← Chapters

ထုံထျန်တိ၊ ကောင်းကင် ပြိုကျခြင်း

Vol. 17 Ch. 255

ထုံထျန်တိ၊ ကောင်းကင် ပြိုကျခြင်း

Vol. 17 Ch. 255

တောထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်မှာ မျောက်ဝံနှင့် တူသော သတ္တဝါပင်။ ၎င်းသည် ဆယ်ပေမြင့်ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှည်လျားသော အညိုရောင်အမွေးများပါရှိသည်။ ၎င်း၏မျက်လုံးများသည် ဒေါင်လိုက်ဖြစ်ပြီး ၎င်း၏မျက်ဆန်သည် အနက်ရောင် ဖြစ်ကာ သူငယ်အိမ်မှာ သွေးရောင်ဖြစ်သည်။ ၎င်း၏ဦးခေါင်းပေါ်တွင် ကွေးနေသောချိုနှစ်ချောင်း ရှိကာ အမြီးနှင့်ဆင်တူသော ဦးခေါင်းနောက်ဘက်မှ ထွက်နေသည့် အောက်သို့မျက်နှာမူသော ဦးချိုတစ်ခုရှိသည်။

ကျန်းချန်ရှန်း ၏အသံကိုကြားလိုက်ရသည်နှင့် အမွေးအမျှင် အညိုရောင်သတ္တဝါသည် အလွန်ထိတ်လန့်သွားသည်။ သို့သော်လည်း တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျန်းချန်ရှန်း ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာသည်။ လျှပ်စီးကြောင်းကဲ့သို့ပင်၊ ၎င်းသည် ကျန်းချန်ရှန်း နောက်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။

လက်ခုပ်ပြီး ဦးညွှတ်ခြင်းမပြုမီ ခဏတာ အံ့အားသင့်သွားသည်။ “တာအိုဘိုးဘေးလား"

ကျန်းချန်ရှန်း က မကြည့်ပေ။ အဲဒီအစား သူက “ငါ့နာမည်ကို ဘယ်လိုသိတာလဲ” ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

အမွေးအညိုရောင်ရှိသော သတ္တဝါက “ငါက အဝေးကအရာတွေ မြင်နိုင်၊ ကြားနိုင်တယ်၊ မင်းတို့ လူသားတွေ ရောက်လာပြီးကတည်းက ငါမင်းတို့ကို စောင့်ကြည့်လေ့လာနေခဲ့တာ။ မင်း အတိဒုက္ခကို ဖြတ်ကျော်နေတာ ငါမြင်ပေမဲ့လည်း မင်းအထင်လွဲမှာကို ငါကြောက်တာမလို့ ထွက်သွားလိုက်တာ”

ဤသည်မှာ သူ အတိဒုက္ခကို ဖြတ်ကျော်ပြီးသောအခါ ကျန်းချန်ရှန်း တွက်ဆခဲ့သော အမှတ်သန်း ၂၀၀ တန်သောလူဖြစ်သည်။ အပေါ်ယံတွင်၊ ၎င်းသည် အခြားသော ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များထက် များစွာ နိမ့်ကျနေပုံရသည်။ ၎င်းသည် သိုင်းဧကရာဇ်အဆင့်ထက်ပင် အားကောင်းသည်ဟု တွေးရခက်လှသည်။

ကျန်းချန်ရှန်း က ပြန်မဖြေပေ။

အညိုရောင်အမွေးအမျှင် ရှိသော သတ္တဝါက ခဏတုံ့ဆိုင်းသွားပြီး “တာအိုဘိုးဘေး၊ ငါ့ကို နာမည်တစ်ခု ပေးလို့ရမလား”

ကျန်းချန်ရှန်စ က "မင်းထက် အားနည်းတဲ့အကောင်တွေက နာမည်တွေရှိပေမယ့် မင်းမှာဘာလို့နာမည်မရှိတာလဲ"

အညိုရောင်အမွေးရှိတဲ့ အကောင်က သူ့ခေါင်းကို ကုတ်ပြီး “မသိဘူး၊ မွေးကတည်းက သူတို့က သူတို့နာမည်ကို သိပုံရတယ်။”

ကျန်းချန်ရှန်း သူ့မျက်လုံးများကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ထိတ်လန့်လွန်းလို့ ခေါင်းကို ငုံ့ထားလိုက်သည်။

ကျန်းချန်ရှန်း သည် ထိုနေ့တွင် အနီရောင် ပုတ်သင်ကြီးကို အလွယ်တကူ သတ်ခဲ့သည့် မြင်ကွင်းက သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

"ဒါဆို မင်းကို ထုံထျန်တိ လို့ခေါ်ရအောင်။ မင်းရဲ့ အရည်အချင်းက ကမ္ဘာပေါ်က အရာအားလုံးကို ဖောက်ထွင်းပြီး အရာအားလုံးကို သိနေတာ။ ဒီနာမည်က မင်းနဲ့လိုက်ဖက်တယ်။"

“ထုံထျန်တိ ထုံထျန်တိ ဟားဟား၊ ငါ့မှာ နာမည်ရှိနေပြီ"

အညိုရောင် အကောင်ကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး မြေကြီး တုန်ယင်ကာ တောင်များ တုန်လှုပ်သွားသည်။

ကျန်းချန်ရှန်း က သူ့မျက်လုံးများကို ပြန်မှိတ်ပြီး "မင်းဒီကို နာမည်အတွက် ရောက်လာတာလား”

ထုံထျန်တိ က အသိစိတ်ပြန်ဝင်လာပြီး “ငါ ငယ်ငယ်တုန်းက လူတွေနဲ့ ဆင်တူတဲ့ မျိုးနွယ်စုတွေကို တွေ့ဖူးပေမယ့် အားလုံးက မြိုင်ဟေဝန်အနက်ပိုင်းကို ရောက်သွားတယ်။ အဲဒီအချိန်က စပြီးတော့ ငါက အဲဒီကောင်တွေထဲက တစ်ယောက် ဖြစ်ချင်တာမလို့ ကောင်းကင်ချီမြေကို ဝင်ပြီးလေ့လာချင်တယ်။ ငါ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေမှာ မဟုတ်ဘူးလို့ ကတိပေးတယ်။ လွယ်လွယ်နဲ့ ကိုယ့်ခွန်အားကို ထုတ်ပြမှာ မဟုတ်ပါဘူး။”

မဟာကျင်း ကို နှစ်အတော်ကြာ စောင့်ကြည့်လေ့လာပြီးနောက်၊ ၎င်းသည် လူသားများအား စိတ်ဝင်တစား ချစ်ခင်မှုများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့နှင့် ပေါင်းစည်းလိုခြင်း ဖြစ်သည်။

ကျန်းချန်ရှန်းက က သူဖိတ်ခေါ်နိုင်သော အပြင်းထန်ဆုံး စွမ်းအားမှာ အားအနည်းဆုံး နတ်ဆိုး သူတော်စင်တွင်ရှိသည့် အမွှေးတိုင်အမှတ် သန်း ၅၀၀ လောက်တန်ဖိုးရှိမည်ဟု တွက်ချက်လိုက်သည်။

သူက ခဏလောက် တုံ့ဆိုင်းသွားပြီး “ဒါဆိုလည်း လုပ်လေ။ ငါ့မှာလည်း မင်းရဲ့ အရည်အချင်းတွေရှိတယ်၊ မင်းထက်ငါပိုမြင်နိုင်တယ်။ မင်းရဲ့ လက်ရှိကတိကို ထိန်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။"

ထုံထျန်တိ က အလျင်စလို အာမခံပြီး “တာအိိုဘိုးဘေး၊ ကျေးဇူးပြုပြီး စိတ်ချပါ။ အနာဂတ်မှာ ငါ ကောင်းကင်ချီမြေ က ထွက်သွားတဲ့အခါ မဟာတောနက်ကြီးထဲ မှာ လူသားတွေ အန္တရာယ်ကြုံရရင် ငါသေချာပေါက် ကူညီပေးမှာပါ။"

“အင်း သွားလေ ဒါပေမယ့် မင်းကိုယ်မင်း လူသားတစ်ယောက်လို အသွင်ပြောင်းသွားရင် အကောင်းဆုံးပဲ။"

"ငါလုပ်လိုက်မယ်”

ထုံထျန်တိ သည် ထိုကိုးကွယ်ဆည်းကပ်သူများကို အတုယူပြီး ကျန်းချန်ရှန်းကို အရိုအသေပေးကာ အမြန်ထွက်ခွာသွားသည်။

ကျန်းချန်ရှန်း သည် မျှော်လင့်ခြင်းအရိပ်အယောင်ကို ခံစားလိုက်ရသည်။

လူသားတို့သည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များနှင့် ကွဲပြားရခြင်း အကြောင်းရင်းမှာ ၎င်းတို့သည် ပို၍ သည်းခံပြီး စာနာတတ်သောကြောင့် ဖြစ်သည်။ အခြားမျိုးနွယ်များနှင့် ဆက်ဆံရေး ထူထောင်ခြင်းသည် လူသားများ မြိုင်ဟေဝန်ထဲ၌ ခြေကုပ်ယူနိုင်စေရန် ကူညီပေးမည်ဖြစ်သည်။

အကယ်၍ သူတို့သည် မြိုင်ဟေဝန်၏ ရက်စက်ကြမ်းကြုတ်သော သားရဲများကို နားမလည်နိုင်ဘဲ အခြားမျိုးနွယ်များနှင့် ချိတ်ဆက်ခဲ့ပါက၊ လူသားများသည် မြိုင်ဟေဝန်နှင့် အမှန်တကယ် ပေါင်းစည်းသည်ဟု မယူဆနိုင်ပေ။

ကျန်းချန်ရှန်း က သိပ်ပြီး မစဉ်းစားမိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူ့၌ လုံချီတောင် တွင် သူ၏ကိုယ်ပွားရှိသောကြောင့် ကောင်းကင်ချီမြေ တွင် တစ်ခုခုဖြစ်သွားမည်ကို သူမကြောက်ပေ။

သူသည် အတိဒုက္ခမှ ရရှိသော မှော်ရတနာကို ထုတ်ယူကာ အတွင်း၌ ကန့်သတ်ချက်များကို စတင် သန့်စင်လိုက်သည်။

ပထမတစ်ချက် အကြည့်တွင်၊ ရတနာကြေးမုံသည် အပြာရောင် ကျောက်ပြားကြီး တစ်ခုနှင့်တူသည်။ မျက်နှာပြင်ကို လေးနက်သော စကားလုံးများနှင့် ပုံစံများဖြင့် ရေးထွင်းထားကာ အလယ်တွင် အက်ကြောင်းတစ်ခု ရှိနေသည်။ ဖွင့်ပြီးနောက် ကမ္ဘာကြီးကို ရောင်ပြန်ဟပ်နေသည်။

ရတနာကြေးမုံသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို ရောင်ပြန်ဟပ်သောအခါ၊ ၎င်းသည် ကမ္ဘာကြီးကို တိုက်ရိုက်ထိန်းချုပ်နိုင်ပြီး ကမ္ဘာပေါ်ရှိအရာအားလုံးကို ဖောက်ထွင်းဝင်ရောက်ရန်ပင် အသုံးပြုနိုင်သည်။ ဤသည်မှာ အလွန်အဆင့်မြင့်သော မှော်ရတနာတစ်ခုဖြစ်သည်။

ရတနာကြေးမုံ သည် ကောင်းကင်နှင့် မြေကြီး၏ အလင်းကိုပင် လွှတ်ထုတ်နိုင်ပြီး ရန်သူများကို သတ်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ ၎င်းသည် ကမ္ဘာကြီး၏ ဝိညာဉ်များကို စုပ်ယူနိုင်ပြီး ရတနာကြေးမုံတွင် ထာဝရရှိနေစေနိုင်သည်။

သူသည် မြေမိစ္ဆာ၏ ခုနှစ်ဆယ့်နှစ်သွယ် ရုပ်ပြောင်းရုပ်လွှဲကို အပြည့်အဝကျွမ်းကျင်ပြီးနောက် သူ၏ ကျင့်ကြံမှုမှာ တည်ငြိမ်သွားသည်၊ သူသည် တောင်များနှင့် ပင်လယ်များ၏ ဂန္ထဝင်ကျမ်းနှင့်် ရတနာကြေးမုံကို ချဲ့ထွင်ရန် တောရိုင်းတောကြီးသို့ ခရီးထွက်ရန် ပြင်ဆင်ခဲ့သည်။

ဤမှော်ရတနာနှစ်ခုသည် ဤကမ္ဘာကြီးကို အမှန်တကယ် ထိန်းချုပ်နိုင်စေနိုင်သည်။ သူသာ ထိန်းချုပ်နိုင်လျှင် ဤကမ္ဘာကြီးသည် အမှန်တကယ်ပင် မယုံကြည်နိုင်လောက်အောင် လုံခြုံနေပေလိမ့်မည်။ အဲဒီအချိန်ကျရင် လူ့လောကရဲ့ နှစ်တွေကို ခံစားရတာ အဆင်မပြေဘူးလား။

ကျန်းချန်ရှန်း သည် မွေးရာပါ မသေမျိုး ကျင့်ကြံသူ မဟုတ်ပေ။ သူ၏ကိုယ်ရည်ကိုယ်သွေးသည် သူ၏ယခင်ဘဝက သူ၏ သေမျိုးဘဝပေါ်တွင် အခြေခံထားသည်။ သူ့တွင် အာရုံ ခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့လည်း ရှိသည်။ သူ့မှာလည်း သူ့ကိုယ်ပိုင် စိတ်ဝင်စားစရာများ ရှိသော်လည်း သူတို့ကို ချုပ်တည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်ါ

ထိုက်ဟယ်ခေတ် ၃၆ နှစ်။ နောက်ထပ်နှစ်သစ်

ဧပြီလအစ

မြို့တော်ရှိ အင်ပါယာနန်းတော်၏ ညီလာခအခန်း။

ကျန်းချဲ သည် နဂါးပလ္လင်ပေါ်တွင် ထိုင်ပြီး အရာရှိများ၏ သတင်းပေးပို့သော နေရာတိုင်းရှိ အဓိက ဖြစ်ရပ်များကို နားထောင်သည်။

ညီလာခံအခန်းကို တိုးချဲ့ထားသည်။ ခန်းမထဲတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ တစ်သောင်းခန့်ရှိကာ ၎င်းတို့အားလုံးမှာ ပဉ္စမအဆင့် အရာရှိများနှင့် ဗိုလ်ချုပ်များဖြစ်သည်။ ယခုအချိန်တွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် အရပ်ဘက်နှင့် စစ်ဘက် တာအို ကို သင်ယူပြီးနောက် အားအင်အပြည့်ရှိကြသည်။ သူတို့၏အသံများသည် လူတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။

ကျန်းချင် သည် နဂါးလှေကားထစ်များ အနားတွင် ရပ်နေကာ သမ်းနေသည်။

ယခုအချိန်တွင်၊ မဟာကျင်း သည် အင်အားကြီးမားပြီး အပြင်ဘက်တွင် အားကောင်းသည့် ရန်သူများမရှိပေ။ မကြုံစဖူး သာယာဝပြောသော ခေတ်ဖြစ်သည်။ ထို့ကြောင့် အိမ်ရှေ့မင်းသားသည် ဘဝကို ပို၍ပင် ပျော်ရွှင်နေနိုင်သည်။ တရားရုံးအစည်းအဝေးသည် သူ့အတွက် အပျင်းဆုံးအချိန်ဖြစ်သည်။ ပြည်နယ်အသီးသီးမှ သတင်းပေးပို့ချက်များသည် နှစ်နာရီကြာမြင့်သည်။ ဤလုပ်ငန်းစဉ်အတွင်း သူသည် စကားမပြောနိုင်၊ လှုပ်ရှား သို့မဟုတ် ထိုင်နေ၍မရ။ ဤအရာသည် ညှဉ်းပန်းနှိပ်စက်မှုပင်။

ရာဇပလ္လင်တော်နှင့် ပတ်သက်၍ သူ၏အကြီးမားဆုံး ဆန္ဒမှာ နံနက် နန်းတွင်း၌ ထိုင်နိုင်စေရန် ဖြစ်သည်။

ချန်လီ ရုတ်တရက်ထရပ်ပြီး "အရှင်မင်းကြီး၊ ကောင်းကင်ချီမြေ ရဲ့ကံကြမ္မာ ကောင်းချီးဟာ မကြာသေးခင်ကမှ ပွင့်လန်းလာခဲ့ပါတယ်။ ကံကြမ္မာ ကောင်းချီး ဝန်ကြီးဌာနကလည်း ကြီးမားတဲ့သောကံနဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်ကို တွေ့ရှိထားပါတယ်။ အရှင်မင်းကြီး၊ ကျေးဇူးပြုလို့ ရှာဖွေဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ သူ့ကို သိုင်းပညာသင်တန်းကျောင်းကို အမြန်ဆုံးပို့လိုက်ပါ၊ ဒါမှ သူ့ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာမကျမှာ။

ကျန်းချဲ က ပြုံးပြီး မေးသည် "မနှစ်က ပါရမီရှင်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ”

“မနှစ်ကသူက ရေထဲက လနဲ့တူပေမယ့် ဒီနှစ်ကတော့ ကောင်းကင်က နေနဲ့တူပါတယ်။ တုနှိုင်းမရတဲ့ အရာပါ။”

ချန်လီ က အလေးအနက်ထားပြောလိုက်သည်။ သူပြောပြီးသည်နှင့် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူတို့သည် မြိုင်ဟေဝန် သို့ရောက်ကတည်းက လူတိုင်း သိုင်းပညာကို လေ့ကျင့်ခြင်းဖြင့် မဟာကျင်း ၏ ခွန်အားသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့သည်။ သို့သော် ဤကဲ့သို့ များလေလေ၊ လူတစ်ဦး၏ ပင်ကိုယ်စွမ်းရည်၏ အရေးပါမှုကို ပို၍ မီးမောင်းထိုးပြလေလေဖြစ်သည်။ စစ်မှန်သောပါရမီရှင်တစ်ဦးသည် အရင်းအမြစ်များ ရှေ့မှောက်တွင် ကောင်းကင်သို့ပျံတက်သွားမည်ဖြစ်သည်။

အရင်တုန်းကတော့ အရင်းအမြစ်များမှာ အကန့်အသတ်နဲ့ ဖြစ်ကာ စွမ်းရည်မြင့်တဲ့လူတွေက အားကောင်းတဲ့ နောက်ခံရှိသော လူများလောက် မြန်မြန်ကြီး မြင့်တက်မလာနိုင်ပေ။ သို့သော် ယခင်နှင့်မတူတော့ချေ။ မြိုင်ဟေဝန်တွင် ပါရမီရှင်များ မြင့်တက်လာရနိ လုံလောက်သော အရင်းအမြစ်များ ရှိသည်၊ ထို့ကြောင့် အမျိုးမျိုးသော မိသားစုများက ၎င်းတို့ကို လက်ဝါးကြီးအုပ်ထား၍ မရပေ။

နှစ်စဉ်နှစ်တိုင်း သိုင်းပညာ၏ ထိပ်တန်း ပညာရှင် စာမေးပွဲသည် အားကောင်းသထက် အားကောင်းလာသည်။ မနှစ်တုန်းက သိုင်းပညာစာမေးပွဲ၏ ထိပ်တန်းပညာရှင်သည် ကောင်းကင်ဂူအဆင့် ကျွမ်းကျင်သူဖြစ်နေပြီ ဖြစ်သည်။ သူအရမ်းအသက်ကြီးနေပြီဆိုသော်လည်း မဟာကျင်း၏ တိုးတက်မှုကို သက်သေပြနိုင်သေးသည်။

“ကောင်းပြီ၊ ငါစုံစမ်းဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ်။”

ကျန်းချဲ က တုံ့ပြန်ပေမယ့် သူ သိပ်ဂရုမစိုက်ပေ။

ယခုအချိန်တွင်၊ မဟာကျင်း တွင် တိမ်များကဲ့သို့ ပါရမီရှင်များ အများအပြားရှိနေသည်။ မူလင်းလော့၊ လင်းဟောက်ထျန်းနှင့် ကျန်းကျန့်တို့ကို မည်သူက နှိုင်းယှဉ်နိုင်မည်နည်း။

သူတို့ သုံးယောက်စလုံးဟာ ကောင်းကင်ဂူ အဆင့်တစ်တွင် ရှိနေကြသည်။

ချန်လီ ဆုတ်ခွာသွားပြီးနောက် စစ်အရာရှိတစ်ဦး မတ်တပ်ထရပ်ပြီး “အရှင်မင်းကြီး၊ မဟာချီက မြိုင်ဟေဝန်ထံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက်နန်းတော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂူရှေ့မှာ ရှေးခေတ်လူသားစကားတွေရှိပေမယ့် ကောင်းကင်ဂူ ပထမအဆင့်ထက် ပိုတဲ့ ဝင်ပေါက်ကိုစောင့်ကြပ်နေတဲ့ ရက်စက်တဲ့သားရဲတွေရှိပါတယ်။ သူတို့က မြေအောက်နန်းတော်ရှာဖွေရာမှာ ကူညီဖို့ ကောင်းကင်ဂူအဆင့် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန်မျှော်လင့်ပြီးတော့ မဟာကျင်းကို အကူအညီတောင်းခံနေပါတယ်။ အောင်မြင်သွားရင် အရင်းအမြစ်တွေရဲ့ ဆယ်ရာခိုင်နှုန်းပဲ ယူပါမယ်တဲ့”

ကျန်းချဲ က ပြုံးပြီးပြောသည်။ "ချီကျွင်း က သူ့ကိုယ်သူ ဘယ်လို စီမံခန့်ခွဲရမလဲ သိတာပဲ။ သိုင်းနန်းတော်ရဲ့ နန်းတော်သခင်ကို က ဒီကိစ္စကို ကိုယ်တိုင်စီစဉ်ခိုင်းလိုက်မယ်”

သူအရမ်းသက်သောင့် သက်သာ ခံစားရသည်။။ သူသည် အချိန်အတော်ကြာ ဖိစီးမှု မရှိဘဲ အဆုံးမဲ့ သမုဒ္ဒရာ မည်ကဲ့သို့ ဖြစ်နေသည်ကို သူ မသိပေ။

တိမ်မည်းများက တဟုန်ထိုး တက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့အောက်ရှိ ကမ်းရိုးတန်းပေါ်တွင် မရေမတွက်နိုင်သော သိုင်းပညာရှင် အများအပြား တပ်စွဲထားသော ကျယ်ပြောလှသော မြေကြီးဖြစ်သည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် သိုင်းပညာသည်များ၏ စစ်တပ်သည် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာ ရှည်လျားသည်။

လူတိုင်းက ကြောက်ရွံ့စိတ်နှင့် ဆုံးဖြတ်ချက်ချပြီး ပင်လယ်ကို ကြည့်လိုက်ကြသည်။

ပင်လယ်၏အဆုံးတွင် လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

လှိုင်းများ တက်လာသည်။ ဂရုတစိုက်ကြည့်လျှင် မရေမတွက်နိုင်သော နတ်ဆိုးကောင်များက အရှိန်ပြင်းပြင်းဖြင့် လာနေသည်ကို တွေ့ကြလိမ့်မည်။ အချို့က လေထဲတွင် ပျံသန်းနေကြပြီး အချို့မှာ လှိုင်းလုံးများဖြင့် တက်လာဆဲဖြစ်သည်။ ကြီးမားလှသော နတ်ဆိုးစစ်တပ်၏ နောက်တွင် သူတို့နောက်ကို လိုက်နေသော သားရဲကြီးတစ်ကောင်ရှိသည်။ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံများ ရောယှက်နေသော တောင်တန်းကြီးတစ်ခုသည် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ မောင်းနှင်သွားသလိုပင်။ ဤမြင်ကွင်းသည် တိုက်ကြီးအစွန်းရှိ သိုင်းပညာရှင်အားလုံးကို နှိုးဆွပေးခဲ့သည်။

“ ချီးပဲ။ ဒါက တကယ်ကြီး နတ်ဆိုးသူတော်စင် တစ်ယောက်ရဲ့ တိုက်ပွဲလို့ မပြောနဲ့နော်”

"သူဟာ နတ်ဆိုးသူတော်စင် မဟုတ်ရင်တောင် အဲဒါက အရမ်း ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေတုန်းပါပဲ။"

"အင်း၊ ငါတို့လူသားမျိုးနွယ်ဟာ ပျက်စီးတော့မှာလား။"

“မကြောက်ပါနဲ့။ ငါတို့ သိုင်းသမားတွေက တိုက်ပွဲမှာ သေသင့်တယ် ။ ငါတို့ဘာလို့ ကြောက်ရမှာလဲ။ ငါတို့သေရင်တောင်မှ နတ်ဆိုး နည်းနည်းလောက်ကို ငါတို့နဲ့အတူ ဆွဲခေါ်သွားသင့်တယ်”

"မှန်တယ်။ ငါတို့ သေတဲ့အထိ တိုက်ပွဲဝင်နေသရွေ့ ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်”

စစ်တပ်အသီးသီးမှ သိုင်းပညာရှင်များ အချင်းချင်း ဆွေးနွေးပြီး အားပေးကြသည်။

အရှေ့ဘက်တွင် မြူခိုးများ ဖုံးလွှမ်းနေသည့် ရုပ်ပုံနှစ်ပုံရှိသည်။ ၎င်းတို့ထဲမှ တစ်ဦးက သိုင်းဧကရာဇ် ကျွန်းကို ကိုယ်စားပြုသည့် လူအိုကြီး ထန်ကျီ ဖြစ်ပြီး ကျန်းချန်ရှန်း ကို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ရန် ကြိုးစားခဲ့သည်။ နောက်တစ်ယောက်ကတော့ ချောမောလှပသော အဝတ်အစားများကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးပင်။ သူ့လက်ထဲတွင် ထီးတချောင်းကို ကိုင်ထားပြီး ခရမ်းရောင်အဝတ်အစားများ တဖျပ်ဖျပ်လွင့်နေသဘ်။ သူ့၏ ထက်မြက်သော စိတ်နေစိတ်ထားကို ဖုံးကွယ်ထား၍ မရပေ။

အကြီးအကဲ ထန်ကျီ က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး “တစ်ဘက်လူက နတ်ဆိုးသူတော်စင်အောက်က နတ်ဆိုးအရှင်ပဲ။ အန္တိမ နတ်ဆိုးအောက်က နတ်ဆိုးအရှင်နဲ့ မယှဥ်နိုင်ပေမဲ့ သိုင်းဧကရာဇ်တစ်ပါးနဲ့တော့ ယှဥ်လို့ ရသေးတယ်။ မင်း သိုင်းဧကရာဇ် ဖြစ်ချင်တယ်ဆိုရင် ကျင့်ကြံခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ မင်းက ဒီတိုက်ကြီးရဲ့ အခြေအနေကို လက်တစ်ဘက်တည်ယနဲ့ ပြောင်းလဲနိုင်စွမ်းရှိရင် သိုင်းဧကရာဇ်ရဲ့ ကံကြမ္မာ ကောင်းချီးပို ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီတယ်။”

ခရမ်းရောင်ဝတ်ထားသူက ဟစ်အော်ပြီး “သိုင်းဧကရာဇ်ဖြစ်ဖို့ မကြိုးစားပါဘူး၊ ဒါပေမယ့် သေချာပေါက် ဖြစ်လာမှာပါ။ ခင်ဗျားစောင့်နေလေ။ ငါသူတို့အားလုံးကိုသတ်ပစ်မယ်" သူသည် ချက်ချင်းပင် ရှေ့သို့ တိုးကာ လေထဲသို့ ပျံတက်သွားသည်။

အကြီးအကဲ ထန်ကျီ က “ဒါဆိုရင် မင်းရဲ့ဧကရာဇ်ဘွဲ့ကို မင်းစဉ်းစားပြီးပြီလား။”

"ငါ့ကို ချင်ထန် လို့ခေါ်မယ်"

“ချင်ထန်”

အဘိုးကြီး ထျန်ကျီက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ချင်ထန် ထွက်သွားသည်ကို ကြည့်ပြီး သူ့မျက်လုံးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်ါ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိပေ။

ဂျိန်း…

ခေါင်းနှစ်လုံးပါသော တောက်တဲ့တစ်ကောင်သည် တောင်များပေါ်သို့ ပြိုကျကာ ကောင်းကင်ကို ဖုံးလွှမ်းနေသော ဖုန်မှုန့်များနှင့် ကျောက်စရစ်များ ထွက်ပေါ်လာသည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြွက်သားများနှင့် အရိုးများ ကျိုးသွားကာ မတ်တပ်ရပ်ရန် ခွန်အားမရှိတော့ပေါ

ကျန်းချန်ရှန်း သည် ၎င်းအပေါ်မှ ပျံသန်းသွားကာ သူ၏ ညာလက်တွင် တောင်များနှင့် ပင်လယ်များ၏ ကျမ်းကို မြှင့်တင်လိုက်ပြီး ၎င်း၏ဝိညာဉ်ကို စတင်စုပ်ယူလိုက်သည်။ သူ၏ ဘယ်လက်သည် ဤကမ္ဘာကြီးကို ရောင်ပြန်ဟပ်နေသော ရတနာကြေးမုံကို ကိုင်ထားသည်။

များမကြာမီတွင်၊ တောင်နှင့်ပင်လယ်၏ ကျမ်းထဲသို့ နောက်ထပ်စာမျက်နှာတစ်ခု ဖြစ်ပေါ်လာသည်။ အဲဒီစာမျက်နှာနှင့်ဆိုပါက စာမျက်နှာနှစ်ဆယ်ရှိနေပြီ ဖြစ်သည်။

အခုချိန်တွင် သူကိုယ်တိုင်က ရန်သူကို တိုက်ဖို့ ပျင်းနေပြီ ဖြစ်သည်ါ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ဝိညာဉ်များကို တွန်းလှန်ရန်အတွက် တောင်များနှင့် ပင်လယ်ကျမ်းကို တိုက်ရိုက်အသုံးပြုခဲ့သည်။ ကြည့်ရှုရသည်မှာ အလွန်ပျော်စရာကောင်းသည်။

နောက်ဆုံးတွင်၊ ကျန်းချန်ရှန်း သည် ခေါင်းနှစ်လုံးရှိ တောက်တဲ့ကို မသတ်ခဲ့ပေ။ ယင်းအစား ၎င်းကို သူ၏ တာအိုကမ္ဘာ တွင် သိမ်းဆည်းလိုက်သည်။

သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို အမဲလိုက်ခဲ့သော်လည်း ရှင်သန်ခြင်းဆုလာဘ်ကို မဖြစ်ပေါ်စေခဲ့ပေ။ နောက်ဆုံးတွင်၊ သူသည် ၎င်းတို့ကို အမဲလိုက်ရန် အစပြုခဲ့သူဖြစ်သောကြောင့် ရှင်သန်ခြင်း အန္တရာယ်ဟူ၍ မရှိပေ။

ရှင်သန်ခြင်းဆုလာဘ်မရှိသော်လည်း၊ တောင်များနှင့်ပင်လယ်များ၏ကျမ်း၊ ရတနာကြေးမုံကိုအ ားကောင်းစေပြီး တာအို ကမ္ဘာ သို့သက်ရှိသတ္တဝါများကို ပေါင်းထည့်နိုင်ခြင်းသည် သိပ်မဆိုးလှပေ။

ကျန်းချန်ရှန်း က ရှေ့ကို ဆက်လျှောက်သည်။ လမ်းတစ်လျှောက်တွင် သူသည် ရတနာကြေးမုံကို ဖွင့်ကာ လမ်းတစ်လျှောက်တွင် ကမ္ဘာကြီးကို ရောင်ပြန်ဟပ်ကာ ထိုအရာအားလုံး၏မြင်ကွင်းကို ထင်ဟပ်စေသည်။

မိုင်ထောင်ပေါင်းများစွာ ပျံသန်းပြီးနောက် ရုတ်တရက် ရပ်တန့်သွားပြီး သူ့ရှေ့က မြင်ကွင်းကြောင့် ရပ်တန့်သွားသည်။

တောင်များကြားတွင် ပေတစ်ထောင်မြင့်သော ဥကြီးတစ်လုံးကို သူမြင်လိုက်ရသည်။ ဥခွံသည် အဖြူရောင်ဖြစ်ကာ တဖျတ်ဖျတ် လ

All Chapters