← Chapters

ဘိုးဘေးနဂါးကုန်းမြေ

Vol. 94 Ch. 1410

ဘိုးဘေးနဂါးကုန်းမြေ

Vol. 94 Ch. 1410

“ပြီးခဲ့တဲ့နှစ်တွေထဲ မင်းဘယ်ကို ရောက်နေတာလဲ”

မွေးနီတစ္ဆေက မေးလိုက်၏။

ဆူဇီမိုသည် ဖန်းလိုင်ကျွန်းမှာ ရွှေကျီးကန်းမင်းသားသုံးပါးကို သူသတ်ဖြတ်ခဲ့ပုံနှင့် ဟာမစ်နှင့် တွေ့ဆုံခဲ့ပုံအပါအဝင် နတ်ဖီးနစ်ကျွန်းမှ သူ၏အတွေ့အကြုံများကို အကြမ်းဖျင်းပြန်ပြော​ပြလိုက်၏။

“ဟာမစ်လား”

မီးပဒေသာနဂါးမဟာအကြီးအကဲက တွေးတွေးဆဆဖြင့် ကြည့်လိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် သူက ဒီဘက်မျိုးဆက်ရဲ့ ဆေဘာဧကရာဇ်ဖြစ်မယ်”

မွေးနီတစ္ဆေက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နဂါးဖီးနစ်တစ်ကောင်အဖြစ် မင်းရဲ့သရုပ်သကန်က ပေါက်ကြားသွားပြီဆိုမှတော့ အဲ့ဒီသတင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပျံ့နှံ့သွားဖို့ သိပ်ကြာမှာ မဟုတ်ဘူး... လောလောဆယ်တော့ နဂါးအရိုးတောင်ကြားကနေ မင်းထွက်မသွားနဲ့”

ထိုသတင်းသည် အမျိုးမျိုးသော တားမြစ်နယ်မြေများသို့ ပျံ့နှံ့သွားသည်နှင့် အဲ့ဒါက သေချာပေါက် ကြီးကြီးမားမားဗြောင်းဆန်လာပေလိမ့်မည်။

ဆူဇီမိုသည် အပြင်ဘက်မှာ ပေါ်ထွက်လာသည်နှင့် ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များသည် သူ့ကိုတိုက်ခိုက်သတ်ဖြတ်လာဖို့ အခွင့်များလေသည်။

အဲ့ဒါက ညဝိညာဥ်တွေ့ကြုံခဲ့ရပုံနှင့် ဆင်တူလေသည်။

“ဘိုးဘေးနဂါးကုန်းမြေကို သွားကြတာပေါ့”

ထိုစဥ်မှာပင် မွေးနီတစ္ဆေက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လုံမိုနဲ့လုံစန်းကို အတူတူခေါ်သွားလိုက် အဲ့ဒီနေရာကပဲ သူတို့ကို အလျင်မြန်ဆုံး ကြီးထွားလာစေလိမ့်မယ်”

အခြားသော ကမ္ဘာဦးမျိုးနွယ်များသည် အရာရာတိုင်းကို လျစ်လျူရှုပြီး နဂါးဖီးနစ်တဗူးကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းလာကြမည်ဆိုလျှင် နဂါးမျိုးနွယ်ကပင် အဲ့ဒါကို ခုခံပေးနိုင်ချင်မှ ခုခံပေးနိုင်တော့မည်။

ဤကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ နဂါးဖီးနစ်တဗူးကို အလျင်အမြန်ကြီးထွားလာစေဖို့ဖြစ်၏။

“ဘိုးဘေးနဂါးကုန်းမြေလား”

ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။

သူသည် နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာသည်မှာ မကြာသေးသည့်အတွက် ဤကဲ့သို့သော နေရာတစ်ခုကို တစ်ခါမှ မကြားဖူးခဲ့ပေ။

“အဲ့ဒါက ကမ္ဘာဦးခေတ်တုန်းက နဂါးဖီးနစ်ဖွင့်လှစ်ခဲ့တဲ့ နေရာလွတ်တစ်ခုပဲ... မျိုးဆက်တိုင်းရဲ့ ဘိုးဘေးအဆင့်နဂါးတွေက ကောင်းကင်ဘုံကပ်ဘေးက်ို မဖြတ်ကျော်နိုင်ဘဲ သူတို့ရဲ့ဘဝသက်တမ်းကုန်ဆုံးသွားမယ်ဆိုရင် သူတို့ကို အဲ့ဒီနေရာမှာ မြှုပ်နှံပေးရတယ်”

မွေးနီတစ္ဆေက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဘိုးဘေးနဂါးကုန်းမြေက ဘိုးဘေးနဂါးတွေရဲ့ အလွန်တရာကြွယ်ဝတဲ့ နဂါးချီနဲ့ပြည့်နှက်နေတယ်... မင်းက အဲ့ဒီမှာကျင့်ကြံမယ်ဆိုရင် မင်းရဲ့ကြိုးစားအားထုတ်မှုက အဆများစွာပိုပြီး ထိရောက်လာလိမ့်မယ်”

“အဲ့ဒါဆို ကျုပ်တို့ရဲ့တခြားကလန်သားတွေကိုရော အဲ့ဒီမှာကျင့်ကြံဖို့ ဘာလို့ခေါ်မသွားရတာလဲ”

ဆူဇီမိုက ပြန်၍မေးလိုက်၏။

မွေးနီတစ္ဆေက ရယ်မောလိုက်လေသည်။

“ဘိုးဘေးနဂါးချီဆိုတာ ဘယ်သူမဆိုခံနိုင်ရည်ရှိတဲ့ တစ်စုံတစ်ရာလို့ မင်းထင်လို့လား... မင်းက နဂါးဖီးနစ်ဖြစ်လာပြီး လုံစန်းက လက်သည်းငါးဖက်နဂါးဖြစ်နေလို့သာ မဟုတ်ရင် ပေါင်းစည်းခန္ဓာအဆင့်မှာရှိတဲ့ ဘယ်နဂါးမဆို အဲ့ဒီထဲကိုဝင်ရောက်တာနဲ့ ပေါက်ကွဲပြီးသေသွားလိမ့်မယ်”

မီးပေဒသာနဂါးမဟာအကြီးအကဲက ပြောလိုက်၏။

“ကမ္ဘာဦးခေတ်ရဲ့ နဂါးဖီးနစ်တဗူးက ဘိုးဘေးနဂါးကုန်းမြေမှာ အမွေအနှစ်တချို့ ချန်ထားရစ်ခဲ့တယ်... မင်းရဲ့မျိုးဆက်သွေးကပဲ အဲ့ဒါကို ဆက်ခံဖို့ အရည်အချင်းပြည့်မီလိမ့်မယ်”

“အဲ့ဒီမှာသွားပြီး ကျင့်ကြံလိုက်... နဂါးအရိုးတောင်ကြားက ဖျက်ဆီးမခံရသရွေ့ မင်းက ဘိုးဘေးနဂါးကုန်းမြေမှာ ဘာအန္တရာယ်မှမရှိဘဲ သေချာပေါက်ဘေးကင်းလုံခြုံနေလိမ့်မယ်”

“ကောင်းပါပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဖြစ်ပျက်လာမည့်အရာများကိုတော့ သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို စောင့်ကြည့်ခိုင်းရပေမည်။

“လုပ်စရာရှိတာဆက်လုပ်... ငါကလည်း ပြန်ပြီးတော့ အားဖြည့်ရဦးမယ်”

မွေးနီတစ္ဆေက သူ၏လက်ကိုဝေ့ယမ်းပြလိုက်၏။

“ငါ့နောက်က လိုက်ခဲ့”

မီးပဒေသာနဂါးမဟာအကြီးအကဲက ရှေ့ကနေဦးဆောင်ပြီး ထွက်ခွာသွား၏။ သိပ်မကြာခင် သူတိုနှစ်ယောက်သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရှေ့သို့ ရောက်ရှိလာကြ၏။

မီးပဒေသာနဂါးမဟာအကြီးအကဲသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ပြီး သတင်းအချက်အလက်များကို ဆက်တိုက်ပေးပို့လိုက်၏။

သိပ်မကြာခင် အခြားမျိုးရိုးလေးခုမှ မဟာအကြီးအကဲများနှင့် လုံစန်းကပါရောက်ရှိလာကြ၏။

“ဘိုးဘေးနဂါးကုန်းမြေကို ဖွင့်လှစ်ပြီး လုံမိုနဲ့လုံစန်းကို အထဲကို ပို့လိုက်ကြရအောင်”

မီးပဒေသာနဂါးမဟာအကြီးအကဲက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ဘိုးဘေးနဂါးကုန်းမြေကို ဖွင့်လှစ်ခြင်းသည် မျိုးရိုးငါးခုမှ အကြီးအကဲများ အတူတကွဆွေးနွေးကြဖို့ လိုအပ်လေသည်။ သို့သော် ယခုအခါ ဆူဇီမိုက နဂါးဖီးနစ်ဖြစ်လာပြီး လုံစန်းသည် မျိုးရိုးငါးခုကို အုပ်စိုးနိုင်သော နတ်နဂါးတစ်ကောင်ဖြစ်၏။ ဤအခြေအနေက မကြုံစဖူးထူးခြားသောအခြေအနေတစ်ခုဖြစ်၏။

မဟာအကြီးအကဲငါးယောက်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုဆုံးဖြတ်ချက်ကိုချလိုက်၏။

ဘိုးဘေးနဂါးကုန်းမြေ၏ အာကာသဆုံမှတ်သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်မှာ ရှိလေသည်။

မဟာအကြီးအကဲ ငါးယောက်သည် အတူတကွ ပေါင်းစည်း၍ သူတို့၏လက်ချောင်းထိပ်များကို အသီးသီးထိုးဖောက်ပြီး သွေးတစ်စက်စီ ညစ်ထုတ်လိုက်ကြ၏။ ထိုသွေးစက်များသည် လေထဲသို့ ဆင်းသက်လာပြီးနောက် နတ်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ထဲသို့ ဝင်ရောက်သွား၏။

မျိုးရိုးငါးခုမှ ဘိုးဘေးအဆင့် နဂါးများ၏ မျိုးဆက်သွေးကသာလျှင် ဘိုးဘေးနဂါးကုန်းမြေကို ဖွင့်လှစ်နိုင်ပေလိမ့်မည်။

ဘန်း... ဘုန်း.. ဘုန်း...

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် ယိမ်းထိုး၍ အဲ့ဒီနောက်ချက်ချင်းပင် ကြီးမားသောလိုဏ်ဂူတစ်ခုက ရှေးကျသောအော်ရာနှင့်အတူ ဧရာမကျောက်တိုင်ပေါ်မှာ ဖြစ်ပေါ်လာ၏။

“လုံမို... လုံစန်း... မင်းတို့တွေအထဲကို ဝင်ကြတော့”

မီးပဒေသာနဂါးမဟာအကြီးအကဲက စိတ်ချယုံကြည်စေရန် ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုနှင့် လုံစန်းသည် အကြည့်ချင်းဖလှယ်ပြီးနောက် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လိုဏ်ဂူထဲသို့ ဝင်ရောက်ကာ နဂါးအရိုးတောင်ကြားကနေ ပျောက်ကွယ်သွားကြ၏။

အထဲသို့ဝင်ရောက်လာပြီးနောက် အဲ့ဒါက အလွန်တရာတိတ်ဆိတ်ခြောက်ကပ်သော ကုန်းမြေတစ်ခုဖြစ်နေ၏။

ဘေးပတ်ချာလည်တွင် မည်သည့်စိမ်းလန်းစိုပြည်မှုကိုမှ မတွေ့မြင်ရပေ။

ခပ်လှမ်းလှမ်းတွင် ကြီးမားသောကျောက်တိုင်များကို ငွားငွားစွင့်စွင့် စိုက်ထူထားပြီး သူတို့ပေါ်တွင် နဂါးမျိုးနွယ်၏ ဘာသာစကားအချို့ကို ရေးထွင်းထားလေသည်။

ထိုကျောက်တိုင်တစ်တိုင်ချင်းစီ၏အောက်တွင် ဘိုးဘေးနဂါးတစ်ကောင်စီကို မြှုပ်နှံထားကြ၏။

ထိုကျောက်တိုင်းများသည် လူသားမျိုးနွယ်မှ အုတ်ဂူကမ္ပည်းကျောက်တိုင်များနှင့် ဆင်တူလေသည်။

သူတို့နှစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာကာစဖြစ်၏။ အလွန်တရာစွမ်းအားကြီးမားသော ဘိုးဘေးနဂါးချီများက သူတို့၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာတလိပ်လိပ်တိုးဝင်လာသည်ကို ခံစားရပြီး သူတို့၏ ခန္ဓာကိုယ်များကို မီးဆေး၍ အသွင်ပြောင်းလဲပေးနေ၏။

“အင်း...”

လုံစန်းက ခပ်သဲ့သဲ့ညည်းလိုက်၏။

ဖောက်... ဖောက်.... ဖောက်

တစ်ခဏအတွင်းမှာပင် သူ၏အရေပြားသည် ပေါက်ပြဲသွားပြီး သွေးစီးကြောင်းများထွက်ပေါ်လာ၏။ သူက သွေးများဖြင့် စိုရွှဲသွားခဲ့လေပြီ။

ဤနေရာမှာရှိသော ဘိုးဘေးနဂါးချီများကို အတိတ်ကာလက ဘိုးဘေးအဆင့် နဂါးများက ချန်ထားရစ်ခဲ့ကြခြင်းဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ဘိုးဘေးအဆင့် နဂါးများကသာလျှင် ဤနေရာမှာကျင့်ကြံနိုင်ပေလိမ့်မည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက အဲ့ဒါကိုလုံးဝခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော်လည်းလုံစန်းသည် ဘာပဲပြောပြော လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်ဖြစ်၏။ သူသည် ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိနေသော်လည်း သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် အလွန်တရာသန်မာနေခဲ့ပြီဖြစ်၏။ ဘိုးဘေးနဂါးချီ၏ ဆေးကြောသန့်စင်မှုအောက်တွင် သူက အဲ့ဒါကိုခုခံနိုင်သော်လည်း သည်းထန်စွာမောဟိုက်နေ၏။

အခြားတစ်ဘက်မှာတော့ ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ရုံသာဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသော ဘိုးဘေးနဂါးချီသည် သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးနှင့်အတူ တဖြည်းဖြည်း ပေါင်းစည်းသွားပြီး တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပေ။

သူတို့နှစ်ယောက်ကြား ကွာဟမှုက သိသာရှင်းလင်းနေ၏။

“အဆင်ပြေရဲ့လား”

ဆူဇီမိုက လှည့်၍မေးလိုက်၏။

ထိုနာကျင်မှုသည် သူကူညီပေးနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။ လုံစန်းသည် အဲ့ဒါကို ​ဖြေရှင်းပြီး နားလည်ဆင်ခြင်ဖို့အတွက် သူ့ကိုယ်သူသာမှီခိုရပေမည်။

“မဆိုးပါဘူး... ဆက်သွားကြတာပေါ့”

လုံစန်းက အံကိုကြိတ်၍ ပြောလိုက်ခြင်းဖြစ်၏။

သိပ်သည်းပြင်းထန်သော နာကျင်မှုဖြင့် သူ၏အသံက အနည်းငယ် တုန်ယင်နေ၏။

ဆူဇီမိုသည် ခေါင်းညိတ်၍ ခပ်လှမ်းလှမ်းတွင်ရှိသော ကျောက်တိုင်များဆီသို့ စတင်လျှောက်လှမ်းလိုက်၏။

ခြေတစ်လှမ်း လှမ်းတိုင်းမှာ သူကမျက်မှောင်ကြုတ်လိုက်ရ၏။

ဘိုးဘေးနဂါးကုန်းမြေ၏ အနက်ပိုင်းထဲသို့ ရောက်ရှိလာလေလေ ဘိုးဘေးနဂါးချီများက ပိုမိုကြွယ်ဝလာပြီး ရုန်းကန်ပေါက်ကွဲအား ပိုမိုမြင့်မားလာ၏။

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူ၏နဂါးဖီးနစ်ခန္ဓာကိုယ်ပင်လျှင် မသက်မသာခံစားလာရ၏။ ဆူဇီမိုက လှည့်ကြည့်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင်.. လုံစန်းသည် နာကျင်သော အမူအရာတစ်ခုရှိနေပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူ၏လည်ပင်းပေါ်တွင် အစိမ်းရောင်သွေးကြောများက ဖောင်းကြွလာပြီး သူက ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး သူသည် မြေပြင်ပေါ်မှာ ဝပ်တွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးနဂါးချီများကို ချေဖျက်ရင်း သည်းထန်စွာ မောဟိုက်နေ၏။

“ကျုပ်... ဆက်ပြီးတော့ ရှေ့ကို တက်နိုင်တော့ဘူး”

လုံစန်း၏အသံက အနည်းငယ်အားပျော့နေ၏။

“သခင်လေး... ခင်ဗျားဘာသာရှေ့ဆက်သွားတော့... ဂရုလည်းစိုက်ဦး”

“ကောင်းပြီလေ”

ဆူဇီမိုကခေါင်းညိတ်၍ ရှေ့သို့ဆက်လှမ်းလိုက်၏။

သူသည် ဘိုးဘေးနဂါးကုန်းမြေ၏ အနက်ပိုင်းထဲသို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ဘိုးဘေးနဂါးချီများက ပို၍ကြွယ်ဝလာကာ သူ့ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တလိပ်လိပ်တိုးဝင်ပြီး သူ၏မျိုးဆက်သွေးနှင့် ခန္ဓာကိုယ်ကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးနေ၏။

ဆူဇီမိုသည် သုသာန်ရှေ့သို့ ရောက်ရှိလာချိန်တွင် သူ၏နဂါးဖီးနစ်၏ ခန္ဓာကိုယ်က ၎င်း၏အကန့်အသတ်ထိ ရောက်ရှိလာခဲ့လေပြီ။

သူ၏နဖူးသည် ချွေးများဖြင့်စိုလာပြီး သူ၏ခန္ဓာကိုယ်ပေါ်မှာ သွေးနီရောင်ကြေးခွံများက တစ်ခုပြီးတစ်ခုပေါ်ထွက်ကြီးထွားလာ၏။ သူသည် သူ၏အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲတော့မည့်ဆဲဆဲဖြစ်လာ၏။

“ဟမ်... ဂျူနီယာတစ်ယောက်က ဒီနေရာကို ရောက်လာတာလား”

ရုတ်တရက် ဆူဇီမိုသည် ညင်သာသော အာမေဋိတ်သံ တစ်သံကို ကြားလိုက်ရ၏။

သူသည် အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်၏။

သုသာန်၏ဝင်ပေါက်ဝ၌ ဘဝနေဝင်ခါနီးအရွယ် အဖိုးအိုတစ်ယောက်သည် သူ့ကိုကြည့်နေ၏။ ကုပ်ကိုင်း၍ ပိန်လှီသောခန္ဓာကိုယ်နှင့်အတူ ထိုအဖိုးအိုသည် သုသာန်ကို သန့်ရှင်းရေးပြုလုပ်ပေးနေသည့်အလား သူ၏လက်ထဲမှာ မတ်တတ်တံမြတ်စည်းတစ်ချောင်းကို ဆုပ်ကိုင်ထား၏။

အဖိုးအို၏အကြည့်မှာ ထူးဆန်းသောစွမ်းအားတစ်ခု ပါဝင်နေ၏။

ဆူဇီမို၏ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးနဂါးချီက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။

“ဂါး...”

ဆူဇီမိုသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ရ၏။ နဂါးခန္ဓာကိုယ် ၊ ဖီးနစ်အမြီးနှင့် သူ၏ကျောပေါ်ရှိ သွေးနီရောင် ဧရာမတောင်ပံတစ်စုံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသူပုန်ထနေ​သော မီးတောက်များနှင့်အတူ အလျှံညီးညီးတောက်လောင်နေ၏။

ဘိုးဘေးနဂါးချီများက ရစ်ခွေလာပြီး ၎င်း၏စွမ်းအားက ဖြန့်ကြက်သွားကာ ဘိုးဘေးနဂါးကုန်းမြေတစ်ခုလုံးကို တုန်ခါသွားစေ၏။

“နဂါးဖီးနစ်တဗူးပဲ”

အဖိုးအိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

All Chapters