← Chapters

ကိုယ့်ကိုယ်ကိုယ်ပြည့်ပြီလို့ မယူဆလိုက်နဲ့

Vol. 55 Ch. 820

ကိုယ့်ကိုယ်ကိုယ်ပြည့်ပြီလို့ မယူဆလိုက်နဲ့

Vol. 55 Ch. 820

ဓားသူတော်စင်ရီကျန့်ချွမ်..

၎င်းက နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး နယ်စားကြီး ဗိုလ်ချုပ်ရီဟုလည်း လူသိများသည်။

အမြင့်ဆုံး ဘွဲ့ထူးဖြစ်သည့် “ဗိုလ်ချုပ်ဘုရင်”ဘွဲ့ကို ချီးမြှင့်ခံရသော နိုင်ငံရှိ လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

အခြားသော ဗိုလ်ချုပ်ကိုးဦးနှင့်အတူ ၎င်းတို့ကို ဗိုလ်ချုပ်ဆယ်ဦးဟုလည်း လူသိများသည်။

ဗိုလ်ချုပ်ဆယ်ဦးအကြောင်း လွန်ခဲ့သော နှစ်တစ်ရာကျော်က ရိုက်ကူးခဲ့သော “သိုင်းနယ်စား တစ်မိုးအောက် အာဏာရှင် ဟူသော ရုပ်ရှင်တွင် “ဓားသူတော်စင်”ဟူသော နာမည်သည် အခြားဗိုလ်ချုပ်များထက် ကျော်ကြားခဲ့သည်။

အကြောင်းရင်းမှာ ဗိုလ်ချုပ်ရီသည် ထိုဇာတ်ကား​တွင် အဓိကဇာတ်ဆောင် ဖြစ်သောကြောင့်ပင်။

ထိုဇာတ်ကားတွင် မိစ္ဆာအင်ပါယာကွာဖီနှင့် တိုက်ခိုက်စဥ်က သူအသုံးပြုခဲ့သည့် ဓားလက်ဝါး အပါအဝင် သူ့ကို ဓားသူတော်စင် အဖြစ် နာမည်ကြီးစေခဲ့သည့် အမျိုးမျိုးသော ပေါင်းစပ်နည်းစနစ်များကို အသားပေးဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ဆယ်ဦးတွင် လူသိအများဆုံး ဖြစ်သော်လည်း ဗိုလ်ချုပ်ရီသည် အများအားဖြင့် အလွန် သိုသိုသိပ်သိပ်နေတတ်သည်။

ယုတ္တိဗေဒအရပြောရလျှင် ဂိုဏ်းတည်ထောင်သည့် အခမ်းအနားသို့ တက်ရောက်လာစရာ အကြောင်း မရှိပေ။

သို့သော်လည်း လူအများရှေ့တွင် အဖြူရောင် လေ့ကျင့်ရေးဝတ်စုံကို ၀တ်ဆင်ထားသော အဘိုးအို ပေါ်လာသောအခါ စင်မြင့်အောက်ရှိ ဂိုဏ်းခေါင်းဆောင်အားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့အားသင့်သွားပြီး စကားပင် မပြောဆိုနိုင်ခဲ့ကြပေ။

“ဗိုလ်ချုပ်ရီလား.. ဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ရီ ဖြစ်နေတာလဲ”

ဂိုဏ်းခေါင်းဆောင်စွန်း နှင့် အခြားသော မဟာမိတ်အဖွဲ့ဝင်များနှင့်အတူ လုယိုမင်က အံသြသွားသည်။

အင်မော်တယ် စစ်သင်္ဘောပေါ်ရှိလူ မည်သူမည်ဝါဖြစ်သည်ကို အစောပိုင်းက မှန်းဆခဲ့ကြသော်လည်း ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုလူက ဗိုလ်ချုပ်ဆယ်ဦးထဲတွင် အကျော်ကြားဆုံး ဓားသူတော်စင် ဖြစ်နေသည်။

လုယိုမင်၏ ခြေထောက်များက အနည်းငယ် ပျော့ခွေသွားပြီး နေရာတွင်ပင် မူးလဲလုနီးပါး အထိတ်တလန့် ဖြစ်သွားသည်။

လုယိုမင်၏ဘေးတွင် ရပ်နေသည့် ပါမောက္ခယန်က ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်လု...မင်းကို ကြည့်ရတာ အဆင်မပြေသလိုပဲ"

“ငါ့မှာ သွေးအားနည်းရောဂါ ရှိလို့ပါ”

လုယိုမင်က ကပျာကယာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူက ခေါင်းဆောင်စွန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

သူယခု သိချင်သည့် တစ်ခုတည်းသော အရာမှာ တောင်ပေါ်၌ နေရာချထားသော ခရစ်စတယ်များကို ပြန်လည်သိမ်းဆည်းရန် အချိန်ရှိမရှိ ဖြစ်သည်။

ဤမဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက ဗိုလ်ချုပ်ရီနှင့် ပတ်သက်နေ၏။

သူ့အသက်ဖြင့်ပင် ဗိုလ်ချုပ်ရီကို သွားဆွရန် မတတ်နိုင်ပေ။

"ဂိုဏ်းခေါင်းဆောင်လု.. မင်းအသက်ကို ပြန်ရွေးဖို့ အချိန်မနှောင်းသေးပါဘူး"

ယန်ပမ်းချွမ်းက လုယိုမင်၏ ပခုံးကို ပုတ်လိုက်သည်။

ဤဂိုဏ်းခေါင်းဆောင်လုက ရှေးရိုးဆန်သောအတွေးရှိပြီး မွေးရာပါ လူဆိုးမဟုတ်ကြောင်း သူသိသည်။

ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုများသည် ဂိုဏ်းဂဏများကြားတွင် ပုံမှန်သာ ဖြစ်၏။

“ဂိုဏ်းခေါင်းဆောင်လု.. ဒီနှစ်တွေတစ်လျှောက်လုံး အလွန်မြင့်မားတဲ့ နေရာကို သိမ်းပိုက်ထားပေမယ့် မင်းကိုယ်မင်း ပြန်သုံးသပ်ဖို့ စဥ်းစားသင့်တယ်.. မင်း ရထားတဲ့ ဘာမဟုတ်တဲ့ အာဏာလေးကြောင့် မင်းရဲ့ စိတ်ဓာတ်ကို မပျက်စီးပါစေနဲ့.. ဒါက မင်းရဲ့ နဂိုစိတ်ရင်းနဲ့ ဆန့်ကျင်ဘက်ပဲ”

ပါမောက္ခယန်က ထိုစကားကို ကျယ်လောင်စွာ မပြောဘဲ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ပါမောက္ခယန် “လူတွေက အရမ်းပြည့်စုံလာတဲ့အခါကျရင် သူတို့ကိုယ်သူတို့ ဘယ်သူလဲဆိုတာကိုတောင် မသိကြတော့ဘူး… ခေါင်းဆောင်လု.. League of Legends ဂိမ်းကို ဆော့ဖူးလား"

ဂိုဏ်းခေါင်းဆောင်လု "တစ်ခါတစ်လေလောက်ပါပဲ…"

ပါမောက္ခယန် “အဲဒီတုန်းက Leage of Legends ဂိမ်းရဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဖက်တီးလေးတစ်ယောက်ဟာ ထိပ်တန်းလက်ဖြောင့်သမားလို့ သတ်မှတ်ခံခဲ့ရတယ်.. ဒါပေမဲ့ သူ့အနာဂတ်က တိုတောင်းခဲ့တယ်.. သူက အသင်းတစ်ခုလုံးကို ဦးဆောင်သူ ဖြစ်ပေမဲ့ သူတစ်ယောက်ထဲရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အံ့ဩစရာတွေကို လုပ်နိုင်မယ်လို့ သူထင်ခဲ့တယ်.."

"ဒါပေမယ့် League of Legends ဂိမ်းဟာ ဘယ်တုန်းကမှ တစ်ယောက်ထဲ ကစားရတဲ့ဂိမ်း မဟုတ်ခဲ့ဘူးဆိုတာကို သူနားမလည်ခဲ့ဘူး... ထိပ်ဆုံးရောက်ဖို့ သူဘာကို အားကိုးခဲ့ရလဲ.. သူ့ရဲ့ ကိုယ်ပိုင် အစွမ်းအစလား.. အဲဒါက အကြောင်းပြချက်တွေထဲက တစ်ခု ဖြစ်နိုင်ပေမယ့် အဲဒါတွေ အားလုံး မဟုတ်ဘူးဆိုတာတော့ သေချာတယ်"

လုယိုမင်က ထိုအချိန်တွင် အလွန်နောင်တရနေပြီ ဖြစ်သည်။

အကယ်၍ ၎င်းတို့သာ ဤကိစ္စရပ်တွင် ကျရှုံးခဲ့ပြီး စုံစမ်းစစ်ဆေးခံရမည်ဆိုလျှင် ရှင်းပြ၍ရမည် မဟုတ်တော့ပေ။

အစကတည်းက သူသိသင့်သည်။

တည်ထောင်ခါစ ဂိုဏ်းတစ်ခုသည် မကြုံစဖူး အရွယ်အစားရှိသော ဂိုဏ်းဧရိယာကို သိမ်းပိုက်နိုင်ရုံသာမက နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများစွာ ပါဝင်နေသည်။

ဤကြီးမားသောအရှိန်အဟုန်မျိုး နောက်ကွယ်တွင် မည်သူက ပံ့ပိုးပေးနိုင်မည်နည်း။

ထိုသို့လုပ်နိုင်သည်က ဟွာရှို့တစ်နိုင်ငံလုံးတွင် ဟွာရှို့မဟာမိတ် အဖွဲ့အစည်း တစ်ခုတည်းသာ ရှိသည် မဟုတ်လော။

"ပါမောက္ခယန်... ကျေးဇူးပြုပြီး ငါ့ကို အကြံပေးပါ"

ယန်ပမ်းချွမ်းက သူ၏နောက်ဆုံးမျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်ကို လုယိုမင် သိသည်။

ပါမောက္ခယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်လု.. မင်း ဒီလောက်ထိ မျက်နှာပျက်နေပုံထောက်ရင် မဟုတ်တာ တစ်ခုခု လုပ်ထားတယ် မဟုတ်လား”

ထိုစကားကိုပြောပြီးနောက် ပါမောက္ခယန်က သူ့ကို ပိုးအိတ်တစ်လုံး ပေးလိုက်သည်။

လုယိုမင်က အိတ်ကိုယူ၍ အတွင်းကို ကြည့်လိုက်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားပြီး ဆံပင်များပင် အဆုံးထိ ထောင်တက်သွားခဲ့သည်။

ပိုးအိတ်အတွင်း ရှိနေသောအရာက လုံမျိုးနွယ်စုမှ စီနီယာ ပေးခဲ့သည့် ခရစ်စတယ်မှ လွဲ၍ အခြားမဟုတ်ပေ။

"ပါမောက္ခယန် ဘယ်ကတည်းက ရိပ်မိတာလဲ.."

"မင်း.. ငါတို့ရဲ့ မဟာဗျူဟာလှည့်ဖြားမှုရုံးထဲကို ခြေမချခင်ထဲကပဲ"

လုယိုမင် အံ့အားသင့်သွားပြန်သည်။

မဟာဗျူဟာလှည့်ဖြားမှုရုံး၏ ထောက်လှမ်းရေးကွန်ယက်က အားကောင်းလွန်းနေသည် မဟုတ်လော။

“ဒီပိုးအိတ်ထဲက ပစ္စည်းတွေကို ဂိုဏ်းအတွင်းမှာ တပ်ဆင်ထားပေမဲ့ ငါတို့ပြန်ဖြုတ်ခဲ့တယ်"

ပါမောက္ခယန်က ရယ်မောလိုက်သည်။

"ဒါပေမယ့် ငါတို့မင်းကို အပြစ်မယူပါဘူး"

“ငါအသက်ရှင်နေသရွေ့ ပါမောက္ခယန် ငါ့အသက်ကို ကယ်ခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး.. တောင်းဆိုစရာတွေရှိရင် ကျေးဇူးပြုပြီး အချိန်မရွေးပြောပါ”

လုယိုမင်က လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ချင်ရင်တော့ ငါတို့ခေါင်းဆောင် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုပဲ တင်ရမယ်.. ဒါတွေအားလုံးက သူ့ရဲ့ ညွှန်ကြားချက်ပဲ”

ပါမောက္ခယန်က သူ့လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ဒါပေမယ့် ငါတို့မှာ ဂိုဏ်းခေါင်းဆောင်လုကို မဟုတ်ဘဲ ခေါင်းဆောင်လုတို့ မဟာမိတ်အဖွဲ့ကို တောင်းဆိုချင်တဲ့ အချက်တစ်ခု ရှိတယ်"

“မင်းတို့တွေ ငါတို့ မဟာမိတ်အဖွဲ့ထဲ ဝင်ချင်ရင် ငါ အစွမ်းကုန် ထောက်ခံပါ့မယ်”

"ဂိုဏ်းခေါင်းဆောင်လု...မင်းနားလည်မှုလွဲနေပြီ.. ငါတို့မဟာဗျူဟာ လှည့်ဖြားမှုရုံးက မဟာမိတ်ဖွဲ့ဖို့အတွက်နဲ့ တစ်စုံတစ်ဦးကို အကျပ်မကိုင်တတ်ဘူး"

ပါမောက္ခယန်က ခေါင်းခါလိုက်သည်။

"ငါ့ကို ကတိတစ်ခုပေးဖို့ပဲ လိုတယ်"

“ပါမောက္ခယန် ပြောပါ”

“အနာဂတ်မှာ ခေါင်းဆောင်လုတို့ မဟာမိတ်အဖွဲ့က တခြားဂိုဏ်းတွေ မတိုးတက်အောင် မတားဆီးရဘူး.. ပဉ္စမတန်းစား အဆင့်အောက်က ဂိုဏ်းတွေကို အခွင့်အရေးပေးရမယ်.. တခြားဂိုဏ်းတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို တမင်တကာ ဖိနှိပ်ချုပ်ချယ်တာ ဒါမှမဟုတ် ထိန်းချုပ်တာမျိုး လုပ်ခွင့် မရှိဘူး”

ပါမောက္ခယန် “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုက မဟာဗျူဟာလှည့်ဖြားမှုရုံးရဲ့ ရည်ရွယ်ချက်ဖြစ်တယ်.. ပဉ္စမတန်းစား အထက် ကောင်းကင်ဂိုဏ်းတွေရဲ့ ဥက္ကဌ အနေနဲ့ ခေါင်းဆောင်လုက ကတိတည်မယ်လို့ မျှော်လင့်ပါတယ်.. ငါတို့တွေ အတူတကွ ကြီးပွားတိုးတက်နေမှသာလျှင် ကြီးကျယ်တဲ့ အရာတွေကို အောင်မြင်နိုင်မှာ မဟုတ်လား”

ထိုစကားကို ကြားလျှင် လုယိုမင်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

အဆုံးသတ်တွင် ဤသည်မှာ ဂိုဏ်းကြီးတစ်ခု၏ ဆောင်ပုဒ်ဖြစ်သည်။

“ငါနားလည်ပါပြီ”

“ငါတို့ မဟာဗျူဟာလှည့်ဖြားမှုရုံးက ဒီနယ်ပယ်မှာ အမြဲရှိနေမှာဖြစ်တဲ့အတွက် မင်းကတိမတည်ခဲ့ရင် မင်းတို့ မဟာမိတ်အဖွဲ့ဝင် ဂိုဏ်းတွေအားလုံး စိတ်မချမ်းမသာ ဖြစ်စေရမယ်လို့ အာမခံတယ်"

“ဒါကြောင့် ဒီတစ်ကြိမ် အခမ်းအနားပြီးရင် ဂိုဏ်းခေါင်းဆောင်လုက နောက်တစ်ကြိမ် အစည်းအဝေးလုပ်ပါ.. မဟာမိတ်အဖွဲ့ ဆက်လက် တည်ရှိနေမယ်လို့ ဂိုဏ်းခေါင်းဆောင်အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်.. ဒါပေမဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်က အောက်ပိုင်းက ဂိုဏ်းတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲရမယ်"

"ခေါင်းဆောင်လုတို့ မဟာမိတ်အဖွဲ့က ငါတို့ တောင်းဆိုချက်ကို လိုက်နာသရွေ့ ငါတို့ မဟာဗျူဟာလှည့်ဖြားမှုရုံးက မင်းရဲ့ မဟာမိတ်အဖွဲ့က ဂိုဏ်းတွေအားလုံးကို ငါးနှစ်အတွင်း အဆင့်တစ်ဆင့် တက်နိုင်စေရမယ်လို့ အာမခံချက်အဖြစ် သဘောတူလက်မှတ်ပါ ထိုးပေးမယ်"

"ဒါ့အပြင် ငါတို့က သက်ဆိုင်ရာ တရားဝင်စီးပွားရေး အခြေအနေပေါ် မူတည်ပြီး ဂိုဏ်းတစ်ခုစီရဲ့ လုပ်ငန်းနယ်ပယ်မှာ နှစ်စဉ် ရင်းနှီးမြှုပ်နှံပေးဦးမယ်"

"ဂိုဏ်းခေါင်းဆောင်တွေ လုပ်ဆောင်ရမဲ့ အဓိကအချက်က အရမ်းရိုးရှင်းတယ်.. ငါတို့ မဟာဗျူဟာ လှည့်ဖြားမှုရုံးရဲ့ မိတ်ဖက်တွေအဖြစ် လုပ်ဆောင်ကြဖို့ပဲ.. ဒါ မခက်ခဲဘူး မဟုတ်လား"

ပါမောက္ခယန်က ပြောလိုက်သည်။

“မခက်ခဲပါဘူး.. လုံးဝမခက်ခဲဘူး…”

ဂိုဏ်းခေါင်းဆောင်လာက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

ဤသည်က အခွင့်ကောင်းတစ်ခုဆိုတာ သူသိ၏။

သူ၏ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးအပေါ် ရန်လိုသည့် အပြုအမူအတွက် သူ အတော်လေး နောင်တရခဲ့သည်။

ဤမျှ သဘောကောင်းမှန်း သူသိခဲ့လျှင် ယုတ်မာသောကိစ္စမျိုး ပြုလုပ်မိမည် မဟုတ်ပေ။

ပါမောက္ခယန်၏ အာမခံချက်ကြောင့် ဂိုဏ်းခေါင်းဆောင်လုက ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ယခင်ကထက်ပင် ပိုမို တက်ကြွလာသည်။

"မဟာဗျူဟာလှည့်ဖြားမှုရုံးက တကယ့်ကို အံ့သြစရာပါပဲ.. နှိုင်းယှဥ်ကြည့်လျှင် ငါတို့ မဟာမိတ်အဖွဲ့က ဂျူနီယာအဆင့်ပါ.. ပါမောက္ခယန်တို့က ဓားသူတော်စင်ကိုတောင် ဖိတ်ခေါ်နိုင်ခဲ့တယ်”

ပါမောက္ခယန်က ရယ်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင်လု.. အဲဒီလောက်ထိလဲ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့.. အမှန်အတိုင်း ပြောရရင် အထူးဧည့်သည်တွေက မကုန်သေးပါဘူး"

"နောက်ထပ်ရှိသေးတာလား"

ဂိုဏ်းခေါင်းဆောင်လု အံ့သြသွားသည်။

“အင်မော်တယ် စစ်သင်္ဘောပေါ်မှာ ဗိုလ်ချုပ်ရီလိုပဲ အံ့သြမှင်တက်စေမဲ့ အခြားလူကိုးဦး ရှိပါသေးတယ်"

“….........”

အပိုင်း(၈၂၀) ပြီး၏

All Chapters