← Chapters

ဘိုးဘေးပိုင်သစ်ပင်

Vol. 44 Ch. 610

ဘိုးဘေးပိုင်သစ်ပင်

Vol. 44 Ch. 610

“ဒသမညီငယ် ငါတို့မင်းကို သာလိကာနဲ့တွေ့ဖို့ ခေါ်သွားပေးရမလား”

“သာလိကာလည်း မင်းကိုပြန်တွေ့ရရင် အရမ်းဝမ်းသာမှာ”

ညီ၁၃မှ ဝမ်ဖုန်းကို မေးသည်။

ထိုလူကြီးများသည် တမ်းတလွမ်းဆွတ်စွာဖြင့် ဝမ်ဖုန်းကို ကြည့်နေကြသည်။ ဝမ်ဖုန်း ပြန်လည်ရောက်ရှိလာခြင်းကိုလည်း အံ့အားသင့်နေကြပြီး ယခုနှစ်များအတွင်း ဝမ်ဖုန်း မည်သည့်အရပ်သို့ ရောက်ရှိနေခဲ့ကြောင်းကို သိချင်နေကြသည်။

ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။

ဝိဉာဉ်ကျေးရွာ၏ သက်တမ်းအရင့်ဆုံးတည်ရှိမှုဖြစ်ရာ သာလိကာသည် ညီ၁၃နှင့်အခြားလူကြီးများထက် ဝိဉာဉ်ကျေးရွာ၏လျှို့ဝှက်ချက်များကို ပိုသိထားနိုင်၏။ သာလိကာဟူသည့်ပုဂ္ဂိုလ်ထံမှ ဝိဉာဉ်ကျေးရွာအကြောင်းကို မေးမြန်းရနိုင်ကောင်းပေသည်။

“ဒသမညီငယ် ဒီဘက်ကိုလိုက်ခဲ့ပါ”

ညီ၁၃သည် လက်ဆန့်တန်းညွှန်ပြ၍ ဝမ်ဖုန်းကို ဦးဆောင်ခေါ်ဆောင်သွားသည်။ ကျန်လူကြီးများသည်တော့ နေရာ၌သာ ကျန်ရစ်ခဲ့ကြပြီး ဝမ်ဖုန်းနှင့် ညီ၁၃တို့ ဝိဉာဉ်ကျေးရွာထဲသို့ တဖြေးဖြေးဝင်ရောက်သွားသည်ကို ကြည့်နေကြသည်။

ညီ၁၃နောက်မှ ဝိဉာဉ်ကျေးရွာသို့ ဝင်ရောက်သွားသည့်တစ်လျှောက်လုံးတွင် ဝမ်ဖုန်းသည် ဝိဉာဉ်ကျေးရွာကို အကဲခတ်ကြည့်ရှု၍ လိုက်သွားခဲ့သည်။

ဤဝိဉာဉ်ကျေးရွာသည် အလွန်တရာ သာမန်ဆန်လှပြီး အိမ်အားလုံးမှာ သက်ကယ်မိုးအိမ်များဖြစ်ကြသည်။ သို့သော် သက်ကယ်မိုးအိမ်များဖြစ်ကြသော်ငြား လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်တစ်မျိုး စွဲမြဲတည်ရှိနေလေရာ ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ စိတ်နှလုံးတုန်လှုပ်နေတော့သည်။

သာမန်ထင်ရသော ဤဝိဉာဉ်ကျေးရွာသည် အလွန်တရာသာလွန်ထူးကဲသော၊ တုနှိုင်းမမီလောက်အောင် လျှို့ဝှက်ဆန်းကြယ်သော တစ်စုံတစ်ရာ ပုန်းအောင်းတည်ရှိနေပေသည်။ ထို့ကြောင့် ဝမ်ဖုန်းသည်လည်း ဤဝိဉာဉ်ကျေးရွာ‌အပေါ် ပို၍စိတ်ဝင်စားလာခဲ့သည်။

ဒီနေရာက တကယ်ပဲဘာလဲ?

ဝမ်ဖုန်း စိတ်ထဲမှနေ၍ မှတ်ဉာဏ်အားလုံးကို ပြန်လှန်တွေးတောနေခဲ့သည်။ သို့သော် ဤဝိဉာဉ်ကျေးရွာနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမှ စဉ်းစားမရခဲ့ပေ။ ‌ဤကမ္ဘာလောကကြီး၌ ဤမျှထိ လျှို့ဝှက်ဆန်းကြယ်သည့်‌နေရာမျိုး ရှိနေလိမ့်မည်ဟု ဝမ်ဖုန်း တစ်ကြိမ်တစ်ခါမျှ မတွေးထားခဲ့ဖူးပါချေ။

“ညီ၁၃ အစ်ကိုကြီးတို့က တကယ်ပဲပျောက်သွားကြတာလား”

ဝမ်ဖုန်း တစ်စုံတစ်ရာကိုတွေးမိသွားသောကြောင့် ရှေ့ရှိ ညီ၁၃ကို မေးလိုက်သည်။

အရမ်းထူဆန်းနေသည်။ ဤဝိဉာဉ်ကျေးရွာသားများသည် ကျင့်ကြံမှု‌အခြေခံ လုံးဝမရှိဟု ထင်ရသော်ငြား သူတို့၏နောက်တွင် သာလွန်ထူးကဲသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်နိယာမတစ်မျိုး အမြဲတစေ လိုက်ပါတည်ရှိနေပေသည်။ ထိုကဲ့သို့သော စွမ်းအင်ကြီးရှိနေသည်ဖြစ်ရာ ကျင့်ကြံမှုအခြေခံ မရှိလျှင်သော်မှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းသံသရာစက်ဝန်းကို ကြုံတွေ့ခံစားရလိမ့်မည် မဟုတ်‌ကြချေ။

“ဘိုးဘေးတွေရဲ့ ‌သင်ကြားမှုတွေအရတော့ ကပ်ဘေးကြီးစတင်တဲ့အခါ အဲဒီ့ကပ်ဘေးကို တားဆီးဖို့အတွက် လူအုပ်စုတစ်စု ရွေးချယ်ခံရလိမ့်မယ်။ ပျောက်ဆုံးသွားတဲ့ အစ်ကိုကြီးနဲ့ တခြားသူတွေက ရွေးချယ်ခံရသူတွေဖြစ်ခဲ့တာပဲ။ ရွေးချယ်ခံရတယ်ဆိုတာက ပျောက်ကွယ်ရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ထပ်တူညီတယ်”

“အဲဒါပြီးတော့ အစ်ကိုကြီးတွေ ဘယ်‌တော့မှ ပြန်ရောက်မလာကြတော့ဘူး”

ဝမ်ဖုန်း၏အမေးစကားကို ညီ၁၃မှ အသံနိမ့်ဖြင့် ပြန်ဖြေသည်။ ကပ်ဘေးကြီးအကြောင်းသည် လုံးဝမပြောအပ်သည့်အကြောင်းရာအလား… ဝမ်ဖုန်း၏ ဒသမညီငယ်ဟူသော သရုပ်မှန်ကြောင့်သာမဟုတ်ခဲ့လျှင် ဤအကြောင်းရာများကို ပြောပြလိမ့်မည်မဟုတ်ချေ။

ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤဝိဉာဉ်ကျေးရွာ၌ စိတ်ကူးမှန်းဆ၍မရနိုင်သည့် လျှို့ဝှက်အကြံအစည်ကြီးတစ်ခု ‌ပုန်းအောင်းနေသည်ဟု ပို၍ပို၍ခံစားလာရသည်။

လျှို့ဝှက်အကြံအစည်မဟုတ်ခဲ့လျှင် ဤဝိဉာဉ်ကျေးရွာသည် ဝမ်ဖုန်း စိတ်ကူးမှန်းဆရန် မတတ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်အစီအရင်တစ်ခုအောက်၌ ကျရောက်နေခြင်းဖြစ်ပေလိမ့်မည်။

“ကျွန်တော်တို့ ဝိဉာဉ်ကျေးရွာရဲ့ ဒီတောင်တန်းဒေသက လူတစ်ယောက်ရဲ့လက်သီးထိုးချက်တစ်ချက်လောက်နဲ့ ဖျက်ဆီးခံရနိုင်တာမျိုးလား”

ဝမ်ဖုန်း၏အမေးကြောင့် ညီ၁၃ အချိန်ခဏမျှ ကြောင်အသွား၍ ဝမ်ဖုန်းသို့ နောက်ပြန်လှည့်ကြည့်လာသည်။ သူ၏မျက်နှာမှာ ထူးထူးဆန်းဆန်းအရောင်အသွေးများ ထင်ဟပ်လျက် ဝမ်ဖုန်းကို အရူးတစ်ယောက်ကိုကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည်။

“ဒသမညီငယ် မင်းက အရမ်းတုံးအလွန်းတာများလား?”

“ဘယ်သူကမှ တောင်ကို လက်သီးတစ်ချက်နဲ့ မဖျက်ဆီးနိုင်ဘူးလေကွာ!”

ညီ၁၃မှ အသိလက်လွတ်ပြောလိုက်မိလေသည်။ ပြောထုတ်ပြီးနောက်မှ သူ၏စကားလုံးများမှာ မသင့်‌တော်လှဟု ပြန်လည်အသိဝင်သွားကာ ဝမ်ဖုန်းကို သတိတကြီးဖြင့် အကဲခတ်ကြည့်လာသည်။ ဝမ်ဖုန်းထံမှ ဒေါသအဟုန်ကို မခံစားမိသောအခါမှသာ စိတ်သက်သာရာရစွာ အသက်ပြင်းပြင်းရှူသွင်းနိုင်တော့သည်။

ဤနေရာသည် ကျင့်ကြံရေးလမ်းစဉ်မရှိသည့် ‌

ကမ္ဘာတစ်ခုဖြစ်ဟန်တူသည်။ ဤဝိဉာဉ်‌ကျေးရွာကို လျှို့ဝှက်ဆန်းကြယ်စွမ်းအင်များဖြင့် လွှမ်းခြုံထားခြင်းမရှိပါက သေမျိုးကမ္ဘာနှင့် ဘာမျှခြားနားလိမ့်မည်မဟုတ်ပေ။

ညီ၁၃၏စကားအဆုံးတွင် ဝမ်ဖုန်း စိတ်ထဲမှ တွေးတောနေခဲ့သည်။ ဝိဉာဉ်ကျေးရွာကို မြူခိုးထုတစ်ခုဖြင့် လွှမ်းခြုံထားသည်ဟု ခံစားနေရ၏။ သူတွေးတောလေလေ ပို၍လျှို့ဝှက်ဆန်းကြယ်လွန်းသည်ဟု ခံစားလာရပေသည်။

“ဒသမညီငယ် ငါတို့ရောက်ပြီ”

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်တွင် ညီ၁၃မှ ရုတ်တရက်ပြောလာသည်။ ဝမ်ဖုန်းသည်လည်း တွေးတောနေရာမှ အသိပြန်ဝင်လာခဲ့ကာ ညီ၁၃ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည်။ မြင်ကွင်းကြောင့် ဝမ်ဖုန်း အံ့အားသင့်သွားရ၏။

ဝမ်ဖုန်း သတိမထားမိလိုက်ခင်မှာပင် ဝိဉာဉ်ကျေးရွာ၏ အနက်ရှိုင်းဆုံးသို့ ရောက်နေခဲ့လေပြီ။ ဤအနက်ရှိုင်းဆုံးနေရာ၏ ဆယ်မိုင်ခန့်အကွာတွင် စင်မြင့်တစ်ခုရှိသည်။ စင်မြင့်၏အလယ်ဗဟို၌ မြင့်သွန်းသည့်သစ်ပင်ကြီးတစ်ပင် ရှိနေသည်။

၎င်းသစ်ပင်ကြီးသည် မြင့်သွန်းလွန်းသောကြောင့် တစ်ချက်ကြည့်ရုံမျှဖြင့် သစ်ပင်ထိပ်ကို မမြင်နိုင်ပေ။ သစ်ပင်ထက်တွင် ကမ္ဘာလောက၏ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအင်နိယာမများ တည်ရှိနေသည်။ ၎င်းစွမ်းအင်များကြောင့် သစ်ပင်ကြီးတွင် အဆုံးမဲ့‌သောအသက်စွမ်းအင်များတည်ရှိနေပြီး သက်ရှိသတ္တဝါတစ်ဦးအလား စိတ်ဝိဉာဉ်အငွေ့အသက်များ ပြည့်နှက်လွှမ်းခြုံနေပေသည်။

ထူထပ်သိပ်သည်းသော အကိုင်းအခက်များသည် လေပြည်နှင့်အတူ လှုပ်ယိမ်းနေကြလျက် အစိမ်းရောင်သစ်ရွက်များသည် နတ်သူငယ်လေးများကဲ့သို့ ပြန့်ကျဲတည်ရှိနေသည်။ ထိုမြင်ကွင်းသည် မြင်‌တွေ့ရသူအပေါင်းကို စိတ်နှလုံးတည်ငြိမ်အေးချမ်းစေ၏။

ဤသစ်ပင်ကြီးအောက်၌ မိမိ၏ ဝမ်းနည်းပူဆွေးမှုအားလုံးကို မေ့ဖျောက်ပစ်နိုင်ကောင်းသည်။

ထိုသစ်ပင်ကြီးအောက်၌ ဆံနွယ်ဖြူလူငယ်တစ်ဦးနှင့် အနက်ရောင်ဆံနွယ်ပိုင်ရှင်လူငယ်တစ်ဦးတို့ တင်ပျဉ်ခွေ‌ထိုင်နေကြသည်။ ထိုလူငယ်နှစ်ဦးသည် မျက်လုံးအစုံကိုဖိမှိတ်၍ အနားယူနေကြ၏။ ချောမောခံ့ညားသောမျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့တို့တည်ရှိနေလေရာ သူတို့ထံမှ ရင်းနှီးဖော်ရွေမှုအငွေ့အသက်ကို ခံစားနိုင်လေသည်။

“ဒါက သာလိကာ.. ဒါက အစ်ကို၉”

ညီ၁၃မှ ထိုလူငယ်နှစ်ဦးကိုညွှန်ပြ၍ ဝမ်ဖုန်းကို မိတ်ဆက်ပေးသည်။

ညီ၁၃၏အသံမှာ အလွန်ဖျော့တော့နေ၏။ အစ်ကိုသာလိကာနှင့် အစ်ကို၉တို့ကို ဝမ်ဖုန်းနှင့် အမှန်တကယ် ဆုံတွေ့စေချင်သည့်တိုင် အစ်ကိုများ အနားယူနေချိန်တွင် အနှောင့်အယှက်မပြုဝံ့ပါချေ။

ဝိဉာဉ်ကျေးရွာ၏ သက်တမ်းအရင့်ဆုံးတည်ရှိမှုဖြစ်ရာ အစ်ကိုသာလိကာနှင့် အစ်ကို၉တို့မှာ ငယ်ရွယ်ကြသော်ငြား သူတို့၏ဩဇာသက်ရောက်မှုကို မည်သူမျှမလွန်ဆန်နိုင်ကြပေ။

ထိုအစ်ကိုသာလိကာနှင့် အစ်ကို၉တို့သည် ဝိဉာဉ်ကျေးရွာ၏ သက်တမ်းအရင့်ဆုံးတည်ရှိမှုဖြစ်သည့်အလျောက် ညီ၁၃နှင့်အခြားသူများထက် ပို၍အသက်ကြီးရင့်မည်ဟု ဝမ်ဖုန်း တွေးထင်ထားခဲ့၏။ ‌သို့သော် မမျှော်လင့်စွာဖြင့် ထိုအစ်ကိုသာလိကာနှင့် အစ်ကို၉တို့သည် လူငယ်များဖြစ်နေကြသည်။

သေချာပေါက်ပင် ထိုနှစ်ဦးမှာ ငယ်ရွယ်သည့်ရုပ်ဆင်းသွင်ပြင်ရှိနေခြင်းသာဖြစ်ကြောင်းကို ဝမ်ဖုန်းသိပါ၏။ သူတို့၏အသက်သည် စိတ်ကူးမှန်းဆနိုင်သည်ထက် များစွာပိုကြီးရင့်နေနိုင်ပေသည်။ ဝမ်ဖုန်းလည်း အတိအကျ မသိနိုင်ပေ။ 

သူတို့မှာ ကျင့်ကြံမှုအခြေခံလည်းမရှိကြတာကို ဘာလို့ ဒီလောက်အသက်ရှည်‌ကြတာလဲ?

လူအိုကဲ့သို့ပုံပန်းသွင်ပြင်ရှိ‌ေသာ ညီ၁၃နှင့်အခြားသူများသည်လည်း မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ ရှင်သန်ခဲ့ကြကြောင်းကို ဝမ်ဖုန်းခံစားမိပါ၏။

“အဲဒါကဘာလဲ?”

ဝမ်ဖုန်း သစ်ပင်ကြီးကိုညွှန်ပြ၍ မေးလိုက်သည်။

“အဲဒါက ဝိဉာဉ်ကျေးရွာရဲ့ ဘိုးဘေးစဉ်ဆက်ဆင်းသက်လာတဲ့ ဘိုးဘေးပိုင်သစ်ပင်ပဲ။ ပြီးတော့ ဝိဉာဉ်ကျေးရွာရဲ့အသက်သစ်ပင်လည်း ဖြစ်တယ်”

“ဒသမညီငယ် မင်းနဲ့ အကြီးဆုံးအစ်ကို၊အစ်ကို၉ယောက်တို့ကလွဲရင် ငါအပါအဝင် ဝိဉာဉ်ကျေးရွာသားအားလုံးက ဒီဘိုးဘေးပိုင်သစ်ပင်ကြီးကနေ မွေးဖွားလာခဲ့ကြတာပဲ။ နှစ်ကာလပေါင်းများစွာကြာမြင့်ပြီး တစ်ကြိမ်မှာ ဒီဘိုးဘေးပိုင်သစ်ပင်ကြီးက အသီး,သီးလိမ့်မယ်။ အသီးက မြေပြင်ကိုကြွေကျတဲ့အခါ ကလေးငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ဝိဉာဉ်ကျေးရွာသားအသစ်‌တစ်ယောက် မွေးဖွားလာတယ်”

ညီ၁၃သည် ထိုသစ်ပင်ကြီးကို လေးစားကြည်ညိုစွာကြည့်လျက် ရှင်းပြ၏။

ညီ၁၃၏စကားတွင် ဝမ်ဖုန်း မျက်နှာအမူအရာပြောင်းလဲသွားသည်။ စိတ်နှလုံး၌ ကြောက်ရွံ့ထိတ်လန့်မှုအချို့ ဖြတ်ပြေးသွား၏။ ဝိဉာဉ်ကျေးရွာဟူသောအမည်သည် ဤသစ်ပင်ကြီးမှ ဆင်းသက်လာခြင်းဖြစ်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။

သို့သော် ဤသစ်ပင်ကြီးထံမှ မည်သည့်စွမ်းအင်ကိုမျှ ဝမ်ဖုန်း မခံစားရပေ။

စွမ်းအင်မရှိတဲ့သစ်ပင်ကနေ ဘယ်လိုများ သက်ရှိသတ္တဝါကို မွေးဖွားပေးနိုင်ရတာလဲ?

တစ်နည်းဆိုရသော် ဝိဉာဉ်ကျေးရွာသည် ရှေးဦးလူသားဆယ်ယောက်မှအပ ကျန်လူများအားလုံးမှာ သစ်ပင်ကြီးထံမှ မွေးဖွားဖြစ်တည်လာခဲ့ခြင်းပင်။ သို့ဖြစ်ရာ ထိုရှေးဦးဆယ်ယောက်သာလျှင် ဝိဉာဉ်ကျေးရွာ၏လျှို့ဝှက်ချက်ကို သိရှိရန်အတွက် အဓိကသော့ချက်ဖြစ်ပေလိမ့်မည်။

ထိုအတွေးဖြင့် ဝမ်ဖုန်း ဆံဖြူလူငယ်နှင့် ဆံနက်လူငယ်နှစ်ဦးကို ကြည့်လိုက်သည်။ လက်ရှိ၌ ထိုရှေးဦးအစလူဆယ်ဦးတွင် နှစ်ဦးသာကျန်ရစ်၏။ ထို့ကြောင့် ဝိဉာဉ်ကျေးရွာ၏ လျှို့ဝှက်ချက်ကိုသိရှိနိုင်သူမှာ ဤနှစ်ဦးသာ ရှိပေလိမ့်မည်။

သို့သော် ဝမ်ဖုန်း စိုးထိတ်နေမိ၏။

ဒီနှစ်ယောက်က ငါက သူတို့ရဲ့ဒသမညီငယ် အတုအယောင်ဆိုတာကိုများ သိသွားမလား?

ထိုရှေးဦးလူသားဆယ်ဦးသည် ရင်းနှီးသည့်ဆက်နွယ်မှုရှိကြောင်းမှာ သိသာလှ၏။ ညီ၁၃နှင့်အခြားသူများသည် လွဲမှားမှုကို သတိမထားမိသည့်တိုင် သာလိကာနှင့် အစ်ကို၉သည်တော့ လွဲမှားမှုကို သတိထားမိကြလိမ့်မည်ဖြစ်၏။

သို့သော် ဝမ်ဖုန်းသည် ဝိဉာဉ်ကျေးရွာအကြောင်းကို သိချင်စိတ်ပြင်းပြမြဲဖြစ်၏။ 

အန္တရာယ်ကြားစွန့်စားရလျှင်သော်မှ မိမိမှာ အတုအယောင်ဖြစ်ကြောင်း သတိထားမိသွားနိုင်သည့်တိုင် သာလိကာနှင့် အစ်ကို၉ထံမှ ဝိဉာဉ်ကျေးရွာအကြောင်း သိရှိနိုင်ရန် ကြိုးစားကြည့်လိုပေသည်။

All Chapters