← Chapters

ပထမဆုံး နတ်ဘရားတမန်တော်၊ အရပ်ငါးမျက်နှာ မိုးကြိုးနတ်ဘုရား

Vol. 18 Ch. 257

ပထမဆုံး နတ်ဘရားတမန်တော်၊ အရပ်ငါးမျက်နှာ မိုးကြိုးနတ်ဘုရား

Vol. 18 Ch. 257

"အဲဒါဘာလဲ…"

ချင်ထန် စိတ်ထဲတွင် သံသယစိတ်များ ပေါ်လာသော်လည်း သူ့တွင် လှုပ်ရှားရန် အချိန်မရှိပေ။

သူသာမက စစ်မြေပြင်ရှိ သိုင်းပညာရှင်နှင့် နတ်ဆိုးသားရဲများအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရသည်။

ကောင်းကင်မှ အလင်းတန်းများ ပြိုကျလာသော အရှိန်ဖြင့် ကောင်းကင်မှ အဖြူရောင် အလင်းတန်းများ ကြွေကျလာသည်။ အလင်းတန်းကြီး နှစ်ခုက မျက်လုံးလေးလုံးရှိ ကျားနတ်ဆိုးနှင့် သူ့၏နောက်ကွယ်က ကြီးမားလှသော ပုံရိပ်အား လျင်မြန်သော အရှိန်ဖြင့် ပစ်ခွင်းလိုက်သည်။

အလင်းတန်းများ မြန်လွန်းသည်။

အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းသည်။

ဘုန်း ဘုန်း

ပြင်းထန်သော အလင်းရောင်သည် နေ့ခင်းဘက်ဖြစ်ဟန်တူသော ကမ္ဘာကြီးကို တောက်ပစေသည်။ နတ်ဆိုးအရှင် နှစ်ပါးသည် အလင်းတန်းဖြူများ ကြောင့် နစ်မြုပ်သွားခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်သည် တောက်ပနေသော အဖြူရောင် အလင်းတန်းတွင် ဖုန်မှုန့်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ကောင်းကင်မှာ ပြည့်နေသော အလင်းတန်းများက တစ်ခုပြီးတစ်ခု ပြိုကျပြီး နတ်ဆိုးများ အားလုံးကို သေဆုံးသွားစေကာ မြေကြီး တုန်ခါသွားစေသည်။

သိုင်းပညာရှင်တို့သည် လေထဲတွင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ပစ်သတ်ခံရမှာကို စိုးရိမ်ပြီး မလှုပ်ရဲကြပေ။ အများစုမှာ လွတ်မြောက်ချင်သော်လည်း အဖြူရောင်အလင်းထဲသို့ ကျသွားတာ ငေးမောသွားကြသည်။ သူတို့ အလွန်ထိတ်လန့်နေသောကြောင့် အလျင်စလို မလှုပ်ရှားဝံ့ကြပေ။

သိုင်းပညာရှင်အားလုံး ရပ်တန့်သွားသောအခါတွင် အဖြူရောင်အလင်းတန်းများသည် နတ်ဆိုးများကိုသာ ဦးတည်နေကြောင်း သိရှိလိုက်ကြသည်။

မျှော်ကြည့်၍ အရပ်မျက်နှာတို့၌ အလင်းတန်းဖြူများဖြင့် ဖွဲ့စည်းထားသော မြှားမိုးရွာသည်ကို တွေ့လိုက်ရသည်။ အဖြူရောင်အလင်းတန်းတိုင်းသည် နတ်ဆိုးတစ်ကောင်ကိုသတ်နိုင်သည်။ ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သိုင်းပညာရှင်အားလုံး တုန်လှုပ် ချောက်ချားသွားသည်။

ချင်ထန် အံသြသွားသည်။ ဘယ်လိုသိုင်းပညာမျိုးလဲဆိုတာ စိတ်ကူးရခက်လှသည်။

ဘေးမှ ရွှင်မြူးမှုများက သူ့စိတ်ကို နဂိုအခြေနေကို ပြန်ဆွဲယူသွားသည်။

“တိုင်တန်အရှင် က အရေးယူလိုက်ပြီ”

"ဒါက ဖန်ကူ ကိုယ်ထင်ပြတာပဲ” "အရမ်းကောင်းတယ်။ ကောင်းကင်ကလန်နဲ့ တိုက်တန်အရှင် ဖန်ကူ အသက်ရှည်ပါစေ”

“ဘုရားရေ၊ ငါတို့နိုင်တော့မှာလား”

“ဒါက တကယ့်ကို အံ့ချီးဖွယ်ရာပဲ။ သေချာပေါက် နတ်ဘုရားရဲ့ အပြစ်ဒဏ်ပဲ။ ကောင်းကင်ကလန် က ငါတို့ကို ကာကွယ်ပေးလိုက်တာပဲ”

ဤတစ်ကြိမ်တွင် ချင်ထန် ဒေါသမထွက်ပေ။ အဲဒီအစား သူ အံ့သြသွားသည်။

ကောင်းကင်ကလန်က ဖန်ကူက တကယ့်ကို လူသားမျိုးနွယ်ကို ကာကွယ်ပေးနေတာလား။

ဒီတော့ ဖန်ကူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။

အစွမ်းထက်တဲ့ သိုင်းဧကရာဇ်က ဒီလို စွမ်းအားကို ပိုင်ဆိုင်နိုင်သလား။

နတ်ဆိုးများ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံရသောကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ နတ်ဆိုး အများအပြားသည် အရပ်ရပ်သို့ ပြေးသွားသော်လည်း အလင်းတန်းဖြူများ လက်ချက်မှ မလွတ်မြောက်နိုင်ပေ။ ကောင်းကင်၌ နတ်ဆိုးတိမ်များပင် လွင့်စင်သွားသည်။ နေရောင်ခြည်သည် လူ့လောကကို ဖြန်းခနဲ လင်းထိန်သွားသည်။

ရလဒ်အနေဖြင့် သန်းနှင့်ချီသောလူများ ပါဝင်သော ဘေးဆိုးကြီး ပြေလည်သွားသည်။

ချင်ထန် စိတ်ရှုပ်သွားသည်။

သူသည် သရဲတစ္ဆေများနှင့် နတ်များကို မယုံကြည်ဘဲ စွမ်းအားကိုသာ ယုံကြည်သည်။ သို့သော် ယနေ့မြင်တွေ့နေရသည့်အရာအရ ဖန်ကူသည် နတ်ဘုရားမဟုတ်ဟု မပြောနိုင်ပေ။

သိုင်းပညာရှင်တစ်ဦးသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ လူတစ်ဦးတစ်ယောက်ကိုမှ မတော်တဆ မသတ်မိဘဲ နတ်ဆိုးကောင်များစွာကို သတ်ပစ်ရန် သိုင်းပညာရှင်တစ်ဦးအတွက် မဖြစ်နိုင်ပေ။

တစ်ဖက်တွင်။

လုံချီ တောင်အတွင်း။

ကျန်းချန်ရှန်း က သူ့လေးကို ပြန်ဆုတ်လိုက်ပြီး ကျိန်ဆဲလိုက်သာ်။ “ငါ အရမ်းပင်ပန်းနေပြီ။ ဘာလို့ ထွက်ပြေးနေကြတာလဲ”

သူသည် တာအိုဘိုးဘေးနှင့် ဆက်စပ်တွေးမိမည်ကို တားဆီးရန်အတွက် မြှားများ၏ အရောင်ကို တမင်ပြောင်းလဲခဲ့သည်။ လူသားသိုင်းပညာရှင်ကို မထိခိုက်စေရန် သူ၏စိတ်ဝိညာဉ်ဆန္ဒကို ရောနှောထားသည်။ သို့သော်လည်း ကြောက်လန့်တကြားထွက်ပြေးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသည်။ ဤမြင်ကွင်းကို သူမျှော်လင့်မထားဘဲ သူ၏စိတ်ဆန္ဒဖြင့် ၎င်းကို မထိန်းချုပ်ထားခဲ့ပါက လူများစွာသည် သူ၏လက်ထဲတွင် သေဆုံးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။

သို့သော်၊ ထိုသို့လုပ်ဆောင်ခြင်း၏ အဖိုးအခသည် စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲလိုက်ရခြင်း ဖြစ်သည်။

နောင်အနာဂတ်မှာ ဒီလိုလုပ်လို့ မရဘူးလို့ သူ စိတ်ထဲမှတ်ထားလိုက်သည်။ သူသည် အင်အား အကြီးဆုံး ရန်သူကို တိုက်ရိုက်သတ်ပြီး ကျန်လူများကို ရင်ဆိုင်ရန် ချန်ထားခဲ့သည်။ ရန်သူများလက်ထဲ အသေခံသွားရလျှင်တောင် သူတို့၏ အရည်အချင်းမရှိမှုကြောင့် ဖြစ်လိမ့်မည်။ အကယ်၍ သူသည် လူကို မှားယွင်းစွာ သတ်မိပါက၊ သူ့ကို အပြစ်တင်မည့် လူတစ်စု ရှိနေမည်မှာ သေချာသည်။

ပိုင်ချီက စိတ်လှုပ်ရှားစွာနှင့် “ပြေလည်သွားပြီလား။ ဘာလို့ မြှားတွေအများကြီး ပစ်တာလဲ" ကျီဝူကျွင်း၊ ဟွမ်ထျန် နှင့် ဟေးထျန်တို့သည် ကျန်းချန်ရှန်းကို ကြည့်ကြသည်။

အခုလေးတင်၊ ကျန်းချန်ရှန်း၏ ညာလက်သည် မြှားများကို အရူးအမူး ပစ်ခတ်လိုက်သည်။ ကြီးမားသော မီးရှူးမီးပန်းများကဲ့သို့ မရေမတွက်နိုင်သော မြှားများ ကောင်းကင်သို့ ပျံတက်သွားပြီး စစ်ပြည်နယ်ရှိ နိုင်ငံသားများနှင့် သိုင်းပညာရှင်အားလုံး အလောတကြီး ဆွေးနွေးနေကြသည်။ သူတို့က တာအိုဘိုးဘေးဟု ခန့်မှန်းနိုင်သည့်အတွက် အထိတ်တလန့် မဖြစ်ကြပေ။

ကျန်းချန်ရှန်း သည် ကမ္ဘာမြေဝိညာဉ်သစ်ပင်ဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ “ဟုတ်တယ်၊ ရန်သူတွေ အများကြီးပဲ။”

ကျီဝူကျွင်း သည် ရှုပ်ထွေးသောအမူအရာဖြင့် တောင်ဘက်သို့လှည့်ကြည့်ကာ "အဆုံးမဲ့သမုဒ္ဒရာထဲက လူသားတွေ ဒုက္ခရောက်နေကြပုံရတယ်"

ကမ္ဘာပေါ်တွင် တာအိုဘိုးဘေးသည် တစ်ဦးတည်းသာ ရှိသည့။ လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ရန် သူမည်မျှခက်ခဲမည်နည်း။

ပိုင်ချီက "အဆုံးမဲ့ သမုဒ္ဒရာထဲက လူသားတွေ အကုန်သေသွားရင်တောင် လူတွေက မဟာကျင်း မှာ ရှိနေတုန်းပဲ။ မဟာကျင်းက လူသားမျိုးနွယ်အတွက် အစပျိုးမှုအသစ်တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက သမိုင်းသံသရာ မဟုတ်ဘူးလား"

ကျီဝူကျွင်း သဘောမတူသည်မှာ ရှားလှသည်။ အထွတ်အမြတ် မင်းဆက်၏ မင်းသမီး တစ်ဦးအနေဖြင့်၊ သူမသည် လူသားမျိုးနွယ်၏သမိုင်းကြောင်းကို အကောင်းဆုံးသိရှိသည်။ လူသား မျိုးနွယ်သည် မျိုးသုဉ်းခြင်းဆိုင်ရာ အကျပ်အတည်းကို အကြိမ်များစွာ ကြုံတွေ့ခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်သူများသည် အမြဲတမ်း မျိုးပွားနိုင်ပြီး ပိုမိုပြင်းထန်သော လူသားမျိုးနွယ်အဖြစ် ဖွဲ့စည်းနိုင်သည်။

ဤသည်မှာ လူသားမျိုးနွယ်ဖြစ်သည်။ သူတို့ ဘယ်တော့မှ အရှုံးမပေးဘူး။

ထို့ကြောင့် အထွတ်အမြတ်နိုင်ငံ သည် တိုက်ခိုက်ရန် ကံကြမ္မာကောင်းချီး နိုင်ငံများ အလိုရှိရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ လူများစွာသေဆုံးသွားသည့်တိုင် သိုင်းဧကရာဇ်မွေးလာသရွေ့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

ယခုအချိန်တွင်၊ မဟာကျင်း သည် သူတို့၏မျှော်လင့်ချက်ဖြစ်သည်။

ကျန်းချန်ရှန်း သည် မျက်စိမှိတ်ပြီး ကောင်းချီးပေးမည့် ယုံကြည်သူများကို စတင်ရွေးချယ်လိုက်သည်။

တာအိုဘိုးဘေးကို ကိုးကွယ်သူများမှာ အတော်လေးကို ပျံ့နှံ့သွားသည်။ မဟာကျင်း တွင်သာမက၊ နဂါးသွေးကြော တိုက်ကြီး အနီးရှိ ပင်လယ်ဒေသအသီးသီးတွင်လည်း သူ၏ကိုးကွယ်သူများလည်း ရှိသည်။

သိပ်မကြာခင်မှာပဲ သူက ဖုန့်ထန်းနိုင်ငံတွင် အဆုံးသတ်သွားသည်။

တာအိုဘိုးဘေးတွင် ဖုန့်ထန်း၌ ယုံကြည်သူအများဆုံးရှိပြီး အလွန်အမင်း ယုံကြည်သူတစ်သောင်းကျော်ရှိသည်။ ဤနံပါတ်သည် အလွန်အထင်ကြီးစရာ ကောင်းနေပြီဖြစ်စည်။ နောက်ဆုံးတွင်၊ သူသည် တစ်ချိန်က မဟာကျင်း ၏ရန်သူဖြစ်ခဲ့သော ဖုန့်ထန်း သို့ ကိုယ်တိုင်ကိုယ်ကျ မသွားရသေးပေ။

ရွေးချယ်မှုကို ၎င်းတို့၏ အတွေးအမြင်ဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။

ကျန်းချန်ရှန်း လေ့ကျင့်နေစဉ် စိတ်ရှည်စွာ ရှာဖွေလိုက်သည်။

တစ်ရက်ကြာသောအခါ သူက တစ်ယောက်ယောက်ကို သဘောတွေ့သည်။

ဤလူ၏အမည်မှာ လီယီဖြစ်ပြီး၊ သူသည် ဖုန့်ထန်းဧကရာဇ် လီယာမှ လျှို့ဝှက် ကျင့်ကြံပေးခဲ့သော ပါရမီရှင်တစ်ဦးဖြစ်သည်။ လီယာသည် ငယ်ငယ်ကတည်းက တာအိုဘိုးဘေး၏ အစွမ်းသတ္တိအကြောင်း ပြောကြသည်ကို ကြားသောအခါတွင် သူ့အား လေးစားမှုအပြည့်ရှိသည်။

ဤလူက ကျန်းချန်ရှန်း အတွက် သေပေးနိုင်သည်။ လီယာနှင့် ရင်းနှီးသော ဆက်ဆံရေးနှင့် တွဲလိုက်ပါက သူက ပိုကြီးသော အခန်းကဏ္ဍတွင် ပါဝင်နိုင်သည်။

ကျန်းချန်ရှန်းက လီယာကို အိပ်မက်တစ်ခု ပေးလိုက်သည် ။

အိပ်မက်မြေသည် ဖုန့်ထန်း နန်းတော်နောက်ဘက်ရှိ တောအုပ်ထဲတွင်ဖြစ်သည်။ လီယီသည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေသည်။ သူသည် အလွန်ငယ်ရွယ်ပြီး သူ့အရည်အချင်းကို ဖုန့်ထန်း တွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ မဟုတ်ပါက သူ့ကို လီယာက ရွေးချယ်မည် မဟုတ်ချေ။

လီရီ သည် အနက်ရောင်ကို ၀တ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များကို ခေါင်းပေါ်တွင် ချည်နှောင်ထားကာ နုပျိုချောမောသော မျက်နှာကို ပေါ်လွင်စေသည်။

တစ်စုံတစ်ခုကို အာရုံခံစားမိပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခုက သူ့ဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ကျန်းချန်ရှန်းပင်။ အဆုံးမဲ့ယန်နတ်အလင်းသည် သူ၏ ဦးခေါင်းနောက်တွင် လွင့်မျောနေသော နေလုံး ငယ်လေးနှင့်တူပြီး သူ့ကို သေမျိုး ကမ္ဘာဆီသို့ ဆင်းသက်လာသော နတ်တစ်ပါးကဲ့သို့ ဖြစ်စေသည်။

လီရီက သိပ်ပြီး မတွေးမိပေ။ တာအို ဘိုးဘေး၏ ပုံသဏ္ဍာန်အကြောင်း ဧကရာဇ်မင်းထံမှ ကြားသိရသည်မှာ ကြာမြင့်ပြီဖြစ်၍ အကြိမ်များစွာ အိပ်မက်မက်ဖူးသော်လည်း ထိုအရာအားလုံးမှာ သူ၏စိတ်ကူးယဉ်များသာဖြစ်သည်။

"လီယီ၊ မင်းက ဖုန့်ထန်း နဲ့ အနီးနားကလူတွေကို ငါ့အတွက် စောင့်ရှောက်ပေးဖို့ ဆန္ဒရှိလား"

ကျန်းချန်ရှန်း က ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

လီယာက ခဏမျှ အံ့အားသင့်သွားပြီး "ဟုတ်ကဲ့”

အိပ်မက်တစ်ခုပင်ဖြစ်သော်ငြား သူ၏ ပုံစံက သူ့ကို ချုပ်တည်းမနေစေခဲ့ပေ။

“သေခြင်းတရားကို ကျော်လွန်နိုင်တဲ့ ကံတရားကို မင်းကို ငါပေးမယ်။ သာမန်လူတွေကို ကယ်တင်ဖို့ မင်းငါ့နာမည်ကို အမှီပြုခွင့်ပေးမယ်။ မင်းလက်ခံဖို့ ဆန္ဒရှိလား"

တာအိုဘိုးဘေး၏ စကားကိုကြားလိုက်သောအခါ လီယီက ချက်ချင်းပဲ “ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်”

သူက အခုထိ တည်ငြိမ်ပြီး ထိုအရာကို အလေးအနက် မထားပင်။

ကျန်းချန်ရှန်း သည် လီယီ ကို အဋ္ဌမအဆင့် အင်မော်တယ် နတ်ဘုရား၏ ကံကြမ္မာကို ပေးအပ်ရန် ရွေးချယ်ခဲ့သည်။

[အမွှေးတိုင်အမှတ် သန်း ၁၀၀ လိုအပ်သည်။ ဆက်လုပ်ရန် ဆန္ဒရှိပါသလား။] သန်း ၁၀၀

ကျန်းချန်ရှန်း ၏ နှလုံးခုန်သွားပြီး ရုတ်တရက် နောင်တရသွားသည်။

သို့သော် ဒုတိယအတွေးတွင်၊ ဤအရာသည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ယူဆရသည်။ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ထင်ရသော်လည်း အကျိုးအမြတ်မှာလည်း ကြီးမားသည်။ သူ့ပတ်ဝန်းကျင်က လူများကို ကောင်းချီးပေးဖို့က မကောင်းသော ရင်းနှီးမြုပ်နှံမှုမဟုတ်ပေ။

ကျန်းချန်ရှန်း က ချက်ချင်းပဲ ဆက်လုပ်ဖို့ ရွေးချယ်လိုက်သည်။

နှစ်တစ်ဝက်ခန့် တန်ဖိုးရှိသော အမှတ်များ ဒီအတိုင်း ကုန်သွားသည်ါ

‘ညစ်ပတ်တဲ့ကောင် ငါ့ကိုစိတ်မပျက်စေနဲ့။'

[ယုံကြည်သူ လီရီအတွက် အဋ္ဌမအဆင့် အင်မော်တယ် နတ်ဘုရား၏ ကံကြမ္မာကို စတင်ရွေးချယ်ပါ။]

"ယုံကြည်သူ လီရီဟာ အဋ္ဌမအဆင့် အင်မော်တယ် နတ်ဘုရားဖြစ်တဲ့ အရပ်ငါးမျက်နှာ မိုးကြိုးနတ်ဘုရားရဲ့ ကံကြမ္မာကို အောင်မြင်စွာ ရရှိခဲ့ပါတယ်”

[အရပ်ငါးမျက်နှာ မိုးကြိုးနတ်ဘုရား: မိုးကြိုးကို မင်းထိန်းချုပ်နိုင်တယ်။ မိုးကြိုး အားကောင်းလေ၊ မင်းရဲ့ နတ်ဘုရား စွမ်းအားတွေ အားကောင်းေလပဲ။]

ကျန်းချန်ရှန်း သည် လီရီ ၏အကြည့်မှ ပျောက်ကွယ်သွားသည်။ သူ့စကားက အိပ်မက်ထဲမှာ ပဲ့တင်ထပ်နေသည်။

“အဲဒီအခါမှာ မင်းကို လျှပ်စီးကို ထိန်းချုပ်န်ုင်တဲ့ စွမ်းရည်ကို ငါပေးမယ်။ ယခုကစပြီး မင်းဟာ ငါ့့ရဲ့ တမန်တော် ဖြစ်လာပြီးတော့ လူသားတွေကို ကယ်တင်ဖို့ ကမ္ဘာအနှံ့ လျှောက်သွားရလိမ့်မယ်”

လီရီ အံ့ဩသွားသည်။ စကားပြောခါနီးတွင် အိပ်မက်သည် ရုတ်တရက် ပြီးသွားသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့အိမ်ထဲမှာဲ တွေ့ရသည်။ ပြတင်းပေါက်အပြင်ဘက်တွင် တောက်ပနေသော လသည် မပေါ်လာသေး။

သူသည် ရှည်လျားသော အသက်ရှုသံကို ထုတ်လိုက်သည်။ တကယ်ကို အိပ်မက်ပဲ။

ဂျိန်း

ကြောက်စရာကောင်းသော မိုးခြိမ်းသံတစ်ခု ရုတ်တရက် ပေါက်ကွဲလာသည်။ လီရီသည် မသိစိတ်က မျှော်ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခု ကောင်းကင်ကို ဖြတ်၍ သူ့အပေါ်သို့ ဆင်းသက်လာသည်။

တစ်လကြာသောအခါ

ဖုန့်ထန်း နန်းတော်နောက်ကွယ်တွင် တိမ်မည်းများက မုန်တိုင်းတိုက်တော့မည်ကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

လီယာသည် သူ့နောက်တွင် တော်ဝင်အစောင့်များနှင့်အတူ မြစ်ကမ်းဘေးတွင် ရပ်ကာ တိုက်ပွဲအတွက် အသင့်ဖြစ်နေသည်။

အားလုံး၏ အကြည့်များက ရှေ့ကို စူးစိုက်ကြည့်နေသည်။

တောင်ပေါ်တောအုပ်ထဲတွင် လီရီသည် လေထဲတွင် လွင့်မျောနေပြီး သူ့လက်များက လျှပ်စီးလက်နေသည်။ ရုတ်တရက်ပင် မှောင်မိုက်သော တိမ်တိုက်များမှ လျှပ်စီးလက်ပြီး သူ့ပေါ်သို့ ဆင်းသက်လာသည်။ သူ့ကို ဘာပြဿနာမှ မဖြစ်စေခဲ့ပေ။ အဲဒီအစား သူ့လက်ဖဝါးထဲတွင် စုစည်းမိသွားသည်။ လီရာ က အရမ်းစိတ်လှုပ်ရှားနေသည့။

“ဟုတ်တယ်။ ဟုတ်တယ်. တာအိုဘိုးဘေး ပေါ်လာတယ်..”

လီယာက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ လီရီက သူ့အိပ်မက်အကြောင်း ပြောပြသည်။ ပထမတော့ သူ့ သံသယ ရှိသော်လည်း ယနေ့တွင် သူ့ကံကြမ္မာကို လုံးလုံးလျားလျား ဆုပ်ကိုင်ထားသော လီရိသည် လျှပ်စီးကြောင်းကို စတင်ထိန်းချုပ်နိုင်ခဲ့သည်။

ဒါက သိုင်းပညာ မဟုတ်ဘူး။ ကောင်းကင်ကနေ လျှပ်စီးလက်နေတဲ့ တကယ့်မိုးကြိုးကြီး

လီရီလည်း စိတ်လှုပ်ရှားသွားသည်။ အိပ်မက်ထဲကဲ့သို့ ငြိမ်သက်မနေတော့ပေ။ “ဒီစွမ်းအားက ပြင်းထန်လွန်းတယ်… ဒါက လူတွေကို ကျော်လွန်နိုင်တဲ့ စွမ်းအားလား…”

သူူ ပိုတွေးလေလေ စိတ်လှုပ်ရှားလေလေပါပဲ။ သူ့သွေးများ ပွက်ပွက်ဆူနေသကဲ့သို့ ခံစားရသည်။

အပေါ်က မုန်တိုင်းကို မော့ကြည့်လိုက်သောအခါ သူ့မျက်လုံးများ ကြည်လာသည်။ " တာအိုဘိုးဘေး၊ ကျွန်တော် ခင်ဗျားကို စိတ်မပျက်စေရပါဘူး။ ဒီကမ္ဘာကြီးမှာ ခင်ဗျားအတွက် အကောင်းဆုံး အမှုထမ်းဖို့ ကျွန်တော် ကြိုးစားပါ့မယ်”

ညာလက်ကို ဝှေ့ယမ်းပြီး သူ့လက်ထဲက လျှပ်စီးများက အဝေးက တောင်ပေါ်ကို ကျရောက်သွားသည်။

ပေတစ်ထောင်မြင့်သော တောင်ကြီးသည် ချက်ချင်း မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ ဖုန်မှုန့်များနှင့် ကျောက်စရစ်တို့သည် နေရာတိုင်းသို့ ပျံ့သွားကာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။

လီရီသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားသည်။

သူသည် အံ့ချီးဖွယ်အဆင့်၌သာ ရှိသေးသော်လည်း လျှပ်စီးကြောင်းကို ကျွမ်းကျင်ပြီးနောက် ဤကဲ့သို့သော အဖျက်စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နိုင်သည်။

သူ့အဆင့်ကို သိလိုက်ရသောအခါ က သူ့ကိုယ်သူ တွေးပြီး "ငါပြောတာ မှန်တယ်ထင်တယ်" လီယာက ပိုစိတ်လှုပ်ရှားသွားသည်။

ခဏအကြာတွင်။

လီယီသည် လီယာထံသို့ ရောက်ရှိလာပြီး သူ့ရှေ့တွင် တစ်ဝက်ခန့် ဒူးထောက်လိုက်သည်။

လီရီက သူ့ကို ကူညီပြီး " တာအိုဘိုးဘေးကို ဆက်သွယ်လို့ရမလား "

လီရီက ခေါင်းခါပြီး “မရပါဘူး၊ အဲဒီနောက်မှာတော့ တကယ့် တာအိုဘိုးဘေးကို အိပ်မက်မမက်တော့ဘူး။”

လီယာ တွေးနေသည်အား သူသိသည်။ သူသည် တာအိုဘိုးဘေးအား ထိုကဲ့သို့သော နတ်တန်ခိုးအား လူများကို ပိုမိုပေးအပ်စေလိုသော်လည်း မဖြစ်နိုင်ဟု သူခံစားမိသည်။

သူရရှိခဲ့သေယ ကံကြမ္မာက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူကောင်းကောင်းသိသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ လျှပ်စီးကြောင်းကို ထိန်းချုပ် ရုံသာမက သူ၏ကြွက်သားများနှင့် အရိုးများသည်လည်း ထိုလျှပ်စီးကြောင့် ပြောင်းလဲသွားရသည်။

လာမည့် နတ်ဆိုးတပ်ကို ကိုင်တွယ်ရန် သူသည် လေ့ကျင့်ရန် မစောင့်နိုင်ဘဲ တတ်နိုင်သမျှ အားကောင်းလာချင်နေသည်။

လီယာ အနည်းငယ် စိတ်ပျက်သွားသော်လည်း သူပျော်နေသေးသည်။ သူက “သိပ်ကောင်းတယ်။ မင်းအတွက်.ထန်းဝူ ရတနာခန်းကို ဖွင်ပေးမယ်။ မင်းသင်ချင်တာတွေ သင်ယူနိုင်ပြီး မလိုချင်သမျှ အရင်းအမြစ်တွေကို ယူနိုင်တယ်။ ငါ့ကို ပြောပြစမ်းပါ။ ငါ့အမြော်အမြင်နဲ့ တာအိုဘိုးဘေးရဲ့ အမြော်အမြင်ကို ငါယုံကြည်တယ်။ လီယီ၊ ဖုန့်ထန်း ရဲ့အနာဂတ်က မင်းအပေါ်မှာပဲမူတည်တယ်။"

ထိုစကားကို ကြားသောအခါ လီရီ၏ သွေးများ ဆူပွက်လာသည်။ သူ့၏ ရင်းနှီးသော မိတ်ဆွေအတွက် အသေခံချင်စိတ်ရှိလာသည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

"ကျေးဇူးတင်ပါတယ် တာအိုဘိုးဘေး”

နောက်ဆုံးစကားက သူ့စိတ်ထဲတွင်ရှိသည်။ ထိုကဲ့သို့ အဆင့်အတန်းမျိုး ပေးဆောင်လာသူမှာ တာအိုဘိုးဘေးဖြစ်သည်ကို သူသိသည်။ တာအို ဘိုးဘေးမရှိလျှင် ဧကရာဇ်၏နှလုံးသားတွင် သူ၏ရာထူးနေရာကို အစားထိုးနိုင်သည့် ပါရမီရှင်များစွာရှိသေးသည်။

တစ်ဖက်တွင်။

ကျန်းချန်ရှန်း သူ့မျက်လုံးကိုဖွင့်လိုက်ပြီး ကြွေကျနေသော သစ်ရွက်ခြောက်ကို ဖမ်းလိုက်သည်။ သူက သူ့ကိုယ်သူ ညည်းညူရင်း “ကောင်လေး၊ ကြိုးစား၊ ငါ့ကို စိတ်ပျက်မစေနဲ့”

မလှမ်းမကမ်းတွင် ဟွမ်ထျန်း က အံ့အားသင့်စွာဖြင့် "မာစတာ၊ ကျွန်တော် ကြိုးစားနေတာ မလုံလောက်သေးဘူးလား”

All Chapters