← Chapters

မြောက်ပိုင်းဒေသ ရေခဲမြစ်များ

Vol. 95 Ch. 1411

မြောက်ပိုင်းဒေသ ရေခဲမြစ်များ

Vol. 95 Ch. 1411

ရုတ်တရက် ကျင့်ကြံရေးလောကမှာ မုန်တိုင်းတစ်ခု အစပျိုးလာပြီး သတင်းများက တစ်ခုပြီးတစ်ခုပျံ့နှံ့လာ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲဖြစ်၍ တုန်လှုပ်ကုန်ကြ၏။

“မင်းကြားပြီပြီလား... အထီးကျန်သိုင်းသခင်က မသေသေးဘူး.. သူက တောင်ပိုင်းဒေသမှာ ပြန်ပေါ်လာခဲ့တယ်ပြောတယ်”

“အေး ငါလည်းအဲ့ဒါကြားပြီးပြီ... ငါကြားတာတော့ တောင်ပိုင်းဒေသမှာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုပါ ပေါ်ထွက်လာခဲ့တယ်ပြောတယ်... အခုအဲ့ဒါကို နန်းကုန်းရှေးတောင်ဝင်မိသားစုက သိမ်းပိုက်ထားတယ်ပြောတယ်”

“ကြည့်ရတာတော့... အထီးကျန်သိုင်းသခင်က ရှေးတော်ဝင်မိသားစုသုံးစုနဲ့ တိုက်ခိုက်ခဲ့တဲ့ပုံပဲ... ဒါပေမဲ့ ဘာတွေဖြစ်ခဲ့သလဲ အတိအကျတော့ ငါလည်းမသိဘူး”

ထိုစဥ်တုန်းက ဆူဇီမိုသည် ပေမင်မြို့အောက်ဘက်ရှိ မြေအောက်လိုဏ်ဂူထဲတွင် ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။ ရှေးတော်ဝင်မိသားစု နှစ်စုက ဤကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိခဲ့ကြ၏။

ဤကဲ့သို့သော တစ်စုံတစ်ရာကို မည်သူကများ ပေါ်ပေါ်ထင်ထင်ထုတ်ဖော်ကြေညာပါမည်နည်း။ အဲ့ဒါကြောင့် ကျင့်ကြံရေးလောကမှာ အထီးကျန်သိုင်းသခင် ပြန်လည်ပေါ်ထွက်လာသည့်သတင်းက ပျံ့နှံ့လာခဲ့သော်လည်း တောင်ပိုင်းဒေသမှာ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျကို မည်သူကမှ မသိရှိကြပေ။

“အဲ့ဒီ အထီးကျန်သိုင်းသခင်က တော်တော်ကံကောင်းတာပဲ... သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကြောင့် လေဟာနယ်စီးကြောင်းထဲ တွန်းပို့ခံခဲ့ရတာတောင် သေမသွားဘူးဆိုတော့”

“ငါကြားတာတော့... အထီးကျန်သိုင်းသခင်က ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီပြောတယ်”.

“သူသာ ပေါင်းစည်းခန္ဓာအဆင့်ကိုရောက်သွားပြီဆိုရင် ကျင့်ကြံရေးလောကမှာ သူ့ကိုတားဆီးနိုင်မှာက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေပဲ ရှိတော့မယ်”

ကစဉ့်ကလျားအမြုတေဂိုဏ်းတွင်...

သီဖန်းသည် သူ၏ဂိုဏ်းသားများထံမှ ပေးပို့လာသောသတင်းများကိုနားထောင်ရင်း သုန်မှုန်နေသာ အမူအရာနှင့်အတူ သူ၏လိုဏ်ဂူခန်းဝါထဲမှာ ထိုင်နေ၏။

သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ တည်နေရာကို စုံစမ်းထောက်လှမ်းဖို့အတွက် တောင်ပိုင်းဒေသကို ကျင့်ကြံသူတွေထပ်လွှတ်လိုက်... သတင်းတစ်ခုခုရတာနဲ့ ငါ့ကိုချက်ချင်းလာပြော”

“ဆရာ... အထီးကျန်သိုင်းသခင်က ပေါင်စည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီဆိုရင် သူက အန္တိမဓမ္မဝိသေသ ၃ခုနဲ့ ပေါင်းစည်းသွားပြီပေါ့.. အဲ့ဒါဆိုရင် ကိုင်တွယ်ရခက်ခဲမယ်ထင်တယ်”

ကျင့်ကြံသူတစ်ယောက်က လေးနက်သော အသံဖြင့်ပြောလိုက်၏။

“ဟွန့်...”

သီဖန်းက အေးစက်စွာဖြင့် ပြောလိုက်၏။

“သူက ဘယ်လောက်ပဲသန်မာသန်မာ သူက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ရုံပဲရှိသေးတယ်... တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးအဆင့်ဆိုတာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ စိန်ခေါ်နိုင်တဲ့အဆင့် မဟုတ်ဘူး”

“ဟုတ်ကဲ့”

ကျင့်ကြံသူက တလောတကြီး ပြန်ဖြေလိုက်၏။

အတန်ကြာစဥ်းစားတွေးတောပြီးနောက် သီဖန်းက ဆက်ပြောလိုက်၏။

“မင်းဘာမှပူနေစရာ မလိုဘူး... ငါနောက်တစ်ခါတိုက်ခိုက်မယ်ဆိုရင် ငါတစ်ယောက်တည်းမဟုတ်ဘူး... ဒီတစ်ခေါက် ငါက တခြား တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေနဲ့ပါ ပူးပေါင်းလိုက်မယ်ဆိုရင် အထီးကျန်သိုင်းသခင်ကို သေချာပေါက်သတ်ဖြတ်နိုင်လိမ့်မယ်”

ကျင့်ကြံရေးလောကတွင် အထီးကျန်သိုင်းသခင် အသက်ရှင်နေသေးသည်ဟူသော သတင်းကို ကြားရသောအခါ မုန်းတီးမှုများ ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသောလူများရှိလာခဲ့၏။ အဲ့ဒီမှာ ဝမ်းသာပျော်ရွှင်သောလူများလည်း ရှိလေသည်။

ဆန်းကြယ်တောင်ထွတ် ၊ မဟာကျိုးအင်ပါယာ၏ ကျိယောင်ရွှယ် ၊ အသွန်းတစ်ရာဂိုဏ်း၏ အဆုံးစွန်မီး ၊ ယန်ဆေးဂိုဏ်း၏ ရှောင်းနင် ၊ မိစ္ဆာဂိုဏ်းများ၏ နတ်ဆိုးမိကျိ ……

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကျင့်ကြံရေးလောကမှာသာလျှင်မဟုတ်ပေ။ တားမြစ်နယ်မြေများမှာပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြ၏။

အထီးကျန်သိုင်းသခင် အသက်ရှင်နေသေးသည့်အချက်သည် တားမြစ်နယ်မြေများအတွက် ကြီးမားသော ကိစ္စတစ်စုံတစ်ရာ မဟုတ်ပေ။

တားမြစ်နယ်မြေများကို တကယ်တမ်းလှုပ်ခတ်စေသည့်သတင်းမှာ ဖန်းလိုင်ကျွန်းမှသတင်း ဖြစ်လေသည်။

နဂါးဖီးနစ်က ပေါ်ထွက်လာခဲ့၏။

ဒါ့အပြင် ဤနဂါးဖီးနစ်သည် အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ခန္ဓာ နှစ်ခုထဲမှတစ်ခု ဖြစ်နေ၏။

ထိုသတင်းထွက်ပေါ်လာသည့်အချိန်မှာပင် အမျိုးမျိုးသောတားမြစ်နယ်မြေများမှ ဘိုးဘေးအဆင့် ပညာရှင်များက ထိတ်လန့်လာကြ၏။

“အထီးကျန်သိုင်းသခင်က နဂါးအရိုးတောင်ကြားကို ပြန်ရောက်သွားပြီလို့ ငါကြားတယ်... အဲ့ဒါဆိုရင် ငါတို့က တိုက်ခိုက်ဖို့ မသင့်လျော်တော့ဘူး”

“ဟုတ်တယ်... နဂါးမျိုးနွယ်က အဲ့ဒီအဖိုးကြီးက အသက်ရှင်နေဦးမယ်ထင်တယ်... သူရှိနေရင်တော့ တကယ်ပဲ မလွယ်တော့ဘူး”

“တကယ်တော့... အဲ့လောက်ထိလည်း စိုးရိမ်နေစရာမလိုဘူး”

စွမ်းအားကြီးမားသော လူပုံသဏ္ဌာန်သတ္တဝါက ဖြည်းဖြည်းချင်းပြောလိုက်၏။

“တဗူးတစ်ကောင်ကြီးထွားလာဖို့ဆိုရင် အရင်းအမြစ်တွေအများကြီးလိုအပ်တယ်... ကြာမြင့်တဲ့အချိန်ကာလတစ်ခုမယူဘဲ သူက ဘိုးဘေးအဆင့်ကို တက်လှမ်းနိုင်စရာအကြောင်းမရှိဘူး”

“တဗူးရဲ့မျိုးဆက်သွေးက သန်မာတယ်ဆိုပေမဲ့ ဧကရာဇ်တစ်ပါးဖြစ်လာဖို့မပြောနဲ့ ဘိုးဘေးအဆင့်ကိုရောက်ဖို့တောင် အင်မတန်ခက်ခဲတယ်”

“နောက်ပြီး နဂါးမျိုးနွယ်က အဲ့ဒီအဖိုးကြီးကလည်း နေရဖို့ အချိန်သိပ်မကျန်တော့ပါဘူး”

နောက်ထပ် လူပုံသဏ္ဌာန်သတ္တဝါက မှင်သေသေဖြင့် ​ပြောလိုက်၏။

“နဂါးဖီးနစ်က ကောင်းကောင်းကြီးထွားမလာခင်မှာပဲ အဲ့ဒီအဖိုးကြီးက ဘဝသက်တမ်းကုန်ဆုံးသွားလိမ့်မယ်... သူမရှိတော့ဘူးဆိုရင် နဂါးမျိုးနွယ်က အဆိပ်မရှိတဲ့မြွေတစ်ကောင်လိုပဲ... အဲ့ဒီအချိန်ကျရင် ငါတို့က ဝင်ရောက်တိုက်ခိုက်လို့ရပြီ”

“အထီးကျန်သိုင်းသခင်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုရော ဘယ်လိုလုပ်မလဲ”

နောက်ထပ်လူတစ်ယောက်က မေးလိုက်၏။

“သူ့ရဲ့အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကလည်း မသေပဲနဲ့ ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီလို့ ငါကြားမိတယ်”

“အဲ့ဒါကတော့ လွယ်ပါတယ်”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“လူသားမျိုးနွယ်မှာ သူ့ကိုကာကွယ်ပေးနိုင်တဲ့ ဘယ်ဂိုဏ်း ၊ ဘယ်အဖွဲ့အစည်းမှမရှိဘူး... ငါတို့က လှုပ်ရှားမှုမပြုလုပ်ဘူးဆိုရင်တောင် ဘယ်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးမဆို သူ့ကိုသတ်ဖြတ်နိုင်တာပဲ”

“နောက်ပြီး ဒီဘက်မျိုးဆက်ရဲ့ ကမ္ဘာဦးမျိုးနွယ်လူငယ်တွေကြားမှာ ပြန်ဝင်စားမွန်းစတား တချို့လည်း ပေါ်ထွက်လာတာပဲ... ဥပမာ နတ်ဘုရားမျိုးနွယ်ရဲ့ အာကာသဧကရာဇ် ၊ နတ်သမီးရှောင်ရှန်း ၊ ရွှေကျီးကန်းမျိုးနွယ်ရဲ့ သတ္တမမင်းသား ၊ ယက္ခမျိုးနွယ်ရဲ့ ယက္ခယု ၊ စုန်းမျိုးနွယ်ရဲ့ သခင်လေးဆန်းကြယ်တစ္ဆေ ၊ သွေးနွယ်ပင်မျိုးနွယ်ရဲ့ ထျန်လင်ကျီနဲ့ ငါတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ ကြမ်းကြုတ်မျက်လုံးတို့ရှိတာပဲ... သူတို့ထဲက ဘယ်သူမဆို အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်တာပဲ”

“အဲ့ဒါအမှန်ပဲ... ကမ္ဘာဦးမျိုးနွယ်ရဲ့ အဲ့ဒီပြန်ဝင်စားမွန်းစတားတွေ ပေါ်ထွက်လာတာက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ကျင့်ကြံရေးလောကအတွက် ကပ်ဆိုးတစ်ခုပဲ”

နောက်ထပ် လူပုံသဏ္ဌာန်သတ္တဝါက ရက်စက်ကြမ်းကြုတ်သည့် အမူအရာနှင့်အတူ သွားဖြဲပြလိုက်၏။

နောက်ထပ်လူတစ်ယောက်က တစ်စုံတစ်ရာကို အမှတ်ရသွားပုံရပြီး ညင်သာစွာသက်ပြင်းချ၍ ရေရွတ်ပြောဆိုလိုက်၏။

“ဒါပေမဲ့လို့ ကြမ်းကြုတ်မျက်လုံးရဲ့ ပါရမီအရည်အချင်းနဲ့ ဉာဏ်ပညာက သန်မာပြီးတော့ သူက ကောင်းကင်ဘုံမျက်လုံးကိုကျင့်ကြံဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်မျက်လုံးကိုတောင် ဖျက်ဆီးလိုခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့အောင်မြင်ထွန်းပေါက်မှုက အရင်တုန်းက ဟိုလူနဲ့စာရင် နိမ့်ကျနေတုန်းပဲ”

“မင်းက အဲ့ဒီအချိန်တုန်းက စွန့်ပစ်ခံခဲ့ရတဲ့ကောင်လေးကို ပြောနေတာလား”

“ဟုတ်တယ်... သူ့ရဲ့အမေက လူသားကျင့်ကြံသူတစ်ယောက်နဲ့ ကိုယ်လက်နှီးနှောပြီးတော့ အဲ့ဒီကောင်လေးကို မွေးဖွားခဲ့တယ်... အဲ့ဒါကြောင့် သူ့ရဲ့မျိုးဆက်သွေးက မသန့်စင်ပဲ သူက ကလန်သားတွေရဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရတယ်”

“သူက... လူသားမျိုးနွယ်ရဲ့ ဗုဒ္ဓကျောင်းတော်တစ်ကျောင်းကို ဝင်ရောက်ပြီးတဲ့နောက် အရမ်းကိုကြောက်စရာကောင်းတဲ့ ပါရမီအရည်အချင်းကို ပြသခဲ့တယ်... သူရဲ့မျိုးဆက်သွေးက မသန့်စင်ဘူးဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာရှိတဲ့ ဘယ်သက်ရှိထက်မဆို သန်မာလာခဲ့တယ်... သူက အဲ့ဒီမျိုးဆက်မှာ လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး လူငယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့တယ်”

နောက်ထပ်လူတစ်ယောက်က ပြန်ပြောင်းစဥ်းစားရင်း ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီအချိန်တုန်းက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ဟိုကပြားတောကောင်ကပဲ သူ့ကိုတိုက်ခိုက်နိုင်ခဲ့တယ်... ကံဆိုးစွာနဲ့ပဲ သူတို့နှစ်ယောက်စလုံးက သေကြေပျက်စီးခဲ့ရတယ်”

“ထားလိုက်ပါတော​့... အဲ့ဒီအကြောင်းကို မပြောကြရအောင် ပြီးခဲ့တာတွေလည်း ပြီးပါစေတော့”

“အခု... တဗူးနှစ်ကောင်က တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာပြီဆိုတော့ ဒီဘက်မျိုးဆက်က တကယ့်ကိုထူးခြားနေတာပဲ”

“လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအခွင့်အလမ်းက ကုန်ခန်းသွားပြီ... ငါတို့ ကမ္ဘာဦးမျိုးနွယ်တွေ ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ဖန်ပြန်အုပ်စိုးဖို့ ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး... လူသားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးခဲ့တာ အတော်ကြာသွားခဲ့ပြီ... အခုက ငါတို့အလှည့်ကို ရောက်လာပြီပဲ”

. . . . .

​မြောက်ပိုင်းဒေသတွင်...

မြောက်ဝင်ရိုးစွန်းဒေသသည် ရေခဲမြစ်များ ၊ နှင်းတောင်တန်းများဖြင့် ပြည့်နှက်နေ၏။

မြောက်ပိုင်းပင်လယ်သည် သမုဒ္ဒရာသုံးစင်းထဲမှာ ပါဝင်လေသည်။ သို့သော်လည်း မြောက်ပိုင်းဒေသ၏ မျက်နှာပြင်သည် နှစ်တစ်သောင်းကြာအောင်အေးခဲနေပြီး ရေခဲအလွှာများက ပေပေါင်းများစွာ ထူထဲလေသည်။

အေးစိမ့်နေသော လေပြင်းများက ဤနေရာမှာ တစ်နှစ်ပတ်လုံး တိုက်ခတ်နေ၏။ တာအိုအမွေအနှစ်ကုန်းမြေတွင် ကပ်ဘေးသုံးဆင့်နယ်မြေ၏ ပထမဆုံးအဆင့်မှာ မြောက်ဝင်ရိုးစွန်း ယင်လေဖြစ်လေသည်။

မြောက်ပိုင်းပင်လယ်ရေခဲမြစ်များ၏ အနက်ပိုင်းထဲတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ထိုနေရာအနက်ပိုင်းထဲသို့ စွန့်စားသွားလာရဲခြင်း မရှိပေ။

အကြောင်းမှာ... မြောက်ပိုင်းပင်လယ်ရေခဲမြစ်၏ အနက်ပိုင်းထဲတွင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေ ၉ခုထဲမှ တစ်ခု ရှိနေသောကြောင့်ဖြစ်၏။

အဲ့ဒါက ဒဏ္ဍာရီလာ ပေမင်ဖြစ်၏။

(ပေမင်သည် ခွန်မျိုးနွယ် လက်ရှိနေထိုင်ရာနေရာ၏ နာမည်ဖြစ်ပြီး မြောက်ပိုင်းပင်လယ်ဟူသော အဓိပွာယ်မျိုး ရှိလေသည်။ ဥပမာ နဂါးမျိုးနွယ် လက်ရှိနေထိုင်ရာနေရာ၏ နာမည်က နဂါးအရိုးတောင်ကြားဖြစ်၏။ ပေမင်ကလန်သည်ကား တောင်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစုတစ်စု ဖြစ်ခဲ့ဖူးပြီး ပေမင်ကလန်ဆိုရာတွင် ပေမင်သည် အမည်တစ်ခုမျှသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် အမည်တူနေခြင်းသာ။)

ဤကဲ့သို့ဆိုးဆိုးဝါးဝါးပတ်ဝန်းကျင်တွင် ထိုနေရာက ပကတိတိတ်ဆိတ်ခြောက်ကပ်နေပြီး မည်သည့်ကျင့်ကြံသူကမှ ဤနေရာသို့ ရောက်ရှိမလာတတ်ကြပေ။

မြောက်ပိုင်းပင်လယ်ရေခဲမြစ်များပေါ်တွင် မည်သည့်သစ်ပင်ဝါးပင်ကိုမှ မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ဤနေ့တွင် လူတစ်ယောက်က မြောက်ပိုင်းပင်လယ်၏ ရေခဲမြစ်ပေါ်သို့ ရောက်ရှိလာ၏။

ထိုသူသည် ငယ်ရွယ်သေးသည့်ပုံပေါ်ပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏အနက်ရောင်ဆံပင်များကို သူ၏ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူ၏မျက်လုံးများက ကြည်လင်နေ၏။

ကြော့ရှင်းသောသွင်ပြင်နှင့်အတူ သူသည် ရေခဲမြစ်များ၏ အနက်ပိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေ၏။

ဤလူ၏ ခရမ်းရောင်ဝတ်ရုံက ပါးလွှာသော်လည်း သူသည် မည်သည့်အအေးဓာတ်ကိုမှ ခံစားမိပုံမရကာ သူ၏မျက်နှာက အနီရောင်ပင်သန်းနေ၏။

အရိုးထိတိုင်ခိုက်သော ယင်လေက အော်မြည်၍ တိုက်ခတ်နေ၏။

အဲ့ဒါသည် ထိုလူ့အပေါ် တိုက်ခတ်သွားသောအခါ ၎င်းသည် အငွေ့ပျံသွားသည့်အလား ချက်ချင်းပင် ပျောက်ကွယ်သွား၏။

ရေခဲမြစ်၏ အထက်ကောင်းကင်တွင် ပြည့်နှက်နေသော နှင်းပွင့်နှင်းချပ်များသည် ထိုလူ၏ ဆယ်ပေပတ်လည်အတွင်းမှာ ကျဆင်းလာပြီး ရေစက်ရေပေါက်များအဖြစ် ပြောင်းလဲသွား၏။

ထိုလူသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ မည်သည့်နှင်းပွင့်နှင်းချပ်မှ ကျဆင်းလာခြင်းမရှိဘဲ ရှေ့သို့ဖြည်းဖြည်းချင်း တက်လှမ်းနေ၏။

ခရမ်းရောင်ဝတ်လူငယ်သည် တောင်ပိုင်းဒေသကနေ ခရီးနှင်လာခဲ့သော သိုင်းတာအိုပင်မခန္ဓာ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် မြောက်ပိုင်းပင်လယ်ရေခဲမြစ်များဆီသို့ ရောက်ရှိလာချိန်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးအရိုးတောင်ကြားသို့ ပြန်လည်ရောက်ရှိသွားပြီး ဘိုးဘေးနဂါးကုန်းမြေသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။ အဲ့ဒီနောက်... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏အစစ်အမှန်ခန္ဓာနှစ်ခုနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် ကီလိုမီတာထောင်ပေါင်းများစွာအေးခဲနေသော မြောက်ပိုင်းပင်လယ်သို့ ရောက်ရှိလာရသည့်အကြောင်းရင်းမှာ တစ်ခုတည်းသော ဆောင်ရွက်စရာတစ်ခုအတွက်ဖြစ်၏။

All Chapters