေါ်ထွက်မလာခဲ့ပေ။

သူမသည် ခက်ခက်ခဲခဲ ရွေးချယ်ခံထားရသော နတ်ဖီးနစ်ကျွန်း၏ ဆေဘာအခြွေအရံတစ်ယောက် ဖြစ်၏။

သူမ၏ သခင်လေး သေဆုံးသွားပြီဆိုမှတော့ သူမကလည်း အသက်ဆက်ရှင်စရာ မလိုအပ်တော့ပေ။

“ထူးဆန်းတယ်”

ထိုစဉ်မှာပင် ရွှေကျီးကန်း ဒုတိယမင်းသားက သူ၏မျက်လုံးကို ဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ပဲ… စတုရန်းကြေးမီးဖိုမှာ သူချန်ထားရစ်ခဲ့တဲ့ စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားက ဘာလို့ အဲ့လောက်ထိ ခိုင်မာနေရတာလဲ”

ပုံမှန်အခြေအနေမှာဆိုလျှင်.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် ဓမ္မဝိသေသ တာအိုအရှင်များ ချန်ထားရစ်ခဲ့သည့် စိတ်ဝိညာဉ်အသိစိတ်ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်လေသည်။

သို့သော်လည်း ငါးမိနစ် ကြာပြီးတာတောင်.. စတုရန်းကြေးမီးဖိုပေါ်ရှိ စိတ်ဝိညာဉ်အသိစိတ်က ပျက်ပြယ်မည့် လက္ခဏာ ပြမလာခဲ့ပေ။

“ဟဲဟဲ”

ရွှေကျီးကန်း တတိယမင်းသားက ရယ်မောလိုက်၏။

“မင်းတို့တွေက အဲဒါကို အခုချိန်ထိ မသိကြသေးဘူးပဲ.. အထီးကျန်သိုင်းသခင်က အထွတ်အမြတ်မီးတောင်ထဲမှာ စောစောက မြုပ်နှံခံလိုက်ရပေမဲ့လို့ သူက မသေသေးဘူး”

“မင်း အဲဒါ ဘာကို ဆိုလိုချင်တာလဲ”

ရွှေကျီးကန်း ဒုတိယမင်းသားက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“အထီးကျန်သိုင်းသခင်မှာ အစစ်အမှန် ခန္ဓာနှစ်ခု ရှိတယ်.. စောစောက သေဆုံးသွားတာက သူ့ရဲ့ အစစ်အမှန်နဂါးခန္ဓာပဲ ရှိသေးတယ်”

ရွှေကျီးကန်း တတိယမင်းသားက ပြောလိုက်၏။

“တစ်နည်းအားဖြင့် ပြောရရင်.. အထီးကျန်သိုင်းသခင်က အခုချိန်ထိ မသေသေးဘူး.. အဲဒီတော့ သူ့ရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို ဖျက်ဆီးဖို့က အဲ့လောက်ထိ ဘယ်လွယ်ပါ့မလဲ”

ပုံမှန်အခြေအနေမှာဆိုလျှင်.. ကျင့်ကြံသူတစ်ယောက် သေဆုံးသွားမည်ဆိုလျှင် သူ ချန်ထားရစ်ခဲ့သော စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားကို ဖျက်ဆီးပစ်ဖို့က များစွာပို၍ လွယ်ကူလေသည်။

သို့သော်လည်း ထိုကျင့်ကြံသူက မသေသေးဘူးဆိုလျှင် စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားကို ဖျက်ဆီးပစ်ဖို့က ခက်ခဲပေလိမ့်မည်။

“အဲ့လိုလည်း မဟုတ်လောက်ဘူး”

ရွှေကျီးကန်း ဒုတိယမင်းသားက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒီစတုရန်းကြေးမီးဖိုက အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်နဂါးခန္ဓာရဲ့ ဓမ္မလက်နက်ဆိုတာ သေချာနေတာပဲ… အဲဒါက သူ့ရဲ့ တခြား အစစ်အမှန်ခန္ဓာနဲ့ ဘယ်လို ပတ်သက်မှာလဲ”

“အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်နဂါးခန္ဓာက မသေသေးတာများလား”

အတွေးတစ်ခုက ရွှေကျီးကန်း ဒုတိယမင်းသား၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။

သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်၏။

အထီးကျန်သိုင်းသခင်သည် အထွတ်အမြတ်မီးတောင်ထဲသို့ ခုန်ချသွားပြီး ကြောက်စရာကောင်းသော ချော်ရည်များ၏ ဝါးမျိုခြင်း ခံခဲ့ရတာကို သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ရ၏။ သူက ဘယ်လိုလုပ် အသက်ရှင်နိုင်ပါဦးမလဲ။

ရွှေကျီးကန်း ဒုတိယမင်းသားက သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မော၍ သူ့ဘာသာသူ တွေးလိုက်၏။

“ငါက အတွေးလွန်သွားခဲ့တာပဲ”

ထိုသို့ အတွေးဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဆက်လက်၍ လှည့်ပတ်ကာ စတုရန်းကြေးမီးဖိုကို သန့်စင်ဖို့ ကြိုးစားလိုက်၏။

တကယ်တော့.. ရွှေကျီးကန်း ဒုတိယမင်းသား အမှတ်တမဲ့ တွေးခဲ့မိသော ထင်မြင်ချက်က မမှားယွင်းခဲ့ပေ။

တကယ်ပင် ဆူဇီမိုက မသေဆုံးသေးပေ။

သူသည် မသေရုံသာမက.. သူ စတင်ကျင့်ကြံချိန်မှ စ၍ သူ့ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ အကြီးကျယ်ဆုံးသော အသွင်ပြောင်းလဲမှုကို သူက တွေ့ကြုံခံစားနေ၏။

All Chapters