← Chapters

သူက ရွှီချင်း

Vol. 80 Ch. 1235

သူက ရွှီချင်း

Vol. 80 Ch. 1235

ကျူးချွယ်ဇီသည် ရွှီချင်း၏ မျက်လုံးထဲမှ အေးစက်မှုကို သတိထားမိသွားပြီး အစောနက သေဆုံးသွားခဲ့သော သူ၏ ရန်သူတော်ကို ပြန်တွေးမိသွားသည်။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်ကာ လမ်းပြပေးလိုက်သည်။

ရွှီချင်းသည် အေးစက်သော အမူအရာဖြင့် သူ့အနောက်မှ လိုက်သွားသည်။ ခေါင်းဆောင်သည်လည်း တည်ကြည်လေးနက်သွားသည်။

လူသားမျိုးနွယ်အပေါ် သူ၏ ခံစားမှုက မှေးမှိန်သော်လည်း ဤကဲ့သို့ကိစ္စကို ကြားလိုက်ရသောအခါ သူ၏ နှလုံးသားထဲတွင် လှိုင်းတချို့ထသွားသည်။

“ လူသားမျိုးနွယ်… ”

ခေါင်းဆောင်သည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ ရွေ့လျားသွားကြသည်။

တစ်ချိန်တည်းမှာ လေထဲမှ ရွှေရောင်နန်းတော်ထဲတွင် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“ အခုမှပဲ စိတ်ဝင်စားဖို့ကောင်းတော့တယ်… သွေးမထွက်ဘူး သေကြေပျက်စီးမှုမရှိဘူးဆိုရင် ဒီဟာကို မဟာအမဲလိုက်ပွဲတော်လို့ ဘယ်ခေါ်နိုင်မလဲ ”

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

နှစ်ရက်ကြာပြီးနောက်…

တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရွှီချင်း၊ ခေါင်းဆောင်နှင့် ကျူးချွယ်ဇီသည် နေရာမှာ ရပ်နေကြပြီး အဝေးသို့ လှမ်းကြည့်နေကြသည်။

အဝေးတွင် ကောင်းကင်နှင့်မြေပြင်ကြားမှာ အနက်ရောင်မြူခိုးတစ်ခုက ပျံ့နှံ့နေပြီး လောကကြီးကို မှောင်ရီစေသည်။ ညှိုးခြောက်နေသော တောအုပ်များတည်ရှိရာ ကျက်တီးမြေတစ်ခုပေါ်တွင် အမှောင်ထုသည် အရာအားလုံးကို လွှမ်းခြုံထားသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော ခံစားမှုနှင့် အမင်္ဂလာနိမိတ်ကို ထုတ်လွှတ်နေသည်။

ညှိုးခြောက်နေသော တောအုပ်များအကျော်တွင် မညီညာသော တောင်ထွတ်များက အတန်းလိုက် တည်ရှိနေကြသည်။ ၎င်းတို့က အိပ်စက်နေသော နဂါးများနှင့် ဆင်တူပြီး ခမ်းနည်းထည်ဝါသော တောင်တန်းဒေသတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုတောင်တန်းဒေသထဲတွင် စုစုပေါင်း တောင်ထွတ်(၂၇)ခု ရှိသည်။

တောင်တန်းဒေသ၏ အကျယ်အဝန်းသည် တားမြစ်ဇုန်၏ တစ်ဝက်ခန့်ကို ဖြန့်ကြက်နိုင်လုနီးပါးပင်။

တောင်ထွတ်အများအပြားမှာ အနက်ရောင်မီးတောက်များ ရှိသည်။ ရံဖန်ရံခါ အနက်ရောင်မြူခိုးက ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေ့ ရှိသည်။ တစ်ချိန်တည်းမှာ အနက်ရောင်ချော်ရည်စီးကြောင်းများသည် ထိုတောင်ထွတ်များပေါ်မှ စီးကျလာနေကြသည်။

“ အဲ့ဒါက ဒီတားမြစ်ဇုန်ရဲ့ တားမြစ်တောင်တွေပဲ ”

ကျူးချွယ်ဇီသည် လေသံတိုးတိုးဖြင့် ပြောသည်။

ရွှီချင်းသည် လေထဲမှာ ရောနှောပါဝင်နေသော အပူဓာတ်ကို ခံစားမိသွားပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။

သူသည် တားမြစ်ဇုန်အများအပြားကို မြင်တွေ့ဖူးသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် တားမြစ်ဇုန်များသည် များသောအားဖြင့် အအေးဓာတ်ရှိကြသည်။

ဤသည်မှာ တားမြစ်ဇုန်တစ်ခုထဲတွင် ချော်ရည်တောင်များကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။

“ အနောက်က တောင်(၁၀)လုံးကို ပြိုင်ပွဲဝင်သူအားလုံးက ယှဉ်ပြိုင်ရယူနိုင်တယ်… အရှေ့က တောင်(၁၇)လုံးကတော့ စောစောက ငါပြောခဲ့သလိုပဲ ပိုင်ရှင်ကို ဆုံးဖြတ်ထားပြီးသား ဖြစ်တယ် ”

“ လူသားမျိုးနွယ်က မင်းသားကြီးကို ပေးဖို့ သတ်မှတ်ထားတဲ့ တောင်က နဝမမြောက်တောင်ပဲ ”

ကျူးချွယ်ဇီသည် လက်မြှောက်လိုက်ပြီး တားမြစ်တောင်တစ်လုံးကို လက်ညှိုးညွှန်ပြလိုက်သည်။

ရွှီချင်း၏ အကြည့်သည် ကျူးချွယ်ဇီ၏ လက်ညှိုးနောက်သို့ လိုက်ပါသွားသည်။ ဤတားမြစ်ဇုန်ထဲသို့ ဝင်ရောက်လာကြသည့် ပြိုင်ပွဲဝင်သူအားလုံး၏ အရှိန်အဝါများသည် ထိုတောင်များပေါ်မှာ စုဝေးရှိနေကြောင်း သူအာရုံခံနိုင်သည်။

ပြိုင်ပွဲဝင်သူများသည် တောင်အားလုံးပေါ်မှာ ရှိကြသည်။ အထူးသဖြင့် အနောက်မှ တောင်(၁၀)လုံးပေါ်တွင် ပိုပြီးများပြားပြီး ရှုပ်ထွေးသည်။

ကျူးချွယ်ဇီညွှန်ပြသော တောင်ပေါ်တွင်လည်း ထို့အတူပင်။

ထို့ပြင် ထိုအရှိန်အဝါများသည် တင်းကြပ်သော လေထုကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ တိုက်ပွဲဖြစ်ပွားလုနီးပါး အခြေအနေဖြစ်သည်။ သို့သော်လည်း သူတို့က ချုပ်ထိန်းထားကြသည်။ ယင်းက ချက်ချင်း ပေါက်ကွဲထွက်မလာပေ။

“ ဒီက တားမြစ်တောင်တွေကို မမြှောက်ဖို့ အချိန်တစ်ရက်လိုသေးတယ်… အဲ့ဒီအချိန်ကျရင် ဒီနေရာက ဖရိုဖရဲဖြစ်လာလိမ့်မယ် ”

တိုက်ပွဲစိတ်ဆန္ဒသည် ကျူးချွယ်ဇီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ တားမြစ်တောင်သည် ရန်သူ၏ လုယက်ခံခဲ့ရပြီး ယခု ရွှီချင်းဆီသို့ ရောက်ရှိသွားခဲ့သည်။

သူက ယင်းကို ရွှီချင်းထံမှ ပြန်မလုယက်ဝံ့ပေ။ သို့ဖြစ်၍ သူ၏ ပစ်မှတ်သည် ဤနေရာမှ တားမြစ်တောင်များသာ ဖြစ်သည်။

ဤနေရာသို့လာရာ လမ်းတစ်လျှောက်၌ သူက တစ်ဖက်လူကို ရိုရိုသေသေ တောင်းဆိုခဲ့သည်။ အကယ်၍ သူက တားမြစ်တောင်တစ်လုံးအတွက် ယှဉ်ပြိုင်တိုက်ခိုက်သည့်အခါ ရွှီချင်းက သူ့အပေါ် ခက်ခဲအောင် မလုပ်ရန် ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းက သဘောတူခဲ့သည်။ သူက တားမြစ်တောင်များကို လိုအပ်သော်လည်း ကျူးချွယ်ဇီ၏ သတင်းသည် အမှန်တကယ် တန်ဖိုးရှိသည်။

“ တာအိုရောင်းရင်းရွှီ… ကျုပ်တို့တွေ တစ်ရက်ပြည့်အောင် စိတ်ရှည်ရှည်ထားပြီး စောင့်ကြတာပေါ့ ”

ကျူးချွယ်ဇီသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူ၏ မျက်လုံးသည် ဝင်းလက်တောက်ပသွားသည်။ သူ၏ အစီအစဉ်တွင် ယခုအချိန်သည် တိုက်ခိုက်ရန် မလိုအပ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့က အနိုင်ရလျှင်ပင် ဤနေရာမှာ တစ်ရက်ကြာအောင် နေရလိမ့်မည်။ ထို့ပြင် ယင်းက တခြားကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ပြီး လူအများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းဖြင့်လည်း တွေ့ကြုံရနိုင်ပေသည်။

ထိုအတိုင်းဆိုလျှင် အန္တရာယ်နှင့် ခက်ခဲမှုသည် ပိုပြီးများပြားလိမ့်မည်။

“ နောက်ဆုံးရက်ကျရင် ဒီနေရာက တားမြစ်တောင်အားလုံးကို ယူဆောင်သွားနိုင်တယ်… အဲ့ဒီအချိန်ကျရင် ငါတို့က ကိုယ်ပစ်မှတ်ထားတဲ့ တောင်တွေကို လုယက်ပြီး ဒီကနေ ချက်ချင်း ထွက်ခွာကြမယ် ”

“ ဒီနည်းနဲ့ဆိုရင် အောင်မြင်နိုင်ခြေပိုများလိမ့်မယ်… ဘာပဲဖြစ်ဖြစ် တခြားတောင်တွေလည်းပဲ တစ်ချိန်တည်းမှာ ယူဆောင်ခံရလိမ့်မယ်… အဲ့ဒါကြောင့် လူတိုင်းရဲ့ ပစ်မှတ်က တကွဲတပြားစီ ဖြစ်သွားကြလိမ့်မယ် ”

ရွှီချင်းသည် နဝမမြောက်တောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က တခြားတောင်များဆီသို့ ရွှေ့ပြောင်းသွားသည်။ သူက တည်ငြိမ်စွာ စကားပြောလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အေးစက်မှုသည် ပိုပြီးအားကောင်းလာသည်။

“ အဲ့လောက် ဒုက္ခခံနေစရာ မလိုပါဘူး ”

သူက စကားပြောပြီးနောက် ကောင်းကင်ပေါ်သို့ ခုန်လိုက်ပြီး တောင်တန်းဒေသဆီသို့ ဦးတည်သွားသည်။

သူ့အနောက်တွင် ကျူးချွယ်ဇီ၏ အမူအရာသည် ပြောင်းလဲသွားသည်။ ရွှီချင်းက အလွန်သန်မာကြောင်း သူသိပြီး ယင်းကို သူ့ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့သည်။ သို့သော်လည်း ရွှီချင်းက လူတိုင်းကို တစ်ချိန်တည်းမှာ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမတွေးပေ။

အကယ်၍ သူတို့သာ တစ်ရက်စောင့်ဆိုင်းမည်ဆိုလျှင် ရွှီချင်း၏ စွမ်းအင်အရ သူက တားမြစ်တောင်တစ်လုံး သို့မဟုတ် တားမြစ်တောင်နှစ်လုံးကို ထပ်ပြီး စုဆောင်းနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ သို့သော်လည်း အကယ်၍ သူက အလောတကြီး အရှေ့ထွက်မည်ဆိုလျှင် လူတိုင်း၏ ပစ်မှတ်ထားခြင်းခံရနိုင်ပြီး ဖြစ်နိုင်ခြေအမျိုးမျိုး ဖြစ်ပေါ်လာနိုင်သည်။

“ ဘာလဲ… ”

ကျူးချွယ်ဇီသည် ထိတ်လန့်သွားသည်။ သူက စကားပြောရန် ပြင်လိုက်စဉ် သူ့ဘေးမှ ခေါင်းဆောင်သည် တဟားဟား ရယ်မောလိုက်သည်။ သူက ကျူးချွယ်ဇီကို ဖြတ်ကျော်သွားစဉ် သူ့အတွက် စကားတစ်ခွန်း ချန်ခဲ့သည်။

“ မင်းရဲ့ ပစ်မှတ်က တောင်တစ်လုံး နှစ်လုံးပဲ… ဒါပေမဲ့ ငါ့ဂျူနီယာညီလေးရဲ့ ပစ်မှတ်က တောင်အားလုံးကိုပဲ ”

“ တောင်အားလုံးလား ”

ကျူးချွယ်ဇီသည် အပြင်းအထန် နှလုံးတုန်လှုပ်သွားသည်။ သူက သတိပြန်မဝင်ခင်မှာ ရွှီချင်းသည် လေထဲသို့ ရောက်ရှိသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ဘက်ဘက်ပခုံးပေါ်သို့ ဖိချလိုက်ကာ အပြင်သို့ ဆွဲယူလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေကျီးကန်းတိုတမ်ဆေးမင်ကြောင်သည် တလက်လက် တောက်ပလာပြီး အနက်ရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ ယင်းတို့က မီးတောက်ပင်လယ်တစ်ခုသို့ အသွင်ပြောင်းလဲသွားပြီး ကောင်းကင်အထိ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာ တိုတမ်ဆေးမင်ကြောင် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှေကျီးကန်းသည် အပြင်သို့ ပျံသန်းထွက်လာပြီး မီးတောက်ပင်လယ်ထဲမှာ ကခုန်ရွေ့လျားလိုက်သည်။ ၎င်းက စူးရှကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

၎င်း၏ ဧရာမခန္ဓာကိုယ်သည် နက်မှောင်ပြီး ဖီးနစ်ငှက်နှင့် ဆင်တူသည်။ ၎င်း၏ ရှည်လျားသော မီးတောက်အမြှီးများက အနောက်ဘက်တွင် ဖြန့်ကားနေပြီး တောင်(၂၇)လုံးပေါ်မှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သူတို့က လေထဲမှ ရွှေကျီးကန်းကို ကြည့်လိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။

ချက်ချင်းဆိုသလို ရွှေကျီးကန်း၏ အော်မြည်သံသည် ပိုပြီးစူးရှလာသည်။ ၎င်းက မြန်ဆန်စွာ ပျံသန်းထွက်လာပြီး ရွှီချင်း၏ ညာလက်ဆီသို့ ဦးတည်သွားသည်။ ၎င်းက လေထဲမှာ ပျံသန်းနေစဉ် ၎င်း၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြိုကွဲသွားသည်။ ရွှီချင်း၏ ညာလက်ထဲသို့ ရောက်ရှိသွားသည့်အခါ ၎င်းက အနက်ရောင်လှံတစ်ချောင်းသို့ ပြောင်းလဲသွားသည်။

ထိုလှံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးကြိုးသွားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။ ဤသည်မှာ ၎င်းတို့က ကောင်းကင်ကို ဆုတ်ဖြဲပစ်ချင်နေဟန် ရသည်။ ခပ်အုပ်အုပ်ဟိန်းသံသည်ပင် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး လောကကြီးအပေါ် အနက်ရောင်လှံ၏ ထွက်ပေါ်လာမှုကို သတိပေးနေဟန် ရ၏။

သို့သော်လည်း ယင်းက အသုံးမဝင်ပေ။ ရွှီချင်း၏ မျက်လုံးထဲမှ အေးစက်မှုသည် အလွန်ပြင်းထန်သည်။ သူက ရွှေရောင်နန်းတော်ထဲမှ ဂုဏ်သရေရှိပုဂ္ဂိုလ်၏ စောင့်ကြည့်မှုနှင့် ကျူးချွယ်ဇီ၏ ထိတ်လန့်သော အကြည့်အောက်မှာ အနက်ရောင်တားမြစ်လှံကို နဝမမြောက်တောင်ဆီသို့ ပစ်လွှတ်လိုက်သည်။

အနက်ရောင်လှံသည် အဖျက်အဆီးနဂါးတစ်ကောင်ပမာ မရပ်တန့်နိုင်သော အင်အားကို သယ်ဆောင်လျက် ပျံသန်းထွက်သွားသည်။ ကောင်းကင်ပေါ်တွင် အနက်ရောင်မျဉ်းကြောင်းရှည်တစ်ခု ထွက်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့နေကြသော မိုးကြိုးသွားများသည်လည်း အနက်ရောင်လှံနောက်သို့ မြန်ဆန်စွာ လိုက်ပါသွားကြသည်။ ၎င်းတို့က လှံနားမှာ စုဝေးသွားပြီး ၎င်းကို ဆက်လက် လှည့်ပတ်လိုက်ကာ အားဖြည့်ပေးလိုက်သည်။

အနက်ရောင်လှံသည် မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်ပြီး လေကို ဆုတ်ဖြဲမည့် စူးရှသော အသံကို ထုတ်လွှတ်လိုက်သည်။

၎င်းက နဝမမြောက်တောင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

၎င်း၏ အရှိန်အဝါမှာ ကြီးကျယ်မြင့်မြတ်သော ဂုဏ်ကျက်သရေ ပါရှိသည်။

နောက်အခိုက်အတန့်မှာ လှံသည် ပြိုင်ဘက်ကင်းသော လွှမ်းမိုးဖိနှိပ်နိုင်စွမ်းနှင့်အတူ နဝမမြောက်တောင်ကို တိုက်ရိုက် ထိုးစိုက်သွားသည်။ လှံက တားမြစ်တောင်ကို ထိုးဖောက်သွားသည့်အခါ ကောင်းကင်နှင့် မြေပြင်သည် အလွန်ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

နားကွဲလုမတတ် ကျယ်လောင်သော ဟိန်းသံသည် ဘေးပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။ တောင်တန်းဒေသတစ်ခုလုံး အပြင်းအထန် တုန်လှုပ်လာသည်။ မြေပြင်သည် ပရမ်းပတာ လှုပ်ခါသွားသည်။ စက်ဝိုင်းသဏ္ဍာန် အားလှိုင်းဂယက်များသည် လျှပ်စီးတန်းများနှင့်အတူ လှံထိုးစိုက်သွားသော နေရာမှ ပျံ့ပွားထွက်လာကြသည်။ ယင်းတို့က နဝမမြောက်တောင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားကြသည်။

နဝမမြောက်တောင်ကို သိမ်းပိုက်ထားသော ကျင့်ကြံသူရာပေါင်းများစွာ၏ အမူအရာများသည် ချက်ချင်း ပြောင်းလဲသွားကြသည်။ တချို့သည် ဒယိမ်းဒယိုင် အနောက်ဆုတ်သွားကြပြီး တချို့သည် ချောက်ချားသွားကြသည်။ တချို့သည် ဒေါသထွက်သွားကြပြီး တချို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။

တခြားတောင်များမှ ကျင့်ကြံသူများသည်လည်း ကောင်းကင်ပေါ်မှ ရွှီချင်းကို အာရုံစိုက်လာကြသည်။ သူတို့အများစုသည် မရင်းနှီးသော အကြည့်ဖြင့် ကြည့်နေကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ အသံသည် ကောင်းကင်ပေါ်မှ ပျံ့လွင့်လာသည်။

“ ထွက်သွား ”

“ အသက်သုံးခါရှူချိန်ကြာပြီးရင် ဒီတောင်ပေါ်က သက်ရှိအားလုံး အသတ်ခံရမယ် ”

လွှမ်းမိုးဖိနှိပ်သော လှံပစ်ချက်နှင့် အေးတိအေးစက်သော စကားသံသည် အားနည်းသော ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်လောက်သည်။ သို့သော်လည်း မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူများအနေဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများသည် ချောက်ချားသွားမည့်အစား သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုသာ ထုတ်လွှတ်လိုက်ကြသည်။

အထူးသဖြင့် ကောင်းကင်ပေါ်မှ ပုဂ္ဂိုလ်က လူသားဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှာ ဖြစ်သည်။

သို့ဖြစ်၍ ချက်ချင်းဆိုသလို နဝမမြောက်တောင်ပေါ်မှ ကျင့်ကြံသူတစ်ဝက်ခန့်သည် လေထဲသို့ မြှောက်တတ်သွားကြသည်။

“ ဒီလောက် မောက်မာထောင်လွှားတဲ့ လူသားတစ်ယောက်ကို ငါမမြင်ရတာ အတော်ကြာသွားပြီ ”

“ မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ ”

“ ဒီတောင်ပေါ်က ကျင့်ကြံသူအားလုံးကို မင်းဘယ်လိုသတ်မလဲဆိုတာ ငါကြည့်မယ် ”

ထိုကျင့်ကြံသူများက တောင်ပေါ်မှ ပျံသန်းထွက်လာကြသည့်အခိုက် ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူတို့အပေါ်သို့ ဖိချလိုက်သည်။

ကောင်းကင်သည် မိုးကြိုးပမာ ပေါက်ကွဲသွားဟန် ရသည်။ အလွန်ကြီးမားသော ဇောက်ထိုးတောင်သုံးလုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

တောင်တစ်လုံးသည် သွေးကဲ့သို့ နီရဲပြီး တခြားတောင်တစ်လုံးသည် ရေခဲတောင်ပမာ အေးခဲသည်။ နောက်ဆုံးတောင်သည် မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။

ထိုတောင်သုံးလုံး၏ အရွယ်အစားသည် မြေပြင်ပေါ်မှ တားမြစ်တောင်အားလုံးထက် ပိုပြီးကြီးမားသည့်အပြင် ၎င်းတို့၏ ဇောက်ထိုးအသွင်အပြင်သည် ဓားဖျားနှင့် အလားသဏ္ဍာန်တူသည်။ ယင်းက အလွန်ထက်ရှသော ခံစားမှုကို ပေးသည်။

ထိုတောင်သုံးလုံးမှ ထုတ်လွှတ်နေသော ဖိအားသည် အလွန်ကြီးမားသည်။ ယင်းက ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို ဖြစ်သည်။

ဇောက်ထိုးတောင်သုံးလုံးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း နဝမမြောက်တောင်မှ ပျံသန်းထွက်လာကြသော ကျင့်ကြံသူများကို ဖိနှိပ်လိုက်သည်။

ထိုဖိနှိပ်မှုသည် ချိပ်တံဆိပ်ဖွဲ့စည်းခြင်းနှင့် ဆင်တူပြီး အားနည်းသော ကျင့်ကြံသူများကို ချက်ချင်း သွေးအန်သွားစေသည်။

သို့သော်လည်း သူတို့ထဲမှာ ပညာရှင်ကျင့်ကြံသူတချို့ရှိပြီး အရေအတွက်များပြားသည်။

သူတို့ထဲမှ ကျင့်ကြံသူ(၂၀)ကျော်သည် နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များကို အသီးသီးထုတ်လွှတ်လိုက်ကြပြီး တောင်သုံးလုံးမှ ဖိအားကို ခုခံနိုင်ကြသည်။

သို့သော်လည်း ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအိုသည် ရွှီချင်း၏ အဓိကတိုက်ခိုက်မှု မဟုတ်သေးပေ။ သူက ချိပ်ပိတ်ခြင်းသက်ရောက်မှုကို အတိုင်းအတာတစ်ခုအထိ ဖန်တီးချင်ရုံသာ ဖြစ်သည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ တားမြစ်ဇုန်ထဲမှ ဒြပ်နှောများသည် ရုတ်တရက် ပေါ်လျှိုးထွက်လာကြပြီး သူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။

နဝမမြောက်တောင်ပေါ်တွင် တားမြစ်အဆိပ်က ပျံ့နှံ့သွားသည်။ ကံဆိုးသော တချို့ကျင့်ကြံသူများသည် တားမြစ်အဆိပ်ကို တိုက်ရိုက် ထိတွေ့သွားကြပြီး နှလုံးကွဲကြေသော အော်ဟစ်သံကို ထုတ်ဖော်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူတို့၏ ခန္ဓာကိုယ်သည် အနက်ရောင်သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

အကယ်၍ အပြင်လောကမှာဆိုလျှင် ရွှီချင်း၏ တားမြစ်အဆိပ်အစွမ်းသည် သာမန်ထက် ထူးခြားရုံမျှသာ ဖြစ်သည်။ သို့သော်လည်း တားမြစ်ဇုန်ထဲ၌ ဤနေရာမှ ဒြပ်နှောများသည် သူ၏ တားမြစ်အဆိပ်ကို ပိုပြီးအားကောင်းစေနိုင်သည်။

ထို့ကြောင့် တားမြစ်အဆိပ်က တအိအိလှိုင်းထလာသည့်အခါ ယင်းက ထူထဲသော မြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။ ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ဇောက်ထိုးတောင်သုံးလုံး၏ ချိပ်ပိတ်ခြင်းသက်ရောက်မှုကြောင့် ထိုအဆိပ်မြူခိုးသည် တိုက်ရိုက် ပေါ်လျှိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

တောင်ပေါ်မှ မထွက်ခွာကြသည့် ကျင့်ကြံသူအားလုံးသည် အဆိပ်မြူခိုးဖြင့် ချက်ချင်း လွှမ်းခြုံခံလိုက်ရသည်။

အဝေးမှကြည့်လျှင် အဆိပ်မြူခိုးသည် ဧရာမထောင်တိုင်တစ်ခုနှင့် ဆင်တူပြီး ဇောက်ထိုးတောင်သုံးလုံးနှင့် ဆက်သွယ်နေဟန် ရသည်။ ယင်းက မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ နှလုံးကွဲကြေသော အော်ဟစ်သံများသည် အစဉ်မပြတ် ထွက်ပေါ်လာကြသည်။

ရွှီချင်း၏ ချိပ်ပိတ်မှုသည်တော့ ထိုမျှသာ မဟုတ်ပေ။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မရေမတွက်နိုင်သော အနီရောင်ဝိညာဉ်ချည်မျှင်များက ပေါ်လျှိုးထွက်လာကြပြီး မြူခိုးမုန်တိုင်းကို ဝိုင်းရံလိုက်သည်။ ယင်းတို့က မြန်ဆန်စွာ လှည့်ပတ်သွားကြပြီး မည်သူ့ကိုမှ မလွတ်မြောက်နိုင်အောင် တားဆီးလိုက်သည်။

သူက ထိုကျင့်ကြံသူအားလုံးကို သတ်ပစ်တော့မည် ဖြစ်သည်။

တားမြစ်အဆိပ်သည် ပိုပြီးသိပ်သည်းလာသည်။ တားမြစ်ဇုန်ထဲမှ ဒြပ်နှောများသည် ဤနေရာမှာ စုဝေးသွားကြသည်။ ယင်းက အဆိပ်မြူခိုးကို ပိုပြီးအားကောင်းလာစေသည်။

နှလုံးကွဲကြေသော အော်ဟစ်သံများသည် ပိုပြီးစူးရှလာပြီး မရပ်မစဲ ပဲ့တင်ထပ်နေသည်။

ဤအခိုက်အတန့်မှာ အဆိပ်မြူခိုးထဲ၌ ပိတ်မိနေသော ကျင့်ကြံသူများသည် မည်မျှစိတ်ပျက်အားလျော့နေမည်ဖြစ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။ သူတို့၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ယိုယွင်းပျက်စီးသွားသည်။ ပညာရှင်ကျင့်ကြံသူများသည် သူတို့၏ တတ်ကျွမ်းရာ နည်းလမ်းအသီးသီးကို အသုံးပြုပြီး အဆိပ်ကို ခုခံတားဆီးနေကြသည်။

သို့သော်လည်း ရွှီချင်း၏ အဆိပ်သည် နတ်ဘုရားအစွမ်းဖြစ်သည်။ အကယ်၍ သတ်မှတ်ချက်အတွင်းမှာ ရှိမည်ဆိုလျှင် နတ်ဘုရားများသည်ပင် သူ့တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်ခြင်းခံရလိမ့်မည်။

ရွှီချင်းသည် တားမြစ်အဆိပ်၏ စွမ်းအင်အပြည့်အဝကို မထုတ်ဖော်ခဲ့သော်လည်း တားမြစ်ဇုန်မှ ဒြပ်နှောများ၏ အားဖြည့်ပေးမှုအောက်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ မရောက်ရှိသရွေ့ သူ၏ လက်ရှိခွန်အားဖြင့် သူတို့ကို သတ်ဖြတ်နိုင်ပေသည်။

သို့ဖြစ်၍ ထိုလုပ်ငန်းစဉ်သည် သိပ်မကြာပေ။ နောက်ဆုံးမှာတော့ ဇောက်ထိုးတောင်သုံးလုံးသည် အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။ တစ်ချိန်တည်းမှာ ကျင့်ကြံသူသုံးလေးယောက်သည် အပြင်သို့ ထွက်ပြေးသွားကြသည်။

သို့သော်လည်း တားမြစ်အဆိပ်က ပျံ့နှံ့ထွက်လာသည့်အခါ ကျင့်ကြံသူအများစုသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

အဝေးမှကြည့်လျှင် နဝမမြောက်တောင်သည် သွေးဖြင့် စွန်းထင်နေသည်။ မူလက မည်းနက်နေသော တောင်သည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

လွတ်မြောက်သွားသော ကျင့်ကြံသူတချို့သည်တော့ အော်ဟစ်ညည်းတွားနေကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ယိုယွင်းပျက်စီးနေသည်။ နောက်ဆုံးမှာတော့ သူတို့က သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး တခြားနေရာများပေါ်သို့ ပြုတ်ကျသွားကြသည်။

ရွှီချင်းသည် သူတို့ကို ဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူက လေထဲမှာ လမ်းလျှောက်နေသည်။ တခြားတောင်များမှ ကျင့်ကြံသူများက နှလုံးတုန်နေပြီး ချောက်ချားထိတ်လန့်နေကြစဉ် သူက သွေးစွန်းနေသော နဝမမြောက်တောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ထို့နောက် သူက လှံစိုက်ထားသော နေရာဆီသို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။

လေသည် တဟူးဟူးတိုက်ခတ်လာပြီး ပြင်းထန်သော သွေးနံ့ကို ဆောင်ကြဉ်းလာသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ရင်းနှီးကျွမ်းဝင်သော အနံ့က သူ့အား အတိတ်ကို ပြန်လည်အောက်မေ့စေသည်။

သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။

All Chapters