ကောင်းကင်ကြီးပြိုတော့မည်။
Vol. 18 Ch. 258
ပိုင်ချီက ဒေါသတကြီးနှင့် မျက်လုံးဖွင့်ပြီး “ သေချာပေါက် ဘယ်ဟုတ်မလဲ။ မာစတာက တခြား ပါရမီရှင် တစ်ယောက်ကို စိတ်ထဲတွေ့နေတာများလား”
ထိုအရာကို ကြားသောအခါ ကျီဝူကျွင်းလည်း ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။
ကျန်းချန်ရှန်း ၏ ပါရမီရှင်များအပေါ် ဖော်ထုတ်နိုင်မှုအပေါ် သူမ အလွန်ယုံကြည်သည်။
ကျန်းချန်ရှန်းသည် ပိုင်ချီ ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဒီကောင်က သူ့အတွေးတွေကို မြင်နိုင်တဲ့ သားရဲများလား
အဲဒါ မဟုတ်လောက်ဘူး။ ပိုင်ချီသာ ကံကြမ္မာ ကောင်းချီး မျိုးစိတ် ဖြစ်ခဲ့ရင် တောင်နဲ့ ပင်လယ် ကျမ်းထဲမှာ ဘာလို့ မှတ်တမ်းတင်လို့မရရမှာလဲ။
ဟွမ်ထျန်း က “ကျွန်တော်လည်း ပါရမီရှင်တစ်ယောက်ပဲ။ ငါဘာလို့မဖြစ်ရမှာလဲ"
"မင်းကြီးလာရင် ငါတို့ပြောမယ်" "ငါ မင်းကို အခုချက်ချင်း အနိုင်ယူနိုင်တယ်" "မင်းငါ့ကို တိုက်ခိုက်ရဲလား။ ပုန်ကန်ချင်နေတာလား"
“ကျွန်တော်က ခွန်အားအကြောင်း ပြောနေတာ
ပိုင်ချီသည် ဟွမ်ထျန်း ကို ထပ်မံ ဆူပူနေပြီး ခြံဝင်းသည် ဆူညံသွားပြန်သည်။
အဲဒီမှာ လူဘယ်လောက်ပဲရှိရှိ နတ်ဆိုးသုံးကောင်ရှိနေသရွေ့တော့ အမြဲတမ်း အသက်ဝင်နေမည်ပင်။
ကျန်းချန်ရှန်း က သူတို့ လှောင်ပြောင်နေကြသည်ကို မြင်သောအခါ စိတ်မဆိုးပေ။ အဲဒီအစား စိတ်ဝင်စားစရာကောင်းသည်ဟု သူထင်လိုက်သည်။
လီရီသည် နတ်ဘုရား တမန်တော်တစ်ဦး.ဖြစ်သော်လည်း ပူဇော်အမှတ်များကို အချိန်တိုအတွင်း ယူဆောင်လာရန် ခက်ခဲသည်။ သူက အလျင်စလို မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ စောင့်ဆိုင်းနိုင်သည်။
ကျန်းချန်ရှန်း သည် ဆက်လက် ကျင့်ကြံနေသည်။
သူသည် အန္တိမ နတ်ဆိုးနှင့် နှိုင်းယှဥ်ပြိုင်နိုင်သည့် အဆင့် ဖြစ်နေသော်လည်း သူ၏လေ့ကျင့်မှုတွင် နောက်ကျကျန်ခဲ့ခြင်းမရှိပေ။
နောက်တစ်ခုမှာ တာအိုနည်းစနစ်၏ နောက်တစ်ဆင့်ကို ဖြတ်ကျော်ပြီး စစ်မှန် လွတ်လပ်ပြီး အတားအဆီးမဲ့ မသေမျိုး နတ်ဘုရား ဖြစ်လာဖို့ပင်။ ထို့နောက် သူသည် သိုင်းပညာလောက၏ စည်းမျဉ်းများကို ဖောက်ဖျက်ကာ သူ့ပတ်ဝန်းကျင်ရှိ လူများကို ကောင်းကင်ဘုံပေါ်သို့ တက်စေကာ ဝတ်ပြုကိုးကွယ်သူများကို သူ့နောက်သို့ လိုက်စေမည်။
သိုင်းပညာသည် ကမ္ဘာကြီးကို အေးချမ်းသာယာအောင် မလုပ်နိုင်ဘဲ များပြားလှသော မျိုးနွယ်စုများကြား ပဋိပက္ခများကို ဖြး်ပေါ်လာစေလျှင် အင်မော်တယ် တာအိုမှ တာဝန် ယူမည်ဖြစ်သည်။
ထိုသို့သောဆန္ဒကြောင့် ကျန်းချန်ရှန်း သည် စိတ်ခံစားမှုများ မြင့်တက်လာသည်။
သူ၏ စစ်မှန်သော ပန်းတိုင်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လာပြီး ထာဝစဉ် အသက်ရှင်ရန် ဖြစ်သော်လည်း၊ သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် ယုံကြည်သူများကို ဤလမ်းပေါ်တွင် ကူညီပေးနိုင်လျှင် သူသည် တွန့်တိုနေမည်မဟုတ်ပေ။
အချိန်သည် မြှားတစ်စင်းကဲ့သို့ ရွေ့လျားသွားသည်။ သုံးနှစ်လွန်သွားသည်နှင့် ထိုက်ဟယ်ခေတ်၏ နှစ် ၄၀ ရောက်ရှိလာသည်။
အဆုံးမဲ့ပင်လယ်ပြင်ရှိ လူသားများသည် ဆင်းရဲဒုက္ခနှင့် အလုပ်များနေချိန်တွင်၊ မဟာကျင်း သည် တဖြည်းဖြည်း ဖွံ့ဖြိုးဆဲဖြစ်သည်။
မင်းဆက်၏ ကံကြမ္မာ ကောင်းချီးများ အားကောင်းလာသည်နှင့် အမျှ ထူးချွန်ထက်မြက်သူ အများအပြားသည် မဟာကျင်းတွင် ပေါ်လာသည်။ ကံကြမ္မာ ကောင်းချီးဌာန၏ အရာရှိဟောင်း ဟန်ထန်ကျီ ၏ တပည့်ဖြစ်သူသည် သိုင်းပညာလောကနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန်အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက် ခန်မးကို တည်ထောင်ခဲ့သည်။ ယခုနှစ်အစတွင် သူသည် လောကတွင် အရည်အချင်းအရှိဆုံး လူသုံးဆယ်ကို စာရင်းပြုစုထားသည့် ပါရမီရှင် စာရင်းကို ပြုစုခဲ့သည်။ စာရင်းတွင် အဆင့်သတ်မှတ်ရန်၊ ၎င်းတို့သည် မည်သည့်အဆင့်တွင်ရှိပါစေ၊ ၎င်းတို့၏ အောင်မြင်မှုအရှိန်အဟုန်နှင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ်တွင် မူတည်မည်ဖြစ်သည်။
လင်းဟောက်ထျန်း က ပထမနေရာမှာ ရပ်တည်ခဲ့ပြီး ကျန်းကျန့် က နံပါတ်နှစ်နေရာကို ရရှိခဲ့သည်။ ရဲရွှင်း နှင့် မူလင်းလော့တို့လည်း စာရင်းတွင် ပါဝင်ခဲ့သည်။
တာအို ဘိုးဘေး၊ ကွမ်းထုံယို၊ ကျူးထန်းကျစ်၊ နှင့် အခြားသော ထိပ်တန်းကျွမ်းကျင်သူများစာရင်းတွင် မပါဝင်ချေ။ ကောင်းကင်လျှို့ဝှက်ချက် ခန်းမှ ရှင်းလင်းချက်လည်း ထုတ်ခဲ့သည်။ ကောင်းကင်ဂူ အဆင့်၃ သို့မဟုတ် အထက်တွင်ရှိသော ကျွမ်းကျင်သူများ၏ စွမ်းအားကို မသိသောကြောင့် ၎င်းတို့တွင် မပါဝင်ချေ။ ထို့ကြောင့် ဤရှင်းလင်းချက်ကို ကမ္ဘာပေါ်ရှိလူတိုင်းက အသိအမှတ် ပြုကြသည်။
ကောင်းကင်လျှို့ဝှက်ချက် ခန်းမ သည် သိုင်းပညာကို လေ့ကျင့်ရန် သိုင်းပညာရှင်အားလုံး၏ စိတ်အားထက်သန်မှုကို အပြည့်အ၀ လှုံ့ဆော်ပေးသည့် အဆင့်သတ်မှတ်ချက် အမျိုးအစား အမြောက်အမြားကိုလည်း ထုတ်ပြန်ခဲ့သည်။ သိုင်းပညာလောကမှ လူငယ်များ၏ စိတ်ဓာတ် မြင့်မားမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အောက်ခြေပြည်သူများသည် သိုင်းပညာလောကကို သင်ယူချင်လာကြသည်။
" တာအို ဘိုးဘေး၊ ခင်ဗျားရဲ့ အကြံပြုချက်တွေက တော်တော်ကောင်းတယ်။ သိုင်းစံအိမ်မှာရှိတဲ့ သိုင်းပညာရှင်အသစ် အရေအတွက်ဟာ အခုနှစ်မှာ ၃၀ ရာခိုင်နှုန်း တိုးလာတယ်။”
ချန်လီက ပြုံးပြုံးလေးပြောလိုက်သည်။ ထို့နောက် ဖန်ခွက်ကို မြှောက်ကာ လေးလေးစားစား ဦးညွတ်လိုက်သည်ဓ
ကျန်းချန်ရှန်း က သူ့ဝိုင်ခွက်ကို ဝေ့ဝဲလိုက်ပြီး “ငါက အကြံတစ်ခုပေးလိုက်ရုံပါပဲ။ အဲဒါကို အကောင်အထည်ဖော်နိုင်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”
ဤဘဝတွင် ချန်လီ ကိုကြည့်ရင်း၊ ကျန်းချန်ရှန်း သည် ပြီးမြောက်မှုကို ခံစားရသည်။
သူ၏ တစ်ဦးတည်းသော သူငယ်ချင်းကောင်းသည် ဤဘဝတွင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အချိန်မတန်မီ သေဆုံးရန် မလိုအပ်ပေ။ သူသည် ယခင်ဘဝက ချန်လီ ကို အမှန်တကယ်တွေ့ချင်ပြီး သူ့တုံ့ပြန်မှုကို မြင်ချင်သည်။
ချန်လီ က မြှောက်ပင့်စကားတွေပြောပြီးတဲ့ နောက်မှာ သူက တည့်တည့်သွားပြီး “တာအိိုဘိုးဘေး၊ စီနီယာကျီကို အကူအညီတောင်းချင်လို့ပါ။ မဟာကျင်းက နဂါးစံအိမ်တောင် ဘာမှမလုပ်နိုင်တဲ့ အစွမ်းထက် နတ်ဆိုးတွေ ပါတဲ့ မြေအောက် နန်းတော်ကို ရှာတွေ့ထားပါတယ်။ စီနီယာကျီက စံအိမ်ခေါင်းဆောင် ကျူး ထက်တောင် ပိုစွမ်းအားကြီးတယ်လို့ ကြားထားပါတယ်”
ကျန်းချန်ရှန်း က ကျီဝူကျွင်း ကိုကြည့်ကာ "မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်"
ကျီဝူကျွင်းက ခဏတုံ့ဆိုင်းသွားပြီး "ကောင်းပြီ၊ ကျွန်မ တစ်ချက်သွားကြည့်လိုက်မယ်” ချန်လီက က ဝမ်းသာအားရစွာ တုန်ယင်နေပြီး သူမကို အလျင်စလို ခွက်မြောက်လိုက်သည်။
ပိုင်ချီက စူးစမ်းစွာဖြင့် “ကွမ်းထုံယို က ဝင်မပါတော့ဘူးလား"
ချန်လီက “စီနီယာ ကွမ်း က ပိုမြင့်တဲ့ အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ သူ အမဲလိုက်ဖို့ မြိုင်ဟေဝန်ထဲကို သွားပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ သူ့ကို လွဲသွားရတာပါ”
ကွမ်းထုံယို ၏ အသားတင်တန်ဖိုးသည် အမှတ်ပေါင်း သန်း ၅၀ ကျော်ရှိပြီး သူသည် သိုင်းဘုရင် အဆင့်သို့ တရားဝင်ဝင်ရောက်လာသည်။
သူသည် ကောင်းကင်ဂူ အဆင့်ကိုး၌ အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့သည်။ ထို့ကြောင့်၊ သူသည် ပြင်းထန်သော သားရဲများ၏ အရွတ်များနှင့် အရိုးများကို စုပ်ယူရန် ကောင်းကင်သိုင်း ဥပဒေကို အသုံးပြုကာ ခွန်အားတိုးမြင့်လာမည့် အခြား အချိန်အပိုင်းအခြား တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်ရှန်း သည် ကွမ်းထုံယို အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ မဟာကျင်းက စွမ်းအားကြီးချင်ပါက လူတစ်ဦးတည်းကို အားကိုး၍ မရေပ။ ထို့အပြင် သူသည် ကျင့်ကြံရန် အလုပ်များနေသည်။
ကွမ်းထံယို သည် သူ၏ ပြင်းထန်သော ယုံကြည်သူ ဖြစ်နေချေပြီ။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျန်းချန်ရှန်း ကို ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပေ။ ထို့အပြင်၊ သူ၏ ကောင်းကင်သိုင်း ဥပဒေသည် မည်မျှပင် အစွမ်းထက်စေကာမူ ကျန်းချန်ရှန်း ကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက် ကျီဝူကျွင်း သည် ချန်လီ နှင့်အတူ ထွက်ခွာသွားသည်။
ပိုင်ချီ ရောက်လာပြီး ကျန်းချန်ရှန်းလက် နောက်ကျောကို လျက်လိုက်သည်။ သူမက ပြုံးပြီး “ဆရာ၊ ကြည့်ပါဦး။ အဆုံးမှာတော့ ကျွန်မကပဲ ဆရာ့ကို အမြဲအဖော်ပြုပေးနေတာ။ ကျွန်မက ဆရာ့အပေါ် သစ္စာအရှိဆုံးပဲ။"
ကျန်းချန်ရှန်း က ပြုံးပြီး မေးသည်။ “ဟုတ်လား”
“ဒါပေါ့၊ ကျွန်မက တစ်သက်လုံး ဆရာ့နောက်ကို လိုက်သွားမှာ၊ ဆရာက လုပ်စေချင်တာ မှန်သမျှ ကျွန်မလုပ်မယ်”
ပိုင်ချီက ချက်ခြင်း ကတိပေးလိုက်သည်။ သူမသည် ကျန်းချန်ရှန်းက သူမ၏အသွေးအသားကို မွမ်းမံပြီး နဂါးဖြူကဲ့သို့ နဂါးအဖြစ် ပြောင်းလဲစေလိုသည်။
ကျန်းချန်ရှန်း က သူမခေါင်းကို တင်းတင်းကျပ်ကျပ် ပွတ်သပ်လိုက်ရာ သူမကို ခေါင်းမူးသွားစေသည်။
“ဆိုးမနေနဲ့။ ကောင်းကောင်းလေ့ကျင့်။ မင်းရဲ့ သွေးကြောကို တိုးတက်အောင် ငါကူညီပေးမယ် ဒါပေမယ့် အခုမရသေးဘူး။ မင်းက လုံလောက်အောင် မသန်မာသေးဘူး။ အခုလုပ်လိုက်ရင် မင်း တောင်မခံနိုင်မှာ ငါစိုးတယ်”
ကျန်းချန်ရှန်း ပြုံးလိုက်သည်။ ပိုင်ချီက သူ့အတွက် မသေပေးနိုင်သော်လည်း သူမသည် သူနှင့် အကြာဆုံး အဖော်ပြုလာသူပင်။
သူမက သူ့အတွက် မသေဝံ့သော်လည်း သစ္စာမဲ့သူတော့ မဟုတ်ပေ။ သူကဲ့သို့ပင် ဘယ်သူ့အတွက်မှ မသေပေးချင်တာ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်က သူများကို သူ သည်းခံနိုင်စွမ်းရှိသည်။ အကြောင်းမှာ သူသည် လုံလောက်အောင် သန်မာနေပြီ ဖြစ်သောကြောင်ပြင်။ ကျင့်ကြံခြင်း၏ မူလပန်းတိုင်ကို သူဘယ်တော့မှ မေ့မှာမဟုတ်ပေ။
ပိုင်ချီသည် ထိုစကားကိုကြားသောအခါ သူမသည် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကျင့်ကြံရန် အမြန်ပြန်သွားခဲ့သည်။
ဟွမ်ထျန်သည် ပိုင်လျီ ကို မထီမဲ့မြင် သရော်လိုက်သည်။ ပိုင်ချီသည် သူ့ကို သူငယ်စဥ်ကတည်းက ပျိုးထောင်လာခဲ့သည် ဖြစ်ရာ သူသည် သူမထက် ပိုသန်မာနေလျှင်တောင် သူမကို မလှောင်ပြောင်ဝံ့ပေ။ သို့သော်လည်း ပိုင်ချီ ၏ ပင်ကိုယ်စရိုက်က သူမကို လေးစားရန် ခက်ခဲစေသည်။
ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး တောင်တန်းပင်လယ် ကျမ်းနှင့် ရတနာကြေးမုံကို ကြည့်ရန် ကိုယ်ပွားတစ်ခု လွှတ်ထုတ်လိုက်သည်။
သူ၏ကိုယ်ပွားတွင် သူ၏ မှော်အစွမ်းထက်ဝက်ခန့်ရှိပြီး တောရိုင်းတောကြီးထဲတွင် ပြေးလွှားရန် လုံလောက်သည်။ ကိုယ်ပွားက သူ့ကို ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်စေရန် တောင်တန်းပင်လယ် ကျမ်းနှင့် ရတနာ ကြေးမုံတို့ကို ချဲထွင်ရန် ကူညီပေးနိုင်သည်။
ပိုင်ချီနှင့် ကြောင်နတ်ဆိုးနှစ်ကောင်သည် သူ၏ကိုယ်ပွားကြောင့် မအံ့သြတော့ဘဲ အော်ဟစ် ပြောဆိုခြင်း မပြုကြတော့ပေ။
ခြံဝင်းသည် မကြာမီ တိတ်ဆိတ်သွားသည်။
မြေရိုင်းသည် အကန့်အသတ်မရှိခဲ့။ နီညိုရောင် မြေဆီလွှာသည် မြေကြီးကို ဖုံးလွှမ်းကာ တိတ်ဆိတ်နေပုံရသည်။
ကျန်းကျန့်၊ လင်းဟောက်ထျန်းနှင့် ဖင်အန်း တို့သည်ကောင်းကင်ထက်တွင် မိုးကြိုး သိမ်းငှက်များက ရစ်ဝဲနေသည့် ချောက်ကြီးတစ်ခုအတွင်း ဘေးချင်းကပ် လျှောက်နေကြသည်။
ဖင်အန်းသည် လက်ထဲတွင် ကင်ထားသော အသားတစ်ပိုင်းကို ကိုင်ကာ ပါးစပ်မှ ဆီအပြည့်နှင့် စားကာ မျက်နှာပေါ်တွင် ပြုံးနေ၏။
လင်းဟောက်ထျန်း က သူ့ခေါင်းကို လှည့်ပြီး “မင်း ခံစားရလား”
ကျန်းကျန့် က သူ့ရဲ့တတိယမျက်လုံးကိုဖွင့်ပြီး “အဲဒါက ရှေ့နားလေးတင်ပဲ။ ကံကြမ္မာ ကောင်းချီးက ကြိုနေသင့်တယ်။ တစ်ဘက်ကဟာက မလှုပ်တော့ ကံကြမ္မာကောင်းချီးကလည်း အတက်အကျ မရှိဘူး။ ရှားပါး ရတနာ တစ်ခု ဖြစ်နိုင်တယ်””
ထိုစကားကို ကြားသောအခါ လင်းဟောက်ထျန်း ၏ မျက်လုံးများ တောက်ပလာပြီး ၎င်းကို ပို၍ပင် သိချင်လာသည်။
သူတို့ သုံးယောက်သည် ကွေ့ကောက်သော ချောက်တလျှောက် လျှောက်နေကြသည်။ အချိန်အတော် ကြာပြီးနောက် ရပ်တန့်သွားကြသည်။
သူတို့ရှေ့ရှိ တောင်နံရံတစ်ခုပေါ်တွင် ကြီးမားလှသော ဂူဝင်ပေါက်တစ်ခု ပေါ်လာသည်။ အောက်ခြေမဲ့ ဖြစ်နေပြီး ရံဖန်ရံခါ လေတိုးသံများက အူသံထွက်လာပြီး သရဲတစ္ဆေများ၏ ငိုကြွေးသံများနှင့် ဝံပုလွေ အူသံများကဲ့သို့ ဖင်ယောင်ထင်မှား အသံများ ဖြစ်ပေါ်လာစေသည်။
"အဲဒါ အထဲမှာရှိလား" လင်းဟောက်ထျန်း က မေးသည်။
ကျန်းကျန့် က ခေါင်းညိတ်ပြီး "သတိထား။ အထဲမှာ အန္တရာယ်ရှိတယ်လို့ ခံစားရတယ်။ ရှားပါးရတနာအနီးမှာ အစွမ်းထက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ရှိတတ်တယ်။”
"နားလည်ပြီ”
သုံးယောက်သား ဂူပေါက်ဝဆီသို့ လျှောက်သွားကြသည်။ ဖင်အန်း သည် တစ်ခုခုကို အာရုံခံစားမိပြီး သူ့လက်ထဲတွင်ရှိသော အသားကင်များကို ကောင်းကင်ပေါ်သို့ ပစ်လွှဲလိုက်သည်။ မိုးကြိုးလင်းယုန်သည် လျင်မြန်စွာဖမ်းလိုက်သည်။
ထို့နောက် သူတို့ သုံးယောက်သည် ဂူထဲသို့ ၀င်ပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားကြသည်။
ထိုက်ဟယ် ခေတ် ၄၁ နှစ်မြောက် နွေဦးရာသီသစ်တစ်ခုရောက်ရှိလာပြီ။
ရဲရွှင်းနှင့် ဓားနတ်ဘုရား ပြန်ရောက်လာသည်။ နှစ်ယောက်စလုံး ဖြတ်ကျော် ဝင်ရောက်ပြီးကြပြီ။ ဓားနတ်ဘုရားသည် ကောင်းကင်ဂူ အဆင့်နှစ်တွင် ရှိသည်။ ရဲရွှင်းသည် ကောင်းကင်ဂူ အဆင့်၃ သို့ ရောက်လာပြီ ဖြစ်သည်။
“ကွမ်းထုံယိုရဲ့ ကောင်းကင်သိုင်း ဥပဒေက တကယ့်ကို အံ့ဩစရာပဲ။ မြိုင်ဟေဝန်ထဲမှာ သိုင်းပညာ လေ့ကျင့်ဖို့ အရမ်းသင့်တော်တယ်” ရဲရွှင်း ပြုံလိုက်သည်။
ကောင်းကင် သိုင်းဥပဒေသည် ကောင်းကင်ချီမြေ၏ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။ သူတော်စင်ချီ၏ အရပ်ဘက်နှင့် သိုင်းပညာ တာအို နှင့်အတူ ၎င်းကို မဟာကျင်း ၏ အမျိုးသားနိုင်ငံ့ သိုင်းပညာဆိုင်ရာ နည်းစနစ်များအဖြစ် လူသိများသည်။ လူတိုင်း သင်ယူနိုင်သည်။ အမျိုးသား သိုင်းပညာ နှစ်ခုကို နက်နက်နဲနဲ လေ့လာဖို့ ကြိုးစားသော ပညာရှင် အများအပြားတောင် ရှိသည်။
ပိုင်ချီက "ဒါဆို ရှင်ဘာလို့ပြန်လာတာလဲ"
ရဲရွှင်းက စိုက်ကြည့်ရင်း “မင်းဘာတွေပြောနေတာလဲ။ ငါတို့ပြန်လာပြီး တာအိုဘိုးဘေးကို တွေ့လို့ မရဘူးလား"
ဓားနတ်ဘုရားက ရယ်မောပြီး “ဟုတ်သားပဲ”
ကျန်းချန်ရှန်း လည်း သူတို့၏တိုးတက်မှုအတွက် ကျေနပ်နေသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦး၏ ဝိညာဉ်များ ပြန်လည်ကောင်းမွန်လာကြောင်းကို သူမြင်လိုက်ရသည်။
ကျီဝူကျွင်းနှင့် လင်းဟောက်ထျန်း တို့ ဝင်ရောက်လာစဥ်က သူတို့ဟာ ယုံကြည်မှုမရှိခဲ့ကြပေ။ နောက်ဆုံးတွင်၊ ဤအသစ်ဝင်လာသူများ၏ အရည်အချင်းများသည် ကြောက်မက်ဖွယ်ကောင်းသည်။
ရဲရွှင်း က သူ့သိုလှောင်လက်စွပ်ထဲက ကျောက်ပြားတစ်ချပ်ကို ထုတ်လိုက်ပြီး "တာအိုဘိုးဘေး၊ ဒါက ငါတို့နှစ်ယောက် အမှတ်တမဲ့ ရခဲ့တာ။ ကျွန်တော် ခင်ဗျားကို ပေးမယ်။ ဘာတွေထူးခြားနေလဲ ကြည့်ပါဦး။"
အာကာသကျောက်တုံးအများအပြားကို ရှာဖွေတွေ့ရှိမှုကြောင့် သိုလှောင်ကွင်းများမှာ ရှားပါးပစ္စည်း မဟုတ်တော့ပေ။ ယခုအခါ၊ သိုလှောင်ကွင်းများသည် မြိုင်ဟေဝန် ကိုရှာဖွေရာတွင် စံပစ္စည်း တစ်ခုဖြစ်လာခဲ့သည်။
ကျန်းချန်ရှန် သည် ကျောက်တုံးကို ယူလိုက်သည်။ အတွင်းထဲတွင် ဝှက်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာ ကောင်းချီးကို သူ ကောင်းကောင်း ခံစားနိုင်သည်။
သူ၏ဝိညာဉ်ရေး စွမ်းအားသည် ကျောက်တုံးကြီးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားမည်ဖြစ်သည်။
ဘုန်း
ကျန်းချန်ရှန်း ၏ ဝိညာဉ်ရေး စွမ်းအားသည် သက်ရောက်မှုကို ခံစားရသော်လည်း သူ၏ ဝိညာဉ်ရေး စွမ်းအားသည် ပြင်းထန်လွန်းသဖြင့် လုံးဝထိခိုက်ခြင်းမရှိပေ။ သူက သက်ရောက်မှုကို ပြင်းပြင်းထန်ထန် ခုခံပြီး ကျောက်တုံး၏ပိုနက်သော အလွှာထဲကို ဝင်သွားသည်။ ပို၍နက်ရှိုင်းလာသည်နှင့်အမျှ ချိတ်စည်းအလွှာတစ်ခု ခံစားလိုက်ရသည်။
သိုင်းတာအို တွင် တံဆိပ်ခတ်ခြင်းနည်းစနစ်များ မျာစွာ ရှိသည်။ ဥပမာအားဖြင့်၊ နဂါးသွေးကြောသည် အစွမ်းထက်သော တံဆိပ်ချိတ်စည်းတစ်မျိုးဖြစ်သည်။
သူသည် ချိတ်စည်းများကို ပြင်းပြင်းထန်ထန် ချိုးဖျက်ပြီး သူ၏ဝိညာဉ်ရေး စွမ်းအားကို မှတ်ဉာဏ်ထဲသို့ ဆွဲသွင်းလိုက်သည်။
သူ၏ဝိညာဉ်ရေး စွမ်းအားသည် မြေအောက်နေရာတစ်ခုတွင် ရုတ်တရက်ပေါ်လာသည်။ ဤနေရာရှိ ကျောက်သားမျက်နှာကျက်သည် ပေတစ်သောင်းမြင့်ပြီး သူ့ဘာသာသူ ကမ္ဘာတစ်ခု ဖြစ်တည် နေလေသည်။ အမျိုးမျိုးသော ရက်စက်ကြမ်းကြုတ်သော သားရဲများသည် အရပ်ရပ်၌ လျှောက်သွားနေကြသည်။
၎င်းတို့အထဲတွင် တောင်ပင်လယ် ကျမ်းတွင် မှတ်တမ်းတင်ခံထားရသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိသည်။
ကျန်းချန်ရှန်း သည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ ရင်ဆိုင်နေရသော ဦးတည်ရာကို ကြည့်လိုက်သည်။ မိုင်ရာနှင့်ချီဝေးသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရုပ်ပုံကားချပ်တစ်ခု ရှိနေသည်။ ၎င်းသည် ထိုက်ဝါ ထိုက်ချီ နှင့် ဆင်တူသော နာဂဖြစ်သည်။ သူမသည် ပေတစ်ရာသာ မြင့်ပြီး အခြားသော ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များနှင့် ယှဉ်လျှင် အလွန်ပုသည်။ သို့သော် သူမ၏ ပုံစံက အလွန်အားကောင်းပြီး သူမ၏မျက်လုံးများက အေးစက်နေသည်။
နာဂအမပင်။ သူမသည် လှပပြီး အေးမြသည်။ သူမ၏ရှည်လျားသောဆံပင်ကို အရိုးဆံထိုးဖြင့် ချည်နှောင်ထားသည်။ သူမလက်ထဲတွင် ကျောက်ပြားသုံးချပ် မျှောနေသည်။ သူတို့က ကျန်းချန်ရှန်း ကို ရဲရွှင်း ပေးခဲ့သော စာရွက်များပင်၊ ဒါပေမယ့် ထိုအရာများက အရမ်းမကြီးပေ။
နာဂအမျိုးသမီးက “ခေတ်သစ်တစ်ခု ရောက်လာတော့မယ်။ မြိုင်ဟေဝန်ရဲ့ ဧကရာဇ်မိသားစုဟာ တစ်ကျော့ပြန်ဖြစ်လာတော့မယ်။ မဟာမြိုင်ဟေဝန်ရဲ့ ဗိမာန်တော်ကို သွားပြီး ယဇ်ပူဇော်ဖို့ ပြင်ဆင်ကြဖို့ မင်းတို့လူမျိုးတွေကို သွားပြောလိုက်”
ဤသည်မှာ ကျန်းချန်ရှန်း သည် မြိုင်ဟေဝန် တောရိုင်းမိသားစု၏ ဧကရာဇ်မိသားစုအကြောင်း ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။
အရှေ့ဘက်တွင် တောင်ကြီးကဲ့သို့ ကြီးမားသော ကျောက်လိပ်အိုကြီးတစ်ကောင်က “တော်ဝင်မိသားစု ပြန်လည် ထမြောက်ခြင်းမှ ဘာများရနိုင်မလဲ"
နာဂအမျိုးသမီးက တစ်ချက်ကြည့်လိုက်ပြီး “တော်ဝင် မိသားစုနောက်ကို လိုက်ဖို့ အခွင့်အရေး”
ကျောက်လိပ်ကြီးသည် တိတ်ဆိတ်နေ၏။ အခြားသော ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ အချင်းချင်း တယောက်ပြီး တယောက် ပြောဆိုကြရာ အားလုံးက မကျေမနပ် ဖြစ်နေကြသည်။
မြေအောက်နေရာ တစ်ခုလုံး ဆူညံသွားသည် ။
အကြာကြီးစောင့်ပြီးမှ။
နာဂအမျိုးသမီးက “ကောင်းကင်ကြီးကပျက်တော့မယ်။ တော်ဝင်မိသားစုက ပြန်ပြီး ကောင်းမွန်မလာဘူး ဆိုရင် တောကြီးက ဘေးဥပဒ်ဆီ ဦးတည်သွားလိမ့်မယ်။ မဟုတ်ဘူး၊ ကမ္ဘာကြီးတစ်ခုလုံး ကပ်ဆိုးထဲရောက်သွားလိမ့်မယ်။ ကောင်းကင်ပြင်ကို ပြုပြင်ဖို့ ဧကရာဇ် မိသားစုအတွက် အလဲအလှယ်နဲ့ မင်းရဲ့ဆွေမျိုးသားချင်းတချို့ကို စွန့်လွှတ်အနစ်နာခံရမယ်။ ဒါမှမဟုတ် ကောင်းကင်ကြီး ပွင့်ကျလာမှာ စောင့်နေပြီးတော့ တောကြီးထဲက သက်ရှိသတ္တဝါ အားလုံးကို နစ်မြုပ်သွားစေမဲ့ အာကာသ နတ်ဆိုးမြစ်ကို ထိုင်စောင့်နေမှာလား”
ကျောက်လိပ်အိုကြီးက “ကောင်းကင်က ဘယ်တော့ပြိုမလဲ”
“အနည်းဆုံး အနှစ်တစ်သောင်းအောက်ပဲ။ တော်ဝင် မိသားစုအတွက် စတေးဖို့လည်း အချိန်ယူရတယ်။ အချိန်သိပ်မကျန်တော့ဘူး။”
နာဂအမျိုးသမီးက နားနားနေနေပြောသည်။ သူပြောပြီးသည်နှင့် ဒီမှတ်ဉာဏ်က ပြီးသွားသည်။
ကျန်းချန်ရှန်း သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ကျောက်တုံးကြီးထဲရှိ ကံကြမ္မာ ကောင်းချီးကို ခံစားလိုက်ရသည်။ နှစ်ထောင်ချီကြာအောင် တည်ရှိခဲ့ကြောင်း သူခံစားနိုင်သော်လည်း အတိအကျ ခန့်မှန်း၍မရပေ။