← Chapters

လက်ဝါးဂိုဏ်းချုပ်စုရှင်း

Vol. 55 Ch. 818

လက်ဝါးဂိုဏ်းချုပ်စုရှင်း

Vol. 55 Ch. 818

သဲပန်းပုဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ အပြုအမူကြောင့် ချက်ချင်းပင် ရူးသွပ်မလို ဖြစ်သွားခဲ့သည်။

"ဒါက.."

လုယိုမင်က မျက်လုံးများ ပြူးကျယ်လာပြီး မျက်နှာပေါ်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ယခုလှုပ်ရှားမှုက သူတွေးနေသည့်အတိုင်း အတိအကျ ဟုတ်မဟုတ် သူသေချာ မသိပေ။

သို့သော်လည်း သူအထင် မမှားကြောင်း သူယုံကြည်သည်။

သတင်းထောက်များ၏လက်မှ လွတ်လာသော ဂိုဏ်းခေါင်းဆောင်စွန်းကလည်း အလွန်အံ့အားသင့်နေသည်။

“ဒါက…”

ဂိုဏ်းခေါင်းဆောင်လုက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

"မှော်စကားလုံးစွမ်းရည်"

ခေါင်းဆောင်စွန်းက သူ့ခေါင်းကို ဝုန်းခနဲ ထိမှန်သွားသလို ခံစားလိုက်ရကာ အလန့်တကြား ဖြစ်သွားသည်။

[ဒါက အမြင့်ဆုံး နယ်ပယ်အဆင့်ကို ရောက်မှ နားလည်နိုင်မဲ့ ဒဏ္ဍာရီလာ မှော်စကားလုံးစွမ်းရည်လား]

ဂိုဏ်းခေါင်းဆောင်စွန်းက အေးစက်သောလေထုကို ရှုရှိုက်လိုက်ရသည်။

[ဒီခေါက်ဆွဲခြောက် တာအိုဧကရာဇ်က အင်မော်တယ်အရှင်မြတ်တစ်ပါးများလား]

သူတို့က ကောင်းကင်အဆင့်ဂိုဏ်းများ၏ မြင့်မြတ်သောဂိုဏ်းခေါင်းဆောင်များ ဖြစ်သည်။

သို့သော်လည်း အဆုံးသတ်တွင် ဂိုဏ်းခေါင်းဆောင်လု နှင့် ဂိုဏ်းခေါင်းဆောင်စွန်း၏ ကမ္ဘာအပေါ်ရှုမြင်သည့် အမြင်တွင် ကန့်သတ်ချက် ရှိနေ၏။

သူတို့က နတ်ဘုရားနယ်မြေကို တစ်ခါမျှ မကြုံဖူးသူပီပီ အင်မော်တယ် အရှင်မြတ် အဆင့်ကိုသာ အမြင့်ဆုံး နယ်ပယ်အဆင့် အဖြစ် သတ်မှတ်ထားကြသည်။

ဤအတွက် ဂိုဏ်းခေါင်းဆောင်စွန်းကို အပြစ်တင်၍မရပေ။

အကြောင်းမှာ ကျင့်ကြံသူ အများစုသည်လည်း ဤအချက်ကို သတိမထားမိကြသောကြောင့် ဖြစ်သည်။

“ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က အရမ်း အစွမ်းထက်လွန်းတယ်”

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။

ဤကဲ့သို့ စွမ်းရည်မျိုးနှင့် သူက ဂိုဏ်းခေါင်းဆောင် တစ်ဦး အဆင့်ရှိသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းအားက အဘယ်နည်း။

“ငါအရှုံးပေးတယ်”

သဲပန်းပုဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်နီက ငတုံး မဟုတ်ပေ။

ဤနည်းစနစ်က သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ဟု ယူဆနိုင်သော်လည်း တစ်ဖက်လူက အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။

သူ့အစွမ်းက ခေါက်ဆွဲခြောက် တာအိုဧကရာဇ် နှင့် လုံးဝတန်းမတူပေ။

ထို့ကြောင့် သူက အရှုံးပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ယင်းက ဆန့်ကျင်ဘက်အားဖြင့် သူ့ကို ပို၍ပင် ဂုဏ်သိက္ခာရှိစေမည် ဖြစ်သည်။

စက်ခန်းမှ ဗုံးပစ်စီနီယာ အင်မော်တယ်က အဝေးကနေ စိတ်ချင်းဆက်သွယ်၍ ခေါက်ဆွဲခြောက်တာအို ဧကရာဇ်ကို စကားပြောဆိုခဲ့သည်။

"ခေါက်ဆွဲခြောက် တာအို ဧကရာဇ်.. အခု မင်းရဲ့ခွန်အားကို ထိန်းထားလို့ရပြီ.. နောက်ထပ် ဘယ်သူပဲ ဆက်လာနေပါစေ.. ပွဲကိုရပ်ပစ်ချင် ရပ်လိုက်လိုက်တော့.. အချိန်က နီးကပ်လာပြီ"

“အင်း ကောင်းပြီ”

ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ခေါင်းညိတ်လိုက်သည်။

အင်မော်တယ် စစ်သင်္ဘောကြီးသည် လေထဲတွင် ရပ်တန့်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

စစ်သင်္ဘောထဲတွင် ရှိနေသော ဗိုလ်ချုပ်ဆယ်ယောက်သည် ဟွာရှို့နိုင်ငံ၏ အင်အား အကြီးမားဆုံး အုပ်ချုပ်ရေး အဖွဲ့အစည်းကို ကိုယ်စားပြုသူများဖြစ်၍ အချိန်အကြာကြီး စောင့်ခိုင်းရန်မှာ အမှန်ပင် မသင့်တော်ပေ။

"ဂိုဏ်းခေါင်းဆောင်တို့ထဲမှာ စိန်ခေါ်ချင်တဲ့သူ ရှိသေးလား"

ဝမ်ဟန်က စက်ခန်းမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီးနောက်တွင် ပြိုင်ပွဲ၏ ပွဲစဉ်များကို အရှိန်မြှင့်ရန် ဆုံးဖြတ်ခဲ့သည်မှာ ထင်ရှားသည်။

သို့သော် စင်မြင့်အောက်ရှိ ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်များတွင် မည်သူမှ စင်ပေါ်သို့ တက်လှမ်းရန် သတ္တိမရှိခဲ့ပေ။

မြင်ကွင်းက ချက်ချင်းဆိုသလိုပင် အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ငါ ခွန်အားတွေ အရမ်းသုံးမိနေတာလား"

ခေါက်ဆွဲခြောက်တာအို ဧကရာဇ်က တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူက လှပသော ဖီးနစ်မျက်လုံးများဖြင့် လူတွေကို စကင်န်ဖတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သူ့လက်ကို မြှောက်လိုက်သည်။

ငါ မင်းကို စိန်ခေါ်လို့ရမလား"

အားလုံးက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

ထိုလူက အသက်အရွယ် သိပ်မကြီးလှသော လူငယ်တစ်ဦးဖြစ်သော်လည်း အလွန်စုတ်ပြတ်သတ်နေပြီး ခေတ်မမီသော တာအို ၀တ်စုံကို ၀တ်ဆင်ထားသည်။

အမှန်​က ထိုဝတ်စုံသည် ထိုလူငယ် ပိုင်​ဆိုင်​သည့် အလန်းဆုံး​ဝတ်စုံ​ ဖြစ်​​၏။

"ရပါတယ်"

ဝမ်ဟန် ခေါင်းညိတ်လိုက်သည်။

“ဒီအစ်ကိုက ဘယ်ဂိုဏ်းကလဲ ဆိုတာ မေးလို့ရမလား”

မြောက်ဘက်ရင်ပြင်တွင် စုရုံးနေသော ဂိုဏ်းခေါင်းဆောင်များအားလုံးတွင် ဧည့်သည် အမှတ်အသားများ ရှိပြီး ဤလူငယ်မှာလည်း ခြွင်းချက်မရှိပေ။

လူငယ်က မဟာဗျူဟာလှည့်ဖြားမှုရုံးမှ ဧည့် အမှတ်အသား ဖြစ်သည့် ဆွဲသီးတစ်ခုကို လည်ပင်းတွင် ချိတ်ဆွဲထားသည်။

လူငယ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ငါက လက်ဝါးဂိုဏ်းရဲ့ ခေါင်းဆောင် စုရှင်းပါ"

“လက်ဝါးဂိုဏ်းရဲ့ ခေါင်းဆောင် ဟုတ်လား.. မင်းက ဂိုဏ်းချုပ်လား ဒါမှမဟုတ် ဂိုဏ်းခွဲခေါင်းဆောင်လား”

“နှစ်ခုလုံး”

စုရှင်းက ပြန်ဖြေလိုက်၏။

“…........”

အားလုံးက ခဏလောက် မှင်တက်သွားကြသည်။

[လက်ဝါးဂိုဏ်းလား]

[ဒါက ဘယ်လိုဂိုဏ်းလဲ]

[ဘာလို့ အရင်က မကြားဖူးရတာလဲ]

ဂိုဏ်းချုပ်အများအပြားက နဝေတိမ်တောင် ဖြစ်နေကြသည်။

သို့သော် ကွင်းထဲရှိ ဝမ်ဟန်က ဧည့်သည်နံပါတ်ကနေ တဆင့် လူငယ်က ဖုန်မှုန့်အဆင့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

"ဒီဂိုဏ်းအကြောင်း ဥက္ကဌလု ကြားဖူးလား"

ခေါင်းဆောင်စွန်းက မေးလိုက်သည်။

"ဒီဂိုဏ်းက သနားစရာအကောင်းဆုံးဂိုဏ်းတစ်ခုလို့ ငါမနှစ်က ကြားခဲ့ဖူးတယ်"

လုယိုမင်က ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းကို စတင်တည်ထောင်တုန်းကတော့ အနက်ရောင်အဆင့်ဂိုဏ်းပဲ.. ဒါပေမဲ့ နောက်ပိုင်းမှာ ဂိုဏ်းရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုကြောင့် တပည့်အရေအတွက်က တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့တယ်... ဂိုဏ်းကလည်း အနက်ရောင်အဆင့်ကနေ အဝါရောင်အဆင့်ကို ကျဆင်းသွားတယ်"

"ဂိုဏ်းက အကြွေးတွေကို ဆပ်ဖို့ မြေကို ရောင်းလိုက်ရပြီးနောက်မှာ နေရာပြောင်းပြီး အခြေချနေထိုင်ဖို့ အတွက် ရုန်းကန်ခဲ့ရတယ်.. ဒီဂိုဏ်းက ပိတ်သိမ်းတော့မယ်လို့ ငါထင်ခဲ့တာ.. တကယ်ပဲ ဆက်ရှိနေပြီး ဖုန်မှုန့်အဆင့် ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး”

ဖုန်မှုန့်အဆင့်ဂိုဏ်းများသည် အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ၎င်းတို့၏ တပည့်များသည် အများအားဖြင့် အလုပ်ကြမ်းသမားများ ဖြစ်ကြသည်။

ဥပမာအားဖြင့် ဆောက်လုပ်ရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ပေါင်းသတ်ခြင်း နှင့် အခြားအလားတူ လုပ်ငန်းအမျိုးအစား များစွာတွင် စျေးပေါသောလုပ်သား အင်အားစုအဖြစ် ဖုန်မှုန့်အဆင့်ဂိုဏ်းများကို ထိပ်တန်းဂိုဏ်းများက အသုံးချကြသည်။

ထို့အပြင် ဖုန်မှုန့်အဆင့်ဂိုဏ်းတစ်ခု တည်ထောင်ခြင်း အတွက် စံသတ်မှတ်ချက်များသည် အနိမ့်ဆုံး ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်က အခြေခံ တည်ထောင်ခြင်းအဆင့်သို့ ရောက်ရှိပြီး လူဆယ်ဦးကို စုဆောင်းနိုင်သရွေ့ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သည်။

၎င်းတို့က ဟွာရှို့မဟာမိတ် အဖွဲ့အစည်းကို အဖွဲ့ဝင်ကြေး ဆယ်နှစ်တစ်ကြိမ်သာ ပေးဆောင်ရန် လိုအပ်သည်။

သို့သော် စုရှင်း၏ ဆိုးရွားသော အနေအထားကြောင့် အသင်းဝင်ကြေး ပေးဆောင်ဖို့ နေနေသာသာ ဂိုဏ်း၏ စီမံခန့်ခွဲမှုအခြေအနေအရ ကနဦး စံသတ်မှတ်ချက်ဖြစ်သည့် လိုအပ်သည့် ဂိုဏ်းဝင် အရေအတွက်ကိုပင် မပြည့်မီနိုင်ခဲ့ပေ။

စုရှင်း၏ နောက်ထပ် စာကားသည် လုယိုမင်၏ ထင်မြင်ယူဆချက်ကို လုံးဝ အတည်ပြုပေးခဲ့သည်။

စုရှင်း"ဟားဟား.. အခု ငါတို့ လက်ဝါးဂိုဏ်းမှာ ငါတစ်ယောက်ပဲ ကျန်တော့တယ်... အဖွဲ့ဝင်ကြေးအတွက် မတတ်နိုင်သေးသလို ဂိုဏ်းဝင်အရေအတွက်လည်း မပြည့်မီသေးဘူး.. ဒီ ပြဿနာကို မဖြေရှင်းနိုင်ရင် ငါ့ရဲ့ လက်ဝါးဂိုဏ်းက ပျောက်ကွယ်သွားလိမ့်မယ်"

လူတိုင်း ".........…"

"မေးလို့ရမလား မင်းတို့ဂိုဏ်းက ဘာစီးပွားရေး လုပ်တာလဲ"

“ငါတို့က လက်ဝါးဂိုဏ်း ဆိုတော့ လက်ခုပ်တီးပေးတဲ့အလုပ်လုပ်တာပေါ့”

စုရှင်းက ပြောလိုက်သည်။

“လက်ခုပ်တီးတာက ခက်ခဲတဲ့အလုပ်ပဲ.. ခေါင်းဆောင်တွေ မိန့်ခွန်းပြောတဲ့အခါ ငပျင်းတွေက လက်ခုပ်မတီးကြဘူးလေ.. ဒါကြောင့် ငါတို့ လက်ဝါးဂိုဏ်းက လက်ခုပ်တီးပေးတဲ့ စီးပွားရေးကို အထူးတလည် လုပ်ကြတယ်”

စုရှင်း ထိုသို့ ပြောပြီးနောက်တွင် လူတိုင်းက သဘောပေါက်သွားသည်။

“ဒါဆို မင်းတို့က လက်ခုပ်တီးပေးရတဲ့ ငါးထောင်စားတွေပေါ့”

“မင်းကြိုက်သလို တွေးပါ”

စုရှင်းက ခပ်ပြတ်ပြတ်ဖြေလိုက်ပြီး ယားယံနေသည့် သူ့အရေပြားကို ကုတ်ခြစ်လိုက်သည်။

သူရေမချိုးရသည်မှာ ရက်တော်တော်ကြာနေပြီ ဖြစ်၏။

"လက်ဝါးဂိုဏ်းမှာ မင်းတစ်ယောက်ပဲ ကျန်တော့တာက ဘာကြောင့်လဲ.."

တစ်စုံတစ်ယောက်က စပ်စုလိုက်သည်။

“အရင်က နာမည်ကျော် တစ်ယောက်က သူ့အတွက် လက်ခုပ်တီးပေးဖို့ အထူး တောင်းဆိုခဲ့တယ်.. ခမ်းနားထည်ဝါတဲ့ ပွဲတစ်ခုကို ဖန်တီးဖို့အတွက် ငါတို့ လက်ဝါးဂိုဏ်းက လက်ကျန် ငါးယောက်ကို တောင်းဆိုခဲ့တယ်.. လေးယောက်ကတော့ လက်ခုပ်တီးရင်း သေသွားပြီ.. နောက်ဆုံးတော့ ဂိုဏ်းမှာ ငါတစ်ယောက်ထဲပဲ ကျန်တော့တယ်”

လူတိုင်း "…......."

ထိုအချိန်တွင် စုရှင်းက စင်မြင့်ပေါ်စို့ စိုက်ကြည့်နေခဲ့သည်။

"ဒါဆို ငါတက်လို့ရပြီလား.. ငါ့အကြွေးတွေကို ဆပ်ပြီး လက်ဝါးဂိုဏ်းကို တစ်ကျော့ပြန် ရှင်သန်ဖို့ ဒီပထမတန်းစား သူတော်စင် ပစ္စည်းကို အရယူဖို့ ငါမျှော်လင့်ထားတယ်.. ဒါမှဒီပစ္စည်းကို ရောင်းပြီး အကြွေးတွေဆပ်နိုင်မယ့"

"ရပါပြီ"

ဝမ်ဟန်က လည်ချောင်းရှင်း၍ ပြောလိုက်သည်။

“ခေါင်းဆောင် အရင်ဆုံး စတိုက်လို့ရပါပြီ…”

"အင်း"

စုရှင်း၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက အလွန် လျင်မြန်သောကြောင့် သူ့ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

ဖုန်မှုန့်အဆင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဤမျှ အားကောင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

စုရှင်း ပြန်ပေါ်လာသောအခါ ခေါက်ဆွဲခြောက်တာအို ဧကရာဇ်၏ ရှေ့တွင်ရှိနေပြီ ဖြစ်သည်။

မိုးခြိမ်းသံကဲ့သို့ လက်ခုပ်တီးသံနှင့် အတူ သူ၏လက်ဝါးသည် လေထဲတွင် တိုးထွက်လာပြီး ခေါက်ဆွဲခြောက် တာအို ဧကရာဇ်၏ မျက်နှာဆီသို့ ဦးတည်သွားသည်။

[ကောင်းကင်တာအိုရဲ့ စွမ်းအားပါလား]

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က မတုန်လှုပ်သော မျက်နှာအမူအရာ ရှိနေဆဲပင်။

စုရှင်း၏ လက်ဝါး သူ့ဆီရောက်လာသည်နှင့် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

အပိုင်း(၈၁၈) ပြီး၏

All Chapters