တော်ဝင် မြေအောက်နန်းတော်၊ တောင်နဲ့ ပင်လယ် ကျမ်း
Vol. 18 Ch. 259
" တာအိုဘိုးဘေး၊ ဘာတွေ့တာလဲ "
ရဲရွှင်း က သေသေချာချာ မေးသည်။ ဓားနတ်ဘုရားအတွက်မူ သူက ထိုအရာကို ဂရုမစိုက်ပေ။.သူသည် ဟွမ်ထျန်နှင့် ဟေးထျန်တို့ဆီ လျှောက်သွားပြီ ဖြစ်သည်။
ကျန်းချန်ရှန်း က ဘာကိုမှ ဖုံးကွယ်မထားဘဲ သူမြင်ခဲ့ရသည်များကို ပြောပြလိုက်သည်။ ဓားနတ်ဘုရားနှင့် နတ်ဆိုးသုံးယောက်တို့သည် သူပြောသည်ကို ကြားသောအခါ၊ လှည့်ကြည့်ကြ၏။
မြိုင်ဟေဝန် တောနက်ကြီးရဲ့ တော်ဝင်မိသားစု
ကောင်းကင်ကြီး ပေါက်ကွဲတော့မယ်။
အာကာသ နတ်ဆိုးမြစ် ဆိုတာလည်းရှိတယ်။
ထိုအရာကို ကြားလိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။ သူတို့သည် ထူးခြားသော ကမ္ဘာသစ်တစ်ခုနှင့် ထိတွေ့မိပုံရသည်။
ရဲရွှင်းက က အံ့သြစွာဖြင့် သူ့လျှာကို ထိလိုက်သည်။ “အရိုင်းဆန် ရှေးကျတဲ့ တောရိုင်းတောကြီးထဲမှာ တော်ဝင်မိသားစု တစ်ခု ရှိလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး။ တာအိုဘိုးဘေး ပြောခဲ့တဲ့ အတိုင်းဆို မြိုင်ဟေဝန်ထဲမှာ အရင်တုန်းက လူသားတွေနဲ့ တူညီတဲ့ စနစ်တစ်ခု ရှိခဲ့တဲ့ပုံပဲ။ မဟုတ်လို့ရှိရင် တော်ဝင်မိသားစုက ဘယ်လိုလုပ် သားရဲတွေအကုန်လုံးက်ု အမိန့်ပေးလို့ရမှာလဲ”
ကျန်းချန်ရှန်းက “ ရှိကိုရှိလောက်တယ်။ တောနက်ထဲက သားရဲတွေက လူဘာသာစကားကို ပြောနိုင်တယ်။ ခပ်ဆင်ဆင်ပုံစံပဲ။ လူသားတွေနဲ့ နတ်ဆိုးတွေ ဖန်တီးခဲ့တဲ့ ယဥ်ကျေးမှုထက် ပိုသာယာဝပြောတဲ့ ယဥ်ကျေးမှုတစ်ခုက မြိုင်ဟေဝန်ထဲမှာ ရှိခဲ့တဲ့ပုံပဲ။ ငါတို့အခုမှ သးတို့နဲ့ ထိတွေ့မိတာ မဟုတ်ရင် သူတို့က အစောကြီးကတည်းက သမိုင်းထဲက ပျောက်သွားတာနေမယ်။ ဒါပေမဲ့ သမိုင်းကြောင်းဆိုတာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းပဲ။ ဒီနေ့ထိတောင်မှ မြိုငဟေဝန် တောနက်ထဲ လူတွေနဲ့ နတ်ဆိုးတွေ ခြေမချနိုင်ခဲ့ပုံထောက်ရင် မဟာတောနက်ရဲ့ ပတ်ဝန်းကျင်က အဆုံးမဲ့ သမုဒ္ဒရာထက် အဆင့်အတန်း ပိုမြင့်မားတယ်ဆိုတဲ့ သဘောပဲ”
ရဲရွှင်း က ခေါင်းညိတ်ပြပြီး ဤနှစ်များထဲတွင် သူကြားသိခဲ့ရသည်များကို ပြောပြသည်။ ဓားနတ်ဘုရားက ရံဖန်ရံခါ ဝင်ပြောသည်။
တောကြီးသည် ကျယ်ပြောလှသည်။ သူတို့နှစ်ဦးသည် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာ အတူတူခရီးထွက်ခဲ့ကြပြီး ရက်စက်ကြမ်းကြုတ်သော သားရဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့ အဆိုအရ မဟာတောနက်ကြီးတွင် သိုင်းပညာရှင်များနှင့် တွေ့ရန် လွယ်ကူနေဆဲပင်။ မဟာကျင်း၏ သိုင်းပညာရှင်များနှင့် နိုင်ငံအသီးသီးမှ လက်အောက်ခံနိုင်ငံများက ကောင်းကင်ချီမြေထက် ပိုကျယ်သော ဧရိယာထက်ပင် လွှမ်းခြုံကာ မဟာတောနက်ကြီးတွင် ၎င်းတို့၏ အကိုင်းအခက်များကို ဖြန့်ကျက်ထားပြီးဖြစ်သည်။
မဟာကျင်း၏ လူဦးရေသည်လည်း တိုးလာသည်။ နိုင်ငံအသီးသီး၏ လူဦးရေနှင့် ယှဉ်လျှင် ဆယ်ဘီလီယံ ကျော်သွားပြီဖြစ်သည်။
သူတို့သည် မြိုင်ဟေဝန် သို့ရောက်ခဲ့သည်မှာ ၂၈ နှစ်ရှိပြီဖြစ်ပြီး မဟာကျင်း သည် ဘေးဥပဒ်ကို မကြုံတွေ့ရသေးပေ။ ဤ ၂၈ နှစ်သည် နဂါးသွေးတိုက်ကြီး၏ သမိုင်းတွင် အငြိမ်းချမ်းဆုံး ကာလဖြစ်သည်၊ များစွာသော နိုင်ငံများ၏ သမိုင်းတွင် မှတ်တမ်းတင်ခံရလောက်အောင်ပင်။
ကျန်းချန်ရှန်း က အားရပါးရ နားထောင်သည်။ သူ၏ကိုယ်ပွားသည် ရက်စက်ကြမ်းကြုတ်သော သားရဲများကို စုဆောင်းပြီး ကမ္ဘာ၏မြင်ကွင်းများကို မှတ်တမ်းတင်နေဆဲ ဖြစ်ပြီး၊ သူ၏အတွေ့အကြုံသည် ရဲရွှင်း ကဲ့သို့ စိတ်လှုပ်ရှားစရာမဟုတ်ပေ။
အဆုံးမှာတော့ ရဲရွှင်း က ပြုံးပြီး “တာအိုဘိုးဘေး၊ ခင်ဗျား ကျွန်တော်တို့နဲ့ ဘယ်အချိန်မှ အပြင်လိုက်ထွက်မှာလဲ”
တာအိုဘိုးဘေး လိုက်ပါလာပါက ၎င်းတို့သည် ယခင်က မဝင်ရောက်ဝံ့သော အန္တရာယ်ရှိသော နေရာများသို့ ရဲရဲဝံ့ဝံ့ဝင်ရောက်နိုင်မည် ဖြစ်သည်။
“ထားလိုက်တော့၊ ငါ ခရီးသွားရတာ မကြိုက်ဘူး"
ကျန်းချန်ရှန်း ခေါင်းယမ်းပြီး ငြင်းလိုက်သည်။ သူသည် ဘဝင်မြင့်မနေဘဲ သတိထားနေဆဲ ဖြစ်သည်။
သူသည် အစွမ်းထက်ပုံပေါက်သော်လည်း ၎င်းသည် စနစ်၏ ထောက်လှမ်းနိုင်သော အကွာအဝေးတွင်းတွင်သာ ဖြစ်သည်။ လောလောဆယ်တော့ သူ လှည့်ပတ်ကြည့်၍ မရပေ။ သူသည် ကျင့်ကြံမှုတွင် အချိန်အများစုကို သုံးနေရသည်။
ရဲရွှင်း သည် ထိုစကားကိုကြားသောအခါတွင် လက်လျှော့လိုက်သည်။
သူတို့နှစ်ယောက် မထွက်ခင် တစ်လခွဲလောက် ခြံဝင်းထဲမှာ နေခဲ့သည်။ ကောင်းကင် သိုင်းဥပဒေကို လေ့ကျင့်ပြီးနောက်၊ ၎င်းတို့၏ ခန္ဓာကိုယ် ကို မြှင့်တင့်ရန်နှင့် ခွန်အားတိုးရန် သိုင်းပညာ ဝိညာဉ်စွမ်းအင်ကို အားကိုးရန် စိတ်ကူးကို ထိန်းမထားနိုင်တော့ပေ။ အဲဒါက အရမ်းနှေးမှာ။
ကျန်းချန်ရှန်း က မစဉ်းစားနိုင်ဘဲ “သိုင်းပညာအပေါ် ကောင်းကင်ဘုံသိုင်းဥပဒေရဲ့ လွှမ်းမိုးမှုက ငါမျှော်မှန်းထားတာထက် ကျော်လွန်သွားပုံရတယ်။ အနာဂတ်မှာ ပင်မသိုင်းပညာ နည်းစနစ်များ ဖြစ်လာမှာလား။ ဒီအခြေအနေမျိုးမှာ လူသားတွေနဲ့ သားရဲတွေကြား ပဋိပက္ခက ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး”
ဒါက ကံတရား မဟုတ်ဘူးလား။
ကမ္ဘာကြီးက လူမျိုးပေါင်းစုံအတွက် စစ်မှန်သော ငြိမ်းချမ်းရေးကို ခွင့်မပြုခဲ့ဖူးပေ။ သဘာဝသယံဇာတများ ပေါကြွယ်ဝမှုအတွက် အချင်းချင်း သတ်ဖြတ်ကြသည်။
သက်ရှိသတ္တဝါ အရေအတွက် အလွန်များပြားပြီး ၎င်းတို့ကို ကမ္ဘာက မထောက်ပံ့နိုင်သောအခါတွင် ပရမ်းပတာဖြစ်မည်မှာ သေချာသည်။
ဘယ်သူက ဂရုစိုက်နေလို့လဲ။ ငါကတော့ ဘာပဲဖြစ်ဖြစ် ကျင့်ကြံနေမှာပဲ။
ကျန်းချန်ရှန်း သည် မျက်စိမှိတ်ပြီး ဆက်လက် ကျင့်ကြံခဲ့သည်။ ရဲရွှင်းက သူ့ကိုပေးခဲ့သော ကျောက်ပြားကို ဧရာမ ဝိညာဥ် လက်စွပ်ထဲ ထည့်လိုက်သည်။ ကျောက်ပြားသည် ထူးခြား သောကြောင့်၊ ၎င်းကို သိမ်းဆည်းထားမည်ဆိုပါက အသုံးဝင်လာနိုင်သည်။
စက်တင်ဘာလတွင် နွေရာသီသည် ပူလောင်လှသည်။
ကျန်းချန်ရှန်းသည် လောလောဆယ်တွင် ပိုင်ချီနှင့် ကြောင်နတ်ဆိုး နတ်ဆိုးနှစ်ကောင်အတွက် ကိုယ်ထည်နှိုးတွဆေး ကို ဆောင်ရွက်ပေးနေသည်။ နတ်ဆိုးသုံးပါးတို့သည် နံဘေး၌ ဝပ်တွားလျက် အဘယ်အရာကို ရအံ့နည်းဟု စောင့်မျှော်လျက်၊
သူတို့အပြင်ထွက်၍ တောနက်ကျယ်ကြီးကို စူးစမ်းလေ့လာခြင်းမပြုကြသော်လည်း၊ သူတို့၏ ကိုယ်ခန္ဓာသည် ကျန်းချန်ရှန်း ၏ဆေးဖက်ဝင်ဆေးများနှင့်အတူ စွမ်းအား တက်လာသည်။ ေအားနည်းသော ပိုင်ချီပင်လျှင် သူမ၏ အရှိန်အဟုန်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပထမအဆင့်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ထိုအချိန်တွင် ကျီဝူကျွင်း သည် ခြံဝင်းထဲသို့ လျင်မြန်စွာ လျှောက်လာသည်။
သူမသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး နဂါးဝိညာဥ်လှံ ကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး သူမ၏ အသွင်အပြင်မှာ ထူးကဲလှသည်။
" တာအိုဘိုးဘေး ကျွန်မ ပြန်လာပြိ။ မြေအောက်နန်းတော်က အခု မဟာကျင်းရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါပြီ။ “ကျီဝူကျွင်း သည် ကျန်းချန်ရှန်း ၏ နံဘေးသို့လာကာ တိုးတိုးပြောလိုက်သည်။
ကျန်းချန်ရှန်း က သူမကို မော့ကြည့်ပြီး ပြုံးလိုက်သည်။ “မင်း ပင်ပန်းသွားပြီပဲ။ ထိုင်ပြီး စကားပြောရအောင်။"
ကျီဝူကျွင်သ က ပြုံးပြီး ကျန်းချန်ရှန်း နံဘေး၌ ထိုင်ကာ မြေအောက်နန်းတော်သို့ သွားသည့် ခရီးစဉ်အကြောင်း ပြောပြသည်။
မြေအောက်နန်းတော်သည် အလွန်ကျယ်ဝန်းပြီး အရပ်ရပ်သို့ ကျယ်ပြန့်သည်။ သူမသည် ကောင်းကင်ဘုံ အဆင့်ငါး ရှိသည့် တီကောင်များ၏ လိုက်ဖမ်းခံနေရသည့် ကျန်းကျန့်နှင့် အခြားနှစ်ဦးကိုပင် ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ သူမသည် သူတို့ကိုကူညီခဲ့သည်။ ယခုအချိန်အထိ သူမနှင့် မဟာကျင်း ၏ သိုင်းပညာရှင်တို့သည် မြေအောက်နန်းတော် မည်မျှကြီးမားသည်ကို နားမလည်သေးဘဲ ဧရိယာပမာဏ တစ်ခုအထိသာ သိမ်းပိုက်နိုင်ခဲ့သည်။
နဂါးနန်းတော် ၏ကျွမ်းကျင်ပညာရှင်များနှင့်အတူ ကျီဝူကျွင်း သည် နောက်ဆုံးတွင် ပြန်လာရန်အချိန်ရခဲ့သည်။
“အဲဒီမြေအောက်နန်းတော်က မြိုင်ဟေဝန်ရဲ့ တော်ဝင်မိသားစုနဲ့ ပတ်သက်နေပုံရတယ်။ မြိုင်ဟေဝန် ဧကရာဇ်မိသားစုက ဘယ်သူလဲဆိုတာ ကျွန်မလည်းမသိဘူး။ ကျောက်ပြားတစ်ခုကနေ သူ့နာမည်ကို ကျွန်မသိခဲ့ရပေမယ့် အဲဒါကို တော်ဝင်မိသားစုလို့ ခေါ်ဖို့က သိပ်ရိုးရှင်းပုံမရဘူး” ကျီဝူကျွင်း မျက်မှောင်ကြုတ်လိုက်သည်။
ပိုင်ချီ ကြားလိုက်သည်နှင့် ကျန်းချန်ရှန်းက ကျောက်ပြားနှင့် ပတ်သက်ပြီး ပြောခဲ့သည်ကို ချက်ချင်းပြောလိုက်သည်။
ကျီဝူကျွင်း ထိုစကားကိုကြားသောအခါ သူမ၏မျက်ခုံးများသည် ပို၍ပင် ရှုံ့သွားသည်။ “တောကြီးက အလုံးစုံ နတ်ဘုံတော့ မဟုတ်ဘူးပဲ။ မြိုင်ဟေဝန်ရဲ့ တော်ဝက်မိသားစုက မဟာကျင်းကို အန္တရာယ်မပေးဖို့ မျှော်လင့်တာပဲ။ ငါတို့က မဟာကျင်းကို နှစ်တစ်ထောင်လောက် အချိန်ပေးလိုက်သရွေ့ မဟုတ်ဘူး နှစ်ရာနည်းနည်းလောက် ဆိုရင်တောင် ငါတို့ အထွတ်အမြတ်နိုင်ငံ ဖြစ်လာတဲ့အခါ ကြောက်စရာ မလိုတော့ဘူး”
ပိုင်ချီက “အထွတ်အမြတ် နိုင်ငံက အဲ့လောက်တောင် စွမ်းအားကြီးတာလား”
ကျီဝူကျွင်း က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ ရည်ရွယ်ချက်များကို မြင်လိုက်သည် ။
“အထွတ်အမြတ် နိုင်ငံက စွမ်းအားကြီးတာပေါ့။ ဒါပေမဲ့ ဘယ်နိုင်ငံမဆို စွမ်းအားကြီးတဲ့ ခေတ်ကနေ အားနည်းတဲ့ ခေတ်ကို ရောက်နိုင်တယ်။ အထွတ်အမြတ် နိုင်ငံက အင်အားလျော့သွားပေမဲ့လည်း နတ်ဆိုးတွေကို နှစ်တွေ အကြာကြီး ထိန်းထားနိုင်တုန်းပဲ။ ဒါက အထွတ်အမြတ်နိုင်ငံရဲ့ အင်အားကို ပြဖို့ လုံလောက်နေပြီ။ ပြီးတော့ အထွတ်အမြတ် နိုင်ငံ ဖြစ်လာတာနဲ့ ကံကြမ္မာကောင်းချီးက သိုင်းပညာရီင်တွေရဲ့ ခွန်အားကို တိုးစေနိုင်တယ်။ ပြီးတော့ အဲဒါက ပြိုင်ဘက်ကင်း နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ကံတရားအစီအရင်ကိုလည်း လုပ်လို့ရတယ်” “
ကျန်းချန်ရှန်း က ပြောသည်။ က “တောနက်ကြီးရဲ့ တော်ဝင်မိသားစုက ပြန်ပြီးရှင်သန် မလာသေးဘူး။ လောလောဆယ် စိတ်မပူပါနဲ့။”
ယခင်က ၎င်းတို့အကြောင်း စနစ်အား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လောလောဆယ် အဖြေမရရှိခဲ့ပေ။
လောလောဆယ်မှာတော့ တောနက်ကြီး၌ သူ့ကို ခြိမ်းခြောက်နိုင်သော တည်ရှိမှုဟူ၍ မရှိတော့ပေ။ မဟာတောနက်ကြီးအတွင်း၌ ဧကရာဇ်မိသားစု၏ အကြွင်းအကျန်များစွာ ကျန်ရှိသေးသည်။
ကျီဝူကျွင်း က ခေါင်းညိတ်ပြီး ပြောသည်။ “တာအိုဘိုးဘေး၊ ကျွန်မက ရက်စက်တဲ့ သားရဲရဲ့ အကြွင်းအကျန်တွေကို သိမ်းဆည်းထားတယ်။ ကိုယ်ထည် နှိုးဆွဆေးကို သန့်စင်အောင် ကူညီပေးနိုင်မလား။"
"ငါမင်းကိုခဏနေ ကူညီပေးမယ်။"
ကျန်းချန်ရှန်း တိတ်တဆိတ်သဘောတူခဲ့ပြီး ကျီဝူကျွင်း က ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ သူမသည် ဦးညွှတ်ပြီး သူမ၏ ချပ်ဝတ်တန်ဆာကို ဖယ်ရှားရန် အခန်းထဲသို့ ပြန်သွားသည်။
ဟွမ်ထျန်က က “မဟာတောနက်ကြီးရဲ့ တော်ဝင် မိသားစုက အတော်လေးကို လွှမ်းမိုးမှု ရှိတဲ့ပုံပဲ။ နောင်မှာ ငါလည်း နတ်ဆိုး တော်ဝင်မိသားစုကို ထူထောင်မယ်။ အဲဒါက ပိုမိုက်မှာ”
ကျန်းချန်ရှန်း က လျစ်လျူရှုလိုက်သည်။ ဒီကြောင်က အိပ်မက်မက်နေပြီ။
တစ်လကြာသော်
ဧကရာဇ်ဘုရင်သည် မဟာတော၌ တော်ဝင် မြေအောက်နန်းတော်အကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။ သိုင်းပညာရှင်အားလုံးကို စူးစမ်းလေ့လာရန် ဖိတ်ခေါ်ခဲ့သည်။ စူးစမ်း လေ့လာလိုသော သိုင်းပညာရှင်များသည် အမျိုးမျိုးသော သိုင်းပညာသင်တန်းကျောင်းများမှ မြေပုံကိုရယူပြီး ဂူထဲသို့ ဝင်ရောက်နိုင်သည်။
ခဏလောက်တော့ သိုင်းပညာလောကသည် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဂိုဏ်းဂဏများနှင့် မိသားစုများစွာသည် နန်းတော်အကြောင်းကို စတင်မေးမြန်းလာကြပြီး သာမန်သိုင်းပညာရှင်တို့သည် အချိန်ဆွဲကာ ရူးရူးမိုက်မိုက် မသွားဝံ့ကြပေ။
သို့သော်၊ မြေအောက်နန်းတော်တွင် စွမ်းအားကြီး သွေးဆက် သားရဲများနှင့် နတ်လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် မှော်သံကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိသဖြင့် ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံး ရူးသွပ်သွားကြသည်။
ထိုအရာက မဟာကျင်း၏ လက်ရှိအခြေအနေပင်။ မရေမတွက်နိုင်သော အခွင့်အရေးများပါရှိသော နေရာတစ်ခုကို အင်ပါယာတရားရုံးက ထုတ်ဖော်လိုက်တိုင်း၊ ၎င်းသည် သိုင်းပညာရှင်တို့၏ အာရုံကို အမြဲဆွဲဆောင်နေလိမ့်မည်။ အသေအပျောက်များသော်လည်း၊ ၎င်းသည် မဟာကျင်း အတွက် ကြီးမားသောအကူအညီဖြစ်နေဆဲဖြစ်သည်။
ပြည်နယ်အရေးများ ပိုများလာသည်နှင့်အမျှ ကျန်းချဲဟာ ကျန်းချန်ရှန်းဆီ ရှားရှားပါးပါး သွားရောက်လည်ပတ်ခဲ့သည်။
ထိုက်ဟယ်ခေတ် ၄၂နှစ်
ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သော သားရဲများသည် အင်ပါယာ မြေအောက်နန်းတော်တွင် ပေါ်လာပြီး သိုင်းပညာရှင်များစွာကို သတ်ဖြတ်ခဲ့ကြသည်။ ဧကရာဇ်သည် နဂါးစံအိမ်ကြီးကို ကူညီရန် ၀တ်လုံဖြူအစောင့်အများအပြားကို ချက်ချင်းစေလွှတ်ခဲ့သည်။ ၀တ်ဖြူဝတ်အစောင့်တပ်များ၏ လက်ရှိအင်အားသည် အတိတ်ထက် သာလွန်နေပြီ ဖြစ်သည်။ ဧကရာဇ်၏ သြဇာလွှမ်းမိုးမှုအောက်တွင် မတူညီသော အဆင့်အလိုက် အစောင့်အကြပ်များ ဖွဲ့စည်းခဲ့သည်။ ကောင်းကင်ဂူ အဆင့်တစ်တွင် ရှိသော အစောင့်များပင်ရှိသော်လည်း ၎င်းတို့သည် အလွန်ရှားပါးသည်။
ဤတိုက်ပွဲသည် မဟာကျင်း မြိုင်ဟေဝန်သို့ ရောက်ရှိလာပြီးနောက် ကြေကွဲဖွယ်အကောင်းဆုံး တိုက်ပွဲဖြစ်ပြီး လူတိုင်း၏ စိတ်နှလုံးကို ထိခိုက်စေခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရှန်းက ဝင်မပါခဲ့ပေ။ နောက်ဆုံးတွင်၊ ထိုရက်စက်ကြမ်းကြုတ်သော သားရဲသည် မြေအောက်နန်းတော်ကိုသာ စောင့်ကြပ်နေပြီး မဟာကျင်း ကို မကျူးကျော်ေပ။ သူလှုပ်ရှားလိုက်ရင် ရှင်သန်ခြင်းဆုလာဘ်ကို ရနိုင်မလား။ ရရင်တောင် ဆုကြေးက အရမ်းနည်းမှာ။ မဟာကျင်း က ပြဿနာကို သူ့ဘာသာသူ ဖြေရှင်းခွင့်ပေးလိုက်တာ ပိုကောင်းတယ်။ မဟာကျင်းက သူ့ကို အားကိုးတဲ့ အလေ့အထ ပါသွားလို့ မဖြစ်ဘူး။
စစ်ပွဲမပြီးဆုံးမီ တစ်နှစ်ခွဲကြာခဲ့သည်။ ကျူးထန်းကျစ်၊ ရဲရွှင်း နှင့် အခြားသော ကျွမ်းကျင် ပညာရှင်များ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။ လမ်းခရီးတွင် သူတို့သည် အမည်မသိ ရတနာများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ ရရှိသည်များမှာ အလွန်ကြီးမားသည်။
ကျန်းချန်ရှန်း သည် သူ့ ကိုးကွယ်သူထံ လစဥ်ဝင်ရောက်သည့် အလေ့အထကို ဆက်လက် ထိန်းသိမ်းခဲ့သည်။ သူ့တွင် မရေမတွက်နိုင်သော ဝတ်ပြုကိုးကွယ်သူများရှိပြီး သူတို့၏ အသက်နှင့်သေခြင်းတရား ကပ်ဘေးကို ဖြေရှင်းရန် သူ့အကူအညီလိုအပ်နေသူတစ်ဦး အမြဲရှိမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှ ရှင်သန်ခြင်းဆုလာဘ်များ မရရှိခဲ့သော်လည်း၊ သူ၏ အမှတ်များ သည် အလွန်လျင်မြန်စွာ တိုးများလာကာ ဝတ်ပြုသူများကို ကူညီပေးသဖြင့် ဝတ်ပြုသူများ ပိုများလာခဲ့သည်။
အမွှေးန့သာ ပူဇော်ခြင်းသည် အမှန်ပင် တန်ခိုးကြီးသည်။ သူပိုင်တဲ့ ကိုးကွယ်သူတိုင်းက သူ့အယူဝါဒ နောက်လိုက်တွေ ဖြစ်လာပြီး သူ့အတွက် ကြော်ငြာပေးလိမ့်မည်။
တစ်ဖက်တွင်။
ဖုန့်ထန်းနိုင်ငံတွင် အရပ်ငါးမျက်နှာ မိုးကြိုးနတ်ဘုရား ကံတရားကို လက်ခံရရှိခဲ့သော လီရီသည် စတင်ကျော်ကြားလာခဲ့သည်။ ထိုအရာကို လီရီက တမင်တကာ ကြော်ငြာခဲ့ခြင်း ဖြစ်သည်။ အချို့က ယုံကြပြီး အချို့က လှောင်ပြောင်ကြသည်။ သို့သော် ခြုံငုံကြည့်လျှင် ဖုန့်ထန်းနိုင်ငံရှိ ကိုးကွယ်သူအရေအတွက် တိုးလာခဲ့သည်။
ကျန်းချန်ရှန်းသည် တစ်နှစ်လျှင် အနည်းဆုံး အမွှေးတိုင်ပေါင်း သန်း ၂၀၀ ရရှိနိုင်ကြောင်း တွက်ချက်မိသည်။
ဒီအရှိန်က သူဖြတ်ကျော် မဝင်ရောက်ခင်ကထက် အများကြီးပိုမြန်ပြီး အဆက်မပြတ်အရှိန်နဲ့ တိုးနေတာပဲ။
အမွှေးနံသားဖြင် နတ်ဘုရားကို ဖိတ်ခေါ်ခြင်း လုပ်ဆောင်ချက်သည် နှစ်ပေါင်းများစွာအကြာ နောက်ဆုံးတွင် အကျိုးသက်ရောက်ခဲ့သည်။
နောက်တစ်ခုက အမွှေးနံ့သာ ပူဇော်ခြင်း လုပ်ဆောင်ချက်ပင်။ ကျန်းချန်ရှန်း သည် အရပ်ရပ်မှ အသေခံ ယုံကြည်သူငါးဦးကို ရွေးချယ်ခဲ့ပြီး ၎င်းတို့အတွက် အဋ္ဌမအဆင့် မသေမျိုး နတ်ဘုရားငါးပါး၏ ကံကြမ္မာကို ပေးခဲ့သည်။ တိုတောင်းသောလတွင် သူသည် အမှတ်ပေါင်း သန်း ၅၀၀ အသုံးပြုခဲ့သည်။ .
ယုံကြည်သူငါးဦးတွင် တစ်ဦးက နတ်ဆိုးမျိုးနွယ်မှဖြစ်ပြီး ရွှမ်းငှက်ကို ယုံကြည်ခဲ့သည်။ ကျန်းချန်ရှန်း သည် ၎င်းမှတဆင့် နတ်ဆိုးမျိုးနွယ်ထံမှ အမှတ်များရရှိရန် မျှော်လင့်သည်။
ယနေ့
သူ့၏ကိုယ်ပွားက ပြန်လာပြီး သူ့ခန္ဓာကိုယ်ထဲကို မပေါင်းစပ်ခင် တောင်နှင့်ပင်လယ် သိုင်းကျမ်းနှင့် ရတနာကြေးမုံကို သူ့ဆီ လွှဲပေးလိုက်သည်။
ကျန်းချန်ရှန်းတွင် မှော်စွမ်းအား ပေါများနေသောအလည်း သူ့ကိုယ့်ပွားသည် မှော်အစွမ်းထက်ဝက်လောက်သာ သယ်ဆောင်နိုင်ပြီး မှော်စွမ်းအားကို သူ့ဘာသာသူ မထုတ်နိုင်ပေ။ ထို့ကြောင့် ခဏကြာပါက တစ်ခါ ပြန်လာရသည်။
တောင်နှင့် ပင်လယ်သိုင်းကျမ်း ရှိ စာမျက်နှာအရေအတွက်သည် ၇၂ သို့ရောက်ရှိသွားခဲ့ပြီး ကောင်းကင်ဂူ အဆင့် ရက်စက်ကြမ်းကြုတ်သောသားရဲ ၆၀ ကျော်ရှိသည်။ ထိုအရာ လန့်စရာ ကိန်းဂဏန်းပင်။ တစ်နည်းဆိုရသော် တောင်နှင့် ပင်လယ် သိုင်းကျမ်းနှင့်အတူ ၊ ကျန်းချန်ရှန်း သည် ကောင်းကင်ဂူ အဆင့် ကျွမ်းကျင်သူ ၆၀ ကျော်ကို ခေါ်ယူနိုင်ခဲ့ပြီး ချောက်နက် နတ်ဆိုး သည် နတ်ဆိုးသျှင်အဆင့်တွင်ရှိနေသည်။
မဟာကျင် တစ်ခုလုံးသည် သူ့လက်ထဲတွင်ရှိသော တောင်နှင့် ပင်လယ် ကျမ်းလောက် အင်အားမရှိဘဲ ၎င်းမှာ ကွမ်းထုံယို လည်း အပါအဝင်ဖြစ်သည်။
ဒါကိုတွေးပြီး ကျန်းချန်ရှန်း ဂုဏ်ယူသွားသည်။
မသေမျိုး ကျင့်ကြံသူများ၏ မှော်ရတနာများသည် သိုင်းပညာရှင်တို့၏ နတ်လက်နက်များထက် များစွာပို၍ အစွမ်းထက်သည်။
ရတနာကြေးမုံအတွက်မူ ၎င်းသည် မည်မျှအစွမ်းထက်သည်ကို နားမလည်နိုင်သော်လည်း ကျန်းချန်ရှန်းက လျှို့ဝှက်စွမ်းအားသည် အသွင်ပြောင်းသွားပြီဖြစ်ကြောင်း ခံစားနိုင်သည်။ လင်းထိန်နေသော နေရာများကို ကြည့်ရှုရန် ရတနာကြေးမုံကိုပင် အသုံးပြုနိုင်သည်။ မြင်ကွင်းတစ်ခုတွင်၊ ကျန်းချဲ နှင့် အခြားနှစ်ယောက်သည် စွန့်စားခန်းဝင်နေသည်ကို သူ တွေ့လိုက်ရသည်။
ပိုင်ချီ က အနားကို တိုးလာပြီး “မာစတာ ဘာလို့သူတို့ကို မစုဆောင်းလိုက်တာလဲ”
ဒါကိုပြောပြီးသည်နှင့် ဟွမ်ထျန်၊ နှင်း ဟေးထျန် ချက်ချင်းရောက်လာသည်။ ကျီဝူကျွင်းလည်း ရောက်လာသည်။
ကျန်းချန်ရှန်း သည် ရတနာကြေးမုံ ကို တိတ်တဆိတ် မသုံးခဲ့ပေ။ သူ့၏ မှော်လက်နက်ကို ဆုံးရှုံးရမှာ မကြောက်ပေ။ ဤကမ္ဘာကြီးတွင် သူသာလျှင် မှော်ရတနာများကို အသုံးချနိုင်သောကြောင့် အခြားသူများ၏ လိုချင်တပ်မက်မှုကို ခံရမည်ကို မကြောက်ပေ။ အရင်တုန်းကတော့ သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားချင်တာကြောင့် မှော်ရတနာတွေကို ဖုံးကွယ်ထားခဲ့ဖူးသည်။