← Chapters

အဆုံးစွန်အလျင်အဟုန်

Vol. 94 Ch. 1405

အဆုံးစွန်အလျင်အဟုန်

Vol. 94 Ch. 1405

ဆူဇီမိုသည် နဂါးဖီးနစ်မီးတောက်များကို ထုတ်ဖော်ပြီး သူသွားရာလမ်းတစ်လျှောက်တွင်ရှိသော ဖန်းလိုင်ကျွန်း၏ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များကို လောင်ကျွမ်းပြာချပစ်လိုက်၏။

ထိုသည်ကိုကြည့်ပြီး ဂမ္ဘီရဆီးနှင်း၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

ရွှစ်...

ဆူဇီမို၏ ပုံရိပ်က လှစ်ခနဲလှုပ်ရှားသွားပြီး သွေးနီရောင်အလင်းတန်းတစ်ခုက ချဉ်းကပ်လာ၏။

နဂါးဖီးနစ်၏ ကြောက်စရာကောင်းသော မီးတောက်နှင့်ရင်ဆိုင်ရချိန်တွင် ဂမ္ဘီရဆီးနှင်းသည် ဆက်လက်၍ ခုခံဖို့အတွေးမရှိတော့ပေ။ သူ၏ဦးခေါင်းသည် နဂါးဖီးနစ်၏ လက်သည်းချက်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားလေသည်။

ဖန်းလိုင်ကျွန်း၏ သခင်လေးက သေဆုံးသွားလေပြီ။

လူတိုင်းကို သတ်ဖြတ်ပြီးနောက် ဆူဇီမို၏အကြည့်က တောင်ခြေတစ်နေရာသို့ ရောက်ရှိသွား၏။ မလှမ်းမကမ်းတွင် ကျင့်ကြံသူအချို့၏ အလောင်းများရှိနေ၏။

သူတို့က ဤခရီးစဥ်တွင် လိုက်ပါလာခဲ့ကြသော ကျင်းမင် ၊ ကျင်းရှန်နှင့် အခြားသူများဖြစ်ကြ၏။ ထိုသူများသည် အစကတော့ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ နောက်လိုက်အခြွေအရံများဖြစ်ခဲ့ကြ၏။

သို့သော်လည်း ဤနေ့ကိစ္စမပေါက်ကြားစေဖို့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းမှ ထိုကျင့်ကြံသူများကို အရင်ဆုံးသတ်ဖြတ်ပစ်ခဲ့လေသည်။ ဆူဇီမိုသည် သူ၏တောင်ပံများကိုဖြန့်ပြီး အထွတ်အမြတ်မီးတောင်ထိပ်သို့ ပြန်လည်ကာပျံသန်းလာခဲ့၏။

ထိုအခိုက်အတန့်တွင် သူ၏လမ်းကြောင်းကို ဆက်လက်၍ ဖုံးကွယ်ထားစရာ မလိုတော့ပေ။

အထွတ်အမြတ်မီးတောင်ပေါ်ရှိ ကြီးမားသောရုတ်ရုတ်သဲသဲအခြေအနေကြောင့် ဖန်းလိုင်ကျွန်း၏ ကျင့်ကြံသူများစွာက သူ၏အစစ်အမှန်ပုံစံကို တွေ့မြင်သွားခဲ့လေပြီ။ သူက ထိုသူများအားလုံးကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိပေ။

ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများ မကျန်ရှိတော့ပေ။

သို့သော်လည်း သူသည် ဖန်းလိုင်ကျွန်းနှင့် ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများ သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်များရောက်ရှိလာမည်ကို စောင့်နေမည်ဆိုလျှင် သူက သေကြေပျက်သုန်းရပေလိမ့်မည်။

သူသည် ဤကျွန်းကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာရပေမည်။

ဆူဇီမိုသည် အထွတ်အမြတ်မီးတောင်၏ တောင်ထိပ်ဆီသို့ ပြန်လာခဲ့ရသည့်အကြောင်းရင်းမှာ သူက မိုယင်ကို စိုးရိမ်ပူပန်သောကြောင့်ဖြစ်၏။

မိုယင်သည် သူ့နောက်သို့လိုက်လာခဲ့သည်ဆိုမှတော့ သူက သူမကို အသက်ရှင်လျက် ပြန်ခေါ်သွားရပေမည်။

“သခင်လေးလား”

ဤကဲ့သို့သောပုံစံဖြင့် ဆူဇီမိုကို တွေ့မြင်သောအခါ မိုယင်သည် သံသယဝင်နေဆဲ ဖြစ်ပြီး အတည်ပြုလိုသည့်ပုံစံဖြင့် မေးမြန်းလိုက်၏။

“ငါပါ”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့... ဒီနေရာမှာ ဆက်ပြီးနေလို့မရတော့ဘူး... ငါနဲ့အတူလိုက်ခဲ့”

မိုယင်သည် ဒဏ်ရာအပြင်းအထန်ရရှိထားသည့်အတွက် ဆူဇီမိုက သူမကို သူ၏ကျောပေါ်သို့ ပစ်တင်လိုက်၏။ သူ၏တောင်ပံများကိုခတ်ပြီး ကောင်းကင်ထက်သို့ ပျံတက်ကာ မီးတောက်အလင်းတန်းတစ်ခုအဖြစ် အဝေးသို့ထွက်ခွာသွားလေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကိုဖြန့်ကြက်ပြီး ပင်လယ်ရေမျက်နှာပြင်ထက်မှာ တစ်စုံတစ်ရာကို ရှာဖွေနေ၏။

ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်သည် တုန်လှုပ်စရာကောင်းသော အတိုင်းအတာတစ်ခုထိ ဖြန့်ကြက်နိုင်နေပြီဖြစ်၏။

သိပ်မကြာခင် သူသည် အသည်းအသန်ထွက်ပြေးနေသောပုံရိပ်တစ်ခုကိုတွေ့မြင်သွား၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်...

ဆူဇီမို၏ အမူအရာက ခါတိုင်းလိုပင် အေးစက်နေမြဲဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် သူ့ကိုသတ်ဖြတ်ဖို့အတွက် ဤထောင်ချောက်ကို ခင်းကျင်းခဲ့လေသည်။ ထိုသူက သူမဖြစ်မနေသတ်ဖြတ်ရမည့် တစ်စုံတစ်ယောက်ဖြစ်၏။

နဂါးဖီးနစ်၏အမြန်နှုန်းက အရမ်းကိုမြန်ဆန်လေသည်။

ပေါင်းစည်းခန္ဓာအဆင့်မှာရှိသော စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကိုမပြောနှင့် ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများပင်လျှင် ဆူဇီမို၏ ရွေ့လျားမှုအမြန်နှုန်းကို မယှဥ်နိုင်ပေ။

အသက်ရှုချိန်အနည်းငယ်အတွင်း ကြီးမားသောသွေးနီရောင်တိမ်စိုင်တစ်ခုသည် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ ဦးခေါင်းထက်ကနေ လွှမ်းခြုံလာခဲ့ပြီဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး တိမ်စိုင်များကြား တောင်ပံတဖျပ်ဖျပ်ခတ်နေသော ဆူဇီမိုကို တွေ့မြင်လိုက်၏။

ဆူဇီမို၏ခန္ဓာကိုယ်က မီးတောက်များဖြင့် လောင်ကျွမ်းနေသော်လည်း သူ၏အကြည့်က ရေခဲကဲ့သို့ အေးစက်နေ၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် ခေါင်းနပန်းကြီးလာ၏။ သူသည် ဆူဇီမို၏အကြည့်နှင့်ဆုံမိသောအခါ သူ၏ခြေလက်များက အေးစက်တောင့်တင်းသွား၏။

သူသည် နတ်ဖီးနစ်၏မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း သူက နဂါးဖီးနစ်ထက် များစွာနိမ့်ကျနေဆဲ ဖြစ်၏။

“ကောင်းကင်ဘုံဖီးနစ်.... မင်း ထွက်မပြေးနိုင်တော့ဘူး”

ဆူဇီမို၏ အသံက သတ်ဖြတ်လိုစိတ်နှင့်အတူ ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။

“ဟားဟားဟားဟား...”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် သူက ထွက်မပြေးနိုင်တော့ဘူးဆိုတာကို သိလိုက်သောအခါ လက်လျှော့၍ ရပ်တန့်လိုက်ပြီး သူ၏ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။

“အဲ့ဒါက မင်းကံကောင်းသွားလို့ပါကွာ... နတ်ဖီးနစ်အရိုးနှစ်ခုကို ငါသာအရင်ရခဲ့မယ်ဆိုရင် ငါကလည်း ဖုန့်ဟွမ်အဖြစ်အသွင်ပြောင်းလဲနိုင်ခဲ့မှာပဲ... အဲ့ဒီအချိန်ကျရင် အသက်လုပြီး ထွက်ပြေးရမဲ့သူက ​မင်းဖြစ်နေလိမ့်မယ် အထီးကျန်သိုင်းသခင် “

“သတ်”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် အလျှော့မပေးလိုဘဲ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏အမြုတေစိတ်ဝိညာဥ် ၊ သွေးချီနှင့် ဓမ္မစွမ်းအားများကို သူတို့၏အကန့်အသတ်ထိ လှည့်ပတ်ပြီး ဆူဇီမိုထံသို့ ပြေးဝင်သွား၏။

ဆူဇီမိုသည် ထီမထင်မျက်နှာပေးဖြင့် ဧရာမမီးလုံးတစ်လုံးကဲ့သို့ ထိုးဆင်းလာခဲ့လေသည်။

ဘုန်း...

အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

မီးတောက်များက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

ခဏမျှရပ်တန့်ပြီးနောက် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် ဧရာမမီးလုံး၏ ဝါးမျိုခြင်းခံရကာ သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားခဲ့လေပြီ။

ဆူဇီမို၏ပုံရိပ်က ပြန်လည်ထွက်ပေါ်လာ၏။ အခြေအနေကိုတည်ငြိမ်စေပြီးနောက် သူသည် နတ်ဖီးနစ်ကျွန်းရှိရာဘက်သို့ ဆက်လက်ပျံသန်းလိုက်၏။

သိပ်မကြာခင် သူသည် ရင်တလှပ်လှပ်ခံစားချက်တစ်ခုကို ရရှိလိုက်၏။

သူသည် အလွန်တရာကြောက်စရာကောင်းသောတည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခြင်းခံရပြီး အချိန်မရွေးကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နိုင်ရသည့်အလားပင်။

သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ဝင်ရောက်ခဲ့ပြီး သူ၏အလားအလာသည် တုန်လှုပ်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားနှင့်အတူ နဂါးဖီးနစ်တစ်ကောင်အဖြစ် ဖွံ့ဖြိုးကြီးထွားလာခဲ့လေပြီ။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သောသူ များစွာမရှိတော့ပေ။

သူ့ကိုအန္တရာယ်အငွေ့အသက် ခံစားနိုင်စေသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိလေသည်။

မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်....

သို့သော်လည်း ထိုမျိုးနွယ်စုခေါင်းဆောင်သည် ဖန်းလိုင်ကျွန်းကလား သို့မဟုတ် ရွှေကျီးကန်းမျိုးနွယ်ကလား သူမသိပေ။

ရုတ်တရက်ဆိုသလို...

ဆူဇီမို၏စိတ်ထဲသို့ သတိပေးချက်တစ်ခုက ဝင်ရောက်လာ၏။

သူသည် ရပ်တန့်ခြင်းမရှိဘဲ အလိုလိုမော့ကြည့်လိုက်၏။

ကောင်းကင်က မှောင်မည်းလာလေသည်။

သူ၏ဦးခေါင်းထက်တွင် ဧရာမအနက်ရောင်တိမ်စိုင်တစ်ခုက အုပ်မိုးလာပြီး မင်ကဲ့သို့နက်မှောင်ကာ တရုန်းရုန်းထကြွနေ၏။

ဧရာမတိမ်စိုင်သည် ဖြည်းဖြည်းချင်း စတင်လည်ပတ်လာပြီး ကြီးမားသည့်ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဝဲကတော့၏ အလယ်ဗဟိုကနေ ထူးဆန်းသော စွမ်းအားတစ်ခုက ဖြာထွက်နေ၏။

ဆူဇီမိုသည် သုန်မှုန်နေသော အမူအရာနှင့်အတူ ဝဲကတော့၏ အလယ်ဗဟိုကို စိုက်ကြည့်လိုက်၏။

ရုတ်တရက်ဆိုသလို...

ဝဲကတော့၏ အလယ်ဗဟိုကနေ နတ်ဘုရားဆန်ဆန်အလင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

ကံကောင်းထောက်မစွာဖြင့် မီးပဒေသာကျောက်တုံးသည် ဆူဇီမို၏ မျက်လုံးများနှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။ မဟုတ်ပါက ထိုနတ်ဘုရားဆန်ဆန်အလင်းသည် သူ၏မျက်လုံးကို ကန်းသွားစေနိုင်၏။

ဟင်း....

ဆူဇီမိုသည် ဝဲကတော့၏ အလယ်ဗဟိုကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ပင့်သက်ကို ရှိုက်လိုက်ရ၏။

အနက်ရောင်တိမ်စိုင်ဝဲကတော့၏ အလယ်တွင် ဧရာမမျက်လုံးတစ်လုံးရှိနေ၏။

ထိုအခိုက်အတန့်တွင် ထိုမျက်လုံးသည် အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။ ၎င်းသည် သူဘယ်နေရာကိုထွက်ပြေးပြေး သူ့ကိုထောက်လှမ်းနိုင်သည့်အလားပင်။

ဆူဇီမိုသည် ဖန်းလိုင်ကျွန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့်အတူ ဖန်းလိုင်ကျွန်း၏သခင်လေးကိုပါ သတ်ဖြတ်ခဲ့၏။ နောက်ဆုံးမှာတော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပေါ်ထွက်လာခဲ့လေပြီ။

သူသည် ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်ရပေမည်။

သူသည် ရွှေကျီးကန်းမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်မည်ဆိုလျှင် ထွက်ပေါ်လာသောအော်ရာက ဤကဲ့သို့ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ရုတ်တရက် ထိုမျက်လုံးက မျက်တောင်ခတ်လိုက်၏။

အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် ဆင်းသက်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိမီးတောက်များက ငြိမ်းသေလုနီးပါးဖြစ်သွား၏။ သူ၏အရိုးများသည် ကွဲထွက်ကုန်တော့မည့်အလား တကျွီကျွီမြည်လာ၏။

အဲ့ဒါသည် မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စွမ်းအားဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်၏ အစစ်အမှန်ခန္ဓာ ပေါ်ထွက်လာခြင်းမရှိလျှင်တောင် သူထုတ်ဖော်ထားသော မျက်လုံးတစ်လုံးသည် ပေါင်းစည်းခန္ဓာအဆင့် နဂါးဖီးနစ်တစ်ကောင်ကို သတ်ဖြတ်နိုင်သည့်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။

သိပ်သည်းပြင်းထန်သောထိုဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏အမြန်နှုန်းက သိသိသာသာလျော့ကျသွားပြီး သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့က မဖြစ်နိုင်တော့ပေ။

ဆူဇီမိုသည် သူ၏မျက်လုံးကိုမှေးကျဥ်းပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ အတွေးတစ်ချက်ဖြင့် ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။

ရုတ်တရက်ဆိုသလို....

သူ၏သွေးနီရောင်တောင်ပံများမှ ပို၍ပင်ကြီးမားသော တောင်ပံတစ်စုံက ထွက်ပေါ်လာ၏။

ဤတောင်ပံများသည် ရွှေရောင်ဖြစ်ပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် တောက်ပနေ၏။ သူတို့သည် မည်သည့်အားနည်းချက်မှမရှိဘဲ ခံ့ညားထည်ဝါနေ၏။

ရွှေကျီးကန်းမျိုးနွယ်၏ တောင်ပံများပင်လျှင် ဤတောင်ပံတစ်စုံနှင့်ယှဥ်ပါက မှိန်ဖျော့သွားပေလိမ့်မည်။

ဆူဇီမိုက သံရှည်ဆွဲ၍ တစ်ချက်အော်ဟစ်လိုက်ပြီး ရွှေရောင်တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်လေသည်။

အဲ့ဒီမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စပါဝင်နေ၏။

ဆူဇီမို၏ပုံရိပ်သည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။ တကယ်ဆို သူသည် ဧရာမမျက်လုံး၏ မြင်ကွင်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အဝေးသို့ပျံသန်းသွားခဲ့လေပြီ။

ထိုအမြန်နှုန်းက အရမ်းကိုမြန်ဆန်လေသည်။

မယုံကြည်နိုင်ဖြစ်သွားသည့်အလား ဧရာမမျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင်တစ်ခုပေါ်ထွက်လာ၏။

အဲ့ဒါသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် ဆူဇီမိုနားလည်ဆင်ခြင်လာနိုင်သော နောက်ထပ်ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်၏။

အဲ့ဒါသည် မဟာအရိုင်းကမ္ဘာရှိ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုလည်း ဖြစ်လေသည်။

အဲ့ဒါသည် ဧရာမရွှေငှက်၏ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော အဆုံးစွန်အလျင်အဟုန်ဖြစ်၏။

ထိုရွှေရောင်တောင်ပံများသည် ဧရာမရွှေငှက်၏ တောင်ပံများဖြစ်လေသည်။

All Chapters