← Chapters

ရှင်းလင်းခြင်း

Vol. 95 Ch. 1418

ရှင်းလင်းခြင်း

Vol. 95 Ch. 1418

ကိုယ်တော်များအားလုံးသည် တုန်လှုပ်သွားကြ၏။

ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲသည် လောကတစ်ခွင် ပျံ့နှံ့သွားပြီး ဆူဇီမို၏ ဤအစစ်အမှန်ခန္ဓာသည် ဝှက်ဖဲများနှင့် ဓမ္မပညာရပ်များစွာကို ထုတ်ဖော်နိုင်ကြောင်း လူတိုင်းက သိရှိထားကြပြီဖြစ်၏။

သို့သော်လည်း သူ၏ကိုယ်ကာယနှင့် မျိုးဆက်သွေးကတော့ အတော်အတန်အားနည်းလေသည်။

သို့သော်လည်း ယခုထိုသူသည် သူ၏ဆူနာမီသွေးနှင့်အတူ ကိုယ်တော်များ၏ ဓမ္မပညာရပ်များနှင့် လက်နက်များကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

“ဥုံ... မာ... ဏီ... ပါ... မီ... ဟုန်...”

တာမင်းမန္တန်၏ ဂါထာခြောက်သံက ထွက်ပေါ်လာပြီး သက္ကတစကားသံများက နေရာတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။

မိစ္ဆာနှိမ်နင်းချိပ်စည်း ၊ အင်မော်တယ်ထောင်ချောက်ချိပ်စည်း ၊ သားရဲနှိမ်နင်းချိပ်စည်း ၊ မရွေ့လျားနိုင်သောအုတ်မြစ်ချိပ်စည်း ၊ မဟာမြင်းမိုရ်တောင်ချိပ်စည်းနှင့် မဟာဝရဇိန်လှည်းဘီးချိပ်စည်း... ဓမ္မချိပ်စည်း ၆ခုက ချက်ချင်းပင် ဆင်းသက်လာ၏။

ကိုယ်တော်များသည် လျှို့ဝှက်အတတ်များကို ဆင့်ခေါ်ပြီး နောက်တစ်ဖန်တိုက်ခိုက်လိုက်ကြ၏။ သို့သော်လည်း ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းလာပြီး အဆင့်-၇ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ရရှိထားခဲ့ပြီဖြစ်၏။ သူ၏အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုနည်းစနစ်များဖြင့် မီးဆေးထားပြီး သူ၏အမြုတေစိတ်ဝိညာဥ်က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ထက်ပင် ပို၍ သိပ်သည်းကျစ်လျစ်နေပြီဖြစ်၏။

အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများက သူ့စိတ်ဝိညာဥ်အသိစိတ်ထဲရှိ အတွေးတစ်ချက်နှင့်အတူ ထွက်ပေါ်လာ၏။

ယခုအချိန် သူထုတ်ဖော်လိုက်သော တာမင်းကျောင်းတော်၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကို မပြောနှင့် သာမန်အဆန်ဆုံး ဓမ္မပညာရပ်များကိုပင် ခုခံနိုင်ဖို့ ခဲယဥ်းလေသည်။

ဘန်း....ဘန်း.. ဘန်း...

တာမင်းဓမ္မချိပ်စည်း ခြောက်ခုနှင့် ထိပ်တိုက်ရင်ဆိုင်မိသော ကိုယ်တော်များသည် တစ်ယောက်ပြီးတစ်ယောက် ဖိနှိမ်ခံရကာ မြေပြင်ပေါ်သို့ လဲကျကုန်၏။

သူတို့၏မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါကာ လတ်ဆတ်သောသွေးများက သူတို့၏ ပါးစပ်ထဲကနေ စီးကျလာ၏။

ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် ရှေ့သို့ပြေးဝင်လာသည့်အခဏမှာပင် မဟာမြင်းမိုရ်တောင်ချိပ်စည်း၏ ဖိနှိမ်ခြင်းကိုခံလိုက်ရ၏။

ဖျတ်ခနဲဆို ဆူဇီမိုသည် ပေါင်းစည်းခန္ဓာကိုယ်တောင်တစ်ပါးရှေ့သို့ရောက်ရှိလာပြီး ထိုသူ၏ဦးခေါင်းကို သူ၏လက်ဖဝါးဖြင့် ပစ်ရိုက်ချလိုက်၏။

ထိုကိုယ်တော်သည် တာမင်းမန္တန်မှာ မူးဝေထုံထိုင်းနေပြီး တုံ့ပြန်မှုနွေးကွေးသွား၏။ သူက အချိန်မီမရှောင်တိမ်းနိုင်တော့ပဲ သူ၏လက်ကို ပင့်မြှောက်ကာ ခုခံလိုက်ရ၏။

ဂျွတ်...

ပေါင်းစည်းခန္ဓာကိုယ်တော်၏လက်နှစ်ဖက်က ဆူဇီမိုကြောင့် သွင်သွင်ကျိုးသွားပြီး လေထဲကနေ ပြုတ်ကျလာ၏။

ဆူဇီမိုက လှည့်ကြည့်ခြင်းမရှိဘဲ ရုတ်တရက် နောက်သို့ခုန်ဆုတ်ကာ နောက်ထပ်ကိုယ်တော်တစ်ပါး၏ လက်နှစ်ဖက်ကိုပစ်တိုက်၍ ထိုသူကိုလွင့်စင်ထွက်သွားစေ၏။

ယခုအချိန်တွင် ဆူဇီမိုက လူပုံသဏ္ဌာန် အဆင့်၇ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။

ကိုယ်တော်များ၏ တိုက်ခိုက်ဝန်းရံမှုအောက်တွင် သူသည် ရှေ့သို့ပြေးဝင်လာပြီး မည်သည့်ကိုယ်တော်ကမှ သူ့ကိုမခုခံနိုင်ပေ။

တိုက်ပွဲထွက်ပေါ်လာပြီး အသက်ဆယ်ရှိုက်စာမကြာခင်မှာပင် ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ကျော်သည် ရှုံးနိမ့်သွားကြပြီဖြစ်၏။

“မင်း... ဘယ်သူလဲ... မင်းက ငါတို့ကျောင်းတော်ထဲကို အတင်းဝင်ရောက်ပြီး ငါ့ရဲ့ကိုယ်တော်တွေကို ဘယ်လိုတောင် ထိခိုက်အောင်လုပ်ရဲတာလဲ”

ထိုစဥ်မှာပင် ဒီပင်္ကရာကျောင်းတော်၏ ခန်းမအနောက်ဘက်ကနေ ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက ခေါင်းလောင်းထိုးသံကဲ့သို့ ဖြစ်ပြီး အကန့်အသတ်မဲ့သော စွမ်းပကားတစ်ခုနှင့် အမျက်ဒေါသတစ်ခုပါဝင်နေ၏။

ဘုန်း...

ကြောက်စရာကောင်းသော အော်ရာတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

အဲ့ဒါသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ အော်ရာဖြစ်၏။

တစ်ခဏအတွင်းမှာပင် ကိုယ်တော်တစ်ပါးသည် ကောင်းကင်ဘုံဘုရင့်နန်းတော်၏ အထက်ကောင်းကင်မှာ ထွက်ပေါ်လာ၏။ သူက ဗလတောင့်တောင့်ဖြစ်ပြီး မိစ္ဆာနှိမ်နင်းတောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲထား၏။

ပြူးကျယ်နေသောမျက်လုံးများနှင့်အတူ သူက ​ဒေါသူပုန်ထနေသော ဗြဟ္မာတစ်ပါးနှင့်တူနေလေသည်။

“အကြီးအကဲ ဟွေ့ရှင်း”

ကိုယ်တော်များသည် ထိုဘုန်းကြီးကို မြင်သောအခါ သူတို့သည် စိတ်အားမာန်တက်ကြွသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။

ဗုဒ္ဓဝါဒကို ကျင့်ကြံထားသော ကိုယ်တော်များသည် များသောအားဖြင့် ကြည်လင်သန့်စင်သောစိတ်ရှိပြီး အမျက်ဒေါသနှင့် ကင်းကွာကြလေသည်။ သို့သော်လည်း ကိုယ်တော်ဟွေ့ရှင်းသည် ဗုဒ္ဓဝါဒကျင့်ကြံသူများကြားမှာ တစ်မူထူးခြားလေသည်။ သူ၏စိတ်နေစရိုက်သည် ပေါက်ကွဲလွယ်ပြီး ဗုဒ္ဓဝါဒကို ကျင့်ကြံထားသည်ဆိုလျှင်တောင် သူ၏အကျင့်စရိုက်က နှစ်ပေါင်းများစွာကြာအောင် ပြောင်းလဲမလာခဲ့ပေ။

သူသည် ဒီပင်္ကရာကျောင်းတော်အတွင်းမှာ အတော်ကိုခက်ထန်ပြီး စည်းကမ်းတင်းကျပ်မှုရှိလေသည်။

ကျောင်းတော်မှာရှိသည့် ​ကိုယ်တော်များအားလုံးက ​အကြီးအကဲဟွေ့ရှင်းကို အလွန်တရာကြောက်ရွံ့ကြလေသည်။

အကြီးအကဲဟွေ့ရှင်းသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ဖြစ်၏။

“ကျုပ်က အထီးကျန်သိုင်းသခင်ပဲ”

ဆူဇီမိုက ဟွေ့ရှင်းကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ကျုပ်က မိတ်ဆွေဟောင်းတစ်ယောက်​ဆီကို အလည်လာတာ... ဒါပေမဲ့ ဒီပင်္ကရာကျောင်းတော်က ကိုယ်တော်တွေက အရမ်းကို သိုသိုဝှက်ဝှက်နိုင်ပြီး ကျုပ်ကိုအတွေ့မခံကြဘူး ဖြစ်နေတယ်”

“အဲ့ဒါကြောင့် မင်းက ဂိုဏ်းထဲကို အတင်းဝင်ရောက်လာခဲ့တာလား”

အကြီးအကဲဟွေ့ရှင်းက သူ့ကိုစိုက်ကြည့်ပြီး အော်ပြောလိုက်၏။

“မင်းကျန် ဘယ်နေရာမှာရှိလဲ ကျုပ်သိချင်တယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ခင်ဗျားက အမှန်တိုင်းပြောပြမယ်ဆို ကျုပ်က ကျုပ်သဘောနဲ့ကျုပ် ဒီနေရာက ထွက်သွားပေးမယ်”

မင်းကျန်အကြောင်းပြောချိန်တွင် အကြီးအကဲဟွေ့ရှင်းက မျက်မှေင်ကြုတ်လိုက်၏။ သူက ဤကိစ္စနဲ့ပတ်သက်၍ တစ်စုံတစ်ရာသိရှိထားသည်မှာ သိသာလေသည်။

“တကယ့်ဟာသပဲ”

ရုတ်တရက် အကြီးအကဲဟွေ့ရှင်းက အော်ပြောလိုက်၏။

“မင်းက.. ဂိုဏ်းထဲကို အတင်းဝင်ရောက်လာပြီး ငါ့ရဲ့တပည့်ဂိုဏ်းသားတွေကို ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်... ဒါတောင် မင်းက မင်းသဘောနဲ့မင်း ပြန်ထွက်သွားဖို့ စဥ်းစားနေသေးတာလား”.

“အထီးကျန်သိုင်းသခင်... မင်းက အရမ်းကို မောက်မာလွန်းမနေဘူးလား... ငါကမင်းကို ဒီနေ့သင်ခန်းစာတစ်ခု ပေးရမယ်”

ထိုသို့သူပြောလိုက်သည့် အချိန်မှာပင် အကြီးအကဲဟွေ့ရှင်းသည် ကောင်းကင်ဘုံဘုရင့်နန်းတော်ထက်ကနေ ခုန်ဆင်းလာပြီး တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ စွမ်းပကားကို ထုတ်ဖော်လိုက်၏။ သူသည် မိစ္ဆာနှိမ်နင်းတောင်ဝှေးကို လက်နှစ်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ထင်ကနေ ဆင်းသက်လာကာ ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်၏။

ဆူဇီမိုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်တစ်ယောက်ကို အထင်မသေးရဲပေ။

အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာသည် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များကို ခုခံနိုင်လေသည်။ သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ ဓမ္မလက်နက်သည် နတ်ဘုရားစွမ်းအားတစ်စွန်းတစ်စနှင့် ပေါင်းစည်းထားပြီး အဲ့ဒါက သူ့အပေါ် ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ရှိနိုင်လေသည်။

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏နှာရောင်ကနေ အစိမ်းရောင်ကြာခုံတစ်ခုက ရုတ်တရက်ပျံသန်းထွက်ပေါ်လာ၏။ အဲ့ဒါက တဖျတ်ဖျတ်တလက်လက် အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး လောကရှိ အလှပဆုံး ရတနာတစ်ခုကဲ့သို့ ဖြစ်နေ၏။

ဖန်တီးခြင်းကြာခုံ...

“ဘုရားရေ... အဲ့ဒါက အဆင့်-၇ ဖန်တီးခြင်းကြာခုံပဲ”

အစိမ်းရောင်ကြာခုံကို တွေ့မြင်သောအခါ ကိုယ်တော်များသည် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြ၏။

ကိုယ်တော်အချို့သည် သူတို့၏မျက်လုံးထဲမှာ လောဘရမ္မက်ကိုပင် ထုတ်ဖော်ပြသလာကြ၏။

ဖန်တီးခြင်းကြာခုံသည် ဗုဒ္ဓကျောင်းတော်များ၏ လောကဆိုင်ရာအဆုံးစွန်ရတနာတစ်ခုဖြစ်၏။

အဲ့ဒါသည် ဖန်တီးခြင်းကြာခုံတစ်ခုသာဖြစ်သော်လည်း အဲ့ဒါသည် အဆင့်-၇ သို့ ရောက်ရှိနေပြီး အစားထိုးလို့မရနိုင်သည့် ရတနာတစ်ခုဖြစ်၏။ ဘယ်သူက အဲ့ဒါကို မလိုချင်ဘဲ နေပါ့မလဲ။

ဆူဇီမိုသည် ဖန်တီးခြင်းကြာခုံကို ကိုင်ဆွဲပြီး သူ၏သွေးချီကို တလိပ်လိပ်တက်လာစေ၏။ ချက်ချင်းပင် အဲ့ဒါက ပေါက်ကွဲထွက်ပေါ်လာပြီး အကြီးအကဲဟွေ့ရှင်း၏ မိစ္ဆာနှိမ်နင်းတောင်ဝှေးဆီသို့ ပစ်ရိုက်ချလိုက်လေသည်။

ဘုန်း...

ဖန်တီးခြင်းကြာခုံက မိစ္ဆနှိမ်နင်းတောင်ဝှေးနှင့် ကျယ်လောင်စွာထိတွေ့ရိုက်ခတ်သွား၏။

ကျိန်းစပ်နေသော အလင်းရောင်တစ်ခုက ဓမ္မလက်နက်နှစ်ခု ထိတွေ့ရိုက်ခတ်ခြင်းကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ အဲ့ဒါသည် အရောင်အသွေးစုံလင်၍ အဘက်ဘက်သို့ ဖြန့်ကြက်သွားပြီး ကောင်းကင်ဘုံဘုရင့်နန်းတော်ထက်ရှိ ကျောက်ပြားများကို ကွာကျလာစေ၏။

ဆူဇီမို၏ ပုံရိပ်က မြေပြင်ပေါ်သို့ ကျဆင်းလာပြီး နက်ရှိုင်းသော ခြေရာနှစ်ခုကို ထင်ကျန်ရစ်ခဲ့စေလေသည်။

အကြီးအကဲဟွေ့ရှင်းသည်လည်း အခြေအနေမကောင်းလှပဲ ကြောက်စရာကောင်းသောစွမ်းအားဖြင့် သူက လွင့်စင်ထွက်သွားလေသည်။ သူသည် လေထဲမှာ အပတ်ရေအနည်းငယ် ကျွမ်းပစ်ပြီးမှ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

“ကောင်းတယ်ကွာ”

အကြီးအကဲဟွေ့ရှင်း၏ မျက်လုံးထဲရှိ ဒေါသမီးက သိပ်သည်းစုဖွဲ့လာပြီး သူက အေးစက်စွာဖြင့် ပြောဆိုလိုက်၏။

“မင်းက ဂိုဏ်းထဲကို အတင်းဝင်ရောက်ပြီး ငါတို့ရဲ့ ကိုယ်တော်တွေကို တိုက်ခိုက်ရဲတာ အံဩစရာမရှိတော့ဘူး... မင်းမှာလည်း မင်းရဲ့အားကိုး ရှိနေတာကိုး... မင်းက ငါ့ရဲ့စွမ်းအားကိုတောင် ခုခံလိုက်နိုင်တယ်ဆိုတော့…”

“တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်လား... မင်းက ဘာမှဟုတ်မနေဘူး”

ဆူဇီမိုသည် မှင်သေသေအမူအရာတစ်ခုရှိပြီး သူ၏လက်ချောင်းကို ဝေ့ယမ်းလိုက်၏။ အဖြူရောင်ဓားချီတစ်ခုက သူ၏လက်ချောင်းထိပ်မှာ အလွန်တရာ ထက်ရှသောပုံစံဖြင့် ရစ်သိုင်းလာခဲ့၏။

ဤလောကတွင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများကို ဘာမှမဟုတ်ပါဘူးဟု ပြောဆိုရဲသောသူ များစွာမရှိပေ။

“တော်တော့်ကို မောက်မာနေတာပဲ... တကယ့်ကို မောက်မာနေတာပဲ”

အကြီးအကဲဟွေ့ရှင်းက ဒေါသချောင်းချောင်းထွက်သွားပြီး ဟိန်းဟောက်ပြောဆိုလိုက်၏။

“ဒီနေ့... ဒီပင်္ကရာကျောင်းတော်ရဲ့ လျှို့ဝှက်အတတ်ကို မင်းကို ငါပြပေးမယ်”

သူ၏လက်နှစ်ဖက်ကို အဆက်မပြတ်ဝေ့ယမ်းပြီး လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်လိုက်၏။

တုန်လှုပ်ချောက်ချားစရာကောင်းသော အော်ရာတစ်ခုသည် အကြီးအကဲဟွေ့ရှင်း၏ လက်နှစ်ဖက်ကနေ ဖြာထွက်လာ၏။

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

အဲ့ဒါက နတ်ဘုရားစွမ်းအားများ၏ စွမ်းအား ဖြစ်လေသည်။

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ဖြစ်လာသော မည်သူမဆို နတ်ဘုရားစွမ်းအားများ၏ အပေါ်ယံနှင့် ထိတွေ့လာနိုင်ပြီး နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စကို နားလည်ဆင်ခြင်လာနိုင်ကြ၏။

အဲ့ဒါက နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စဖြစ်လျှင်တောင် မည်သည့်ဓမ္မပညာရပ်ထက်မဆို ပိုမိုသန်မာလေသည်။

ရွှစ်...

အစိမ်းရောင်မီးအိမ်တစ်လုံးက အကြီးအကဲဟွေ့ရှင်း၏ လက်နှစ်ဖက်ကြားမှာ ပေါ်ထွက်လာ၏။ ၎င်းက တဖျတ်ဖျတ်လက်နေသော မီးတောက်မျှင်တစ်ခုနှင့်အတူ လောင်ကျွမ်းလာ၏။

ထိုမီးတောက်မျှင်သည် ကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။

“သွား...”

အကြီးအကဲဟွေ့ရှင်းသည် သူ၏ဘယ်ဘက်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ပြီး ရွှေရောင်အရောင်အဝါတစ်ခုဖြင့် တောက်ပနေသော ရွှေ​ရောင်သပိတ်တစ်လုံးကို ဆင့်ခေါ်ထုတ်လိုက်၏။

၎င်းက လေကိုဆန်၍ ပြန့်ကားသွားပြီး ဆူဇီမို၏ ဦးခေါင်းထက်သို့ လျင်မြန်စွာရောက်ရှိလာ၏။

ရွှေရောင်သပိတ်သည် လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါဖြင့် တောက်ပလာပြီး ဆူဇီမို၏အပေါ်ကနေ အုပ်မိုးလိုက်၏။

လျှို့ဝှက်ဆန်းကြယ်သောအလင်းသည် ဆူဇီမို၏ ပုံရိပ်ကို ကန့်သတ်ချုပ်နှောင်နိုင်သည့် အလွန်တရာ ထူးဆန်း၍ မြင့်မြတ်ထည်ဝါသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

၎င်းသည် ဆူဇီမိုကို နေရာမှာပင် မလှုပ်နိုင်အောင် ထိန်းထားနိုင်သည့်အလားပင်။

“ဟမ်...”

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်၍ ထိုစွမ်းအားကို ခြေဖျက်ရန် သူ၏မျိုးဆက်သွေးကို အသက်သွင်းဖို့လုပ်လိုက်၏။

“သွား”

အကြီးအကဲဟွေ့ရှင်းက ဟိန်းဟောက်၍ ဆူဇီမိုရှိရာဘက်သို့ လက်ညိုးညွှန်လိုက်၏။

အစိမ်းရောင်မီးအိမ်ပေါ်ရှိ မီးတောက်တစ်မျှင်သည် ချက်ချင်းပင် ဆင်းသက်လာခဲ့၏။

တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ နည်းလမ်းများက တကယ့်ကို အံ့မခန်းထူးခြားလေသည်။

အကြီးအကဲဟွေ့ရှင်းသည် ဆူဇီမို၏ ပုံရိပ်ကို သူ၏ဓမ္မလက်နက်ဖြင့် အရင်ဦးစွာ ထိန်းချုပ်ပြီးမှ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကနေ စုဖွဲ့ထားသော မီးတောက်မျှင်ကို ထုတ်ဖော်လိုက်လေသည်။

သူ၏တိုက်ခိုက်မှုက ရေကဲ့သို့ ချောမွေ့နေပြီး မည်သည့်ဟာကွက်မှမရှိပေ။ ဆူဇီမိုက ယခုအချိန်တွင် လုံးဝမရှောင်တိမ်းနိုင်တော့ပေ။

All Chapters