စစ်သင်္ဘောပေါ်ကဧည့်သည်
Vol. 55 Ch. 819
ဤခေါက်ဆွဲခြောက် တာအိုဧကရာဇ် ကိုယ်ပွားတွင် ကိုယ်ပိုင်အသိစိတ်ရှိသော်လည်း ၎င်း၏ မှတ်ဉာဏ်များသည် ဝမ်လင်းနှင့် ထပ်တူထပ်မျှ ဖြစ်သည်။
ထို့ကြောင့် ကိုယ်ပွား၏လက်ဝါးက ဖုန်မှုန့်အဆင့် လက်ဝါးဂိုဏ်းခေါင်းဆောင် စုရှင်း၏လက်ဖဝါးကို ထိမိသောအခါ ဤမှတ်ဉာဏ်သည် ဝမ်လင်းထံ သို့လည်း ကူးစက်သွားခဲ့သည်။
လက်ဖဝါးနှစ်ဖက်က အညီအမျှ တိုက်မိခဲ့ခြင်းဖြစ်သည်။
လက်ဝါးနှစ်ဖက် ဆုံတွေ့စဉ်တွင် ကြီးမားသော တောင်ကြီးပြိုကျလာသကဲ့သို့ အားပြင်းသော လေထုက တိုက်ခတ်လာပြီး သမုဒ္ဒရာရေစီးကြောင်းကဲ့သို့ ကွင်းပြင်ပဆီ ဖိအားများ တိုးထွက်လာသည်။
ဤကြောက်မက်ဖွယ် လှိုင်းလုံးကြီးအောက်တွင် လူများစွာသည် ကူရာမဲ့စွာဖြင့် နောက်သို့ ခြေလှမ်းများ ဆုတ်လိုက်ရသည်။
ဖုန်မှုန့်အဆင့် ဂိုဏ်းခေါင်းဆောင်လေးက ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
စုရှင်း၏လက်ဝါးရိုက်ချက်က ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို နေရာအနည်းငယ် ရွှေ့စေခဲ့သည်။
အဆုံးသတ်တွင် ဖုန်မှုန့်အဆင့်ဂိုဏ်းခေါင်းဆောင်က ပထမတန်းစား သူတော်စင် ရတနာကို ရရှိလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
စုရှင်းက တရားမျှတစွာ အနိုင်ရခဲ့ခြင်း ဖြစ်၏။
သူ၏ လက်ဝါးရိုက်ချက်က ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို အနည်းငယ်မျှ မထိခိုက်စေခဲ့သော်လည်း ခေါက်ဆွဲခြောက်တာအို ဧကရာဇ်က ထိပ်တိုက် တုံ့ပြန်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
စုရှင်း၏ ကောင်းကင်တာအို စွမ်းအားများပါရှိသော လက်ဝါးရိုက်ချက်သည် လုံးဝ သေစေနိုင်သောအစွမ်းရှိသည်။
ဝမ်လင်းသာ ၎င်းကို ထိပ်တိုက်မတွေ့ဘဲ ရှောင်တိမ်းလိုက်လျှင် ကွင်းတစ်ခုလုံးသည် ဆိုးရွားလှသော အဖျက်စွမ်းအားအောက်တွင် ချက်ချင်း ပြိုကွဲသွားလိမ့်မည် ဖြစ်ပြီး မြောက်ပိုင်းရင်ပြင် တစ်ခုလုံးကို ကောင်းကင်တာအို ဓာတ်ရောင်ခြည်က ပျံ့နှံ့သွားလိမ့်မည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပင် ခံနိုင်ရည်မရှိသည့် ဝိညာဥ်ကင်ဆာကို ဖြစ်စေနိုင်ပေသည်။
ဟွာရှို့တွင် သိပ္ပံနှင့်နည်းပညာဖြင့် ကင်ဆာရောဂါကို ကုသရန်နှင့် ကာကွယ်ခြင်း နည်းလမ်းများကို တွေ့ရှိထားပြီ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်တာအို ဓာတ်ရောင်ခြည်ကြောင့် ဖြစ်ပေါ်လာသော ကင်ဆာသည် အလွန်ထူးခြားသော ရောဂါ တစ်ခုဖြစ်ပြီး ဝိညာဉ်ကင်ဆာဟုလည်း လူသိများသည်။
လက်ရှိတွင် ဤရောဂါသည် မဖြေရှင်းနိုင်သေးသည့် တစ်ခုတည်းသော သိပ္ပံနည်းကျ ပြဿနာ ဖြစ်သည်။
ဟုတ်ပါသည်၊ ဝိညာဉ်ကင်ဆာကို ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ရာတွင် ကျရှုံးခဲ့သည့် ကျင့်ကြံသူ တချို့တွင်သာ တွေ့ရှိရ၏။
ကပ်ဘေး မဖြတ်ကျော်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်တာအို၏ အပြစ်ပေးခံရရန် အလားအလာ အလွန်များပြီး ပြစ်ဒဏ်ခံရပြီးနောက်တွင် ရှင်သန်နှုန်းမှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ဖြစ်သည်။
ပြစ်ဒဏ်ခံရပြီးနောက် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူများတွင် ဝိညာဉ်ကင်ဆာ ဖြစ်ပွားမှုများစွာ ရှိခဲ့သည်။
တရားဝင် စာရင်းဇယားများအရ ကောင်းကင်တာအို ပြစ်ဒဏ်မှ လွတ်မြောက်ပြီးနောက် ဝိညာဉ်ကင်ဆာ ဖြစ်ပွားနိုင်ခြေမှာ 0.5 ရာခိုင်နှုန်း ဖြစ်သည်။
0.5 ရာခိုင်နှုန်းက အများကြီး မဟုတ်သော်လည်း ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်း အချက်အလက် တစ်ခု ဖြစ်၏။
ထို့ကြောင့် ခေါက်ဆွဲခြောက်တာအို ဧကရာဇ်သည် စုရှင်း၏ ကောင်းကင်တာအို စွမ်းအားကို ပျက်ပြားစေပြီး ကောင်းကင်တာအို ဓာတ်ရောင်ခြည် ပျံ့နှံ့မှုကို တားဆီးရန်အတွက် လက်ဝါးကို ထိပ်တိုက် တွေ့ဆုံရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
သို့သော် သေချာသောအချက်တစ်ခုမှာ လက်ဝါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် စုရှင်းသည် ကောင်းကင်တာအို စွမ်းအားကို ကောင်းစွာ အသုံးမချနိုင်သေးပေ။
အကြောင်းရင်းမှာ ကောင်းကင်တာအို စွမ်းအားကို အမှန်တကယ် ကျွမ်းကျင်စွာအသုံးချနိုင်သူသည် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။
ထိုအတွက် ဝမ်လင်းက အကောင်းဆုံး သာဓကတစ်ခုဖြစ်သည်။
ဝမ်လင်းက သူ၏ ကမ္ဘာဦးချီ စွမ်းအားကို မထိန်းချုပ်နိုင်သော်လည်း ကောင်းကင်တာအိုကိုမူ အပြည့်အဝ ထိန်းချုပ်နိုင်သည်။
သူက သူ၏ ကောင်းကင်တာအိုအပေါ် ကျွမ်းကျင်မှုကို အမြဲယုံကြည်မှုရှိ၏။
“မင်းအနိုင်ရတယ်”
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က အဝတ်အစားကို ဖုန်ခါလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် စက်ခန်းအတွင်းမှ ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်း ထံမှ မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။
ငွေရောင်လေးက ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။
“ဒီလူ့ဆီမှာ ဆရာလေးလင်းလို စွမ်းအားကို ခံစားရတယ်.. ဒါပေမဲ့ သူက အများကြီး အားနည်းတယ်.. နည်းနည်းတော့ ထူးဆန်းတယ်”
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. သူက နည်းနည်းထူးဆန်းတယ်.. ညီနောင်လင်းက ငါ့ကို မက်ဆေ့ချ် ပို့ထားပြီးပြီ.. ဒီစုရှင်းက ကောင်းကင်တာအိုကို အမှတ်မထင် မသိစိတ်ကနေ နားလည်သွားပုံရတယ်လို့ ပြောပြခဲ့တယ်"
"မသိစိတ်ကနေ နားလည်သွားတာလား"
ထွင်ထျန်းဟာ၏ မျက်နှာတစ်ပြင်လုံးတွင် ပဟေဠိဖြစ်နေသော အမူအရာများ ရှိနေသည်။
"အမှန်ပဲ.. ဒါက ညီနောင်လင်း ရဲ့ ပဏာမ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်.. အတည်မပြုနိုင်သေးပါဘူး"
ဗုံးပစ်စီနီယာအင်မော်တယ် "သူ့ဆီကနေ ကောင်းကင်တာအိုကို နားလည်သဘောပေါက်မှုရဲ့ အဓိကအကြောင်းရင်းကို လေ့လာနိုင်မယ်ဆိုရင် ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်"
“သဘောပေါက်ပြီ”
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က ခေါင်းညိတ်ပြလိုက်သည်။
"ဆရာဝမ်ဟန်.. ကျေးဇူးပြုပြီး ညီနောင်စုရှင်းကို အခမ်းအနားပြီးတာနဲ့ ဂိုဏ်းရဲ့ ခန်းမကြီးမှာ ဆုလက်ခံရယူဖို့ ပြောပေးပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်ဟန်ကို ပြောလိုက်သည်။
ဤနည်းအားဖြင့် စုရှင်းကို တိတ်တဆိတ် စည်းရုံးနိုင်မည် ဖြစ်သည်။
ဆိုရိုးစကားအတိုင်းပင် စာအုပ်တစ်အုပ်ကို ၎င်၏ မျက်နှာဖုံးသာ ကြည့်၍ အကဲဖြတ်မရပေ။
စုရှင်းက ဖုန်မှုန့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်လျှင်ပင် အထင်မသေးသင့်ချေ။
အစောပိုင်းက စင်ပေါ်တက်ခဲ့ကြသည့် ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင် အနည်းငယ်ပင် စုရှင်း၏ လက်ဝါးလို သေစေလောက်သည့် စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ကြပေ။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က ဤလက်ဝါးရိုက်ချက်ကို သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်ခဲ့ပုံရသည်။
အဘယ်ကြောင့်ဆိုသော် သူ့လက်ဝါးနှင့် စုရှင်း၏ လက်ဝါး ထိမိသည့် အခိုက်တွင် စုရှင်း၏ စွမ်းအားများသည် ရေမြုပ်ထဲတွင် စုပ်ယူခံလိုက်ရသလို ဖြစ်သွားသောကြောင့်ပင်။
သို့မဟုတ်လျှင် မြောက်ဘက်ရင်ပြင်ရှိ မြင်ကွင်းသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ရုံမျှဖြင့် ရိုးရှင်းမည်မဟုတ်ပေ။
အကယ်၍ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သာ လက်ဝါးရိုက်ချက်ကို ပျက်ပြယ်အောင် မလုပ်ဆောင်ခဲ့လျှင် လုယိုမင်အပါအဝင် ရင်ပြင်ရှိ ဂိုဏ်းခေါင်းဆောင် အားလုံးသည် အဝေးသို့ လွင့်ပျံထွက်သွားမည် ဖြစ်၏။
“စည်းမျဉ်းတွေအရ ဒီစင်မြင့်ဖျော်ဖြေပွဲ အတွက် ဆုငွေကို ဖုန်မှုန့်အဆင့် လက်ဝါးဂိုဏ်းခေါင်းဆောင် စုရှင်းက ရရှိခဲ့ပါတယ်.. ခေါင်းဆောင်စု.. စင်ပေါ်ကနေ ဆင်းပြီး အနားယူနိုင်ပါပြီ.. ဆုလက်ခံယူဖို့ အခမ်းအနားပြီးရင် ဂိုဏ်းခန်းမဆီကို ကြွခဲ့ပါ"
ဆရာဝမ်ဟန်က စကားပြောပြီးနောက်တွင် ပထမဆုံး လက်ခုပ်တီးလိုက်သည်။
ခဏအကြာတွင် မြောက်ဘက်ရင်ပြင်၌ ကျယ်လောင်သော လက်ခုပ်သံများ မြည်ဟီးသွား၏။
စုရှင်း၏ မျက်နှာတွင် ကင်မရာများစွာ၏ အလင်းများ တဖျပ်ဖျပ် ကျရောက်လာသည်။
သူက အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေမိသည်။
သူ့အတွက် ဤပထမတန်းစား သူတော်စင်ရတနာက ဂိုဏ်း၏ကြွေးမြီများကို ဆပ်နိုင်စေတော့မည် မဟုတ်ပါလား။
သတင်းထောက်များက ဤသတင်းကို ထုတ်ပြန်ပြီးနောက်တွင် လက်ဝါးဂိုဏ်း၏ ဂုဏ်သတင်းက ကျိန်းသေပေါက် တိုးတက်လာတော့မည် ဖြစ်သည်။
မြောက်ပိုင်းရင်ပြင်တွင် ယနေ့ ရောက်ရှိနေသူများသည် ကျင့်ကြံခြင်း အဝန်းအဝိုင်းရှိ ဂုဏ်သိက္ခာရှိသော မီဒီယာ သတင်းထောက်များ ဖြစ်သည်။
ဤသတင်းကြောင့် လက်ဝါးဂိုဏ်းက တစ်ဟုန်ထိုး ကျော်ကြားလာတော့မည် ဖြစ်၏။
“လက်ဝါးဂိုဏ်းက နာမည်ကြီးလာတော့မယ်.. ဒီအခမ်းအနားပြီးရင် ဂိုဏ်းခေါင်းဆောင်စုရှင်းကို သွားရှာကြစို့"
လုယိုမင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
"ကျွန်တော်တို့တွေ သူ့ကို စည်းရုံးတော့မှာလား"
ဂိုဏ်းခေါင်းဆောင်စွန်းက မေးလိုက်သည်။
"လက်ဝါးဂိုဏ်းက ဖုန်မှုန့်အဆင့်ဂိုဏ်းဖြစ် ဆိုပေမဲ့ ဒီကိစ္စပြီးတဲ့နောက်မှာ မြေကမ္ဘာအဆင့်ကို အချိန်တိုအတွင်း ရောက်လာလိမ့်မယ်.. ကောင်းကင်အဆင့်ကို တက်လှမ်းဖို့တောင် လုံးဝခက်ခဲမှာ မဟုတ်ဘူး.. ငါတို့အနေနဲ့ စုရှင်းကို စည်းရုံးဖို့ မခက်လောက်ပါဘူး.. သူ့ရဲ့လက်ဝါးဂိုဏ်း ဘယ်လောက်ထိ အခြေအနေဆိုးနေလည်း ဆိုတာ မင်းတို့လဲ သိနေတာပဲလေ"
လုယိုမင်က ပြောကြားခဲ့သည်။
"ကောင်းပြီ... ငါတို့ ဥက္ကဌလုစကား နားထောင်မယ်"
ခေါင်းဆောင်စွန်းက ပြောလိုက်သည်။
အများပြည်သူ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်၊ လူကြိုက်များမှု..
ယခုအချိန်သည် လက်ဝါးဂိုဏ်း အတွက် အချိန်ကောင်းဖြစ်သည်။
"အားလုံးစောင့်မျှော်နေကြတဲ့ အခမ်းအနားရဲ့ အဓိက ကဏ္ဍ နောက်ဆုံးတော့ ရောက်လာပါပြီ"
အဆုံးသတ်တွင် ကောင်းကင်ယံ၌ အချိန်အတော်ကြာ ပျံဝဲနေသည့် အင်မော်တယ် စစ်သင်္ဘောပေါ်တွင် လှုပ်ရှားမှုအသစ်များ ဖြစ်ပေါ်လာသည်။
အင်မော်တယ် စစ်သင်္ဘော၏ ဝမ်းဗိုက်မှ ရွှေရောင် အလင်းတန်းတစ်ခုက စင်မြင့်ပေါ် တည့်တည့် လင်းလက်သွားသည်။
လူအများအပြားက အင်မော်တယ် စစ်သင်္ဘောပေါ်ရှိလူ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းရန် ဆွေးနွေးခဲ့ကြသည်။
"အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းရဲ့ ခေါင်းဆောင်များ ဖြစ်နေမလား"
တစ်စုံတစ်ယောက်က ထင်ကြေးပေးလိုက်သည်။
တစ်ခုတည်းသော ကောင်းကင်အဆင့် ပထမတန်းစားဂိုဏ်းဖြစ်သည့် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းသည် ဤအခမ်းအနားတွင် ပါဝင်ခြင်း မရှိခဲ့ပေ။
ထိုဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ်ဧည့်သည်အဖြစ် ဖိတ်ကြားခံရဖွယ်ရှိသည်ဟု လူအချို့က ထင်မြင်ခဲ့ကြသည်။
"မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ဘယ်လို မြင်ကွင်းမျိုးနဲ့ ပြသမှာလဲ.. ပုံမှန်ဆိုရင်တော့ အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းက တစ်သီးတစ်သန့်နေတာ များတယ်"
စင်မြင့်အောက်တွင် ဆွေးနွေးနေစဥ်မှာပင် အင်မော်တယ်စစ်သင်္ဘောပေါ်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ဆင်းလာကာ သူတို့ရှေ့တွင် ပေါ်လာသည်။
ထိုလူက မီးခိုးရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ရှိသည့် လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားသော အဘိုးကြီး တစ်ဦး ဖြစ်သည်။
ထိုအဘိုးကြီးကို မြင်သည်နှင့် မြောက်ပိုင်းရင်ပြင်ရှိ ဂိုဏ်းခေါင်းဆောင်အချို့သည် ၎င်းတို့၏ မျက်လုံးများကို စတင်ပွတ်သပ်နေပြီ ဖြစ်သည်။
"ဓား.. ဓားသူတော်စင်လား"
သူတို့က သူတို့၏မျက်လုံးများကိုပင် မယုံရဲခဲ့ကြပေ။
အပိုင်း(၈၁၉) ပြီး၏