သိုင်းဧကရာဇ်ကျွန်း၏ ဆုံးဖြတ်ချက်
Vol. 18 Ch. 260
ည“ငါဘာလို့ စုဆောင်းရမှာလဲ။ ဒီရတနာကို သူတို့မြင်ဖို့ပဲ သုံးလို့ရတာ”
ကျန်းချန်ရှန်း ရယ်မိသွားသည်။ သူစကားပြောနေစဉ်တွင် သူသည် ပိုင်ချီ၏ ခေါင်းကို ကိုက်လိုက်ပြီး သူမကို နာကျင်စွာ အော်ဟစ်စေလိုက်သည်။
ကျီဝူကျွင်း က စိတ်ဝင်တစား မေးသည် " တာအိုဘိုးဘေး ၊ ဒါက ပင်ကိုယ် ရတနာလား၊ ဒါမှမဟုတ် ရှင် သန့်စင်ထားတာလား "
ကျန်းချန်ရှန်း က “သဘာဝအတိုင်းပဲ ငါအဲဒါကို သန့်စင်ထားတာ။ ဒီလို ရတနာမျိုးကို ကမ္ဘာပေါ်မှာ မတွေ့နိုင်ဘူး။ ဒါပေမဲ့လည်း ငါကလွဲ ဘယ်သူမှ ဒီရတနာကို သုံးလို့ရမှာမဟုတ်ဘူး”
သူစကားပြောနေစဉ်တွင် သူသည် ကျီဝူကျွင်းထံသို့ ရတနာမှန်ကို ပစ်ချလိုက်သည်။ သယမက ချက်လျင်း ဖမ်းလိုက်သည်။ သိပ်မကြာခင်မှာပဲ ရတနာကြေးမုံက ပိတ်သွားပြီး သာမန်ကျောက်တုံးတစ်ခု ဖြစ်သွားသည်။
ကျီဝူကျွင်းက ထိုအရာကို ဖွင့်ရန် ကြိုးစားသော်လည်း လှုပ်တောင် မလှုပ်လာပေ။ သူမ၏ ချီကို ထိုအထဲ လောင်းထည့်လိုက်လျှင်တောင် သမုဒ္ဒရာထဲ နစ်မြုပ်နေသော ကျောက်တုံးတစ်ခုကဲ့သို့ပင်။
သူမသည် ရတနာကြေးမုံကို ကျန်းချန်ရှန်းဆီသို့ ပြန်ပေးလိုက်ရတော့သဘ်။
“မျှော်လင့်ထားသလိုပဲ၊ မသေမျိုးနဲ့ သေမျိုးတွေကြား ကွာခြားချက် ရှိတာပဲ”
အတိတ်ကို တွေးတောရင်း ပိုင်ချီ က “မာစတာ သက်ရှိသတ္တဝါအားလုံး သိုင်းပညာကို လေ့ကျင့်နိုင်တယ်။ ဒါပေမယ့် မင်း မသေမျိုး ဖြစ်လာချင်တယ်ဆိုရင်တော့ မင်းရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ် ဆိုတာ ဟုတ်လားဟင်”
အရင်တုန်းက ကျန်းချန်ရှန်းက အာကာသ ကောင်းကင် သိုင်းကျမ်းကို ဖန်တီးခဲ့သော်လည်း ဟွမ်ချွမ် နှင့် တခြားသူများက ပြီးပြည့်စုံအောင် မလေ့ကျင့်နိုင်ခဲ့ကြပေ။ ထို့နောက်တွင် သူတို့ အခြားသော ကျင့်ကြံနည်းကိုသာ ပြောင်းနိုင်လိုက်ရသည်။ ကျန်းချန်ရှန်းက အာကာသ ကောင်းကင်ကျမ်းကို ကျင့်ကြံခြင်းဖြင့်သာ သူ၏ အင်မော်တယ် နည်းစနစ်များကို ကျင့်ကြံနိုင်မည်ဟု ဆိုသည်။
ကျန်းချန်ရှန်း က "အနည်းနဲ့အများပေါ့”
ပိုင်ချီ သည် သေမျိုး နှင့် မသေမျိုးများကြား ကွာဟမှုကို စတင်သက်ပြင်းချလိုက်ပြီး ကျီဝူကျွင်း လည်း သူနှင့် စကားပြောနေသည်။
တခြားသူများ ထွက်သွားပြီးကတည်းက ပိုင်ချီနှင့် ကျီဝူကျွင်း တို့ကြားက ဆက်ဆံရေးက ပိုနီးစပ်လာသည်။ အဆုံးတွင် သူတို့သည်သာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောနိုင်သော သူများပင်။ ဟွမ်ထျန် နှင့် ဟေးထျန် အတွက်မူ ကျီဝူကျွင်းက သူတို့အား ဘယ်တော့မှ မကြီးပြင်းမည့် ကလေးများကဲ့သို့ အမြဲခံစားရသည်။ ပိုင်ချီက ဆိုးသော်လည်း အနည်းဆုံးတော့ သူမက ကလေးမဆန်ပေ။
ကျန်းချန်ရှန်း သည် နောက်ထပ်ကိုယ်ပွားတစ်ခုကို မဖန်တီးမီ ရတနာကြေးမုံနှင့် ခဏတာ ဆက်လက်ကစားခဲ့ပြီး ထို့နောက် ၎င်းကို တောင်နှင့်ပင်လယ် ကျမ်း၊ ရတနာကြေးမုံဖြင့် ထွက်သွားဏန် ခိုင်းလိုက်သည်။
သူ့ကိုယ်ပွား ထွက်သွားသည်ကို ကြည့်ပြီး ကျီဝူကျွင်းက သိချင်သော်လည်း သူမ အများကြီး မမေးရဲချေ။ သူမမေးနိုင်သည်ကို သူမသိသည်။
ကျန်းချန်ရှန်း သည် မျက်လုံးများကိုမှိတ်ထားပြီး ကျင့်ကြံလိုက်သည်။
တောင်နှင့် ပင်လယ်ကျမ်း နှင့် ရတနာကြေးမုံသည် သူ့ထက် ပိုမိုအားကောင်းလာနိုင်ကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။
အဲဒါလည်း ကောင်းတာပဲ။
မသေမျိုး ကျင့်ကြံသူတွေက အင်မော်တယ် နည်းစနစ်တွေနဲ့ မှော်ရတနာတွေနဲ့ တိုက်ရတာပဲ။ သူတို့က သိုင်းပညာရှင်တွေလို သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ ဘာကြောင့် တ်ုက်ရမှာလဲ။
ကျန်းချန်ရှန်း ပြုံးလိုက်သည်။
သူ အဆင့်တက်လာဖို့ အချိန်ပေးစမ်းပါ။ ဘာနတ်ဆိုးလဲ။ ဘာကို မြိုင်ဟေဝန် တော်ဝင်မိသားစုလဲ။ အာကာသ နတ်ဆိုးမြစ် ဆိုတာကရော ဘာကြီးလဲ။ သူအားလုံးကို ချေမှုန်းပစ်မယ်။
ငါးနှစ်ကြာသွားသည်။
ထိုက်ဟယ်ခေတ် ၄၇ နှစ်မြောက် မေလအစတွင် ကျန်းချန်ရှန်း ၏ကိုယ်ပွား ပြန်လည်ရောက်ရှိလာသည်။ သူသည် ကိုယ်ပွားအသစ်တစ်ခုကို ထပ်မံခွဲထုတ်ပြီး တောင်နှင့်ပင်လယ် ကျမ်းနှင့် ရတနာကြေးမုံတို့နှင့်အတူ ထွက်ခွာခိုင်းလိုက်သည်။
ပုံမှန်အားဖြင့်၊ သူသည် သူ၏ မှော်စွမ်းအားကို ဖြုန်းတီးရန် မလိုအပ်သောကြောင့် သူ၏ မှော်စွမ်းအား တစ်ဝက်ကို အချိန်မရွေး ခွဲထုတ်နိုင်သည်။
သူ့ကိုယ်ပွားက ထွက်သွားသည်နှင့် လီကျွင်း ရောက်လာသည်။
လီကျွင်းသည် ယခုအခါ ရွှေကိုယ်ထည်အဆင့်တွင် ရှိနေပြီး သူ၏ သက်တမ်းမှာလည်း တိုးသွားပြီဖြစ်သည်။ သူသည် အဖြူရောင်ဝတ်လုံအစောင့်တပ်တွင် အလုပ်လုပ်နေဆဲဖြစ်သည်။ သို့သော်လည်း သူသည် ကျန်းချန်ရှန်း ထံသို့ ခဏခဏလာရောက်ပြီး ကျန်းချန်ရှန်း နှင့် မိန်းမစိုးလီ တို့ကြားက ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်နေသည်။
သူတစ်ယောက်တည်း မဟုတ်ပင်။ အရင်တုန်းက ကျန်းချန်ရှန်း ကို မကြာခဏ လာလည်ဖူးသော တခြားသူများလည်း တခါတရံ လာတတ်ကြသည်။
ကျန်းချန်ရှန်းသည် ၎င်းမှာ သူ၏ ခွန်အားကြောင့် ဖြစ်ကာ ၎င်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ သူနဲ့ သေချာချိတ်ဆက်နိုင်ရင် သူတို့အတွက် အရမ်းကောင်းနေပြီလေ။
သို့သော်လည်း ကျန်းချန်ရှန်း သည် လီကျွင်း ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ကြည့်ပြီး ပြီးမြောက်အောင်မြင်မှုကို ခံစားရသည်။ သူသည် မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။
လီကျွင်း သည် ပျော်ရွှင်ဖွယ်ရာများကို ဖလှယ်ပြီးနောက်တွင် သူသည် ကြီးမားသောကိစ္စရပ်တစ်ခုကို တင်ပြပြီး " တာအို ဘိုးဘေး၊ မကြာသေးခင်က ဂိုဏ်းတွေအများကြီး ကောင်းကင်ချီမြေက ထွက်သွားကြပြီးတော့ မြိုင်ဟေဝန်ထဲမှာ ကိုယ်ပိုင်ဂိုဏ်းတွေ ထောင်ထားကြပါတယ်။ ဒီကိစ္စကို ေချာင်ဂိုဏ်းဟောင်းက ဦးဆောင်တာပါ။ ဒါက အရှုပ်အထွေးတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့ တားသင့်လား”
ချောင်ဂိုဏ်း
ကျန်းချန်ရှန်း သည် ထိုစကားလုံးကို ကြားလိုက်သောအခါ တွေဝေသွားသည်။
တစ်ချိန်က ချောင်ဂိုဏ်းများသည် သူ့အပေါ် ကြီးမားသော တောင်တန်းကြီးတစ်ခု ဖိထားသကဲ့သို့ ဖြစ်ခဲ့သည်။
ကျန်းချန်ရှန်း က “သဘာဝတရားက သူ့လမ်းစဉ်ကိုသူ လျှောက်ပါစေ။ သူတို့ကိုနေခိုင်းလို့ မရဘူး။ ဒါ့အပြင် သူတို့ ခြေကုပ်ယူဖို့က အဲဒီလောက် မလွယ်ပါဘူး။”
သူ့အမြင်အရတော့ ဒါက တကယ်ကောင်းတဲ့ကိစ္စပင်။ ဒါက လူသားမျိုးနွယ်ကို မြိုင်ဟေဝန်ထဲမှာ ရှင်သန်ကြီးထွားစေနိုင်တယ်။ အဲဒီမှာ သိုင်းပညာရှင် များလေလေ၊ မဟာကျင်းရဲ့ သ်ုင်းပညာရှင်တွေ အဲဒီကို စွန့်စားခန်း ထွက်တဲ့အခါ ပိုဂရုစိုက်ခံရလေပဲ။ ဒါပေါ့ လူ့စိတ်က ဆိုးသွမ်းပြီးတော့ ရုန်းကန်ရနိုင်တယ်။ ဒါပေမဲ့ အဲဒါကို ကြည့်ရင် ဒါက ကောင်းတဲ့ကိစ္စပဲ။
လီကျွင်း သည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် တာအိုဘိုးဘေး၏ အမြင်ကို အခိုင်အမာ ယုံကြည်သည်။
သူသည် အခြားအရာများအကြောင်း၊ အများအားဖြင့် ဤနှစ်များအတွင်း ပေါ်ပေါက်လာခဲ့သည့် ဂုဏ်ထူးဆောင်များအကြောင်း ပြောဆိုခဲ့သည်။ ကျန်းချန်ရှန်း သည် အတိုက်အခိုက် လောကကြီး၏ မကျေပွဲများအကြောင်း နားထောင်ရင်း အတိတ်ဆီသို့ ပြန်ရောက်သွားသည်။
လေးနာရီကြာပြီးနောက် လီကျွင်း သည် နောက်ဆုံးတွင် ထွက်ခွာသွားသည်။
ကျန်းချန်ရှန်း သည် ချောင် ဂိုဏ်းများ၏ အင်အားကို တွက်ချက်ပြီး ၎င်းတို့သည် အမွှေးတိုင်အမှတ် 110,000 တန်ဖိုးရှိကြောင်း သိလိုက်သည်။
မဆိုးပါဘူး။
ကောင်းကင်ဂူအဆင့် ကျွမ်းကျင်သူတစ်ဦးရှိခြင်းသည် အတိတ်၏ဂုဏ်အသရေဖြစ်နေပြီဖြစ်သည်။
ကျန်းချန်ရှန်း သည် ယခင်က ထုံထျန်တိ ဟု အမည်ပေးခဲ့ဖူးသော အမှတ် သန်း ၂၀၀ တန်သော ရက်စက်သော သားရဲကို ကြည့်လိုက်သည်။
ထုံထျန်တိ သည် လူသားတစ်ဦးအဖြစ် အသွင်ယူကာ မဟာကျင်း တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ တောင်များတွင် တည်ရှိသော ဂိုဏ်းတစ်ခုကိုပင် တည်ထောင်ခဲ့ပြီး အထူးသဖြင့် ကျေးလက်မှ မိဘမဲ့ကလေးများကို ခေါ်ဆောင်ထားသည်။ မဟာကျင်း က ချမ်းသာသော်လည်း ခေတ် နောက်ကျကျန်နေသော နေရာတစ်ခု အမြဲရှိသည်။ ထို့အပြင် သူသည် ခေတ် နောက်ကျသောနေရာ၌ ကြီးကျယ်ခမ်းနားသော သခင်နှင့်တူသော တည်ရှိမှုဖြစ်လာပြီး သာမန်လူများက လေးစားကြသည်။
ထုံထျန်တိ သည် ကြင်နာတတ်သော နှလုံးသားကို ဖုံးကွယ်ထားသည်ကို သူသိသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲဖြစ်သော်ငြားလည်း လူအများစုထက် ကြင်နာတတ်ပြီး သနားတတ်သည်။
အတိအကျပြောရလျှင် ကျန်းချန်ရှန်းက သူ့ကို မဟာကျင်း မှာနေဖို့ အမြဲခွင့်ပြုထားလို့ပါပင်။ ယခုအချိန်တွင် ကလေးများအား သိုင်းပညာများ သင်ကြားပေးနေသည်။
“ဟင်း ဒီကလေးက မရိုးရှင်းဘူး”
ကျန်းချန်ရှန်း ၏ အကြည့်သည် ကလေးတစ်ယောက်ဆီသို့ ရောက်သွားသည် ။
ထိုကလေးသည် အသက်ခုနစ်နှစ်သာရှိသေးသော်လည်း သူ့တွင် ငယ်ရွယ်သော သားရဲနှင့် ယှဉ်နိုင်သော သွေးနှင့်ချီ ရှိသည်။ ထုံထျန်တိက တစ်ခုခု လုပ်နေသည်ဟု သူမတွေးဘဲ မနေနိုင်တော့။ သို့သော် သူသေသေချာချာခံစားလိုက်သောအခါတွင်၊ ကလေး၏အငွေ့အသက်သည် ထုံထျန်တိ နှင့် လုံးဝကွဲပြားသည်။ သူတို့သည် သွေးချင်းလုံးဝ မသက်ဆိုင်ပေ။
စိတ်ဝင်စားစရာပဲ
ကျန်းချန်ရှန်း က သူတို့ကို ခဏလောက် စိုက်ကြည့်နေလိုက်သည်။
မကြာသေးမီက၊ ယန်ကျိုး သို့မဟုတ် ကျန်းကျန့် နှင့် လင်းဟောက်ထျန်း တို့ထက် မနိမ့်ကျသော ပါရမီရရှင်များစွာ မဟာကျင်းတွင် ရှိခဲ့သည် ။ သို့သော်၊ သူတို့တွင် ကျန်းကျန့် ၏တတိယမျက်လုံးနှင့် လင်းဟောက်ထျန်း၏ သိုင်းဧကရာဇ်အမွေမရှိကြပေ။
နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း၊ မဟာကျင်း သည် စိတ်လှုပ်ရှားဖွယ်ကောင်းမည်မှာ အသေအချာပင်။
“ပညာရှင်တစ်ယောက်က ငါ့ကို စိန်ခေါ်ခဲ့တာ ကြာပြီပဲ။ လွမ်းလိုက်တာ”
ကျန်းချန်ရှန်း သည် သူ့အား စိန်ခေါ်ရန် အရည်အချင်းမပြည့်မီသော စကြဝဠာအဆင့် အောက်ရှိ သိုင်းပညာရှင်များနှင့် လုံချီဘုရားကျောင်း တပည့်များထံမှ တားဆီးခံခဲ့ရသော သိုင်းပညာရှင်များ အကြောင်းကို တိတ်တဆိတ် တွေးတောနေမိသည်။ စကြဝဠာအဆင့်အထက် သိုင်းပညာရှင် အများစုအတွက်မူ ၎င်းတို့မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏ သက်တမ်းသည် ရှည်လျားဆဲဖြစ်သည်။ သူတို့သည် သူတို့၏ သက်တမ်းကုန်ဆုံးရန် မရောက်သေးသောကြောင့် မည်သူမျှ သူ့ကို စိန်ခေါ်ရန် မလာခဲ့ကြခြင်း ဖြစ်သည်။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး တောနက်ကြီးကို ကြည့်နေလိုက်သည်။
နှစ်စဉ်နှစ်ဝက်တိုင်း၊ သူသည် အဆုံးမဲ့ မျက်လုံးများကို အသုံးပြုကာ တောရိုင်းတောကြီးအား ကြည့်ရှုလေ့လာကာ သူမြင်နေရသော အကွာအဝေးသည် ပို၍ပို၍ ဝေးလာသည်။ သို့သော်လည်း ယခုအချိန်အထိ သူနှင့် မဟာကျင်း ကို အမှန်တကယ်ခြိမ်းခြောက်နိုင်သည့် မည်သည့်မျိုးနွယ်မှ မဟာကျင်းတွင် ပေါ်ထွက်မလာသေးပေ။
ကျယ်ပြောလှသော ပင်လယ်ပြင်အတွင်း၊ သီးခြားကျွန်းတစ်ခုပေါ်တွင်။
ခန်းမထဲတွင် သိုင်းဧကရာဇ်ကျွန်း မှ ကျွမ်းကျင်သူများ စုရုံးရောက်ရှိလာသည်။ ကျွန်းသင် တစ်ယောက်အနေဖြင့် ဆံပင်ဖြူအဘိုးကြီးဖြစ်သော သိုင်းဧကရာဇ်သည် စားပွဲ၏ခေါင်းရင်းတွင် ထိုင်နေသည်။
လူအိုအများအပြားသည် အခြေအနေကို အလှည့်အပြောင်းအစီရင်ခံနေကြပြီး မကြာမီမှာပင် အကြီးအကဲ ထန်ကျီ ၏အလှည့်ဖြစ်သည်။
အကြီးအကဲ ထန်ကျီ က သူတာဝန်ယူသော ဧရိယာ၏ အခြေအနေကို ပြန်ပြောပြနေသည်။ ထို့နောက် သူက လေးနက်စွာပြောသည် “ကျွန်းသခင်၊ အခြေအနေက မကောင်းဘူး။ နတ်ဆိုးကြီးခုနစ်ပါးက သိသိသာသာကိုပဲ တစ်ခုခုကို စီမံနေကြတယ်။ ကပ်ဆိုးတစ်ခု ရောက်လာတော့မယ်။ မကြာသေးခင်က လူသား သိုင်းပညာရှင်တွေ အများကြီး ပျောက်သွားတယ်။ အရေအတွက်က မှန်းဆလို့တောင် မရနိုင်အောင်ပဲ။ ဒါပေမဲ့ ဒီနိုင်ငံတွေရဲ့ ကံတရား ေကာင်းချီးက ပျောက်ကွယ်မသွားသေးတဲ့အတွက် သူတို့ မသေသေးဘဲ အဖမ်းခံရတာလို့ ဆိုလိုတဲ့သဘောပဲ”
သိုင်းဧကရာဇ် က “ ဖြစ်စရာရှိတာ ဖြစ်လာမှာပဲ။ အန္တိမ နတ်ဆိုးက လူသားမျိုးနွယ်ကို မရှုံးခဲ့တာက နတ်ဆိုး သူတော်စင် ခုနှစ်ပါး ရှင်သန် ထမြောက်လာလို့ပဲ။ နတ်ဆိုးကြီး ခုနစ်ယောက်က သူ့ထက်တောင် ပိုရက်စက်တယ်။ လက်ရှိမှာ နိုင်ငံတွေကြားမှာ အလားအလာရှိတဲ့ နိုင်ငံတွေရှိလား။ သိုင်းဧကရာဇ် ဖြစ်လာဖို့ အရည်အချင်းပြည့်တဲ့သူ ရှိလား”
အကြီးအကဲ ထန်ကျီ က “ကွမ်းထျန်က နောက်ထပ် အထွတ်အမြတ် နိုင်ငံ ဖြစ်လာဖို့ အလားအလာရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ သိုင်းဧကရာဇ် တစ်ယောက်ရှိဖို့အတွက် အရည်အချင်း မရှိဘူး။ ကျွန်တော် လိုက်နေတဲ့ ချင်ထန်မှာ သိုင်းဧကရာဇ် အရည်အချင်းတွေ ရှိပေမဲ့ သူ့မှာ ဘာအထောက်အပံ့မှ မရှိဘဲ တစ်ခုခုဆီ ပူပေါင်းဖို့လည်း စိတ်မဝင်စားဘူး”
ချင်ထန် အကြောင်းပြောလျှင် သူ အကူအညီမဲ့သကဲ့သို့ ခံစားရသည်။ ပျိုးပင်ကောင်းတစ်ပင်ကို ရှာတွေ့ရန် မလွယ်ကူသော်လည်း အဆုံးတွင် သေသည်အထိ ခေါင်းမာသူဖြစ်နေသည်။
တခြားလူကြီးများက သူတို့၏ ထင်မြင်ချက်များကို တစ်ယောက်ပြီး တစ်ယောက် ပြောနေကြသည်။ နောက်ထပ် အထွတ်အမြတ် နိုင်ငံက ဘယ်နိုင်လဲ ဖြစ်မလဲ ဆိုသည့်အချက်တွငိ အများစုက ကွမ်းထျနိကို သဘောတူကြသည်။ သို့ရညတွင် နောက်ထပ် သိုင်းဧကရာဇ် ဘယ်သူဖြစ်လာနိုင်မလဲ ဆိုသည့် အယူအဆကမူ အများကြီး ဖြစ်နေသည်။
သိုင်းဧကရာဇ်သည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်ကာ “ ဖြစ်နိုင်ချေရှိတဲ့ သိုင်းဧကရာဇ် အများကြီးဆိုတာ သူတို့ထဲမှာ နောက်ထပ်သိုင်းဧကရာဇ် ဖြစ်လာဖို့ အရည်းအချင်းမရှိဘူးလို့ ဆိုလိုတာပဲ။ စစ်မှန်တဲ့ သိုင်းဧကရာဇ်က ကမ္ဘာပေါ်က လူတိုင်းကို လွှမ်းအိုးနိုင်ဖို့အတွက် အရမ်း တောက်ပ ကျော်ကြားနေရမယ်။ တကယ်လို့ သူတို့မှာ သိုင်းဧကရာဇ် ဖြစ်လာဖို့ အရည်အချင်း မရှိဘူးဆိုရင် ငါက သိုင်းဧကရာဇ် ရွေးချယ်ဖို့ တာဝန် ယူရမှာပဲ။ အားလုံး သေဖို့ အဆင်သင့် ဖြစ်ပြီလား။”
သူပြောပြီးသည်နှင့် လူတိုင်း၏အမူအရာက ဆုံးဖြတ်ပြီး “ကျွန်တော်တို့ ပြင်ဆင်ထားတာကြာပါပြီ” ဟု တညီတညွတ်တည်း ပြောကြသည်။
သိုင်းဧကရာဇ် သည် ဖြည်းဖြည်းချင်း မတ်တတ်ထပြီး “သိုင်းပညာရှင် အများအပြား ပျောက်ကွယ်သွားတယ်ဆိုတာက နတ်ဆိုးခုနစ်ပါးဟာ လူသားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးမယ့် ဘေးဥပဒ်ကို ကြံစည်နေတယ်ဆိုတာပဲ။ သိုင်းဧကရာဇ်ကျွန်းက မူလက ပူဇော်ခံခရီး စတင်ဖို့ အထွတ်အမြတ်နိုင်ငံက သတ်မှတ်ခဲ့တာ။ ဒါပေမဲ့ အထွတ်အမြတ် မင်းဆက် ပျော်ကွယ်သွားတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ သိုင်းဧကရာဇ် ကျွန်းဟာ အဆုံးမဲ့ပင်လယ်ပြင်ရဲ့ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တယ်။ ခုချိန်မှာတော့ လူသားမျိုးနွယ်အပေါ် ထားရှိတဲ့ ငါတို့ တာဝန်တွေ ပြီးသွားပါပြီ။ နောက်မှာ အထွတ်အမြတ် နိုင်ငံအတွက် ငါတို့ရဲ့ တာဝန်တွေကို ကျေပွန်ရမဲ့ အချိန်ကျရောက်ပြီ”
" သိုင်းဧကရာဇ် ကျွန်းက အသက် ၃၀၀ အထက် သိုင်းပညာရှင်အားလုံးကို စုစည်းပြီး ဧည့်သည် သိုင်းပညာရှင်တွေနဲ့ ခွဲထားလိုက်။ ခွန်အားရှိသမျှ တိုက်ပွဲဝင်ဖို့ ပြင်ဆင်လိုက်။ စစ်ပွဲတစ်ပွဲတည်းနဲ့ အားလုံးကို ငါတို့ဆုံးဖြတ်တာပဲဖြစ်ဖြစ် လုပ်ရင်လုပ်၊ မဟုတ်ရင် မင်းတို့အားလုံးက ဧကရာဇ်ကိုရှာဖို့ ငါ့နောာက်ကနေ တမလွန်ကို လိုက်သွားကြရလိမ့်မယ်”
သူ့အကြည့်က ခန်းမထဲက လူတိုင်းကို လွှမ်းသွားသည်။ ဘယ်သူမှ မကြောက်ပေ။ ယင်းအစား သူတို့သည် စိတ်သက်သာရာရစေသော အမူအရာများ ပေါ်လာကြသည်။
အကြီးအကဲ ထန်ကျီ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး “ကျွန်းသခင်၊ ကျွန်တော် ရုတ်တရက် နိုင်ငံတစ်ခုကို သတိရမိတယ်၊ အဲဒါက မဟာကျင်းပါ။ မဟာကျင်းက နောက်ထပ် အထွတ်အမြတ်နိုင်ငံ ဖြစ်လာဖို့ အလားအလာရှိပါသလား။ တာအိုဘိုးဘေး မှာ နောက်ထပ် သိုင်းဧကရာဇ် ဖြစ်လာဖို့ အရည်အချင်း ရှိပါသလား"
လူတိုင်းက သူ့ကိုကြည့်ကြသည်။
မဟာကျင်း၏ ကံကြမ္မာ ကောင်းချီးက အလျင်အမြန် တိုးလာသည့်အတွက် ၎င်းက သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည် ဖြစ်ရာ သူတို့ဟာ မဟာကျင်းကို အာရုံစိုက်နေကြသည်ဟု ပြော၍ရသည်။ သို့သော်လည်း မဟာကျင်း သည် အစအနမရှိ ပျောက်ကွယ်သွားပြီး ၎င်းသည် မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။ အချိန်အတော်ကြာ မပေါ်လာသော တာအိုဘိုးဘေးအတွက်လည်း အလားတူပင်ဖြစ်သည်။
သိုင်းဧကရာဇ် က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည် “မဟာကျင်းဟာ လာမယ့် အထွတ်အမြတ်နိုင်ငံ ဖြစ်ဖို့ ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် သူတို့ ဘယ်မှာ ပုန်းနေလဲတော့ ငါ မသိဘူး။ ဒီလုပ်ရပ်က လူသားမျိုးနွယ်အပေါ် စွန့်လွှတ်တာနဲ့ ညီမျှတယ်။ အဆုံးသတ်မှာ သူတို့ဟာ အထွတ်အမြတ် နိုင်ငံ ဖြစ်လာပေမဲ့လည်း သမုဒ္ဒရာအတွင်းက လူသားမျိုးနွယ်ဟာ ကြာမြင့်စွာကတည်းက မျိုးသုဉ်းသွားလိမ့်မယ်။ ဒါကြောင့် မဟာကျင်းက အထွတ်အမြတ်နိုင်ငံ ဖြစ်လာရေး မဖြစ်လာရေးက ငါတို့ ထည့်သွင်းစဉ်းစားမှုမှာ မပါဘူး။
" တာအိုဘိုးဘေး အတွက်တော့ သူက နှိမ့်ချနေပေမဲ့ တိုက်ခိုက်တိုင်း စိတ်ကူးယဉ်လို့တောင် မရဘူး။ ဒါပေမဲ့ သူက ဧကရာဇ်မဟုတ်ဘူး"
“မဟာကျင်းနဲ့ တာအိုဘိုးဘေးရဲ့ လုပ်ရပ်တွေက သမုဒ္ဒရာထဲက လူသားတွေကို စွန့်ပစ်တာနဲ့ ညီမျှတယ်။ သူတို့ကို ပြောနေစရာ မလိုဘူး။ ငါတို့ဟာ လောင်းကစားတစ်ခုလုပ်ပြီး သမုဒ္ဒရာထဲက လူသားတွေအတွက် နောက်ဆုံးရှင်သန်နိုင်တဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမှာ။” အကြီးအကဲ ထန်ကျီ သည် ဘာမှမပြောနိုင်တော့။
နောက်ထပ် အဘိုးအိုက “ကျွန်းသခင်၊ ဘယ် သူတော်စင်ဧကရာဇ်ကို သင် ပြန်အသက်သွင်းမှာလဲ”
သိုင်းဧကရာဇ်က က အသက်ပြင်းပြင်းရှူပြီး " သိုင်းဧကရာဇ်ကျွန်း မှာ သိုင်းဧကရာဇ် ရဲ့ အကြွင်းအကျန်တွေ အများကြီးရှိပေမယ့်၊ ငါတို့ ရွေးချယ်နိုင်တဲ့သူတစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါကတော့ ဧကရာဇ် ဝူရန်ပဲ။ ဧကရာဇ်ဝူရန် က နတ်ဆိုး သူတော်စင် ခုနစ်ယောက်ကို တွန်းလှန်နိုင်စေဖို့ ငါတို့ရဲ့ အသွေးအသားကို စတေးရမယ်။ ဧကရာဇ် ဝူရန် ရဲ့ စစ်မှန်တဲ့ သဘာဝကို ငါတို့ နိုးဆွနိုင်ရင် လူသားမျိုးနွယ်ဟာ မျှော်လင့်ချက်အသစ်ကို ဦးတည်လာလိမ့်မယ်”
အားလုံး တိတ်ဆိတ်သွားပြန်သည်။
သူတို့၏မျှော်လင့်ချက်အသစ်သည် လှည့်စားခြင်းဖြစ်သည်ကို သူတို့အားလုံးသိကြသည်။ သိုင်းဧကရာဇ်တစ်ပါး ရှင်ပြန်ထမြောက်လာသောအခါတွင်၊ သူသည် ရှင်ပြန်ထမြောက်သော ဝိညာဉ်ဖြစ်လာပြီး လူသားမျိုးနွယ်ကို ကူညီပေးတော့မည် မဟုတ်ပေ။ သူတို့လုပ်နိုင်သည်က စိတ်ဆန္ဒ၏ ခြေရာတစ်ခုအဖြစ် ပြောင်းလဲပြီး လူသားမျိုးနွယ်အတွက် အချိန်တိုအတွင်း တိုက်ပွဲဝင်ဖို့အတွက် ဧကရာဇ် ဝူရန် ကို ကြိုးကိုင်ခြယ်လှယ်ဖို့ပဲ ဖြစ်သည်။