← Chapters

တာအိိုဘိုးဘေး အတိဒုက္ခ ခံယူခြင်း ရွှေနဂါးသည် ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုးလိုက်သည်။

Vol. 17 Ch. 252

တာအိိုဘိုးဘေး အတိဒုက္ခ ခံယူခြင်း ရွှေနဂါးသည် ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုးလိုက်သည်။

Vol. 17 Ch. 252

"လုအန်း မင်း ဘာပြောလိုက်တာလဲ။"

လီယာ မျက်လုံးမှိတ်ကာ မေးလိုက်သည်။ သူသည် လူတိုင်း၏အသံကို ဖြတ်တောက်လိုက်ပြီး တရားရုံးရှိ အရာရှိအားလုံးကို လုအန်းအား ကြည့်ခိုင်းလိုက်သည်။

ဆံပင်ဖြူနေသော လုအန်း က လက်အုပ်ပြီး “ကျွန်တော့် အကြံပြုချက်ကတော့ မဟာကျင်းနဲ့ ပူးပေါင်းဖို့ပါ။ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းတာက အန္တရာယ်များပါတယ်။ ဒါပေမယ့် မဟာကျင်း ကတော့ မတူပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အများကြီးလေ့လာခဲ့ပြီးပါပြီ။ လူတိုင်းက အတိတ်စစ်ပွဲတွေရဲ့ အမုန်းတရားကို ဘေးဖယ်ထားလိုက်ရင် မဟာကျင်းဒေသရဲ့ လုပ်ရပ်တွေက ပွင့်လင်းမြင်သာမှု ရှိတယ်မဟုတ်ပါဘူးလား။ တာအိုဘိုးဘေးရဲ့ ဂုဏ်သိက္ခာကတော့ တုပြိုင်နိုင်တဲ့သူ ရှိပါသလား”

သူပြောပြီးသည်နှင့် လူတော်တော်များများက ချက်ချင်းပဲ သူ့ကို ကြိမ်းမောင်းကြသည်။

"မင်း ဘယ်သူ့ကိုပဲ ထောက်ခံပါစေ မဟာကျင်းနိုင်ငံ ကိုတော့ ဘယ်တော့မှ ထောက်ခံလို့မရဘူး။”

"အရှေ့တိုက်ကြီးမှာရှိတဲ့ စစ်သားထောင်ပေါင်းများစွာတို့ကြားက သွေးချောင်းစီးမှုကို မေ့နေပြီလား"

“မဟာကျင်းကြောင့်သာ မဟုတ်ရင် ဖုန့်ထျန်းက ဘယ်လိုလုပ် ခက်ခဲတဲ့ နေ့ရက်တွေ ရှိလာမှာလဲ။”

" လုအန်း ၊ ဒီလူယုတ်မာက တကယ်ကို ရည်မှန်းချက်ကြီးတယ်။ ကုန်သည်တစ်ယောက် ဆိုတဲ့အတိုင်း၊ သူ နိုင်ငံရေးဆွေးနွေးဖို့ မထိုက်တန်ဘူး!"

“အရှင်မင်းကြီး၊ သူ့ကို ခေါင်းဖြတ်လိုက်ပါ။ သူ့အလိမ်အညာတွေနဲ့ လူထုကို ရောထွေးအောင် လုပ်ခွင့်ပေးလို့ မဖြစ်ပါဘူး”

လုအန်း သည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ စော်ကားမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှထိတ်လန့်ခြင်းမရှိပေ။ သူသည် သူတို့ကို အေးဆေးစွာ မျက်နှာမူပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။

လီယာ က ဟစ်အော်ပြီး "ဘာသွေးချောင်းစီးတာလဲ။ မင် မရှက်ဘူးလား။ ဖုန့်ထျန်းက အရင် မဟာကိင်းနိုင်ငံကို ကျူးကျော်ပြီး ရှုံးနိမ့်သွားတာ။ မင်းတို့ပဲ အရှုံးကို လက်မခံနိုင်တာ မဟုတ်ဘူးလား။ ငါ့အမြင်မှာတော့ မဟာကျင်းရဲ့ သဘောထားကြီးမှုက ဖုန့်ထျန်းထက် ပိုသာတယ်။ မဟာကျင်းရဲ့ ဧကရာဇ်သာ ဖုန့်ထျန်းကို ရောက်လာရင် သူ့ကို အန္တရာယ်ကင်းကင်းနဲ့ ထွက်ခွာခွင့်ပြုမှာလား။ ပြီးတော့ သိုင်းပညာကောင်းချီး တာအိုကိုသာ ဖုန့်ထျန်းက ဖန်တီးထားတာ ဆိုရင်မင်းတ်ု့ မဟာကျင်းနိုင်ငံကို သင်ပေးဖို့ ဆန္ဒရှိမှာတဲ့လား။”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အရင်က စကားမပြောသော အရာရှိများ မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။ ဧကရာဇ်မင်း ဘာကိုဆိုလိုသည်ကို ဘာမှမပြောဘဲ သူတို့ပြောနိုင်သည်။

“လောလောဆယ်တော့ ဘယ်နိုင်ငံကို ငါတို့ရွေးချယ်သင့်တယ်ဆိုတာ ဖယ်ထားလိုက်ကြရအောင်။ ဖုန့်ထျန်း ရဲ့ စွမ်းအားတွေ ကုန်ဆုံးသွားတယ်ဆိုတာ ငါ မယုံဘူး။ ငါ့အမိန့်တော်ကို ဖြန့်ပြီး ကမ္ဘာကြီးကို နယ်နိမိတ်စည်းကို ဖွင့်ပေးလိုက်။ စိတ်အသိ အဆင့်အထက်က သိုင်းပညာရှင်အားလုံး အထဲကို ဝင်ရောက်လို့ရတယ်”

လီယာက အေးစက်စွာပြောသည်။ ထို့နောက် မတ်တပ်ထရပ်ကာ ထွက်ခွာသွားသည်။

"အရှင်မင်းကြီး၊ အဲဒါက နိုင်ငံရဲ့ ကံကြမ္မာကောင်းချီးပါ”

“ကျွန်တော်တို့ ခွင့်ပြုလိုက်ရင် နိုင်ငံက ကမောက်ကမဖြစ်သွားမှာ အသေအချာပါပဲ”

“ဒါက ဖုန့်ထျန်း ရဲ့ အကြီးကျယ်ဆုံး အကာအရန်ပါ။ ဒါမဖြစ်နိုင်ပါဘူး”

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ဒေါသတကြီး ဖြစ်သွားသော်လည်း လီယာက ဂရုမစိုက်ဘဲ အမြန်ထွက်သွားသည်။

ဖုန့်ထျန်းကဲ့သို့ ကသောင်းကနင်းဖြစ်မှုသည် တစ်ခုတည်းမဟုတ်ပါ။ လူသားတို့၏ အချုပ်အခြာအာဏာပိုင် နိုင်ငံများစွာသည် အတူတူပင်။ အထွတ်အမြတ် နိုင်ငံ ဖြစ်လာရန်အတွက် ဖြတ်ကျော်ဝင်ရောက်ရန် အချိန်မရှိခဲ့ကြပေ။ မဟာနတ်ဆိုး သူတော်စင် ခုနစ်ယောက်၏ တပ်ဖွဲ့များသည် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်ကို ဆောင်ကြဉ်းလာနေပြီ ဖြစ်သောကြောင့် ၎င်းတို့၏ ရည်မှန်းချက်များကို လျှော့ချရန်မှတပါး ရွေးချယ်စရာ မရှိပေ။

ထိုက်ဟယ်ခေတ် ၃၄နှစ်၊ ဇူလိုင်လလယ်။

ကျန်းချန်ရှန်း သည် နောက်ဆုံးတွင် ဖြတ်ကျော် ဝင်ရောက်တော့မည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် အလွန်ပြည့်နှက်နေသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ သူ ချီ ကို ဆက်လက်ရှူရှိုက်နေပါက၊ ကောင်းကင်အပြစ်ဒဏ်သည် အချိန်မရွေး ရောက်လာလိမ့်မည်။ မျက်လုံးကိုဖွင့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

သူဒီနေ့ကို စောင့်နေတာ ကြာလှပြီ။

နောက်ဆုံးတော့…

ချောက်နက် နတ်ဆိုး ကို သူသတ်ခဲ့သည်မှာ နှစ်နှစ်ရှိပြီ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင်၊ မဟာကျင်း ၏ ကံကြမ္မာ ကောင်းချီးများ တိုးလာခဲ့သည်။ ပိုင်ချီ၊ ဟွမ်းထျန်း နှင့် ဟေးထျန် တို့တောင် တစ်ယောက်ပြီး တစ်ယောက် ဖြတ်ကျော်ဝင်ရောက်သွားပြီ။ မဟာကျင်းဒေသရှိ သိုင်းပညာရှင်အားလုံး ဖြတ်ကျော် ဝင်ရောက်သွားပြီ။ နောက်ဆုံးတော့ သူ့အလှည့်ပဲ။

ကျန်းချန်ရှန်း သည် ဤအောင်မြင်မှုသည် ထူးထူးခြားခြားဖြစ်လာမည်ဟူသော ကြိုတင်သတိပေးချက်တစ်ခုရှိသဖြင့် ကျန်းချဲ ထံသို့ အသံတစ်ခုပေးပို့ပြီး လူများအကြောက်လွန်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းမှကာကွယ်ရန် ဤကိစ္စကိုကြေညာရန် တောင်းဆိုခဲ့သည်။

ကျန်းချဲ သည် ထိုစကားကိုကြားသောအခါ၊ သူသည် ချက်ချင်းပင် တော်ဝင်အမိန့်ကို ရေးပြီး နိုင်ငံတစ်လျှောက် ဖြန့်လိုက်သည်။

နောက်ငါးရက်အကြာတွင် ကောင်းကင်ချီမြေ ရှိ မြို့များအားလုံးသည် ဤသတိပေးချက်ကို အများပြည်သူသို့ ကြေငြာခဲ့သည်။

တာအို ဘိုးဘေး၏ ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်ရန် ကြိုးပမ်းမှု သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူအများ၏ အာရုံကို ဆွဲဆောင်နေသည်။ စစ်ပြည်နယ်နှင့် အနီးနားပြည်နယ်များမှ သိုင်းပညာသည်များသည် မြို့တော်သို့ အပြေးအလွှားလာရောက်ကာ ဤခမ်းနားသောအချိန်အခါကို မျက်မြင်လာကြည့်ကြသည်။

တာအိုဘိုးဘေး နောက်ဆုံးအကြိမ် အတိဒုက္ခကို ကျော်ဖြတ်ခဲ့သည်မှာ ၈၉ နှစ်ရှိပြီဖြစ်သည်။ သာမန်လူတွေအတွက်တော့ ၈၉ နှစ်ဆိုတာ တစ်သက်လုံးပါပဲ။ သူတို့ ဘယ်လိုလုပ် လာမကြည့်ဘဲ နေနိုင်မှာလဲ။

ခဏတာ မြို့တော်သည် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။

မူလင်းလော့ ပင် လုံချီ တောင်သို့ ပြန်သွားခဲ့သည်။ 'ကောင်းကင်အတိဒုက္ခ' ဟူသောစကားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျန်းချန်ရှန်း အတွက် အနည်းငယ် စိုးရိမ်နေသော်လည်း သူမ အကျယ်ကြီး ထုတ်မပြောပေ။ သူမသည် ကျန်းချန်ရှန်း၏ ကောင်းကင် အတိဒုက္ခကို မတော်တဆမှုမျိုး မဖြစ်ပွားအောင် ကာကွယ်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ရှိနေလိုခြင်းသာ ဖြစ်သည်။

“ကောင်းကင်အတိဒုက္ခကို ကျော်လွှားတာ။ အဲဒါက ဘယ်လိုအဆင့်မျိုးလဲ”

ကျီဝူကျွင်း သည် တိတ်တဆိတ် ကြောက်ရွံ့နေလေသည်။ သူမသည် ကောင်းကင် အတိဒုက္ခကို ဖြတ်ကျော်ရန် လိုအပ်သော သိုင်းပညာရှင်တစ်ဦးကို တစ်ခါမျှ မကြားဖူးပေ။ အများစုမှာ ၎င်းတို့၏ နှလုံးသားထဲရှိ နတ်ဆိုးကို ချိုးဖျက်ရန်သာ ဖြစ်သည်။

ကျန်းချန်ရှန်း သည် မူလင်းလော့ နှင့် စကားပြောနေပြီး မူမိသားစုအကြောင်း မေးနေသည်။

မူလင်းလော့ သည် ကောင်းကင်ဂူာအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်သွားပြီး၊ မူမိသားစု တစ်ခုလုံးသည် သူမ၏ အဆင့်တက်နှုန်း မြန်စေရန်အတွက် ရက်စက်ကြမ်းကြုတ်သော သားရဲများကို ကူညီရှာဖွေပေးခဲ့သည်။ ဤသည်မှာ ကြီးမားသော မိသားစုတစ်စု၏ အာဏာဖြစ်သည်။

မူမိသားစုတင်မကပေ။ အခြားသော မင်းမျိုးမင်းနွယ်မိသားစုများနှင့် အင်အားစုများသည် ၎င်းတို့၏ဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်သော ကျွမ်းကျင်သူတစ်ဦးကို ပြုစုပျိုးထောင်ရန် တူညီသောဗျူဟာကို အသုံးပြုခဲ့ကြသည်။ ရလဒ်အနေဖြင့် အနည်းဆုံး ကောင်းကင်ဂူ အဆင့် ကျွမ်းကျင်သူနှစ်ဦးသည် မဟာကျင်း တွင် နှစ်စဉ် ပေါ်ပေါက်လာပြီး စကြဝဠာအဆင့် ဆယ်ဦးကျော်ရှိသည်။

အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဤကဲ့သို့ သာယာဝပြောမှုကို မည်သို့မျှော်လင့်နိုင်မည်နည်း။

အထူးသဖြင့် မြိုင်ဟေဝန် ကို ရောက်ပြီးနောက်၊ မဟာကျင်း ၏ ကြီးထွားမှု အရှိန်သည် တဟုန်ထိုး တက်လာခဲ့သည်။ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ဟု ဆိုနိုင်သည်။

မွန်းတည့်ချိန်….

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ခြံဝင်းထဲက လူတိုင်း၏ အကြည့်အောက်တွင် သူက ပြုံးပြုံးရွှင်ရွှင်နှင့် “ဒုက္ခကို ကျော်လွှားဖို့ အချိန်တန်ပြီ။ နတ်ဘုရားက ဘယ်သူ့ကိုမှ မစောင့်ဘူး။ မင်းတို့ စိတ်ပူစရာမလိုပါဘူး။ ဒါက အတိဒုက္ခလေးပါပဲ။ ငါ့ကို မသေစေနိုင်ပါဘူး” ထိုစကား ပြောပြီးသည်နှင့် သူခုန်လိုက်ကာ တိမ်တိုက်ပေါ်ရှိ လုံချီ တောင်မှ ခုန်ဆင်းသွားသည်။

ဟွမ်ထျန်း က စူးစမ်းလိုစိတ်ဖြင့် မေးသည် “မာစတာက ဘယ်လိုပျံသန်းရမလဲ မသိဘူးလား။ သူဘာလို့ တိမ်တွေပဲ အမြဲစီးနေရတာလဲ။”

ပိုင်ချီ က ဟစ်အော်လိုက်သည်။ "မင်းဘာသိလဲ။ မာစတာက ပျံနိုင်တယ်။ မင်းကရော တိမ် စီးတတ်လား”

ဟွမ်ထျန်း သည် ရှုံးနိမ့်ပြီး ပြန်မချေပနိုင်ပေ။

မူလင်းလော့ သည် ကောင်းကင်ကို စိုးရိမ်တကြီး မျှော်ကြည့်ကာ နတ်ဆိုးနှစ်ကောင်၏ ရန်ဖြစ်ခြင်းကို ဂရုမစိုက်အားပေ။

ကျီဝူကျွင်း က ထိုအရာကို စောင့်မျှော်နေသည်။ တာအိုဘိုးဘေးသည် လုံခြုံပြီး အဆင်ပြေမည်ဟု သူမယုံကြည်သည်။ သူမမျှော်လင့်ထားသည့်အရာမှာ ကောင်းကင် အတိဒုက္ခသည် မည်သို့ဖြစ်မည်နည်း။

ကျန်းချန်ရှန်း သည် မြေပြင်မှ မိုင်တစ်ရာကျော်ဝေးသော ကောင်းကင်သို့ ပျံသန်းသွားသည်။ သူ အမြင့်သို့ ရောက်နေရသည့် အကြောင်းရင်းမှာ ပြည်သူများကို အန္တရာယ်ပြုမှာ ကြောက်လို့ပင်။

သူသည် တိမ်တိုက်ပေါ်တွင် ထိုင်နေစဉ်၊ အဆုံးမဲ့ ယန်နတ်အလင်း သည် ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်ပြီး နေကဲ့သို့ တောက်ပနေ၏။ ယင်းကြောင့် မြို့တော်တွင် စောင့်ဆိုင်းနေကြသော သိုင်းပညာ ရှင်များနှင့် သာမန်လူများ တစ်ယောက်ပြီး တစ်ယောက် မျှော်ကြည့်နေကြသည်။ ခဏလောက် မြို့တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တာအိုဘိုးဘေး ဖြတ်ကျော် ဝင်ရောက်တော့မည်ကို တစ်ဆင့်နားမှ တစ်ဆင့် ပျံ့နှံ့သွားသည်။

မကြာခင်မှာ မိုးတိမ်များစုပြီး ကောင်းကင်က အရောင်ပြောင်းသွားသည်။

ဂျိန်း…

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ယံသည် မြို့တော်နှင့် စစ်ပြည်နယ်တို့ကို လွှမ်းခြုံထားနိုင်သည် ။

ကျန်းချန်ရှန်း က သူ့အမှတ်များကို ကြည့်လိုက်သည်။

[လက်ရှိ အမှတ်: ၊၉၉၄]

၄.၂ ဘီလီယံ

သူ ပိုပြီး သက်သောင့်သက်သာ ခံစားရသည်။ လျှပ်စီးကြောင်း၏ စွမ်းအားသည် နောက်ဆုံးအကြိမ် အတိဒုက္ခကို ဖြတ်ကျော်ခဲ့သည်ထက် ပိုများသည်။ မစခင်မှာပင် သူ့နှလုံးခုန်သံကို ခံစားလိုက်ရသည်။

မိုးကြိုးတိမ်များ တက်လာပြီး မဟာကျင်း ရှိ ပြည်နယ်များအားလုံး အမှောင်ထဲသို့ ကျသွားသည်။ ဖြစ်စဉ်သည် ကျန်းချန်ရှန်း မျှော်မှန်းထားသည်ထက် ပို၍ပင် လွန်ကဲနေသည်။ မကြာမီတွင်၊ မဟာကျင်း တစ်ခုလုံးသည် ကျယ်ပြန့်နေဆဲဖြစ်သော မိုးကြိုးတိမ်များဖြင့် ဖုံးလွှမ်းနေပြီး အခြားနိုင်ငံများကို လွှမ်းမိုးထားသည်။

တာအို ဘိုးဘေး ဖြတ်ကျော် ဝက်ရောက်မည်ကို မဟာကျင်း မှလူများက သိထားပြီးဖြစ်သောကြောင့် ပိုသိချင်လာကြသည်။ တခြားနိုင်ငံများတွင် သတင်းကို သိရသည်မှာ နောက်ကျသည့်အတွက် ပြည်သူများ ကြောက်လန့်သွားကြသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်တော့မည် ဟု ထင်မြင်ကြသည်။

ငါးမိနစ်ကြာပြီးနောက် ကောင်းကင်ချိမြေ တစ်ခုလုံး မိုးကြိုးများဖုံးလွှမ်းသွားသည်။

မြိုင်ဟေဝန်အတွင်း ဝင်ထွက်သွားလာနေကြသော သိုင်းပညာရှင်များနှင့် ရထားလုံးများပင်လျှင် မိုးကုတ်စက်ဝိုင်းကို လှည့်ကြည့်ကြသည်။ မြင်ကွင်းက ဖိအားအပြည့်ပင်။ ကမ္ဘာမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော နတ်ဆိုးသည် မဟာကျင်း ကို တိုက်ခိုက်သည်ဟု သူတို့ထင်လိုက်ကြသည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ တချို့က ကြောက်ပြီး မပြန်ရဲကြ။ တစ်ချို့က မိသားစုကို စိတ်ပူပြီး အမြန်သွားကြသည်။

ကျန်းချန်ရှန်း မော့ကြည့်လိုက်သောအခါ မိုးကြိုးတိမ်များဆီက ခရမ်းရောင်လျှပ်စီးကြောင်းများကို မြင်လိုက်ရသည်။

ခရမ်းရောင်လျှပ်စီးကြောင်းပဲ.

ကျန်းချန်ရှန်း သည် အမှတ်သုံးကာ ဒိုင်းတစ်ခုကို ချက်ချင်းဖွင့်လိုက်သည်။ သူ အမှတ်များကို အလွယ်တကူ မသုံးရသည့် အကြောင်းအရင်းမှာ ဒီနေ့အတွက် သုံးစွဲရန် ချန်ထားခြင်းဖြစ်သည်။

အရင်က သူ ဒီလောက် ကြီးကြီးကျယ်ကျယ် မလုပ်ဖူးပေယ

ဘုန်းးး

ကြောက်မက်ဖွယ်လျှပ်စီးကြောင်းတစ်ခု ရိုက်ခတ်ကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ လုံချီ တောင်ပေါ်ရှိ ကျီဝူကျွင်းနှင့် မူလင်းလော့ အပါအဝင် ဆွေးနွေးမှုအလယ်တွင် ရှိနေသူတိုင်းကို ထိတ်လန့်သွားစေသည်။

မူလင်းလော့ ၏နှလုံးသည် တင်းကျပ်လာပြီး ကျန်းချန်ရှန်း ကို ပို၍ပင် စိတ်ပူလာသည်။

ကျီဝူကျွင်း ၏ နှလုံးသားသည် ကမောက်ကမ ဖြစ်နေသည်။ ဤကောင်းကင်ဘုံ အတိဒုက္ခသည် ပြင်းထန်လွန်းသည်။

"ဒါက ဘယ်လိုလုပ် အန္တရာယ်မရှိဘဲ နေမှာလဲ”

ပိုင်ချီ က အော်ဟစ်ပြီး တခြားသူများ၏ အတွေးများကို ထုတ်ဖော်လိုက်သည်။

ထိုခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုတည်းက မြို့တော်နှင့် စစ်ပြည်နယ်ကို ပြန့်ကျဲသွားစေလောက်အောင်ပင်။

ကျီဝူကျွင်း က အခုပဲ ခရမ်းရောင်လျှပ်စီးကို ရင်ဆိုင်ရမည်ဆိုပါက ပြာဖြစ်သွားမှာ သေချာသည်။

ပထမဆုံး ခရမ်းရောင်လျှပ်စီးကြောင်း ကျဆင်းလာသည်နှင့်အမျှ ကောင်းကင် အတိဒုက္ခ တရားဝင် စတင်လာသည်။

ဘုန်း

ဘုန်း

ဘုန်း

အရွယ်အစားအမျိုးမျိုးရှိသော ခရမ်းရောင်လျှပ်စီးကြောင်းများက ကျန်းချန်ရှန်း အား တရစပ်တိုက်ခိုက်နေသော်လည်း ၎င်းတို့အားလုံးကို အမှတ်သုံး ဒိုင်းကာဖြင့် ကာထားသည်။ ကောင်းကင်ကို ပြည့်လျှံစေသော ခရမ်းရောင်လျှပ်စီးကြောင်းသည် ခရမ်းရောင် နဂါးကြီးကဲ့သို့ ယိမ်းနွဲ့နေသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းပင်။ ကောင်းကင်ချီမြေ တစ်လျှောက်လုံးတွင် နိုင်ငံပေါင်းစုံမှ လူများသည် ခရမ်းရောင်လျှပ်စီးကြောင်းကို အဝေးမှမြင်နိုင်သည်။

မဟာချီ

ခမ်းနားထည်ဝါသော ချီကျွင်း သည် နန်းတော်ရှေ့တွင် ရပ်ကာ မိုးကုပ်စက်ဝိုင်းကို အဝေးမှ လှမ်းကြည့်သည်။

သူသည် ချီထန် ၏သားကြီးဖြစ်သည်။ ယခု သူ့နာမည်ကို ချီကျွင်းဟု ပြောင်းလိုက်ကာ သူသည် ဝမ်ချန် လူပြန်ဝင်စား လာခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကို အုပ်စိုးသူအနေဖြင့် သူသည် တော်ဝင် အမိန့်တော်ကို ကြိုတင်ရရှိထားပြီး မဟာကျင်း ၏ တာအိုဘိုးဘေး သည် အတိဒုက္ခကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ချီကျွင်း လန့်သွားသည်။

ငယ်ငယ်ကတည်းက သူသည် မဟာကျင်း၏ တာအိုဘိုးဘေး အပေါ် ဘယ်တုန်းကမှ ရွံရှာတာမျိုး မခံစားခဲ့ရပေ။ သူသည် စူးစမ်းလိုစိတ်နှင့် တောင့်တမှုများပင် ပြည့်နှက်နေခဲ့သည်။ မဟာချီက မဟာကျင်းကို က မုန်းတီးပြီး တာအိုဘိုးဘေးကို နန်းတော်က လက်မခံဘဲ အသရေဖျက်နေတာတောင်မှ သူ့အတွက် မျှော်လင့်ချက်တွေ ပြည့်နှက်နေတုန်းပင်။ သို့သော် ယနေ့ထိတိုင်သူ မတွေ့ဖူးသေးပေ။

"ဒီမြင်ကွင်းကို ငါ့ အိပ်မက်ထဲမှာ မြင်ဖူးပုံရတယ်။"

ချီကျွင်း က သူ့ကိုယ်သူ ရေရွတ်ရင်း သူ့မျက်လုံးများ အဝေးကို ေမျှာ်ကြည့်နေသည်။ သူသည် အတိတ်ကို လွမ်းဆွတ်ရင်း သူ့ကိုယ်သူ မရုန်းထွက်နိုင်တော့ပေ။

ကျန်းချန်ရှန်း သည် အမှတ်များ လျင်မြန်စွာ ကျဆင်းလာသည်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားသော်လည်း သူလက်ခံနိုင်သေးသည်။

သူသည် ကောင်းကင်တန်ခိုးကို ခံစားလာရသည်။

ဘယ်လောက်ကြောက်စရာကောင်းလဲ။ သိုင်းပညာလောကက ဒီလောက် အစွမ်းထက်လား။

ကျန်းချန်ရှန်း သည် အတိဒုက္ခကို ကျော်ဖြတ်ပြီးသဖြင့် ကောင်းကင်ချီမြေ အနီးရှိ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများကို တွက်ချက်ခဲ့သည်။ သူမှလွဲ၍ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများ၏ တန်ဖိုးသည် ကွမ်းထုံယိုထံ တွင် အမြဲရှိနေသောကြောင့် ထိုအချိန်တွင် အားကောင်းသည့်ရန်သူ မရှိပေ။

မိုးကြိုး ဒုက္ခသည် မြိုင်ဟေဝန်၌ ကြောက်မက်ဖွယ်ဖြစ်တည်မှုများကို နှိုးဆော်လိမ့်မည်ကို သူကြောက်ရွံ့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ မဟာတောနက်ကြီး၌ ဖြတ်ကျော် ဝင်ရောက်ခြင်း မပြုခဲ့ဘဲ အဆုံးမရှိသော သမုဒ္ဒရာသို့ သွားလျှင် နတ်ဆိုးများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ အဲဒါဆို ပိုတောင်ဆိုးလိမ့်မည်။

ကျန်းချန်ရှန်းကို အဆုံးမရှိသောလျှပ်စီးကြောင်းက ရိုက်ခတ်ခဲ့သော်လည်း ၎င်းသည် သူ့ကို မထိခိုက်စေနိုင်ခဲ့ပေ။

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းက မဟာကျင်း ၏ နိုင်ငံသားများကို ဒူးထောက်ကာ သိုင်းပညာရှင်တို့၏ ချစ်ခင်မှုကို ရရှိစေခဲ့သည်။

"ဒါဟာ တကယ့်ကို အတိဒုက္ခပဲ”

"ဟုတ်တယ်။ ငါ့အဘိုးက ငါ့ကိုလိမ်မှာတဲ့လား။ အဲဒီတုန်းက တာအိုဘိုးဘေး ဖြတ်ကျော်တာကို စောင့်ကြည့်ဖို့အတွက် ငါ့အဘိုးက မစားမသောက်ဘဲ နေခဲ့တာ”

" တာအိုဘိုးဘေး ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ တွေးကြည့်ဖို့ ခက်တယ်။ ကောင်းကင်ဂူ အဆင့် ပညာရှင်တောင် ဒီလို ကောင်းကင်ဒုက္ခကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“သူက အင်မော်တယ်လေ။ သိုင်းပညာ အဆင့်နဲ် တိုင်းတာလို့မရဘူး။”

“ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ တိုက်ပွဲပဲ။ ကောင်းကင်ကြီးတောင်မှ တာအိုဘိုးဘေးကို မနှိမ်နင်းနိုင်ဘူး။"

“အထွတ်အမြတ်နိုင်ငံ ပျက်စီးသွားတာက လူသားမျိုးနွယ်ရဲ့ အဆုံးသတ်ဖြစ်တယ်လို့ ဆိုကြတယ်။ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို အပြင်းအထန် ရှေ့ဆက်စေခဲ့တာက တာအိုဘိုးဘေးပဲ။ ဒါကြောင့် ကောင်းကင်တာအိုက သည်းမခံနိုင်တာ”

အမျိုးမျိုးသော ထင်မြင်ချက်များနှင့် မှတ်ချက်များ ပေါ်လာသည်။

ကျန်းချန်ရှန်း သည် အမှတ်တန်ဖိုး ကျဆင်းသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူ့နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။ ဒါက ကမ္ဘာကို ကြေညာဖို့ ကျန်းချဲ ကို တောင်းဆိုရတဲ့ အကြောင်းရင်းပဲ။ အမှတ်တွေ လုံလုံလောက်လောက်ရှိပေမဲ့လည်း များများပွားနိုင်ရင်လည်း ကောင်းတာပဲ။

အမှတ် အရမ်းများလွန်းနေတယ်ဆိုတာ မရှိဘူး။

ဒီလိုပဲ တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်း၏ အမှတ်သည် ၁.၅ ဘီလီယံ ကျဆင်းသွားသည်။

၎င်းသည် နတ်ဆိုးအရှင် ဆယ့်ငါးယောက် ပေါင်းစပ်ထားသော တန်ဖိုးနှင့် ညီမျှသည်။

သို့သော် ကောင်းကင်အတိဒုက္ခသည် ပြောင်းလဲသွားသည်။

ခရမ်းရောင်လျှပ်စီးကြောင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရွှေရောင်လျှပ်စီးကြောင်းများ ပိုမိုပေါ်လာသည်။ လျှပ်စီးကြောင်းပုံသဏ္ဍာန်လည်း ပြောင်းလဲနေသည်။

“ ဝေါင်း”

ကမ္ဘာဖြို နဂါးကြီး၏ ဟောက်သံ ပေါက်ကွဲပြီး မိုးတိမ်များ ပြိုကျသွားသည်။ ခြေသည်းငါးခုပါသော ရွှေနဂါးကြီးသည် ရွှေရောင်လျှပ်စီးလက်၍ ကောင်းကင်ယံ၌ အပေါက်ကြီးတစ်ခု ထိုးဖောက်သွားသကဲ့သို့ ပျံ့သွားသည်။ ကောင်းကင်ထက်မှ စစ်မှန်သော နဂါးတစ်ကောင်သည် သေမျိုးကမ္ဘာဆီသို့ ဆင်းသက်လာသည်။ နိုင်ငံထဲရှိ ဘယ်သူမဆို သူတို့ဘယ်လောက်ဝေးဝေးမှာ.ဖြစ်ပါစေ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မြင်နိုင်မည်ပင်။ ရွှေလက်သည်းငါးခုနှင့် နဂါးကြီး မည်မျှကြီးမားသည်ကို တွေးကြည့်ရန် ခက်သည် ။

All Chapters