တိုက်ကြီးက လှိုင်းလုံးစီးခြင်း
Vol. 17 Ch. 243
ကျန်းချန်ရှန်း က မူမိသားစု အကြောင်း ကျန်းချဲ ကို ပြောပြသည်။ ထုံးစံအတိုင်း၊ ကျန်းချဲ သည် ပျော်ရွှင်နေပြီး မူ မိသားစု အခြေချပြီးနောက် မူရှန်းကော ကို ကိုယ်တိုင်ကိုယ်ကျ ဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
မဟာကျင်းဒေသ သည် မဟာမြိုင်ဟေဝန် သို့ ထွက်ခွာတော့မည် ဖြစ်ပြီး ၎င်းတို့ မထွက်ခွာမီ သိုင်းပညာရှင်များကို ပိုမိုဆွဲဆောင်နိုင်လေလေ၊ ပိုကောင်းလေဖြစ်သည်။
သူသည် ဖုန့်ထန်း နိုင်ငံတွင်ပင် ချောဆွဲချင်သော်လည်း ကျန်းချန်ရှန်း က ငြင်းပယ်ခဲ့သည်။ ဒီကိစ္စကို သူအရမ်းသိနေပါက အန္တရာယ်ရှိလာလိမ့်မည်ဟုလည်း သူက သတိပေးသည်။
မဟာကျင်းဒေသ သည် ကြိုတင်ပြင်ဆင်မှုများကြားတွင် ရှိနေခဲ့ပြီး ပြင်ပမှ အရင်းအမြစ်များနှင့် လူအင်အားအားလုံးကို စုဆောင်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ကျမ်းချန်ရှန်း သည် ဤနေရာနှစ်ခုကို အတူတကွ ပြောင်းရွှေ့ရန် ပြင်ဆင်နေသောကြောင့် ထန်းဟိုင် နှင့် အရှေ့ဘက်တ်ုက်ကြီး သည် မရွေ့ပေ။
ထိုနေရာနှစ်ခုတွင် ယုံကြည်သူအများအပြားရှိပြီး ၎င်းတို့နှစ်ခုစလုံးသည် မဟာကျင်းဒေသ နှင့်သက်ဆိုင်သည်။ ထို့ကြောင့် သူတို့နှစ်ခုအား တစ်ပါတည်း ပြောင်းရွှေ့ရမည်။ အခြားနေရာများရှိ ယုံကြည်သူများ အတွက်မူ သူ ကူကယ်ရာမဲ့ဖြစ်နေပြီး သူတို့ကို ရံဖန်ရံခါသာ ကူညီနိုင်တော့မည်။ သူတို့သည် နဂါးသွေးကြော တိုက်ကြီး နှင့်လည်း ဝေးကွာနေတာကြောင့် သူတို့ ဘယ်သွားသွား အရေးမကြီးတော့ပေ။
ရက်အတော်ကြာပြီးနောက်…
မူလင်းလော့ သည် လုံချီ ဘုရားကျောင်းအဝင်ပေါက်သို့ ရောက်လာသည်။ အဖြူရောင်ကို ၀တ်ဆင်ထားပြီး သူမနောက်ကျောတွင် ကောင်းကင်ပိတ်လှောင် ဓားကို ကိုင်ဆောင်ထားသည်။ သူမ၏ ပုံပန်းသဏ္ဍာန်ှမှာ အခြားကမ္ဘာမှ နတ်သမီးတစ်ဦးကဲ့သို့ဖြစ်ပြီး လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ သူမသည် လုံချီ ဘုရားကျောင်း၏ အသွင်အပြင်ကိုလည်း သဘောကျနေသည်။
ချင်းအာ က သူမဆီ အမြန်လျှောက်လာပြီး "မင်းက မူလင်းလော့ လား။ တာအို ဘိုးဘေးက မင်းကို လာခေါ်ခိုင်းလိုက်လို့”
မူလင်းလော့ က ခေါင်းညိတ်ပြပြီး ချင်းအာနှင့် ထွက်သွားသည်။
သူမကို လက်ခံရန် ချင်းအာ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ကိုးကွယ်သူများသည် မလျော်ကန်သော အတွေးများ မတွေးဝံ့ကြတော့ပေ။
တိတ်ဆိတ်စွာ လျှောက်သွားကြသည်။
သူတို့နှစ်ယောက်သည် လုံချီ တောင်၏ ခြံဝင်းဆီသို့ ရောက်လာကြသည်။ ချင်းအာ သည် သူမအား အထဲသို့ဝင်ရန် လက်ကို မြှောက်လိုက်ပြီး အချက်ပြကာ ထွက်ခွာသွားသည်။
"မူလင်းလော့”
အံ့သြတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ မူလင်းလော့ ကြည့်လိုက်သောအခါ လင်းဟောက်ထျန်း ဖြစ်နေသည်။ ။ ကျန်းချန်ရှန်း သည် လင်းဟောက်ထျန်း ကို ခေါ်ဆောင်သွားကြောင်း သူမ သိထားပြီးဖြစ်သော်လည်း သူ့ကို နောက်တစ်ကြိမ်တွေ့သောအခါတွင် ပြောင်းလဲသွားသည်ဟု သူမ ခံစားမိသည်။
အခြားလူများက မျက်လုံးဖွင့်ကာ မူလင်းလော့ ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကြသည်။
ကျန်းချန်ရှန်း သည် သစ်ပင်အောက်တွင် ထိုင်ကာ သူမကို လက်ယမ်းပြသည်။ မူလင်းလော့ သည် ချက်ချင်းပင် သူ့ထံသို့ လှမ်းလာသည်။
"သူ့ကို အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ။ သူမရဲ့ နာမည်က မူလင်းလော့ပဲ။ သူက ရှေးနတ်ဘုရား တိုက်ကြီးက။ သူ့ကို အနာဂတ်မှာ ငါ့မိသားစုဝင် တစ်ယောက်လို ဆက်ဆံပါ။" ကျန်းချန်ရှန်း၏ စကားက လူတိုင်းကို ထိတ်လန့်စေသည်။ မူလင်းလော့ သည် လုံချီ တောင်၏သခင်မဖြစ်မည်ဟု သူဆိုလိုနေသည်လော။
ပိုင်ချီ စိတ်ပူလာသည်။ ဟွာကျန်းရှင်း ကို ကျော်ဖြတ်နိုင်ဖို့ သူမအတွက် မလွယ်ကူခဲ့ပေ။ ဒါကြောင့် ဘာလို့ အမျိုးသမီးတစ်ယောက် ရုတ်တရက်ပေါ်လာတာလဲ။
“မာစတာ သူ့နောက်ခံကရော ဘာလဲ” အလျင်စလို မေးလိုက်သည်။
ကျီဝူကျွင်း သည်လည်း မူလင်းလော့ ကို စေ့စေ့ကြည့်ကာ သူမကို ဂရုတစိုက် အကဲခတ်နေသည်။ ခဏကြာသောအခါ သူမ၏အမူအရာ ပြောင်းသွားသည်။
မူလင်းလော့ သည် သာမန်မဟုတ်ကြောင်း သူမပြောနိုင်သည် ။ သူမတွင် ဖော်ပြ၍မရသော ပြင်းထန်သော ရောင်ဝါတစ်ခု ရှိနေသည်၊ အထူးသဖြင့် သူမ၏ကျောရှိ ကျောက်ဓားတစ်ချောင်းမှ ဖြစ်သည်။
ကျန်းချန်ရှန်း က "အနာဂတ်မှာ မင်းနားလည်လိမ့်မယ်"
မူလင်းလော့ က သူ့ကိုယ်သူ လှပစွာ မိတ်ဆက်ပြီး မူမိသားစု၏ အခြေအနေကို ခြုံငုံကာ ပြောပြသည်။
လင်းဟောက်ထျန်း က သူမကို စိုက်ကြည့်ရင်း “မင်း ပိုသန်မာလာပြန်ပြီ။ ကံတရား ကောင်းချီးတွေ အများကြီးနဲ့ ကြုံတွေ့ပြီးတာတောင် မင်းကို မတွန်းလှန်နိုင် ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မျှော်လင့်ထားတဲ့အတိုင်း ငါတို့မျိုးဆက်မှာ ငါ့ကို အနိုင်ယူခဲ့တဲ့ တစ်ယောက်တည်းသော ပါရမီရှင်ပါပဲ။
ထိုအရာကိုကြားသောအခါ အားလုံးက မူလင်းလော့ ကို ကြည့်သောပုံစံ ပြောင်းသွားသည်။ လင်းဟောက်ထျန်း ၏ အရည်အချင်းသည် မည်မျှကြီးမားသည်ကို သူတို့ကောင်းကောင်းသိသည်။ ယင်းက ရဲရွှင်း နှင့် ယန်ကျိုးကိုပင်လျှင် သူတို့၏ဘဝကို သံသယဝင်စေခဲ့သည်။ လင်းဟောက်ထျန်း သည် သူနှင့် ရွယ်တူများကို ရှုံးမည်ဟု မမျှော်လင့်ထားပေ။
ကျီဝူကျွင်း က "မင်းမှာ လင်းဟောက်ထျန်း ထက် မနိမ့်တဲ့ ရှေးကျတဲ့ သိုင်း၏ကရာဇ်ရဲ့ အမွေရထားတယ်။ ဘယ်ရှေးသိုင်းဧကရာဇ်လဲလို့ မေးလို့ရမလား။”
မူလင်းလော့ သည် ကျန်းချန်ရှန်း ကို ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ဖြေသည်။
"သိုင်းဧကရာဇ် ချိုးထျန်”
လူတိုင်း လှုပ်ရှားသွားသည်။ တာအိုဘိုးဘေးသည် သိုင်းဧကရာဇ် ချိုးထျန် အကြောင်း မေးသည်ကို ရုတ်တရက် သတိရသွားကြသည်။ ဒီတော့ ဒီဟာက ဒီမိန်းမကြောင့်ကိုး။
ရဲရွှင်း က စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ၏ရှေးခေတ်သိုင်းပညာအတွက် ဂုဏ်ယူခဲ့ဖူးသော်လည်း ယခုအခါ ခြံဝင်းထဲတွင် ရှေးသိုင်းဧကရာဇ်များ၏ အမွေဆက်ခံသူ နောက်ထပ်နှစ်ဦးရှိနေပြီဖြစ်သည်။ ဖိအားများနှင့် ပြည့်နှက်နေပြီး လိုက်မမှီနိုင်ဘူးဟု သူ ခံစားရသည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အနာဂတ်မှာ ပိုထူးချွန်ထက်မြက်သူတွေ ရှိလာမှာ အသေအချာပဲ။ သူ ပိုပြီး ကြိုးစားရမယ်။
မူလင်းလော့ သည် လူတိုင်းနှင့် စကားပြောစပြုလာသည်။ သို့သော်လည်း သူမသည် ကျန်းကျန့် ကို အာရုံအစိုက်ဆုံး ဖြစ်သော်လည်း သူမ သူ့ကို တိုက်ရိုက်မကြည့်ပေ။
ကျန်းကျန့်နှင့် ကျန်းချန်ရှန်းက ဆင်တူသည်။
မဟာကျင်းဒေသ တော်ဝင်မိသားစု၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်သည်ကို သူမသိထားပြီးဖြစ်ကာ ကျန်းချန်ရှန်း ၏ အမည်ရင်းကို သိသူမှာ သူမ တစ်ဦးတည်းသာဖြစ်သည်။
ဒီတော့ မဟာကျင်းဒေသက အစ်ကိုကျန်းချန်ရှန်းရဲ့ မျိုးဆက်ပဲ။
မူလင်းလော့သည် ကျန်းချန်ရှန်းတွင် အရင်တုန်းက ဇနီးတစ်ယောက်ရှိသည်ကို သိထားသော်လည်း သူမသေသွားပြီ ဖြစ်ရာ သူမစိတ်ထဲမထားတော့ပေ။ ယခု သူမ ကျန်းကျန့် ကို တွေ့လိုက်ရသောအခါ အကြောင်းတစ်ခုခုကြောင့် မနာလိုဖြစ်မိသည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် မူမိသားစုဝင်တစ်ဦးကို ကြည့်နေသကဲ့သို့ သူနှင့် ရင်းနှီးသလို ခံစားရသည်။
“ငါ့နာမည် ဘယ်သူ့ကိုမှ မပြောနဲ့။ ဒါက မဟာကျင်း တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်ပဲ။”
ကျန်းချန်ရှန်း ၏အသံသည် မူလင်းလော့ နားထဲသို့ တိုးဝင်လာသည်။ သူမသည် သူ့ကိုကြားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
မူလင်းလော့ သည် တမင်တကာ ခေါင်းညိတ်ပြီး လူတိုင်းနှင့် စကားစမြည်ပြောနေသည်။
ဤအတိုင်းပင် မူလင်းလော့ က ခြံဝင်းထဲသို့ ပြောင်းရွှေ့လာသည်။ လုံချီ တောင်သည် အလွန်ကျယ်ဝန်းပြီး အခြားသူများနေထိုင်သည့် အိမ်များမှာ အခြားသော ခြံဝင်းများတွင် ဖြစ်သည်။ သို့သော် သာမာန်နေ့များတွင် တာအိုဘိုးဘေး ခြံဝင်းသို့ လေ့ကျင့်ရန် လာလေ့ရှိသည်။ ပထမဦးစွာ၊ သူတို့သည် သူ့ကို တိုင်ပင်နိုင်သည်။ ဒုတိယ၊ တာအိုဘိုးဘေး လေ့ကျင့်သင်ကြားသောအခါတွင် သူသည် သိုင်းပညာ စိတ်စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်ပြီး ဤဝင်းအတွင်းရှိ သိုင်းပညာစိတ်စွမ်းအင်ကို အထူထပ်ဆုံးဖြစ်စေသည်။
ယခုမူ မူမိသားစုသည် ဤနေရာ၌ ရှိနေသောကြောင့် ၎င်းတို့၏ နေရာရွှေ့ပြောင်းရန် စောင့်ဆိုင်းနေရသည်။
ထိုက်ဟယ် ခေတ် ၁၃ နှစ်တွင်၊ နွေဦးသစ်ပြီးနောက် ကျန်းချဲ သည် ကျန်းချန်ရှန်း သို့သွားရောက်လည်ပတ်ပြီး မဟာကျင်းဒေသမှာ အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
ကျန်းချန်ရှန်း က မတ်တပ်ထရပ်ပြီး “ဒါဆို ထွက်ခွာကြရအောင်။”
အားလုံးက မတ်တပ်ထရပ်ပြီး ကျန်းချန်ရှန်း ကို ထိတ်လန့်တကြားနှင့် မျှော်လင့်တကြီး ကြည့်နေကြသည်။ ကျန်းချဲ သည် တာအိုဘိုးဘေး ဘာလုပ်မည်ကို သိချင်သည် ။
ကျန်းချန်ရှန်း က ပျံတက်သွားသော်လည်း ခြံဝင်းထဲက မထွက်ခဲ့ေပ။ သူသည် မြေပြင်ထက် ဆယ်ပေသာ ရှိသည်။ သူသည် လေထဲတွင် ထိုင်ကာ လက်ညိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းများကို အတူတကွ ပူးထားကာ သူ့ရှေ့တွင် တင်ထားသည်။
ဤအမူအရာသည် လူတိုင်းကို ပို၍ပင် ထိတ်လန့်စေသည်။
တာအို ဘိုးဘေး ဘာလုပ်မှာလဲ။
ကျန်းချန်ရှန်း ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် နတ်ဘုရားစွမ်းအား၊ ကောင်းကင်နှင့် ကမ္ဘာမြေ အပြောင်းအလဲကို ပုံဖော်နေစဥ် သူ၏စိတ်စွမ်းအားသည် အလွန်လျင်မြန်သောအရှိန်ဖြင့် တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။
တခဏအတွင်းမှာပင် တိုက်ကြီးတစ်ခုလုံး တုန်လှုပ်လာသည်။
ငလျင်လှုပ်ရခြင်း၏ အကြောင်းရင်းမှာ တိုက်ကြီးသည် ပင်လယ်ရေမှ သယ်ဆောင်လာသော ကြီးမားသော ကျွန်းတစ်ကျွန်း ဖြစ်လာခြင်းကြောင့် ဖြစ်သည်။
ကြီးမားသော လွတ်လပ်မှု၊ သမုဒ္ဒရာ ပံ့ပိုးမှု။
နဂါးသွေးကြော တိုက်ကြီး သည် ကြီးမားသော ကျွန်းတစ်ကျွန်းဖြစ်လာပြီး ကျွန်း၏အောက်ခြေတွင် ကမ္ဘာပျက်သုဉ်ခြင်း သစ်ပင်ကို မတွေ့ရပေ။
ကောင်းကင်ကြီးသည် နောက်ပြန်ဆုတ်လာသည်။ အမှန်မှာ၊ လှိုင်းထန်နေသော လှိုင်းလုံးကြီးများမှ မြောက်ဘက်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် နဂါးသွေးကြောတိုက်ဆီသို့ ဦးတည်နေသည်။
တိုက်ကြီးတစ်တိုက်လုံးရှိ နိုင်ငံများစွာမှာ လူများ ထိတ်လန့်သွားကြသည်။ တိမ်ပင်လယ်ကြီးသည် တောင်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာစဉ် ကောင်းကင်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ရှေးခေတ်ကတည်းက ဤကဲ့သို့အဖြစ်မျိုး တစ်ခါမှ မဖြစ်ဖူးသောအခါ သူတို့ မည်ကဲ့သို့ မကြောက်ဘဲ နေမည်နည်း။
ပင်လယ်ကမ်းစပ်ရှိ လူများနှင့် သိုင်းပညာရှင်များမှာ အဝေးမှ လှိုင်းများ တက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကမ္ဘာအဆုံးရှိ သဘာဝတွင်းနက်ကြီးတစ်ခု ကဲ့သို့ပင်။ ထူးခြားဆန်းကြယ်လှသော အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်သည်။
မြောက်ဘက်သို့သွားရာလမ်းတစ်လျှောက်တွင် နတ်ဆိုးတပ်များမရှိသည့်အပြင် ကံကြမ္မာကောင်းချီး နိုင်ငံများလည်း အလွန်နည်းပါးသည်။ လှိုင်းလုံးများက နဂါးသွေးကြော တိုက်ကြီးကို အရှိန်ပြင်းပြင်းဖြင့် ဆွဲငင်ကာ လမ်းတစ်လျှောက် ပင်လယ်ပြင်ရှိ ကျွန်းတစ်ခုပြီးတစ်ခုကို ရှောင်လာသည်။ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိပေ။
“အိုး သုံးတာအရမ်းများသွားပြီ”
ကျန်းချန်ရှန်း လျှို့ဝှက်စွာ ထိတ်လန့်သွားသော်လည်း သူ့အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ လူများစွာ ကြည့်နေရာ တွန့်ဆုတ်နေ၍မရ။ယ "ဝိုး၊ တိုက်ကြီးတစ်ခုလုံး ရွေ့နေတယ် လို့တော့ ငါ့ကိုမပြောနဲ့နော်" "စိတ်ကူးကြည့်လို့တောင် မရတဲ့ သိုင်းပညာ၊ မဟုတ်ဘူး၊ အင်မော်တယ်ပညာ"
“တကယ့်ကို ရွေ့နေတာပဲ။ ရှေးခေတ် သိုင်ဧကရာဇ်တွေက ဒီလို လုပ်နိုင်ပါ့မလား။” “အထွတ်အမြတ် မင်းဆက်မှာ ဒီလိုစွမ်းရည်မျိုး ငါတစ်ခါမှ မကြားဖူးဘူး။"
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ရဲရွှင်း သည် အခြေအနေကို စစ်ဆေးရန် ကောင်းကင်သို့ပင် ပျံသန်းသွားသည်။
ကျန်းချဲ သည် ချက်ချင်းပင် တောင်ပေါ်မှဆင်းကာ လူတိုင်းကို မထိတ်လန့်စေရန် ကြေငြာလိုက်သည်။
မူလင်းလော့ သည် ကျန်းချန်ရှန်း ၏ မြင့်မြတ်သောတန်ခိုးကို အနီးကပ်မှ လှမ်းကြည့်ကာ သူမမျက်လုံးများမှာ သဘောကျမှုအပြည့်ဖြင့် ဖြစ်နေသည်။
ကျန်းချန်ရှန်း သည် မျက်လုံးများကိုမှိတ်ထားပြီး သမုဒ္ဒရာ လွတ်လပ်ခြင်းအား ကို ထိန်းချုပ်ရန် အာရုံစိုက်ေနသည်။
တိုက်ကြီးတစ်ခုမှာ ပင်လယ်ပြင်မှ လှိုင်းလုံးများစီးနေရခြင်းမှာ မည်မျှ အံ့မခန်းစရာ ဖြစ်သည်လဲ။ လမ်းတစ်လျှောက်ရှိ သိုင်းပညာရှင်အားလုံးသည် အံ့ဖွယ်ရာများကို မြင်တွေ့လိုက်ရရာ နတ်ဘုရားရှေ့တွင် ဒူးထောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ဘက်တွင်မူ နဂါးသွေးကြော တိုက်ကြီး ပျောက်ကွယ်သွားကြောင်း အနီးပတ်ဝန်းကျင်မှ အင်အားစုများက သိသွားကြသည်။ သို့သော်လည်း ကျန်းချဲ သည် ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပြီး ထန်းဟိုင် နှင့် အရှေ့ဘက်တိုက်ကြီး မှ တာဝန်ခံလူများအား စိတ်ရှည်စွာစောင့်ဆိုင်းရန် တောင်းဆိုခဲ့သည်။ မဟာကျင်းဒေသ က သူတို့ကို မစွန့်လွှတ်ပေ။
အချိန်တွေကုန်သည်မှာ မြန်၏
ကျန်းချန်ရှန်း သည် တာအိုကမ္ဘာ မှ စိတ်စွမ်းအင်များကို စုပ်ယူကာ တာအိုသစ်သီး အတွင်းသို့ ဝင်ရောက်ခွင့်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ တာအိုအသီး သည် ၎င်း၏စားသုံးမှုကို ကူညီပေးရန်အတွက် စိတ်စွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းလဲပေးသည်။
နဂါးသွေးကြော တိုက်ကြီး ၏အရှိန်ကို အရှိန်မလျှော့ဘဲ အထွတ်အထိပ်တွင် ထိန်းသိမ်းထားသည်။ အရှိန်အပြည့်နှင့် ပျံသန်းနေသော ကောင်းကင်ဂူအဆင့် ပညာရှင်ထက်ပင် ပိုမြန်သည်။ ရဲရွှင်း နှင့် ကျီဝူကျွင်း တို့သည် ပျံသန်းနေသော အရှိန်ကို စောင့်ကြည့်ပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။
တာအိုဘိုးဘေးက နဂါးသွေးကြောတိုက်ကြီးကို နတ်ဆိုးများ၏ မငြိမ်မသက်မှုများကနေ ဝေးရာကို ပို့ဆောင်လိုက်သည် ဟူသော သတင်းက ပျံ့နှံ့သွားသည်။ မြို့တော်သည် ရုတ်ရုတ်သဲသဲဖြစ်ပြီး သိုင်းတောင်ထွတ် သည် ပို၍ပင် အသက်ဝင်ေနသည်။ ပူဇော်အမှတ်များ ထပ်မံတိုးလာမည်ဟု ခန့်မှန်းရသည်။
နေ့တစ်ဝက် ကုန်သွားသည်။
နောက်ဆုံးတွင် နဂါးသွေးတိုက်ကြီးသည် တောနက်ကြီးထဲသို့ ရောက်ရှိသွားခဲ့သည်။ ကျန်းချန်ရှန်း သည် နဂါးသွေးကြောတိုက်ကြီး ကို ကမ်းရိုးတန်းနှင့် မှီကာ ကောင်းကင်နှင့် ကမ္ဘာမြေအပြောင်းအလဲကို သုံး၍ နဂါးသွေးတိုက်ကြီး၏အောက်ခြေကို တောရိုင်းတောကြီးနှင့် ပေါင်းစပ်လိုက်သည်။ တခဏချင်းမှာပဲ နဂါးသွေးကြော တိုက်ကြီးသည် မဟာမြိုင်ဟေဝန်၏ ကမ်းရိုးတန်းတစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘာကြီး ငြိမ်းချမ်းနေသည်။
ကျန်းချန်ရှန်း က ထိုင်ပြီး ပြန်ကောင်းအောင် ကျင့်ကြံလိုက်သည်။ တခြားသူများက သူ့ကို မနှောင့်ယှက်ဝံ့ပေ။ ကျီဝူကျွင်း၊ ရဲရွှင်းနှင့် တခြားသူများက တောရိုင်းတောကြီးကို အလွန်စိတ်ဝင်စားကြပြီး စစ်ဆေးဖို့ ပြေးထွက်လာကြသည်။
မဟာကျင်းဒေသ သည် တိုက်ကြီး၏တောင်ဘက်တွင် တည်ရှိသောကြောင့် အခြားနိုင်ငံများသည် မဟာမြိုင်ဟေဝန် နှင့် အနီးဆုံးစြ်သည်။၊ အထူးသဖြင့် မဟာချီဒေသ ဖြစ်သည်။
မဟာချီဒေသ ၏ နယ်မြေသည် အပြင်ဘက်သို် ချဲ့ထွင်နေပြီဖြစ်ပြီး ရလဒ်အနေဖြင့် ၎င်းတို့၏ နယ်မြေ ကွဲသွားကာ လူတိုင်း အထိတ်တလန့် ဖြစ်နေကြသည်။
မဟာချီဒေသမှ ထိတ်လန့်နေချိန်မှာပဲ မဟာကျင်းဒေသ၏ သံတမန်ဟာ ဧကရာဇ်မင်းကို တွေ့ဆုံရန် ရောက်လာသည်။
ကျန်းချန်ရှန်း က တခြားနိုင်ငံများ ဒုက္ခပေးမည်ကို မကြောက်ပေ။ မဟာတောကန္တာရကကြီးက ဘယ်လောက်အန္တရာယ်ကြီးလဲ။ ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရရင် ေကာင်းကင်ဂူအဆင့် မရောက်ဘဲ ဘာမှလာပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ တည်နေရာကို လွှဲပေးလိုက်ပြီးပါ ပိုလို့တောင် မဖြစ်နိုင်ဘူး။
တောကြီးသည် ထန်းဟိုင်နှင့် အလွန်ဝေးသည်။ ထို့အပြင် သူတို့မှာ မည်ကဲ့သို့ နောက်ပြန်လှည့်ရမည်ကိုပင် မသိကြပေ။
နှစ်ရက်လောက် အနားယူပြီးနောက် ကျန်းချန်ရှန်း သည် ထန်းဟိုင် ကို ပြောင်းရွှေ့ရန်သွားသည်။ ထုံးစံအတိုင်း သူသည် ကောင်းကင်နှင့် ကမ္ဘာမြေအပြောင်းအလဲ စွမ်းအား နှင့် သမုဒ္ဒရာလွတ်လပ်ခြင်းအား ကို သုံးသည်။
နောက်ထပ် နှစ်ရက်လောက် အနားယူကာ အရှေ့တိုက်ကြီးကို ရွှေ့လိုက်သည်။
ထိုအချိန်တွင်၊ မဟာကျင်း ၏နယ်မြေအားလုံးသည် မဟာမြိုင်ဟေဝန် တောနက်ကြီး သို့ရောက်ရှိသွားသည်။
ကျန်းချန်ရှန်း သည် ကမ္ဘာမြေဝိညာဉ်သစ်ပင်အောက်တွင် ထိုင်ကာ တရားထိုင်ပြီး ကျင့်ကြံနေသည်။ သို့သော် တိုက်ကြီးတစ်ခုလုံးသည် အနှိုင်းမဲ့အသက်ဝင်နေသည်။ မဟာကျင်း ၏ ဧကရာဇ်အမိန့်တော်သည် မဟာမြိုင်ဟေဝန် တောနက်ကြီး ၏ ယေဘုယျဖော်ပြချက် အပါအဝင် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ခဏလောက်မျှ တိုက်ကြီး၌ရှိသော မင်းဆက်နိုင်ငံများအားလုံးက ဤကိစ္စကို ဆွေးနွေးနေကြသည်။ အချို့က တာအိုဘိုးဘေးအား ၎င်း၏ အကန့်အသတ်မရှိသော ကံကြမ္မာကောင်းချီးကြောင့် ချီးကျူးကြပြီး အချို့က အခြားမင်းဆက်နိုင်ငံများကို ထိခိုက်စေလိုခြင်း ရှိမရှိ မေးခွန်းထုတ်ကြသည်။ သို့သော် ကျန်းချန်ရှန်း သည် မင်းဆက်၏အရေးကိစ္စများကို ဂရုစိုက်ရန် ပျင်းလွန်းလှသည်။ သူက ကျန်းချဲ ကို ထားခဲ့မယ်။ သူ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ သူယုံကြည်တယ်။
ကောင်းကင်ဝိညာဉ်လက်ကောက်ကို ဖွင့်ထားခြင်းဖြင့် ကောင်းကင်ကျီးကန်းကလန် သည် ကျန်းချန်ရှန်း ကို ခြေရာခံနိုင်မည်မဟုတ်ပေ။ သူသည် နောက်ဆုံးတွင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ပြီး သူ၏အောင်မြင်မှုများကို မျှော်မှန်းနိုင်ပြီ။
ကျန်းချဲ သည် မြိုင်ဟေဝန် တောနက်ကြီးကို ကိုစူးစမ်းလေ့လာပြီး အရင်းအမြစ်မျိုးစုံကိုစုဆောင်းရန် သူ၏စစ်တပ်ကို စတင်စည်းရုံးခဲ့သည်။
မဟာကျင်း ၏ စွမ်းအားသည် နဂါးသွေးကြောတိုက်ကြီး တွင် ပြိုင်ဘက်ကင်းဟု ယူဆသောကြောင့် ၎င်းကို ကျော်တက်လာမည်ကို သူ မစိုးရိမ်ပေ။ မဟာကျင်းသည် ငွေကြေးနှင့် အရင်းအမြစ်များကို အသုံးချပြီး အခြားမင်းဆက်များ ကြီးထွားလာစေရန် လုပ်အားအဖြစ် စုဆောင်းနိုင်သည်။
နဂါးစံအိမ်တော်၊ ကျွန်းမျော၊ ထန်းဟိုင်၊ မူမိသားစု နှင့် ကောင်းကင်ဂူအဆင့်မှ ကျွမ်းကျင်သူများ ပါ၀င်သော အခြား တပ်ဖွဲ့များ နှင့် ရှိရာ အခြားသော မင်းဆက်များသည် နှစ်ပေါင်း ရာနှင့်ချီ၍ အမှီလိုက်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လာမည့်နှစ်များတွင် မဟာကျင်းဒေသ မှ တဖြည်းဖြည်း သိမ်းသွင်းလိုက်မည် ဖြး်သည်။
မျက်စိတစ်မှိတ်အတွင်း။
တစ်နှစ်ခွဲကြာသွားသည်။
ချောက်ကမ်းပါးပေါ်တွင် ဝတ်ရုံဖြူဝတ် အရှင်ပိုင်သည် မတ်တပ်ထရပ်ကာ “နဂါးသွေးကြော တိုက်ကြီး ပျောက်ကွယ်သွားပြီလား ထန်းဟိုင် နဲ့ အရှေ့တိုက်ကြီးလည်း ပျောက်ကွယ်သွားတာလား”
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက “ဟုတ်ပါတယ်။ ပျောက်နေတာ အမှန်ပါပဲ…” သူ့လက်များ တုန်ခါနေပြီး မငြိမ်မသက်ဖြစ်နေသည်မှာ သိသာသည်။..
င်းနေ