← Chapters

ချန်လဲ့ခေတ် ပထမနှစ်၊ သူ နောက်တစ်ကြိမ် ပြန်ဝင်စားပြီ

Vol. 18 Ch. 268

ချန်လဲ့ခေတ် ပထမနှစ်၊ သူ နောက်တစ်ကြိမ် ပြန်ဝင်စားပြီ

Vol. 18 Ch. 268

ကျန်းချဲ သည် ဧကရာဇ်မင်းဖြစ်ခဲ့သည်မှာ ခြောက်ဆယ့်တစ်နှစ်ရှိပြီဖြစ်သောကြောင့် ကျန်းချန်ရှန်း ၏အဓိပ္ပါယ်ကို သူ သေချာပေါက် နားလည်သည်။

“အဲဒီ ခွေးကောင်လေး”

ကျန်းချဲက ကျန်းချင် လက်ချက်မှန်း ချက်ခြင်း ရိပ်မိသွားသည်။ သူ့အလိုလို ဒေါသ ထွက်သွားသော်လည်း သိပ်မကြာခင်မှာပဲ သူကျေနပ်သွားသည်။

ကျန်းချင်က ထိုကဲ့သို့လုပ်ရန် သူစောင့်နေခဲ့ခြင်းဖြစ်သည်။ နှစ်များကြာလာသည်နှင့်အမျှ သူသည် ထာဝရ ရှင်သန်ခြင်းကို လိုက်စားရန် အစွဲအလမ်းကြီးပြီး ၎င်း၏မူလရည်ရွယ်ချက်ကို မေ့ပျောက်လုနီးပါးဖြစ်ခဲ့သည်။

သူသည် ယခင်ကလည်း ထိုကဲ့သို့ နာကျင်မှုကို ခံစားခဲ့ရသောကြောင့် ကျန်းချင်၏ လုပ်ရပ်ကို ကျေနပ်သွားသည်။ အနည်းဆုံးတော့ ကျန်းချင်သည် ရည်မှန်းချက်ကြီးပြီး ဟိုတုန်းက ပျင်းရိသော အိမ်ရှေ့မင်းသားနှင့် မတူဘဲ သူ့ကိုယ်ပိုင် ထင်မြင်ယူဆချက် ရှိလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဒါပေမဲ့

သူ အားလုံးကို လွှတ်ချလိုက်တော့မည့်အချိန်တွင် ရုတ်တရက် ဆန္ဒမရှိတော့။

ထိုအချိန်မှ သူသည် ဧကရာဇ် ရွှင်းထျန်၏ အတွေးကို နားလည်လာသည်။

လူသားများသည် အဆုံးသတ်တွင် ဆန့်ကျင်ဘက် ပြောဆိုတတ်ခြင်းဖြစ်သည်။ လူနည်းစုကသာ သူတို့အမှန်တကယ် ဘယ်လိုလူစားမျိုးလဲဆိုသည်ကို နားလည်သဘောပေါက်ကြသည်။

ကျန်းချဲ အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့ရှိ ဝိုင်ခွက်နှစ်ခွက်ကို တစ်ချက်ကြည့်လိုက်သည်။ ရွေးချယ်မှုတစ်ခုလုပ်ရမည်ကို သူသိသည်။

ကျီဝူကျွင်း၊ ပိုင်ချီ၊ ဟေးထျန်နှင့် ဟွမ်ထျန်တို့သည် သူ့ရွေးချယ်မှုကို သိချင်၍ သူ့ကို စိုက်ကြည့်နေကြသည်။

ကျန်းချဲသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သြဇာအာဏာ ဟုခေါ်သော ဝိုင်ခွက်ကို ထိလိုက်သည်။ သို့သော် သူသည် ၎င်းကိုထိရမည်ကို တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ဆောင်းဦးထောင်ချီကို ဖမ်းဆုပ်လိုက်သည်။

သူက ကျန်းချန်ရှန်းကို မော့ကြည့်ပြီး "ဘိုးဘေး၊ ကျွန်တော့်ကို နောက်ထပ်ငါးနှစ်လောက် ထပ်ပေးလို့ရမလား။ ငါးနှစ်ကြာပြီးရင် ကျွန်တော် စွန့်လွှတ်ပေးမယ်”

ဧကရာဇ်မင်းနှင့် အငြိမ်းစားဧကရာဇ်တို့ကြား ကွာဟချက်မှာ ကြီးမားနေဆဲဖြစ်သည်။ အကယ်၍ သူသည် ဧကရာဇ်မဟုတ်ပါက၊ သူ၏စွမ်းအားသည် သဘာဝအလျောက် ကျဆင်းသွားလိမ့်မည်။

ကျန်းချန်ရှန်းက "ကောင်းပြီ"

ငါးနှစ်သာ ဖြစ်သည်။ ကျန်းချင် စောင့်ဆိုင်းနိုင်မည်ဟု သူယုံကြည်သည်။

ကျန်းချဲသည် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို သူ့ပခုံးမှ ရုတ်သိမ်းလိုက်သလို ခံစားလိုက်ရသည်။

ကျန်းချန်ရှန်းက “ထာဝရ ရှင်သန်ခြင်းကို လိုက်ရှာတာ ဘာမှ မမှားပါဘူး။ ငါမင်းကိုမကူညီနိုင်ပေမဲ့ မင်းကိုငါတားမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဧကရာဇ်ပဲ။ တိုင်းပြည်နဲ့ လူမျိုးကို မမေ့နဲ့။"

ကျန်းချဲသည် ဆောင်းဦးထောင်ချီကို တစ်ကျိုက်တည်း သောက်ပြီး “ဝိုင်ကောင်းပဲ။ ဒီဝိုင်က ပြောသလိုလည်း မခါးဘူး"

တော်ဝင် အာဏာနှင့် ပတ်သက်သည့် ကိစ္စအားလုံးကို ဝိုင်ဖြင့် ပေးချေလိုက်ပြီ။

ထို့နောက် ကျန်းချန်ရှန်းက သူ၏ ထာဝရ ရှင်သန်ခြင်း ခရီးလမ်းကို မေးမြန်းခဲ့သည်။ ထိုအကြောင်း ပြောသောအခါ ကျန်းချဲ၏ စိတ်ဝင်စားမှုဟာ လှုပ်ခါလာပြီး မနားတမ်း ပြောပြနေသည်။ ကျန်းချန်ရှန်းက အားရပါးရ နားထောင်သည်။

ပိုင်ချီက ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည့။ မဟာကျင်းရဲ့ နောက်ထပ်ဧကရာဇ်မင်းကို ဒီလောက် လွယ်လွယ် ဆုံးဖြတ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ကျီဝူကျွင်းက တခြား အရာများကို တွေးနေသည်။ တာအိုဘိုးဘေးသည် ဧကရာဇ်မဟုတ်သော်လည်း ဧကရာဇ်ထက် စွမ်းအားနှင့် ဂုဏ်သိက္ခာ ပိုကြီးသည်။ ထိုအရာက ခွန်အားတစ်ခုတည်းနှင့် ရလာသော အရာ မဟုတ်ပေ။ တာအိုဘိုးဘေးက စကားတစ်ခွန်း ဝင်ပြောလိုက်သည်နှင့် မဟာကျင်းက သူ့နောက်ကို လိုက်ပြီး ကျန်းချဲ၏ အုပ်စိုးမှုကို ဖြုတ်ချရန် ဆန္ဒရှိလိမ့်မည်ဟု သူယုံကြည်သည်။ ထိုအရာက ကြောက်စရာအကောင်းဆုံးပင်။

တာအိိုဘိုးဘေး လျှောက်ခဲ့သောလမ်းသည် ယခင်သိုင်းဧကရာဇ်များ မလျှောက်ခဲ့ဖူးသော လမ်းဖြစ်သည်။ သူသည် ဧကရာဇ်မင်း၏ ကံကြမ္မာကောင်းချီးကို ယူစရာမလိုဘဲ တိုင်းပြည်ကို ကာကွယ်နိုင်သေးသည်။

သို့သော် ထိုအရာကို တာအိုဘိုးဘေး တစ်ဦးတည်းသာ လုပ်နိုင်သည်။

အကယ်၍များ ဤမျှများပြားစွာလုပ်ဆောင်ပြီး ကံတရား ကောင်းချီးနိုင်ငံတွင် နေထိုင်သော အခြားသိုင်းဧကရာဇ်များသာဖြစ်လျှင် နိုင်ငံသည် အချိန်အတော်ကြာကတည်းပ သူတို့၏ ကံတရားသည် ကံတရားကောင်းချီး နိုင်ငံများနှင့် ရောထွေးနေလိမ့်မည်။ သို့သော် တာအိိုဘိုးဘေးသည် အလုံးစုံ အစွမ်းထက်ပြီး ကံနိုင်ငံနှင့် ပေါင်းစည်းခြင်းကို အမှန်တကယ် ငြင်းပယ်နိုင်သည်။ သူဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သူမ တွေးကြည့်၍ပင် မရချေ။

လေးနာရီကြာပြီးနောက် ကျန်းချဲ နန်းတော်သို့ပြန်လာခဲ့သည်။

ကျန်းချင်က သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီး စိတ်မသက်မသာနှင့် စောင့်နေသည့။ သို့သော် မဆင်မခြင် ဖြစ်လွန်းသည်ဟု အထင်ခံရမည် စိုးသဖြင့် သူ တာအိိုဘိုးဘေးကို မေး၍မရ၊ သို့သော် သူ၏လက်အောက်ငယ်သားများအဆိုအရ ဧကရာဇ်သည် အလွန်ပျော်ရွှင်နေပုံရသည်။

သူဘာလို့ဒီလောက်ပျော်နေတာလဲ။

တာအိိုဘိုးဘေးက သူ့အဖေနဲ့ တော်ဝင်အာဏာကို လဲလှယ်ဖို့ အသက်ရှည် ဆေးလုံးကို သုံးခဲ့တာ ဖြစ်နိုင်လား။

ကျန်းချင်သည် အတွေးများ အရိုင်းဆန်နေသည်။

အိပ်ခန်းသို့ပြန်ရောက်ပြီးနောက်၊ ကျန်းချဲ သည် ငါးနှစ်အတွင်း သူ၏လိုက်လျောမှုသတင်းကို ကိုယ်လုပ်တော်ယွီအား ပြောပြသည်။

ကိုယ်လုပ်တော်ယွီသည် ထိတ်လန့်တကြားဖြစ်ကာ "ဘာလို့ စွန့်ရမှာလဲ။"

ကျန်းချဲက "အရှုံးပေးရမယ့်အချိန်ရောက်ပြီလေ။ ဧကရာဇ်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိတော့ပါဘူး။ အခုအချိန်မှာငါက ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့်ပဲ ဧကရာဇ်ရာထူးကို ရယူထားတာလေ”

"ဒါပေမယ့် အရှင်က ဧကရာဇ်ပါ။ မဟာကျင်းမှာ အရှင်က ဆုံးဖြတ်ချက်ချတဲ့သူပဲ”

"ငါက မဟာကျင်း ရဲ့ဧကရာဇ်ဖြစ်ပေမယ့် မဟာကျင်းက ဧကရာဇ်နဲ့ မသက်ဆိုင်ပါဘူး။"

ကျန်းချဲ ခေါင်းယမ်းပြီး အတွင်းခန်းထဲကို လျှောက်သွားသည်။

ကိုယ်လုပ်တော်ယွီသည် ထိုစကားများကို ပြန်သတိရသောအခါ ထိတ်လန့်သွားသည်။

သူမသည် လေးစားသော အမူအရာဖြင့် ချက်ချင်းပင် နောက်ကလိုက်သွားသည်။

လုံချီတောင်သို့ ခရီးထွက်ပြီးနောက် ကျန်းချဲသည် ပို၍ပင် ရူးသွပ်လာသည်။ သူသည် သူ့အတွက် အင်အားကြီးသော ရက်စက်ကြမ်းကြုတ်သော သားရဲများကို လိုက်လံဖမ်းဆီးရန် သူ့စစ်တပ်များကို သက်သက် တောင်းဆိုခဲ့သည်။ ဤအတွက်ကြောင့်လည်း သူသည် သိုင်းပညာရှင်တိုင်းကို ရူးသွပ်သွားလောက်သည့် ရက်ရက်ရောရော ဆုကြေးများ ထုတ်ပေးခဲ့သည်။

မဟာကျင်းသည် မြိုင်ဟေဝန်အတွက် နောက်ထပ် အမဲလိုက်ခြင်းကို စတင်ခဲ့သည်။

ကျန်းချန်ရှန်းသည် ဤအရာကို သိလိုက်သောအခါတွင် သူသည် ပြုံးရုံသာ ပြုံးကာ သူ၏ အားလပ်သည့် ဘဝကို ဆက်လျှောက်နေခဲ့သည်။

ကျန်းချင်သည် ကျန်းချဲ ထံမှ ကတိတစ်ခု ရရှိခဲ့သည်။

သူ နောက်ထပ်ငါးနှစ်လောက် စောင့်ရဦးမယ်။ ဒါကြောင့် သူသည် ကျန်းချဲအား သားသမီးဝတ္တရား စတင်ကျေပွန်လာသည်။

အချိန်တွေက လျင်မြန်သွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း သုံးနှစ် ကုန်ဆုံးသွားသည်။

နွေရာသီ… ထိုက်ဝယ်ခေတ် ၆၄နှစ်

ကျန်းချန်ရှန်းသည် သူ့မျက်လုံးရှေ့တွင် စကားသံ ရုတ်တရက် ပေါ်လာသည့်အချိန်ထိ ကျင့်ကြံနေသည်။

" ထိုက်ဝယ်ခေတ် ၆၄နှစ်မှာ သင်မှတ်သားထားတဲ့ ကျန်းရင်က ပြန်လည်ဝင်စားပြီးတော့ ချီနိုင်ငံမှာ မွေးဖွားလာခဲ့ပါပြီ”

ကျန်းရင် ဘာလို့သေသွားတာလဲ။

ကျန်းချန်ရှန်း တိတ်တဆိတ် အံ့သြသွားသည်။ ကျန်းရင်သည် ကံကြမ္မာဆန်းကြယ် ကုန်သွယ်ရေးခန်းမကို မဟာကျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ကူညီပေးခဲ့သောကြောင့် ကုန်သည်ကြီးများတွင် သူ၏အဆင့်အတန်းသည် ခုန်ကျော်တက်လှမ်းလာခဲ့သည်။ ရုံးတော်တွင်ပင် သူသည် အရေးကြီးသော အနေအထားရှိသည်။ သူ့အရည်အချင်းက မကောင်းသော်လည်း သူ့သက်တမ်းကို တိုးဖို့ အရင်းအမြစ်များစွာကို အားကိုးနိုင်သည်။ ထို့အပြင် သူအပြင်ထွက်သည့်အခါ သိုင်းပညာရှင်များစွာ၏ ကာကွယ်မှုကို ခံရသည်။

ကျန်းရင်အား သူသည် အမွှေးတိုင်အမှတ်များဖြင့် ကောင်းချီးမပေးခဲ့ပေ။ သူတို့နှစ်ဦး ဆက်ဆံရေးကောင်းမွန်သော်လည်း ၎င်းသည် အကျိုးအမြတ်အပေါ်တည်ဆောက်ထားပြီ ကျန်းရင်အပေါ် သူ မည်သည့်အရာကိုမျှ အကြွေးတင်မနေချေ။

စုံစမ်းစစ်ဆေးဖို့ အကူအညီတောင်းရန် မြို့တော်ရှိ လီကျွင်းအား အသံထုတ်လွှင့်မှုတစ်ခု မပေးပို့မီ ခဏလောက် စဥ်းစားလိုက်သေးသည်။

လီကျွင်းသည် ယခုအခါ ဝတ်လုံဖြူ အစောင့်တပ်၏ တပ်မှူးဖြစ်နေပြီဖြစ်သောကြောင့် သူ့ကိုရှာရန် လွယ်ကူသွားသည်။

ခုနစ်ရက်မပြည့်မီတွင် လီကျွင်းသည် ကျန်းချန်ရှန်းကို လာတွေ့သည်။

“လွန်ခဲ့တဲ့နှစ်လက ကြမ္မာဆန်းကြယ် ကုန်သွယ်ရေးခန်းမက မြိုင်ဟေဝန်ထဲမှာ ဌာနခွဲတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ သူတို့က စွန့်စားခန်း ဖွင့်တတ်တဲ့ သိုင်းပညာရှင်တွေနဲ့ လိုက်လျောညီထွေ ရှိဖို့နဲ့ အရောင်းအဝယ်တွေ လုပ်နိုင်ဖို့ မြို့တစ်မြို့ တည်ဆောက်ချင်နေတာပါ။ ဒါပေမဲ့လည်း လမ်းမှာ ကြမ်းကြုတ်သားရဲတွေရဲ့ အတိုက်အခိုက်က်ု ခံခဲ့ရပြီးတော့ ကျန်းရင်အပါအဝင် သိုင်းသမားတွေ အကုန် အသတ်ခံလိုက်ရပါတယ်။ ဒိကိစ္စကို အိမ်ရှေ့မင်းသားက ဖြေရှင်းပေးခဲ့ပြီးတော့ ကြမ္မာဆန်းကြယ် ကုန်သွယ်ရေးခန်းမက အများပြည်သူကို မထုတ်ပြန်ခင်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။”

လီကျွင်းက ပြောပြီးချိန်တွင် သူ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူသည် ကျန်းရင် နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး အဓိကအားဖြင့် သူသည် အကျင့်စာရိတ္တကောင်းမွန်ပြီး အလွန်ရေပန်းစားသောကြောင့်ဖြစ်သည်။

“အဲဒါကို ပြောရရင်၊ မကြာသေးခင်က မဟာကျင်း ပတ်ဝန်းကျင်မှာ ပိုပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ရှိလာပါတယ်။ ကြီးမားတဲ့ ဘေးဥပဒ်ဆိုးတွေ ဖြစ်လာမှာလားလို့ ကျွန်တော် တွေးမိပါတယ်” လီကျွင်းက ကျန်းချန်ရှန်းကို မကြည့်ခင် စိတ်ပူစွာပြောလိုက်သည်။

ကျန်းချန်ရှန်းက “ကြောက်စရာကောင်းတဲ့ သားရဲတွေက သူတို့ကိုယ်ပိုင် မျိုးနွယ်စုတွေ ရှိကြတယ်။ ကြံရာကျပန်း သားရဲတွေ မဟုတ်ဘူး။ လူတွေက ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ အများကြီးကို လိုက်ရှာနေတဲ့အခါ ဘေးဥပါဒ်ကတော့ အမြဲတမ်း တွေ့နေမှာပဲ။ ဒါက ကြုံကိုကြုံရမှာ။ အနာဂါတ်မှာ မင်း ခေါင်းကိုက်ရမယ့် အချိန်တွေ အများကြီး ရှိလာဦးမယ်”

သူ့စကားရဲ့ အဓိပ္ပာယ်က သူ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။

မဟာကျင်းသည် အင်အားကြီးမားသော်လည်း ၎င်း၏လူများသည် မိမိကိုယ်ကို လေ့ကျင့်ရန် လိုအပ်နေသေးသည်။ မဟာကျင်း အန္တရာယ်ကျရောက်နေချိန်မှသာ သူဝင်ပါမည် ဖြစ်သည်။

ဒါကိုကြားတော့ လီကျွင်း၏ နှလုံးက တင်းကြပ်သွားသည်။ မကြာခင် ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မဲ့ပုံပဲ။

လီကျွင့း မသွားခင် သူတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည် ။

ပိုင်ချီက “ ကျန်းရင် က လက်ဆောင်မပို့တာ ကြာပြီ။ အံ့သြစရာတော့ မရှိပါဘူး။ သူသေသွားပြီကိုး။ သနားစရာပဲ။"

ကျန်းရင် ပေးခဲ့သော အရသာများကို သူမ လွမ်းဆွတ်မိသည်။

ကျန်းချန်ရှန်းက သိပ်စဉ်းစားမနေဘဲ မျက်လုံးမှိတ်ထားလိုက်သည်။

နှစ်နှစ်အကြာတွင်၊ ထိုက်ဟယ်ခေတ် ၆၆နှစ်

ဧကရာဇ်မင်းသည် ထီးနန်းအပ်နှင်းရန် ပြင်ဆင်ထားကြောင်း လူအများအား ကြေညာခဲ့သည်။ နောက်နှစ်နွေဦးပေါက်တွင် အိမ်ရှေ့မင်းသား ကျန်းချင် နန်းတက်တော့မည်။

အမိန့်ထုတ်ပြန်လိုက်တာနဲ့ လူထုက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ဧကရာဇ်မင်းသည် ထီးနန်းအပ်နှင်းရန် မည်သူမျှ မမျှော်လင့်ထားပေ။ ရှေးခေတ်ကတည်းက၊ ယခင်ဧကရာဇ်မင်းသေဆုံးပြီးမှသာ နောက်ဧကရာဇ်မင်းမြတ်ထံ ထီးနန်းအပ်နှင်းရသည်။ ယခုအချိန်တွင် ဧကရာဇ်မင်း၏ ခန္ဓာသည် ကောင်းမွန်နေဆဲဖြစ်သောကြောင့် နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာအောင် အသက်ရှင်ရန် ပြဿနာ မရှိလောက်ပေ။

သို့ရာတွင် အိမ်ရှေ့မင်းသား၏ နှစ်များတစ်လျှောက် ကောင်းမွန်းသော အောင်မြင်မှုများကြောင့် သာမန်ပြည်သူလူထုနှင့် တာဝန်ရှိသူများက ကန့်ကွက်ခြင်းမရှိဘဲ ငိုကြွေးရုံသာဖြစ်သည်။

နှစ်များတစ်လျှောက်တွင် ဧကရာဇ်မင်းသည် မြို့တော်၏မြောက်ဘက်တွင် ဘိုးဘေးနန်တော်ဟု ခေါ်သော နန်းတော်များတည်ဆောက်ခဲ့သည်။ ကျယ်ပြောလှသော ဧရိယာကို သိမ်းပိုက်ထားပြီး မြို့တော်ရှိ နန်းတော်ပြီးလျှင် ဒုတိယနေရာ အကျယ်ဆုံးဖြစ်သည်။ သူ့ မောင်းမမိဿံအားလုံးကို နန်းတော်သို့ခေါ်ဆောင်ကာ သူသည် ရာထူးစွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေသည်။ အစဥ်အလာအရ သူသည် တော်ဝင်နန်းတော်ထဲတွင် ဆက်မနေနိုင်တော့ပေ။

ဒီကိစ္စကို တာဝန်ယူခဲ့သူကတော့ အိမ်ရှေ့မင်းသား ကျန်းချင်ပင်။ ဘိုးဘေးနန်းတော်အား အနှိုင်းမဲ့ ခမ်းနားထည်ဝါသော ပုံစံဖြင့် တည်ဆောက်ထားသောကြောင့် မြို့တော်ရှိ လူများက သူ၏ သားသမီးဝတ် ကျေပွန်မှုကို ချီးကျူးဂုဏ်ပြုကြလေသည်။

နောက်နှစ်တွင် ကျန်းချင် နန်းတက်ပြီး ခေတ်ကို ချန်လဲ့ ဟု ပြောင်းလဲခဲ့သည်။

ချန်လဲ့ခေတ် ၁ နှစ်တွင် ဧကရာဇ်အသစ် နန်းတက်သောအခါ ကျန်းချဲသည် မောင်းမမိဿံများနှင့်အတူ တော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့သည်။ ကျန်းချဲက သက်ရှိထင်ရှားရှိနေသေး ဖြစ်ရာ ထိုနှစ်က ပျော်ရွှင်ပွဲ အခမ်းအနားသာ ရှိပြိး ကြီးကျယ်ခမ်းနားသော ဈာပနမရှိခဲ့ပေ။

ည်ိလာခံခန်းမတွင်

နဂါးဝတ်ရုံကို ၀တ်ဆင်ထားသည့် ကျန်းချင်သည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ကြည့်ရင်း သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူသည် နဂါးပလ္လင်၏ လက်မောင်းကို ထိလိုက်သည်နှင့် အလွန်သက်တောင့်သက်သာ ခံစားလိုက်ရသည်။

ရုံးတော်တစ်ခုလုံးက သူ့ကို ပြုံးပြုံးကြီးကြည့်နေသည်။ အများစုမှာ သူကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ကြသောကြောင့် သူ၏အောင်မြင်မှုများကြောင့် ကျေနပ်ကြသည်။

ဧကရာဇ် ထိုက်ဟယ် သည် အသက်ကြီးပြီး ခေါင်းရှုပ်နေသော်လည်း ပညာရှိအုပ်စိုးရှင်ကိုလည်း မွေးထုတ်ပေးခဲ့သည်ဟု ဆိုရပေမည်။ ဒါက ကောင်းသော အရာပင်။

ချန်လီက ရယ်ပြီး “အရှင်မင်းကြီး၊ အရှင် အခု ထီးနန်းဆက်ခံ ပြီးပါပြီ။ အရှင့်မှာ အကြံဉာဏ်တွေ ရှိပါသလား။ ကျွန်တော်တို့ကို လမ်းပြပေးလို့ရပါတယ်”

အရာရှိများက ခေါင်းညိတ်ပြီး တစ်ယောက်ပြီး တစ်ယောက်ပြောကြသည်။ ကျန်းချင်သည် နန်းမတက်မီ ၎င်းတို့၏ သူငယ်ချင်းကောင်းဖြစ်သောကြောင့် ခန်းမအတွင်းရှိ လေထုသည် သာယာလှသည်။

ကျန်းချင် အသက်ပြင်းပြင်းရှူပြီး ပြုံးပြလိုက်သည်။ “ငါ့မှာ အကြံတစ်ခုရှိတာ ကြာပါပြီ။ လေးစားရတဲ့ အရာရှိတွေ အခုအချိန်မှာ မဟာကျင်းက ဘာချိူ့တဲ့နေတယ်လို့ ထင်ကြလဲ”

သူ ပြောပြီးသည်နှင့် တာဝန်ရှိသူများက အချင်းချင်း ကြည့်နေကြသည်။

ဘာတွေ ချို့တဲ့နေလဲ။

သူတို့ တကယ်မပြောနိုင်ပေ။ သူတို့၏အမြင်အရ၊ လက်ရှိ မဟာကျင်း သည် အရပ်ဘက်နှင့် စစ်ဘက်တွင် မကြုံစဖူး အားကောင်းခဲ့ပြီး ၎င်းတို့၏ဘဏ္ဍာရေးမှာလည်း မဆိုးလှပေ။

ချန်လီ တစ်ခုခုကို တွေးနေပုံရပြီး သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

“မဟာကျင်းက သိုင်းပညာတွေ လစ်လပ်မနေပါဘူး။ သိုင်းပညာကလည်း အခု အထွတ်အထပ်ရောက်နေပါပြီ။ မဟာကျင်းမှာ စာပေလည်း မလစ်ဟင်းပါဘူး။ ကျွန်တော်တို့ရဲ့ စာပေယဥ်ကျေးမှုက ထွန်းတောက်နေပြီးတော့ ကုန်သွယ်ရေးခန်းမတွေရော သစ်တောတွေရော ရှိပါတယ်။ ဒါက ပြည်သူတွေကို အဝတ်အထည်နဲ့ အစားအသောက်ကို မပူပန်စေရဘူး။ ဒါပေမဲ့ မဟာကျင်းမှာ အရမ်းအရေးကြီးတာ တစ်ခုလစ်ဟင်းနေပါတယ်။”

ကျန်းချင်သည် အရာရှိများကို စူးစူးစိုက်စိုက်ကြည့်ကာ ဖြည်းညှင်းစွာပြောသည် "အဲဒါက ပျော်ရွှင်မှုပဲ။ ငါ့အမြင်အရတော့ ပျော်ရွှင်မှုဆိုတာ မရှိမဖြစ်ပဲ။ ဒါပေမဲ့လည်း အလုပ်အပြင် မဟာကျင်းက လူတွေက သိုင်းပညာနဲ့ စာပေကိုပဲ လေ့ကျင့်ကြတယ်။ ငါက ပျော်ရွှင်မှုလမ်းကြောင်းကို မြှင့်တင်ပြီးတော့ မဟာကျင်းက လူတွေအကုန်လုံးကို ပျော်ရွှင်စေချင်တယ်။ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ ထုံးစံအတိုင်း၊ အားနည်းချက်တစ်ခုရှိနေတာက ပျော်ရွှင်မှုမဟုတ်ဘူး။ ငါက မဟာကျင်းမှာ မကြုံစဖူး ပျော်ရွှင်စရာ မင်းဆက်တစ်ခုကို ဖန်တီးချင်တယ်”

ဒါကိုကြားတော့ အရာရှိများ၏ အမူအရာများ ပြောင်းသွားပြီး တော်တော်များများက 'အို မဟုတ်ဘူး' ဟု ကိုယ့်ကိုယ်ကို တွေးနေကြသည်။

ကျန်းချင်က စကားများများပြောလေ၊ သူပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ သူပထမဆုံး လုပ်ရမည့်အလုပ်က ခေတ်သစ် ရောက်လာခြင်းကို ဂုဏ်ပြုရန် အတွက် ကမ္ဘာတစ်ဝှမ်းက ပညာရှင်များနှင့် ကျော်ကြားသူများအားလုံးကို မြို့တော်ကို စုရုံးပြီး ကဗျာနှင့် သီချင်းများ စုစည်းဖို့ပင်။

အချို့သောလူများက ချက်ချင်းကန့်ကွက်သော်လည်း ကျန်းချင်က နှိမ်နင်းလိုက်သည်။

ကျန်းချင်သည် ကလေးမဟုတ်တော့ပေ။ သူသည် ယခုဧကရာဇ်ဖြစ်သည်။ သူစိတ်ပိုင်းဖြတ် ထားသရွေ့ သူ့ကို ဘယ်သူမှ တားလို့ မရဘူး။

အချိန်အတော်ကြာပြီးနောက်၊ ဧကရာဇ်မင်းမြတ်၏ စကားများသည် တစ်ပြည်လုံးသို့ ပျံ့နှံ့သွားပြီး အဆက်မပြတ်ဝေဖန်မှုကို ခံခဲ့ရသည်။

အချို့က ၎င်းကို ထောက်ခံသော်လည်း အချို့က ရယ်စရာကောင်းသည်ဟု ထင်ကြသည်။

ထိုသတင်းသည် ကျန်းချန်ရှန်း၏နားထဲသို့ ရောက်သောအခါ သူ ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ သူ မအံ့သြပါဘူး။

ဒါ ဒီကလေးရဲ့ သဘောသဘာဝပဲ။

ဖုယွဲ့မိသားစုမှ ယွီယန်ယီက မနေနိုင်ဘဲ “ တာအိုဘိုးဘေး၊ သူက ပေါကြောင်ကြောင် အုပ်စိုးရှင်ဖြစ်လာမှာကို မစိုးရိမ်ဘူးလား"

ကျန်းချန်ရှန်းက “ဒီကိစ္စလောက်နဲ့ သူ့ကို အရည်အချင်းမပြည့်မီတဲ့ အုပ်စိုးရှင်တစ်ယောက်လို့ ဘယ်လိုယူဆလို့ရမှာလဲ။ သူက နိုင်ငံအရေးကို လျစ်လျူရှုခဲ့လား။ ဒါမှမဟုတ် အစွန်းရောက်ဝါဒကို ကျူးလွန်ခဲ့သလား။ ရုံးတော်ကို နှောင့်ယှက်ဖို့ ယုတ်မာတဲ့ လူတွေကို သူခွင့်ပြုခဲ့သလား”

ယွီယန်ယီ အံ့ဩသွားပြီး မချေပနိုင်။

ပိုင်ချီက ပြုံးပြီးပြောသည်။ "အဲဒါက တော်တော်ကောင်းတယ်လို့ ငါထင်တယ်။ အနည်းဆုံးတော့ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ဖို့ ရည်မှန်းချက်ရှိတယ်။ ဒီအချိန်ဟာ ငြိမ်းချမ်းသာယာတဲ့ အချိန်မဟုတ်ဘူးလား။”

ကျီဝူကျွင်းက “ဟုတ်သားပဲ။ အထွတ်အမြတ် နိုင်ငံမှာ အလားတူ အချိန် နှစ်ချိန် ရှိခဲ့တယ်။ ဒီအချိန်တွေက လူတို့ရဲ့ နှလုံးသားမှာ မင်းဆက်ရဲ့ အနေအထားနဲ့ အရေးပါမှုကို တိုးစေနိုင်တယ်။”

ယွီယန်ယုကို နှုတ်ခမ်းကို ဆူလိုက်ပြီး “ တာအိုဘိုးဘေးက ဘာပြဿနာမှ မရှိဘူးလို့ ဆိုမှတော့ ကျွန်မစောင့်ကြည့်နေမယ်"

ကျန်းချန်ရှန်း ပြောနေချိန်မှာပင် သူ့မျက်လုံးရှေ့တွင် စကားသံ ရုတ်တရက် ပေါ်လာသည်။

[ချန်းလဲ့ ပထမနှစ်မှာ သင်မှတ်သားထားတဲ့ ကျန်းရင်ဟာ အောင်မြင်စွာ လူပြန်ဝင်စားပြီး မြိုင်ဟေဝန်ထဲမှာ မွေးဖွားခဲ့ပါတယ်။]

သူ ဘာလို့ နောက်ထပ် ပြန်ဝင်စားလာရပြန်တာလဲ။

သူ့မှာ နောက်ထပ် လေးပင်လယ် ပညာရှိ ဖြစ်လာဖို့ ကံကြမ္မာပါနေတာလား။

All Chapters