← Chapters

စစ်မှန်တဲ့ဆရာသခင်

Vol. 55 Ch. 821

စစ်မှန်တဲ့ဆရာသခင်

Vol. 55 Ch. 821

ဓားသူတော်စင်ရီကျန့်ချွမ်သည် နိုင်ငံ မတည်ထောင်စဉ်ကတည်းကပင် ကျော်ကြားခဲ့သော စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။

သူနှင့်လက်ရှိ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးရှီး တို့သည် ရှီးမန် တိုက်ပွဲအတွင်း နတ်ဆိုးနတ်ဘုရား ၇ ယောက်ကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။

ယခုအခါ သူက လေထုထဲ၌ ဟန်ပါပါ ပျံသန်းနေခဲ့သည်။

သူ့ကိုကြည့်လိုက်လျှင် အုံမှိုင်းနေသော သာမန်လေထုကိုသာ ခံစားရမည် ဖြစ်သည်။

ဤသည်မှာ ဗိုလ်ချုပ်၁၀ ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူက မည်သည့် ဝိညာဉ်ရေး ဖိအားကိုမှ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း လူတိုင်​၏ မသိစိတ်ကနေ ကြည်ညိုလေးစားမှုကို ကောင်းစွာခံစားခဲ့ရသည်။

ဤအချိန်တွင် မြောက်ဘက်ရင်ပြင်ရှိ ဧည့်ပရိသတ်အားလုံးသည် နှလုံးခုန်သံ မြန်လာကြသည်။

ဟွာရှို့နိုင်ငံတွင် လက်တလော အဆင်မပြေသော နယ်မြေ တချို့ ရှိကောင်းရှိနိုင်သော်လည်း နိုင်ငံသည် နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည်။

လက်ရှိငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးခေတ်သည် အာဇာနည်များ၏ စွန့်လွှတ်အနစ်နာခံမှု အပေါ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအာဇာနည်များမှာ သေလုမျောပါး လူနာများကို ကယ်တင်ခဲ့သည့် အင်မော်တယ်ဆရာဝန်များ၊ ဒီရေကိုဆန့်ကျင်၍ ရွက်လွှင့်ခဲ့သည့် သင်္ဘောသားများ၊ မြို့ကို ကာကွယ်သည့်မြို့စောင့်တပ်များ၊ ရဲများ၊ နယ်ခြားစောင့်တပ်များ ဖြစ်၏။

ဗိုလ်ချုပ်ရီ ထွက်ပေါ်လာသည်နှင့် ဧည့်ပရိသတ်များ၏ မျက်လုံးများသည် ချက်ချင်းပင် တဖျပ်ဖျပ် တောက်ပသွားခဲ့သည်။

“ဗိုလ်ချုပ်ရီက များသောအားဖြင့် သိုသိုသိပ်သိပ်ပဲ နေထိုင်လေ့ရှိတယ်.. ဒီအချိန်ကြီးကျမှ ဘာလို့ပေါ်လာရတာလဲ”

လုယိုမင်က စိတ်ချင်းဆက်သွယ်၍ ပါမောက္ခယန်ကို မေးလိုက်သည်။

“ခေါင်းဆောင်လု ထင်ထားသလိုပါပဲ.. ဗိုလ်ချုပ်ရီ ဒီပွဲကို တက်ရောက်လာတာက ခေါင်းဆောင်ကို မျက်နှာသာပေးတဲ့အနေနဲ့ပါ.. ပုံမှန်ဆို ဗိုလ်ချုပ်ရီက နှစ်တစ်ရာလောက် နားချရင်တောင် သူ့ရဲ့ ခံယူချက်ကို ပြောင်းလဲဖို့ မျှော်လင့်ချက်မရှိဘူး.. ဒါကြောင့် ဒီတစ်ခေါက်က စိတ်ရင်းနဲ့လုပ်တာလို့ ပြောလို့ရတယ်”

ပါမောက္ခယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒါနဲ့ခေါင်းဆောင်လုက ဗိုလ်ချုပ်ရီရဲ့ ကျော်ကြားတဲ့စကားကို မှတ်မိသေးလား”

လုယိုမင်က မျက်မှောင်ကြုတ်၍ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“မင်းရဲ့ဓားက ငါ့ရဲ့ဓားဆိုတာလား”

“အင်း.. ဒီစကားကို ဗိုလ်ချုပ်ရီ ပြောတာကတော့ အမှန်ပဲ”

ပါမောက္ခယန်က ပြောလိုက်သည်။

ပြောရရင်ဒီစကားက ဗိုလ်ချုပ်ရီရဲ့ အကန့်သတ်မဲ့ဓားတာအိုစာအုပ်က ဖြစ်ပြီး ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေကို ကျင့်ကြံမှုလမ်းကြောင်းက အခက်ခဲတွေကို ခံနိုင်ရည်ရှိဖို့အတွက် ပိုမိုစိတ်ရှည်ဖို့ တိုက်တွန်းရခြင်း အကြောင်းရင်းပဲ.. ဒီစာအုပ်ထဲမှာ အကန့်အသတ်မဲ့ ဓားတာအိုကို သင်ယူရာမှာ ခက်ခဲတဲ့ အတွေ့အကြုံတွေကိုလည်း ဖော်ပြထားတယ်.. ဒါပေမဲ့ ဒီစကားက ငါဆိုလိုချင်တဲ့စကား မဟုတ်ဘူး.. နောက်ထပ် ဗိုလ်ချုပ်ရီ ပြောတဲ့စကားတစ်ခွန်း ရှိသေးတယ်.. အဲဒီစကားက စစ်မှန်တဲ့ ဆရာသခင်တစ်ယောက်ရဲ့ စိတ်နှလုံးမှာ တပည့်တစ်ယောက်က အမြဲရှိနေတယ် ဆိုတာပဲ”

ထိုစကားကိုကြားလျှင် လုယိုမင်၏ မျက်လုံးများ၌ ချက်ချင်းဆိုသလို သဘောပေါက်သွားသော အမူအရာများ ဖြစ်ပေါ်လာသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး တည်ထောင်ခြင်း အခမ်းအနားသည် ဂိုဏ်းခေါင်းဆောင်များနှင့် သတင်းထောက်များ အတွက် ဘယ်တော့မှ မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဟွာရှို့နိုင်ငံ၏ ဗိုလ်ချုပ်၁၀ ပါးက ဗိုလ်ချုပ်ရီ၏ နောက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာသောကြောင့်ပင်။

ဗိုလ်ချုပ်၁၀ယောက်…

ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်အချို့ ဆိုလျှင် အလွန်အမင်း တုန်လှုပ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။

“ဒါက မယုံနိုင်စရာကောင်းလွန်းတယ်”

“ဗိုလ်ချုပ်၁၀ယောက်လုံးက ဒီကိုရောက်နေတယ်ဟေ့.. ဒါကသတင်းကြီးပဲ”

သတင်းထောက်များ အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

မြောက်ဘက်ရင်ပြင်တွင် ကင်မရာ အလင်းများက အချိန်အတော်ကြာသည်အထိ တဖျပ်ဖျပ် လက်နေခဲ့သည်။

ဗိုလ်ချုပ်၁၀ပါး ထွက်ပေါ်လာပြီး သိပ်မကြာမီမှာပင် စင်မြင့်၏ အလယ်ဗဟိုရှိ ဓာတ်လှေကားက တစ်ဖန် မြင့်တက်လာပြန်သည်။

“အခု ရောက်ရှိလာတာကတော့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗုံးပစ်စီနီယာအင်မော်တယ်ပဲ ဖြစ်ပါတယ်.. လက်ခုပ်သံလေးတွေနဲ့ နွေးထွေးစွာကြိုဆိုလိုက်ရအောင်”

ဆရာဝမ်၏ ဆွဲငင်မှုရှိသည့် စကားသံ ဆုံးသည်နှင့် အဖြူရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားရှည်တစ်လက်ကို လွယ်ထားသည့် အနက်ရောင် ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦးက စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

သူ၏ တစ်ဖက်တစ်ချက်စီတွင်လည်း လူနှစ်ယောက် ရှိနေခဲ့သည်။

တစ်ယောက်မှာ အစောပိုင်းက ပြိုင်ပွဲစင်မြင့်ထက်တွင် ထူးခြားသော အစွမ်းသတ္တိများကို ပြသခဲ့သည့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ဖြစ်သည်။

နောက်တစ်ဦးမှာ ချပ်ဝတ်တန်ဆာကို ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ် အမျိုးသားတစ်ဦး ဖြစ်၏။

“ဒီသံချပ်ဝတ်စစ်သည်က ဘယ်သူများလဲ”

ဂိုဏ်းခေါင်းဆောင်အချို့က အံ့ဩသွားကြသည်။

သို့သော် အလွန်လျင်မြန်စွာပင် တစ်စုံတစ်ယောက်က မှန်းဆမိလိုက်သည်။

“ဒီလူက ဒဏ္ဍာရီလာ လင်းကျန်းရန်များ ဖြစ်နေမလား”

“လင်းကျန်းရန်လား”

“စဉ်းစားကြည့်လေ.. သေမင်းတမန်စီနီယာနဲ့ အနီးစပ်ဆုံးလို့ပြောလို့ရတဲ့ စီနီယာက ဘယ်သူရှိသေးလို့လဲ.. ဒီနှစ်တွေမှာ သူတို့နှစ်ယောက်က အကောင်းဆုံး ဆက်ဆံရေးတွေ ရှိကြတယ်မဟုတ်လား.. ဒါကြောင့် ဒီလူက လင်းကျန်းရန်ပဲ ဖြစ်ရမယ်”

လူတိုင်းက ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။

ထိုလူ၏စကားက အဓိပ္ပါယ်ရှိနေသည် မဟုတ်လော။

လက်ရှအချိန်မှာ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ဌာနဆိုင်ရာခေါင်းဆောင်တွေ အကုန်လုံးက ရှေ့ဆုံးတန်းမှာစီတန်းပြီး ရပ်နေကြတယ်.. သူတို့ထဲက ဘယ်သူကမှ ဗုံးပစ်စီနီယာအင်မော်တယ်နဲ့ စင်မြင့်ပေါ်မှာ အတူရပ်ဖို့ အရည်အချင်း မပြည့်မီကြဘူး.. ဒါကိုကြည့်ခြင်းအားဖြင့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်နဲ့ ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ထူးခြားတဲ့ ဆက်ဆံရေးရှိတာ သက်သေပြနေတယ်”

စင်မြင့်အောက်ရှိ လူများက အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေကြသည်။

“ဒီနှစ်တွေမှာ လင်းကျန်းရန်က ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ ပြဿနာ တော်တော်များများကို ကူညီဖြေရှင်းပေးခဲ့တယ်.. ငါ့အမြင်အရတော့ ဒါက နားလည်မှုလွဲတာ ဖြစ်ရမယ်.. လင်းကျန်းရန်က သူ့ရဲ့အကြံပေးတစ်ဦးပဲ ဖြစ်နိုင်တယ်.. တကယ်လှုပ်ရှားတဲ့သူက ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ပဲ ဖြစ်ရမယ်”

“ဖြစ်နိုင်တယ်”

ထိုခဏတွင် မြောက်ဘက်ရင်ပြင်ရှိ ဂိုဏ်းခေါင်းဆောင်များသည် အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

ဗုံးပစ်စီနီယာအင်မော်တယ် စင်ပေါ်သို့ ရောက်လာသည်နှင့် ဗိုလ်ချုပ်၁၀ဦးက ချက်ချင်းပင် ဂုဏ်ပြုနှုတ်ဆက်လိုက်ကြသည်။

“ညီနောင်ဗုံးပစ် ဂုဏ်ယူပါတယ်”

“ညီနောင်ဗုံးပစ် ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်”

“ညီနောင်ဗုံးပစ် မင်းရဲ့ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်.. မွန်မြတ်တဲ့တည်ထောင်မှု ဖြစ်ပါစေ”

ထိုစကားများကိုကြားလျှင် မြောက်ဘက်ရင်ပြင်တစ်ခုလုံးက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုရီ.. အစ်မလော့ကလည်း ယဉ်ကျေးလွန်းနေပါပြီ.. အားလုံးပဲ ငါ့နောက်မှာ အရင်ရပ်ပေးကြပါ”

“……….”

“အစ်ကို…အစ်ကိုရီလား”

“ဗုံးပစ်စီနီယာ အင်မော်တယ်က ဆေးသူတော်စင်ကို အစ်မလော့လို့ ခေါ်လိုက်တာလား”

အချို့သော ဂိုဏ်းခေါင်းဆောင်များမှာ သွေးအန်လုနီးပါး ဖြစ်နေကြသည်။

သူတို့ကြားရှိ ဆက်ဆံရေးက မည်မျှ နက်ရှိုင်းသည်ကို တွေးကြည့်ရန်ပင် မလိုတော့ပေ။

ဤနေရာတွင် ဗိုလ်ချူပ်၁၀ယောက် ထွက်ပေါ်လာသည်မှာ မဆန်းတော့ပေ။

ဤသို့သာ စောသိခဲ့လျှင် ကျင့်ကြံခြင်းဖိုရမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ထားခဲ့မည်ဖြစ်သည်။

ဤမြင်ကွင်းက မည်သူမဆို မူးမေ့သွားစေနိုင်လောက်သည်အထိ ဖြစ်စေခဲ့သည်။

ခေါင်းဆောင်အားလုံး ရောက်လာသည်ကိုမြင်လျှင် ဝမ်ဟန်ကပြောလိုက်သည်။

“ပထမဦးစွာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ခေါင်းဆောင်ကို စကားနည်းနည်းပါးပါး ပြောပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”

“ဖြောင်းဖြောင်းဖြောင်း”

မြောက်ဘက်ရင်ပြင်တွင် လက်ခုပ်သံများက အချိန်အတော်ကြာသည်အထိ ပေါ်ထွက်လာခဲ့သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်.. လေးစားအပ်သောဧည့်သည်တော်များ၊ ဂိုဏ်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ သတင်းမီဒီယာ အဖွဲ့ဝင်များ ကျွန်တော်တို့ရဲ့ ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားမှာ ပါဝင်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်.. ဒီနေ့မှာတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ မြောက်ဘက်ရင်ပြင်က ဗုံသံတွေ၊ မီးရှူးမီးပန်းသံတွေ၊ အနီရောင်အလံတွေ လေထဲမှာ တလူလူလွင့်နေပြီး လူပင်လယ်ကြီးနဲ့အတူ အမှန်တကယ်ပဲ အသက်ဝင်နေပါတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်အားထက်သန်မှု အပြည့်ဖြင့် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ဟွာရှို့မဟာမိတ် အဖွဲ့အစည်းလိုမျိုး တူညီတဲ့ အတွေးအခေါ်ကိုပဲ ဆွဲကိုင်ထားတယ်.. ကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အပြင် ဂိုဏ်းတွေကြားကငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ကူညီပေးဖို့အတွက် ဒီဂိုဏ်းကို တည်ထောင်ရခြင်း ဖြစ်တယ်”

သူ၏မိန့်ခွန်းကို တစ်ချိန်တည်းမှာပင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သူအချို့က တိုက်ရိုက် ထုတ်လွှင့်နေကြသည်။

ဥပမာအားဖြင့် ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် လူသန်း၅၀ကျော်ကို စုစည်းထားပြီ ဖြစ်သည်။

ဖန်းကွမ်းက ဝက်ဘ်ဆိုက်၏ နာမည်ကျော်တစ်ဦး ဖြစ်လာပြီးနောက်တွင် ပရိတ်သတ် အရေအတွက်သည် ထိန်းချုပ်မရသောနှုန်းဖြင့် တိုးတက်လာခဲ့သည်။

ဟုတ်ပါသည်၊ ယခုအခါတွင် ဖန်းကွမ်းသည်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ တိုက်ရိုက် ထုတ်လွှင့်မှု အဖွဲ့ခေါင်းဆောင် ဖြစ်နေပေပြီ။

အခြားတစ်ဖက်တွင်လည်း ဝမ်ကျန်းနှင့် ဝေ့ကျစ်တို့သည် အသင့်စား ခေါက်ဆွဲကိုစားရင်း အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် မိန့်ခွန်းဆုံးသည်နှင့် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“စီနီယာအင်မော်တယ်.. ဒီလို ကြီးကျယ်တဲ့ အခမ်းအနားမျိုးမှာ ဒီညီနောင်ကို ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ဆင်ခိုင်းပြီး ဘေးနားမှာပဲ ရပ်နေခိုင်းထားမှာလား.. ဒီညီနောင်နဲ့ ငါတို့ကိုလည်း မိတ်ဆက်ပေးပါဦး”

“ဟုတ်တာပေါ့.. ဒီညီနောင်ကို မိတ်ဆက်ပေးရဦးမယ်.. ဒီချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ လူငယ်လေးက တခြားသူ မဟုတ်ဘူး.. ငါ့ရဲ့ အချစ်ဆုံးညီနောင် ဖြစ်တဲ့ လင်းကျန်းရန်ပဲ.. ညီနောင်လင်း.. မင်းရဲ့ ခေါင်းဆောင်းကို ချွတ်လိုက်ပါဦး”

ထိုအချိန်တွင် ဝမ်လင်းက သူ၏ ကိုယ်ပွားကို ထိန်းချုပ်၍ သံမဏိခေါင်းဆောင်းကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။

ထိုခဏမှာပင် ဗိုလ်ချုပ်၁၀ပါး အပါအဝင် လူတိုင်းက လျှို့ဝှက်ဆန်းကြယ်သော လင်းကျန်းရန် ဆီသို့ ပြိုင်တူကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဝေ့ကျစ်နှင့်အတူ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသောဝမ်ကျန်းသည် လောင်ထန် ဂေါ်ဖီချဉ်အမဲသား ခေါက်ဆွဲတစ်လုတ်ကို အန်ထုတ်လိုက်မိသည်။

“လခွမ်းပဲ”

ဤအကောင်က သူ့မျက်နှာကို ပုံတူယူထားခဲ့သည်။

ဝမ်ကျန်းအတွက်မူ အဆုံးမဲ့ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ့လက်ကိုဝှေ့ယမ်းကာ အသံချဲ့ မှော်အစွမ်းဖြင့် ကြွေးကျော်လိုက်သည်။

သူက လက်နှစ်ဖက်ကို မြှောက်၍ ပြောလိုက်၏။

“ငါအခုကြေညာမယ်.. ဒီနေ့က မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ တရားဝင်ဖွင့်လှစ်တဲ့နေ့ပဲ”

အပိုင်း(၈၂၁) ပြီး၏

All Chapters