← Chapters

တရားဝင်ကြေငြာချက်စတိုင်

Vol. 55 Ch. 813

တရားဝင်ကြေငြာချက်စတိုင်

Vol. 55 Ch. 813

သူ၏အသွင်အပြင်ကြောင့် လေထုက တစ်ခဏအတွင်း အေးခဲသွားသည်။

နိုင်ငံတော်အဆင့် အခမ်းအနားများတွင်သာ တွေ့ရလေ့ရှိသည့် ဤတော်ဝင် အစီအစဉ်တင်ဆက်သူသည် ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားတွင် ပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် လုယိုမင်သည် ပို၍ပင် ကြောက်လန့်လာခဲ့သည်။

ဤမဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ နောက်ကွယ်တွင် အရေးပါသူ တစ်စုံတစ်ဦး ရှိနေသည်ဟု သူခံစားခဲ့ရသည်။

ထိုအရာကို တွေးကြည့်ရုံမျှဖြင့် ကျောရိုးထဲ စိမ့်တက်သွားသလို ခံစားခဲ့ရ၏။

ဆရာဝမ်ဟန်သည် အဆုံးသတ်တွင် ဆရာဝမ်ဟန်သာဖြစ်သည်ဟု ဆိုနိုင်တော့သည်။

သူက များစွာသော ဂိုဏ်းကြီးများနှင့် မီဒီယာများ ရှေ့မှာပင် အေးဆေးတည်ငြိမ်မှုရှိပြီး ပရော်ဖက်ရှင်နယ် အစီအစဉ်တင်ဆက်သူ တစ်ဦး၏ စွမ်းရည်ကို ပြသနေသည်။

သူက ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားနှင့် ပတ်သက်သည့် လုပ်ငန်းစဉ် အားလုံးကို နှလုံးသားထဲမှ သိထားပြီ ဖြစ်၍ အညွှန်းစာရွက်ပင် ကိုင်ထားရန် မလိုအပ်တော့ချေ။

ထိုအချိန်မှာပင် မိုက်ကရိုဖုန်းကို ကိုင်ထားပြီး မတ်တပ်ရပ်နေသည့် ဝမ်ဟန်က ပြောလိုက်သည်။

"ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားကို ရက်ကွန်း ကြွပ်ကြွပ်ရွရွ ခေါက်ဆွဲခြောက်ကြော်ကုမ္ပဏီက အထူးစပွန်ဆာ ပေးထားပါတယ်"

သူ၏ စကားဆုံးသည်နှင့် ကောင်းကင်ပေါ်တွင် ဟော်လိုဂရပ်ဖစ် 3D QRကုဒ် ပုံသဏ္ဍာန် ပေါ်ထွက်လာသည်။

ထိုQRကုဒ်က ရက်ကွန်းငယ်လေး၏ ပုံသဏ္ဍာန်တစ်ခုဖြစ်သည်။

"မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေက ဒီQRကုဒ်ကို စကင်န်ဖတ်ပြီး ကံစမ်းနိုင်ပါတယ်.. မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ဂိုဏ်းတည်ထောင်ခြင်းအထိမ်းအမှတ်အနေနဲ့ ဆုလက်ဆောင်တွေ ရက်ရက်ရောရောထည့်သွင်းပေးထားပါတယ်.. အဲဒီပစ္စည်းတွေကတော့ နဝမတန်းစား သူတော်စင် ရတနာ ၁၀ခု၊ ဆဌမတန်းစား သူတော်စင် ရတနာ ၁၀ခုနဲ့ တတိယတန်းစား သူတော်စင်ရတနာ ၃ခုပဲ.. ဒါနဲ့ အထူး လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုလည်း ပါရှိတယ်.. အဲဒီပစ္စည်းကတော့ မိတ်ဆွေတို့ တွေးမိမှာ မဟုတ်တဲ့ ပစ္စည်းတစ်ခုပဲ"

သူ၏ စကားဆုံးသည်နှင့် ချက်ချင်း ဆိုသလိုပင် ကွင်းပြင်အတွင်း၌ တီးတိုးသံများ ထွက်ပေါ်လာသညိ။

"သူတော်စင် ရတနာလား"

"တကယ် အဲဒီပစ္စည်းတွေကို လွယ်လွယ်ကူကူ ပေးပစ်မှာလား"

"မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက တကယ်ကိုချမ်းသာတာပဲ"

"တတိယတန်းစား သူတော်စင်ပစ္စည်း ၃ခု ဟုတ်လား.. သာမန်ဂိုဏ်းတစ်ခုဆိုရင် အဲဒီပစ္စည်းတွေကို ဂိုဏ်းရဲ့ရတနာ အဖြစ် သိမ်းဆည်းထားမှာ အမှန်ပဲ"

"ဟေး.. အထူးလျှို့ဝှက်ဆန်းကြယ် ဆိုတာဘာလဲ.. မင်းတို့တွေမသိချင်ဘူးလား"

လူအများအပြားက ချက်ချင်းပင် သူတို့၏ ဖုန်းကိုထုတ်ကာ QRကုဒ်ကို စကင်န်ဖတ်လိုက်ကြသည်။

ထို့နောက် သူတို့က QRကုဒ်ကနေ ဝင်ရောက်လိုက်ရာ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ တရားဝင်အကောင့်သို့ ရောက်ရှိသွားကြောင်း သိရှိခဲ့သည်။

သူတို့က ဖော်လိုကို နှိပ်လိုက်ရာ အလိုအလျောက်အကြောင်းပြန်သည့် မက်ဆေ့တစ်စောင် ရောက်ရှိလာသည်။

"စနစ်=မဟာ​ဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ- မဟာ​ဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ တရားဝင်အကောင့်ကို ဖောလို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. တစ်ချိန်တည်းမှာပဲ ဂိုဏ်းတည်ထောင်ခြင်း အထိမ်းအမှတ် ကံစမ်းမဲ အစီအစဉ်မှာပါဝင်ပေးဖို့ ဧည့်သည်အားလုံးကို လေးစားစွာနဲ့ ဖိတ်ခေါ်ပါတယ်.. သင်တို့ရဲ့ WeChatမှာ မဟာဗျူဟာလှည့်ဖြားမှု ရုံးအတွက် သင်တို့ရဲ့ပံပိုးမှုကို တရားဝင်ကြေညာပြီး SSရိုက်ပါ.. အဲဒါပြီးရင် ကျွန်တော်တို့ တရားဝင်အကောင့်ကို စာပြန်ထားတာနဲ့ သင်တို့က မဲစာရင်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မှီမှာဖြစ်တယ်.. မှတ်ချက်၊ တရားဝင် ကြေညာချက်ပုံစံကို နားမလည်လျှင် အွန်လိုင်းတွင် ကြည့်ရှုပါ”

“တရားဝင်ကြေညာချက်ပုံစံလား.. အဲဒါကဘာလဲ”

လူတော်တော်များများ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သောအမူအရာများ ဖြစ်ပေါ်လာသည်။

“ဂိုဏ်းခေါင်းဆောင်လုရော တရားဝင် ကြေညာချက်ပုံစံကို သိလား”

အချို့က ကောင်းကင်အလင်း မဟာမိတ် အဖွဲ့ခေါင်းဆောင် လုယိုမင်ကို မေးလိုက်ကြသည်။

“အင်း သိတယ်”

လုယိုမင်က ချက်ချင်းပင် သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။

ထိုဓာတ်ပုံမှာ မြောက်ဘက်ရင်ပြင်ရှိ လူအုပ်ကြီး၏ ဓာတ်ပုံဖြစ်သည်။

ထို့နောက်တွင် လုယိုမင်က စာသားများနှင့်အတူ ထိုပုံကိုတွဲ၍ သူ၏WeChatတွင် တင်လိုက်သည်။

လုယိုမင် “မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး စတင်တည်ထောင်ခြင်းအတွက် ဂုဏ်ယူပါတယ်.. တရားဝင်ကြေညာချက်”

လူများက သူ၏ဖုန်းကို ဝိုင်းကြည့်လိုက်ကြပြီးနောက် သဘောပေါက်သွားသည်။

“ဒါက တရားဝင်ကြေညာတဲ့ပုံစံလား.. ဂိုဏ်းခေါင်းဆောင်လုက အတွေ့အကြုံ ကြွယ်ဝတာပဲ”

ဤသို့ဖြင့် တက်ရောက်လာသော ဧည့်ပရိသတ်များသည် ပို့စ်များ အပြိုင်အဆိုင် တင်ကြတော့သည်။

ပြတ်သားသော ကောင်းကင်ဂိုဏ်း၏ အကြီးအကဲရှပိချွယ်

“ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်း ဖြစ်တဲ့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို ယနေ့မှာ စတင်ဖွဲ့စည်းလိုက်ပါပြီ၊ တရားဝင်ကြေညာချက်”

ချစ်စဖွယ်ကောင်းသော မုန်လာဥဘုရင်ဂိုဏ်း၏ ခေါင်းဆောင် “မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို စတင်တည်ထောင်ခြင်းအတွက် ဂုဏ်ယူပါတယ် တရားဝင်ကြေညာချက်”

လျှပ်စစ်ငါးရှဉ့်ဂိုဏ်းခေါင်းဆောင် ဝူရှို့ယင် “ယနေ့မှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို တည်ထောင်လိုက်ပါပြီ.. ဂိုဏ်းရဲ့ မြောက်ဘက်ရင်ပြင်မှာတော့ လူပင်လယ်ကြီးဖြစ်နေတာ တွေ့ရတဲ့အတိုင်းပဲ.. အရေးပါတဲ့ လူအများအပြားလည်း တက်ရောက်ကြတယ်.. သောက်ရမ်းခမ်းနားလွန်းတယ်၊ တရားဝင်ကြေညာချက်”

ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်ရေး ဂိုဏ်းခေါင်းဆောင် ဖန်ပရီ “အသစ်ဖွဲ့စည်းလိုက်တဲ့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗုံးပစ်စီနီယာရဲ့ နာမည်ကိုတော့ ကြားဖူးနေတာကြာပါပြီ.. ယနေ့မှာ ဖွင့်လှစ်တဲ့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အခမ်းအနားကို ဂိုဏ်းခေါင်းဆောင် အများအပြားက စုရုံးတက်ရောက်ခဲ့ကြတယ်.. ငါတို့ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်ရေးဂိုဏ်းနဲ့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ရုပ်မြင်သံကြားလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း ရှိလာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်.. ဒီအတွက် ငါတို့နှစ်ဂိုဏ်းက နိုင်ငံတော်အခွန်ကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်ပါမယ်၊ တရားဝင်ကြေညာချက်”

အရသာရှိသောအသင်း၏ ဥက္ကဌဝမ်ကျင်းစီ “ရိုးရိုးသားသားပြောရရင် ဖိတ်စာကို ပထမဆုံးလက်ခံရရှိစဉ်က တက်ရောက်ဖို့ ဆန္ဒမရှိခဲ့ဘူး.. ဂိုဏ်းဖွင့်လှစ်ပွဲကို တက်ရောက်တာထက် ငတ်သေတာမျိုး ဒါမှမဟုတ် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတာမျိုးက ပိုကောင်းမယ်လို့ ငါတွေးမိခဲ့တယ်.. ဂိုဏ်းကကံစမ်းမဲ လုပ်မယ်လို့သာ ကြိုအသိမပေးထားခဲ့ရင် ငါတက်ရောက်မှာတောင်မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် ကံစမ်းမဲကတော့ သောက်ရမ်းမိုက်နေပြီ၊ တရားဝင်ကြေညာချက်”

ကံစမ်းမဲ အမှီပြု၍ ဂိုဏ်းကို ပံ့ပိုးပေးသော မက်ဆေ့ချ်များက တစ်ခဏအတွင်းမှာပင် အွန်းလိုင်းပေါ်တွင်ပေါက်သွားပြီး ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်လာသည်။

မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို တည်ထောင်ခြင်းဟူသောခေါင်းစဉ်သည် ချက်ချင်းဆိုသလိုပင် နောက်ဆုံးပေါ် သတင်းခေါင်းစဉ် ထိပ်စီးသို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံတစ်ဝှမ်းမှ ခေါင်းဆောင်များနှင့် လူသိများသော သတင်းမီဒီယာများစွာမှ တင်ထားသော ကြေညာချက်ပုံစံရှိ မက်ဆေ့ချ်များသည် Wechat၊ weibo၊ tieba နှင့် အခြား ပလက်ဖောင်းများစွာတွင် အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

ထို့ပြင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး တည်ထောင်ခြင်း ခေါင်းစဉ်နှင့်အတူ မဟာသေမင်းတမန်စီနီယာ ဟူသော အမည်ကလည်း ရေပန်းစားလာသည်။

စက်ခန်းထဲတွင်မူ ဗုံးပစ်စီနီယာ အင်မော်တယ်သည် အွန်လိုင်းမှလှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

ကံစမ်းမဲကနေ ဖြစ်ပေါ်လာသော အရှိန်အဟုန်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးအား ရေပန်းစားသောအကြောင်းအရာ ဖြစ်လာစေခဲ့သည်။

မြောက်ဘက်ရင်ပြင်ရှိ မီဒီယာများက အချက်အလက်များကိုစုဆောင်းပြီး သတင်း မတင်ပြမီမှာပင် ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားနှင့် ပတ်သက်သည့် သတင်းများက အဓိက သတင်းမီဒီယာ ဝက်ဘ်ဆိုက်များ၏ သတင်းအားလုံးကို လွှမ်းမိုးထားပြီ ဖြစ်သည်။

“ငါတို့ချိုက်လျန်က အရမ်းတော်တာပဲ”

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

ခဏအကြာတွင် ငွေရောင်လေးက စပ်စု၍ မေးလိုက်သည်။

“ဒါနဲ့ အထူးဆုဆိုတာက ဘာလဲ”

“အစားအသောက်”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက ချက်ချင်းတုံ့ပြန်လိုက်သည်။

“ဒါက ဆရာလေးလင်းရဲ့ ခေါက်ဆွဲခြောက်တော့ မဖြစ်နိုင်ပါဘူးနော်”

“ဟားဟား.. ညီနောင်ခွေးရဲ့ တုံ့ပြန်မှုက အရမ်းမြန်ဆန်တာပဲ.. ငါက ထူးထူးခြားခြားအရသာရှိတဲ့ ခေါက်ဆွဲခြောက်ထုပ်ကို သေသေချာချာ ချက်ပြုတ်ပြီး အထူးဆုအဖြစ် သတ်မှတ်ဖို့ ညီနောင်လင်းကို အကြံဉာဏ်တောင်းခဲ့ပေမဲ့ ညီနောင်လင်းကအဲဒီအကြံဉာဏ်ကို သဘောမတူခဲ့ဘူး”

“……….”

“ဒါကြောင့် နောက်ဆုံးမှာတော့ အထူးဆုက ခေါက်ဆွဲခြောက်နဲ့ မပတ်သက်တော့ဘဲ ပြောင်းသွားခဲ့တယ်.. ဒါက ခေါက်ဆွဲခြောက် မဟုတ်ပေမဲ့ ထူးထူးခြားခြား အရသာရှိတဲ့ အစားအစာတစ်မျိုး ဖြစ်တယ်.. ဒီအစားအသောက်ကို ဖန်တီးဖို့က အရမ်းဈေးကြီးတဲ့ အတွက် ပထမတန်းစား သူတော်စင် မှော်ရတနာနဲ့တောင် နှိုင်းယှဉ် နိုင်တယ်.. စားပြီးတာနဲ့သက်တမ်းကို အနှစ် ၂၀၀ ထိ တိုက်ရိုက် တိုးလာနိုင်စေတယ်”

“အနှစ်၂၀၀ အထိလား”

ငွေရောင်လေးက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“အဲဒါက ဘာဟင်းလျာလဲ”

“ကောင်းကင်တာအို ဘရိုကိုလီနဲ့ ခရမ်းရောင်တိမ်တိုက်တောင်ပံကို အတူပြုတ်ပြီး မီးသွေးဖိုမှာ ပြန်ကင်ထားတဲ့ ထူးရှယ်အရသာ အကင်ပဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က ရှင်းပြလိုက်သည်။

ငွေရောင်လေးနှင့်ထွင်ထျန်းဟာ “……….”

ထိုအချိန်တွင် အစီအစဉ်တင်ဆက်သူ ဝမ်ဟန်၏ အသံက မြောက်ဘက်ရင်ပြင်ကနေ ထပ်မံထွက်ပေါ်လာသည်။

“ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနား တရားဝင် မစတင်မီမှာ ငါတို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ပြိုင်ပွဲလေးတစ်ခု ပြင်ဆင်ထားပါတယ်.. အဲဒါကတော့ ငါတို့ဂိုဏ်းရဲ့ အပန်းဖြေခန်းမခေါင်ဆောင်ကို စိန်ခေါ်ဖို့ပါပဲ.. ကျေးဇူးပြုပြီးတက်ရောက်လာကြတဲ့ မည်သည့် ဂိုဏ်းခေါင်းဆောင်မဆို စိန်ခေါ်လို့ရပါတယ်.. အပန်းဖြေခန်းမခေါင်းဆောင်ကို အနိုင်ရတာနဲ့ ပထမတန်းစား သူတော်စင်မှော်ရတနာကို ဆုလာဘ်အဖြစ် ချက်ချင်းရပါမယ်”

ထိုကြေညာချက်ကိုကြားလျှင် စက်ခန်းထဲရှိ ငွေရောင်လေးနှင့် ထွင်ထျန်းဟာက အလွန်အံ့ဩသွားကြသည်။

“ဆရာဒီမှာရောက်နေတာလား”

“ဆရာလေးလင်းက ဒီမှာလား”

ငွေရောင်လေးနှင့် ထွင်ထျန်းဟာက တစ်ပြိုင်နက် မေးလိုက်ကြသည်။

“ညီနောင်လင်းက စာမေးပွဲအတွက် ပြင်ဆင်နေတာ ဆိုတော့ ထုံးစံအတိုင်း အခမ်းအနားကို မတက်ရောက်နိုင်ဘူး.. ဒါပေမဲ့လည်း ဒါက ဂိုဏ်းရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်နေတယ်လေ.. ဒါကြောင့် သူက ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ကိုယ်ပွားတစ်ဝက်ကို ပေးပို့လိုက်တယ်”

“တစ်ဝက်.. ကိုယ်ပွားတစ်ဝက်လား”

“ကိုယ်ပွားတစ်ဝက်ဆိုတာက ပုံမှန် ကိုယ်ပွားတစ်ခုရဲ့ ဝိညာဉ်စွမ်းအားထက်ဝက်ပဲ ရှိတဲ့ ကိုယ်ပွားတစ်ခုကို ပြောတာပါ.. လက်ရှိဂိုဏ်းခေါင်းဆောင်တွေ အားလုံးက အရမ်းအားနည်းတယ်လို့ ညီနောင်လင်းက ပြောတယ်.. သူ့ကိုယ်ပွားက အပြည့်အဝ စွမ်းအားသုံးလိုက်ရင် သူတို့ကို မတော်တဆသတ်မိသွားမှာ စိုးရိမ်လို့လေ”

“……….”

“ပြောရရင် ဒါက ဂိုဏ်းတည်ထောင်တဲ့ အခမ်းအနားလေ.. မတော်တဆ သွေးထွက်သံယိုဖြစ်ရင် ဘယ်ကောင်းပါ့မလဲ.. ဒါပေမဲ့လည်း ငါတို့ဂိုဏ်းရဲ့ အစကောင်းဖို့အတွက် ဆိုရင်တော့ နည်းနည်းလောက်ကြမ်းလည်း ဘာမှမဖြစ်ပါဘူး”

“……….”

အပိုင်း(၈၁၃) ပြီး၏

All Chapters