← Chapters

မင်းသားမင်နန်

Vol. 80 Ch. 1234

မင်းသားမင်နန်

Vol. 80 Ch. 1234

ရွှီချင်းသည် မထွက်ပေါ်ချင်ပေ။

သူ့ကို ရွှံ့မြေခွေးပေးခဲ့သော တုံကင်က ဆက်လက် ပူလာပြီး တုန်ခါနေသော်လည်း ရွှီချင်းသည် ယင်းကို မသိချင်ယောင် ဆောင်လိုက်သည်။ သူက ဖုံးကွယ်မှုကို ပိုပြီးအဆင့်မြှင့်တင်လိုက်သည်။

ဤကဲ့သို့ ကိုယ်နှင့်မဆိုင်သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် သူစိတ်မဝင်စားပေ။

တစ်ဖက်လူပြောသော နတ်တမန်တော်သည်တော့ ယင်းကို ရွှီချင်းက နေသားကျနေပြီ ဖြစ်သည်။

သူက သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ ပထမဆုံးအကြိမ် နတ်တမန်တော်အဖြစ် ဟန်ဆောင်ပြီးကတည်းက နတ်တမန်တော်ဟူသော သရုပ်နှင့် အတော်လေး ရေစက်ရှိဟန် ရသည်။ လပူဇော်ဒေသကြီးထဲမှာလည်း ထို့အတူပင်။ သို့ဖြစ်၍ ယခု တူညီသော အဖြစ်အပျက်က ထပ်မံဖြစ်ပေါ်လာသည့်အခါ ရွှီချင်းသည် မအံ့ဩတော့ပေ။

မည်သို့ဖြစ်ပါစေ သူက ရွှံ့မြေခွေးပေးခဲ့သော တုံကင်ကို အမှန်တကယ် ကိုင်ဆောင်ထားသည်။

သို့သော်လည်း သူက မီးတောက်အရှိန်အဝါကို ထုတ်လွှတ်နေသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်နှစ်လုံးကို အနည်းငယ် စိတ်ဝင်စားသည်။

သို့ဖြစ်၍ သူက ထိုလူနှစ်ယောက် အပြန်အလှန်တိုက်ခိုက်ပြီး ခြေကုန်လက်ပန်းကျသွားသည့် အချိန်ကျမှ လှုပ်ရှားရန် စီစဉ်ထားသည်။

သို့သော်လည်း ထိုအတွေးအားလုံးသည် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်၏ လက်ချောင်းကြောင့် အတင်းအဓမ္မ ပြောင်းလဲခံလိုက်ရသည်။

ထိုလက်ချောင်းကျဆင်းလာသည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်၏ ဖုံးကွယ်မှုသည် တိတ်တဆိတ် ဖျက်ဆီးခံလိုက်ရသည်။

ခေါင်းဆောင်၏ ပိုးကောင်သည် လူသားအသွင်သို့ ပြန်ပြောင်းလဲသွားသည်။ သူက သစ်ကိုင်းတစ်ခုပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး စိတ်ထဲမှာ တီးတိုးရေရွတ်နေသည်။

ရွှီချင်းသည်တော့ သူ၏ ပျောက်ကွယ်နေသော ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ပေါ်လာသည်။ သူက သစ်ပင်ကြီးအောက်တွင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေသည်။ သို့သော်လည်း အမှန်မှာ သူ၏ နှလုံးသားထဲတွင် လှိုင်းတချို့ ထွက်ပေါ်နေသည်။

အတင်းအဓမ္မ ထုတ်ဖော်ခံရသော ခံစားမှုသည် သူ့အား ပိုပြီးသတိထားစေသည်။

သူတို့၏ ထွက်ပေါ်လာမှုက တိုက်ခိုက်ကြတော့မည့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူနှစ်ဦးကို နှလုံးတုန်ယင်သွားစေသည်။

အခြေအနေဆိုးဝါးနေသော ကျူးချွယ်ဇီ၏ တုံ့ပြန်မှုသည် ပိုပြီးမြန်ဆန်သည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို အာရုံခံမိသွားပြီးနောက် အသက်ရှူမြန်လာသည်။ သူက ချက်ချင်း ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။

“ နတ်တမန်တော်ကို နှုတ်ဆက်ပါတယ် ”

ဤအခိုက်အတန့်မှာ သူ့အရှေ့မှ လူက လူသားမျိုးနွယ်ဖြစ်နေခြင်း သို့မဟုတ် သူ့မျိုးနွယ်ဝင်မဟုတ်ခြင်းသည် အရေးမကြီးတော့ပေ။ အရေးကြီးဆုံးမှာ တစ်ဖက်လူ၏ သရုပ်ဖြစ်သည်။ သူ၏ စိတ်အာရုံမှတဆင့် ယင်းကို အတည်ပြုပြီးပြီ ဖြစ်သည်။

သူ့အတွက်တော့ ထိုသရုပ်သည် သူ့အသက်ကို ကယ်တင်ပေးနိုင်သည်။

ယင်းက အဓိကအချက် ဖြစ်သည်။

ကျူးချွယ်ဇီက ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည့်အခါ သူ့ကို လိုက်ဖမ်းနေသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အမူအရာသည် ပျက်ယွင်းသွားသည်။ သို့သော်လည်း သူတို့က ဘုရားကျောင်းမတူညီသောကြောင့် သူသည် ကျူးချွယ်ဇီကဲ့သို့ အသေးစိတ် အာရုံမခံနိုင်ပေ။ အထူးသဖြင့် ရွှီချင်းက သူ၏ ဖုံးကွယ်မှုကို ပိုပြီးအဆင့်မြှင့်ထားသည့်အခါမှာ ဖြစ်သည်။

ထို့ပြင် ရွှီချင်းနှင့် ခေါင်းဆောင်၏ လူသားမျိုးနွယ်ဟူသော သရုပ်သည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူကို ပိုပြီးသံသယဖြစ်စေသည်။

သူက မီးလျှံကြယ်ဘုရားကျောင်းထဲတွင် လူသားနတ်တမန်တော်တစ်ဦးကို တစ်ခါမှ မမြင်ဖူးသလို တစ်ခါမှ မကြားဖူးပေ။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အတွက်တော့ ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအများအပြားသည် သူတို့ထက် နိမ့်ကျသည်။

ထိုထဲမှာ လူသားမျိုးနွယ်လည်း ပါဝင်သည်။

အကယ်၍ အဆင့်နိမ့်မျိုးနွယ်စုတစ်ခုက နတ်တမန်တော်ဖြစ်လာမည်ဆိုလျှင် သေချာပေါက် အာရုံစိုက်ခြင်းခံရလိမ့်မည်။

ထို့ပြင် ရွှီချင်း၏ ဦးခေါင်းပေါ်တွင် လှည့်ပတ်နေသော တားမြစ်တောင်သုံးလုံးက သူ၏ သရုပ်ကို သွယ်ဝိုက်သောနည်းဖြင့် သက်သေပြုပေးနေသည်။ အကယ်၍ သူတို့က အစစ်အမှန် နတ်တမန်တော်များဖြစ်လျှင် အဘယ့်ကြောင့် မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ရသနည်း။

သို့သော်လည်း သူက အလောင်းအစားပြုလုပ်ရန် ဆန္ဒမရှိပေ။

မည်သို့ဖြစ်ပါစေ ‘ နတ်တမန်တော် ’ဟူသော စကားလုံးသည် သူ့အား ကြောက်ရွံ့စိတ်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သူက အနောက်သို့ အနည်းငယ် ဆုတ်သွားပြီး ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။

သူက ကျူးချွယ်ဇီအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို လက်မလျော့ချင်ပေ။

သူက တိုက်ခိုက်ချင်သော်လည်း မသေချာပေ။

ထိုအဖြစ်အပျက်ကို ခေါင်းဆောင်မြင်သွားသည်။ ယင်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု သူခံစားမိသည်။ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူနှစ်ယောက်တွင် တစ်ယောက်က အရိုအသေပေးနေပြီး တခြားတစ်ယောက်က တုံ့ဆိုင်းနေသည်။

ထို့ပြင် ကောင်းကင်ပေါ်မှ တစ်စုံတစ်ယောက်က ပြပွဲကို ကြည့်ရှုနေသည်။

ခေါင်းဆောင်သည် ခေါင်းမော့လိုက်ပြီး လေထဲမှ နန်းတော်ကို ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း စိတ်အနှောင့်အယှက်ဖြစ်လာသည်။ သူက သူ့အား အရိုအသေပေးနေသော ကျူးချွယ်ဇီကို လျစ်လျူရှုထားသည်။ ယင်းအစား သူက တုံ့ဆိုင်းနေသော ကျင့်ကြံသူကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

“ မင်းရဲ့ တားမြစ်တောင်တွေကို ချန်ထားပြီး ထွက်သွားစမ်း ”

သူ၏ စကားဆုံးသည်နှင့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်သိုက်အဆင့်မှာဖြစ်ကြောင်း သူပြောနိုင်သည်။ သူ့ဘေးမှ တစ်ယောက်သည်လည်း ထိုအဆင့်မှာ ဖြစ်နိုင်သည်။

ထိုကျင့်ကြံခြင်းအဆင့်က သူနှင့် နှိုင်းယှဉ်နိုင်သော်လည်း မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတစ်ယောက်အနေဖြင့် နယ်ပယ်တူမှာ သူ့ကို ယှဉ်ပြိုင်နိုင်သူသည် အလွန်ရှားပါးသည်။ အထူးသဖြင့် လူသားမျိုးနွယ်ဖြစ်သည်။ အတိတ်တွင် သူသည် တခြားဒေသကြီးမှာ လေ့ကျင့်ရေးဆင်းခဲ့ချိန်တုန်းက လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ သွားရောက်ခဲ့သည်။ သူက ထိုနေရာမှ ကောင်းကင်အရွေးချယ်ခံအများအပြားကို သတ်ဖြတ်ခဲ့ပြီး သူတို့ကို သန့်စင်ပစ်ခဲ့သည်။

ထိုအတွေ့အကြုံကြောင့် လူသားမျိုးနွယ်ဝင်အများစုသည် အလွန်အမင်း အားနည်းကြောင်း သူနားလည်သွားခဲ့သည်။

ထို့ကြောင့် လူသားမျိုးနွယ်အပေါ် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးပိုင်းထဲမှ အထင်သေးရှုံ့ချသည်။

သို့သော်လည်း ထိုလူ၏ နတ်တမန်တော်ဟူသော သရုပ်ကြောင့် သူက တုံ့ဆိုင်းနေသည်။ ထို့ကြောင့် သူက သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူက ကောင်းကင်ပေါ်မှာ လွင့်မျောနေသော ရွှေရောင်နန်းတော်ကို ကြည့်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အရှင်… နတ်တမန်တော်က တားမြစ်တောင်တွေကို တောင်းဆိုနေပါတယ်… ဒါဟာ စည်းမျဉ်းကို ချိုးဖောက်နေပါတယ်… အရှင် ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ကျူးချွယ်ဇီသည် နှလုံးခုန်မြန်လာသည်။ ထုံးစံအားဖြင့် တစ်ဖက်လူမြင်သော အရာကို သူသည်လည်း မြင်ပေသည်။ ထိုသို့မေးလိုက်ခြင်းသည် ဤကိစ္စ၏ အတွင်းပိုင်းထဲထိ ထိုးဖောက်သွားသည့်အလား အလွန်ထိရောက်သည်။

မဟာအမဲလိုက်ပွဲတော်၏ စည်းမျဉ်းများထဲတွင် အရည်အချင်းမပြည့်မီသူများသည် ဝင်ရောက်နှောင့်ယှက်ခွင့် မရှိပေ။

မှန်ပေသည်။ စည်းမျဉ်းကို ချိုးဖောက်နိုင်သည့် အခြေအနေတချို့ရှိသည်။ သို့သော်လည်း ယင်းတို့က အလွန်အမင်း ရှားပါးသည်။

ကောင်းကင်ပေါ်မှ ရွှေရောင်နန်းတော်တွင် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ပြုံးလိုက်သည်။ သူ၏ အသံသည် ဂုဏ်ကျက်သရေတချို့ကို သယ်ဆောင်လျက် ရွှီချင်းနှင့် တခြားလူများ၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

“ ဒီလူက နတ်တမန်တော်မဟုတ်ဘူး… ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ ပြင်းထန်သော အပူသည် သူ၏ တစ်ကိုယ်လုံးမှ ပေါ်လျှိုးလာပြီး သိပ်သည်းလာသည်။ သူက ရွှီချင်းဆီသို့ ချဉ်းကပ်သွားသည့်အခါ သူ၏ တစ်ကိုယ်လုံးသည် ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်ခုနှယ် အောက်မေ့ရသည်။

သူကြောက်ရွံ့သော သရုပ်က မရှိမှတော့ တစ်ဖက်လူ၏ တားမြစ်တောင်များကို သူလိုချင်သည်။

သို့သော်လည်း တစ်ခါတစ်ရံမှာ ကိစ္စများသည် ကိုယ်တွေးထားသကဲ့သို့ ဖြစ်မလာနိုင်ပေ။

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ယုံကြည်ချက်ရှိစွာ ပျံသန်းလာသည်။ သူက ရွှီချင်းနားသို့ ရောက်ရှိတော့မည့်အချိန် သူ့အရှေ့မှ ရွှီချင်းသည် ပျောက်ကွယ်သွားသည်။ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် နောက်ဆုံးအနေဖြင့် တစ်ဖက်လူ၏ မျက်လုံးထဲမှ အေးစက်စက် အလင်းကိုသာ မြင်လိုက်ရသည်။

နောက်အခိုက်အတန့်မှာ သူ၏ ဦးခေါင်းသည် လွင့်စင်သွားသည်။ ဦးခေါင်းမဲ့သော သူ၏ ခန္ဓာကိုယ်သည်တော့ အရှိန်အဟုန်ကြောင့် အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော အနီရောင်ချည်မျှင်များသည် ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးထွက်လာကြပြီး သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ယင်းက သူ့ကိုယ်ပိုင် လောကတစ်ခုလုံးကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။

ထို့နောက် ဝိညာဉ်ဝါးမျိုခံနေရခြင်းမှ ဖော်မပြနိုင်သော နာကျင်မှု ထွက်ပေါ်လာသည်။ လောကအပေါ် သူ၏ အမြင်သည် တဖြည်းဖြည်း မည်းမှောင်သွားသည်။

အရာအားလုံးက လျှပ်တစ်ပြက်အတွင်း အဆုံးသတ်သွားသည်။

သူက ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“ … ဒါပေမဲ့ မင်းသူ့ကို မနိုင်ဘူး ”

ဂုဏ်သရေရှိသော အသံသည် ရွှေရောင်နန်းတော်ထဲမှ ဖြည်းညင်းစွာ ပျံ့လွင့်လာပြီး အစောနက မပြီးဆုံးသေးသော သူ့စကားကို အဆုံးသတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က ပြန်ထွက်ပေါ်လာသည်။ သူက အမူအရာကင်းမဲ့စွာ လက်မြှောက်လိုက်သည်။ ဝိညာဉ်ဝါးမျိုခံနေရသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ တားမြစ်တောင်နှစ်လုံးသည် ရွှီချင်းဆီသို့ ပျံသန်းလာကြပြီး သူ၏ ဦးခေါင်းထက်တွင် လှည့်ပတ်လိုက်ကြသည်။

သူ့ကိုယ်ပိုင် တားမြစ်တောင်သုံးလုံးဖြင့် ပေါင်းစပ်သွားပြီးနောက် တားမြစ်တောင်ငါးလုံးသည် သူ၏ ဦးခေါင်းပေါ်တွင် သရဖူသဖွယ် လှည့်ပတ်နေသည်။ ယင်းက ကျူးချွယ်ဇီ၏ နှလုံးကို တုန်လှုပ်သွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်လာစေသည်။

သူ့အရှေ့မှ မြင်ကွင်းသည် သူ၏ နားလည်ထားမှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

သူ့အနောက်သို့ လိုက်ဖမ်းနေသော ရန်သူတော်သည် ရွယ်တူကျင့်ကြံသူများထဲတွင် ထူးချွန်ထက်မြက်သောသူ ဖြစ်သည်။ သူက အကြင်နာမဲ့ရက်စက်ပြီး နည်းလမ်းများစွာကိုလည်း တတ်ကျွမ်းထားသည်။ သို့သော်လည်း ယခု သူက စက္ကန့်ပိုင်းအတွင်းမှာ သူ့အရှေ့မှ လူသားကျင့်ကြံသူ၏ သတ်ဖြတ်ခံလိုက်ရသည်။

ထိုအဖြစ်အပျက်သည် သူ့အား မိန်းမောတွေဝေသွားစေသည်။ ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး သူ့ကို ကြည့်လာမှသာ ကျူးချွယ်ဇီသည် သတိပြန်ဝင်လာသည်။ သူက ချက်ချင်း ဦးညွတ်လိုက်ပြီး ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ရွှီချင်းက သူ့ကို သေချာစစ်ဆေးကြည့်နေကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် သူ၏ နှလုံးသည် ပရမ်းပတာ ခုန်ပေါက်လာသည်။

ရွှီချင်းသည် ကျူးချွယ်ဇီကို အနီးကပ်ကြည့်လိုက်သည်။ ထိုကျင့်ကြံသူမှာ တားမြစ်တောင်တစ်လုံးမှ အမှန်တကယ် မရှိကြောင်း သူအတည်ပြုပြီးသွားသည့်အခါ ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

ခေါင်းဆောင်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက ကျူးချွယ်ဇီကို ဖြတ်ကျော်သွားစဉ် ပြုံးပြလိုက်သည်။

“ မင်းရဲ့ ကံက မဆိုးဘူး ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းနောက်သို့ လိုက်သွားသည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ နောက်ကျောကို ကြည့်နေရင်း အစစ်အမှန်မဟုတ်သော ခံစားမှုက ကျူချွယ်ဇီ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ ပုံရိပ်က ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် တာအိုရောင်းရင်းတို့ကို ကျေးဇူးတင်ပါတယ်… ကျွန်တော့်မှာ လူသားမျိုးနွယ်နဲ့ပတ်သက်ပြီး အသိပေးစရာ သတင်းနှစ်ခုရှိပါတယ် ”

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး အဝေးမှ ကျူးချွယ်ဇီကို ကြည့်လိုက်သည်။

ရွှီချင်းက ရပ်တန့်သွားကြောင်း သတိပြုမိသွားသည့်အခါ ကျူးချွယ်ဇီသည် အမြန်အရှိန်မြှင့်လိုက်ပြီး ရွှီချင်းနှင့် ပေတစ်ရာအကွာအဝေးမှာ ရပ်လိုက်သည်။ သူက ရိုသေလေးစားစွာ ပြောသည်။

“ တာအိုရောင်းရင်းခင်ဗျာ… ဒီတားမြစ်ဇုန်ထဲမှာ တားမြစ်တောင်စုစုပေါင်း (၂၇)လုံးရှိပါတယ် ”

“ ဒါပေမဲ့ တားမြစ်တောင်အားလုံးကို ကျွန်တော်တို့က မရယူနိုင်ပါဘူး… တောင်(၁၀)လုံးကိုပဲ ယှဉ်ပြိုင်ရယူနိုင်ပါတယ် ”

“ ကျန်တဲ့ တောင်(၁၇)လုံးအတွက်တော့… ပိုင်ရှင်ကို အစကတည်းက ဆုံးဖြတ်ထားပြီးသားပါ ”

ထိုနေရာသို့ရောက်သည့်အခါ ကျူးချွယ်ဇီသည် ကောင်းကင်ပေါ်မှ ရွှေရောင်နန်းတော်ကို ကြည့်လိုက်သည်။

“ အဲ့ဒီတောင်(၁၇)လုံးကို တခြားမျိုးနွယ်စုတွေနဲ့ ငါ့မျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံတွေအတွက် ခွဲဝေသတ်မှတ်ပြီးသားပါ… သူတို့က တားမြစ်ဇုန်ထဲ ရောက်လာတာနဲ့ တားမြစ်တောင်ကို ယူဆောင်သွားနိုင်ပါတယ်… ဘယ်သူမှ သူတို့ကို တိုက်ခိုက်ဖို့ မလုပ်ဆောင်ရဲကြဘူး ”

ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူကို ဆက်ပြောစေသည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် သက်ဆိုင်သော စကားမဟုတ်သလို တားမြစ်တောင်နှင့်ပတ်သက်သော လျှို့ဝှက်စည်းမျဉ်းများလည်း မဟုတ်ပေ။

“ ပြီးတော့ရော ”

ခေါင်းဆောင်က မေးသည်။

“ အဲ့ဒီတားမြစ်တောင်(၁၇)လုံးထဲမှာ တောင်တစ်လုံးကို လူသားမျိုးနွယ်ရဲ့ မင်းသားကြီးကို ပေးဖို့ ဆုံးဖြတ်ထားတယ် ”

ကျူးချွယ်ဇီက တိုးညင်းစွာ ပြောသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှာ စိတ်ဝင်စားသော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ လူသားမျိုးနွယ်ရဲ့ မင်းသားကြီးက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီလာပြီး လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဖြေရှင်းပေးဖို့အတွက် အကူအညီလာတောင်းခံတယ်… ဒါပေမဲ့ သူက နေရာတိုင်းကနေ ငြင်းပယ်ခံရတယ်… နောက်ဆုံးမှာတော့ သူက မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တယ် ”

“ မျိုးနွယ်စုအများအပြားက ဒီအကြောင်းကို ကြားထားကြတယ်… မင်းတို့လူသားမျိုးနွယ်ရဲ့ မင်းသားကြီးကို ငါတကယ်ပဲ ချီးကျူးတယ်… သူက ရွှမ်ထျန်းစစ်သူကြီးဖြစ်လာပြီး လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ သူတော်စင်နတ်ဆရာတွေဆီကနေ တောင်းဆိုချင်တယ် ”

“ မီးလျှံလမျိုးနွယ်က သူ့ကို အကူအညီတချို့ ပေးခဲ့တယ်… ဒါကြောင့် ဒီတားမြစ်တောင်(၁၇)လုံးထဲက တောင်တစ်လုံးက သူ့အတွက် ဖြစ်လာတယ် ”

ရွှီချင်းသည် မီးလျှံလမျိုးနွယ်ထဲမှ သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး ကျူးချွယ်ဇီကို မယှဉ်နိုင်ပေ။

“ နောက်တော့ရော ”

ခေါင်းဆောင်သည် ဆက်လက် မေးသည်။

“ ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ မင်းသားကြီးက ဒီကို ရောက်မလာနိုင်ဘူး ”

ကျူးချွယ်ဇီသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တိုးညင်းစွာ ပြောသည်။

“ လွန်ခဲ့တဲ့ရက်တုန်းက မင်းတို့လူသားမျိုးနွယ်ရဲ့ မင်းသားကြီးက ဒီတားမြစ်ဇုန်ကိုလာတဲ့ ခရီးမှာ ဘုရင်မင်နန်ရဲ့ အိမ်ရှေ့စံမင်းသားနဲ့ တွေ့ဆုံခဲ့တယ်လို့ ငါသတင်းကြားတယ် ”

“ ဘုရင်မင်နန်ဆိုတာ မီးလျှံနေနတ်ဘုရားရဲ့ လက်အောက်က ထျန်းယွင်သူတော်စင်နတ်ဆရာရွက်ဖျင်တဲရဲ့ ဘုရင်ပဲ ”

“ ဘုရင်မင်နန်ရဲ့ အိမ်ရှေ့စံမင်းသားရဲ့ ပါရမီက အရမ်းကြောက်စရာကောင်းပြီး သူ့ရဲ့ တိုက်ပွဲစွမ်းအားက သူနဲ့ရွယ်တူအားလုံးထက် အများကြီး သာလွန်တယ်… သူက ငါတို့မီးလျှံလမျိုးနွယ်ရဲ့ မဟာကောင်းကင်အရွေးချယ်ခံတစ်ယောက်လည်း ဖြစ်တယ်… ပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းက အရမ်ကျော်ဇောတယ် ”

“ မင်းသားကြီးနဲ့ လူသားမျိုးနွယ်ဝင်တချို့က ဖမ်းဆီးခံလိုက်ရပြီး ရထားလုံးကို ဆွဲပေးဖို့အတွက် မင်းသားမင်နန်ဆီ လွှဲပြောင်းခံလိုက်ရတာကို တစ်ယောက်ယောက်က မြင်ခဲ့တယ် ”

ကျူးချွယ်ဇီသည် ရွှီချင်းကို ကြည့်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ တိုးညင်းစွာ ပြောသည်။

“ ဒါကြောင့် မင်းသားကြီးကို ပေးဖို့ ရည်ရွယ်ထားတဲ့ တားမြစ်တောင်က အခု ပိုင်ရှင်မဲ့နေတယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အဝေးသို့ ကြည့်လိုက်သည်။ ခေါင်းဆောင်၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။

“ ဒီတော့ အဲ့ဒီတားမြစ်တောင်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ ”

ကျူးချွယ်ဇီသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ရိုသေစွာ ပြန်ပြောသည်။

“ တားမြစ်တောင်တွေကို ရယူချင်တယ်ဆိုရင် စည်းမျဉ်းအရ ဆယ်ရက်ကြာပြီးတဲ့နောက်မှာ အဲ့ဒီတောင်တွေကို မမြှောက်ရမယ်… အခု တားမြစ်ဇုန်ကို ဖွင့်လှစ်တာ ခုနစ်ရက်ပဲရှိသေးလို့ အချိန်ရသေးတယ်… ဒါပေမဲ့ အဲ့ဒီတားမြစ်တောင်က ပိုင်ရှင်မဲ့နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် တခြားပြိုင်ပွဲဝင်သူတွေရဲ့ သိမ်းပိုက်ခံလိုက်ရပြီ ”

“ ငါ့ကို လမ်းပြစမ်း ”

အေးစက်စက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

All Chapters