နဂါးဖီးနစ်၏ မီးတောက်များ
Vol. 94 Ch. 1404
ဆူဇီမိုသည် နဂါးဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲကာစဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။
သူ၏ကျောပေါ်မှာ ဧရာမတောင်ပံတစ်စုံရှိသော်လည်း သူသည် စောစောက လူတိုင်းနှင့်တိုက်ခိုက်ခဲ့စဥ်အတွင်း အဲ့ဒါကို တစ်ခါမှ အသုံးမပြုခဲ့ပေ။
ထိုအခိုက်အတန့်တွင် ရွှေကျီးကန်းမျိုးနွယ် မင်းသားသုံးပါးသည် ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ် ၊ ဂမ္ဘီရဆီးနှင်းနှင့် အခြားသူများနှင့်အတူ အဘက်ဘက်သို့ ထွက်ပြေးလိုက်ကြပြီဖြစ်ပြီး ဆူဇီမိုသည် စိတ်ညစ်ညူးသွားကာ သူ၏မျိုးဆက်သွေးကိုလှည့်ပတ်၍ သူ့ကျောပေါ်ရှိတောင်ပံများကို ဖြန့်ကြက်လိုက်၏။
ရွှစ်...
သူ၏တောင်ပံများက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလာ၏။
ငှက်မွေးတစ်တောင်ချင်းစီသည် နီရဲ၍ကြည်လင်နေပြီး မည်သည်အညစ်အကြေးမှမရှိဘဲ နတ်ဘုရားဆန်ဆန်အလင်းနှင့်အတူ တလက်လက်တောက်ပနေ၏။
ဆူဇီမိုသည် သူ၏တောင်ပံများကို အသက်သွင်းဖို့ကြိုးစားကြည့်လိုက်၏။
သူ၏ကြီးမားသောတောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး စွမ်းအားကြီးမားသော ပေါက်ကွဲအားတစ်ခုကို ထွက်ပေါ်လာစေ၏။ ဆူဇီမိုသည် သွေးနီရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ရွှေကျီးကန်းမျိုးနွယ်မှ မင်းသားသုံးပါးနောက်သို့ ပြေးလိုက်သွားလေသည်။ သူသည် ရွှေကျီးကန်းမျိုးနွယ်၏ မင်းသားသုံးပါးကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ရပေမည်။
ရွှေကျီးကန်းဒုတိယမင်းသားသည် ရွှေကျီးကန်းတံဆိပ်ပြားကို စောစောကထုတ်ဖော်ခဲ့စဥ် ဆူဇီမိုက အဲ့ဒါကိုသတိထားမိခဲ့၏။
ရွှေကျီးကန်းစစ်တပ်တစ်တပ် ရောက်ရှိလာဖို့သိပ်ကြာလိမ့်မည်မဟုတ်ဘဲ ရွှေကျီးကန်းမျိုးနွယ်မှ အနှိုင်းမဲ့ပညာရှင်များပင်လျှင် ရောက်ရှိလာနိုင်လေသည်။
သူတို့က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများသာဆိုလျှင် အဆင်ပြေသေးလေသည်။ သို့သော်လည်း ရွှေကျီးကန်းမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာမည်ဆိုလျှင် ဆူဇီမိုက နဂါးဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်ထားသည်ဆိုလျှင်တောင် သူက အသက်နှင့်ခန္ဓာ ပျက်သုန်းရပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် မဟာယာနအဆင့်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး အစစ်အမှန်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်လေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးက ပေါင်းစည်းခန္ဓာအဆင့်ကို လုံးဝကျော်လွန်သွားခဲ့လေပြီ။
သူတို့၏ ဘဝသက်တမ်းကွာဟချက်ကပင် အရမ်းကိုသိသာထင်ရှားလေသည်။
လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဘဝသက်တမ်း နှစ်နှစ်သောင်းရှိလေသည်။
မဟာယာနအဆင့်သို့ ဝင်ရောက်သွားပြီးနောက် လူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်တစ်သိန်းဖြစ်လာပေလိမ့်မည်။
ရွှေကျီးကန်းမင်းသားသုံးပါးသည် လမ်းတစ်လျှောက် အသည်းအသန်ပြေးလွှားနေ၏။
သို့သော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်း မင်းသားသုံးပါးသည် သူတို့နောက်မှ ချစ်ချစ်တောက်အပူလှိုင်းတစ်ခုသည် ကြောက်စရာကောင်းသောသတ်ဖြတ်လိုစိတ်နှင့်အတူ လျင်မြန်စွာချည်းကပ်လာနေသည်ကို ခံစားလိုက်ကြရ၏။
“ဟမ်...”
ရွှေကျီးကန်းဒုတိယမင်းသားက လှည့်ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်က သူ့ကိုလိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေ၏။
သူတို့သုံးယောက်နောက် မလှမ်းမကမ်းတွင် နဂါးဖီးနစ်၏ ကြောက်စရာကောင်းသောပုံရိပ်သည် လျင်မြန်စွာ ချည်းကပ်လာနေပြီဖြစ်၏။ သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး သူ၏အမြန်နှုန်းက သူတို့ထက် သိသိသာသာပိုမိုမြန်ဆန်လေသည်။
ကမ္ဘာဦးမျိုးနွယ် ၉စုကြားတွင် ရွှေကျီးကန်းမျိုးနွယ်သည် လျင်မြန်သောလှုပ်ရှားမှုနည်းစနစ်များကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူတို့သည် နဂါးဖီးနစ် တဗူးနှင့်ယှဥ်လျှင် ကြီးမားစွာကွာဟနေဆဲ ဖြစ်၏။
မင်းသားသုံးပါးထဲတွင် ရွှေကျီးကန်းတတိယမင်းသားသည် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်ပြီး သူ၏လှုပ်ရှားမှုနည်းစနစ်ကလည်း အနှေးဆုံးဖြစ်၏။
ဆူဇီမိုသည် ရွှေကျီးကန်းတတိယမင်းသားကို အရင်ဆုံး လိုက်မီသွား၏။ သူ၏အရှိန်အဟုန်ကို ရပ်တန့်ခြင်း သို့မဟုတ် လျှော့ချခြင်းမရှိဘဲ သူသည် သူ၏နဂါးဖီးနစ်လက်သည်းများကို ဆန့်ထုတ်ပြီး ထိုသူ၏ဦးခေါင်းကို ကုတ်ဆွဲချလိုက်၏။
နဂါးဖီးနစ်လက်သည်းငါးဖက်သည် ရွှေကျီးကန်းတတိယမင်းသား၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့တားဆီးသွားခဲ့လေသည်။
“ဗြီး...”
ရွှေကျီးကန်းတတိယမင်းသားသည် ပြေးစရာနေရာမရှိတော့ဘဲ သူ၏ဦးခေါင်းသည် နဂါးဖီးနစ်လက်သည်းများ၏ ချေမွခြင်းကိုခံရကာ သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီး၍ နေရာမှာပင် သေဆုံးသွား၏။
အသက်သုံးရှိုက်စာကြာပြီးနောက်...
ဆူဇီမိုသည် မင်းသားနှစ်ပါးကို တစ်ဖန်ထပ်၍လိုက်မီသွား၏။ သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ချစ်ချစ်တောက်ပူလောင်သော မီးတောက်အကာအရံအလွှာတစ်ခုကိုထုတ်ဖော်ကာ သူတို့၏ ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။
“အထီးကျန်သိုင်းသခင်... ဒါက ဖန်းလိုင်ကျွန်းပဲ”
သူတို့သည် ထွက်မပြေးနိုင်တော့ဘူးဆိုတာကိုသိရှိလိုက်ပြီး ရွှေကျီးကန်းဒုတိယမင်းသားက လှည့်၍အော်လိုက်၏။
“ငါက... ငါ့ရဲ့ရွှေကျီးကန်းတံဆိပ်ပြားကို ထုတ်ဖော်ခဲ့ပြီးပြီ... သိပ်မကြာခင် ငါတို့ရွှေကျီးကန်းမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရောက်လာလိမ့်မယ်... မင်းငါတို့ကို ဆက်ပြီးအမဲလိုက်ရဲမယ်ဆိုရင် မင်းကလည်း ဖန်းလိုင်းကျွန်းကနေ ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး”
ရွှေကျီးကန်းစတုတ္ထမင်းသားကလည်း ကြမ်းကြုတ်ခက်ထန်သောပုံစံဖြင့် အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်.... မင်းအခုနေထွက်သွားမယ်ဆိုရင်မင်းက ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုရှိနိုင်သေးတယ်... မင်းဒီမှာဆက်ပြီး ကြန့်ကြာနေမယ်ဆိုရင် မင်းကိုစောင့်ကြိုနေမဲ့အရာက သေခြင်းတရားပဲ”
မင်းသားနှစ်ပါးက အရမ်းကို ပါးနပ်လေသည်။
ဆူဇီမိုသည် သူတို့၏စကားများမှာ ကြောက်လန့်သွားမည်ဆိုလျှင် အဲ့ဒါကအကောင်းဆုံးဖြစ်၏။
ထိုသို့မဟုတ်ခဲ့လျှင်တောင် သူတို့သည် သူ့ကိုခြိမ်းခြောက်ပြောဆိုခြင်းဖြင့် အချိန်ဆွဲနိုင်မည်ဖြစ်၏။
ကံဆိုးစွာနှင့်ပင် သူတို့၏ပြိုင်ဘက်က သတ်ဖြတ်ရာမှာပြတ်သားသော ဆူဇီမိုဖြစ်နေ၏။
“မင်းတို့ ငါ့ကို ဘယ်လိုတောက်ခြိမ်းခြောက်ရဲတာလဲ... ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကို ငါ သတ်ရမှာပဲ”
ဆူဇီမို၏အသံက အေးစက်နေပြီး စနိုးစနောင့်ဖြစ်ခြင်း လုံးဝမဖြစ်ပေ။
သူသည် ရွှေကျီးကန်းမျိုးနွယ်နှင့် ညှိနှိုင်းဆွေးနွေး၍ မရတော့သည်မှာ ကြာခဲ့လေပြီ။
ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲတွင် သူ့လက်ထဲမှာသေဆုံးခဲ့ရသော ရွှေကျီးကန်းများစွာကိုအသာထား.. သူက နဂါးဖီးနစ်တဗူးဖြစ်လာတာနှင့်ပင် ရွှေကျီးကန်းမျိုးနွယ်က သူ့ကို အသက်ရှင်လျက် ထွက်ခွာခွင့်ပေးတော့မည် မဟုတ်ပေ။
ဆူဇီမိုသည် အောက်သို့ထိုးဆင်းလာပြီး သူ၏မျက်လုံးနှစ်ဖက်ကနေ ကျိန်းစပ်နေသော မီးတောက်အလင်းတန်းနှစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်၍ နဂါးဖီးနစ်အဖြစ် အသွင်ပြောင်းလဲပြီးကတည်းက မီးပဒေသာမျက်လုံး၏ စွမ်းပကားက ပို၍ပင် ကြောက်စရာကောင်းလာ၏။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည် ရှောင်တိမ်းဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သော်လည်း သူတို့၏ ခန္ဓာကိုယ်များက မီးပဒေသာမျက်လုံး၏ ထိမှန်ခြင်းခံလိုက်ရဆဲဖြစ်၏။
ထိုဒဏ်ရာများက ချက်ချင်ပင် ပြာကျသွားလေသည်။
ဆူဇီမိုသည် အောက်သို့ထိုးဆင်းလာပြီး သူ၏ထက်ရှသော နဂါးဖီးနစ်လက်သည်းကို ဆန့်ထုတ်ကာ ရွှေကျီးကန်းဒုတိယမင်းသားကို ကုတ်ဆွဲလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်ကိုဖွင့်ဟပြီး တစ်ဘက်တွင်ရှိသော ရွှေကျီးကန်းစတုတ္ထမင်းသားကို ကိုက်ချလိုက်၏။
သူသည် သူ၏သွားစွယ်နှင့် လက်သည်းများကို အပြည့်အဝအသုံးချလိုက်၏။
မင်းသားနှစ်ပါးသည် ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်လိုက်ကြရ၏။
ဗြစ်... ဗြစ်....
အသက်နှစ်ရှိုက် သုံးရှိုက်စာမှာ်ပင် ရွှေကျီးကန်းဒုတိယမင်းသား၏ခန္ဓာကိုယ်က နဂါးဖီးနစ်လက်သည်း၏ ချေမွဖျက်ဆီးခြင်းခံလိုက်ရပြီး သူ၏အမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ် ခန္ဓာကိုယ်ပေါ်ရှိမီးတောက်များကြောင့် လောင်ကျွမ်းပြာကျသွား၏။
အခြားတစ်ဘက်မှာတော့ နဂါးဖီးနစ်သည် ရွှေကျီးကန်းစတုတ္ထမင်းသား၏ လည်ပင်းကို ကိုက်ခဲပြီး ဆွဲခါလိုက်၏။
သုံးလေးချက်ကိုက်ဝါးပြီးနောက် ဆူဇီမိုသည် ရွှေကျီးကန်းစတုတ္ထမင်းသား၏ ဦးခေါင်းကို ခြေမွှပစ်ကာ ထိုသူ၏ အမြုတေစိတ်ဝိညာဥ်နှင့် သွေးကို ဝါးမျိုလိုက်၏။ မင်းသားသုံးပါးကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ကျွန်း၏အတွင်းပိုင်းသို့ ထွက်ပြေးနေသော ဂမ္ဘီရဆီးနှင်းရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
ဖန်းလိုင်ကျွန်း၏ သခင်လေး ဂမ္ဘီရဆီးနှင်းသည် ဤကိစ္စတွင် အရေးကြီးသောအခန်းကဏ္ဍကနေ ပါဝင်ခဲ့၏။
ဤသူကိုလည်း အသက်ရှင်ခွင့်မပေးနိုင်ပေ။
ဆူဇီမိုသည် သူ၏တောင်ပံများကိုခတ်ပြီး ကောင်းကင်ထက်သို့ မီးတောက်များကို လျှံတက်သွားစေ၏။
သူဖြတ်သန်းသွားရာနေရာတိုင်း ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်စိုင်များက လောင်ကျွမ်းနီရဲသွား၏။
ဂမ္ဘီရဆီးနှင်းက ဘယ်လောက်ပင်မြန်ပါစေ သူသည် ရွှေကျီးကန်းမျိုးနွယ်နှင့် မယှဥ်နိုင်ပေ။
ဆူဇီမိုသည် မင်းသားသုံးပါးကို သတ်ဖြတ်ပြီး သူ့နောက်သို့ ပြေးလိုက်လာစဥ်မှာတောင် သူသည် အထွတ်အမြတ်မီးတောင်အောက်သို့ ပြေးဆင်းနေဆဲ ဖြစ်ပြီး မီးတောင်အောက်ခြေသို့ ရောက်ကာစဖြစ်၏။
“ဖန်းလိုင်ကျွန်းက ကျင့်ကြံသူတွေနားထောင်ကြ... ရန်သူတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီ ငါ့ကိုမြန်မြန်လာကယ်ကြ”
ဂမ္ဘီရဆီးနှင်းသည် သူ၏ဂုဏ်သိက္ခာကို မငဲ့ကွက်နိုင်တော့ပဲ သွေးပျက်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်၏။
ထိုအော်သံက ကျွန်းရှိ ပညာရှင်များစွာကိုထိတ်လန့်သွားစေ၏။
ပုံရိပ်များသည် ကောင်းကင်ထက်သို့တစ်ယောက်ပြီးတစ်ယောက် ထိုးတက်လာကြ၏။
“အဲ့ဒါဘယ်သူလဲ.... ဖန်းလိုင်းကျွန်းရဲ့သခင်လေးကို ဘယ်သူက သတ်ဖို့ကြိုးစားရဲတာလဲ”
“ဒါက...”
“ဘုရားရေ... အဲ့ဒါဘာကြီးလဲ”
ယခုချက်ချင်းရောက်ရှိလာသော ပုံရိပ်များစွာသည် ဖန်းလိုင်းကျွန်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။
ဂမ္ဘီရဆီးနှင်းသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုတွေ့မြင်သောအခါ ဝမ်းသာပျော်ရွှင်မလာခဲ့ပေ။ ထိုအစား သူကပို၍ပင် ပူပန်ကြောင့်ကြသွားပြီး အော်ဟစ်လိုက်လေသည်။
“မြန်မြန်ပြန်ကြ... မြန်မြန်ပြန်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို သွားခေါ်လာခဲ့”
ထိုစဥ်မှာပင် ဆူဇီမိုသည် သူ၏တောင်ပံများကိုခတ်၍ လေထဲမှာရပ်လိုက်၏။ မလှမ်းမကမ်းရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် ရင်ဆိုင်ရချိန်တွင် သူက ရုတ်တရက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။
ရွှစ်....
မနှိုင်းယှဥ်သာအောင် ချစ်ချစ်တောက်ပူလောင်သော သွေးနီရောင်မီးတောက်တစ်ခုသည် ဆူဇီမို၏ပါးစပ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာ၏။ ထိုမီးတောက်တွင် အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သော အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုပါဝင်နေ၏။
မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် လေဟာနယ်ပင်လျှင် အက်ကွဲသွား၏။
ကြောက်စရာကောင်းသော မီးတောက်များသည် တဖွာဖွားကျဆင်းလာပြီး ဖန်းလိုင်ကျွန်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များကို ချက်ချင်းပင်လွှမ်းခြုံသွား၏။ ဂမ္ဘီရဆီးနှင်းပင်လျှင် ချမ်းသာရာမရပေ။
အဲ့ဒါသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်၍ နဂါးဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီးနောက် ဆူဇီမိုနားလည်ဆင်ခြင်နိုင်ခဲ့သော ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်လေသည်။
အဲ့ဒါသည် နဂါးဖီးနစ်တစ်ကောင်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်၏။
အဲ့ဒါက နဂါးဖီးနစ်မီးတောက်ဖြစ်လေသည်။
“အား... အား.... အား....”
လူအုပ်ကြီးထဲမှ စူးစူးဝါးဝါးအော်သံများက အဆက်မပြတ်ထွက်ပေါ်လာ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် နဂါးဖီးနစ်ထုတ်ဖော်လိုက်သော မီးတောက်ပင်လယ်ထဲကနေ ရုန်းမထွက်နိုင်ကြပေ။
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဖန်းလိုင်ကျွန်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် အလောင်းပင်မကျန်ဘဲ လောင်ကျွမ်းပြာကျသွားပြီဖြစ်၏။