← Chapters

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ခြိုးခြံချွေတာမှု

Vol. 55 Ch. 812

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ခြိုးခြံချွေတာမှု

Vol. 55 Ch. 812

ရာနှင့်ချီသော စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ…

“ဒါက ဘယ်လိုတောင်ခမ်းနားလိုက်တဲ့ အရှိန်အဝါလဲ”

သတင်းထောက်အားလုံးက အံဩသွားကြသည်။

သိထားရမည်မှာ ပုံမှန် ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားတွင် ဂိုဏ်း၏အစောင့်အရှောက် အဖြစ် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဖိတ်ကြားလျှင်ပင် အတော် လွန်ကဲနေပြီ ဖြစ်သည်။

အကြောင်းအရင်းမှာ ကျင့်ကြံသူများကို ငှားရမ်းနိုင်ရန်မှာ ငွေကုန်ကြေးကျ များလွန်းသောကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ၎င်းတို့ကို ငှားရမ်းရန် အလွန်ခက်ခဲခြင်းဖြစ်၏။

သို့သော် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို ဂိုဏ်း၏ အစောင့်အရှောက်အဖြစ် အမှန်တကယ် စုဆောင်းနိုင်ခဲ့သည်။

ထိုအခိုက်အတန့်ကို မြင်လိုက်ရသော ဂိုဏ်းခေါင်းဆောင်များသည် ရင်ထဲတွင် နာကျင်သလို ခံစားလိုက်ရသည်။

ဟုတ်ပါသည်၊ ဤသည်က ကြေးစားကစားသမားများနှင့် သာမန် ကစားသမားများကြားမှ ကွာဟချက်တစ်ခုလိုပင်။

တစ်ဖက်တွင်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ မြောက်ဘက်ရင်ပြင် စင်မြင့်အောက်ရှိ စက်ခန်းထဲတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အရာအားလုံးကို ဖန်သားပြင်မှ တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။

အချိန်တန်လျှင် သူက စက်ခန်းအလယ်ရှိ စက်လှေကားကိုအသုံးပြု၍ စင်မြင့်အလည်တွင် တိုက်ရိုက် ပေါ်လာမည် ဖြစ်သည်။

ထိုအချိန်မှာပင် အင်မော်တယ် စစ်သင်္ဘောပေါ်ရှိ ရာနှင့်ချီသော စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် မြေပြင်ထက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။

ထိုမြင်ကွင်းကို ဖန်သားပြင်မှ ကြည့်ရင်း ဗုံးပစ်စီနီယာအင်မော်တယ်သည် စိတ်လှုပ်ရှားမှုများ ပြင်းထန်နေခဲ့သည်။

ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည်လည်း ဗုံးပစ်စီနီယာအင်မော်တယ်ကဲ့သို့ ထပ်တူထပ်မျှ ခံစားနေရသည်။

ထွင်ထျန်းဟာ “စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ဒီတံခွန်တိုင်မှာသုံးတဲ့ သစ်သားကို ခပ်ကြီးကြီးလေး ရွေးသင့်တယ်”

ငွေရောင်လေး “ဒီတံခွန်တိုင်ထက် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရာချီကို စုဆောင်းနိုင်တာ တကယ်ကို အံ့ဩလောက်စရာပဲ”

“အမှန်ပေါ့”

ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။

ထိုစကားကို ထောက်ခံသည့်အနေဖြင့် ငွေရောင်လေးက ခေါင်းညိတ်လိုက်ပြီး ထွင်ထျန်းဟာနှင့် လက်ဝါးချင်းရိုက်လိုက်သည်။

သူတို့နှစ်ယောက်က မကြာခဏ ရန်ဖြစ်လေ့ရှိသော်လည်း ဤကိစ္စနှင့် ပတ်သက်လာသော အခါတွင် မမျှော်လင့်ဘဲသဘောထားချင်း တူညီနေကြသည်။

“ဒါနဲ့ညီနောင်ခွေး.. ခုနက တံခွန်တိုင်နဲ့ ပတ်သက်ပြီးပြောတဲ့ မင်းစကားက ဘာအဓိပ္ပါယ်လဲ”

ထွင်ထျန်းဟာ “အခြေခံခွေးနည်းစနစ်ကို သင်ယူပြီးကတည်းက ဝါးလုံးတိုင်တွေကို မြင်ရင်း သေးပန်းချင်စိတ်ကို ငါထိန်းမရတော့ဘူး.. တံခွန်တိုင်တွေက သေးတော့ ငါ့စိတ်ထဲ ကိုးလိုးကန့်လန့် ဖြစ်နေလို့ပါ”

ဗုံးပစ်စီနီယာအင်မော်တယ်နှင့်ငွေရောင်လေး “……….”

“ငါဒီအကြောင်းကို နတ်ဆိုးမျိုးနွယ်စုရဲ့ သူတော်စင်ဆရာကြီး ရှန်းဝူယွဲ့နဲ့ ပြောခဲ့သေးတယ်.. သူက ငါ့ကို ဖြေရှင်းတဲ့နည်းလမ်းတစ်ခု ပြောပြခဲ့တယ်.. ဒီနောက်ဆက်တွဲ ဆိုးကျိုးကို ကိုင်တွယ်ဖြေရှင်းချင်ရင် စိတ်ပိုင်းဆိုင်ရာအရ တွန်းလှန်လို့မရဘူး.. အဲဒီအစား ခွေးတစ်ကောင်လို ပိုပြီး နေထိုင်ရမယ်လို့ သူက ပြောခဲ့တယ်.. ဒါပေမဲ့ ငါက အစကတည်းက ခွေးမဟုတ်တဲ့အတွက် ဒီနည်းစနစ်ကို ထပ်ပြီး လေ့လာမယ်ဆိုရင် ငါ့ဝိညာဉ်က ပဋိပက္ခအချို့ကို ကြုံတွေ့ရနိုင်တယ်”

“ဒါဆိုမင်းဘယ်လိုဖြေရှင်းမလဲ”

“လခွမ်း.. သေးပေါက်ပြီးပဲ ဖြေရှင်းရတာပေါ့ဟ”

“……….”

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ရှေ့မှ ဖန်သားပြင်ကို ကြည့်၍ ပြောလိုက်သည်။

“တကယ်တော့ ဒီစိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ငါ့အတွက် ဘာမှမကုန်ကျပါဘူး.. ငါတို့ဂိုဏ်းက အခုမှစတည်ထောင်တာလေ.. ငါက ဘာလို့ ပိုက်ဆံတွေကို ရူးရူးမိုက်မိုက် သုံးပစ်ရမှာလဲ.. တကယ်တော့ ဒီလူ ရာပေါင်းများစွာရဲ့ ကုန်ကျစရိတ်က စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် သုံးယောက်ရဲ့ ကုန်ကျစရိတ်နဲ့ အတူတူပဲ”

ထိုစကားကိုကြားလျှင် လူတိုင်းက အံ့ဩသွားကြသည်။

“ဘာလို့အဲလောက်တောင် ဈေးပေါနေရတာလဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းကုပ်ကာ ပြောလိုက်သည်။

“ညီနောင်လင်းက ငါ့ကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း တာအိုအဆောင်လက်ဖွဲ့ အမြောက်အမြားကို လွှဲပေးခဲ့တယ်.. အဆောင်လက်ဖွဲ့က ကျင့်ကြံသူတစ်ယောက်ရဲ့ အော်ရာကို အချိန်တိုအတွင်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ထိ မြှင့်တင်နိုင်တယ်.. ဒါပေမဲ့ အမှန်တကယ် ခွန်အားတိုးလာဖို့အတွက်တော့ အထောက်အကူ မဖြစ်ဘူး.. အစောပိုင်းက တွေ့ရတဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက ဒီအဆောင်လက်ဖွဲ့ကို သုံးထားတဲ့ အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ”

ငွေရောင်လေးနှင့် ထွင်ထျန်းဟာ “……….”

“အဲဒီလိုလည်း လုပ်လို့ရတယ်လား”

ဗုံးပစ်စီနီယာအင်မော်တယ် “ကနဦးမှာ ညီနောင်လင်းက ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့် တာအိုအဆောင်လက်ဖွဲ့ကို ဆွဲမယ်လို့ စီစဉ်ထားတယ်.. ဒါပေမဲ့ VIPစာရင်းက ဧည့်သည်တွေကို ကြည့်လိုက်တဲ့အခါမှာ ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့် ကျင့်ကြံသူတွေ ဖြစ်နေတာကို တွေ့ရတဲ့အတွက် ဒီအစီအစဉ်ကို တစ်ဆင့် လျှော့လိုက်ရတာပဲ.. ဒါမှမဟုတ်ရင်အရမ်းကို ရှက်စရာကောင်းနေလိမ့်မယ်လေ.. အခုတောင်ဂိုဏ်းခေါင်းဆောင်တွေက တော်တော်လေး အရှက်ရနေကြပြီ”

ထိုအချိန်တွင် စက်ခန်းထဲရှိ အချက်ပြမီးက လင်းလာပြီး စပီကာမှ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။

“စီနီယာအင်မော်တယ် အားလုံးအဆင့်သင့် ဖြစ်ပါပြီ.. အစီအစဉ် တင်ဆက်သူကလည်း စင်နောက်မှာ ရောက်နေပြီ”

ထိုအသံက ချိုက်လျန်၏အသံ ဖြစ်သည်။

“ကောင်းပြီလေ.. ဒါဆို အစီအစဉ်တင်ဆက်သူကို စီစဉ်ထားတဲ့အတိုင်း လုပ်ခိုင်းလိုက်တော့”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။

ချိုက်လျန် “ဆရာကြီး စလို့ရပြီ”

စက္ကန့်အနည်းငယ်အကြာမှာပင် အနက်ရောင် မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အစီအစဉ်တင်ဆက်သူက ပြုံးရွှင်သော မျက်နှာထားဖြင့် စင်၏အနောက်ကနေ ရှေ့သို့ထွက်လာခဲ့သည်။

ထိုလူတွင် အလွန်ရှည်လျားသော မုတ်ဆိတ်မွှေးများ ရှိပြီး အထက်တန်းစားလူတစ်ဦး၏ အသွင်အပြင်မျိုး ရှိသည်။

အစီအစဉ်တင်ဆက်သူက စင်နောက်ကနေ တည်ငြိမ်စွာလမ်းလျှောက်ထွက်လာခဲ့သည်။

ထိုအချိန်တွင် လမ်းကြောင်း အသီးသီးမှ ဘက်စ်ကား ဒါဇင်ပေါင်းများစွာက မြောက်ဘက်ရင်ပြင်သို့ မောင်းနှင်လာကြ၍ လူအများက ပိုမို စုဝေးလာကြသည်။

ဂိုဏ်းခေါင်းဆောင်များ၊ လက်ထောက် ဂိုဏ်းခေါင်းဆောင်များနှင့် မြေကမ္ဘာ၊ အနက်ရောင်၊ အဝါရောင်၊ ဖုန်မှုန့်အဆင့်ဂိုဏ်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာခေါင်းဆောင်များ၊ မီဒီယာ သတင်းထောက်များနှင့် အခြားဧည့်သည်များလည်း နေရာယူထားကြပြီ ဖြစ်သည်။

အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့ ရောက်သည်နှင့် ကောင်းကင်ပေါ်ရှိ အင်မော်တယ်စစ်သင်္ဘောကို မော့ကြည့်လိုက်သည်။

သူက အစီအစဉ်တင်ဆက်သူ ဖြစ်၍ အခမ်းအနား တစ်ခုလုံး၏ အစီအစဉ်များကို သိထားခဲ့သည်။

ထို့ကြောင့် စစ်သင်္ဘောပေါ်တွင် အရေးပါသူများ ရှိနေသည်ကို ကောင်းစွာ သိနေခဲ့သည်။

“ချလပ်”

သက်လတ်ပိုင်းအရွယ် အစီအစဉ်တင်ဆက်သူ၏ ရုပ်သွင်ကို ထင်ရှားစွာ မြင်နိုင်စေရန်အတွက် စစ်သင်္ဘောကြီးပေါ်ကနေ မီးမောင်းကြီးကို ထိုးချလိုက်သည်။

ထိုအချိန်မှာပင် အစီအစဉ်တင်ဆက်သူ၏ ခံ့ညားသောအသံ ထွက်ပေါ်လာသည်။

၎င်း၏အသံ ထွက်ပေါ်လာသည်နှင့် ဧည့်ပရိသတ်အပေါင်း ငြိမ်ကျသွားခဲ့သည်။

“ကြွရောက်လာကြတဲ့ ဧည့်သည်များ၊ ခေါင်းဆောင်များ အမှုဆောင်များ၊ လက်ထောက် ဂိုဏ်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ မီဒီယာမှ မိတ်ဆွေတို့အားလုံး မင်္ဂလာနံနက်ခင်းပါ.. မကြာခင်မှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး တည်ထောင်ခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို စတင်တော့မှာ ဖြစ်ပါတယ်”

မီးရောင်အောက်မှ အစီအစဉ်တင်ဆက်သူ၏ မျက်နှာကို မြင်လိုက်ရသောအခါတွင် လူအများအပြားက အံ့ဩထိတ်လန့်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်တင်ဆက်သူ၏ အထောက်အထားက မရိုးရှင်းသောကြောင့်ဖြစ်သည်။

၎င်းက ဟွာရှို့နိုင်ငံ၏ နိုင်ငံတော် အခမ်းအနားကို ကျင်းပရာတွင် နှစ်စဥ် တာဝန်ယူရသည့် တော်ဝင် အစီအရင်တင်ဆက်သူ ဝမ်ဟန် ဖြစ်သောကြောင့်ပင်။

“မြတ်စွာဘုရား.. ဆရာဝမ်လည်း ဒီမှာရှိနေတာလား”

“တကယ်ပဲ ဆရာဝမ်လား”

“ဒါတကယ်ကြီးလား”

“ဟုတ်တယ်.. သူက တကယ်ဆရာဝမ်ပဲ.. သူ့ရဲ့မုတ်ဆိတ်နဲ့ အနက်ရောင် အနားကွပ်မျက်မှန်ကိုပဲ ကြည့်လေ.. အဲဒါက သူ့ရဲ့ အမှတ်အသားပဲ”

“လခွမ်း.. တကယ်ပဲ သူပဲဟ.. မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက သူ့ကို ဘယ်လိုလုပ်ဖိတ်ခေါ်လိုက်တာလဲ”

ဝမ်ဟန်က လူရှေ့သူရှေ့တွင် ထွက်ပေါ်လာသောကြောင့် သတင်းထောက်များပင် အံ့ဩသွားကြသည်။

ရင်ပြင်တစ်ခုလုံးက ခဏမျှ တိတ်ဆိတ်သွားကြပြီး ကင်မရာမန်းများက ဓာတ်ပုံရိုက်ရန်ပင် မေ့လျော့နေကြသည်။

ဤသည်မှာ အလွန်ဒဏ္ဍာရီဆန်သော အတွေ့အကြုံများစွာ ရှိသည့် အစီအစဉ်တင်ဆက်သူ ဖြစ်သည်။

ဝမ်ဟန်က ပရော်ဖက်ရှင်နယ် အစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်ရုံသာမက ဟင်းလင်းပြင် မွမ်းမံခြင်း အဆင့် ကျင့်ကြံသူလည်း ဖြစ်သောကြောင့် သူ၏ ခွန်အားက အားမနည်းလှပေ။

ထိုအချိန်ကဝမ်ဟန်မည်ကဲ့သို့ နာမည်ကြီးလာသည်ကို လူအများကမှတ်မိနေပါသည်။

ထိုအချိန်က လောင်ထန်ဂေါ်ဖီချဉ်အမဲသား ခေါက်ဆွဲအတွက် ကြော်ငြာတစ်ခုကိုရိုက်ကူးရာတွင် ရိုက်ကူးရေးအဖွဲ့များသည် လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထိုအခိုက်တွင် ဆရာဝမ်ဟန်သည် သူစားနေသည့် ခေါက်ဆွဲအတွင်းမှ ဂေါ်ဖီချဉ်ကို အသုံးပြု၍ လူဆိုးဂိုဏ်းဝင်များကို သတ်ပစ်လိုက်သဖြင့် နာမည်ရလာခဲ့သည်။

ထိုဖြစ်ရပ်ပြီးနောက်တွင် ဝမ်ဟန်၏ ဆောင်ပုဒ်က ဂန္ဓဝင်တွင်လောက်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။

“တချို့ကငါ့မျက်နှာကို ပုံတူကူးတယ်.. တချို့က ငါ့ခေါက်ဆွဲကို ပုံတူကူးတယ်.. ဒါပေမဲ့ ဂေါ်ဖီချဉ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းတာကိုတော့ မင်းတို့တွေ ပုံတူကူးချလို့မရဘူး”

အပိုင်း(၈၁၂) ပြီး၏

All Chapters