← Chapters

နတ်ဘုရားထံ အရေးယူပေးပါရန် ဆုတောင်းခြင်း။ တိုက်ပွဲထဲမှာသာ သေဆုံးခြင်း

Vol. 18 Ch. 256

နတ်ဘုရားထံ အရေးယူပေးပါရန် ဆုတောင်းခြင်း။ တိုက်ပွဲထဲမှာသာ သေဆုံးခြင်း

Vol. 18 Ch. 256

“ဒီလောက်တောင် ကြီးတာလား”

ကျန်းချန်ရှန်း က စိတ်ဝင်တစားနှင့် အနီးကပ်ကြည့်ရန် သွားလိုက်သည်။

ဥသည် မြေအောက်ရှိ သိုင်းပညာဝိဉာဉ်စွမ်းအင်ကို စုပ်ယူနေကြောင်း သူတွေ့လိုက်သည်။ အတွင်းမှ သက်ရှိသည် ကောင်းကင်ဂူ အဆင့်နီးပါး အားကောင်းနေပြီဖြစ်သည်။

မမွေးခင်ကတည်းက ကောင်းကင်ဂူ အဆင့်ကို ရောက်နိုင်တာလား။

သူသည် ၎င်းကိုစုဆောင်းရန်အတွက် တောင်နဲ့ ပင်လယ်များ သိုင်းကျမ်း ကို အသုံးပြုလိုသော်လည်း စက္ကန့်ပိုင်းမျှ တွေးကြည့်လိုက်ကာ ၎င်းသည် ယခု မသန်မာသေးပေ။ ပိုမိုအားကောင်းလာသောအခါ ၎င်းကိုစုဆောင်းခြင်းသည် နောက်ျကမည် မဟုတ်ချေ။

သူသည် ချက်ချင်းပင် ပြန်လည်ဝင်စားခြင်း အမှတ်အသားကို ဥကြီးပေါ်တွင် ထားခဲ့ကာ ရှေ့သို့ ဆက်သွားသည်။

လွင်ပြင်ကြီးသည် ကျယ်ပြောလှပြီး သယံဇာတများ ပေါများသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ခမ်းနားသော တောင်တန်းများ ရှိသည်။ မြေကြီးကျယ်သောကြောင့် သက်ရှိသတ္တဝါများကို တွေ့ရခဲသည်။ သို့သော် သူ၏အရှိန်ဖြင့် မကြာမီတွင် သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲအသစ်များနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်စုနှင့် ကြုံတွေ့ခဲ့ရသည်။ ရာနှင့်ချီသော ရက်စက်ကြမ်းကြုတ်သော သားရဲများသည် အတူတကွ ရှေ့သို့ ရွေ့လျားကြပြီး မိုင်ရာနှင့်ချီသော အချင်းဝက်ကို သိမ်းပိုက်ထားသည်၊ ၎င်းက သူတို့ မည်မျှကြီးမားသည်ကို ပြသရန် လုံလောက်သည်။

ကျန်းချန်ရှန်း သည် သူတို့၏ ရောင်ဝါကို ခံစားလိုက်ရသည်။ ၎င်းတို့တွင် အင်အားအကြီးဆုံးမှာ နတ်ဆိုး အရှင် အဆင့်သာ ရှိသေးသည်။

သူတို့အား ဆန့်ကျင်၍ သူသည် အလိုရှိသမျှကို လုပ်နိုင်၏။

ထိုက်ဟယ် ခေတ် ၃၇ နှစ်၊ ဇွန်လ။

ကျန်းချန်ရှန်းသည် လုံချီ တောင်သို့ပြန်လာပြီး သူ၏ကိုယ်ပွားနှင့် ပေါင်းစပ်လိုက်သည်။ သူပြန်လာရသော အကြောင်းရင်းမှာ အနားယူချင်တာကြောင့်ပင်။ တောင်နှင့်ပင်လယ်များ ကျမ်း၊ ရတနာကြေးမုံတို့ကို အားကောင်းလာစေရန်အတွက် သူ၏စွမ်းအင်အားလုံးကို မရင်းနှီးနိုင်ခဲ့ပေ။

ဤကာလအတွင်းတွင်၊ သူသည် ကိုယ်ပွားတစ်ခုအား ထားရစ်ခဲ့သည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။

မူလင်းလော့သည် မူမိသားစုဆီ သို့ပြန်လာပြီး မြိုင်ဟေဝန် တွင် ဆက်လက်တိုက်ပွဲဝင်ရန် ဦးဆောင်ခဲ့သည်။

ကျန်းချန်ရှန်းသည် ခြံဝင်းထဲသို့ ပြန်သွားပြီး နေခွင်းလေးကိုထုတ်ကာ လေးညှို့ကို စတင် ဆွဲထုတ်လိုက်သည်။

သူဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေးသည် သူ့လက်ထဲတွင် ပေါ့ပါးသွားသည်။

ထိုအရာကို မြင်သောအခါ ပိုင်ချီ က စိတ်လှုပ်ရှားစွာနှင့် "ဆရာ၊ ရှင် ထပ်တိုက်ခိုက်တော့မှာလား"

ကျီဝူကျွင်း၊ ဟွမ်ထျန်နှင့် ဟေးထျန် တို့သည် မျက်လုံးများဖွင့်ကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ကျန်းချန်ရှန်း က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဟုတ်တယ်၊ နတ်ဆိုး သူတော်စင် ခုနှစ်ယောက်ပ သမုဒ္ဒရာထဲမှာ လုံလုံလောက်လောက် ဖျက်ဆီးပြီးပြီ။.သူတို့ကို ပညာပေးဖို့ အချိန်ရောက်ပြီ”

သူ၏အသားတင်တန်ဖိုးသည် အန္တိမ နတ်ဆိုးနှင့် တူညီလုနီးပါးဖြစ်သောကြောင့်၊ တစ်ဦးချင်း တိုက်ခိုက်ရာတွင် ယုံကြည်ချက်ရှိသော်လည်း၊ အထူးသဖြင့် သူနှင့်အတူ မဟာကျင်းကို ဆွဲခေါ်ထားသည် ဖြစ်ရာ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို တွန်းလှန်ရန် မလုံလောက်ပေ။ . ထုံးစံအတိုင်း သူ ကမူးရှူးထိုး မလုပ်နိုင်။ သို့ရာတွင် သူ့နောက်လိုက်များက ဒုက္ခရောက်နေသည်ဖြစ်ရာ သူတို့ကို ကူညီပေးရမည်။

“နတ်ဆိုးသူတော်စင် ခုနှစ်ပါးက အရမ်းအစွမ်းထက်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀က သူတို့ရဲ့ အဆင့်အတန်းက လက်ရှိ အန္တိမနတ်ဆိုးနဲ့ အတူတူလောက်ပဲ။ ကံကောင်းလို့၊ အထွတ်အထိပ်နိုင်ငံနဲ့ တိုက်ပွဲဖြစ်တဲ့အခါ သူတို့အဲဒီမှာ မရှိလို့။ မဟုတ်ရင် အထွတ်အမြတ်နိုင်ငံက နှစ်နည်းနည်းလောက်ပဲ ခံမှာ။ တာအိုဘိုးဘေးက သူတို့ကို ပညာပေးဖို့ လုပ်တာက ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ နတ်ဆိုး သူတော်စင်တွေရဲ့ ခန္ဓာကိုယ်က သိုင်းဧကရာဇ်နဲ့ နှိုင်းယှဥ်လို့ ရတယ်။ ဖျက်ဆီးပစ်လို့ မရဘူး” ကျီဝူကျွင်း၏ လေသံတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်။

ပိုင်ချီi က စိတ်ဝင်တစားမေးသည်။ "နတ်ဆိုးသူတော်စင်တွေက အဲ့လောက်တောင် စွမ်းအား ကြီးတာလား။ သူတို့က အန္တိမနတ်ဆိုးဆီမှာ လက်အောက်ခံမှာလား”

ကျီဝူကျွင်း က ခေါင်းခါပြီး "ဒါက ဘယ်လိုဖြစ်နိုင်လဲ။ အန္တိမနတ်ဆိုးကိုတောင် သူတို့ မတွေ့ဖူးသေးဘူး ထင်တယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ သန်မာနေပါစေ သူတို့ဟာ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”

သူမမျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

“အန္တိမ နတ်ဆိုးရဲ့ စွမ်းအားက ဖော်ပြလို့တောင် မရဘူး။ အထွတ်အမြတ်နိုင်ငံက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ကထက် အားနည်းပေမဲ့လည်း အနည်းဆုံး သူတို့မှာ သိုင်းဧကရာဇ် တစ်ပါး ရှိခဲ့တယ်။ ဒါတောင် သူက အန္တိမနတ်ဆိုး လက်ထက်မှာ သေသွားရတာပဲ။ သူ့အလောင်းကိုလည်း အန္တိမနတ်ဆိုးက ယူသွားတယ်။ အဲဒါက လူသားမျိုးနွယ်ကို အရှက်ရအောင်လုပ်တာပဲ” ကျီဝူကျွင်း သက်ပြင်းချလိုက်သည်။

ပိုင်ချီက သူ့နှုတ်ခမ်းများကို တွန့်လိုက်ပြီး "သူဘယ်လောက်ပဲ သန်မာနေပါစေ မာစတာနဲ့ ယှဉ်နိုင်မလား"

ကျီဝူကျွင်းက "မယှဥ်နိုင်လောက်ဘူး။ ဒါပေမယ့် နတ်ဆိုးမျိုးနွယ်ရဲ့ အန္တိမ အရှင်က နတ်ဆိုး မျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ထားတာ။ အနှစ်တစ်သောင်းကြာအောင် နတ်ဆိုးမျိုးနွယ်ဟာ ဘယ်တုန်းကမှ စည်းလုံးမှုမရှိခဲ့ဘူး။ နတ်ဆိုးမျိုးနွယ်ရဲ့ သမိုင်းကိုကြည့်မယ်ဆိုရင် ဒီနတ်ဆိုးက အကြီးကျယ်ဆုံး တည်ရှိမှုထဲမှာ ပါတယ်။ ပြီးတော့ ငါက သူ့ရဲ့ အရည်အချင်းတွေကိုပဲ ပြောနေတာ။.သူ နှစ်ပေါင်း နှစ်ထောင်လောက် ကျင့်ကြံခဲ့တယ်လို့ ပြောကြပေမဲ့ သူ့အသက် ဘယ်လောက်လဲ ဆိုတာ ဘယ်သူမှမသိကြဘူး။ သူက လွန်ခဲ့တဲ့ နှစ်၂ရာကပဲ တစ်ခါပေါ်လာတာ။ အရင်တုန်းက အထွတ်အမြတ် နိုင်ငံနဲ့ နတ်ဆိုးမျိုးနွယ်က သူ့တည်ရှိမှုကို မသိကြဘူး”

သူမ မပြောခဲ့တာ တစ်ခုရှိသည်။ တာအိုဘိုးဘေးသည် အင်မော်တယ် နတ်ဘုရား ဖြစ်ပေမဲ့လည်း အန္တိမနတ်ဆိုး ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်ရှိ သက်ရှိသတ္တဝါအားလုံး၏ နှလုံးသားထဲတွင် အန္တိမနတ်ဆိုးသည် အင်မော်တယ် နတ်ဘုရားပင်။

ကျန်းချန်ရှန်းက အာရုံစူးစိုက်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ “မသေနိုင်တဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ရှိမှာလဲ။ မင်းလောက် လုံလောက်အောင် မသန်မာတာပဲရှိမှာ။ မင်းသာ လုံလောက်အောင် သန်မာရင် ရန်သူက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ဖုန့်မှုန့်ဖြစ်သွားနိုင်မှာပဲ။”

ဤစကားများက ကျီဝူကျွင်း၏ စိတ်ဓာတ်ကို မြင့်တက်စေသည်။ တာအိုဘိုးဘေး သည် သိုင်းဧကရာဇ်နှင့် တန်းတူဖြစ်သော နတ်ဆိုးသူတော်စင် ကိုသတ်ရန် လုံလောက်သော စွမ်းအားရှိပါသလား။

တိုက်ကြီးတစ်ခုတွင်၊ နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ယံ၌ ပျံ့နှံ့သွားပြီး ကမ္ဘာကြီးသည် မှိန်ဖျော့ကာ ဖိနှိပ်ခံနေရသည်။ ကောင်းကင်နှင့် မြေကြီးသည် နတ်ဆိုးများကို တိုက်ခိုက်သည့် သိုင်းပညာရှင်များ၏ မြင်ကွင်းများဖြင့် ပြည့်နေသည်။ တောင်တန်းသည် လူသေကောင်များနှင့် ပြည့်နေပြီး အလောင်းတောင်ပုံရာပုံနှင် သွေးပင်လယ်ဟူသော စကားသည် ဤမြင်ကွင်းကို ဖော်ပြရန် မလုံလောက်ပေ။

ချင်ထန်သည် ပေတစ်သောင်းမြင့်သော ကျားနတ်ဆိုးကို တိုက်ခိုက်ရာတွင် ၎င်း၏ လှံရှည်ကို ကိုင်ဆောင်ထားသည်။ ဤကျားနတ်ဆိုးသည် လူတစ်ဝက်ခန့်ရှိသော ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲလာသည်။ ၎င်း၏အောက်ပိုင်းကိုယ်ထည်သည် လူနှင့်ဆင်တူသော်လည်း ၎င်း၏အပေါ်ပိုင်း ခန္ဓာကိုယ်သည် ကျားခန္ဓာကိုယ်ပင်။ သူ့တွင် ကျားမျက်လုံးလေးလုံးနှင့် အနက်ရောင် အမွေးများရှိသည်။ ၎င်းသည် အစွယ်များမှ ဖြစ်ပေါ်လာသော အရိုးဓားကို ကိုင်ဆောင်ကာ ချင်ထန် အား ပြင်းထန်စွာ ခုတ်ထစ်လိုက်သည်။ သူ လွှဲယမ်းလိုက်တိုင်း တောင်တန်းများ မြစ်များ ပြိုပျက်သွားသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးများက ၎င်းကို ကမ္ဘာပေါ်တွင် ဖျက်ဆီးနေသော ရှေးနတ်ဆိုးနတ်ဘုရားနှင့်တူစေသည်။

ချင်ထန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ပုဆိန်ရှည်ကို ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသောချီသည် ကောင်းကင်ယံ၌ လွင့်စင်လာသော ဓါးအလင်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ ၎င်းသည် အတားအဆီးမရှိ အရှိန်အဟုန် ပြင်းပြင်းဖြင့် မျက်လုံးလေးလုံးရှိသော ကျားနတ်ဆိုးကို ထိကာ ၎င်း၏သားမွေးအမျှင်များကို ဖြတ်တောက်ပစ်လိုက်သော်လည်း ၎င်း၏အသားကို ဖြတ်မသွားပေ။

“လူသိုင်းပညာရှင်၊ နတ်ဆိုးသူတော်စင်က ငါ့ကို နတ်ဆိုးအရှင်ဘွဲ့ကို အလကားပေးထားတယ်များ ထင်နေလား။ ငါက အရင်တုန်းက အန္တိမ နတ်ဆိုးလက်အောက်က နတ်ဆိုးအရှင် ဖြစ်ခဲ့တာ။ ငါက အခုပဲ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်တာ။ မင်းက ပြီးပြည့်စုံခြင်း အဆင့်ဆိုတာ ဘာလဲသိလား”

မျက်စိလေးလုံးရှိသော ကျားနတ်ဆိုးသည် ပါးနပ်စွာ ရယ်မောလိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး မြေကြီးပေါ်ရှိ အော်သံအားလုံးကို ဖုံးလွှမ်းထားသည်။

ချင်ထန်က ခုန်ပြီး သူနှင့် တူညီသော အမြင့်ကို ပျံသန်းသွားသည်။ သူက အေးစက်စွာပြောသည်။ “ပြီးပြည့်စုံခြင်း အဆင့်က အရမ်းပဲအားကောင်းတာလား။ ငါ့နာမည်ကို မှတ်ထား။ ချင်ထန်တဲ့။ မင်း ပြန်ဝင်စားလာတဲ့ အခါ ဒါက သိုင်းဧကရာဇ်ရဲ့ နာမည် ဖြစ်လိမ့်မယ်”

သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ရင်ဘတ်ကို အကြိမ်အနည်းငယ် မြန်မြန်နှိပ်လိုက်သည်။ ၎င်းမှာ ချက်ခြင်းပင် သူသည် ချိတ်စည်းတစ်ချို့ကို ရုပ်သိမ်းလိုက်သကဲ့သို့ပင်။ ခရမ်းရောင်စွမ်းအင် လမ်းကြောင်းများသည် သူ့ခန္ဓာကိုယ်မှ ပြည့်လျှံလာပြီး ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်ဘီလူးကြီးအဖြစ်သို့ ပြောင်းသွားသည်။ ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ပေတစ်ထောင်မြင့်သည်။ မျက်စိလေးလုံးရှိသော ကျားနတ်ဆိုးလောက် မကြီးမားသော်လည်း သူ၏ အရှိန်အဝါက ထူးခြားပြီး မှိန်ဖျော့နေသော ကမ္ဘာတွင် အတောက်ပဆုံး တည်ရှိမှု ဖြစ်လာသည်။

မျက်စိလေးလုံးရှိ ကျားနတ်ဆိုးက မျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲ ဟိန်းလိုက်သည်။

“ဝေါင်း”

ကျားဟိန်းသံက ကောင်းကင်ကို တုန်လှုပ်စေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများနှင့် သိုင်းပညာရှင်တို့သည် သေသည်အထိ တုန်လှုပ်သွားကြသည်။

ချင်ထန် သည် လေထဲသို့ ခုန်တက်ပြီး ပုဆိန်ရှည်ကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ခရမ်းရောင် အရိပ်ကြီးက ကြီးမားသော ပုဆိန်ရှည် အရိပ်ကြီးကို ထင်ဟပ်စေကာ ၎င်းကို အတူတကွ ဖိနင်းချေပစ်လိုက်သည်။

ဘန်း

ကြီးမားသော ပုဆိန်ရှည်ကြီး၏ အရိပ်သည် အရိုးဓားနှင့် တိုက်မိပြီး ကြောက်စရာကောင်းသော သက်ရောက်မှုသည် ကျိုးပဲ့နေသော တောင်တန်းများကို နေရာပေါင်းစုံမှ ဖြိုခွင်းကာ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးသို့ ဖုန်မှုန့်များ လွင့်စင်သွားစေသည်။

မျက်လုံးလေးလုံးရှိ ကျားနတ်ဆိုး၏ ခြေဖဝါးအောက်က မြေပြင်သည် တခဏချင်း ပြိုကျပြီး သူ့၏ခြေထောက်များသည် ဖိအားကြောင့် ကွေးညွတ်သွားရသည်။

ကျယ်လောင်သောအော်သံနှင့်အတူ ခရမ်းရောင် လူသန်ပြီးသည် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များနှင့်အတူ တောက်လောင်နေသော ပုဆိန်ရှည်ထဲသို့ မြုပ်ဝင်သွားသည်။

ဘန်း

ပုဆိန်ရှည်သည် အကန့်အသတ်မဲ့ ခရမ်းရောင်မီးတောက်များဖြင့် ပေါက်ကွဲထွက်လာပြီး မျက်လုံး လေးလုံးရှိသော ကျားနတ်ဆိုးကို ချက်ချင်းနှစ်မြှုပ်လိုက်ကာ မိုင်တစ်ရာအတွင်း တောင်များနှင့် မြစ်များကို လောင်ကျွမ်းသွားစေသည်။

ခပ်လှမ်းလှမ်းရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော သိုင်းပညာရှင်တစ်စုက ဆုတောင်းနေသည်။ ၎င်းတို့ကို ဦးဆောင်နေသူမှာ ချောက်ကမ်းပါးစွန်းတွင် ဒူးထောက်ကာ တစ်စုံတစ်ခုအတွက် ဆုတောင်းပေးနေသည့် အဘိုးအိုတစ်ဦးဖြစ်သည်။

“တိုင်တန်အရှင် ဖန်ကူ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နောက်တစ်ကြိမ် ကယ်ပါ...'

“တိုင်တန်အရှင် ဖန်ကူ…”

သူတင်မကဘဲ အခြားသော သိုင်းပညာရှင် များကလည်း ဒီစာကြောင်းကို ရွတ်ဆိုခဲ့ကြသည်။ စိတ်ပျက်အားငယ်စွာဖြင့် နတ်ဆိုးကြီးနှစ်ပါးကို သတ်ဖြတ်ခဲ့သော ကောင်းကင်ကလန်မှ ဖန်ကူ အကြောင်းကို တွေးတောမိကြသည်။

ဖန်ကူ ၏ လုပ်ဆောင်ချက်များကြောင့် ကောင်းကင်ကလန် သည် ဤတိုက်ကြီးတွင် ထင်ရှားခဲ့ပြီး ဖန်ကူ သည် လူတိုင်း၏နှလုံးသားထဲတွင် အကာအကွယ်ပေးသော နတ်ဘုရားဖြစ်သည်။

နှစ်များစွာကြာပြီးနောက်၊ တိုက်ကြီးသည် အကျပ်အတည်းသစ်တစ်ခုသို့ စတင်ရောက်ရှိခဲ့ပြီး ၎င်းတို့အား ခုခံရန် အင်အားမရှိခဲ့ပေ။ တိုင်တန်အရှင် ဖန်ကူ သည် သူ၏တန်ခိုးကို ပြန်လည်ပြသနိုင်စေရန်သာ ဆုတောင်းနိုင်သည်။

မတိုက်နိုင်ဘဲ ဒဏ်ရာရသူများ အားလုံး တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းနေကြ၏။

အဝေးက တိုက်ပွဲတွင် သူတို့မျှော်လင့်ချက်ဟု မမြင်ကြပေ။

ခရမ်းရောင်မီးလျှံပင်လယ်ပြင်တွင် နစ်မြုပ်နေသော မျက်လုံးလေးလုံးရှိ ကျားနတ်ဆိုးသည် မီးပင်လယ်ကိုဖြတ်သွားသော အလင်းတန်းလေးခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ အဲဒီနောက်မှာတော့ သူ့ပါးစပ်ကိုဖွင့်ပြီး ပြင်းထန်သော မီးတောက်များကို.စုပ်ယူလိုက်သည်။

ထို့နောက် အပြုံးတစ်ခု ပေါ်လာပြီး သူ့အစွယ်များကြားတွင် လောင်ကျွမ်းနေသော မီးခိုးငွေ့များ ပျံ့နှံ့သွားသည်။ သူက မထီမဲ့မြင်ပြုကာ ပြုံးပြီး "မင်း ဒီလောက်ပဲရတာလား”

ချင်ထန် ဒေါသထွက်သွားသည်။ သူသည် ရုတ်တရက် ပုဆိန်ရှည်ကို ပစ်လွှတ်လိုက်ကာ မျက်လုံးလေးလုံးရှိသော ကျားနတ်ဆိုး၏ အသားကို ဖြတ်ကာ ရင်ဘတ်တွင် မြဲမြဲစိုက်နေစေသည်။ သို့သော်လည်း ကြီးကြီးမားမား ထိခိုက်မှု မဖြစ်ခဲ့ပေပ။

ထိုအချိန်တွင် ချင်ထန် သည် သူ့လက်ကို မြှောက်လိုက်ပြီး သူ၏ချီ ဖြန့်လိုက်သည်။ ချက်ခြင်းပဲ၊ ပုဆိန်ရှည်က ခရမ်းရောင်မီးတောက်များ တဖန်ပေါက်ကွဲပြီး မျက်လုံးလေးလုံးရှိ ကျားနတ်ဆိုး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ချင်သကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်သွားသည်။

ဝူးး

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတိုက်ခတ်လာပြီး ချင်ထန် ခေါင်းကို လှည့်လိုက်သည်။ သူ မတုံ့ပြန်ခင်မှာ တောင်ငယ်တစ်ခုက သူ့အပေါ်ကို ပြိုကျပြီး သူ့ကို ပျံသန်းစေခဲ့သည်။

ဤတောင်ငယ်သည် ကြီးမားသော နတ်ဆိုးစွမ်းအားများ ပါ၀င်ပြီး ကျောက်တုံးများမှာ အလွန်မာကျောသည်။ ၎င်းသည် ချင်ထန် ပေါ်သို့ ပြုတ်ကျသဖြင့် ချင်ထန်မှာ သွေးအန်ကာ မိုင်ရာနှင့်ချီ လွင့်သွားသည်။ တိုက်ဆိုင်စွာပင် သူသည် ဆုတောင်းနေသော သိုင်းပညာရှင်ကြားထဲသို့ ရောက်သွားပြီး ၎င်းတို့ထဲမှ တစ်ယောက်ကို ထိလုနီးပါး ဖြစ်သွားသည်။

ချင်ထန် ချက်ချင်းထပြီး သူ့ပါးစပ်ထောင့်က သွေးများပို သုတ်လိုက်သည်။ သူမျှော်ကြည့်လိုက်ရာ မျက်လုံးလေးလုံးရှိသော ကျားနတ်ဆိုးထက်ကြီးသော နတ်ဆိုးတစ်ကောင်ကို ကမ္ဘာအဆုံးမှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

နတ်ဆိုးအရှင် နှစ်ပါး

ချင်ထန် ၏ နှလုံးသားသည် အောက်ခြေအထိ နစ်မြုပ်သွားသည်။ သူသည် လူရှေ့သူရှေ့ ပေါ်လာပြီးကတည်းက နတ်ဆိုးသူတော်စင်ပေါက်ရှိ နတ်ဆိုးအရှင်ကို သတ်ပစ်ခဲ့သည်။ သို့သော် ဒုတိယတိုက်ပွဲတွင် ခက်ခဲသောပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နတ်ဆိုး အရှင်များကြားတွင် ကြီးမားသော ခွန်အား ကွာဟချက် ရှိနေသည်မှာ ထင်ရှားသည်။

မျက်စိလေးလုံးရှိသော ကျားနတ်ဆိုးသည်ပင် သူ့အတွက် ပြဿနာ ဖြစ်နေချေပြီ။ ယခုတွင် နတ်ဆိုးအရှင်တစ်ပါး ထပ်ပေါ်လာသေးသည်။ ပထမဆုံးအကြိမ် အဖြစ် သူခွန်အားမဲ့မှုကို ခံစားလိုက်ရသည်။

စောစောက အကြီးအကဲထန်ကျီ ပြောသည်ကို ရုတ်တရက် တွေးမိသည်။

“သိုင်းဧကရာဇ်က တစ်ဦးချင်း အစွမ်းထက်ရုံသာမကပဲ လူသားမျိုးနွယ်တစ်ခုလုံးကိုပါ ပေါင်းစည်းနိုင်တယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ၊ သူက မျိုးနွယ်တစ်ခုရဲ့ စွမ်းအားကို ပြိုင်လို့မရဘူး။”

ထိုစကားကိုကြားသောအခါ၊ သူသည် သိုင်းဧကရာဇ်သည် လုံလောက်သော အင်အားမရှိဟု သူထင်မှတ်ခဲ့သည်။

သူတို့ လုံလုံလောက်လောက် ကြံ့ခိုင်နေသရွေ့တော့ မျိုးနွယ်တစ်ခုကို ပြိုင်ဆိုင်နိုင်ပေမည်။

ဒါပေမယ့် အခုတော့ သူနားလည်သွားပြီ။

ချင်ထန် သည် ဤမဆင်မခြင် သိုင်းပညာရှင်များကို လှည့်ပတ်ကြည့်ရှုပြီး ဒေါသတကြီး ဖြစ်နေသည်။ အံကြိတ်ကာ “ဒဏ်ရာရတဲ့လူတွေ ဘာလို့ မပုန်းနေတာလဲ။ ဒီမှာ အန္တရာယ်များလွန်းတယ်”

သို့သော် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။ သူတို့သည် ချောက်ကမ်းပါးပေါ်၌ မကြောက်မရွံ့ဘဲ ဆုတောင်းခြင်းကို အာရုံပြုနေကြဆဲဖြစ်သည်။

ချင်ထန် သေသေချာချာ နားထောင်လိုက်သည်။ ဤလူမိုက်များသည် ကောင်းကင်ကလန် ဖန်ကူကို ကူညီဖို့ ဆုတောင်းနေကြသည်။

ဖန်ကူကို သူလည်း ကြားဖူးသော်လည်း သူ သူ့ကို မလေးစားေပ။ တကယ်တော့ ဖန်ကူ ဟာ လူသားတစ်ယောက်မဟုတ်ပေ။

ယခု သူတို့သည် မဟာရန်သူနှင့် ရင်ဆိုင်နေရသည့်အချိန်တွငိ ဤသိုင်းသမားများသည် သေသည်အထိ မတိုက်ခိုက်ချင်ကြပေ။ အဲဒီအစား တခြားမျိုးနွယ်ကို စစ်ကူတောင်းနေကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် အရှက်တကွဲသာ ဖြစ်စေသည်။

ချင်ထန် အကျယ်ကြီး ကျိန်ဆဲတော့မည် အချိန်တွင် မျက်လုံးလေးလုံးရှိ ကျားနတ်ဆိုးကြီးက သူ့နောက်တွင် နတ်ဆိုးအကြီးကြီးနဲ့အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ဧရာမ နတ်ဆိုးရှင်ကြီးသည် တဟုန်းဟုန်းတောက်နေသော နတ်ဆိုးရောင်ဝါများဖြင့် ဝန်းရံထားပြီး ၎င်း၏ရုပ်သွင်အမှန်ကို မမြင်နိုင်ပေ။ ကြီးမားသော လမ်းလျှောက်တောင်ကြီးတစ်ခုလိုက ဖိမှိပ်ထားသကဲ့သို့ ခံစားနေရသည်။

ချင်ထန် သည် ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားပြီး သူ့အသက်ရှူကာ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ကြည်လာသည်။

သူမျှော်လင့်ထားသည်နှင့် မတူသော်လည်း သေသည်အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။

သိုင်းပညာကို လေ့ကျင့်တဲ့နေ့တွင် တိုက်ပွဲဝင်ရပါက သေခြင်းမှ ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူးလို့ သူ ကတိပြုခဲ့သည်။ သူသည် တိုက်ပွဲတွင်သေမည် သို့မဟုတ် အင်အားကြီးသော ရန်သူတိုင်းကို သတ်ပစ်လိမ့်မည် ။

ချင်ထန် သည် သူ၏ပုဆိန်ရှည်ကို မြှောက်ကာ သူ့ရှေ့ရှိ အဆုံးမရှိသော နတ်ဆိုးကောင်များနှင့် ရင်ဆိုင်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် အရှုံးမပေးသော အရှိန်အဝါများ ပေါ်လာသည်။

ဘုန်း

ရုတ်တရက် ကောင်းကင်ပေါ်မှ စူးစူးရှရှ အသံတစ်ခု ဆင်းသက်လာသည်။ ချင်ထန် သည် မသိစိတ်က မော့ကြည့်လိုက်မိရာ မျက်လုံးများကို ပြူးကျယ်သွားသည်။ သူဘယ်တော့မှမမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ကောင်းကင်ကို ဖုံးလွှမ်းနေသော နတ်ဆိုးတိမ်တိုက်များမှတစ်ဆင့် ကြီးမားသောအပေါက်ကြီးတစ်ခု ပေါ်လာသည်။ တွင်း၏ အချင်းသည် အနည်းဆုံး မိုင်တစ်သောင်း သို့မဟုတ် ထိုထက် ပိုကြီးသည်။ မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများသည် မိုး သဲသဲမဲမဲ ရွာနေသကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာသည်။ ၎င်းတို့အနက်မှ အဖြူရောင်အလင်းတန်းနှစ်ခုသည် အမှောင်ကမ္ဘာဆီသို့ အလင်းပေးဆောင်ပေးသော အင်မော်တယ် နတ်ဘုရား ရောက်ရှိလာခြင်းနှင့် ဆင်တူပြီး ကျန်အရာများထက် သိသိသာသာကြီးမားသော အဖြူရောင်အလင်းတန်းနှစ်ခုရှိနေသည်။

All Chapters