← Chapters

တိုက်ကြီးများ ပေါင်းစည်းခြင်း၊ ကေ Skyview မြေ

Vol. 17 Ch. 245

တိုက်ကြီးများ ပေါင်းစည်းခြင်း၊ ကေ Skyview မြေ

Vol. 17 Ch. 245

သူသည် ကောင်းကင်နဲ့ ကမ္ဘာမြေ အပြောင်းအလဲ နှင့် သမုဒ္ဒရာလွတ်မြောက်ရေး အစီအရင် ကို အများသူငှာရှေ့တွင် အသုံးပြုခဲ့ပြီးဖြစ်သည်။ ပုံမှန်အားဖြင့် ကျန်းချန်ရှန်း သည် ကိုယ်ပွားသိုင်း ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

မူလင်းလော့ နှင့် အခြားသူများ၏ အကြည့်အောက်တွင် ကျန်းချန်ရှန်း နှင့် ဆင်တူသော ကိုယ်ပွားက နေခွင်းလေး ကို ဆွဲထုတ်ပြီး ကောင်းကင်သို့ ချိန်ရွယ်ထားသည်။ အသက် ၅ခေါက် ရှူနိုင်သည့် အချိန်အတွင်းတွင် ကိုယ်ပွားသည် တိမ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်သို့ ပျံတက်သွားသော မြှားတစ်စင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်ရာ တိမ်ပင်လယ်မှ ပျောက်ကွယ်သွားသည်။

ဒါဇင်နှင့်ချီသော မြှားများ ဆက်တိုက် ပစ်ပြီး ရွှေရောင် အလင်းတန်းများက ကောင်းကင်ကို တက်လာသည်။ မြို့တော်ရှိ ပြည်သူများနှင့် သိုင်းပညာ ရှင်များ ခေါင်းမော့သွားအောင် ပြုလုပ်နိုင်သည့် အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်သည်။ မည်သူမှ အထိတ်တလန့် မရှိကြပေ။ တာအိုဘိုးဘေး အနားမှာရှိနေရာ သူတို့သည် သဘာဝအတိုင်း မကြောက်ကြပေ။

တစ်ဘက်တွင်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဒိုင်းကာကို ကိုင်ထားပြီး မီးအိုင်မှ ထွက်လာသော ဖိအားများ ပိုမိုပြင်းထန်လာသည်ဟု ခံစားရသည်။ သူက ဒေါသတကြီးနဲ့ “နေပါဦး။ အရှင်ဖန်ကူက ငါ့ကို ခွန်အားပေးလိုက်တယ်။ အရှင်ဖန်ကူ က ငါတို့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်”

သူ့အသံက တစ်မြို့လုံး ပဲ့တင်ထပ်ပြီး မရေမတွက်နိုင်သော လူများကို ခွန်အားဖြစ်စေသည်။

လူတော်တော်များများက သူ့ကိုသိပြီး သူဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိကြသည်။ သို့သော် ယခင်က သူပြသခဲ့သည့်ထက် ပိုသော ခွန်အားကို ပြသခဲ့သည်။ ထီထန်းဖန်ကူ က သူ့အား ကူညီနေခဲ့ခြင်း ဖြစ်သည်။ နဂိုက စိတ်ပျက်အားငယ်နေသော လူများအားလုံး စိတ်လှုပ်ရှားနေကြသည်။

အရှင်ဖန်ကူ နှင့် နတ်ဆိုးကြီး နှစ်ကောင်ကြားတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲသည် တိုက်ကြီးတစ်တိုက်တွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောလူများကို ကိုးကွယ်ဆည်းကပ်စေသည်။

“ဖန်ကူ။ ရယ်စရာပဲ"

ခေါင်းသုံးလုံးရှိသော နတ်ဆိုးခြင်္သေ့သည် လှောင်ပြောင်လိုက်ရာ ၎င်း၏မျက်လုံးများသည် ပို၍ပင် ကြမ်းတမ်းလာသည်။

ကောင်းကင်ကလန် ၏ ဖန်ကူ သည် နတ်ဆိုးအရှင် နှစ်ပါးအပေါ် လုပ်ရပ်ကြောင့် နတ်ဆိုးများကြားတွင် အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်ကို ကာကွယ်ရန် နတ်ဆိုးစစ်သားအများအပြား တပ်ဆုတ်သွားသည်။ ၎င်းက မဟာနတ်ဆိုးသူတော်စင် ခုနစ်ဦးထမြောက်ရန် အခွင့်အရေးကိုလည်း ပေးခဲ့ပြီး ထို့ကြောင့် ၎င်းတို့မှာ ခိုလှုံရန် နတ်ဆိုးသူတော်စင် ကို ရွေးချယ်ခဲ့သည်။

လူသားများ နှင့် နတ်ဆိုးများကြားတွင် အတွင်း တိုက်ပွဲပင်။

နတ်ဆိုးခုနစ်ပါးသည် ၎င်းတို့သေဆုံးပြီးနောက် ပြန် မွေးဖွားလာသောကြောင့် နတ်ဆိုးမျိုးနွယ်၏ လက်ရှိအုပ်ချုပ်သူများကို အထင်အမြင်သေးသည်။

“ဖန်ကူက မင်းကို မကယ်နိုင်ဘူး။ ရွှမ်းငှက်ကလည်း မကယ်နိုင်ဘူး။ သေလိုက်တော့”

ခေါင်းသုံးလုံးရှိသော နတ်ဆိုးခြင်္သေ့က ဟိန်းဟောက်လိုက်သည်။ ခေါင်းသုံးလုံးသည် ပါးစပ်ကိုဖွင့်ကာ မီးဖြင့် မှုတ်ထုတ်လိုက်သည်။ အဆုံးမရှိ မီးတောက်များ လျှံကျလာပြီး မြို့ပြင်ရှိ တောင်များသည် မီးအိုင်ထဲတွင် နစ်မြုပ်သွားခဲ့သည်။ မီးခိုးငွေ့များသည် တစ်ပြည်လုံးကို ပျံ့နှံ့သွားကာ မြို့သူမြို့သား အများအပြားသည် ငရဲသို့ ရောက်နေသကဲ့သို့ ခံစားရသည်။

“မဖြစ်နိုင်ဘူး။ အရှင်ဖန်ကူ”

သူပြောပြီးတာနှင့် သူ့မျက်လုံးပြူးလာပြီး သူ့မျက်ဆံထဲမှ ရွှေရောင်အလင်းတန်းများ ပေါ်လာသည်။

နတ်ဆိုးရောင်ဝါများနှင့် ပြည့်နှက်နေသော အနက်ရောင်တိမ်တိုက်များသည် ပျံ့လွင့်သွားပြီး ရွှေရောင်အလင်းတန်းများက အံ့ဖွယ်တစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။ နတ်ဆိုးများသည် တစ်ဦးပြီးတစ်ဦး ရွှေရောင်အလင်းကြောင့် နစ်မြုပ်သွားကာ ခေါင်းသုံးလုံးရှိသော ခြင်္သေ့ကြီးသည် ညာဘက်တွင် ထိုးဖောက်သွားသည်။ မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းများ ပိုကျလာသည်။

ဘုန်း ဘန်း

ကောင်းကင်နှင့်မြေကြီး တဟုန်းဟုန်းမြည်ကာ ပြင်းထန်သောအလင်းရောင်သည် ကောင်းကင်ကို လင်းထိန်စေပြီး ကမ္ဘာကြီးကို အရောင်ပျက်စေသည်။ ကမ္ဘာကိုအဆုံးသတ်လိုက်ပုံရသည့် ကြောက်မက်ဖွယ်လှိုင်းလုံးများသည် အရပ်ရပ်သို့ လွင့်စင်သွားကာ မီးပင်လယ်သည် မျောပါသွားသည်။ မြို့ကို လွှမ်းခြုံထားသော မီးတောက်များက ချက်ချင်း ပျောက်ကွယ်သွားသည်။

ကျန်းချန်ရှန်း ဝင်ပူးထားသော လူလတ်ပိုင်းအရွယ် အမျိုးသားအပါအဝင် လူတိုင်းသည် ဤမြင်ကွင်းကို အံ့သြထိတ်လန့်စွာ ကြည့်နေကြသည်။

ခေါင်းသုံးလုံးရှိသော နတ်ဆိုးခြင်္သေ့၏ နာကျင်မှုနှင့် စိတ်ပျက်အားငယ်သံနှင့်အတူ ကြီးမားသောနတ်ဆိုး စွမ်းအားသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ မိုးကောင်းကင်၌ရှိသော နတ်ဆိုးအပေါင်းတို့သည် သေဆုံးသွားရကာ အသွေးအသားတို့သည် မိုးရွာသကဲ့သို့ ကျလေ၏။

ကမ္ဘာကြီးက အသက်ပြန်ဝင်လာသောအခါ မြို့သူမြို့သားများနှင့် သိုင်းပညာသမားများက ကောင်းကင်ကို ဗြုန်းကနဲ စိုက်ကြည့်နေကြသည်။ အချင်းမိုင်တစ်ရာကျော်ရှိသော တွင်းပေါက်ကြီးတစ်ခုသည် မြို့အထက်က နတ်ဆိုးအရှိန်အဝါ ပင်လယ်ပြင်တွင် ဖောက်ထွင်းခံလိုက်ရသည်။ ကောင်းကင်က ဖောက်ထွင်းခံရသကဲ့သို့ပင်။

မကြာခင်မှာပင် တစ်မြို့လုံး တုန်လှုပ်ချောက်ချားစရာ ရွှင်မြူးမှုများဖြင့် ပြည့်နှက်သွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေထဲတွင် ထိတ်လန့်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အစွမ်းထက်သော စွမ်းအားများ ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရသဖြင့် သူရေရွတ်ရင်း “အရှင်ဖန်ကူ… ကျွန့်တော်တို့ကို ကောင်းချီးပေးပါစေ…” မျက်ရည်များ ဝဲတက်လာသည်။

ကျန်းချန်ရှန်း ၏ကိုယ်ပွားသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး ကမ္ဘာမြေ ဝိညာဉ်သစ်ပင်အောက်သို့ မဆင်းမီ မျက်လုံးကိုဖွင့်လိုက်သည်။ ကျီဝူကျွင်း က မြန်မြန်မေးလိုက်သည်။“ဒါက အင်မော်တယ် နည်းစနစ်လား”

ကျန်းချန်ရှန်းက က "အနည်းနဲ့အများပေါ့”

မူလင်းလော့ က စိတ်ဝင်တစား မေးသည် “ရှင် အခု ဘယ်သူ့ကို တိုက်ခိုက်လိုက်တာလဲ"

ပိုင်ချီနှင့် ကြောင်နတ်ဆိုးနှစ်ကောင်ကလည်း ကျန်းချန်ရှန်း ကို စိုက်ကြည့်နေကြသည်။

ကျန်းချန်ရှန်း က “မြို့ထဲမှာ ပိတ်မိနေတဲ့ လူတချို့ကို ငါ ကယ်တင်ခဲ့တာ။ သူတို့ရဲ့ တောင်းဆိုချက်တွေဟာ တညီတညွှတ်တည်း စုစည်းမိတဲ့အတွက် ကူညီဖို့ ဆုံးဖြတ်လိုက်တာ”

ကျီဝူကျွင်း သည် လေးနက်သောအကြည့်ဖြင့် ကြည့်နေသည်။ တာအိုဘိုးဘေးသည် သေမျိုးကမ္ဘာနှင့် ကွဲခြား ပုံရသော်လည်း တကယ်တမ်းတွင်မူ သူက ၎င်းအတွက် စိုးရိမ်နေသေးသည်။ လောကမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မလဲ။

ပိုင်ချီ တစ်ချက်စဉ်းစားလိုက်သည်။ အကယ်၍ သူမသည် လွန်ကဲသော တောင်းဆိုမှုများ ပြုလုပ်ပါက၊ သူမ၏သခင်သည်လည်း ၎င်းတို့ကို ကြားမည်ဖြစ်သည်။

အဲဒါက ဘယ်လိုစွမ်းရည်မျိုးလဲ။

တစ်ဖက်တွင်မူ မာစတာနှင့် ပတ်သက်၍ ကောင်းသော အတွေးများ ရှိပါက မာစတာ အာရုံရမည်လား။

ပိုင်ချီ က သူ့သခင်စိတ်ကျေနပ်စေသော ဗျူဟာကို ဆုပ်ကိုင်မိလိုက်ပြီဟု ခံစားရသည်။

ကျန်းချန်ရှန်း သည် သူတို့နှင့် စကားသိပ်မပြောဘဲ ဆက်လက် ကျင့်ကြံနေသည်။

သူသည် မြို့တစ်မြို့ သို့မဟုတ် တိုက်ကြီးတစ်ခုကို ကယ်တင်နိုင်သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို မကယ်တင်နိုင်ပေ။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံမှုကိုသာ အာရုံစိုက်နေရသည်။

ယုံကြည်သူများကို ကူညီခြင်းအတွက် ရှင်သန်ခြင်းဆုလာဘ်များ မရှိသော်လည်း အမှတ်ကို တိုးမြင့်စေနိုင်သည်။

နောက်ထပ် သုံးနှစ်ကြာသွားသည်။

ထိုက်ဟယ် ခေတ် ၂၀ နှစ်တွင် သတင်းတစ်ပုဒ်သည် တစ်ပြည်လုံးကို တုန်လှုပ်သွားစေသည်။

ချီနိုင်ငံက မဟာကျင်း ကို သစ္စာခံကြောင်း ကြေညာခဲ့သည်။ မဟာကျင်း က သူတို့ကို လက်အောက်ခံနိုင်ငံများ အဖြစ် အပ်နှင်းပြီး သူတို့၏ ကံကြမ္မာကောင်းချီးက ပေါင်းစည်းသွားမည်။ သို့သော်လည်း လက်အောက်ခံနိုင်ငံများကြား ကံကြမ္မာကောင်းချီးက ပေါင်းစည်းမည် မဟုတ်ပေ။ ထို့ကြောင့် လက်အောက်ခံပြည်နယ်များ အားကောင်းလေ၊ မဟာကျင်းသည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သို့သော် ကံတရားကောင်းချီးသည် အညီအမျှ ခွဲဝေသည်မဟုတ်ပေ။

ဤသည်မှာ အထွတ်အမြတ်နိုင်ငံ၏ ကောင်းကင်ဝင်ပေါက် သက်ရောက်မှုဖြစ်သည်။

လျန်လီ ဦးဆောင်သော သုတေသနပြီးနောက်တွင် ကောင်းကင်ဝင်ပေါက် အသုံးပြုမှုအသစ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ အထွတ်အမြတ်နိုင်ငံသည် ကံကြမ္မာကောင်းချီးခံ နိုင်ငံသစ်များ ပေါ်ပေါက်လာခြင်းကို သည်းခံခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

မဟာချီ လက်နက်ချရသော အကြောင်းရင်းမှာ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူတို့သည် ရက်စက်သော သားရဲတစ်ကောင်ကို နောက်ဆုံး၌ တွေ့ခဲ့ကြ၍ပင်။ ၎င်းသည် သူတို့၏ယုံကြည်မှုကို ဖြိုခွဲကာ မြိုင်ဟေဝန်တောထဲတွင် သူတို့ကိုယ်သူတို့ မတည်မြဲနိုင်ခြင်းကို သိရှိစေခဲ့သော ကြီးမားရက်စက်သော သားရဲတစ်ကောင်ဖြစ်သည်။

ထိုအချိန်တွင်၊ မဟာကျင်း သည် နဂါးသွေးကြော တိုက်ကြီးတစ်ခုလုံး ကို လုံးလုံးလျားလျား ပေါင်းစည်းခဲ့ပြီး ဧကရာဇ်သည် မဟာကျင်းအပေါ် ထားရှိသော ယခင်ဧကရာဇ်ဟောင်းများ၏ နှစ်ရှည်လများ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။

ဇွန်လတွင် ကျန်းချဲ သည် ကောင်းကင်ဘုံကို ယဇ်ပူဇော်ခဲ့သည်။ နိုင်ငံအသီးသီးက အုပ်စိုးရှင်များ၏ အကြည့်အောက်တွင် သူသည် လူ့ဧကရာဇ်မင်း၏ ကျောက်စာချပ်နဗင့် ကောင်းကင်ဝင်ပေါက်ကို အလေးပြုကာ နဂါးသွေးကြောတိုက်ကြီး အမည်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ မူလက နဂါးသွေးကြောတိုက်၊ အရှေ့ဘက်တိုက် နှင့် ထန်းဟိုင် ကျွန်းများ ပါဝင်သောမြေကို ကောင်းကင်ချီမြေ သို့ ပြောင်းလဲခဲ့သည်။ အခြားနိုင်ငံများ၏ အုပ်စိုးရှင်များ ဘွဲ့အမည်ကို ဧကရာဇ်ဘွဲ့ပြီးနောက် ဒုတိယမြောက် ဖြစ်သည့် ဘုရင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

လူတိုင်း ပျော်ရွှင်နေကြသည်။

နဂါးသွေးကြောတိုက်ကြီး တွင် ရံဖန်ရံခါ စစ်ပွဲများ ရှိခဲ့သော်လည်း မဟာကျင်း သည် ဆယ်စုနှစ်များစွာကြာ စစ်မကြေညာခဲ့ပေ။ ထို့ကြောင့် အခြားနိုင်ငံများ၏ အထင်ကြီးလေးစားမှုသည် တိုးတက်လာသည်။ တာအို ဘိုးဘေးက တိုက်ကြီးကို ဖြိုဖျက်ပြီး နတ်ဆိုးကပ်ဘေးကနေ ကယ်တင်ခဲ့သည်နှင့်အတူ မင်းဆက်အားလုံးက တာအိုဘိုးဘေးကို ယုံကြည်ကြသည်။

တိုက်ကြီးကို ပေါင်းစည်းခြင်းသည် နဂါးသွေးကြောတိုက်ကြီး၏ နှစ်ပေါင်းငါးထောင်သမိုင်းတွင် ရှားရှားပါးပါး တွေ့ရသည့် ခမ်းနားသော အခါသမယဖြစ်သည်။

ဤသို့ပေါင်းစည်းခြင်းဖြင့် မဟာကျင်း သည် နိုင်ငံအသီးသီးကို မျက်နှာသာပေးပြီး ငြိမ်းချမ်းစွာ ပေါင်းစည်းခဲ့သည်ဟု ယူဆနိုင်သည်။

ဇူလိုင်လ။

ဧကရာဇ်သည် သူ၏လူများအား ဆက်သွယ်ရေး မျှော်စင်များနှင့် သိုင်းပညာသင်တန်းကျောင်းများ တည်ဆောက်ရန် လက်အောက်ခံ နိုင်ငံများသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်။

သိုင်းပညာသင်တန်းကျောင်း တည်ထောင်ခြင်းသည် ဘုရင်ခံနိုင်ငံများကို ပိုမိုလျင်မြန်စွာ ပေါင်းစည်းနိုင်စေပြီး စစ်မှန်သော စည်းလုံးညီညွတ်မှုကို ရရှိစေမည်ဖြစ်သည်။

ဩဂုတ်လတွင် ကျန်းချဲ သည် ကျန်းချန်ရှန်း သို့သွားရောက်လည်ပတ်ရန် သူ၏အလုပ်များသောအချိန်ဇယားမှ နောက်ဆုံးတွင် အချိန်ကိုရအောင် ယူခဲ့သည်။ ကျန်းချင် လည်း သူနှင့်အတူလာခဲ့သည်။

လင်းဟောက်ထျန်း၊ ကျန်းကျန့်၊နှင့် ဖင်အန်းမှလွဲ၍ ရဲရွှင်း၊ ဓားနတ်ဘုရား နှင့် ယန်ကျိုးတို့အားလုံး ပြန်လာခဲ့ကြသည်။ အခြားသုံးယောက်နှင့်မတူဘဲ၊ သူတို့သည် လေ့ကျင့်ရန်အချိန်လိုအပ်ပြီး ပိုမိုအားကောင်းလာစေရန် တိုက်ခိုက်ခြင်းကို အားကိုး၍မရပေ။

" တာအိုဘိုးဘေး၊ အရှင့်ကို ဂုဏ်ပြုပါရစေ။ မဟာကျင်း က တိုက်ကြီးတစ်တိုက်လုံးကို ပေါင်းစည်းရေးမှာ အရှင်က အများဆုံး ပံ့ပိုးပေးခဲ့တာပါ။” ကျန်းချဲ သည် သူ့ခွက်ကို စိတ်အားထက်သန်စွာ မြှောက်လိုက်သည်။

သူတို့သည် မဟာတောနက်ကြီး၌ ခုနစ်နှစ်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ခုနစ်နှစ်ကြာပြီးနောက်၊ မဟာကျင်း သည် အခြားနိုင်ငံများကို စစ်မကြေငြာဘဲ တိုက်ကြီးကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။ မဟာတောနက်ကြီး ၏ပတ်ဝန်းကျင်သည် အန္တရာယ်များလွန်းသောကြောင့် မဟာကျင်း ၏အကူအညီမပါဘဲ အခြားနိုင်ငံများ ရှင်သန်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ကောင်းကင်ချီမြေ နှင့် အလွန်ဝေးကွာသော်လည်း မြေအောက်၌ ဝှက်ထားသော ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ ရှိသေးသည်။ ရှားပါးရတနာများ မြုပ်နေသော စိမ့်များ၊ မြစ်များနှင့် သစ်တောများသည် စိတ်ကူးမယဉ်နိုင်သော အန္တရာယ်များရှိသည်။ အချို့လူများသည် ချောက်ကမ်းပါးမှ ပြုတ်ကျသော ကျောက်တုံးငယ်ဖြင့် အသားငါးပိကဲ့သို့ပင် ရိုက်ခွဲခံခဲ့ရသည်။ အခြားနိုင်ငံများ သည် မြေယာပြန်လည်ရရှိရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း အချို့သော စပါးများကို ရိတ်သိမ်းပြီးသော်လည်း အသေအပျောက် ပိုများသည်။ နောက်ဆုံးတွင်၊ သူတို့သည် မဟာကျင်း ကို လက်အောက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဧကရာဇ် ရွှင်းထန် သည် နဂါးသွေးကြော တိုက်ကြီး ၏ အရင်းအမြစ်များ အကန့်အသတ်ရှိပြီး ပြည်တွင်းပဋိပက္ခများကို လမ်းကြောင်းလွှဲရန် လိုအပ်နေသေးသောကြောင့် တိုက်ကြီးကို ပေါင်းစည်းခြင်းမပြုခဲ့ပေ။ သို့ရာတွင် ယခု ဤပြဿနာများကို စဉ်းစားနေစရာ မလိုတော့ပေ။ မဟာတောနက်ကြီးထဲ တွင်၊ အရင်းအမြစ်များသည် အဆုံးမရှိဖြစ်ပြီး မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။

ဤနှုန်းဖြင့်၊ မဟာကျင်း သည် နှစ်ပေါင်းတစ်ရာအတွင်း ပြောင်းလဲလာမည်မှာ သေချာပါသည်။

ကျန်းချဲ သည် အနှစ်တစ်ရာအတွင်း မည်မျှ အစွမ်းထက်သည့် ကျင်းနိုင်ငံ ဖြစ်လာမည်ကို စိတ်ကူးယဉ်နေမိတော့သည်။

မစာကျင်း သည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်လာသောအခါ၊ ၎င်းသည် အဆုံးမဲ့ သမုဒ္ဒရာသို့ ပြန်သွားကာ အထွတ်အမြတ် နိုင်ငံတစ်ခု ဖြစ်လာကာ ကောင်းကင်ကို ဝါးမြိုသွားမည်ဖြစ်သည်။ မည်မျှ အစွမ်းထက်မည်နည်း။

“အခုအချိန်မှာတော့ မဟာကျင်း က လူတွေက အကောင်းမြင်ပြီး သိုင့းပညာလောကက ကြီးပွားတိုးတက်နေပါတယ်။ တာအိုဘိုးဘေး၊ ဒါက အထွတ်အမြတ် မင်းဆက် ဖြစ်လာဖို့ မဟာကျင်းရဲ့ ဆုံးဖြတ်ချက်ကို ကျွန်ုပ် ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့က တခြားနိုင်ငံတွေကို ပေါင်းစည်းဖို့တောင် မလိုဘူး။ ကိုယ့်ဟာကို ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရင် အထွတ်အမြတ် နိုင်ငံဖြစ်လာနိုင်တယ်”

ကျန်းချဲ မူးနေပြီ။ သူရဲကောင်းဆန်စွာပြောနေစဉ် သူ့ပါးပြင်များ အနည်းငယ်နီရဲနေသည်။

သူက ကျန်းချင်၏ ပုခုံးကို ပုတ်ပြီး "ချင်းအာ၊ မင်း ဧကရာဇ် ဖြစ်လာတဲ့အခါ၊ အထွတ်အမြတ် မင်းဆက်ဖြစ်လာဖို့ ကြိုးစားအားထုတ်ရမယ်။ ပြီးတော့ အင်ပါယာမိသားစုရဲ့ သိုင်းပညာကိုလည်း ကြီးကြပ်ကွပ်ကဲရမယ်…”

ကျန်းချင် သည် ကျန်းချဲ ၏တောင်းဆိုမှုကို အလျင်အမြန် သဘောတူလိုက်သည်။

ကျန်းချန်ရှန်း က ဒီမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်သည်။

မူလင်းလော့က သူ့ဘေးမှာထိုင်ပြီး ရယ်မောနေသည်။ “တကယ်ကို စိတ်ချမ်းသာရတဲ့ အချိန်ပါပဲ။ မူမိသားစုတောင် တောကြီးထဲမှာ တိုးတက်လာတာ။ မဟာကျင်းရဲ့ သိုင်းပညာလောကက ပိုပြီး အားကောင်းလာသရွေ့၊ ပြန်လှည့်ကြည့်စရာမလိုဘဲ အထွတ်အမြတ်နိုင်ငံ ဖြစ်လာနိုင်လိမ့်မယ်”

ကျီဝူကျွင်း က သက်ပြင်းချလိုက်ပြီး "တောနက်ကြီးကို ရှာဖွေတွေ့ရှိတာဟာ လူသားမျိုးနွယ်အတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ။ ဒါပေမဲ့ တာအိုဘိုးဘေး တစ်ယောက်တည်းကပဲ တွေ့န်ုင်တာ။ တခြားသိုင်းပညာရှင်တွေက ကိုယ့်အားကိုးရမှာ။ ရှာဖွေတွေ့နိုင်ခဲ့ရင်တောင် လူတချို့လောက်ကိုပဲ နေရာရွှေ့ပြောင်းနိုင်မှာ။ ရက်နည်းနည်းလောက်မှာ လူတွေအများကြီးကို နေရာရွှေ့ပြောင်းပေးခဲ့တဲ့ တာအိုဘိုးဘေးလို ဘယ်သူများဖြစ်နိုင်မှာလဲ။ လက်ရှိ သာယာဝပြောတဲ့ ခေတ်ကို တာအိုဘိုးဘေးက ဖန်တီးခဲ့တာ။ ဘယ်သူမှ တုပလိုမရဘူး။ အထွတ်အမြတ်နိုင်ငံရဲ့ ဧကရာဇ်တောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ဤစကားများသည် ကျန်းချန်ရှန်းကို သက်သောင့်သက်သာ ဖြစ်စေသည်။

ရဲရွှင်း က ရယ်ပြီး “မှန်တယ်။ တာအိုဘိုးဘေးက ဘယ်သူမလို့လဲ။ မသေမျိုးလောက ကနေ သေမျိုးလောကကို ဆင်းသက်လာတဲ့သူ။ အထွတ်အမြတ်နိုင်ငံရဲ့ ဧကရာဇ်မင်းက ဘယ်လောက်ပဲ တန်ခိုးကြီးမားပါစေ၊ သူက သာမန်လူတစ်ဦး ဖြစ်နေဆဲပဲ” ဒီမိန်းမ ငါ့ကိုထပ်လုပ်ပြန်ပြီ။ ချီးပဲ။

ရဲရွှင်း သည် တာအိုဘိုးဘေးအား အမြဲတမ်း ကပ်တွယ်နေသော ကျီဝူကျွင်း ကို တကယ်ပင် လေးစားမိသည်။ ထိုအရာအား လုပ်ရန် သော့ချက်က မြင့်မြတ်သော မင်းဆက်ကို နှိုင်းယှဉ်မှုအနေနှင့် သုံးဖို့ပါပဲ။ သို့သော် ဤအချက်ကို ပြောပိုင်ခွင့်မရှိပေ။ တာအိုဘိုးဘေးကို ချီးမွမ်းဖို့ ထန်းဟိုင် က လူတွေကို သူသုံးလို့မရဘူးလေ။ ဟုတ်တယ်မလား။

ခြံဝင်းအတွင်းရှိလေထုသည် ပို၍ပို၍ရွှင်လန်းလာသည်။

ကျန်းချန်ရှန်း သည် အခြားအရာများကို တွေးတောရင်း သူ့ဘာသာသူ သောက်ခဲ့သည်။

မဟာနတ်ဆိုး သူတော်စင် ခုနစ်ယောက် ထွန်းကားလာသောအခါ အဆုံးမဲ့သမုဒ္ဒရာ၏ ကံကြမ္မာမင်းဆက်များတွင် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ သူတို့အားလုံးသည် နတ်ဆိုးများ၏ ကျူးကျော်မှုကို တွန်းလှန်ခဲ့ကြသည်။ သူ့နောက်လိုက် တော်တော်များများက ဒီကိစ္စနှင့် ပတ်သက်ပြီး ငိုနေကြသည်။

ကျန်းချန်ရှန်း သည် သူ၏ဝတ်ပြုသူများကို တစ်လလျှင် တစ်ကြိမ်သာ ကူညီပေးနိုင်သည်။ ကျင့်ကြံမှုကို နှောင့်နှေးစေမည်မဟုတ်ပေ။ စိတ်ပျက်အားငယ်သော ဝတ်ပြုသူများအနေနှင့် မြောက်ဘက်သို့ ထွက်ပြေးရန် အိပ်မက်တစ်ခု ပေးပို့ခဲ့သည်။

သူသည် နဂါးသွေးတိုက်ကြီးမှ တောနက်ကြီးဆီသို့ နေ့တစ်ဝက်သာ သွားလာရသော်လည်း ခရီးအကွာအဝေးမှာ အလွန်ဝေးသည်။ ထို့အပြင်၊ နဂါးသွေးတိုက်ကြီးသည် လူသားများခြေချရာ အစွန်းဘက်တွင်ရှိသည်။ အခြားနေရာများမှ သူ၏ဝတ်ပြုကိုးကွယ်သူများသည် မဟာတောကြီးသို့ အလျင်အမြန်သွားလိုလျှင် မျိုးဆက်များအတွက် ကြိုးစားအားထုတ်ရန် လိုအပ်ပေမည်။

အနည်းဆုံးတော့ ကျန်းချန်ရှန်း က သူတို့ကို မျှော်လင့်ချက်ပေးခဲ့သည်။

မျှော်လင့်ချက်ကင်းမဲ့မှုသည် အမှောင်နှစ်များတွင် ကြောက်စရာအကောင်းဆုံးအရာဖြစ်သည်။

နောက်နေ့မနက်။

ခြံဝင်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဓားနတိဘုရား နှင့် မူလင်းလော့ တို့သည် ဓားတာအို ကို ဆွေးနွေးကြသည်။ ကောင်းကင်ဘုံဓားကို ရယူပြီးနောက် မူလင်းလော့ သည် ဓားတာအို ကို စတင်လေ့လာခဲ့သည်။ ဓားဘုရားသည် ၎င်းနှင့် ဆွေးနွေးရန် တစ်စုံတစ်ဦးကိုလည်း လိုအပ်သည်။

ကျန်းချန်ရှန်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး တောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူသည် သိုင်းပညာ၏ ဝိညာဉ်စွမ်းအင်ကို တုန်လှုပ်စေသည့် ကမ္ဘာပေါ်တွင် မှန်းဆ၍ပင်မရသော စွမ်းအားတစ်ခုကို ခံစားနိုင်သည်။

ကျီဝူကျွင်းနှင့် တခြားသူများက သတိမထားမိကြပေ။

"ငါစဉ်းစားနေတဲ့ ဒီစွမ်းအားက ဘယ်လောက် အစွမ်းထက်လဲ ငါသိချင်တယ်"

[တွက်ချက်၍မရပါ။ ဤအကြောင်းတရားနှင့် အကျိုးသက်ရောက်မှုသည် စနစ်၏သိရှိထားသော ထောက်လှမ်းမှုအကွာအဝေးအတွင်း၌ မရှိပါ။]

ကျန်းချန်ရှန်း စိတ်မပျက်ပေ။ ထိုအင်အားသည် အမှန်တကယ်ပင် ဝေးကွာလွန်းလှသည်။ အဆုံးမဲ့ သမုဒ္ဒရာ၏ အခြားတစ်ဖက်တွင် သို့မဟုတ် နတ်ဆိုးများ၏နောက်တွင်ပင် ဖြစ်နိုင်သည်။

ဘယ်လို အစွမ်းထက်တဲ့ တည်ရှိမှုမျိုးက တောနက်ကြီးရဲ့ သိုင်းပညာ စွမ်းအားကို လှုပ်ခတ်သွားစေနိုင်လဲ။

ကံကောင်းထောက်မစွာနဲ့ သူ အဝေးမှာ ရှိနေခဲ့လို့….

All Chapters