← Chapters

ကမ္ဘာပေါ်ရှိ ငရဲဘုံ၊ အလုံးစုံမီးဖို

Vol. 18 Ch. 261

ကမ္ဘာပေါ်ရှိ ငရဲဘုံ၊ အလုံးစုံမီးဖို

Vol. 18 Ch. 261

ထိုက်ဟယ်ခေတ်၏ ၄၈ နှစ်တွင် ဆောင်းရာသီ ကုန်ဆုံးသွားခဲ့သည်။ အားလုံးပြန်လည် ကောင်းမွန်လာသည်။

ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ဆန့်တန်းလိုက်သည်။ သူက ပိုင်ချီ ကိုကြည့်ပြီး "ဘာလို့ မြို့တော်က ပုံမှန်ထက် ပိုအသက်ဝင်နေတာလဲ"

ပိုင်ချီက “အင်ပါယာနန်းတော်က ဧကရာဇ်မြေအောက်နန်းတော်ထဲက နဂါးကျောရိုးကို တွေ့တယ်လို့ ပြောကြတယ်။ ဒါကြောင့် ဧကရာဇ်က ပါရမီရှင် စာရင်းမှာ ပါဝင်တဲ့ ပါရမီရှင်တွေကို လေ့ကျင့်လို့ရအောင် ပါရမီရှင်များအားလုံးအတွက် သိုင်းပြိုင်ပွဲ တစ်ခုကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ အောင်နိုင်သူက ကောင်းကင်သိုင်းဥပဒေနဲ့ ပေါင်းပ်ဖို့ နဂါးကျောရိုးကို ရမယ်တဲ့။ ဒါကြောင့် အားလုံး အရူးအမူး ဖြစ်နေကြတာ ”

သူမသည် အံ့သြစွာဖြင့် တစ်ခဏမျှ ခေတ္တရပ်လိုက်သည်။ “ မာစတာ၊ မနေ့ညက ကျွန်မ ဧကရာဇ်မင်းဆီ သွားလည်ပြီး နဂါးကျောရိုးကို ဒီကို ယူလာခိုင်းထားတယ်။ အဲဒါက အရမ်းကို ထူးခြားတာ။ ကျွန်မကို ရင်တုန်ပန်းတုန် ဖြစ်သွားစေတဲ့ ရောင်ဝါတစ်ခုပါတယ်။ ဟိုနှစ်ကောင်တောင်မှ အရမ်း မသက်မသာ ဖြစ်နေတာ။ တကယ်ကြီး နဂါးဆီက များလား”

ကျန်းချန်ရှန်း သည် နန်းတော်ကို လှည့်ကြည့်ကာ နဂါးကျောရိုးကို ကြည့်လိုက်သည်။

ဒီရောင်ဝါ…

ဒါက ဘယ်လိုလုပ် နဂါးဆီက ဖြစ်မှာလဲ။ နဂါးအရောင်အဝါတောင် သိပ်မရှိဘူး။

ကျန်းချန်ရှန်း သည် ဤအငွေ့အသက်ကို မှတ်မိသည်။ ဤရက်စက်ကြမ်းကြုတ်သောသားရဲသည် တောင်နှင့် ပင်လယ်ကျမ်းတွင် ရေးထွင်းထားသည်။ မြိုင်ဟေဝန် အနက်ပိုင်းက ရက်စက် ပြင်းထန်သော သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် ရေလွှမ်းမိုး နဂါးတစ်ကောင်နှင့် တူသော်လည်း တကယ့်နဂါးထက် အဆပေါင်းများစွာ အားနည်းသည်။ ကံကောင်းသော သတ္တိရှိသော သားရဲမဟုတ်သော်လည်း ၎င်း၏ အရှိန်အဝါသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းကို သူကြုံတွေ့ဖူးသမျှတွင် အစွမ်းထက်ဆုံး သားရဲဟု ယူဆနိုင်သည်။

ခွန်အားက တစ်ခု၊ ဖိအားက အခြားသပ်သပ် တစ်ခု ဖြစ်သည်။

သက်ရှိသတ္တဝါအများစု ထွက်ပေါ်လာသော ရောင်ဝါသည် ၎င်းတို့၏ ခွန်အားပေါ်တွင် မူတည်သော်လည်း ဤရေလွှမ်းမိုးနဂါးမှ ထွက်လာသော ရောင်ဝါသည် ၎င်း၏ အစွမ်းထက် များစွာ ကျော်လွန်နေသည်။ ၎င်းသည် မိမိထက် အားကောင်းသော ရန်သူများကို အလွယ်တကူ ကြောက်လန့်စေနိုင်ပြီး ၎င်းထက် အားနည်းသော ရန်သူများနှင့် ကြုံတွေ့ပါက သတိလစ်သွားသည်အထိပင် ကြောက်လန့်သွားနိုင်သည်။

အမှန်ပင်၊ သူတို့သည် ဤနဂါး၏ အရှိန်အဝါကို ခံနိုင်ရည်ရှိလျှင် ရေလွှမ်းမိုး နဂါးနှင့် အလွယ်တကူ တိုက်နိုင်ကြသည်။

ကျန်းချန်ရှန်းက သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး “ဒီကမ္ဘာမှာ ဒါကို နဂါးတစ်ကောင်လို့ ယူဆလို့ရပါတယ်”

ဒီအရောင်အဝါမှာ နဂါးတစ်ကောင်ရဲ့ အရှိန်အဟုန်ပါတယ်

ပိုင်ချီသည် စကားများလာပြီး မြို့တော်ရှိ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို စတင်ပြော ဆိုခဲ့သည်။

နှစ်စဉ်နှစ်တိုင်း နွေဦးပွဲတော်သည် မြို့တော်တွင် အလုပ်အများဆုံးအချိန်ဖြစ်သည်။ ဘုရင်ခံ နိုင်ငံများက မင်းမှုထမ်းများကို ဂုဏ်ပြုရန် စေလွှတ်ကြပြီး နိုင်ငံတစ်ခွင်လုံးက ကုန်သည်များကလည်း လေလံပွဲတွေကျင်းပရန် လာကြသည်။ လမ်းမများတွင် စည်ကား သိုက်မြိုက်နေပြီး အမျိုးမျိုးသော သိုင်းပညာဆိုင်ရာ အရင်းအမြစ်များကို ရောင်းချသည့် လမ်းဘေးဆိုင်များဖြင့် ပြည့်နေသည်။ ယခုအချိန်တွင် သိုင်းပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျီဝူကျွင်း သည် ဆေးဖက်ဝင်အိုးရှေ့တွင် ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်တကြီးကြည့်နေသည်ကို ကျန်းချန်ရှန်း သတိပြုမိသည်။ “ မိန်းကလေးကျီ၊ မင်းရဲ့ လေ့ကျင့်မှုမှာ အခက်အခဲတွေ ကြုံလို့လား”

ကျီဝူကျွင်းက သတိပြန်ဝင်လာပြီး "မဟုတ်ပါဘူး၊ ဘေးဥပဒ်တစ်ခုရောက်လာသလိုပဲ အခုတလော ကျွန်မ စိတ်မအေး ဖြစ်နေတာ”

zသူမသည် စကားစမြည်ပြောရင်း ရင်ဘတ်ကို အုပ်ရန် လက်ကို မြှောက်လိုက်သည်။ ဤအရာသည် သူမ၏ မိန်းမသား ဆန်သောဘက်ခြမ်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့တာ ဖြစ်သည်။

ကျန်းချန်ရှန်း သည် ထိုစကားကိုကြားသောအခါ သူ အလွန်ထိတ်လန့်သွားပြီး ရူးသွပ်စွာ တွက်ချက်လိုက်သည်။ အနီးနားတွင် အန္တရာယ်မရှိဟု အာမခံပြီးနောက် သူ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ ပေါ့ဆမိတယ်လို့ သူထင်ခဲ့သည်။

ကျီဝူကျွင်း က ဆက်ပြောသည်။ " ဘေးဒုက္ခ ရောက်တော့မယ် လို့ ပြောတာက မဟာကျင်းကို ပြောတာ မဟုတ်ဘဲ အဆုံးမဲ့ သမုဒ္ဒရာ ထဲက လူသားတွေကို ပြောတာပါ။ ကျီမိသားစု နဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ထားပေမယ့်လည်း ကျွန်မက ကျီမိသားစုဝင်ပဲလေ။ တစ်ခါက သိုင်းဘုရင်ခံ ရာထူးကို တာဝန်ယူဖူးတယ်လေ။ ရာထူးနဲ့အတူ ကံတရားကလည်း ပါလာတယ်။ ဒါကြောင့် လူသားတွေ ဘေးဆိုးတွေ ကြုံလာရရင် ကြိုသိနိုင်တယ်။ ဒီခံစားချက်က အန္တိမနတ်ဆိုးက တိုက်ခိုက်တုန်းကလိုပဲ အရမ်းပြင်းထန်တယ်။”

သူမ သက်ပြင်းချလိုက်သည်။ အသံကျယ်ကျယ်ပြော၍ အသုံးမဝင်ဘူးဆိုတာ သူမသိသည်။ အဆုံးသတ်တွင် သူမသည် အဆုံးမဲ့ သမုဒ္ဒရာထဲမှာ မရှိတော့ပေ။

"တာအိုဘိုးဘေး၊ သိပ်စဉ်းစားနေစရာ မလိုဘူး။ ကျွန်မ စဉ်းစားပြီးသွားပြီ။ မဟာကျင်းရဲ့ လူတွေကို ကာကွယ်တာက လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ထားခဲ့ဖို့ နည်းလမ်းပဲ။ ကျွန်မ အလကား စိတ်မသက်မသာဖြစ်မိတာနေမှာ။ ဒီခံစားချက်က ထိန်းချုပ်လို့ မရဘူး။ ခဏနေရင် ကောင်းသွားပါလိမ့်မယ်”

ကျီဝူကျင်းက လေးနက်စွာပြောသည်။ တာအိုဘိုးဘေး ဝင်ပါပြီး မဟာကျင်း ကို ဒုက္ခပေးမိမည်ကို သူမကြောက်သည်။

ဒီတစ်ခါ ဘေးဆိုးကြီးက မရိုးရှင်းပေ။ တာအိုဘိုးဘေးက မြှားအနည်းငယ်နှင့် အဆုံးသတ်နိုင်သော အရာ မဟုတ်ပေ။

အထွတ်အမြတ် နိုင်ငံနှင့် နတ်ဆိုးများကြားက စစ်မြေပြင်သည် အလွန်ကျယ်ပြောပြီး ကောင်းကင်ချီမြေ တစ်ခုလုံးထက် အဆပေါင်းရာနှင့်ချီ၍ကြီးမားသည်။ မရေတွက်နိုင်သော သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ ယခုပင် အန္တိမ နတ်ဆိုး၏ ကြောက်မက်ဖွယ် စွမ်းအားကို သူမ တွေးတောရင်း တုန်လှုပ်နေဆဲ ဖြစ်သည်။

ကျန်းချန်ရှန်း က ခေါင်းညိတ်ပြီး ဘာမှ မပြောပါပေ။

သူသည် မြို့တော်ရှိ စိတ်ဝင်စားဖွယ်ဇာတ်လမ်းများကို ဆက်လက်လုပ်ဆောင်ရန် ပိုင်ချီအား ပြောလိုက်သည်။

သူစိတ်မပူပုံပေါ်သော်လည်း အမှန်မှာ၊ ဝတ်ပြုသူများ၏ နှလုံးသားထဲမှ အတွေးများကို ခံစားနေရသည်။

အခုအချိန်တွင် သူ့မှာ နောက်လိုက်များ အများကြီးရှိရာ သဲလွန်စရှာဖို့ အချိန်အများကြီးယူရဦးမည် ဖြစ်သည်။

ကျီဝူကျွင်း၏ အဆိုအရ၊ ကြီးစွာသော ဘေးဆိုးကြီးတစ်ခု ရောက်လာပြီး လူများစွာကို ထိခိုက်စေမည်မှာ သေချာသည်။ သူ၏ဝတ်ပြုကိုးကွယ်သူအချို့ပင် ပါဝင်နေပြီ ဖြစ်နိုင်သည်။

နတ်ဆိုး သူတော်စင် ခုနစ်ယောက် ရှင်ပြန်ထမြောက်ပြီးချိန် ၃၇ နှစ်ရှိပြီ။ ၎င်းတို့သည် နတ်ဆိုးမျိုးနွယ်တွင် ၎င်းတို့၏ တည်ရှိမှုကို သက်သေပြ တည်ထောင်ပြီးနောက် လူသားများကို ဖျက်ဆီးရန် အချိန်တန်ပြီဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်။

ကျန်းချန်ရှန်း သည် နောက်ဆုံးတွင် သဲလွန်စအချို့ကို တွေ့ရှိခဲ့သည်။

ကိုးကွယ်သူတစ်စုသည် နတ်ဆိုးများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၎င်းတို့အား ကယ်တင်ရန် ရွှမ်းငှက်နှင့် ဖန်ကူထံ ဆုတောင်းပေးနေကြသည်။

ပိုင်ချီအား ပြောပြီးသည့်အခါ ကျန်းချန်ရှန်း ထိုင်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူသည် လေ့ကျင့် ဟန်ဆောင်သော်လည်း တကယ်တမ်းတွင် သူသည် သူ၏ အိပ်မက်ထဲရှိ ယုံကြည်သူထံ သွားနေသည်။

သူသည် ယုံကြည်သူအား မသိစိတ်မှ ၎င်းတို့၏ လက်ရှိပတ်ဝန်းကျင်ကို ပြန်လည်တည်ဆောက်ရန် တောင်းဆိုခဲ့ပြီး မကြာမီ အိပ်မက်ကို ပေါ်ပေါက်လာသည်။

ကျန်းချန်ရှန်း သည် ထိုယုံကြည်သူနောက်တွင် ပေါ်လာသည်။ အဆုံးမဲ့ ယန်နတ်အလင်း သည် နတ်အလင်းရောင်ဖြင့် ထွန်းတောက်ပြီး သူ့မျက်နှာကို ဖုံးအုပ်ထားသည်။ သူ၏ပုံသဏ္ဍာန်သည် ဖန်ကူ၏ ချပ်ဝတ်တန်ဆာကိုလည်း ရုပ်လုံးပေါ်စေသည်။

သူပေါ်လာသည့်အခိုက်တွင် သူ အံ့အားသင့်သွားသည်။

“ဒါက…”

ကျန်းချန်ရှန်း သည် သူ့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။

ထိုအချိန်တွင် သူနှင့် သူ၏ကိုးကွယ်သူသည် သွေးများဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် ရပ်နေလေသည်။ လူသေကောင်များသည် တောင်ပုံရာပုံ နေရာတိုင်းတွင် ပတ်လည် ဝိုင်းနေသည်။ ၎င်းတို့အားလုံးမှာ လူသေအလောင်းများပင် ဖြစ်သည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်တို့သည် အလောင်းတောင်ပုံကြားတွင် လဲနေကြသည်။ သူတို့အားလုံးတွင် ထုံကျဉ်သော အမူအရာများ ရှိကြသည်။ တချို့က ခြေလက်တွေ ကျိုးပြီး အရိုးများ ပေါ်နေသည်တောင် ရှိသည်။

ကျန်းချန်ရှန်း မော့ကြည့်လိုက်သည်။ အရပ်မျက်နှာတိုင်းတွင် မြင့်မားသော တောင်တန်းများ ရှိပြီး စွမ်းအားကြီးသော ကောင်းကင်တံတိုင်းကြီးကဲ့သို့ ဖြစ်နေသည်ဓ နံရံ၏အပေါ်နှင့်အောက်ခြေသည် ဆက်စပ်နေပြီး မြေကိုဝန်းရံထားသောကြောင့် မီးဖိုထဲတွင်ရှိသကဲ့သို့ ခံစားရစေသည်။ ကောင်းကင်တံတိုင်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သဏ္ဍာန် ခုနစ်ရုပ်ရှိ၍ အားလုံးသည် တိမ်တိုက်ထဲသို့ တိုးဝင်ကာ မျက်လုံးများကို တုန်လှုပ်သွားစေသည်။

မရေမတွက်နိုင်သော နတ်ဆိုးကောင်များသည် ကောင်းကင်တွင် ပျံဝဲနေသည်။ နတ်ဆိုး သားရဲများသည် ကောင်းကင်နံရံပေါ်မှ အရပ်ရပ်သို့ ပျံတက်ပြီး သိုင်းပညာရှင်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အချို့မှာ လဲကျသေဆုံးကြပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိကြသည်။

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုး ခုနစ်ယောက်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူ စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်သော်လည်း သူ့မျက်လုံးနှင့်ပင် ဤနေရာတွင် ပိတ်မိနေသော လူမည်မျှကို တွက်ချက်၍ မရပေ။ ဤသည်မှာ ကမ္ဘာ့ ငရဲဖြစ်သည်။

ကျန်းချန်ရှန်း ရှေ့မှာ ရပ်နေသော ဝတ်ပြုသူဟာ သူ့ရင်ဘတ်ရှေ့တွင် လက်များကို ဆုပ်ကိုင်ပြီး ဆုတောင်းသည်။

“ဖန်ကူ၊ လာကယ်ပါဦး”

“ဖန်ကူ၊ လာကယ်ပါဦး…”

ခံစားချက်အတက်အကျမရှိဘဲ ထိုဝါကျကို ထပ်ခါတလဲလဲ ပြောနေသည်။ သူသည် ထုံကျင်နေပြီး ပြိုလဲကျလုနီး ဖြစ်နေသည်။

ကျန်းချန်ရှန်း သက်ပြင်းချလိုက်ပြီး အိပ်မက်က ထွက်လိုက်သည်။ ထို့နောက် အခြား ဒုက္ခရောက်နေသော ကိုးကွယ်သူများ၏ အိပ်မက်သို့ ကူးပြောင်းခဲ့သည်။ သူတို့သည်လည်း အလောင်းကောင်များ ဝိုင်းရံထားသော ဤမြေပေါ်တွင် ရှိနေသည်။ ဝတ်ပြုကိုးကွယ်သူအချို့သည် သူပင် သည်းမခံနိုင်လောက်သော ဤမျှထိတ်လန့်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် ရှိနေကြသည်။

နတ်ဆိုးများသည် ဤနေရာကို စပါးကျီအဖြစ် သဘောထားပုံရသည်။ သေသောသူဖြစ်စေ အသက်ရှင်သည်ဖြစ်စေ ပစ်ချကြလိမ့်မည်။ အချိန်ခဏကြာတိုင်း ပိတ်မိနေသောလူများ တိုက်ခိုက်စေရန် အသားနှင့်အသီးအနှံများကို ပစ်ချကြသည်။ ထိုသို့သော စိတ်ဓာတ်ကျသော အရပ်၌ သက်ရှိတို့သည် ဆင်ခြင်တုံတရား ဆုံးရှုံးပြီး ခေါင်းညွှတ်နေသော သားရဲများ ဖြစ်လာကြသည်။ လူသားစားသော ကိစ္စများပင် ရှိသည်။

ကျန်းချန်ရှန်း ၏ဝတ်ပြုကိုးကွယ်သူများသည် ဖန်ကူ သို့မဟုတ် ရွှမ့းငှက်က ကယ်တင်မည်ဟု ယုံကြည်သောကြောင့် ၎င်းတို့၏ကျိုးကြောင်းဆီလျော်မှုနှင့် မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ပြိုလဲသွားသော ဝတ်ပြုသူများလည်း ရှိသည်။

ကျန်းချန်ရှန်း အိပ်မက်မှ နုတ်ထွက်ပြီး မျက်လုံးဖွင့်လိုက်သည်။

ဒုက္ခရောက်မည်ကို ကြောက်သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝင်ပါချင်စိတ် ပေါက်သွားသည်။

နတ်ဆိုး သူတော်စင် ခုနစ်ယောက် အသတ်ခံရသည်နှင့် တပြိုင်နက် နတ်ဆိုးမျိုးနွယ်၏ အန္တိမနတ်ဆိုးသည် ဧကန်မုချ တိုက်ခိုက်လိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ် ထပ်မံ မထမြောက်နိုင်တော့ပေ။ မဟာကျင်းသည် မြိုင်ဟေဝန်တွင် ရှိသော်လည်း၊ သူသည် နတ်ဆိုးမျိုးနွယ် အန္တိမနတ်ဆိုး၏ အာရုံကိုဆွဲဆောင်ရန် အစပြုမိပါက၊ မြိုင်ဟေဝန် ကိုရှာမတွေ့မချင်း နတ်ဆိုးမျိုးနွယ်သည် နေရာတိုင်းတွင်ရှာဖွေနိုင်ဖွယ်ရှိသည်။ ထိုအချိန်တွင် သူသည် နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရပေမည်။

သူမမြင်ရရင်တောင် ဘာမှမဖြစ်ဘူးဆိုပြီး ဟန်ဆောင်နေနိုင်တယ်။ ဒါပေမဲ့ ဝင်မပါလိုက်ရင် မွန်းကျပ်နေမှာပဲ။

မသေမျိုး ကျင့်ကြံခြင်းကို လိုက်စားခြင်းသည် ကြည်လင်သောစိတ်ရှိရန် လိုအပ်သည်။

သူသာ မစွမ်းဆောင်နိုင်ရင် သူစိတ်ဆိုးမှာ မဟုတ်ဘူး။ အတိအကျပြောရရင် သူစိတ်မကောင်း ဖြစ်နေရသည်မှာ သူတို့ကို အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

ကျီဝူကျွင်း ကို မော့ကြည့်လိုက်ပြီး သူမြင်ခဲ့ရသည်များကို ပြောပြသည်။

ကျီးဝူကျွင်း၏ အမူအရာသည် သူမ နားထောင်ရင်း သိသိသာသာ ပြောင်းလဲသွားသည်။ နတ်ဆိုးသုံးကောင်ပင် ထိတ်လန့်သွားသည်။

အဲဒါက ဘယ်လို ငရဲ အမျိုးအစားလဲ။

ကျီဝူကျွင်း ရေရွတ်ရင်း “အဲဒါက … အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဟာ ရှေးဟောင်း နတ်ဆိုးဖွဲ့စည်းမှုပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ ပျောက်ဆုံးနေတဲ့ဖွဲ့စည်းမှုပဲ…

ကျန်းချန်ရှန်း က "မင်းဘာတွေစဉ်းစားနေတာလဲ"

ကျီဝူကျွင်း က အသက်ပြင်းပြင်းရှူပြီး “ကျွန်မရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင်၊ နတ်ဆိုး ခုနစ်ယောက်က အလုံးစုံမီးဖို ကို ထူထောင်ပြီး အန္တိမ နတ်ဆိုးဆေးလုံး သန့်စင်ဖို့အတွက် လူသားသန်းပေါင်းများစွာရဲ့ အသွေးအသားတွေကို အသုံးပြုဖို့ ပြင်ဆင်နေပြီ။ သူတို့က မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေရဲ့ အသွေးအသားကို အသုံးပြုပြီး ချီကို သိပ်သည်းအောင် လုပ်မှာ။ အဲဒါက အရမ်း ဆိုးရွားတဲ့ ဖွဲ့စည်းမှုပဲ။ ဒဏ္ဍာရီအရ အဲဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က ပေါ်ထွန်းခဲ့ပြီးတော့ အဲဒီအချိန်က သိုင်းဧကရာဇ်က နှိမ်နင်းခဲ့ရတယ်။ သူက အဲဒီအချိန်တုန်းက ဒီနည်းကို သိတဲ့ နတ်ဆိုးတွေ အားလုံးကို သတ်ပစ်ခဲ့ပြီးတော့ နတ်ဆိုးမျိုးနွယ်က ဒီနည်းလမ်းကို မသိအောင် လုပ်လိုက်တယ်။ အန္တိမနတ်ဆိုးဆေးလုံးက နတ်ဆိုးသူတော်စင် ခုနှစ်ယောက်ကို သိုင်းဧကရာဇ်အဆင့် ဖြစ်တဲ့ နတ်ဆိုးဧကရာဇ် အဆင့်က်ု ရောက်စေနိုင်တယ်။ သူတို့ အောင်မြင်သွားတာနဲ့ နတ်ဆိုးမျိုးနွယ်မှာ နောက်ထပ် အန္တိမ နတ်ဆိုး ခုနှစ်ပါး ရှိလာလိမ့်မယ်”

သူမ၏ နှလုံးသားသည် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ လူသားများသည် အန္တိမ ရှစ်ပါးနှင့် ရင်ဆိုင်ရပါက၊ သူမသည် မည်သို့သော အိပ်မက်ဆိုးများ ဖြစ်လာမည်ကို သူမ စိတ်ပင်မကူးနိုင်တော့ပေ။

ပိုင်ချီက “.အန္တိမနတ်ဆိုးက သူတို့ကို အောင်မြင်ခွင့်ပေးမှာလား။"

ကျီဝူကျွင်း ခေါင်းခါလိုက်ပြီး “ငါတော့ မသိဘူး။ နတ်ဆိုး သူတော်စင် ခုနစ်ယောက်က အန္တိမနတ်ဆိုးကို သူတို့ရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်နိုင်တယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ မူလအစက အရမ်း လျှို့ဝှက်ဆန်းကြယ်တာမလို့ အထွတ်အမြတ်နိုင်ငံတောင် သူ့ရဲ့ ဇာစ်မြစ်ကို မသိဘူး။ သူတို့ကို အလုံးစုံမီးဖို ဖွဲ့စည်းတာကို သင်ပေးတာက အန္တိမ နတ်ဆိုး ဖြစ်နိုင်တယ်။ ဒါက မှားရင် တခြားဖြစ်နိုင်ချေတွေကို စဉ်းစားလို့ရတယ်။'

“တကယ်လို့ နတ်ဆိုးသူတော်စင် ခုနစ်ယောက်လုံးက အန္တိမ ဆေးလုံး လိုချင်ရင် သူတို့လိုအပ်တဲ့ သိုင်းပညာရှင် အရေအတွက်က အရမ်းများမှာပဲ။ ဒါဇင်နဲ့ချီတဲ့ ကံကြမ္မာ ကောင်းချီး နိုင်ငံတွေနဲ့တောင် မလုံလောက်မှာကို ငါကြောက်တယ်။ ဒီအဖြစ်အပျက်ပြီးရင် သမုဒ္ဒရာထဲက လူသားအားလုံး သေသွားမှာကို ငါကြောက်တယ်။”

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး တောင်ဘက်သို့ လှည့်လိုက်သည်။

သူသည် ထိုကိုးကွယ်သူများ၏ လမ်းညွှန်ချက်ကို စတင်သိရှိပြီးနောက် အကန့်အသတ်မဲ့ မျက်လုံးများကို ကမ္ဘာမြေကို ကြည့်ရှုရန် အသုံးပြုလိုက်သည်။

ခဏအကြာတွင် နတ်ဆိုးခုနစ်ပါး၏ တည်နေရာကို သူမြင်သည်။

၎င်းတို့သည် ကြီးမားသော တိုက်ကြီးတစ်ခုပေါ်တွင် တည်ရှိသည်။ အဝေးမှကြည့်လျှင် တိုက်ကြီးတစ်ခုလုံးသည် လက်ဖက်ရည်ခွက်လိုဖြစ်နေသည်။ မြင့်မားသောတောင်တန်းသည် နတ်ဆိုးတိမ်တိုက်များထဲသို့ ပျောက်ကွယ်သွားသော ကောင်းကင်တံတိုင်းတစ်ခု အဖြစ် ပုံပေါ်နေသည်။ ကောင်းကင်နှင့် မြေကြီး ဆက်စပ်နေသကဲ့သို့ပင်။ ကောင်းကင်ယံပေါ်တွင် အဖြူရောင်ရေတံခွန်တစ်ခုကဲ့သို့ ကောင်းကင်နံရံအပြင်ဘက်တွင် မရေမတွက်နိုင်တဲ့ အရိုးများစုပုံနေသည်။ ကြောက်ခမန်းလိလိပင်။

မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် တိုက်ကြီးတစ်ဝိုက်တွင် စုရုံးလာခဲ့ကြပြီး မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် အရိုးများကို တူးဖော်ပြီး ကိုက်စားကြသည်။

ကျန်းချန်ရှန်း သည် နတ်ဆိုးတပ်၏ နယ်မြေကို ခန့်မှန်းလိုက်သည်။ တကယ်တော့ သူထင်ထားတာထက် အများကြီး ပိုကြီးတယ်။

ဤတိုက်ကြီးကို ၎င်းတို့၏မွေးရပ်မြေအဖြစ်ဖြင့် နတ်ဆိုးသားရဲများသည် အရပ်ရပ်မှ သိုင်းပညာရှင်များကို ဖမ်းယူကာ ကောင်းကင်နှင့် မြေဆီလွှာဆီသို့ ပျံသန်းကာ ၎င်းတို့ကို ပစ်ချလိုက်သည်။

သူတော်စင် ခုနစ်ယောက်သည် ဤမျှလောက် နတ်ဆိုး သားရဲများကို စုဝေးစေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင်၊ ကျန်းချန်ရှန်း သည် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်၏ ကံကြမ္မာ ကောင်းချီး ရုတ်ချည်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး မဟာကျင်း ကိုလည်း ထိခိုက်စေသည်။

သူသည် အကန့်အသတ်မဲ့မျက်လုံးများကို ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ခရမ်းရောင်အလင်းသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး တိမ်ပင်လယ်ကြီးလည်း တုန်ခါသွားသည်။ ကံကြမ္မာကောင်းချီးက လှုပ်ရှားနေပြီး ကောင်းကင်တွင် ပရမ်းပတာ လှည့်ပတ်နေသော နဂါးရှည်ကြီးများ ဖြစ်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး ကျုံ့သွားပုံရသည်။ အလွန် အံ့ဩစရာ မြင်ကွင်းတစ်ခုပင်။

ကျီဝူကျွင်း တုန်လှုပ်သွားပြီး “ဒီကံကြမ္မာ ကောင်းချီးက…. မဖြစ်နိုင်ဘူး…သိုင်းဧကရာဇ်တစ်ပါးက လူသားတွေကြားထဲမှာ မွေးဖွားလာပြီ”

သူမပြောသည့်အခိုက်တွင် ကျန်းချန်ရှန်း၊ ပိုင်ချီ၊ ဟွမ်ထျန် နှင့် ဟေးထျန်တို့က သူမကို အံ့သြစွာကြည့်နေသည်။

သိုင်းဧကရာဇ်တစ်ပါး လူသားတွေကြားမှာ မွေးဖွားလာတာလား။

ဒါဆို မကြာခင်….

All Chapters