← Chapters

ကုသိုလ်အကျိုးဟု ခေါ်သော ကောင်းကင်သိုင်းနည်းစနစ်

Vol. 17 Ch. 249

ကုသိုလ်အကျိုးဟု ခေါ်သော ကောင်းကင်သိုင်းနည်းစနစ်

Vol. 17 Ch. 249

ချောက်ကမ်းပါးမှာရှိနေတုန်း အရှင်ပိုင် လေ့ကျင့်နေသည်။ ခုနစ်ရောင်ဖျော့ဖျော့အလင်းရောင်တစ်ခုက သူ့ကိုဝိုင်းရံထားသည်။

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် သူ့နောက်ရှိ လေဟာနယ်မှ ပေါ်လာသည်။ သူက ဒူးတစ်ဝက်ထောက်ကာ “အရှင်၊ နတ်ဆိုး သူတော်စင် ခုနစ်ယောက်ရဲ့ အရှိန်အဟုန်က အထွတ်အထိပ်ကို ရောက်နေပါပြီ။ လူသားတွေနဲ့ နတ်ဆိုးတွေကြား ကမောက်ကမ ဖြစ်နေပါပြီ။ ကံကောင်းလို့၊ အန္တိမနတ်ဆိုးက သူရဲ့ နတ်ဆိုးစစ်တပ်နဲ့အတူ ပေါ်မလာခဲ့ပါဘူး။ အခုအချိန်မှာတော့ နတ်ဆိုး သူတော်စင် ခုနစ်ယောက်က အကြီးအကျယ် ဖျက်ဆီးနေပါတယ်။”

အရှင်ပိုင်သည် မျက်လုံးဖွင့်၍ မဖြေပေ။

မျက်နှာဖုံးစွပ်ထားသည့်လူက မနေနိုင်ဘဲ “အရှင်၊ အန္တိမနတ်ဆိုးက လူသားမျိုးနွယ်ကို ဝါမျိုးလိုက်ဖို့ ဘာကြောင့် အခွင့်အရေးမယူတာပါလဲ”

အရှင်ပိုင် က “အထွတ်အမြတ် နိုင်ငံနဲ့ တိုက်ပွဲမှာ အန္တိမ နတ်ဆိုးက ဒဏ်ရာ အပြင်းအထန် ရသွားတာ။ ပြီးတော့ နတ်ဆိုးမျိုးနွယ်ရဲ့ ရန်သူက လူသားမျိုးနွယ်မဟုတ်ဘူး။ မဟာနတ်ဆိုး သူတော်စင် ခုနစ်ယောက် ရှင်ပြန်ထမြောက်လာတဲ့အခါ၊ သူတို့က နတ်ဆိုးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံးဖြစ်လာဖို့ သေချာပေါက် ကြိုးပမ်းကြမှာပဲ။ မဟာနတ်ဆိုးသူတော်စင် ခုနစ်ယောက်ကို ရှင်ပြန်ထမြောက်စေခြင်းက အန္တိမ နတ်ဆိုးရဲ့ မူလရည်ရွယ်ချက်မဟုတ်ဘူး။ ဒါပေမဲ့လည်း နတ်ဆိုးမျိုးနွယ်ရဲ့ ကံကြမ္မာ ကောင်းချီးတွေ များလာတဲ့နောက်မှာ၊ နတ်ဆိုးသူတော်စင်တွေ ရှင်ပြန်ထမြောက်လာမှာက အသေအချာပဲ။”

မျက်နှာဖုံးစွပ်ထားသူက “အရှင် ကောင်းကင်ကလန်ကို ရည်ညွှန်းနေတာလား”

“ကောင်းကင်ကလန်က က သူတို့ထဲက တစ်ယောက်ပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ တစ်ဖက်မှာ တခြားမျိုးနွယ်တွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီ မျိုးနွယ်ကနေ တန်ခိုးကြီးတဲ့ ရောင်ဝါ ထွက်လာတယ်။”

အရှင် ပိုင်ယန်က တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။ မျက်နှာဖုံးစွပ်ထားသူက ဘယ်လူမျိုးလဲလို့ မေးတဲ့အခါမှာတော့ အဖြေမပေးခဲ့။

မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် အကြောင်းအရာကို ပြောင်းလဲကာ “မဟာကျင်း ကို ရှာမတွေ့သေးပေမယ့် သိုင်းဧကရာဇ် ကျွန်း မှာ မဟာကျင်း ရဲ့ ကံကြမ္မာက အခုတလောမှာ တဟုန်ထိုး တိုးတက်နေပါတယ်။ ဒီတိုးလာမှုရဲ့ အရှိန်က ထိပ်တန်းဆယ်ခုမှာ ပါပါတယ်”

အရှင်ပိုင်က က “သိုင်းဧကရာဇ်ကျွန်းက မဟာကျင်းကို ခြေရာမခံနိုင်ဘူးလား”

မျက်နှာဖုံးစွပ်ထားသူက “မြောက်ဘက်မှာရှိတာကို သူတို့သိပေမယ့် ဘယ်မှာလဲဆိုတာ အတိအကျမသိကြဘူး။ ကံကြမ္မာကောင်းချီးက လူသားတွေက ဖန်တီးတာမဟုတ်ဘူး၊ သိုင်းဧကရာဇ်ကျွန်း မှာ စောင့်ကြည့်လေ့လာရေးနည်းလမ်းတွေပဲ ရှိတယ်။”

အရှင်ပိုင် က “ကြည့်ရတာ တာအိုဘိုးဘေး ထွက်ပြေးသွားတာ မဟုတ်ဘူးပဲ။ အဲဒီအစား အထွတ်အမြတ်နိုင်ငံက နတ်ဘုရားမြေကို ရှာတွေ့သလိုမျိုး သူလည်း တိုက်ကြီးအသစ်တစ်ခုကို ရှာတွေ့ခဲ့တဲ့ပုံပဲ။”

မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ရုတ်တရက် သဘောပေါက်သွားပြီး တာအို ဘိုးဘေးကို ချီးမွမ်းလိုက်သည်။ သူကဆက်ပြောသည် "နဂါးသွေးကြော တိုက်ကြီးမြောက်ဘက်။ အဲဒါက လူသားတွေ ဘယ်တုန်းကမှ ခြေမချဖူးတဲ့ ပင်လယ်ကြီးလို့ ထင်တာပဲ။

"ဒီတည်ရှိမှုက ဘယ်အချိန်မှာ လှုပ်ရှားလာမှာလဲ”

အရှင်ပိုင်က လှည့်၍ အေးစက်သော လေသံဖြင့် မေးသည်။

မျက်နှာဖုံးစွပ်ထားသူက “သူ ပြောတာကတော့ မကြာခင် လို့ ပြောတယ်။ သူ နတ်ဘုရား နည်းစနစ်ကို သင်ယူပြီးတဲ့အခါ သူတော်စင် ခုနစ်ယောက်ကို သေသေချာချာ ဖယ်ရှားပစ်လိမ့်မယ်”

အရှင်ပိုင်က “ငါးနှစ်ကြာလို့ မလှုပ်ရှားသေးရင် သူ့ဖြစ်တည်မှုကို ငါလူတွေ သိအောင် ထုတ်ပြောလိုက်မယ်။ ဒါမှ သူ မှန်ကန်တဲ့သူ ဖြစ်လာဦးမလား ကြည့်မယ်”

“ဟုတ်ကဲ့ပါ”

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက ပြန်ပြောပြီး ပျောက်သွားသည်။

ဇူလိုင်လတွင် လောင်မြိုက်သော နေရောင်သည် မြင့်မားလာခဲ့သည်။ ယခင်နှစ်များကထက် အနည်းငယ်ပူသည်။

ကျန်းချန်ရှန်း က သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး ခြံဝင်းထဲက လူတိုင်းကို ကြည့်လိုက်သည်။ “ကျန်းအာနဲ့ ဟောက်ထျန်း တို့က ကောင်းပင်ဂူအဆင့်ထဲ ရောက်လာကြပြီ” သူပြောပြီးသည်နှင့် အားလုံးက သူ့ကို လှည့်ကြည့်လိုက်သည်။

ရဲရွှင်း က အံ့အားသင့်စွာ မေးလိုက်သည် ၊ “မြန်လိုက်တာ”

ဓားနတ်ဘုရားလည်း ထိတ်လန့်သွားသည်။ သူသည် ကောင်းကင်ဂူ အဆင့်တစ် သို့ ဖြတ်ကျော်သွားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း၊ ကောင်းပင်ဂူ အဆင့်နှစ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းပင် မရှိသေးချေ။

ကျန်းချန်ရှန်း သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ကျန်းကျန့် နှင့် လင်းဟောက်ထျန်း သ လျင်မြန်စွာ အားကောင်းလာစေသည့် နည်းလမ်းကို ပြန်ပြောပြခဲ့ပြီး လူတိုင်း နှုတ်ဆိတ်သွားသည်။

ကံကြမ္မာကောင်းချီးကို စုပ်ယူတဲ့ တတိယမျက်လုံး...

သွေးကိုစုပ်ယူတဲ့ နတ်ဆိုးတစ်ဝက်သွေး...

ဤအရာသည် ကြိုးစားအားထုတ်မှုဖြင့် ရရှိနိုင်သောအရာမဟုတ်ပေ။

“ဒီလိုလုပ်လို့မရဘူး။ အပြင်ထွက်ပြီး စူးစမ်းလေ့လာရဦးမယ်။ ငါ တခြားနည်းလမ်းတွေကို နားလာ်ရင်လည်မှာ” ရဲရွှင်း က ထရပ်ကာ ပြောလိုက်သည်။

ဓားနတ်ဘုရားလည်း မတ်တပ်ရပ်ပြီး သူတို့နှစ်ယောက် အလျင်အမြန် ထွက်သွားသည်။

ပိုင်ချီက ကျီဝူကျွင်း ကိုကြည့်ပြီး "မင်းရော စိတ်မဝင်စားဘူးလား”

ကျီဝူကျွင်းက “မတန်ဘူးလေ။ မြိုင်ဟေဝန်ရဲ့ လက်ရှိအရင်းအမြစ်တွေက အထွတ်အမြတ်နိုင်ငံရဲ့ အရင်းအမြစ်တွေထက် အများကြီး သာနေတာမှမဟုတ်တာ။ ပြီးတော့ ကျွန်မက ကောင်းကင်ဂူ အဆင့်ခုနှစ်ထဲ ဝင်တော့မယ်။ ဒီနှစ်မကုန်ခင် ဖြတ်ကျော်ဝင်လောက်တယ်”

ပိုင်ချီ က တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ အဆုံးတဃင် ပါးစပ်ပိတ်နေဖို့သာ ရွေးချယ်လိုက်သည်။

မူလင်းလော့က က ပြုံးပြီးပြောသည်။ "မကြာသေးခင်က မဟာကျင်းမှာ ထူးဆန်းတဲ့ လူတစ်ယောက် ပေါ်လာတယ်။ သူက သားရဲတွေကို လိုက်ရှာပြီးတော့ သူတို့ရဲ့ အရွတ်နဲ့ အရိုးတွေကို သန့်စင်ဖို့အတွက် ကံကြမ္မာ ကောင်းချီးကို အသုံးပြုခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ လှုံ့ဆော်ဖို့အတွက် အဲဒီအရာကို အသုံးပြုတယ်။ ဒီလိုလုပ်တဲ့အခါ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေရဲ့ အရည်အချင်းတွေကို ကျွမ်းကျင်လာနိုင်တယ်။ ဒီနည်းလမ်းက အရမ်းခက်တယ်။ ကျွန်မအဖိုးက သူ့ကို လူကိုယ်တိုင်လာလည်စေချင်နေတယ်။”

ရက်စက်ကြမ်းကြုတ်သော သားရဲအားလုံးတွင် အထူးစွမ်းရည်များ ရှိသော်လည်း အများစုမှာ မဖွံ့ဖြိုးသေးပေ။ သူတို့သည် အမဲလိုက်ရန် သူတို့၏ ရုပ်ခန္ဓာကို မည်သို့အားကိုးရမှန်းသာ သိကြသည်။ ဤစွမ်းရည်များသည် သိုင်းပညာစိတ် စွမ်းအင်များ၏ အရည်အချင်းများနှင့် ဆက်စပ်နေသော်လည်း ၎င်းတို့အားလုံးသည် ၎င်းတို့၏ကိုယ်ပိုင်အစွမ်းသတ္တိအပေါ် အခြေခံထားသည်။ သူတို့သည် ကောင်းကင်နှင့်မြေကြီးကို အားကိုးနိုင်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် မတူပေ။

ပိုင်ချီ က အလေးအနက် မေးသည်။ "ဒီထူးခြားတဲ့လူက ဘယ်သူလဲ။ သူ့နာမည်ဘယ်လိုခေါ်လဲ"

ကျီဝူကျွင်းက က ခေါင်းခါလိုက်ပြီး “တာအိုဘိုးဘေးက ကယ်တင်ခဲ့တဲ့ ကွမ်းထုံယို ပဲ၊ သူက ပါရမီရှင်လေ။ တာအိုဘိုးဘေးကလွဲရင် ဒီနေရာမှာ စွမ်းအားအကြီးဆုံးပဲ။ သူက ပိုပြီး ကြမ်းတမ်းတဲ့ သားရဲတွေကို လိုက်ရှာနိုင်တယ်။ ဒါကြောင့် သိုင်းတာအို အသစ် တီထွင်တာက သူ့အတွက် ပုံမှန်ပဲ။ မကြာခင်မှာ ပိုမြင့်တဲ့အဆင့်ကို ရောက်သွားမှာပဲ”

မူလင်းလော့ က သိချင်စွာဖြင့် "ကွမ်းထုံယို ရဲ့ လက်ရှိအဆင့်က ဘာလဲ။"

ကွမ်းထုံယို ကို သူမတွေ့ဖူးသေးချေ။

ကောင်းကင်ဂူ အဆင့်ကိုး

ကျီဝူကျွင်း ၏ အဖြေကြောင့် မူလင်းလော့ ၏ မျက်ခွံများ လှုပ်ယမ်းသွားသည် ။

ထိုအချိန်တွင် သူမသည် လင်းဟောက်ထျန်း နှင့် ထပ်တူခံစားရသည်။ မဟာကျင်း သည် ပညာရှင်မည်မျှ ဖုံးကွယ်ထားသနည်း။

ကျန်းချန်ရှန်း က “ဒီနည်းလမ်းက တကယ်ကောင်းတယ်။ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးပြုတယ်။ မင်းလေ့လာကြည့်လို့ရတယ်”

ကွမ်းထုံယို ၏ အသားတင်ပိုင်ဆိုင်မှုသည် ၁၃ သန်းမှ ၂၇ သန်းအထိ အလွန်လျင်မြန်စွာ တိုးလာပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း ဤမျှများပြားလာခဲ့သည်။ ၎င်းသည် သူတီထွင်ခဲ့သော သိုင်းပညာလမ်းကြောင်းသစ်နှင့် ဆက်စပ်နေပုံရသည်။

ကွမ်းထုံယို နှင့် ချီယွမ် အပြင် အခြားသော စွမ်းရည်ရှိသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကိုယ်ပိုင်သိုင်းတာအို ကို ဖန်တီးခဲ့ကြသည်။ သို့သော် ဤနှစ်ယောက်၏ သိုင်းတာအို သည် အထူးချွန်ဆုံးဖြစ်သည်။

ကျန်းချန်ရှန်း သည် ဤကိုယ်ခံပညာသစ်များကို စိတ်မဝင်စားသော်လည်း မူလင်းလော့ နှင့် ကိုယ်ခံပညာကိုသာ လေ့ကျင့်နိုင်သည့် အခြားသူများအတွက်မူ ၎င်းတို့သည် ၎င်းကို စမ်းကြည့်နိုင်သည်။

သိုင်းတာအို သည် လူတစ်ဦး၏ ခန္ဓာကို ကြံ့ခိုင်စေရန်အတွက် ရရှိနိုင်သည့်အရာအားလုံးကို မှီခိုအားထားသည်။ အင်မော်တယ် တာအို သည် ကမ္ဘာကြီး၏ စည်းမျဉ်းများကို နားလည်ကာ ခန္ဓာကိုယ်ကို ပျော့ပျောင်းစေကာ စိတ်ဝိညာဉ်ကို သန့်စင်ပေးရာတွင် ပို၍ အားကောင်းသည်။ ရိုးရှင်းစွာပြောရပါက သိုင်းတာအိုသည် ကမ္ဘာ ၏စည်းမျဉ်းများအတွင်းတွင် ရှိရမည်ဖြစ်ပြီး အင်မော်တယ်.တာအို သည် စည်းမျဉ်းများမှခုန်ထွက်ကာ ၎င်း၏စည်းမျဉ်းများ ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

သံသရာနှင့် သေခြင်းတရားသည် စည်းကမ်းဘောင်အတွင်း၌ ရှိနေသည်။ ထာဝရရှင်သန်ခြင်း နှင့် ဘဝ သံသရာတွင် လှည့်ပတ်ခြင်းတို့ကို စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိတော့ပေ။

ချီ ကို စုပ်ယူသည့် လုပ်ငန်းစဉ်အတွင်း ကျန်းချန်ရှန်း ၏ ရုပ်ခန္ဓာသည် ကောင်းကင်နှင့် မြေကြီး၏ စိတ်စွမ်းအင်များဖြင့် အင်အား ဖြည့်ထားပြီး သားရဲကဲ့သို့ အစွမ်းထက်လှသည်။

သူ၏ရုပ်ခန္ဓာအပြင် သူသည် သူ၏စိတ်ဝိညာဥ်ကို ထိန်းချုပ်ထားပြီး၊ သူ့စိတ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ၏ရုပ်ခန္ဓာထက်ပင် ပို၍ပင်ပြင်းထန်သည်။

ကျန်းချန်ရှန်း စကားကိုကြားတော့ ကျီဝူကျွင်း လည်း ကွမ်းထုံယို၏ သိုင်းတာအို ကို စိတ်ဝင်စားလာခဲ့သည်။ တိုက်ဆိုင်စွာပင်၊ မကြာသေးမီက ကွမ်းထုံယို သည် မြို့တော်တွင် ရှိနေသောကြောင့် အမျိုးသမီးနှစ်ဦးသည် ချက်ချင်းပင် သူ့ထံ အလည်အပတ်သွားခဲ့သည်။ ပိုင်ချီနှင့် ကြောင်နတ်ဆိုးနှစ်ကောင်က သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ ချက်ချင်းနောက်ကို လိုက်သွားခဲ့သည်။

ခဏတာ ခြံဝင်းထဲ၌ ကျန်းချန်ရှန်း တစ်ယောက်သာ ကျန်တော့သည်။

ကျန်းချန်ရှန်း သည် တာအို ကမ္ဘာထဲသို့ စတင်ဝင်ရောက်လာသည်။

နဂါးဖြူ၊ ခြေသုံးချောင်း ရွှေကျီးကန်း၊ ထိုက်ရှီ နှင့် ထိုက်ဝါ တို့သည် ကြိုးစား လေ့ကျင့်နေကြသည်။ အခြားတစ်ဖက်တွင်မူ အခြားသော ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် မျိုးပြောင်းသားရဲများသည် အလွန်ပျင်းရိကြသည်။ ဒါက သူတို့၏ တွေးခေါ်မှုနှင့် သက်ဆိုင်သည်။ သူတို့သည် လေ့ကျင့်မှုကို အားကိုးခြင်းဖြင့် အင်အားကြီးလာကြသည် မဟုတ်ဘဲ သဘာဝအတိုင်း ကြီးထွားလာသည်။

"ခဏကြာရင် ငါသူတို့နှစ်ကောင်ကို လွှတ်ပေးပြီး မဟာကျင်း အတွက် ဒဏ္ဍာရီလာ သားရဲတွေဖြစ်ခွင့်ပေးမယ်။ ဒါက ပူဇော်အမှတ်လည်း တိုးပွားလာစေလိမ့်မယ်။”

ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ တစ်စုံတစ်ယောက်သည် တာအိုဘိုးဘေး၏ တန်ခိုးကို မေ့သွားလိမ့်မည်။ တာအိုဘိုးဘေး ရဲ့ ဆန်းကြယ်တဲ့ စွမ်းရည်တွေကို မသိတဲ့ မျိုးဆက်သစ်တွေ အမြဲရှိနေမှာပဲ။

နဂါးဖြူနှင့် ရွှေကျီးကန်းတို့သည် တာအို ဘိုးဘေးလက်ထဲတွင် ဒဏ္ဍာရီလာ သားရဲများအဖြစ် မွေးဖွားလာသောကြောင့် အဆိုပါ အမှတ်များသည် သဘာဝကျကျ သူ့ထံ တွင် ရှိနေသည်။

ယင်းက မဟာကျင်း နှင့် လက်အောက်ခံနိုင်ငံများ၏ ပေါင်းစည်းမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

စည်းလုံးသောယုံကြည်ချက်ဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်လက်ခံရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

နေ့တစ်ဝက်အကြာတွင် မူလင်းလော့ နှင့် အခြားသူများ ပြန်လာကြပြီး ကွမ်းထုံယို ၏ တပည့်များ ကူးယူထားသော လျှို့ဝှက်စာအုပ်ကို ရရှိခဲ့သည်။

ကောင်းကင်သိုင်းဥပဒေ

ကျန်းချန်ရှန်း ၏လွှမ်းမိုးမှုအောက်တွင်၊ ကွမ်းထုံယို သည်လည်း အင်မော်တယ် တစ်ယောက်ဖြစ်လာလိုသောကြောင့် သူ၏သိုင်းတာအိုကို အသစ်ကို ဥပဒေအဖြစ် အမည်ပေးခဲ့သည်။

“ကောင်းကင်သိုင်းဥပဒေက အမှန်တကယ်ကို လက်ရာမြောက်ပြီးတော့ မြိုင်ဟေဝန်ရဲ့ သိုင်းပညာရှင်တို့အတွက် အရမ်းသင့်တော်တယ်။ အဆုံးမရှိ သမုဒ္ဒရာထဲမှာ၊ အရမ်းရက်စက်တဲ့ သားရဲတွေ ရှိတယ်။ လိုက်ရှာဖို့တော့ ခက်မှာ။ ဒါပေမဲ့ ဒီနေရာမှာ အဲဒါက နေရာတိုင်းမှာ ရှိတယ်။ ဒီသိုင်းတာအို အသစ်နဲ့ဆို ကွမ်းထုံယိုကို သူတော်စင်လို့ ခေါ်လို့ရပြီ။ နောင်နှစ်ပေါင်း တစ်သောင်းလောက်ကြာရင် သူ့နာမည်က သမိုင်းစာအုပ်တွေထဲမှာ သေချာပေါက်ပါလိမ့်မယ်” ကျီဝူကျွင်း သည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်ပြီး ကွမ်းထုံယို အား စိတ်ရင်းမှန်ဖြင့် ချီးမွမ်းလိုက်သည်။

ပိုင်ချီ က ကျန်းချန်ရှန်း ဆီကိုသွားပြီး ရယ်မောလိုက်သည်။ “မာစတာ။ ကွမ်းထုံယိုက ဆရာ့ကို သတိရနေတာ။ မဟာကျင်းတစ်ခုလုံး ဒီသိုင်းပညာကို ကျွမ်းကျင်နိုင်ဖို့ ဒီသိုင်းကျမ်းကို နန်တော်ကို လှူဖို့ လုပ်ထားတာ။ ဒါက ဆရာ့ကို သေချာပေါက် မျက်နှာရစေမှာ”

ကျန်းချန်ရှန်း က "ကမ္ဘာကြီးက သူ့ကို လေးစားပြီး ကျေးဇူးဆပ်လိမ့်မယ်"

ကွမ်းထုံယို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အရေးမကြီးပါ။ ကွမ်းထုံယို မဟာကျင်းသို့ ရောက်ရှိလာခြင်းသည် သူ၏ ဆုံးဖြတ်ချက်ကို သက်သေပြခဲ့ပြီးဖြစ်သည်။

သိပ်မကြာခင်မှာပဲ ဒီကောင်က သိုင်းဘုရင်အဆင့်ကို ရောက်သွားလိမ့်မယ်။

၎င်းသည် မဟာကျင်း ၏ ပထမဆုံး သိုင်းဘုရင်အဆင့် ဖြစ်လာမည်ဖြစ်သည်။

ကျန်းချန်ရှန်းသည် အင်မော်တယ် ကျင့်ကြံသူ ဖြစ်ပြီး၊ သူသည် မဟာကျင်း ၏ ကံကြမ္မာနှင့် မပေါင်းစည်းခဲ့ပေ။ ကွမ်းထုံယို အတွက်၊ သူသည် မဟာကျင်း ၏ ကံကြမ္မာကောင်းချီးနှင့် ပေါင်းစပ်ထားပြီး 20% နီးပါးကို သူတစ်ယောက်တည်း သိမ်းပိုက်ထားသည်။

ပိုင်ချီ က ပြုံးပြီး "မာစတာပြောတာ မှန်တယ်"

နောက်တော့ မူလင်းလော့၊ ကျီဝူကျွင်းနှင့် ဓားနတ်ဘုရား သုံးပါးတို့သည် ကောင်းကင်သိုင်း ဥပဒေကို ကျွမ်းကျင်လာကြသည်။ မူလင်းလော့ သည် ပြန်သွားကာ မူမိသားစု ကို လေ့ကျင့်ပေးရန် ပြင်ထားပြီး ကျန်းချန်ရှန်း က သဘောတူသည်။

နှစ်ကုန်တွင် ကျီဝူကျွင်းသည် လုံချီ တောင်၌ ကောင်းကင်ဂူ အဆင့်ခုနှစ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကံကြမ္မာ ကောင်းချီး ဖြစ်စဉ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။ သူမ၏ ကံကြမ္မာကောင်းချီး သည် မဟာကျင်း နှင့် တရားဝင်ပေါင်းစည်းခဲ့ပြီး ၎င်း၏တန်ဖိုးမှာ ၅ သန်းအထိ တိုးလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းသည် ကွမ်းထုံယို ၏ သိုင်းပညာအတွက် ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ လူအများအား အသိပေးရန်နှင့် သူ့ကို မှ သူတော်စင်အဖြစ် အပ်နှင်းခဲ့သည်။ သူတော်စင်ကွမ်း

ကောင်းကင် သိုင်းဥပဒေ ကို တပြည်လုံးအနှံ့ ဖြန့်ကျက်ထားပြီး အင်အားစု မျိုးစုံနှင့် မိသားစုများကလည်း ကူးယူကြသည်။ ၎င်းသည် မဟာကျင်း ၏ အခြေခံ ကျင့်ကြံနည်းစနစ် ဖြစ်လာခဲ့သည်။ လူများ တိုးပွားလာသည်နှင့်အမျှ၊ ကွမ်းထုံယို သည် သူ၏ကံတရားများ တိုးလာသည်ကို သိသာထင်ရှားစွာ ခံစားရသည်။ မသိလိုက်ဘဲ သူ့အတွေးများ ရှင်းသွားသကဲ့သို့ သူ့နားလည်နိုင်စွမ်းလည်း တိုးလာသည်။ ဤခံစားချက်သည် အလွန်ထူးဆန်းသည်။

ကျန်းချန်ရှန်း ကို အထူးသွားရောက်လည်ပတ်ခဲ့ပြီး စိတ်ရှုပ်ထွေးမှုကို ပြောပြခဲ့သည်။

“ဒါက မင်းအတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ ကျေးဇူးဆပ်မှုပဲ။ မင်းတီထွင်ခဲ့တဲ့ သိုင်းပညာနည်းစနစ်က ကောင်းကင်နှင့်မြေကြီးအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ လူသားတွေအပြင် အခြားမျိုးနွယ်တွေကလည်း အဲဒါကို သင်ယူနိုင်တယ်။ ပိုပြီး မြင့်မားတဲ့ သိုင်းအဆင့်ကို ရောင်နိုင်ဖို့ မြှင့်တင်ပေးနိုင်တယ်လို့ ငါယူဆတယ်။ အဲဒါကို ကောင်းကျိုးကုသိုလ်လို့ ခေါ်တယ်။”

ကျန်းချန်ရှန်း က တည်ငြိမ်စွာပြောပြီး ကွမ်းထုံယို ၏ မျက်လုံးများ တောက်ပလာသည်။

ကျီဝူကျွင်း လည်း ကုသိုလ်ဆိုသော စကားလုံးကို တွေးနေခဲ့သည်။ သူမ သက်ပြင်းချလိုက်ပြီး “တကယ်တော့ ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။ တာအိုဘိုးဘေး ရှင်က တကယ်ကို အံ့သြစရာကောင်းတယ်။ ရှင်က ဒီကိစ္စကို ထွင်းဖောက်မြင်ပြီး နာမည်ပေးတတ်တယ်။”

သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်သူ အလွန်နည်းပါးပြီး ယင်းကို တွေးတောသူ အလွန်နည်းပါးသည်။ သူတို့အားလုံးက ၎င်းသည် ၎င်းတို့ကိုယ်ပိုင်သိုင်းပညာ၏ အကျိုးသက်ရောက်မှုဖြစ်သည်ဟု ထင်ကြသောကြောင့် ကျီးဝူကျွင်း ၏ ယခုအခိုက်အတန့်အား လေးစားမှုသည် စိတ်ရင်းမှန် ဖြစ်သည်။

ကျန်းချန်ရှန်း တည်ငြိမ်စွာပြုံးလိုက်သည်။ ဤသည်မှာ သိုင်းပညာလောက၏ ကုသိုလ်အကျိုး တစ်ခုသာဖြစ်သည်။ အင်မော်တယ် ကျင့်ကြံခြင်း၏ ကုသိုလ်အကျိုးထက် များစွာ နိမ့်ကျသည်။

သို့သော် သိုင်းပညာ မည်မျှပင် အားကောင်းနေပါစေ၊ ၎င်းတို့သည် မိမိကိုယ်ကို ကြံ့ခိုင်အောင် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ သူတို့သည် အင်မော်တယ် တာအို နှင့် ကွဲပြားသည်။ နောက်ပိုင်းတွင် အရာခပ်သိမ်းကို ဖန်တီးနိုင်သည်၊ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားကာ ယင်နှင့်ယန်၏ သံသရာကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ကုသိုလ်၏ တုံ့ပြန်မှုသည် အဆတစ်ထောင် ကြီး၏။ မည်သို့ပင်ဆိုစေကာမူ ကွမ်းထုံယို ၏ သိုင်းပညာကောင်းများဖြင့် သူ၏အနာဂတ် လေ့ကျင့်မှုသည် ပိုမိုချောမွေ့လာမည်ဖြစ်သည်။

ကွမ်းထုံယို သည် ကျန်းချန်ရှန်း နှင့် အချိန်အတော်ကြာ စကားပြောဆိုခဲ့သည်။ ကုသိုလ်တရား၏ ရှင်းလင်းချက်က ကွမ်းထုံယိုအား ကျန်းချန်ရှန်းအား ကို ပို၍ပင် ကြည်ညိုလာစေသည်။ ကျန်းချန်ရှန်းသည် အရာအားလုံးကို သိသည်ဟု သူခံစားမိသည်။

ကွမ်းထုံယို ထွက်သွားသောအခါ၊ သူသည် ကျန်းချန်ရှန်း ၏ နောက်ဆုံးယုံကြည်သူ ဖြစ်လာခဲ့သည်။ သူသည် သူ့အတွက် အသေခံနိုင်ပြီး ကျန်းချန်ရှန်း သည် သူ့ကို ကူညီရန် ကွမ်းထုံယို ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

သူက တကယ်ကို သိုင်းပညာကို ဝါသနာပါသူပင်။

ကျန်းချန်ရှန်း သည် အတွင်းစိတ်တွင် သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသဘောပေါက်လာသည်။

ဆိုရိုးစကားအတိုင်း၊ မဟာတာအို သုံးထောင်ရှိသည်။ မတူညီသောကမ္ဘာများတွင် ကျင့်ကြံနည်း အမျိုးမျိုးရှိသည်။ သိုင်းပညာသည် တာအို သုံးထောင်ထဲမှ တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် အင်မော်တယ် တာအိုထက် နောက်ကျမှ မွေးဖွားလာခြင်းဖြစ်သည်။ သိုင်းတာအို ၏ စည်းကမ်းများကို ချိုးဖျက်ပြီးမှသာ သူ၏ အင်မော်တယ် တာအို သည် တာအို ထဲသို့ အမှန်တကယ် ဝင်ရောက်လာသည်ဟု ယူဆနိုင်မည်ဖြစ်သည်။

All Chapters