← Chapters

ထန်လင်းကျီ

Vol. 95 Ch. 1423

ထန်လင်းကျီ

Vol. 95 Ch. 1423

ကြယ်ခြောက်စင်းတောင်တွင်…

ဤနေရာသည် မျက်စိပသာဒသင့်ပြီး တောင်ပိုင်းဒေသမှာ အတော်လေး နာမည်ကြီးကျော်ကြားသော နေရာတစ်ခုဖြစ်၏။ အဲဒီမှာ တောင်ထွတ်ခြောက်ခု ရှိလေသည်။ သူတို့က ကောင်းကင်ဂေဟာ တောင်ထွတ်၊ ကောင်းကင်တံတား တောင်ထွတ်၊ ကောင်းကင်လျှို့ဝှက် တောင်ထွတ်၊ ကောင်းကင်သက်ဝင် တောင်ထွတ်၊ ကောင်းကင်ကောင်းချီးတောင်ထွတ်နှင့် ခုနှစ်ဆင့်သတ်ဖြတ်ခြင်း တောင်ထွတ်တို့ ဖြစ်ကြ၏။

တောင်ထွတ်ခြောက်ခုသည် မိုးကောင်းကင်ရှိ တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းကို ကိုယ်စားပြုပြီး ကြွယ်ဝသော စိတ်ဝိညာဉ်နှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးထား၏။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ တည်ထောင်သူ သခင်သည် ဤနေရာသို့ ရောက်ရှိလာပြီး ဤသုခဘုံကို ရှာဖွေတွေ့ရှိသောအခါ… သူက ဤနေရာမှာ သူ၏ဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ ထိုဂိုဏ်းသည် လျင်မြန်စွာ ကြီးထွားလာပြီး နာမည်ကြီးကျော်ကြားသော ကျင့်ကြံသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့၏။

သို့သော် ယခုအခါ.. ကြယ်ခြောက်စင်း တောင်ကုန်း၏ နေရာဒေသသည် သွေးများဖြင့် နီစွေးနေပြီး လူသားမျက်နှာနှင့် နွယ်ပင်များဖြင့် ပြည့်နှက်နေ၏။ သူတို့က သိပ်သည်းများပြား၍ မကောင်းဆိုးဝါးဆန်ပြီး ဤနေရာသည် ငရဲဘုံမှ မြင်ကွင်းတစ်ခုနှင့် ဆင်တူနေ၏။

သွေးနီရောင် နွယ်ပင်များသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း လျင်မြန်စွာ ရှည်လျားလာပြီး ကြယ်ခြောက်စင်း တောင်ကုန်းကနေ ကီလိုမီတာ ငါးဆယ်တစ်ဝိုက် ဧရိယာတစ်ခုကို သိမ်းပိုက်ထားခဲ့ပြီဖြစ်၏။

သွေးနီရောင် နွယ်ပင်များကနေ ကီလိုမီတာ ငါးဆယ်တစ်ဝိုက်မှာ မည်သည့် သက်ရှိမှ မရှိကြပေ။

ဤနေရာမှာ ရှိသည့် သစ်ပင်၊ဝါးပင်များကလည်း ညှိုးခြောက်နေကြ၏။

ဤနေရာသည် အရိုးစုများဖြင့် ပြည့်နှက်နေသော ကျတ်တီးမြေတစ်ခု ဖြစ်လာခဲ့၏။

အဲ့ဒါသည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော သွေးနွယ်ပင်မျိုးနွယ် ဖြစ်လေသည်။

သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ တစ်ခုတည်းသော သစ်ပင်မျိုးနွယ်တစ်ခု ဖြစ်၏။

ထို့ကြောင့်ပင်လျှင်.. သွေးနွယ်ပင်မျိုးနွယ်သည် သစ်ပင်မျိုးနွယ်များကြားမှာ လွှမ်းမိုးခြယ်လှယ်မှု အရှိဆုံး ဖြစ်နေ၏။

သွေးနွယ်ပင်တစ်ပင်သည် နေရာဒေသတစ်ခုမှာ ကြီးထွားလာသည်နှင့်အမျှ ထိုနေရာတွင် ရှိသော အခြားသော သစ်ပင်များ၏ အာဟာရဓာတ်သည် ကုန်စင်အောင် စုပ်ယူခံရမည် ဖြစ်၏။

ဒါ့အပြင်.. သွေးနွယ်ပင်မျိုးနွယ်က အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်တတ်လေသည်။

သွေးနွယ်ပင်မျိုးနွယ်၏ ပိုင်နက်နယ်မြေထဲသို့ ခြေချမိသော မည်သူမဆို.. သူတို့၏ အသွေးအသားများ ဝါးမျိုခံရပြီး အရိုးစုတစ်ခုသာလျှင် ကျန်ရစ်ခဲ့မည် ဖြစ်၏။

ကမ္ဘာဦးခေတ်တုန်းကပင်… အခြားသော ကမ္ဘာဦးမျိုးနွယ်များသည် သူတို့နေထိုင်ရာ နေရာသို့ သွေးနွယ်ပင်မျိုးနွယ်များကို ဝင်ရောက်ခွင့် မပေးကြပေ။

ခုနှစ်စင်းသတ်ဖြတ်ခြင်း တောင်ထွတ်တွင်…

သွေးနွယ်ပင်များဖြင့် ပြည့်နှက်နေသော နန်းတော်တစ်ခုထဲမှာ သွေးနီရောင်ဝတ် လူငယ်တစ်ယောက်သည် ထိုင်ခုံအမြင့်ပေါ်မှာ ထိုင်နေ၏။ သူက ဘယ်ဘက်လက်ထဲမှာ သွေးနီရောင် ဘူးတောင်းတစ်ခုကို ကိုင်ထားပြီး သူ၏အောက်ဘက်မှာ အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်ခု ရှိနေ၏။

ပလ္လင်၏ ဘေးပတ်လည်တွင် သွေးများဖြင့် စွန်းထင်းနေသော လူသားအရိုး ဦးခေါင်းခွံများကို ပတ်လည်စီထားလေသည်။

သူက ​သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေး ထန်လင်းကျီ ဖြစ်၏။

ထိုအခိုက်အတန့်တွင်.. ထိတ်လန့်တကြား အမူအရာများနှင့်အတူ ကျင့်ကြံသူ ၁၀ ယောက်ကျော်သည် ထန်လင်းကျီ၏ ရှေ့မှာ လွင့်မျောနေကြ၏။ သူတို့အားလုံးက ဖြူဖပ်ဖြူလျော် မျက်နှာများနှင့်အတူ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်နေကြ၏။

ထိုကျင့်ကြံသူများက ညစ်ပေရေနေသော်လည်း သူတို့၏ ဝတ်ရုံများသည် သူတို့က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူများဖြစ်သည်ဟု ဖော်ပြပေးနေ၏။

“ဟီးဟီးဟီးဟီး”

ထန်လင်းကျီက သူ့ရှေ့မှာ ရှိသော ကျင့်ကြံသူများကို ကြည့်ပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်မောကာ ညင်သာသော အသံဖြင့် ပြောလိုက်၏။

“မကြောက်ကြပါနဲ့.. နာနာခံခံနေကြစမ်းပါ”

သူသည် စကားပြောနေရင်း.. လက်မောင်းလုံးအရွယ်လောက်ရှိသည့် သွေးရောင်နွယ်ပင် ၁၀ခုကျော်သည် ထန်လင်းကျီ၏ ကျယ်ပြန့်သော သွေးနီရောင်ဝတ်ရုံကြားကနေ ဆန့်တန်းထွက်ပေါ်လာပြီး ကျင့်ကြံသူများကို ရစ်ပတ်လိုက်ကြ၏။

“အီး.. အစ်..”

ထိုကျင့်ကြံသူများ၏ မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး အစွမ်းကုန်ရှိသမျှဖြင့် လှုပ်ရှားရုန်းကန်နေကြ၏။ သို့သော်လည်း သူတို့သည် လှုပ်ရှားနိုင်ခြင်း သို့မဟုတ် စကားပြောနိုင်ခြင်း မရှိဘဲ မသဲမကွဲ အသံများကိုသာ ထွက်နိုင်လေသည်။

ကျင့်ကြံသူ ၁၀ယောက်ကျော်သည် တုတ်ခိုင်၍ မသတီစရာကောင်းသော သွေးနွယ်ပင်များ သူတို့ထံသို့ ချဉ်းကပ်လာသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရ၏။

ဤဖြစ်စဉ်က ကျင့်ကြံသူများအတွက် ကြီးမားသည့် ညှင်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လေသည်။

အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် အဲဒါကို ခံနိုင်ရည်မရှိဘဲ စိတ်ဓာတ်လဲပြိုသွားပြီး နေရာမှာပင် သတိလစ်သွား၏။

အခြားသော ကျင့်ကြံသူများသည်လည်း တုန်လှုပ်ချောက်ချားသွားပြီး ထန်လင်းကျီကို အသနားခံ တောင်းပန်စွာ ကြည့်လိုက်ကြ၏။

ထန်လင်းကျီသည် သူ့ရှေ့မှ စားစရာများ၏ ကြောက်ရွံ့မှုကို ခံစားရင်း အူမြူးအားရသော အမူအရာတစ်ခု ရှိနေ၏။

သူ၏ မျက်လုံးထဲမှာ ဤကျင့်ကြံသူများသည် သူ့အတွက် စားစရာတစ်ခုထက် မပိုကြပေ။

သူတို့က သူ၏ စားစရာများ ဖြစ်၏။

ကမ္ဘာဦးခေတ်တုန်းက လူသားမျိုးနွယ်သည် အားအနည်းဆုံးမျိုးနွယ် ဖြစ်ခဲ့ပြီး အခြားမျိုးနွယ်များ၏ အစာဖြစ်ခဲ့လေသည်။

စားစရာက ပို၍ ကြောက်လန့်ပြလေလေ.. သွေးနီရောင်ဝတ် လူငယ်က ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။

သွေးနွယ်ပင်မျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်ပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း ဤနှစ်များအတွင်း အပယ်ခံဘဝနှင့်သာ နေထိုင်ခဲ့ကြရ၏။ ထန်လင်းကျီက အဲဒါနှင့် ပတ်သက်ပြီး အလွန်တရာ ငြီးငွေ့နေခဲ့ပြီဖြစ်၏။

ကံကောင်းထောက်မစွာဖြင့်.. လူသားမျိုးနွယ်၏ ကံကြမ္မာက ကုန်ခန်းသွားပြီး ကမ္ဘာဦးမျိုးနွယ်၏ ခေတ်ကို ပြန်လည်ရောက်ရှိလာပေတော့မည်။

“မင်းတို့က ထိတ်လန့်နေကြတာလား.. ဒါမှမဟုတ် မင်းတို့က ကြောက်ရွံ့နေကြတာလား”

ထန်လင်းကျီသည် ညင်သာစွာ ပြုံးလိုက်၏။

“ဒါပေမဲ့လို့.. ငါကတော့ မင်းတို့တွေကို စားရဦးမှာပဲ”

ထိုသို့ပြောရင်း… သွေးနီရောင်နွယ်ပင်များ၏ ထိပ်ဖျားရှိ ခပ်ဝိုင်းဝိုင်း လူမျက်နှာများသည် ရုတ်တရက် သူတို့၏ ပါးစပ်ကို ဖွင့်ဟပြီး ထက်ရှသော သွားစွယ်များနှင့် ညှီစို့စို့ သွေးရနံ့များကို ထုတ်ဖော်လိုက်၏။

ဖောက်…

သွေးနွယ်ပင်တစ်ပင်က ရုတ်တရက် ခုန်တက်လာပြီး ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းကို ကိုက်ဝါးချလိုက်၏။ နွယ်ပင်က တွန့်လိမ်သွားပြီး အဲဒါကို နည်းနည်းချင်း ဝါးမျိုနေ၏။

ကျန်ရှိနေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြ၏။

ကျင့်ကြံသူတစ်ယောက်၏ အသက်ဓာတ်က လျင်မြန်စွာ ကုန်ခမ်းသွားပြီး သူ၏ အကြည့်က မှေးမှိန်ကျသွား၏။

ထိုသူက သေသည့်တိုင်အောင် ကြောက်လန့်သွားခြင်း ဖြစ်၏။

“အာ…”

ထန်လင်းကျီက သက်ပြင်းချလိုက်၏။

“ငါ မင်းကို အရင်စားမှ ဖြစ်မယ်.. မင်းတို့က သေသွားတာနဲ့ မင်းတို့ရဲ့ အသားတွေက ထပ်ပြီး လတ်ဆတ်တော့မှာ မဟုတ်ဘူး”

ဖောက်…

သွေးနွယ်ပင်တစ်ပင်သည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ထိုကျင့်ကြံသူကို ဝါးမျိုလိုက်၏။

ခဏနေပြီးနောက်.. အရင်ဆုံး ဝါးမျိုခဲ့သည့် သွေးနွယ်ပင်သည် သူ၏ပါးစပ်ကို တစ်ဖန်ဖွင့်ဟပြီး လတ်ဆတ်သော သွေးများ စွန်းထင်းနေသည့် အရိုးပိုင်းများကို ထွေးထုတ်လိုက်၏။

ကျန်ရှိနေသော ကျင့်ကြံသူများက သွေးပျက်ချောက်ချားသွားကြလေသည်။

သူတို့သည် အရှင်လတ်လတ် အစားခံရခြင်း၏ ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့သည်ကို သိရှိလိုက်ကြ၏။

သိပ်မကြာခင်.. ကျင့်ကြံသူ ၁၀ယောက်ကျော်က သွေးနီရောင်ဝတ် လူငယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ထန်လင်းကျီသည် သက်ပြင်းရှည်တစ်ချက်ချပြီး ကျေနပ်အားရသော အမူအရာနှင့်အတူ သူ၏ မသတီစရာ နီရဲနေသော လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်၏။ သူ၏ လက်ဖဝါးထဲရှိ သွေးနီရောင် ဘူးတောင်းက ပို၍ပင် မြူးကြွလာပြီး မကောင်းဆိုးဝါးဆန်လာ၏။

“သခင်လေးကို အစီရင်ခံ တင်ပြပါရစေ”

ထိုစဉ်မှာပင်.. နန်းတော်၏ ဘေးရှိ သွေးနွယ်ပင် ကလန်သားတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကြယ်ခြောက်စင်းတောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ စားစရာတွေ သိပ်မရှိတော့ဘူး… အဲဒါက ကျုပ်တို့အတွက် နောက်ထပ် တစ်နှစ်လောက်ပဲ ထောက်ပံ့ပေးနိုင်တော့မယ်”

“ကြည့်ရတာတော့.. ငါက အပြင်ကို ထွက်ပြီး စားစရာတချို့ သွားရှာရဦးမယ်နဲ့ တူတယ်”

ထန်လင်းကျီက သူ၏လည်ပင်းကို လှုပ်ခါလိုက်၏။

“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက အဲဒီ စားစရာ တစ်သိန်းကျော်က တကယ့်ကို သုံးစားမရဘူးပဲ.. ဆယ်နှစ်လောက်ပဲ ရှိသေးတယ်.. သူတို့က ကုန်တော့မယ်”

ထိုသို့ သူပြောရင်း.. သူသည် တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသည့်အလား.. သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။

“တကယ်တော့.. တောင်ပိုင်းဒေသမှာ လုံလောက်တဲ့ အစားအစာကို ထောက်ပံ့ပေးနိုင်တဲ့ ကျောင်းတော်တစ်ခု ရှိတယ်.. နောက်ပြီး အဲ့မှာရှိတဲ့ စားစရာတွေက အရည်အသွေးကောင်းတွေချည်းပဲ”

ထန်လင်းကျီက သူ၏မျက်လုံးကို မှေးကျဉ်းပြီး ပြောလိုက်လေသည်။

“သခင်လေး.. ခင်ဗျားက ဒီပင်္ကရာကျောင်းတော်ကို ပြောနေတာလား”

သွေးနွယ်ပင် ကလန်သားက မေးလိုက်လေသည်။

“အင်း.. ဟုတ်တယ်”

ထန်လင်းကျီက ခေါင်းညိတ်ပြလိုက်၏။

“ဒီပင်္ကရာကျောင်းတော်က လူသားကျင့်ကြံရေးလောကရဲ့ ဗုဒ္ဓကျောင်းတော် ၆ကျောင်းထဲက တစ်ကျောင်းပဲ… ကျုပ်တို့ရဲ့ လက်ရှိခွန်အားနဲ့ဆို သူတို့ကို ကိုင်တွယ်ဖို့က မလွယ်လောက်သေးဘူး”

သွေးနွယ်ပင် ကလန်သားက ဝေဖန်ဆန်းစစ်ပြလိုက်၏။

ထန်လင်းကျီက ရယ်မောလိုက်လေသည်။

“ငါတို့က ဒီပင်္ကရာကျောင်းတော်ကို တိုက်ခိုက်မယ်ဆိုရင်.. သေချာပေါက် ငါ့အဖေကို ဖိတ်ခေါ်ရမှာပေါ့”

“အာ.. ကလန်ခေါင်းဆောင်သာ ရောက်လာမယ်ဆိုရင်တော့ ဘာမှ သံသယရှိစရာ မလိုတော့ဘူး”

သွေးနွယ်ပင် ကလန်သားက ခေါင်းညိတ်ပြလိုက်၏။

ထန်လင်းကျီက ပြုံးလိုက်လေသည်။

“တကယ်တော့… ဒီပင်္ကရာကျောင်းတော်က အပေါ်ယံလောက်ပဲ သန်မာတော့တာ.. သူတို့ရဲ့ မည်ကာမတ္တ တပည့်က ငါ့လက်ထဲကို ရောက်နေတာ ဆယ်နှစ်ကြာသွားခဲ့ပြီ.. ဒါတောင် ဘယ်သူကမှ ရောက်မလာရဲဘူး”

“ငါထင်တာတော့ ဒီဘက်မျိုးဆက်မှာ ဒီပင်္ကရာကျောင်းတော်က ဧကရာဇ်တစ်ပါးမှ မွေးမထုတ်ပေးနိုင်ခဲ့ဘူးနဲ့ တူတယ်”

“သခင်လေး.. ခင်ဗျားက ဉာဏ်ရှိပါပေတယ်”

သွေးနွယ်ပင် ကလန်သားက အလောတကြီး မြှောက်ပင့်ပြောဆို၍ မေးလိုက်လေသည်။

“သခင်လေး.. ခင်ဗျားက ကလန်ခေါင်းဆောင်နဲ့အတူ ဒီပင်္ကရာကျောင်းတော်ကို ဘယ်အချိန် တိုက်ခိုက်မှာလဲ”

“မလောပါနဲ့”

ထန်လင်းကျီက မှင်သေသေဖြင့် ပြောလိုက်၏။

“ငါက အာသောက သစ်သားရဲ့ စွမ်းအားတွေ အကုန်လုံးကို စုပ်ယူပြီးတာနဲ့.. ငါက တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက် ဖြစ်လာလိမ့်မယ်… ဒါမှမဟုတ် ဘိုးဘေးအဆင့်ကို တက်လှမ်းသွားတာတောင် ဖြစ်နိုင်သေးတယ်.. အဲဒီအချိန်ကျရင် ငါ့အဖေ မပါဘဲနဲ့တောင် ငါက ဒီပင်္ကရာကျောင်းတော်ကို ချေမှုန်းဖျက်ဆီးနိုင်တယ်”

“ဒီပင်္ကရာကျောင်းတော်ကို ဖျက်ဆီးပြီးသွားရင် ရှေးတော်ဝင်မိသားစုသုံးစုရဲ့ အလှည့်ပေါ့.. အဲဒီအချိန်ကျရင် တောင်ပိုင်းဒေသတစ်ခုလုံးက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်လာလိမ့်မယ်”

သွေးနွယ်ပင် ကလန်သားကလည်း စိတ်လှုပ်ရှား တက်ကြွနေပြီး ဆက်ပြောလိုက်၏။

“အင်း”

ထန်လင်းကျီက ဆက်ပြောလိုက်၏။

“အဲဒါက နောက်မှပါ.. လောလောဆယ် အဲဒါကို ခဏထားလိုက်ဦး.. ဒါနဲ့ အထီးကျန်သိုင်းသခင်ရဲ့ သတင်း ရသေးလား.. ငါကြားတာတော့ ဒီမှာ ရောက်နေတဲ့ တစ်ယောက်က ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာတဲ့.. ငါက သူ့ကို ဖမ်းဆီးနိုင်မယ်ဆိုရင် သူက ငါ့အတွက် အကောင်းဆုံး အားတိုးဆေးတစ်ခု ဖြစ်လာလိမ့်မယ်”

“အခုထိတော့ မရသေးပါဘူး”

သွေးနွယ်ပင် ကလန်သားက ပြန်ဖြေလိုက်၏။

“သတင်းတစ်ခုခု ရှိလာမယ်ဆိုရင်.. ကျုပ် ချက်ချင်းပဲ သေချာပေါက် တင်ပြပါ့မယ်”

“အင်း”

ထန်လင်းကျီက သတိပေးလိုက်၏။

“တခြား ကမ္ဘာဦးမျိုးနွယ်တွေကလည်း သူ့အပေါ်မှာ သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ထုတ်ပြန်ထားကြတယ်.. သူ့ကို မျက်စိဒေါက်ထောက် ကြည့်ထား.. အထီးကျန်သိုင်းသခင် ပေါ်လာတာနဲ့ ငါတို့က နတ်ဘုရားမျိုးနွယ်နဲ့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ထက် သူ့ကို အရင်ရအောင် ဖမ်းရမယ်”

“ငါက အထီးကျန်သိုင်းသခင်ရဲ့ အသားကို အရင်ဆုံး စားနိုင်တဲ့သူ သေချာပေါက် ဖြစ်ရမယ်”

All Chapters