← Chapters

အမွှေးနံ့သာ ပူဇော်ခြင်း၊ ကြောက်မက်ဖွယ် တန်ဖိုး

Vol. 17 Ch. 254

အမွှေးနံ့သာ ပူဇော်ခြင်း၊ ကြောက်မက်ဖွယ် တန်ဖိုး

Vol. 17 Ch. 254

[၁. ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ပါ၊ သင်ရဲ့ ကျင့်ကြံမှုက ဒီကမ္ဘာရဲ့ သိုင်းပညာ အဆင့် ဖြစ်တဲ့ ကောင်းကင်ဧကရာဇ် အဆင့်၄ကို ကူးပြောင်းသွားမှာပါ။]

[2: ဆက်လက်ကျင့်ကြံပါ။ အင်မော်တယ်တွေက သက်ရှိအားလုံးရဲ့ အထက်မှာ ရှိပြီးတော့ အားလုံးက ရိုသေလေးစားကြပါတယ်။ ကျင့်ကြံခြင်း လမ်းစဥ်က ကောင်းကင်တာအိုရဲ့ လမ်းစဥ်ကို လိုက်ရုံပါပဲ။ သင်က အမွှေးတိုင် ပူဇော်တဲ့ ဖန်ရှင်ကို အသက်သွင်းလို့ ရပါတယ်]

ကျန်းချန်ရှန်း သူ့ရှေ့ရှိ ရွေးချယ်စရာများကို အာရုံစိုက်နေခဲ့သည်။

ကောင်းကင် ဧကရာဇ်အဆင့်

အဲဒါက သိုင်းဧကရာဇ်အဆင့်များလား

ကျန်းချန်ရှန်း က သူ့တွင် မကြုံစဖူး စွမ်းအားကြီးမားကြောင်းကို သိထားပြီးသား ဖြစ်ရာ ထိုအရာက ဖြစ်နိုင်သည်။ အကယ်၍ သူသည် သိုင်းဧကရာဇ်အဆင့်ကို မဆန့်ကျင်နိုင်ပါက သူ၏ဘဝကို ပြန်လည်သုံးသပ်ရပေတော့မည်။

သူသည် အမွှေးတိုင် ပူဇော်ရေး ဖန်ရှင်အကြောင်း ဘာမှမသိခဲ့ပေ။ ၎င်းသည် သူ၏ယခင်ဘဝက ဂိမ်းပုံစံမဟုတ်ပေ။ ရှင်သန်မှုစနစ်၏ ဆင့်ကဲဖြစ်စဉ်ဖြစ်နိုင်သည်။

သူသည် ဒုတိယတစ်ခုကို တိတ်တဆိတ်ရွေးချယ်လိုက်သည်။

အင်မော်တယ် လမ်းစဥ်ကို ဆက်လျှောက်မည်။

“အမွှေးနံ့သာ ပူဇော်ခြင်း ဖန်ရှင်ကို အသက်သွင်းပါ။'

[အမွှေးနံ့သာ ပူဇော်ခြင်း: သင့်ရဲ့ အမွှေးတိုင်အမှတ်တွေဟာ သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ရောက်တဲ့အခါ၊ အဆင့်အမျိုးမျိုးက အင်မော်တယ် ကံတရားရဲ့ အမွေအနှစ်တွေကို အသက်သွင်းပေးမှာပါ။ သင့်ကို ပြင်းပြင်းထန်ထန် ယုံကြည်တဲ့ ယုံကြည်သူတွေကပဲ အင်မော်တယ် ကံတရားရဲ့ အမွေကို လက်ခံနိုင်ပြီးတော့ နတ်ဘုရားရဲ့ တမန်တော် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ သူတို့က သင့်ကို ဘယ်တော့မှ သစ္စာဖောက်လို့ မရပါဘူး။ သေခြင်းရှင်ခြင်းက သင့်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိမှာပါ။ အင်မော်တယ် ကံတရားရဲ့ အမွေအနှစ်တိုင်းဟာ အမွှေးတိုင်အမှတ် တန်ဖိုး အမျိုးမျိူးကို ပေးဆောင်ရမှာပါ။]

[သင့်ရဲ့အမြင့်ဆုံး ပူဇော်တဲ့ အမှတ် တန်ဖိုးက တစ်ဘီလီယံကျော်သွားပြီ။ နဝမအဆင့်နှင့် အဋ္ဌမအဆင့်ရှိတဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ ကံကြမ္မာအမွေကို သင်အသက်သွင်းနိုင်ပါတယ်။ အင်မော်တယ် တာအိုက ဒီကမ္ဘာနဲ့ မသက်ဆိုင်တာမလို့ နောက်လိုက် တမန်တော်ဟာ ရရှိလာတဲ့ ကံကြမ္မာရဲ့ လက်ဆောင်နဲ့ အရည်အချင်းများကိုပဲ အမွေဆက်ခံနိုင်မှာပါ]

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်သည်။ ဤ အမွှေးနံ့သာ ပူဇော်ခြင်း ဖန်ရှင်သည် သူ့ကို တိုက်ရိုက် ခွန်အားတိုးလာစေသည် မဟုတ်ဘဲ ၎င်း၏သြဇာအာဏာကို တိုးမြင့်စေနိုင်သည်။ ထို့အပြင် သူ၏ နောက်လိုက် တမန်တော်များသည် သူ၏အမည်ဖြင့် ကမ္ဘာအနှံ့ ခရီးလှည့်လည်ခဲ့မည်ဆိုလျှင် ပူဇော်သည့် အမှတ်ပေါင်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

သိုင်းဧကရာဇ်ကျွန်းက မျိုးနွယ်အားလုံး မြင့်တက်လာမည်ဟု ဖော်ပြထားသောကြောင့် သူ၏ အမှတ် သည် လူသားများကိုသာ အားကိုးနေရမည် မဟုတ်တန်ရာ။

နောင်တွင်၊ သူသည် အခြားမျိုးနွယ်စုများတွင် တမန်တော်များ ပြုစုပျိုးထောင်ခဲ့မည်ဆိုလျှင် အဆုံးမရှိ ပူဇော်မှတ်များ ရလာမည် ဖြစ်သည်။

သူ သန်မာလာသရွေ့ ကျန်းချန်ရှန်းတွင် လူမျိုးရေးအရ မုန်းတီးမှု ရှိမည်မဟုတ်ပေ။ အမှန်ပင်၊ သူသည် လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့ပြီး လူသားမျိုးနွယ်ကို အဓိကအားဖြင့် ကာကွယ်စောင့်ရှောက်မည်ဖြစ်သည်။ မည်သည့်လူမျိုးမဆို လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေရန် တွန်းအားပေးပါက ၎င်းတို့သည် ပျက်စီးသွားရမည်ဖြစ်သည်။ လူသားမျိုးနွယ်သည် သူ၏ ပူဇော်အမှန်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၎င်းသည် မယိုင်မလဲ ရှိနေသည်။

သို့သော်၊ သူသည် အဋ္ဌမအဆင့် အင်မော်တယ် နတ်ဘုရား၏ အမွေကိုသာ အများဆုံးအသက်သွင်းနိုင်သည်။ သတ္တမအဆင့်၊ ဆဋ္ဌမအဆင့် စသဖြင့် ရှိသေးသည်ဟု ဆိုလိုခြင်း မဟုတ်လား။ ပထမအဆင့် အင်မော်တယ် နတ်ဘုရားပင် ရှိရမည်။ သော့ဖွင့်ရန် အမွှေးတိုင်မည်မျှ သုံးစွဲ ရမည်နည်း။

“အင်မော်တယ် နတ်ဘုရားတွေရဲ့ ကံတရားက ထွက်ပေါ်လာပြီ။ ဒီကမ္ဘာပေါ်မှာ အမှန်တကယ်ကို နောက်ထပ် အင်မော်တယ် နတ်ဘုရား မရှိတော့ဘူးလား။”

ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။ သူ့အမြင်အရတော့ အစွမ်းထက်တဲ့ အင်မော်တယ်တွေဟာ အတိုင်းအဆမဲ့ တန်ခိုးကြီးရမယ်။ သူတို့ရဲ့ ကိုယ်ပိုင် ကံတရားက ပေါ်လာတာကို သတိမထားမိဘဲ နေမှာတဲ့လား။

အင်မော်တယ် တာအိုက မရှိတော့ဘူးလား။ ဒီခေတ်က အင်မော်တယ် တာအိုရဲ့ နောက်ပိုင်းခေတ်လား။

ထို့အပြင်၊ အင်မော်တယ် တာအို သည် ဤသိုင်းပညာလောကတွင် ဆက်တောင့်မခံနိုင် တော့ခြင်းလား။ ဆိုလိုသည်မှာ အင်မော်တယ် တာအို သည် ဤကမ္ဘာထဲသို့ မ၀င်ရောက်နိုင်တော့ပေ။

ကျန်းချန်ရှန်း က သူသည် လုံလောက်အောင် စွမ်းအားရှိလာပြီး ဖြစ်ကာ သူ့ရဲ့ရှင်သန်မှုစနစ်က ပိုအားကောင်းလာတဲ့အတွက် အကြောင်းပြချက်ကို ရှင်းပြနိုင်သင့်တယ်လို့ ကျန်းချန်ရှန်းက တွေးလိုက်မိသည်။

"စနစ်ရဲ့ဇာစ်မြစ်ကို သိချင်တယ်"

“အဲဒါမှာ စနစ်ရဲ့ အဓိကအကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုတွေ ပါဝင်ပါတယ်။ လောလောဆယ်တော့ စနစ်က တွက်ချက်လို့ မရပါဘူး။”

“စွမ်းအား အကြီးဆုံး အင်မော်တယ် နတ်ဘုရားက ဘယ်လောက် တောင်လဲဆိုတာ ငါသိချင်တယ်။"

[ထိုကဲ့သို့သော အကြောင်းတရားနှင့် အကျိုးသက်ရောက်မှု မရှိပါ။ ကျေးဇူးပြု၍ ပြန်လည်တွက်ချက်ပါ။]

ကျန်းချန်ရှန်း သည် ရှုထောင့်အမျိုးမျိုးမှ စတင်မေးမြန်းခဲ့သော်လည်း တခြား အင်မော်တယ် မတ်ဘုရားရှိကြောင်းကို သူ မခန့်မှန်းနိုင်ပေ။

သိုင်းပညာကို အာရုံစိုက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

အသက်ပြင်းပြင်းရှူပြီး ဂရုတစိုက်မေးရင်း သူ့မျှော်လင့်ချက်များကို မျိုသိပ်ထားလိုက်သည်။

"ငါ အခု ဘယ်လောက် သန်မာနေပြီလဲ"

[အမွှေးတိုင် 4,020,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

အမွှေးတိုင်ပေါင်း ဘီလျံ

ကောင်းလိုက်တာ

သူပြန်ပြီး လုံခြုံသွားသည်ဟု ခံစားရသည်။

ကျန်းချန်ရှန်း သည် ကောင်းကင် ဧကရာဇ် ပဉ္စမအဆင့်ကို ဆက်လက်တွက်ချက်ခဲ့သည်။ မေးခွန်းတစ်ခုပြီးတစ်ခုမေးခြင်းဖြင့် အလွှာဘယ်လောက်ရှိတယ်ဆိုတာ သူနားလည်နိုင်ရမယ်။

အဆုံးတွင် အမွှေးတိုင်ပေါင်း ဘီလီယံဆယ်နှင့်ချီ၍ တန်ဖိုးရှိသော ဒသမအဆင့်တွင် အဆုံးသတ်သည်။

“အန္တိမ နတ်ဆိုးက ဘယ်လောက်တောင် စွမ်းအားကြိးလဲ ငါသိချင်တယ်"

အမွှေးတိုင် အမှတ်ပေါင်း 4,538,000,000 လိုအပ်ပါသည်။ ဆက်လုပ်လိုပါသလား။]

အမှတ်ပေါင်း ၄-၅ ဘီလီယံသည် သူ့တန်ဖိုးထက် အနည်းငယ် ပိုများသည်။ အထွတ်အမြတ် နိုင်ငံကို အနိုင်ယူနိုင်သည့် သာလွန်သော တည်ရှိမှု ဖြစ်ရာ ဤသေးငယ်သော ကွာဟမှုက သူ့ကို အနိုင်ယူနိုင်မည်ဟု မဆိုလိုနိုင်ပေ။

နတ်ဘုရား စွမ်းအားများနှင့် အင်မော်တယ် တာအို၏ မှော်ဆန်သောရတနာများသည်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားကို များစွာတိုးစေမည်ဖြစ်သည်။

ကျန်းချန်ရှန်း က သူ့အတွေ့အကြုံများကို လင်းဟောက်ထျန်းကို ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ် အဖိုးအိုအကြောင်း မေးလိုက်သည်။

[အမွှေးတိုင်အမှတ် 4,020,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

အမွှေးတိုင်ပေါင်း 1.2 ဘီလီယံဖြင့် ရှင်ပြန်ထမြောက်လာသော ရှေးခေတ် သိုင်းဧကရာဇ်ကို ကောင်းကင် ဧကရာဇ် ပထမအဆင့်ဟုသာ သတ်မှတ်နိုင်မည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။

ထို့နောက် ကျန်းချန်ရှန်း သည် စုံစမ်းထောက်လှမ်း၍ရသော အကွာအဝေးရှိ အပြင်းထန်ဆုံး ကျွမ်းကျင်သူများအကြောင်း စနစ်အား မေးမြန်းခဲ့သည်။ ရလဒ်မှာ နတ်ဆိုးမျိုးနွယ်၏ အစွမ်းထက်ဆုံး ပုဂ္ငိုလ် ၏တန်ဖိုးဖြစ်သည်။ တစ်နည်းဆိုရသော်၊ ထောက်လှမ်း၍ ရသော အဆင့်တွင် အပြင်းထန်ဆုံး ကျွမ်းကျင်သူမှာ နတ်ဆိုးမျိုးနွယ်၏ အသာလွန်ဆုံးသူ ဖြစ်သည်။

သူဖြတ်ကျော် ဝင်ရောက်သွားသည်နှင့် တပြိုင်နက်၊ စနစ်၏ ထောက်လှမ်းမှုအကွာအဝေးသည် နတ်ဆိုးများ၏ နယ်မြေများကို အလွယ်တကူ ဖုံးလွှမ်းသွားသည်။ မဆိုးပါဘူး။

“တောထဲမှာ စွမ်းအားအပြင်းဆုံးသူက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါသိချင်တယ်။”

[ဤစနစ်သည် မြိုင်ဟေဝန်ထဲမှာ လုံးဝလွှမ်းမိုးခြင်းမရှိသေးပါ။ လောလောဆယ်မှာ စနစ်သည် အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို မတွက်ချက်နိုင်ပါ။]

“တွက်ချက်လို့ရတဲ့ အတိုင်းအတာအတွင်းက မြိုင်ဟေဝန်ထဲမှာ စွမ်းအားအကြီးဆုံးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိချင်တယ်”

[အမွှေးတိုင် 3,450,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]

အမွှေးတိုင်အမှတ် ၃-၄ ဘီလီယံ သည် တကယ်ကို ကြောက်စရာကောင်းသည်။

ထို့အပြင် ဤအရာသည် မဟာတော၌ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ မြိုင်ဟေဝန်သည် လူသားများနှင့် နတ်ဆိုးများ ပေါင်းစပ်ထားသော နယ်မြေများထက် ကြီးမားသည်ဟု ယူဆရသည်။

ကျန်းချန်ရှန်း သည် အန္တိမနတ်ဆိုးကို တွေးတောလိုက်သည်။ ဒီကောင်က မလွယ်ဘူး။ သူသည် မြိုင်ဟေဝန် ၏ တွက်ချက်၍ရသော အကွာအဝေးတွင် စွမ်းအားအကြီးဆုံးသူထက်ပင် ပိုသန်မာသည်။ ထိုအရာကို ကြည့်ပါက သူ့၏ အရည်အချင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုသည်ကို သိနိုင်သည်။ အန္တိမ နတ်ဆိုး ပေါ်ပေါက်လာခြင်းသည် လူသားမျိုးနွယ်သည် အန္တိမနတ်ဆိုးထက် သာလွန်သေည အရည်အချင်းရှိသူကို မမွေးဖွားမချင်း လူသားမျိုးနွယ် နိမ့်ကျသွားမည်ဟု ထင်ကြောင်း ကျီဝူကျွင်း မကြာခဏ ညည်းတွားခဲ့သည်။

ကျန်းချန်ရှန်း သည် နတ်ဆိုးသူတော်စင် ခုနစ်ယောက်ကို ဆက်လက်တွက်ချက်လိုက်သည်။ နတ်ဆိုး သူတော်စင် ခုနစ်ယောက်တို့သည် ကောင်းကင် ဧကရာဇ်အဆင့်၌ မရှိကြပေ။ စွမ်းအား အကြီးဆုံး နတ်ဆိုးသူတော်စင် နှစ်ယောက်သည် အမှတ် သန်း ၉၀၀ သာရှိပြီး အားအနည်းဆုံးမှာ အမွှေးတိုင် အမှတ်ပေါင်း သန်း ၅၀၀ တန်သည်။

သိုင်းဧကရာဇ်အဆင့် နှင့် ကောင်းကင်ဧကရာဇ် အဆင့်ကြားတွင် အဓိကအဆင့်တစ်ခု ရှိသေးသည်မှာ သေချာသည်။ အဲဒါက ဘာလဲဆိုတာ ကျန်းချန်ရှန်း က အခုချိန်ထိ မသိရသေးတဲ့အတွက် နက်နက်ရှိုင်းရှိုင်း မလေ့လာနိုင်သေးပေ။

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး လုံချီ တောင်ဆီသို့ ပျံသန်းသွားသည်။

တစ်လအတွင်း သူ၏ အမွှေးတိုင်အမှတ်ပေါင်း သန်း ၁၀၀ နီးပါး တိုးလာခဲ့သည်။ လူမြင်ကွင်းတွင် မိုးကြိုးဘေးဒုက္ခ ခံရခြင်း၏ သက်ရောက်မှုသည် အလွန်ပြင်းထန်နေပုံရသည်။

ကျန်းချန်ရှန်း သည် လုံချီ တောင်၏ မြူခိုးများကို ဖြတ်ကျော်ကာ ခြံဝင်းအတွင်းသို့ ဆင်းသက်လိုက်သည်။

မူလင်းလော့နှင့် ကျီဝူကျွင်း ချက်ချင်းထရပ်လိုက်သည်။ ပိုင်ချီနှင့် ကြောင်နတ်ဆိုးနှစ်ကောင်လည်း ခုန်တက်လာပြီး သူ့ကိုဝိုင်းထားသည်။

"အစ်ကို ချန်ရှန်း ရှင်အဆင်ပြေရဲ့လား"

“မာစတာ က အရမ်း အစွမ်းထက်တာပဲ။ မာစတာ အခု ဘယ်လောက် စွမ်းအားကြီးနေပြီလဲ”

“တာအိုဘိုးဘေး၊ ရှင့်အတိဒုက္ခရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်။ သိုင်းဧကရာဇ်တောင်မှ ရှင့်ထက် နိမ့်ကျတယ်လို့ ကျွန်မထင်တယ်။”

"မာစတာ၊ အဲဒီဖီးနစ်ဟာ ပျံလွှားနတ်ဆိုးကနေ အသွင်ပြောင်းသွားတာလား" လူတိုင်း၏မေးခွန်းများကိုရင်ဆိုင်သောအခါ ကျန်းချန်ရှန်း က ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက်ဖြေသည်။ သူက စိတ်ကောင်းဝင်နေသည် ဖြစ်၍ သူစိတ်မဆိုးပေ။

ဖီးနစ်သည် အသွင်ပြောင်းထားသော နတ်ဆိုးမဟုတ်ကြောင်း သက်သေပြရန် ချိတ်စည်းကိုးခု သရဖူ ကိုလည်း ပြသလိုက်သည်။

လူတိုင်း တုန်လှုပ်သွားကြသည်။ သရဖူတွင် ဖီးနစ်၏ဝိညာဉ်ကို ဝှက်ထားလိမ့်မည်ဟု သူတို့ မထင်ကြပေ။

ကျန်းချန်ရှန်း သည် ဆေးအိုးဆီသို့ ရောက်ရှိလာပြီး ခန္ဓာကိုယ် နှိုးဆွဆေးကို သန့်စင်ရန်အတွက် ချောက်နက် နတ်ဆိုး၏ အသွေးအသားများကို ထုတ်ယူလိုက်သည်။

အားလုံးက သူ့ဘေးမှာ ရှိနေကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည် ။

ပိုင်ချီက အခု သူဘယ်လောက် သန်မာနေလဲဆိုတာ သိချင်နေသည်။ သူသည် ပြိုင်ဘက်ကင်းနေပြီလား။

"ငါက ဘယ်လိုလုပ် ပြိုင်ဘက်ကင်းရမှာလဲ။ ငါ့ထက်သာတဲ့လူရှိစမြဲလေ။ ပြီးတော့ ငါက ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ ကျင့်ကြံတာ မဟုတ်ဘူး။ အတိတ်ကငါနဲ့ လက်ရှိငါ့ကိုပဲ နှိုင်းယှဥ်တာ"

ကျန်းချန်ရှန်း က ခေါင်းခါပြီး ရယ်လိုက်သည်။ မူလင်းလော့နှင့် ကျီဝူကျွင်း တို့က သူ့ကို ပို၍ပင် သဘောကျလာကြသည်။

သူ ကောင်းကင်မှ ဆင်းလာသောအခါ ကောင်းကင်တွင် လင်းလက်တောက်ပသော အလင်းတန်းများ မရှိတော့သောအခါ၊ တာအိုဘိုးဘေး၏ အတိဒုက္ခ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကမ္ဘာက သိလိုက်ရသည်။

ထိုညနေပိုင်းတွင် ကျန်းချဲ ကိုယ်တိုင် ကိုယ်တိုင်လာရောက်၍ ဂုဏ်ပြုစကားဆိုကာ ဝိုင်ကောင်းကောင်းနှင့် အရသာရှိသည့် အရာများစွာကို ယူဆောင်လာသည်။

ခြံဝင်းထဲတွင် လူနည်းသော်လည်း တက်ကြွနေကြသည်။

များမကြာမီတွင်၊ လုံချီ ဘုရားကျောင်းသည် ဧည့်သည်များနှင့် ပြည့်လျှံသွားသည်။

ယွီယန်ယီ၊ လီကျွင်း၊ ကျူးထန်းကျစ်၊ ကျန်းရင် နှင့် အခြားသူများသည် လုံချီ ဘုရားကျောင်းကို လက်ဆောင်များပေးရန် တစ်ယောက်ပြီးတစ်ယောက် လာကြသည်။

လဝက်ခန့် စိတ်လှုပ်ရှားပြီးနောက်၊ မူလင်းလော့၊ ကျီဝူကျွင်း၊ ပိုင်ချီ၊ ဟွမ်ထျန်နှင့် ဟေးထျန် တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် အိုးထဲသို့ စတင်ဝင်ရောက်ကြသည်။

သူတို့လေ့ကျင့်နေစဉ်တွင်၊ ကျန်းချန်ရှန်း သည် မြေကမ္ဘာဝိညာဉ်သစ်ပင်အောက်ရှိ မြေမိစ္ဆာရဲ့ ခုနှစ်ဆယ့်နှစ်သွယ် အပြောင်းအလဲ ဆိုင်ရာ မှတ်ဉာဏ်များကို ဆကံခံနေသည်။

ယခင်ဘဝက တရုတ်လူမျိုးတစ်ဦးအနေနှင့်၊ သူသည် မြေကြီးမိစ္ဆာ၏ ခုနှစ်ဆယ့်နှစ်သွယ် အပြောင်းအလဲများအကြောင်း သေချာပေါက် သိသည်။

အကျော်ကြားဆုံးအသုံးပြုသူမှာ မဟာပညာရှိ ကောင်းကင်ဘုံ၏ မြင်းထိန်း စွန်းဝူခုံး ဖြစ်သည်။

ကျန်းချန်ရှန်း၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မှတ်ဉာဏိများ စိမ့်ဝင်လာသည်။ မြေကြီး.မိစ္ဆာ၏ ခုနှစ်ဆယ့်နှစ်သွယ် ပြောင်းလဲမှုသည် လူတစ်ဦး၏အသွင်အပြင်ကို ပြောင်းလဲစေရုံသာမက ဘေးဥပဒ်များနှင့် ကပ်ဆိုးများကိုရှောင်ရှားရန် နည်းလမ်းများစွာကိုလည်း သင်ကြားပေးသည်။ သာမာန် ကျင့်ကြံသူများ သင်ယူလျှင် ထာဝရအသက်ရှင်နိုင်မည်ဖြစ်သည်။

သူသည် ၎င်းကို ကျင့်ကြံရန် ခြံဝင်းကိုစောင့်ရန် ကိုယ်ပွားတစ်ခုထားခဲ့သည်။

မြေမိစ္ဆာ၏ ခုနှစ်ဆယ့်နှစ်သွယ် အပြောင်းအလဲသည် ကျယ်ပြန့် လေးနက်ပြီး ၎င်းသည် အချိန်တိုအတွင်း ကျွမ်းကျင်နိုင်သောအရာမဟုတ်ပေ။

ဤနတ်ဘုရားစွမ်းအားကို ကျင့်ကြံခြင်းအပြင် သူသည် တာအိုနည်းစနစ်၏ နဝမအဆင့် စွမ်းအားကိုလည်း ဆုပ်ကိုင်ထားနိုင်သည်။

ထိုက်ဟယ်ခေတ် ၃၅ နှစ်ဖြစ်သည်။ ပူပြင်းသော နွေရာသီတွင် တောင်တန်းများကြားမှ လေအေးများ တိုက်ခတ်လာသည်။

လေထဲတွင်ရှိနေသည့် လင်းဟောက်ထျန်း သည် လေထဲတွင်လွင့်ထွက်သွားပြီး ကျန်းကျန့် အနားမကပ်စေရန် ဟန့်တားလိုက်သည်။

မြေအောက်လောက ၏လေများ။

ကျန်းကျန့် သည် ချောက်နက် နတ်ဆိုး ၏ ကံကြမ္မာကောင်းချီးကို စုပ်ယူခဲ့ပြီး မြေအောက်လောက၏ လေဓာတ်ကို ကျွမ်းကျင်လာသည်။ ထို့အပြင် ချီလင်းရေလွှန်းနဂါး ၏ ကံကြမ္မာ ကောင်းချီးကိုလည်း အသုံးမချရသေးပေ။ နောက်ဆယ်စုနှစ်အနည်းငယ်တွင် သူသည် အပြင်ထွက်၍ အမဲလိုက်ခြင်းမပြုလျှင်ပင် လျင်မြန်စွာ သန်မာလာနိုင်သည်။

လင်းဟောက်ထျန်း က “ရပ်တော့ ရပ် တော် ငါမကစားတော့ဘူး”

ကျန်းကျန့် သည် သူ၏တတိယမျက်လုံးကိုမှိတ်လိုက်ပြီး တောင်တန်းများကြားမှ အေးစက်နေသော လေမှာ ပျောက်ကွယ်သွားသည်။

လင်းဟောက်ထျန်းက တုန်တုန်ယင်ယင်နှင့် ကျန်းကျန့်ဆီ သို့ ပျံသန်းသွားသည်။ သူက ကူကယ်ရာမဲ့ “လေတွေက အရမ်းထူးဆန်းတယ်။ ငါ့ရဲ့ချီ တွေတောင် အေးခဲသွားတော့မယ်။ မင်းရဲ့တတိယမျက်လုံးက ပြင်းလွန်းတယ်။ မင်းက မွေးရာပါ သိုင်းဧကရာဇ် လို့တောင် ငါ သံသယရှိလာပြီ"

ကျန်းကျန့် က သူ့ဒေါင်လိုက်မျက်လုံးကို ထိလိုက်ကာ ပြုံးကာပြောသည် "လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ငါ့ရဲ့တတိယမျက်လုံးက ပိုအားကောင်းလာတယ်လို့ ခံစားရတယ်။ အခုတော့ ကံကြမ္မာကောင်းချီးကို စုပ်ယူအသုံးချနိုင်ပြီလေ”

ဒါဖြင့် သူသည် မွေးရာပါ သိုင်းဧကရာဇ်ဖြစ်ခဲ့လျှင်ကော။

သူ့အဖိုးသည် အင်မော်တယ် နတ်ဘုရား ဖြစ်သည်။

ဖင်အန်း သည် အသားကင်နေသေးသော်လည်း ကောင်းကင်မိုးကြိုး လင်းယုန် သည် စတင်စားနေပြီဖြစ်သည်။ ဖင်အန်း က ဝှေ့ယမ်းပြီး “ဒီကိုလာ ချက်ပြီးပြီ အရသာရှိတယ်”

ကျန်းကျန့် နှင့် လင်းဟောက်ထျန်း တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးကာ ထွက်ခွာသွားကြသည်။

“ငါတို့နှစ်ယောက် ကောင်းကင်ဂူ အဆင့်နှစ်ကို ရောက်ဖို့ သိပ်မကြာတော့ပြီ။ ငါတို့က တော်တော်မြန်နေပြီ။ ငါတိူ့ပြန်လာတဲ့အခါ စီနီယာရဲနဲ့ နဲ့ ကျန်တဲ့သူတွေ သေချာပေါက် အံ့သြသွားလိမ့်မယ်။”

“ နိမ့်ချလို့နေပြီးတော့ တာအိုဘိုးဘေးဆီက သင်ယူကြရအောင်။ ဘယ်လောက်ပဲ သန်မာနေပါစေ ခွန်အားကို ဘယ်တော့မှ တမင်တကာ မပြသင့်ဘူး။ အဲဒါကမှ သန်မာတဲ့ပုံစံပဲ။”

"မှန်တယ်။ အရမ်းကြီး တမင်လုပ်တာ မကောင်းဘူး”

လင်းဟောက်ထျန်း သည် လူသုံးယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော်လည်း၊ ၎င်းသည် ယေဘူယျကိစ္စများသာဖြစ်သည်။ ပုံမှန်အားဖြင့် လင်းဟောက်ထျန်း သည် ကျန်းကျန့် စကားကို များစွာ နားထောင်လေ့ရှိသည်။ ကျန်းကျန့်နှင့် ဖင်အန်း သည် သူ့ဘေးတွင်ရှိနေသဖြင့် လင်းဟောက်ထျန်း သည် ဤကာလအတွင်း အပျော်ဆုံးဖြစ်သည်။ သူ့တွင် စွန့်စားသွားရုံတင်မကဘဲ သူနဲ့တွဲပြီး တိုက်ပွဲဝင်မယ့်သူလည်း ရှိတယ်။

တစ်ဘက်တွင်။

မိုင်ပေါင်းသန်းချီဝေးသောနေရာ

ကျန်းချန်ရှန်း သည် ပေတစ်ထောင်ကျယ်သော မြစ်ကမ်းနားတွင် ထိုင်နေသည်။ ရေသည် မှုန်မှိုင်းကာ သူ့နောက်၌ တောင်တန်းတို့သည် တိမ်တိုက်ထဲသို့ တိုးဝင်နေသည်။

သူသည် ယခုအချိန်တွင် တာအိုအသီး ကို ခံစားေ နသည်။

တာအို နည်းစနစ် ၏ နဝမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် တာအိုအသီး သည်လည်း ပြောင်းလဲလာသည်။ ၎င်းသည် ရွှေရောင်ပြောင်းသွားပြီး အရွက်၏ ပွင့်ချပ်ပုံသဏ္ဍာန်သည် အစွန်းတွင် ကြီးထွားလာသည်။ အဆုံးမရှိသော မှော်စွမ်းအားသည် သူ၏အရိုးများနှင့် အရွတ်များထဲသို့ တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်ကို သန်မာလာစေရန် အဆက်မပြတ် လှုံ့ဆော်ပေးသည်။

တာအို နည်းစနစ် ၏ နဝမအဆင့်သည် နတ်ဘုရား စွမ်းအား အသစ်ကို ကျွမ်းကျင်ပိုင်နိုင်ခွင့်မပြုသော်လည်း၊ သူ၏ စိတ်စွမ်းအင်များသည် မှော်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏စိတ်ဆန္ဒများ တဟုန်ထိုးတက်လာကာ တာအို ကမ္ဘာသည် အကြိမ်ပေါင်းများစွာ ကျယ်ပြန့်လာသည်။ ဤအကျိုးကျေးဇူးများအားလုံးသည် နတ်ဘုရား စွမ်းအား အသစ်ကို ရရှိခြင်းထက် သာလွန်သည်။

ကျန်းချန်ရှန်း က ဖြည်းညှင်းစွာပြောသည် "ထွက်လာခဲ့။ မင်းကို ရှာနေတာကြာပြီ" သူပြောပြီးသည်နှင့် ဆယ်မိုင်အကွာ တောအုပ်ထဲတွင် ပုန်းနေသည့်ပုံရိပ်က တုန်လှုပ်သွားသည်..။

All Chapters