ကြယ်ခြောက်စင်းတောင်မှာ အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ခြင်း
Vol. 95 Ch. 1424
ဒီပင်္ကရာကျောင်းတော်ကနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုသည် ဆယ်ရက်မကြာခင်မှာပင် ကြယ်ခြောက်စင်းတောင်အနီးသို့ ရောက်ရှိလာခဲ့၏။
အဝေးကကြည့်လျှင်ပင် ကြယ်ခြောက်စင်းတောင်က သွေးနီရောင်ပေါက်နေ၏။
ကြောက်စရာကောင်းသော နွယ်ပင်များသည် တောင်ကုန်းများနှင့် မြေပြင်ပေါ်မှာ ပြွတ်သိပ်စွာ တွားသွားနေကြ၏။ နွယ်ပင်များပေါ်ရှိ သွေးနီရောင်ဘူးတောင်းများသည် ကြီးထွားလာပြီး လေနှင့်အတူယိမ်းနွဲ့ကာ နတ်ဆိုးဆန်ဆန်သွေးရောင်အလင်းနှင့်အတူ တလက်လက်တောက်ပနေ၏။
ဆူဇီမို၏အမူအရာက အေးစက်လာ၏။ သူသည် သူ၏ခြေလှမ်းကို ဖုံးကွယ်ခြင်းမရှိပဲ လေထဲကနေပျံသန်းကာ ကြယ်ခြောက်စင်းတောင်ဆီသို့ အပြေးနှင်လိုက်၏။
သူသည် ယခုအခါ ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေပြီး သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပကတိအသွင်ပြောင်းလဲခြင်းတစ်ခုကို တွေ့ကြုံဖြတ်ကျော်ထား၏။ မျိုးနွယ်စုခေါင်းဆောင်များကလွဲလျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ့ကိုဖိနှိမ်နိုင်သောသူ များများစားစား မရှိတော့ပေ။
သူ့အနေဖြင့် သူ၏ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲဖို့နှင့် သူ၏သရုပ်သကန်ကို ဖုံးကွယ်ဖို့ မလိုအပ်ပေ။
သူက အထီးကျန်သိုင်းသခင်ဖြစ်၏။ သူသည် ယနေ့ ကြယ်ခြောက်စင်းတောင်သို့ ဝင်ရောက်လာရသည့် အကြောင်းအရင်းမှာ သူသည် သွေးနွယ်ပင်မျိုးနွယ်နှင့် စာရင်းရှင်းချင်သောကြောင့်ဖြစ်၏။
ဆူဇီမိုသည် ကြယ်ခြောက်စင်းတောင်၏ အပြင်ဘက်အစပ်သို့ ရောက်ရှိလာသည့်အချိန်မှာပင် သွေးနွယ်ပင်များက သူ့၏ခန္ဓာကိုယ်ထဲရှိ သွေးချီကို အာရုံခံမိသွားပြီး သူ့ဆီသို့ စတင်၍ တလိပ်လိပ်တက်လာကြ၏။
“ကောင်းမှန်းဆိုးမှန်း နားမလည်ပဲ... ဒီနေရာကိုအရင်စပြီးလာရဲတဲ့ ကျင့်ကြံသူတစ်ယောက်က တကယ်ရှိနေတာပဲ”
“ဟီးဟီး.. ဘယ်လောက်တောင်သန်မာလိုက်တဲ့ သွေးချီလဲ.. ငါက သူ့ကိုဝါးမျိုပြီးသွားရင် လူသားသွင်ပြင်ကိုတောင် ပြောင်းလဲနိုင်လိမ့်မယ်”
သွေးနွယ်ပင်အချို့က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ကြ၏။
ကြယ်ခြောက်စင်းတောင်၏ အပြင်ဘက်အစပ်ရှိ သွေးနွယ်ပင်များသည် ကျင့်ကြံမှုအဆင့်နိမ့်ပြီး လူသားသွင်ပြင်သို့ပင် ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ ထိုသို့ဖြင့် သူတို့သည် ဆူဇီမို၏ အစစ်အမှန်ခွန်အားကို မြင်နိုင်ခြင်း မရှိကြပေ။
တစ်ခဏအတွင်းမှာပင် သွေးနွယ်ပင်ရာပေါင်းများစွာသည် အရူးများပမာ ဆူဇီမိုထံသို့ တလိပ်လိပ်တိုးဝင်လာကြပြီး သူ၏ အသွေးနှင့်အသားကို စားသုံးချင်ကြလေသည်။
ဆူဇီမိုသည် ထိုသွေးနွယ်ပင်များကို လှည့်ပင်မကြည့်ပဲ သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကိုလှုပ်ရှားပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။
ရွှစ်...
ရုတ်တရက် အရောင်မတူသောမီးလုံးသုံးလုံးက ဆူဇီမို၏ဘေးမှာ ပေါ်ထွက်လာ၏။
သွေးနီရောင် အင်မော်တယ်တာအိုမီး...
ရွှေရောင် ဗုဒ္ဓတာအိုမီး...
အနက်ရောင် မိစ္ဆာတာအိုမီး...
အဲ့ဒါသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်မှ ဓမ္မပညာရပ်ဖြစ်သော သွေးနီရောင်မီးတောက်နွယ်လိမ်မီးအိမ်ဖြစ်လေသည်။ တာအိုမီးသုံးခုသည် ဆူဇီမိုကို ဝန်းရံပြီး ဖြည်းဖြည်းချင်းလည်ပတ်ကာ မီးတောက်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သွေးနွယ်ပင်များသည် ရှေ့သို့ပြေးတက်လာပြီး သူတို့၏ သွေးသံရဲရဲ ပါးစပ်များကို ဟဖြဲလိုက်သည့်အချိန်မှာပင် သူတို့သည် သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်နှင့် ထိတွေ့ရိုက်ခတ်သွားကြ၏။
ယခုအချိန်တွင် ဆူဇီမိုက ပေါင်းစည်းခန္ဓာအဆင့်ကို ရောက်ရှိနေပြီဖြစ်၏။ သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်၏ စွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် မခံယူရဲသော တစ်စုံတစ်ရာဖြစ်၏။
သွေးနွယ်ပင်မျိုးနွယ်က နောက်ဆုံးမှာတော့ သစ်ပင်အမျိုးအစားတစ်ခုသာဖြစ်၏။
သူတို့သည် အခြားသောသစ်ပင်များကြားမှာ စိုးမိုးနိုင်သော်လည်း သူတို့သည် အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။
သစ်ပင်များက မီးကိုမကြောက်ဆုံးဖြစ်လေသည်။
ဆူဇီမိုကတော့ သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံထားလေသည်။ မီးတောက်များအပေါ် သူ၏ကျွမ်းကျင်ပိုင်နိုင်မှုသည် အလွန်တရာသန်မာနေပြီး သူဆင့်ခေါ်ထားသော တာအိုမီးသုံးခုသည် ပို၍ပင်ကြောက်စရာကောင်းနေ၏။
သွေးနွယ်ပင်များသည် ထိုမီးတောက်နှင့် ထိတွေ့မိပြီးနောက် ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။
ကျွိ... ကျွိ...
နွယ်ပင်များသည် ပြာအဖြစ်ပြောင်းလဲသွားသောအခါ သူတို့၏အစစ်အမှန်ခန္ဓာကိုယ်များမှ စူးစူးရှရှအော်သံများ ထွက်ပေါ်လာ၏။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အခြားသောနွယ်ပင်များသည် နောက်ပြန်လှည့်၍ မီးတောက်များကိုရှောင်ရှားချင်၏။
သို့သော်လည်း တာအိုမီးသုံးခုသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး ဤအဆင့်နိမ့် သွေးနွယ်ပင်များ ခုခံနိုင်သောတစ်စုံတစ်ရာမဟုတ်ပေ။
သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ဆင်းသက်လာသော မည်သည့်မီးပွားတစ်ခုမဆို မီးတောက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ ဖြန့်ကြက်သွားလေသည်။
မျက်တစ်မှိတ်မှာပင် သွေးနွယ်ပင်တစ်ပင်က လောင်ကျွမ်းပြာကျသွား၏။
ဆူဇီမို၏အမူအရာက အေးစက်နေပြီး လုံးဝရပ်တန့်ခြင်းမရှိပဲ ကြယ်ခြောက်စင်းတောင်ဆီသို့ လျှောက်လှမ်းလာ၏။ တာအိုမီးသုံးခုခြံရံ၍ သူကရှေ့သို့ တက်လှမ်းလာ၏။
သူသွားလေရာနေရာတိုင်း မီးတောက်များက ကောင်ကင်ထက်သို့ တလိပ်လိပ်တက်သွားပြီး မရေမတွက်နိုင်သော သွေးနွယ်ပင်များသည် မီးတောက်ပင်လယ်ကြားမှာ သေကြေပျက်စီးကုန်၏။
တကယ်တော့... ထိုသွေးနွယ်ပင်များ၏ ကျင့်ကြံမှုအဆင့်သည် မမြင့်မားလှပဲ သူတို့သည် လူသားသွင်ပြင်သို့ပင် ပြောင်းလဲနိုင်ခြင်း မရှိပေ။
မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်ပြီး သူတို့ကိုလောင်ကျွမ်းပြာချပစ်နေသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေရ၏။
“အဲ့ဒါဘယ်သူလဲ... မင်းက သွေးနွယ်ပင်မျိုးနွယ်ရဲ့ပိုင်နက်ထဲကို ဘယ်လိုတောင်ကျူးကျော်လာရဲတာလဲ”
သွေးနွယ်ပင်မျိုးနွယ်မှ ပညာရှင်တစ်ယောက်သည် လူသားသွင်ပြင်နှင့် ပေါ်ထွက်လာပြီး လေထဲမှာ မတ်တတ်ရပ်လိုက်၏။ သူက မလှမ်းမကမ်းတွင်ရှိသော မီးတောက်များကိုကြည့်ပြီး ဒေါသထွက်နေသော အမူအရာနှင့်အတူ ကျယ်လောင်စွာအော်ပြောလိုက်၏။
ထိုသွေးနွယ်ပင်မျိုးနွယ်သည် လူသားသွင်ပြင်သို့ ပြောင်းလဲနိုင်သော်လည်း သူ၏ကျင့်ကြံမှုအဆင့်သည် ဓမ္မဝိသေသအဆင့်မှာသာရှိသေး၏။
“သွေးနွယ်ပင်မျိုးနွယ်ရဲ့ ပိုင်နက်တဲ့လား.. ဟမ့်”
ဆူဇီမိုကလှောင်ရယ်၍ သူ့ကိုလှည့်ပင်မကြည့်ပဲ သူ၏လက်ချောင်းကို သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်၏။
ဇီ...
ဓားချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
အဖြူရောင်အလင်းတန်းတစ်ခုသည် လေထုကိုဆုတ်ဖြဲ၍ သွေးနွယ်ပင်တာအိုအရှင်၏ နှာရောင်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။
ထိုသူ၏ မျက်လုံးက မယုံနိုင်မှုဖြင့်ပြူးကျယ်သွား၏။
ဓားချီသည် အလွန်တရာမြန်ဆန်ပြီး သူ့မှာရှောင်တိမ်းဖို့အချိန်ပင် မရှိလိုက်ပေ။
ခုတ်ချက်တစ်ချက်...
၎င်းသည် သူ၏အသိစိတ်ကို ထိုးဖောက်ပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ကြေမွသွားစေ၏။
သွေးနွယ်ပင်တာအိုအရှင်၏ အလောင်းက လေထဲကနေ ပြုတ်ကျလာခဲ့၏။
ရွှစ်... ရွှစ်... ရွှစ်...
ထိုသည်ကိုမြင်သောအခါ ရှေ့သို့တက်လှမ်းလာချင်သော သွေးနွယ်ပင်များသည် တုန်လှုပ်သွားပြီး တောင်ထွတ်ခြောက်ခုဆီသို့ ပြန်ပြေးကုန်ကြလေသည်။
“မကောင်းတော့ဘူး... ရန်သူတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီ”
များစွာသော သွေးနွယ်ပင်များက ပြန်ပြေးသွားရင်း အော်ဟစ်သွားကြ၏။
ဆူဇီမိုသည် အလွန်တရာမြန်ဆန်စွာဖြင့် ရှေ့သို့တက်လှမ်းလာပြီး သိပ်မကြာခင် တောင်ထွတ်ခြောက်ခုရှေ့သို့ ရောက်ရှိသွား၏။
ရုတ်တရက်...
သူ၏အမူအရာက ပြောင်းလဲသွားပြီး တစ်စုံတစ်ရာကို ခံစားမိသွားကာ လှမ်းမျှော်ကြည့်ရှုလိုက်၏။
မလှမ်းမကမ်းတောင်ခြေတွင် ကြီးမားသည့် နေရာလွတ်တစ်ခုရှိနေပြီး ထိုနေရာကို သွေးနွယ်ပင်များက ခြံစည်းရိုးတစ်ခုကဲ့သို့ ဝိုင်းပတ်ထားလေသည်။ များစွာသောကျင့်ကြံသူများသည် အထဲမှာစုစည်းနေကြပြီး သူတို့က လူပေါင်းတစ်သောင်းကျော်လေသည်။
အဲ့ဒါထက် ထိုကျင့်ကြံသူများကို လူသားများဟုပင် ဆက်လက်၍ မသတ်မှတ်နိုင်တော့ပေ။
ထိုကျင့်ကြံသူများ တွေ့ကြုံခဲ့ရသည့်အရာကို သူမသိရှိသော်လည်း သူတို့သည် လူလား တစ္ဆေလား မခွဲခြားနိုင်လောက်အောင်ပင် ညှင်းပန်းနှိပ်စက်ခံထားရလေသည်။
ကျင့်ကြံသူတိုင်း၏ အဝတ်အစားများသည် စုတ်ပြတ်သတ်နေပြီး တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ ဝတ်ရုံများဖြစ်သည်ကို ယိုးတိုးရိပ်တိတ်သာ ပုံဖမ်းနိုင်တော့လေသည်။ ထိုကျင့်ကြံသူများ၏ မျက်နှာများက စိတ်ပျက်အားငယ်သော အမူအရာများနှင့်အတူ ညှိုးနွမ်း၍အဝါရောင်သန်းနေ၏။ သူတို့တစ်ယောက်ချင်းစီ၏ လည်ပင်းတွင် သံကွင်းတစ်ကွင်းစီ စွပ်ထားပြီး ထိုသံကွင်းများကို ဧရာမချိန်းကြိုးတစ်ခုကဲ့သို့ ချိတ်ဆက်ထားကာ ချိန်းကြိုး၏ အခြားတစ်ဘက်ကို သွေးနွယ်ပင်ခြံစည်းရိုးမှာ ချည်နှောင်ထားလေသည်။
သူတို့အားလုံးက ဟာလာဟင်းလင်းဖြစ်နေသောအကြည့်များနှင့် ထုံထိုင်းထိုင်းအမူအရာများရှိနေကြ၏။
သူတို့သည် ခြံစည်းရိုးအဟမှတစ်ဆင့် လေထဲရှိဆူဇီမိုကို တွေ့မြင်လျှင်တောင် သူတို့၏ အမူအရာများက ပြောင်းလဲသွားခြင်းမရှိဘဲ သူတို့၏မျက်လုံးများက အသက်မဲ့နေ၏။
“ဒါက...”
ဆူဇီမို၏မျက်လုံးနှစ်ဖက်သည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး သူ၏စိတ်ထဲသို့ ဖြစ်နိုင်ခြေတစ်ခုဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွား၏။
“သွေးနွယ်ပင်မျိုးနွယ်က လူသားကျင့်ကြံသူတွေကို တိရိစ္ဆာန်တွေလို မွေးထားတာလား”
ဆူဇီမိုသည် ဒေါသထွက်သွားပြီး သူ၏မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။
သူ၏မျက်လုံးများက ဒေါသမီးဖြင့် ဝင်းဝင်းတောက်လာ၏။
ကမ္ဘာဦးခေတ်တုန်းက လူသားများ၏ ဆိုးဝါးလှသည့်ကံကြမ္မာနှင့် ပတ်သက်၍ သူသည် ရှေးဟောင်းကျမ်းစာအုပ်အချို့ထံမှ သို့မဟုတ် အခြားသူများထံမှ ကြားဖူးထားလေသည်။
ထိုစဥ်တုန်းက လူသားများ၏ အသက်က တန်ဖိုးမဲ့ပြီး မျိုးနွယ်စုတစ်သောင်း၏ ကျွန်ပြုခြင်းခံခဲ့ရ၏။ တကယ်ဆို သူတို့သည် အခြားမျိုးနွယ်များ၏ အစာအဖြစ်တောင် သတ်မှတ်ခြင်းခံခဲ့ရ၏။
ထိုအကြောင်းများကိုကြားခဲ့စဥ်က ဆူဇီမိုသည် စိတ်ထိခိုက်ခံစားခဲ့ရလေသည်။
သို့သော် ယခုအခါ သူသည်အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး ကမ္ဘာဦးခေတ်က လူသားများ တွေ့ကြုံခဲ့ရသည့် စိတ်ပျက်အားငယ်မှုကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရလေသည်။
အဲ့ဒါသည် လုံးဝဥသုန် ကူကယ်ရာမဲ့ခြင်းနှင့် မျှော်လင့်ချက်ပျက်သုန်းသွားခြင်း၏ အလွန်တရာဆိုးဝါးလှသော ခံစားချက်ဖြစ်၏။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခြံစည်းရိုးအပြင်ဘက်သို့ လှစ်ခနဲရောက်ရှိလာ၏။
သူ၏လက်ချောင်းထိပ်မှ မီးပွားတစ်ခုထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို လောင်ကျွမ်းပြာချပစ်လိုက်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကျင့်ကြံသူများသည် ဆူဇီမိုကို တွေ့မြင်သောအခါ သူတို့အားလုံးသည် စိုးရွံ့ထိတ်လန့်သောအမူအရာများရှိနေပြီး အကြောက်လွန်နေသော ကြက်ကလေးများကဲ့သို့ ကွေးညွှတ်နေကြ၏။
ဆူဇီမို၏လက်ချောင်းထိပ်မှ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး အဆုံးမဲ့သောထက်ရှမှုနှင့်အတူ လူအုပ်ကြီးကိုဖြတ်သန်းသွား၏။
ချွမ်း... ချွမ်း... ချွမ်း..
ထိုဓားချီဖြတ်သွားရာနေရာတိုင်း မီးပွားများလွင့်စင်၍ သတ္တုချင်းထိခတ်သံများ ထွက်ပေါ်လာ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ကျင့်ကြံသူများကို တုပ်နှောင်ထားသည့် ချိန်းကြိုးများသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ဖြတ်တောက်ခြင်းခံလိုက်ရ၏။
သို့သော်လည်း ဘေးပတ်လည်ရှိခြံစည်းရိုးများ ပျက်စီးသွားပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိချိန်းကြိုးများ ကျိုးပျက်သွားလျှင်တောင် ထိုကျင့်ကြံသူများသည် မည်သို့ထွက်ပြေးရမလဲ မသိရှိကြပေ။
သူတို့က ကျောက်ရုပ်များကဲ့သို့ ထုံထုံထိုင်းထိုင်းဖြစ်နေကြ၏။
ဆူဇီမိုသည် လူအုပ်ကြီးကိုအကဲခတ်ကြည့်ပြီးနောက် အနည်းငယ်စိတ်ပျက်သွားသော အမူအရာနှင့်အတူ နောက်တစ်ဖန်စစ်ဆေးကြည့်ရှုလိုက်၏။
အစကတော့ သူသည် လူအုပ်ကြီးထဲမှာ မင်းကျန်ကိုတွေ့ရဖို့ မျှော်လင့်နေခဲ့၏။
သို့သော်လည်း ကံဆိုးစွာနှင့်ပင် သူကရှာမတွေ့နိုင်ခဲ့ပေ။
“တာအိုရောင်းရင်းဆူလား…”