အရမ်းမြန်သလား။ တိုက်
Vol. 18 Ch. 264
လျင်မြန်စွာချဉ်းကပ်လာသော လိပ်ပြာအာရုံခံ နတ်ဓားအရှေ့တွင် နတ်ဆိုးသူတော်စင်ခုနစ်ယောက်သည် ၎င်းတို့၏ အသာလွန်ဆုံးစွမ်းရည်ကို ပြသခဲ့သည်။
နတ်ဆိုး ရောင်ဝါသည် ကောင်းကင်သို့ ပျံတက်သွားသည်။
မြေကြီးမှာကွဲအက်သွားသည်
နေ၊လ စကြဝဠာဓား ၃၆ စင်းသည် ပြင်းထန်စွာ တုန်လှုပ်သွားကာ ဓား ဖွဲ့စည်းမှုတွင် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ၎င်းတို့ကို နတ်ဆိုးသူတော်စင်ခုနစ်ပါး၏ နတ်ဆိုးတန်ခိုးဖြင့် မချိုးဖျက်နိုင်ခဲ့ပေ။
တိမ်ပင်လယ်သည် ပြင်းထန်စွာ တုန်ခါနေပြီး ကမ္ဘာတစ်ဝှမ်းတွင် တိမ်တိုက်များ ဝိုင်းဖွဲ့နေသည်။
အသက်သုံးချက်ရှူချိန်မျှပင် မကြာလိုက်ဘဲ နေလ စကြဝဠာ ဓားဖွဲ့စည်းမှု ငြိမ်သက်သွားသည်။
ဖွဲ့စည်းမှုအတွင်း၊ နတ်ဆိုးသူတော်စင် ခုနစ်ယောက်စလုံးကို လိပ်ပြာအာရုံခံ နတ်ဓားဖြင့် မြေပြင်ပေါ်သို့ ဖိနှိပ်ထားသည။ ၎င်းတို့၏ ခန္ဓာကိုယ်များ တုန်နေသည်။ လိပ်ပြာအာရုံခံ နတ်ဓား တွင်ပါရှိသော ပြင်းထန်သော ဖိနှိပ်မှုက သူတို့ကို ပြန်မထနိုင်စေပေ။
ပြီးပြည့်စုံခြင်းအဆင့်ကို တိုက်ခိုက်ရန် တာအိုနည်းစနစ် နဝမအဆင့်အတွက် ပြဿနာမရှိပေ။
သူသည် သူတို့ကို ချက်ခြင်း မသတ်ပစ်ရခြင်း အကြောင်းရင်းမှာ သူတို့အတွက် ထိုကဲ့သို့ သေခြင်းက လွယ်ကူလွန်းသောကြောင့် ဖြစ်သည်။
ကျန်းချန်ရှန်း ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး တောင်တန်းများနှင့် ပင်လယ်များ၏ ကျမ်း ပွင့်လာသည်။ နတ်ဆိုးသူတော်စင် ခုနစ်ယောက်၏ ဝိညာဉ်များသည် အထိန်းအကွပ်မဲ့ ခန္ဓာကိုယ်ထဲမှ ထွက်သွားကြသည်။ ကြောက်ရွံ့သော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။
သူတို့ ကြောက်နေကြသည်။
သူတို့ဘာကို ရင်ဆိုင်နေရတယ်ဆိုတာ မသိခဲ့ကြပေ။
ဤအခြေအနေမျိုး တစ်ခါမှ မကြုံဖူးကြပေ။ သာမာန်အားဖြင့် သိုင်းပညာရှင်များသည် ၎င်းတို့၏ ဝိညာဉ်များကို ဆွဲထုတ်နိုင်မည်မဟုတ်ပေ။
"မင်းက တကယ်ပဲ ဘယ်သူလဲ”
“ငါတို့ကို လွှတ်ပေး၊ ငါတို့ ထပ်မလုပ်တော့ဘူး။”
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့က ငါ့ဝိညာဥ်လား”
"ချီးပဲ”
နတ်ဆိုး သူတော်စင် ခုနစ်ယောက်တွင် မတူညီသော တုံ့ပြန်မှုများ ရှိသည်။ တစ်ချို့က အသနားခံကြသည်။ တချို့က ဒေါသတကြီး အော်ဟစ်ပြီး တချို့က မေးခွန်းထုတ်ကြသည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။
ကျန်းချန်ရှန်းက သူတို့၏ ဝိညာဉ်များကို တစ်ဝက်ခွဲပြီး တောင်နှင့်ပင်လယ်ကျမ်းတွင် သိမ်းဆည်းထားသည်။
အခင်းအကျင်းထဲတွင် အသက်ရှင်နေသေးသော နတ်ဆိုးသားရဲများက ဒီမြင်ကွင်းကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။ သူတို့သည် အလုံးစုံမီးဖိုတွင်ရှိနေစဥ် လူသားများ ခံစားခဲ့ရသည့်ခံစားချက်ကို ယခုခံစားလိုက်ရသည်။
ကျန်းချန်ရှန်းက နတ်ဆိုးများကို မွေးမြူထားသော်လည်း ဒီနတ်ဆိုးများကို လွှတ်မပေးပေ။ အားလုံးသေရမယ်။
စာမျက်နှာအသစ် ခုနစ်မျက်နှာကို တောင်နှင့်ပင်လယ် ကျမ်းတွင် ပေါင်းထည့်လိုက်သောအခါ ကျန်းချန်ရှန်းသည် ကျန်တစ်ဝက်ကို အပိုင်းပိုင်း ခွဲလိုက်ရာ လူဝင်စားခွင့်မရှိစေတော့ချေ။
နတ်ဆိုး ခုနစ်ပါး၏ အလောင်းများကို တာအိုကမ္ဘာ တွင် ထားရှိခဲ့သည်။
အာကာသလက်ဖဝါးမှ လူသားများသည် ကျန်းချန်ရှန်း ၏ မျက်နှာကို မော့ကြည့်ကြသည်။ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူတို့၏ စိတ်ကူးများမှာ အရိုင်းဆန်နေသည်။ ဤ အင်မော်တယ် နတ်ဘုရား၏ နဖူးတွင် ရွှေရောင်အလင်းတန်းများထုတ်နေပြီး နတ်ဆိုးသူတော်စင်ခုနစ်ယောက်ကို ဖယ်ရှားလိုက်သည်ကို မြင်သောအခါတွင် ပို၍ပင်စိတ်လှုပ်ရှားလာသည်။
သူက မသေမျိုးဆိုတာ အသေအချာပဲ။
နေလ စကြဝဠာ ဓားဖွဲ့စည်းမှု လျော့ပါးလာသည်။
ဘုန်း
စကြဝဠာဓား ၃၆ချောင်းသည် တိုက်ကြီးအပြင်ဘက်မှ စုရုံးလာပြီး အချင်းချင်း တိုက်မိကြသည်။ တခဏချင်းမှာပဲ တိုက်ကြီးပေါ်က နတ်ဆိုးများ အားလုံးသည် ဖုန်မှုန့်များ ဖြစ်သွားပြီး လေနဲ့အတူ ပြန့်ကျဲသွားသည်။
ကျန်းချန်ရှန်း အဝေးကို လှမ်းကြည့်လိုက်သည်။ စကြဝဠာဓား ၃၆ ချောင်းသည် ကျုံ့သွားပြီး လမ်းကြောင်းအားလုံးကို ဖြတ်သွားသည်။
ထို့နောက် လက်ထဲတွင် မြေကိုချလိုက်သည်။ မြေကြီးသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြုတ်ကျပြီး မူလအရွယ်အစား ပြန်ဖြစ်သွားသည်။ မြေပြင်ပေါ်ရှိလူများ ထိတ်လန့်တုန်လှုပ်သွားသော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။
ကောင်းကင်က ကြွေကျလာသော နတ်ဆိုးကောင်များကို ကြည့်လိုက်သောအခါ အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြသည်။
ကျန်းချန်ရှန်း သည် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွာသည်။ လူတိုင်းက ဒူးထောက်ကာ အရိုအသေပေးကြသည်။ နတ်ဆိုးသားရဲများ၏ အော်ဟစ်သံက အဝေးတွင် ပဲ့တင်ထပ်နေဆဲ။ အလွန်သနားစရာကောင်းသော်လည်း သူတို့နားထဲတွင် သာယာနာပျော်ဖွယ်ပင်။
“တတ်နိုင်သမျှ မြန်မြန်ပြန်ကြတော့”
ကျန်းချန်ရှန်း က ထိုစကားကိုပြောပြီးနောက် သူသည် ကောင်းကင်ဘုံသို့ တက်သွားသကဲ့သို့ တိမ်များထဲသို့ ပျောက်ကွယ်သွားသည်။
စကြဝဠာဓား ၃၆ခေျာင်းသည် အရပ်ရပ်မှ ပျံဝဲပြီး တိမ်ပင်လယ်ထဲသို့ လိုက်သွားကြသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် ရွှင်မြူးမှုများ ထွက်ပေါ်လာသည်။
ကျန်းချန်ရှန်း သည် တိမ်တိုက်များအထက်မှ အောက်ပြည်ကို လှမ်းကြည့်လိုက်သည်။ အနီးနားပင်လယ်ရှိ နတ်ဆိုးတိရစ္ဆာန်များသည် ထိတ်လန့်စွာ ထွက်ပြေးနေပြီဖြစ်သောကြောင့် ဤလူများကို ဘေးကင်းသည်ဟု ယူဆနိုင်သည်။
နတ်ဆိုး သူတော်စင် ခုနစ်ယောက်လုံး သေကုန်ပြီ။
အမှတ် ၁ ဘီလီယံအောက်ရှိတဲ့ ဘယ်နတ်ဆိုးမှ ဒီနေရာကို မလာဝံ့လောက်ဘူး။
ကျန်းချန်ရှန်း လှည့်၍ ပျောက်ကွယ်မသွားမီ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲလိုက်သည်။
မှောင်မိုက်သော နန်းတော်တစ်ခုထဲတွင် သစ်ပင်အိုကြီးတစ်ပင်အောက်၌ ပုံရိပ်တစ်ခု ထိုင်နေသည်။ နန်းတော်သည် အလွန်ကျယ်ဝန်းသည်။ အပေါ်တွင် ပိတ်ပိတ်မှောင်နေကာ အပေါ်ကို မမြင်ရပေ။ သစ်ပင်အိုကြီးပေါ်ရှိ အရွက်များပေါ်တွင် ပျံ့နှံ့နေသော စိမ်းစိုနေသော အလင်းများက သစ်ပင်ကို လင်းထိန်စေသည်။
ပုံရိပ်မှာ ယောက်ျားဖြစ်သည်။ ငါးအကြေးခွံနှင့် ဆင်တူသော အဖြူရောင် ၀တ်စုံကို ၀တ်ထားသည်။ သူ့ဆံပင်များက ဖရုိဖရဲနှင့် သွေးနီရောင် ဆံပင်ရှည်များက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ သူ့အသွင်အပြင်က နတ်ဆိုးအလွန်ဆန်ကာ သူ့အသားအရည်ကလည်း ပြေပြစ်နေသည်။ သူ့နဖူးတွင် ဒေါင်လိုက်မျက်လုံးတစ်ခုရှိပြီး သူ့မျက်လုံးများက ငိုက်စိုက်ကျနေသည့် မြွေတစ်ကောင်ကဲ့သို့ပင်။
ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများတွင် မျက်ဆံနှစ်ခုရှိပြီး မျက်လုံးတစ်လုံးစီတွင် မျက်ဆံအကြီးနှင့်အငယ် တွဲလျက်ရှိနေသည်။ အလွန်ထူးဆန်းသော မြင်ကွင်းပင်။
"ကံကြမ္မာကောင်းချီးက ဘာလို့ရုတ်တရက်ကျသွားရတာလဲ။ နတ်ဆိုး သူတော်စင် ခုနစ်ယောက် တစ်ခုခု ဖြစ်သွားတာလား"
ထိုလူက သူ့ကိုယ်သူ ရေရွတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အန္တိမနတ်ဆိုးပင်။
သူသည် နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာ ကောင်းချီးကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။ ထိုအချိန်တွင်၊ နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာ ကောင်းချီး ကျဆင်းမှုသည် နတ်ဆိုး သူတော်စင် ခုနစ်ယောက် ရှင်ပြန်ထမြောက်ချိန်တွင် ကံကောင်းး ကြီးထွားမှုနှင့် ဆင်တူသည်။ သူတို့ တစ်ခုခုဖြစ်သွားတာ သေချာသလောက်ပဲ။
အန္တိမနတ်ဆိုး၏ ပါးစပ်ထောင့်များသည် တွန့်ကွေးကာ လှောင်ပြောင်သော အပြုံး ပြုံးလိုက်သည်။
“မင်းတို့သေတာ မြန်လိုက်တာ။ ထင်တဲ့အတိုင်းပဲ။ မင်းတို့တွေက အမှိုက်တွေပဲ။ မင်းတို့ရဲ့ ဦးဆောင်မှုအောက်မှာ လူသားတွေက နတ်ဆိုးတွေကို နှစ်တစ်သောင်းက ဖိနှိပ်ခဲ့တာ အံ့ဩစရာမရှိပါဘူး။ ငါမင်းတို့ကို အခွင့်အရေး တစ်ခါပေးပြီးပြီ။ ဒါပေမဲ့ ဒီလောက် စောစောကြီး သေသွားမယ်လို့တော့ မထင်ထားမိဘူး”
"နတ်ဆိုးကြီးခုနစ်ယောက်ကို သတ်ခဲ့တဲ့ သိုင်းပညာရှင၊ ငါ မင်းနဲ့ တိုက်ခိုက်ဖို့အတွက် စောင့်မျှော်နေမယ်”
ထိုအတွေးဖြင့် သူသည် မျက်လုံးမှိတ်ကာ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
နတ်ဆိုး သူတော်စင် ခုနစ်ယောက် သေဆုံးခြင်းသည် သူ့အတွက် အရေးမပါသော ကိစ္စဟု ထင်ရသည်။
ကျန်းချန်ရှန်း ခြံဝင်းထဲ ပြန်ဝင်လာသည်။ ပိုင်ချီ၊ ဟွမ်ထျန်၊ ဟေးထျန်နှင့် ကျီဝူကျွင်းတို့က သူ့ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်နေကြသည်။
"ဒီလောက်တောင် မြန်တယ်။ တိုက်ရောတိုက်ခဲ့လား”
ပိုင်ချီ အလျင်စလိုမေးလိုက်သည်။ ကျီဝူကျွင်းလည်း ကျန်းချန်ရှန်းကို သံသယရှိစွာ ကြည့်နေသည်။
ကျန်းချန်ရှန်း က “တိုက်ခဲ့တယ်လေ။ သူတို့က အရမ်းစွမ်းအားကြီးတာ။ ဒီသတင်းကို မဖြန့်ပါနဲ့။”
တာအိုဘိုးဘေး အမည်ကို ချန်ထားခဲ့၍ ကိုးကွယ်သူများသည် သူ့အမည်ကို သိရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သူတို့နှလုံးသားထဲမှာ ရှိနေသရွေ့တော့ ကောင်းတာပဲ။
ထိုစကားပြောပြီး ကျန်းချန်ရှန်းသည် သူ့အခန်းဆီသို့ လျှောက်သွားသည်။
ပိုင်ချီနှင့် ကျီဝူကျွင်း က တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်နေကြသည်။
အဲဒါက ဘယ်လောက်ကြာတာလဲ
ကျီဝူကျွင်း သည် နတ်ဆိုးခုနစ်ပါး၏ ကံကြမ္မာကို မေးချင်သော်လည်း ကျန်းချန်ရှန်းသည် သူ့အခန်းသို့ ပြန်သွားသည်ကို တွေ့လိုက်ရသဖြင့် သူမ ထိန်းထားလိုက်သည်။
သူမက ပိုင်ချီ ကိုကြည့်ပြီး " တာအိုဘိုးဘေးက နတ်ဆိုးခုနစ်ယောက်ကို သတ်ခဲ့တာလား ဒါမှမဟုတ် သူတို့ဖမ်းထားတဲ့သူတွေကို ကယ်ခဲ့တယ်။ ဒါပေမဲ့ နတ်ဆိုးသူတော်စင် ခုနစ်ယောက်ကို လွှတ်ပေးလိုက်တာလား”
ပိုင်ချီက သူ့လက်များကို ဖြန့်ပြီး "ငါ့သခင်ရဲ့ လက်သီးချက်တွေကို လွတ်မြောက်လာခဲ့တဲ့ ပြိုင်ဘက်တွေက ခြံဝင်းထဲမှာပဲ"
ကျီဝူကျွင်း ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားသွားသည်။
ပိုင်ချီ ပြောပြီးသည်နှင့် တစ်ချိန်က ကျန်းချန်ရှန်း ကို စိန်ခေါ်ခဲ့ဖူးသော်လည်း လွှတ်ပေး ခံရတဲ့သူတစ်ယောက် ရှိတယ်ဆိုတာ ရုတ်တရက် သတိရမိသွားသည်။
ထားလိုက်တော့
ဘာပဲဖြစ်ဖြစ် ကျီဝူကျွင်း မသိဘူး။
အဆုံးသတ်တွင် ပိုင်ချီက ကျီဝူကျွင်းကို နှစ်သိမ့်ဖို့ သက်သက်ပြောလိုင်သည်။
“နတ်ဆိုးသူတော်စင် ခုနှစ်ယောက်ရဲ့ အလောင်းတွေက သိုင်းဧကရာဇ်မင်းတစ်ပါးနဲ့ နီးစပ်တယ်။ သေသွားရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်က အသိဉာဏ်အသစ်ကို မွေးဖွားပေးနိုင်တယ်။ ကံမကောင်းစွာပဲ၊ အထွတ်အမြတ် နိုင်ငံ ပြိုလဲပြီးတော့ သူတို့ကို ချိတ်ပိတ်လို့ မရတော့ဘူး”
ကျီဝူကျွင်းက စိတ်မကောင်းစွာပြောသည်။ သို့သော်၊ အလုံးစုံမီးဖိုမှ လူများကို မည်သို့ကယ်တင်ခဲ့ရကြောင်းနှင့် ဤဘေးဆိုးမှ နောက်ထပ်လူများကို ကယ်တင်နိုင်ခဲ့ကြောင်း သူမတွေးသောအခါတွင် သူမ၏စိတ်သည် ပျော်ရွှင်လာသည်။
မျှော်လင့်ထားသည့်အတိုင်း တာအိိုဘိုးဘေးသည် လူသားမျိုးနွယ်၏ မျှော်လင့်ချက်ဖြစ်သည်။
အနည်းဆုံးတော့ လင်းဟုံချန်သည် နတ်ဆိုးသူတော်စင် ခုနစ်ယောက်ကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။
တစ်ဖက်တွင်။
ကျန်းချန်ရှန်းသည် ကုတင်ပေါ်တွင် ထိုင်ကာ ထွက်ပေါ်လာမည့် ရှင်သန်ခြင်း ဆုလာဘ်ကို စောင့်မျှော်နေလေသည်။
သူအရင်ကလိုစိတ်မပူတော့ဘူး။ နတ်ဆိုး သူတော်စင် ခုနစ်ယောက်ကို သတ်ခြင်းသည် ဘာမှမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တွင် တာအိုနည်းစနစ်ရှိသည်။ ချိတ်စည်းကိုးခု ဖီနစ်သရဖူ နှင့် အဆုံးမဲ့ ယန်နတ်အလင်းတို့ဖြင့် သိုင်းပညာလောကတွင် မည်သည့်လူသား သို့မဟုတ် နတ်ဆိုးမျှ သူ့ကို ခြေရာခံနိုင်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာ၊ ဤသည်မှာ သိုင်းပညာလောကပင်၊ ကျင့်ကြံရေးလောကမဟုတ်ပေ။
မသေမျိုး ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကို ကျင့်ကြံပြီး ကံ ရှိသည်။ မိုင်ထောင်ချီဝေးသော ရန်သူများကို သတ်ရန် နည်းလမ်းများစွာ ရှိသည်။
" ထိုက်ဟယ်ခေတ် ၄၈ နှစ်မှာ၊ နတ်ဆိုးခုနစ်ယောက်ဟာ လူသားသိုင်းပညာရှင်တွေကို အငမ်းမရ ဖမ်းယူပြီးတော့ အန္တိမဆေးလုံးကို သန့်စင် ပြင်ဆင်ဖို့ အလုံးစုံမီးဖိုကို အသုံးပြုချင်ခဲ့တယ်။ သင်က အချိန်မီ လုပ်ဆောင်ခဲ့ပြီးတော့ လူတွေကို အချိန်မီ အောင်မြင်စွာ လွတ်မြောက်စေခဲ့တယ်။ သင်က ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆု— မှော်ကံရတနာ 'ငရဲ’ကို ရရှိပါတယ်။
ငရဲ
အဲဒါက မှော်ရတနာတစ်ခုလား။
ကျန်းချန်ရှန်းသည် ကံကြမ္မာ၏ မှော်ရတနာတစ်ခုကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ အရင်တုန်းက မှော်ရတနာ ဒါမှမဟုတ် မှော်လက်နက်တစ်ခုပင်။
သူသည် ငရဲ၏မှတ်ဉာဏ်များကို ချက်ချင်းလက်ခံလိုက်သည်။
ငရဲသည် ကံ၏ မှော်ရတနာတစ်ခုဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ပြန်လည်မွေးဖွားခြင်း စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းသည် သက်ရှိသတ္တဝါအားလုံး၏ အကြောင်းတရားနှင့် အကျိုးတရားကို ချိုးနှိမ်နိုင်ပြီး လောက၏ စိတ်ဝိညာဉ်များကို အဝေးသို့ ဆွဲဆောင်နိုင်သည်။ ဝိညာဉ်များ များများစုပ်ယူလေ ငရဲက ပိုအားကောင်းလေ ဖြစ်သည်။ ၎င်းသည် သတ်မှတ်ထားသောအဆင့်သို့ရောက်သောအခါ၊ ပြန်လည်ဝင်စားခြင်း၏ စည်းမျဉ်းများကို သတ်မှတ်ပေးပြီး ငရဲရှိဝိညာဉ်များကို လူပြန်ဝင်စားရန် ကူညီပေးသည်။ ငရဲမှ လူဝင်စားခြင်းခံရသော မည်သည့်ဝိညာဉ်မဆို သူတို့၏ ကျင့်ကြံမှုသည် ငရဲသခင် ထက်သာလွန်ခြင်းမရှိပါက လူဝင်စားခြင်း၏စည်းမျဉ်းများမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ငရဲသည် ရန်သူ၏ စိတ်ဝိညာဉ်ကို ကြီးမားသော စွမ်းအားပမာဏဖြင့် နှိမ်နင်းရန် မှော်လက်နက်အဖြစ်လည်း အသုံးပြုနိုင်သည်။
၎င်းသည် ကြီးထွားမှုအမျိုးအစားမှော်ရတနာတစ်မျိုးဖြစ်သည်။
ကျန်းချန်ရှန်းက စိတ်ဝင်စားကောင်းသည်ဟု ခံစားရသည်။ တောင်နှင့်ပင်လယ်ကျမ်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲများကို ထိန်းချုပ်ထားပြီး၊ ရတနာကြေးမုံသည် မြေကြီးပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို ထိန်းချုပ်ထားပြီး ငရဲသည် လူသေများ၏ ဝိညာဉ်များကို ထိန်းချုပ်ထားသည်။ မှော်လက်နက်သုံးမျိုးသည် သိုင်းပညာလောကတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်နှင့်၊ သူသည် ကမ္ဘာတစ်ခုလုံး၏အထက်တွင်ရှိပြီး အရာအားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်လော။
အကြွင်းမဲ့ လွတ်လပ်မှုသည် အရာအားလုံးကို ထိန်းချုပ်ရန်ဖြစ်သည်။
ကျန်းချန်ရှန်း သည် ဤကမ္ဘာ၏ လူဝင်စားသံသရာကို စိတ်ဝင်စားသည်။ သိုင်းပညာလောကသည် လူတစ်ဦးကို လူပြန်ဝင်စားရန် ခွင့်ပြုပေးနိုင်သော်လည်း လူတစ်ဦးသေဆုံးပြီးနောက် ၎င်းတို့၏ဝိညာဉ်ကို ရှာမတွေ့နိုင်ပေ။ ပြန်လည် ဝင်စားခြင်းအမှတ်အသားရှိလျှင်ပင် တစ်ဘက်လူက ပြန်မဝင်စားခဲ့ပါက ၎င်းတို့သည် မည်သည့်နေရာတွင် ရှိနေသည်ကို သူရှာမတွေ့နိုင်ပေ။ တစ်ဘက်လူ၏ လူဝင်စားအမှတ်အသားသည် တည်ရှိနေသေးကြောင်းကိုသာ သူ အာရုံခံနိုင်သည်။
သေလွန်သူများ၏ ဝိညာဉ်များ အားလုံးသည် သိုင်းပညာလောကတွင် ပြန်လည် ဝင်စားခြင်း၏ စည်းမျဉ်းများအတွင်းမှ ဖြစ်ကောင်းဖြစ်နိုင်သည်။
စည်းမျဥ်းစည်းကမ်းနှင့် ပတ်သက်ပြီးတော့ တိတိကျကျ မသိရသေးပေ။
ကျန်းချန်ရှန်း တွေးတာကို ရပ်လိုက်ပြီး ငရဲမှ ထွက်လိုက်သည်။
တခဏအတွင်းမှာပဲ သူ့ရှေ့တွင် နန်းတော်တစ်ခု ပေါ်လာသည်။ သေးငယ်ပြီး လက်ရာမြောက်သည်။ နန်းတော်ဟု ခေါ်သော်လည်း အဆောက်အအုံတစ်ခုလိုပင်။ သူသည် ၎င်းကို အချိန်အတော်ကြာ ကြည့်လိုက်ပြီး ငရဲ၌ ကန့်သတ်ချက်များကို စတင်လိုက်သည်။
ငရဲ၌ ကန့်သတ်ချုပ်ချယ်မှုများသည် အလွန်ရှုပ်ထွေးပြီး အကြောင်းတရားနှင့် အကျိုးတရားတို့ ပါဝင်သည်။
ဤသည်မှာ ကျန်းချန်ရှန်း သည် ကံ၏စွမ်းအားသို့ အမှန်တကယ်ဝင်ရောက်လာခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ကိုယ်သူ စိတ်လျှော့ကာ စိတ်ရှည်ရှည်နှင့် အာရုံခံလိုက်သည်။
ခုနစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် ကျန်းချန်ရှန်း သည် အိမ်မှထွက်လာခဲ့သည်။
ကျီဝူကျွင်းနှင့် ပိုင်ချီတို့က သူ့ကို ချက်ချင်းကြည့်သည်။
ကျန်းချန်ရှန်း က ဆေးအိုးထဲသို့ လျှောက်သွားပြီး "နတ်ဆိုးသူတော်စင်ရဲ့ အသွေးအသားကို သန့်စင်ဖို့ ကောင်းကင်ဥပဒေကျမ်းကို ဘယ်သူသုံးချင်လဲ”
သူပြောပြီးသည်နှင့် ကျီဝူကျွင်းနှင့် ပိုင်ချီ မျက်လုံးများ ပြူးကျယ်သွားသည်။ ဟွမ်ထျန်း နှင့် ဟေးထျန် သည် ချက်ခြင်း ခုန်တက်လာသည်။
“နတ်ဆိုး သူတော်စင် ခုနစ်ယောက် သေသွားပြီလား”
ကျီဝူကျွင်း က အလျင်အမြန်မေးတယ် "ရှင် သူတို့ရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်လို့ ဆေးလုံးတွေအဖြစ် သန့်စင်ချင်တာလား။ နတ်ဆိုးသူတော်စင်ရဲ့ အစွမ်းကို ကျွန်မတို့ တကယ် ခံနိုင်ရည် ရှိပါ့မလား"
ကျန်းချန်ရှန်း က ခေါင်းခါလိုက်ပြီး “ သူတို့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးတာက ငါ့အတွက် လက်လှန်လိုက်သလိုပဲ လွယ်ကူတယ်။ မင်းရဲ့အရင်းအမြစ်တွေအတွက် လိုအပ်ချက်တွေကို ငါစဉ်းစားမိလို့ အဲဒါတွေကို သိမ်းထားခဲ့တာ။ မင်းဒါကို ခံနိုင်ရည်ရှိဖို့ နည်းလမ်းကို ငါစဉ်းစားလိုက်မယ်။ အချိန်တိုအတွင်းမှာ စုပ်ယူရမှာ မဟုတ်ဘူး။ ဒါက ရေရှည် အလုပ်ပဲ။”
နတ်ဆိုး ခုနစ်ပါး၏ အလောင်းများသည် လူများစွာအတွက် လုံလောက်အောင် ကြီးမားသည်။
သို့သော်၊ သူသည် လျင်မြန်စွာ အားကောင်းလာစေရန် ကူညီပေးရန်အတွက် လူတစ်စုတွင် နတ်ဆိုးခုနစ်ပါး၏ ရုပ်ခန္ဓာများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ထုံးစံအတိုင်း၊ သူပထမဆုံးစဉ်းစားတာက သူ့ပတ်ဝန်းကျင်ကလူတွေပင်။
ထို့အပြင် သူကိုယ်တိုင်လည်း အသုံးပြုနိုင်သည်။
နတ်ဆိုးသူတော်စင်များအားလုံးသည် အမျိုးမျိုးသော ဆေးဖက်ဝင်ဆေးလုံးများကို သန့်စင်ရန် အသုံးပြုနိုင်သည့် ရတနာများဖြစ်သည်။
“ကျွန်မကို အရင်လုပ်ပေးပါ။ ကျွန်မ! သေမှာမကြောက်ဘူး”
ပိုင်ချီရှေ့တက်လာပြီး ကျန်းချန်ရှန်း ၏ခြေထောက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။
ကျန်းချန်ရှန်းသည် သူမအား လျစ်လျူရှုကာ ဆေးအိုးထဲသို့ ဆေးဖက်ဝင်ပစ္စည်းများကို စတင်လောင်းထည့်လိုက်သည်။
ပိုင်ချီဟု မပြောနှင့်။ နတ်ဆိုးသူတော်စင်နှင့် ကျီဝူကျွင်းပင် ကြီးမားသော ကွာဟချက် ရှိနေသည်။ ကျီဝူကျွင်း ခံနိုင်ရည်ရှိချင်တယ်ဆိုပါက အများကြီးကြိုးစားရလိမ့်မယ်။
ကံကောင်းထောက်မစွာ၊ သူလိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို ရှာဖွေရန် ကျန်းချဲကို ညွှန်ကြားနိုင်ခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်အား ခဏတာ ခိုလှုံခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ တစ်ခုခုကို လိုချင်ရင် အစုလိုက်အပြုံလိုက်ရဲ့ စွမ်းအားကို အသုံးချပြီး ပြုစုပျိုးထောင်ဖို့ အချိန်အများစုကို အသုံးချနိုင်ခဲ့တယ်။