← Chapters

ကျောင်းတော်ကိုစိန်ခေါ်ခြင်း

Vol. 95 Ch. 1416

ကျောင်းတော်ကိုစိန်ခေါ်ခြင်း

Vol. 95 Ch. 1416

“အတင့်ရဲလိုက်တာ”

အထီးကျန်သိုင်းသခင်၏ စကားကို ကြားရပြီးနောက် ဒီပင်္ကရာကျောင်းတော်ထဲမှ ငေါက်ငမ်းသံတစ်သံ ထွက်ပေါ်လာ၏။ စကားပြောလိုက်သူက စိတ်တိုဒေါသထွက်နေသည့်ပုံပင်။

မည်သို့ပင်ဆိုစေ ဒီပင်္ကရာကျောင်းတော်သည် ဗုဒ္ဓကျောင်းတော် ၆ ကျောင်းထဲမှ တစ်ကျောင်းဖြစ်ပြီး သမိုင်းကြောင်း ရှည်ကြာစွာ တည်တံ့လာခဲ့သော ထျန်ဟွမ်ကုန်မြေတိုက်ကြီးရှိ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လေသည်။ သူတို့သည် ဤကဲ့သို့သော ပုံစံဖြင့် ခြိမ်းခြောက်မှုကို မတွေ့ကြုံခဲ့ဖူးပေ။

“ဒါက ဒီပင်္ကရာကျောင်းတော်ပဲ... မင်းက ဒီနေရာမှာ ဘယ်လိုတောင်မောက်မာရိုင်းစိုင်းရဲတာလဲ”

ဒီပင်္ကရာကျောင်းတော်မှ အသံက အလွန်တရာ ခက်ထန်နေ၏။

ဆူဇီမိုက အေးစက်စွာ သရော်သလို ရယ်လိုက်၏။

အတိတ်ကာလတုန်းကဆို သူသည် ဤကဲ့သို့ပြောဆိုဖို့ အဆင့်မီချင်မှ မီပေလိမ့်မည်။ သို့သော် ယခုအခါ သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာပြီး ထိပ်သီးဂိုဏ်းကြီးများကိုပင် စိန်ခေါ်ရဲလေသည်။

သူသည် မင်းကျန်ကိုစိုးရိမ်ပူပန်နေသည့် အတွက်ကြောင့် မည်သို့ပင်ဆိုစေ သူက အမှန်တရားကို ရှာဖွေဖော်ထုတ်ရပေမည်။

ဆူဇီမိုသည် ဒီပင်္ကရာကျောင်းတော်၏ သတိပေးသံကို လျစ်လျူရှုပြီး လေထဲသို့ ပျံတက်ကာ တောင်ကုန်းပေါ်ရှိ ကျောင်းတော်ရှိရာသို့ ဦးတည်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်”

ဆူဇီမိုသည် သူ၏သတိပေးချက်ကို လျစ်လျူရှုထားသည်ကို တွေ့မြင်သောအခါ ဒီပင်္ကရာကျောင်းတော်ဘက်မှ အသံသည် ပို၍စိတ်တိုဒေါသထွက်လာပုံရ၏။

“မင်းက ရှေ့ကိုမဆင်မခြင်တက်လာရဲမယ်ဆိုရင် ဒီပင်္ကရာကျောင်းတော်က မင်းကိုဖိနှိမ်ရမဲ့အတွက် အပြစ်မတင်ပါနဲ့”

“အဲ့ဒါဆိုလည်း ကောင်းတာပေါ့... ကျုပ်က ဒီပင်္ကရာကျောင်းတော်က ပါရမီရှင်ကိုယ်တော်တွေရဲ့ အစွမ်းအစကို တွေ့ချင်နေတာ”

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်၏။

“ဝင်္ကပါကို အသက်သွင်းမယ်”

ဒီပင်္ကရာကျောင်းတော်မှအသံက ထွက်ပေါ်လာ၏။

ဝှစ်... ဝှစ်... ဝှစ်....

ချက်ချင်းပင် ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းများသည် ဒီပင်္ကရာကျောင်းတော်၏ ဘေးပတ်ဝန်းကျင်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ထိန်ထိန်လင်းသွားစေ၏။

ဒီပင်္ကရာကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးဝင်္ကပါ အသက်ဝင်လာခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် အထွတ်အမြတ် သက္ကတဘာသာစကားသံများသည် ဝင်္ကပါထဲကနေ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ရှင်းလင်းစွာထွက်ပေါ်လာသောအခါ အဲ့ဒါသည် လူတစ်ယောက်ကို မလုံမလဲဖြစ်စေပြီး သတိလက်လွတ်ဖြစ်ကာ နောင်တသံဝေဂ ရလာစေနိုင်၏။

ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူတစ်ယောက်က ထိုသက္ကတစကားသံများကို ကြားရမည်ဆိုလျှင် သူတို့သည် သူတို့ကိုယ်သူတို့ အပြစ်သားတစ်ယောက်အဖြစ် ချက်ချင်းပင် ခံယူသွားကြမည်ဖြစ်၏။ ဒါ့အပြင် သူတို့သည် ဗုဒ္ဓဝါဒသို့ ကူးပြောင်းသွားနိုင်ခြေပင် ရှိလေသည်။

သို့သော်လည်း ဆူဇီမိုသည် ဗုဒ္ဓဝါဒမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး နှစ်ပေါင်းငါးထောင်ကြာအောင် တာအိုအမွေအနှစ်ကုန်းမြေမှာနေထိုင်၍ သိုင်းတာအိုကို ကောက်ချက်ချဆင်ခြင်ခဲ့၏။ သူ၏အတွေ့အကြုံသည် ဖျက်ဆီး၍မရနိုင်သော ၊ မကိုင်လှုပ်နိုင်သော ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်တစ်ခုကိုရရှိလာစေ၏။

ထိုသက္ကတစကားသံများက သူ့အပေါ်မှာ လုံးဝသက်ရောက်မှုမရှိပေ။

အဲ့ဒါသည် ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ထွက်သွားရုံသာဖြစ်၏။ သို့သော်လည်း ဂိုဏ်းကာကွယ်ရေး ဝင်္ကပါသည် တကယ်ပင်ကိုင်တွယ်ရခက်ခဲပြီး သူ့အနေဖြင့် အတင်းဝင်ရောက်ဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ဝင်္ကပါကို အာရုံစိုက်၍ကြည့်လိုက်၏။

ဒီပင်္ကရာကျောင်းတော်၏ ကိုယ်တော်သည် ဆူဇီမိုက သူ၏ခြေလှမ်းကိုရပ်တန့်၍ အကျပ်တွေ့သွားပုံရသည်ကို တွေမြင်လိုက်ရသောအခါ သူက မနေနိုင်ပဲ ပြောလိုက်လေသည်။

“ဒကာ အထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး နောက်ပြန်လှည့်ပါတော့”

“ဒီဂိုဏ်းကာကွယ်ရေးဝင်္ကပါကို ချိုးဖျက်ဖို့ဆိုရင် ဘိုးဘေးအဆင့် စွမ်းအားကို လိုအပ်တယ်... ပေါင်းစည်းခန္ဓာအဆင့်ကို အခုမှ တက်လှမ်းလာတဲ့ ခင်ဗျားကို မပြောနဲ့ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတွေတောင် အဲ့ဒါကိုလုပ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက ယိမ်းယိုင်သွားခြင်း မရှိပေ။

တကယ်တော့... ထိုအခိုက်အတန့်တွင် သူသည် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ခြုံငုံသုံးသပ်နေခဲ့ပြီဖြစ်၏။ သူ၏စိတ်အတွေးက လျင်မြန်စွာလှည့်ပတ်နေပြီး ဝင်္ကပါမျက်လုံးများကို ထောက်လှမ်းရှာဖွေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

တာအိုအမွေအနှစ်ကုန်းမြေမှာ နှစ်ငါးထောင်ကြာနားလည်ဆင်ခြင်ခဲ့ပြီးနောက် ဆူဇီမိုတွေ့ကြုံခဲ့ရသော ဆင့်ကဲပြောင်းလဲတိုးတက်မှုများသည် ဖျက်ဆီး၍ မရနိုင်တော့ပေ။

အဲ့ဒီနောက်မှ သူသည် သိုင်းတာအိုကို ကောက်ချက်ချ ဆင်ခြင်နိုင်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ဤအချိန်အတောအတွင်း ဆူဇီမိုသည် ပေါင်းစည်းခန္ဓာများနှင့် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၃၀ ကျော်၏ အမွေအနှစ်များကို ဆက်ခံရရှိခဲ့ပြီး ထိုပညာရပ်များထဲမှ တစ်ခုသည် ဝင်္ကပါနည်းစနစ်ဖြစ်လေသည်။

ဝင်္ကပါနည်းစနစ်ကို အမွေဆက်ခံထားခြင်းမရှိဘဲ သူသည် မပြီးပြည့်စုံသော တည်နေရာရွှေ့ပြောင်းဝင်္ကပါကို နားလည်ဆင်ခြင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

“ဒကာအထီးကျန်သိုင်းသခင်”

ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်သည် ဆူဇီမိုက ထွက်ခွာမသွားလိုသည်ကို တွေ့မြင်သောအခါ သူက စိတ်မရှည်နိုင်ဖြစ်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဗုဒ္ဓက လူတိုင်းအပေါ် စေတနာ မေတ္တာထားတယ်... ကျုပ်တို့ရဲ့ကျောင်းတော်က ခင်ဗျားနဲ့ အတိုက်အခံမဖြစ်လိုဘူး... ဒီဝင်္ကပါက အခုချိန်မှာ ခုခံရေးအဆင့်မှာပဲ ရှိသေးတယ်”

“ခင်ဗျားက ထွက်မသွားဘူးဆိုရင် တိုက်ခိုက်ရေးဝင်္ကပါကို အသက်သွင်းရမဲ့အတွက် ကျုပ်ကိုအပြစ်မတင်နဲ့”

“ဟဲဟဲ”

ထိုစဥ်မှာပင် ဆူဇီမို၏မျက်လုံးက ဖျတ်ခနဲလက်သွားပြီး ရယ်မောလိုက်၏။

“မင်းမှာ အဲ့ဒါကိုလုပ်ဖို့ အခွင့်အရေးမရှိတော့ဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ​ပြောလိုက်၏။

ဘုန်း...

သူသည် သူ၏အင်္ကျီလက်နှစ်ဖက်ကိုဝေ့ယမ်းပြီး ဓားကွက်တစ်ခုကိုထုတ်ဖော်လိုက်၏။ ချက်ချင်းပင် အလွန်တရာထက်ရှသော ဓားချီ ၄၉ခုသည် ပြိုးပြိုးပြက်ပြက် ပုံစံနှင့်အတူ သူ၏လက်နှစ်ဖက်ထံမှ ပေါက်ကွဲထွက်ပေါ်လာ၏။

ဝှစ်... ဝှစ်.... ဝှစ်....

လောကက အဖြူရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး သတ်ဖြတ်လိုစိတ်တစ်ခုက တလိပ်လိပ်ထွက်ပေါ်လာ၏။

ထိုကောင်းကင်သတ်ဖြတ်ခြင်းဓားချီများအားလုံးသည် အရမ်းကို ထက်ရှလေသည်။

ဆူဇီမို၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ၄၉ခုသည် ဒီပင်္ကရာကျောင်းတော်၏ တစ်ထောင့်တစ်နေရာဆီသို့ အလွန်တရာတိကျသောအရှိန်ဖြင့် ပြေးဝင်သွားကြ၏။

ဓားချီအချို့က မြက်တောထဲသို့ ဝင်ရောက်သွား၏။

ဓားချီအချို့သည် အစိမ်းရောင်ကျောက်တုံးထဲသို့ ထိုးစိုက်သွား၏။

ဓားချီအချို့သည် ရှေးဟောင်းသစ်ပင်အချို့ကို ဖြတ်တောက်လိုက်လေသည်။

ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်သည် ထိုသည်ကိုမြင်သောအခါ သူ၏အမူအရာက ပြောင်းလဲသွား၏။

ထိုဓားချီများကို သာမန်ကာလျှံကာ ပစ်လွှတ်လိုက်ခြင်း မဟုတ်ပေ။

ဓားချီတစ်ခုချင်းစီသည် ဝင်္ကပါ၏မျက်လုံးများကို ဦးတည်ကြလေသည်။

တကယ်တော့... ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် အတော်လေးကိုရှုပ်ထွေးပြီး ဝင်္ကပါမျက်လုံး ၄၉ခု ပါရှိလေသည်။ အဲ့ဒါသည် ကောင်းကင်ဘုံစက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေပြီး အလွန်တရာသန်မာသော ခံစစ်အားကို ပိုင်ဆိုင်ထား၏။

မဟာယာန မျိုးနွယ်စုခေါင်းဆောင်များသာလျှင် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့်အတူ ဝင်္ကပါကို ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဝင်္ကပါတစ်ခုက ဘယ်လောက်ပင်ရှုပ်ထွေးပြီး ဘယ်လောက်ပင်စွမ်းအားကြီးမားပါစေ သူတို့မှာ အားနည်းချက်နှင့် ဟာကွက်များရှိလေသည်။

အဲ့ဒါက ဝင်္ကပါမျက်လုံးများဖြစ်၏။

ဝင်္ကပါမျက်လုံးများသည် အဓိကသော့ချက်ဖြစ်ပြီး ဝင်္ကပါ၏ လုပ်ဆောင်ချက်များကို ထိန်းညှိပေးသည့် ဗဟိုချက်ဖြစ်လေသည်။

ဝင်္ကပါတစ်ခုက ဘယ်လောက်ပက်သန်မာသည်ဖြစ်ပါစေ ဝင်္ကပါမျက်လုံးများ ပျက်စီးသွားသည်နှင့် သူတို့က ဆက်လက်၍ တည်မြဲနိုင်တော့မည် မဟုတ်ပေ။

ဝင်္ကပါမျက်လုံး ၄၉ခုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပဲ ချက်ချင်းနီးပါးပင် ထိုးဖောက်ခံလိုက်ရ၏။

ဘန်း... ဘုန်း...ဘုန်း...

ဂိုဏ်းကာကွယ်ရေးဝင်္ကပါက ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။

ဆူဇီမိသည် ဤတိုက်ခိုက်မှုကို ထုတ်ဖော်ဖို့အတွက် ကြိုးစားအားထုတ်မှု အမြောက်အမြားကို အသုံးပြုခဲ့ရလေသည်။

ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ ဝင်္ကပါမျက်လုံး ၄၉ခုကို ဤကဲ့သို့ အချိန်တိုအတွင်း ရှာဖွေတွေ့ရှိဖို့အတွက် အဲ့ဒါသည် သူ့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖြစ်စေလေသည်။ သို့သော်လည်း ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်များသည် ဤအခြေအနေကို ကွဲပြားစွာတွေမြင်ခဲ့၏။

ဆူဇီမိုသည် မည်မျှအထိ ကြိုးစားအားထုတ်ခဲ့ရကြောင်း သူတို့က မသိရှိခဲ့ကြပေ။

သူတို့အတွက်တော့ ဆူဇီမိုသည် သူ၏အင်္ကျီလက်စများကို ညင်သာစွာ ဝေ့ယမ်းလိုက်ရုံမျှဖြင့် ဂိုဏ်းကာကွယ်ရေးဝင်္ကပါက ပျက်ပြယ်သွားရလေသည်။

“အထီးကျန်သိုင်းသခင်... ခင်ဗျား”

ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်သည် ဤကဲ့သို့သောမြင်ကွင်း ပေါ်ထွက်ဖို့ မျှော်လင့်မထားသည်မှာ သိသာလေသည်။

ဆူဇီမိုသည် ရှေ့သို့တက်လှမ်း၍ မြင့်မား၍ တင်းကျပ်စွာပိတ်ထားသော ကျောင်းတော်တံခါးရှေ့သို့ ရောက်ရှိလာခဲ့၏။ သူသည် ညင်သာစွာ အော်ငေါက်လိုက်လေသည်။

“ကျောင်းတော်ရဲ့ ထွန်းပေါက်တဲ့ကိုယ်တော်တွေက ကျုပ်ကိုမတွေ့ချင်ဘူးဆိုမှတော့ ကျုပ်ကိုယ်တိုင် လာရတော့မှာပေါ့”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏လက်သီးကိုဆုပ်ပြီး ကျောင်းတော်တံခါးဆီသို့ ပစ်ထိုးလိုက်ပြီဖြစ်၏။

ဤကျောင်းတော်တံခါးသည် တစ်မူထူးခြားသော လောကဆိုင်ရာ ကျောက်သားတစ်မျိုးဖြင့် ပြုလုပ်ထားပြီး မနှိုင်းယှဥ်သာအောင် မာကြောသော်လည်း ၎င်းသည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကို ခုခံနိုင်စရာအကြောင်းမရှိပေ။

ဘုန်း...

ကျောင်းတော်တံခါးသည် ဆူဇီမို၏လက်သီးချက်ဖြင့် ကြေမွပျက်စီးသွားပြီး များပြားလှစွာသော ကျောက်သားအစအနများက အဘက်ဘက်သို့ ပြန့်ကျဲ ပေါက်ကွဲထွက်သွား၏။

တဝုန်းဝုန်းထနေသော ဖုန်လုံးများကြားတွင် ဆူဇီမိုက လောကကို အထက်စီးကနေ ကြည့်ရှုနေသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး အာခံဆန့်ကျင်၍ မရနိုင်ပေ။ သူသည် အပျက်အစီးပုံကိုဖြတ်၍ ဒီပင်္ကရာကျောင်းတော်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

ကျောင်းတော်တံခါး၏ တစ်ဘက်ခြမ်း ရှေ့တည့်တည့်တွင် ကြီးမားသော ကောင်းကင်ဘုံ ဘုရင့်နန်းတော်တစ်ခုရှိနေ၏။

ထိုအခိုက်အတန့်တွင် များစွာသောကိုယ်တော်များသည် ကောင်းကင်ဘုံဘုရင့်နန်းတော်ရှေ့မှာ မတ်တတ်ရပ်နေကြ၏။ သူတို့၏ကျင့်ကြံမှုအဆင့်က ကွဲပြားကြသော်လည်း အားအနည်းဆုံးမှာ မူလနတ္ထိအဆင့်ဖြစ်၏။ အဲ့ဒီမှာ ဓမ္မဝိသေသတာအိုအရှင်များစွာပါရှိပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ကျော်လည်း ရှိလေသည်။

သူတို့သည် မဟာရန်သူတော်တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား ထိုကိုယ်တော်များသည် သတိကြီးစွာထား၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေသော ဆူဇီမိုကို စိုက်ကြည့်နေကြ၏။

ရှေ့ကနေ ဦးဆောင်နေသော ပေါင်းစည်းခန္ဓာကိုယ်တော်သည် ဝဝဖိုင့်ဖိုင့်ဖြစ်သော်လည်း သူက ခံ့ညားသောအမူအရာတစ်ခုရှိနေ၏။ သူ၏ဘယ်ဘက်လက်မှာ စိန်ဆင်တောင်ဝှေးတစ်လက်၊ သူ၏ညာဘက်လက်မှာ ပုတီးကုံးတစ်ကုံးကို ဆုပ်ကိုင်ထားပြီး သူက ဆူဇီမိုကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေ၏။

“ဒကာအထီးကျန်သိုင်းသခင်... ခင်ဗျားက ဒီပင်္ကရာကျောင်းတော်ထဲကို ဘယ်လိုတောင်အတင်းဝင်ရောက်ပြီး ကျုပ်တို့ရဲ့ ကျောင်းတော်တံခါးကို ဖျက်ဆီးရဲတာလဲ”

ဝဝဖိုင့်ဖိုင့်ကိုယ်တော်၏လက်ထဲရှိ စိန်ဆင်တောင်ဝှေးသည် ကျယ်လောင်သောမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ကျသွားပြီး မိုးချိန်းသံကဲ့သို့ မြည်ဟည်းလာ၏။

တောင်ဝှေး၏အသံနှင့် ဝဝဖိုင့်ဖိုင့်ကိုယ်တော်၏ အော်သံ ပေါင်းစပ်လိုက်သောအခါ အင်မတန်စွမ်းအားကြီးမားသော အသံပိုင်းတိုက်ခိုက်မှုတစ်ရပ်ကို ထွက်ပေါ်လာစေ၏။

သို့သော်လည်း ဆူဇီမို၏အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။

ထိုအသံပိုင်းတိုက်ခိုက်မှုသည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာကို လုံးဝထိခိုက်စေနိုင်ခြင်း မရှိပေ။

လ​က်ရှိကျင့်ကြံရေးလောကတွင် ရှေးတော်ဝင်မိသားစု သုံးစုမှ ကျင့်ကြံသူအချို့သာလျှင် ဆူဇီမို၏ အစစ်အမှန်ခွန်အားကို သိရှိကြလေသည်။

“ခင်ဗျားက ဘယ်သူလဲ”

ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။

ကျုပ်က ဒီပင်္ကရာကျောင်းတော်ရဲ့ ကျောင်းထိုင်ဘုန်းကြီးပဲ.. ကျုပ်ရဲ့တာအိုဘွဲ့က ဟွေ့ရှန်ပဲ”

ဝဝဖိုင့်ဖိုင့်ကိုယ်တော်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

All Chapters