← Chapters

အင်အားကြီးမားသည့် သိုင်းဘုရင်

Vol. 43 Ch. 606

အင်အားကြီးမားသည့် သိုင်းဘုရင်

Vol. 43 Ch. 606

ဝူမင်နှင့်စစ်သူကြီးများကို စောင့်ကြည့်နေရင်းဖြင့် ဘေးရှိစစ်‌သူကြီးတစ်ဦးကို ဝူရှောင်း ညွှန်ကြားလိုက်သည်။ ဤမျှ ကြမ်းတမ်းခက်ထန်လွန်းသည့် တိုက်ခိုက်မှုဖြစ်ရာ ဝူရှောင်းပင်လျှင် သူ၏လျို့ဟော်စစ်တပ်သည် ဤတိုက်ပွဲကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မသေချာနိုင်ပါချေ။

ထို့ပြင် ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ ဝှက်ဖဲကို သူတို့မသိရသေးပေ။ သူတို့မှန်းဆထားသည့်အတိုင်း ကောင်းကင်တာ့အိုမျိုးနွယ်စုများသည် ငှက်ဝါကျားကြီးဖြစ်နေခဲ့လျှင် စန်းရိမြို့တော်မှာ အန္တရာယ်ကျရောက်နေလေပြီ။

“ဟုတ်ကဲ့ စစ်သေနာပတိချုပ်!”

ချန်ဟုန်သည် စစ်မြေပြင်အတွက် စိုးရိမ်ပူပန်သော်ငြား သူလုပ်နိုင်သည့်အရာ မရှိပေ။ ဧကရာဇ်ကြီးသို့ သတင်းပို့ဆောင်ခြင်းသည်လည်း သာတူညီမျှအရေးကြီး၏။ ထို့ကြောင့် စကားတစ်ခွန်းဖြေကြားပြီးနောက် အမြန်ထွက်သွားတော့သည်။

ဘုန်း!

စစ်မြေပြင်ကြီးတစ်ခုလုံး၌ မိုးခြိမ်းသံကဲ့သို့ ‌မြည်ဟီးသံကြီးများ ပဲ့တင်ထပ်နေပြီး အင်အားကြီးမားလှစွာသော စွမ်းအင်မုန်တိုင်းကြီးသည် စစ်မြေပြင်တစ်ခွင်ကို ဖြတ်သန်းဖုံးလွှမ်းသွားသည်။ လျို့ဟော်စစ်တပ်နှင့် ကောင်းကင်တာ့အိုမျိုးနွယ်စုစစ်သည်များသည် အပြင်းအထန်တိုက်ခိုက်နေကြသည်။

ကောင်းကင်တာ့အိုမျိုးနွယ်စု၏ မဟာမိတ်များသည် အရေအတွက်ဖြစ်စေ၊ အင်အားအရာ၌ဖြစ်စေ လျို့ဟော်စစ်တပ်ထက် သာလွန်နေသည်။ စစ်တပ်နည်းဗျူဟာမျိုးစုံကို လေ့ကျင့်ထားခဲ့ခြင်းနှင့် စစ်သည်တစ်ဦးစီတိုင်း၏ အင်အားသည် အားမနည်းသောကြောင့် မဟုတ်ခဲ့လျှင် ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ ရူးသွပ်မှုကို ခုခံဟန့်တားနိုင်လိမ့်မည်မဟုတ်ပေ။

ယခု‌တောင်မှ ခုခံတိုက်ခိုက်ရန်မှာ အလွန်တရာခက်ခဲနေခဲ့ပြီး စစ်ပွဲအတွင်း အသေအပျောက်မှာလည်း ယခင်က ဘယ်သောအခါမျှ မရှိခဲ့ဖူးသော ပမာဏဖြစ်၏။ အချိန်တိုလေးအတွင်း၌ လျို့ဟော်စစ်တပ်သည် လွန်ခဲ့သည်နှစ်‌ရာပေါင်းများစွာ၏ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများအားလုံးပေါင်းထက် ပိုမိုများပြားသွားခဲ့သည်။

အကယ်၍များ လျို့ဟော်စစ်တပ်မဟုတ်ဘဲ အခြားစစ်တပ်တစ်ခုမှ ခုခံတိုက်ခိုက်ခဲ့ရပါက ဤခံတပ်သည် ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ အပြင်းအထန်ရူးသွပ်နေသော တိုက်ခိုက်မှုများအောက်၌ ကျဆုံးသွားခဲ့ပြီး ဖြစ်လောက်ပေမည်။

ဘုန်း!

ထိုအခိုက်အတန့်၌ ပို၍အင်အားကြီးမားသော စွမ်းအင်ထုတ်လွှတ်မှုနှင့်အတူ သန်မာထွားကြိုင်းသည့်ပုံရိပ်ကြီးတစ်ခု စစ်ပွဲလေဟာပြင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိသောအရှိန်အဝါများ ဖြာထွက်နေ၏။

“မရဏမျိုးနွယ်စုရဲ့ မဟာအစောင့်‌အရှောက်ကြီး!”

ထိုပုံရိပ်ကြီး ဦးတည်လာနေသည်ကိုမြင်သောအခါ ‌ဝူရှောင်း၏မျက်လုံးအိမ်တို့ ရုတ်ချည်းမှေးကျုံ့သွားပြီး အသံနိမ့်ဖြင့်ရေရွတ်လိုက်သည်။

ထိုတစ်ယောက်ကို ဝူရှောင်း မစိမ်းသက်ပါ။ ထိုလူသည် ဝူရှောင်း၏ ရန်သူဟောင်းကြီးဖြစ်သည်။ ထိုလူသည် ကောင်းကင်တာ့အိုမျိုးနွယ်စုထဲတွင် ဝူရှောင်းနှင့် လက်ရည်ယှဉ်နိုင်သည့် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကျင့်ကြံသူဖြစ်သည်။

ကောင်းကင်တာ့အိုမျိုးနွယ်စုတစ်ခုလုံး၌ အစောင့်အရှောက်ရာထူးအားလုံးသည် အင်အားကြီးမားသည့် ချန်ခွမ်းသူတော်စင်ကျင့်ကြံသူများဖြစ်ကြသည်။ ဤမဟာအစောင့်အရှောက်ကြီးသည် ကောင်းကင်တာ့အိုမျိုးနွယ်စုတွင် အင်အားအကြီးမားဆုံးသော ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကျင့်ကြံသူဖြစ်၏။

သို့သော် သူ၏ရန်သူတော်ဟောင်းကြီးသည် ဤမျှမြန်မြန်ထွက်ပေါ်လာခဲ့မည်ဟု ဝူရှောင်း မျှော်လင့်မထားခဲ့ပေ။ ကြည့်ရသည်မှာ ကောင်းကင်တာ့အိုမျိုးနွယ်စုသည် ဤတစ်ကြိမ်တွင် စန်းရိမင်းဆက်ကို ကျူးကျော်အပိုင်သိမ်းရန် ဆုံးဖြတ်ချက်ချထားပုံ‌ရ၏။

‌မဟာအစောင့်အရှောက်ကြီး၏ ထွက်ပေါ်လာမှုနှင့်အတူ အင်အားတူညီသော ကြောက်မက်ဖွယ်စွမ်းအင်ကြီးနှစ်ခု ရုတ်တရက် ဖြာထွက်လာခဲ့သည်။ ထို့နောက် နောက်ဘက်မှ သန်မာထွားကြိုင်းသည့်ပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာပြန်သည်။

“ဖျက်ဆီးခြင်းမျိုးနွယ်စုရဲ့ မဟာအစောင့်အရှောက် ကျယ့်ကွေ၊ ရွှမ်းဟိုင်မျိုးနွယ်စုရဲ့ မဟာအစောင့်အရှောက် ရွှမ်းယောင်”

ထိုပုံရိပ်နှစ်ခု၏ထွက်ပေါ်လာမှုကြောင့် ဝူရှောင်း၏မျက်လုံးအိမ်များ မှေးကျဉ်းသွားသည်။ သူ၏ဂုဏ်သရေတင့်တယ်သော မျက်နှာအမူအရာသည် ပိုမိုလေးနက်ပြင်းထန်လာခဲ့သည်။ ထိုနှစ်ဦးသည် ဝူရှောင်းထက် အင်အားမကြီးမားသော်ငြား သူနှင့်ယှဉ်တိုက်ရန်အတွက်မူ အရည်အချင်းပြည့်မီသည်။

‌ကျယ့်ကွေအပါအဝင်သုံးဦးပူပေါင်းလိုက်ပါက ဝူရှောင်းသည်လည်း အနိုင်တိုက်နိုင်ရန် မသေချာပေ။

“ဝူရှောင်း ထွက်လာပြီးတိုက်ခိုက်စမ်း! ဒီနှစ်တွေအတွင်း မင်းဘယ်လောက်တောင်တိုးတက်လာခဲ့လဲဆိုတာ ငါအရှင်သခင်ကြည့်စမ်းပါရစေ!”

ကျယ့်ကွေသည် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်လျက် ဝူရှောင်းကို အေးစက်စွာကြည့်နေသည်။ မီးခိုးရောင်မျဉ်းကြောင်းများ ပြည့်နှက်နေသောမျက်နှာသည် ‌စဉ်းလဲသည့်အပြုံးကိုဆောင်ကာ ကျယ်လောင်စွာအော်ပြော၏။

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွား၏။

ဘုန်း!

ဝူရှောင်း မျက်မှောင်ကြုတ်လိုက်ပြီး ကြောက်ခမန်းလိလိသောစွမ်းအင်များ ဖြာထွက်စေလိုက်သည်။ ထို့နောက် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ၏ မဟာအစောင့်အရှောက်သုံးဦးရှေ့သို့ ရုတ်ချည်းရောက်ရှိသွားပြီး စကားတစ်ခွန်းမဆိုဘဲ ချက်ချင်း လက်သီးဖြင့်ထိုးချလိုက်သည်။

စစ်မြေပြင်၌ ဝူရှောင်းသည် ဘယ်သောအခါမှ စကားအချေအတင်‌မပြောတတ်ခဲ့။ တိုက်ရိုက်တိုက်ခိုက်တတ်သည်ဖြစ်၏။

ဝူရှောင်း၏လက်သီးမှ တောက်ပသောစွမ်းအင်များတောက်ပလာပြီး ‌ကြီးကျယ်ခမ်းနားသောစွမ်းအင်များသည် ဧရာမလက်သီးသဏ္ဍာန်ကြီးအဖြစ် စုဝေးဖြစ်တည်သွားသည်။

ကြောက်ခမန်းလိလိသော လက်သီးစွမ်းအင်သည် လောကတစ်ခွင်သို့ လွှမ်းခြုံပျံ့နှံ့သွားသည်။ လက်သီးထိုးချက်ကို မထုတ်လွှတ်မီကပင် လက်သီးစွမ်းအင်ကြောင့် လေဟာပြင်မှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲနေခဲ့ပြီဖြစ်သည်။

ဘုန်း!

အချိန်ခဏအတွင်း၌ပင် အဆုံးမဲ့လက်သီးစွမ်းအင်သည် မိုးများ ဒလဟောသည်းထန်စွာ ရွာသွန်းသကဲ့သို့ မဟာအစောင့်အရှောက်သုံးဦးကို ဦးတည်ရိုက်ခတ်၏။ ထိုစွမ်းအင်သက်ရောက်မှုကြီးကြောင့် မဟာအစောင့်အရှောက်သုံးဦးထက်ရှိ လေဟာပြင်သည်လည်း ပြိုကွဲကျလာခဲ့သည်။

“အတင့်ရဲလိုက်တာ!”

ဝူရှောင်းမှ စကားမဆိုဘဲ တိုက်ရိုက်တိုက်ခိုက်လာသည်ကို မြင်သောအခါ မဟာအစောင့်အရှောင်သုံးဦးတို့၏ မျက်နှာအမူအရာတို့ မှုန်မှိုင်းမည်းညစ်သွား၏။ သူတို့သုံးဦးအင်အားပေါင်းစည်းတော့မည့် အနေအထား၌ပင် ဝူရှောင်းသည် ဤသို့မောက်မာထောင်လွှားနေဦးမည်ဟု သူတို့မျှော်လင့်မထားခဲ့ပေ။

မဟာအစောင့်အရှောက်သုံးဦး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးများ မြင့်တက်ထွက်ပေါ်လာပြီး ဝန်းကျင်တစ်ခွင်၌ လေမုန်တိုင်းသဖွယ် ဖြစ်တည်သွားခဲ့သည်။ သူတို့လက်ဆွဲအားနှင့်အတူ စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ထက်ရှိ ဝူရှောင်း၏ လက်သီးသဏ္ဍာန်သို့ ဦးတည်သွားခဲ့သည်။

ဘုန်း!

တိုက်ခိုက်စွမ်းအင်နှစ်ခု ပြင်းထန်စွာ ထိခတ်သွား၏။ အင်အားကြီးမား‌ေသာ စွမ်းအင်လှိုင်းကြီးများ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ဖြာထွက်သွားပြီး ထိုလမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ပျက်စီးသွားစေခဲ့သည်။ အောက်ဘက်ရှိ စစ်မြေပြင်၌ နီးနီးကပ်ကပ်ရှိနေကြသည့် စန်းရိမင်းဆက်စစ်သည်များနှင့် ကောင်းကင်တာ့အိုမျိုးနွယ်စုစစ်သည်များစွာတို့သည် ဤစွမ်းအင်လှိုင်းများ ပျံ့နှံ့ရိုက်ခတ်မှုကြောင့် လွင့်စင်သွားကြရကာ သွေးပွက်ပွက်အန်ထွက်ကုန်ကြသည်။

ဤစွမ်းအင်လှိုင်းပေါက်ကွဲဖြာထွက်မှုပြီးနောက်တွင်လည်း နှစ်ဖက်စစ်သည်များသည် တိုက်ပွဲကိုမရပ်တန့်ကြပေ။ ဝူရှောင်း၏ခန္ဓာကိုယ်သည် အလင်းစီးကြောင်းကဲ့သို့ ကောင်းကင်တာ့အိုမျိုးနွယ်စု၏ မဟာအစောင့်အရှောက်သုံးဦးသို့ ဦးတည်တိုက်ခိုက်ပြန်သည်။ ‌စွမ်းအင်ထုကို ‌အင်အားကြီးမားလှစွာသော ရုပ်ခန္ဓာမှ ဆုတ်ဖြဲထွက်လာခဲ့ရာ ပင်လယ်ရေစီးကြောင်းကဲ့သို့ အလွန်တရာ အင်အားကြီးမားလှပေသည်။

မဟာအစောင့်အရှောက်သုံးဦး၏ မျက်နှာတို့မှာ ပို၍မည်းမှောင်သွားရ၏။ ထို့နောက် ကြောက်ခမန်လိလိစွမ်းအင်တို့ကို ထုတ်လွှတ်လိုက်ကြပြီး ဝူရှောင်း၏စွမ်းအင်နှင့် ထိခတ်စေသည်။ သူတို့သည် ဝူရှောင်းနှင့် တစ်ဦးချင်းတိုက်ခိုက်ရပါက ရှုံးနိမ့်သွားမည်ကို စိုးရိမ်ပူပန်ရနိုင်၏။ သို့သော် ယခု၌ သူတို့သုံးဦး အင်အားပေါင်းစည်းထားကြသည်ဖြစ်ရာ ဝူရှောင်းကို စိုးစဉ်းသော်မျှ ကြောက်ရွံ့မနေပါချေ။

နှစ်ဖက်မျိုးနွယ်စု၏တိုက်ပွဲမှာ အလွန်တရာပြင်းထန်နေပေသည်။ ကောင်းကင်တစ်ခွင်လုံး၌ စွမ်းအင်မုန်တိုင်းကြီးများ အဆက်မပြတ် ပျံ့နှံ့လွှမ်းခြုံနေပြီး နားကွဲလုမတတ်သော ဟိန်းဟောက်သံကြီးများလည်း မကြာခဏ မြည်ဟီးနေသည်။ တိုက်ခိုက်နေကြသည် နှစ်ဖက်စစ်သည်များမှာ ၎င်းသက်ရောက်မှု‌များကြောင့် တစ်ချက်တစ်ချက် တုန်ယင်သွားကြရပြီး စွမ်းအင်လှိုင်းသက်ရောက်မှုကို အပြင်းအထန်ခံစားကြရသည်။

…..

နယ်စပ်ဒေသ၏စစ်ပွဲနှင့် တစ်ပြိုင်နက်တည်းတွင်ဖြစ်သည်။

စန်းရိမြို့တော်၏ မင်းသားကြီးစံအိမ်၌ မင်းသားကြီးသည် ခန်းမထဲတွင် ငြိမ်သက်တိတ်ဆိတ်အေးစက်စွာ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို လည်ပတ်စီးဆင်းစေခြင်းဖြင့် မျက်လုံးဖိမှိတ်လျက် ကျင့်ကြံနေသည်။

“မင်းသားကြီး!”

ထိုအခိုက်အတန့်၌ ခန်းမအပြင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာသောကြောင့် မင်းသားကြီးလန်လဲ့ မျက်လုံးဖွင့်လိုက်သည်။ အလင်းတစ်စ တောက်ပသွားပြီး သူ၏ရှေ့ရှိလေဟာပြင်ကို ဆုတ်ဖြဲပစ်လိုက်၏။

“ဘာကိစ္စလဲ”

လက်ကိုဝှေ့ယမ်း၍ အကာအကွယ်စည်းကို ဖယ်ရှားလိုက်ရာ ခန်းမတံခါး ပွင့်ဟသွား၏။ ထို့နောက် လန်လဲ့ အသံ့နိမ့်ဖြင့်မေးမြန်းလိုက်သည်။

“မင်းသားကြီး ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲတွေ လှုပ်ရှားနေကြပါပြီ။ အခု နယ်စပ်မှာ လျို့ဟော်စစ်တပ်နဲ့ တိုက်ခိုက်နေကြပါတယ်။ စစ်ပွဲက အင်မတန်ပြင်းထန်ပါတယ်။ ဝူရှောင်းက စစ်ကူတောင်းခံဖို့အတွက် စစ်သူကြီးချန်ဟုန်ကို စန်းရိမြို့တော်ကို စေလွှတ်လိုက်ပါတယ်”

စစ်ချပ်ဝတ်တန်ဆာဖြင့် စစ်သည်တစ်ယောက်သည် ခန်းမထဲသို့ ဝင်ရောက်လိုက်ပြီးနောက် လန်လဲ့ကို ရိုကျိုးစွာ လျှောက်တင်၏။

“အို?”

စစ်သည်၏စကားအဆုံး၌ လန်လဲ့၏မျက်လုံးအစုံတို့ တောက်ပသွား၏။ မထိန်းချုပ်နိုင်စွာဖြင့် စိတ်လှုပ်ရှားတက်ကြွလာလေသည်။

စစ်ပွဲစတင်စေရန် ထိုကောင်းကင်တာ့အိုမျိုးနွယ်စုများဆီသို့ သူသွားရောက်ခဲ့စဉ်တည်းက လန်လဲ့သည် နယ်စပ်ဒေသကို စောင့်ကြည့်ထားခဲ့ပြီဖြစ်သည်။ သူ၏အကျပ်ကိုင်မှုဖြင့် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် စစ်ပွဲစတင်ရန် သဘောတူခဲ့ကြ၏။ သို့သော် ထိုစစ်ပွဲသည် အရာမရောက်လှသော လှုပ်ရှားမှုလေးတစ်ခုဟုသာ လန်လဲ့တွေးထင်ခဲ့သည်။

သို့သော် မမျှော်လင့်စွာဖြင့် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် အလွန်အင်အားကြီးမားနေခဲ့လေသည်။ မြောက်များစွာသောစစ်သည်များကို စေလွှတ်၍ လျို့ဟော်စစ်တပ်ပင်လျှင် ခြေကုန်လက်ပန်းကျအောင် စွမ်းဆောင်နေခဲ့လေသည်။

All Chapters