ကြီးမားသောတိုက်ပွဲ
Vol. 96 Ch. 1427
“သခင်လေး... အဲ့ဒါကို ခင်ဗျားကိုယ်တိုင်လုပ်စရာမလိုပါဘူး ကျုပ်က ခင်ဗျားကိုယ်စား အထီးကျန်သိုင်းသခင်ကို ကူဖမ်းပေးမယ်”
သွေးနွယ်ပင်မျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ရှေ့သို့ထွက်ရပ်လာ၏။
ထန်လင်းကျီက လက်ကာပြပြီး ပြုံးလိုက်လေသည်။
“မလိုဘူး ရတယ်... ဒီလူ့ကို ငါ့ရဲ့သွေးဘူးတောင်းထဲ ငါကိုယ်တိုင်ဖမ်းထည့်မယ်... အထီးကျန်သိုင်းသခင် ဒီလောကမှာ ကျင့်ကြံခြင်းအဆင့်တူရင် ငါကိုယ်တိုင်တိုက်ခိုက်လောက်ရအောင် ထိုက်တန်တဲ့သူ များများစားစားမရှိဘူး”
ထန်လင်းကျီက သွေးဘူးတောင်းကို ဆုပ်ကိုင်ထားပြီး မကောင်းဆိုးဝါးဆန်ဆန်အပြုံးနှင့်အတူ ဆူဇီမိုထံသို့ လျှောက်လှမ်းလာ၏။
“မင်းက ငါ့လက်ထဲမှာသေရတော့မှာ ဂုဏ်ယူစရာပဲ”
“မင်းပါးစပ်ပေါက်ကိုပိတ်ပြီး သေဖို့ပြင်ထားလိုက်တော့”
ဆူဇီမိုကလှောင်ရယ်၍ ထန်လင်းကျီထံသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာ၏။
“ဘာလဲ... မင်းက ငါ့နဲ့ အနီးကပ်တိုက်ခိုက်ချင်တာလား”
ထန်လင်းကျီက ညင်သာစွာ ပြုံးလိုက်၏။
သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးအနေဖြင့် မျိုးဆက်တစ်ခု၏ ပြန်ဝင်စားမွန်းစတားသည် ဆူဇီမို၏အကြံကို ချက်ချင်းပင် ရိပ်မိလိုက်လေသည်။
ကမ္ဘာဦးမျိုးနွယ် ၉စုကြားတွင် သွေးနွယ်ပင်မျိုးနွယ်က သွေးဆာရက်စက်သော်လည်း သူတို့၏သွေးချီနှင့် ကိုယ်ကာယက သန်မာမှုမရှိပဲ နတ်ဘုရားမျိုးနွယ် ၊ နဂါးမျိုးနွယ်တို့ထက် များစွာနိမ့်ကျလေသည်။
သူတို့သည် စုန်းမျိုးနွယ်ထက် အနည်းငယ်ပိုမိုသန်မာရုံမျှသာဖြစ်၏။
သူသည် သွေးနွယ်ပင်မျိုးနွယ်နှင့် အနီးကပ်တိုက်ခိုက်နိုင်မည်ဆိုလျှင် ဆူဇီမိုသည် သူ၏အစ်ိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ ထန်လင်းကျီကို ဖိနှိမ်နိုင်လိမ့်မည်ဟု အလွန်တရာ ယုံကြည်မှုရှိလေသည်။
“ဟဲဟဲ... အဲ့ဒါက သိပ်တော့လွယ်မှာ မဟုတ်ဘူးနော်”
ထန်လင်းကျီက ရယ်မော၍ လေထဲမှာ ခြေတစ်ချက်ဆောင့်လိုက်၏။
ရွှစ်... ရွှစ်...
လေထဲတွင် လက်မောင်းလုံးလောက်တုတ်ခိုင်သော သွေးနီရောင်နွယ်ပင်များသည် ရုတ်တရက်ကြီးထွားလာပြီး ဆူဇီမိုထံသို့ ရစ်ခွေလာကြ၏။
သွေးနွယ်ပင်များရောက်မလာခင်မှာပင် သူတို့၏ထိပ်ဖျားရှိ လူပုံသဏ္ဌာန် မျက်နှာများသည် သူတို့၏ပါးစပ်များကိုဖွင့်ဟပြီး အေးစက်စက်အလင်းဖြင့် တောက်ပနေသည့် သွားစွယ်များကို ထုတ်ဖော်ပြသသလာ၏။
အနည်းဆုံး သွေးနွယ်ပင်ရာချီက ညှီစို့စို့အနံ့များနှင့်အတူ ရစ်ခွေလာပြီး ဆူဇီမိုကိုဝါးမျိုဖို့ ခြိမ်းခြောက်လာလေသည်။
“ဟမ့်..”
ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ သူ၏လက်ညိုးကို ဝေ့ယမ်းလိုက်၏။
ဝှစ်... ဝှစ်... ဝှစ်...
ချက်ချင်းပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ဆယ်ခုကျော်သည် ရုန်းကန်ထွက်ပေါ်လာပြီး အလွန်တရာထက်ရှမှုနှင့်အတူ သူ၏ဘေးပတ်လည်မှာ လှည့်ပတ်လာ၏။
သူတို့က ယှက်ဖြာသွားပြီး ကျယ်ပြန့်သော အဖြူရောင်အလင်းပြင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဖျောက်... ဖျောက်... ဖျောက်...
သွေးနွယ်ပင်များသည် ချည်းကပ်လာသည့်ခဏမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ဖြတ်တောက်ခြင်းခံရပြီး သွေးများက ပန်းထွက်လာကာ လေထုကို နီစွေးသွားစေ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ဆယ်ခုကျော်သည် အပြင်ဘက်ရှိ သွေးနွယ်ပင်ရာချီကို လှည့်ပတ်၍ ပိတ်ဆို့တားဆီးလိုက်၏။
“ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်လား”
ထန်လင်းကျီသည် သူ့မျက်လုံးထဲရှိ စိုးရိမ်မှုတစ်စွန်းတစ်စနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။ သွေးနွယ်ပင်မျိုးနွယ်၏ မှတ်တမ်းများထဲတွင် အထက်ဘုံမှာပင်လျှင် ဤမဟာဓားပညာရပ်သုံးခုက အလွန်တရာ နာမည်ကြီးကျော်ကြားလေသည်။
မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းလိုက်မည်ဆိုလျှင် ထွက်ပေါ်လာမည့်စွမ်းအားက မမျှော်မှန်းနိုင်အောင် ကြောက်စရာကောင်းပေလိမ့်မည်။
အထက်ဘုံမှ ပကတိအင်မော်တယ်များပင်လျှင် ထိုဓားပညာရပ်ကို ရှောင်ရှားရလေသည်။
“သွေးမုန်တိုင်း”
ထန်လင်းကျီက သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ အဝေးကနေ ဆူဇီမိုရှိရာသို့ လက်ညိုးညွှန်လိုက်၏။
ဝှစ်... ဝှစ်..
ချက်ချင်းပင် သွေးရောင်ပုံရိပ်များက လေထဲမှာ ထွက်ပေါ်လာပြီး ဆိုးယုတ်တစ္ဆေများကဲ့သို့ ဆူဇီမိုထံသို့ တိုးဝင်လာကာ ညှီစို့စို့နှင့် နတ်ဆိုးဆန်သော လေပြင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သွေးမုန်တိုင်းသည် သွေးနွယ်ပင်မျိုးနွယ်၏ အမွေအနှစ်လျှို့ဝှက်အတတ်ဖြစ်၏။ ထိုလေပြင်း ဖြတ်သန်းသွားရာ မည်သည့်နေရာမဆို ကျင့်ကြံသူတစ်ယောက်၏ အသားများက လုံးဝစုတ်ပြဲ ကွာကျသွားပေလိမ့်မည်။
ရှေးဟောင်းခေတ်တုန်းက သွေးနွယ်ပင်မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်သည် ထိုလျှို့ဝှက်အတတ်ကို တစ်ခါထုတ်ဖော်ခဲ့၏။ ထိုလေပြင်းတိုက်ခတ်သွားရာနေရာတိုင်း မြေပြင်ပေါ်မှာ အရိုးဖြူဖြူများသာကျန်ရစ်ခဲ့လေသည်။ အဲ့ဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်လေသည်။
ထိုလေပြင်းတိုက်ခတ်လာသောအခါ ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့ပြီး သူ၏မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုဖြစ်ပြီး ချို့ယွင်းချက်ကင်းမဲ့လေသည်။ ယခုအချိန်တွင် ဆူဇီမိုက လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်နေပြီး အဆင့်-၇ မှာ ရှိနေ၏။
လေပြင်းတိုက်ခတ်လာသောအခါ ၎င်းသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးဖြင့် ချက်ချင်းပင်ဖိနှိမ်ခံလိုက်ရ၏။ မရေမတွက်နိုင်သော သွေးအရိပ်များက ပျက်ပြယ်သွားပြီး သွေးမိုးများအဖြစ်ပြောင်းလဲကာ ရွာသွန်းကျဆင်းလာ၏။
သွေးမိုးသည် အလွန်တရာဆိုးယုတ်၍ မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော တိုက်စားစွမ်းအားကို ပိုင်ဆိုင်ထား၏။
အစိမ်းရောင်ကြာပန်းသည် သန့်စင်၍ စွန်းထင်းခံရခြင်း မရှိပေ။ ၎င်းသည် ဤကဲ့သို့ ညစ်ညမ်း၍ ဆိုးယုတ်သောအရာများကို နှိမ်နှင်းရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်၏။
ဆူဇီမိုသည် သက်ရောက်ခံရခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းမရှိပဲ သွေးမုန်တိုင်းထဲကနေ လျှောက်လှမ်းလာခဲ့၏။
“မင်းရဲ့ ဘာမဟုတ်တဲ့... လှည့်ကွက်လေးတွေကို ဘယ်လိုတောင်အရှက်မရှိ ထုတ်ပြရဲတာလဲ... သွေးနွယ်ပင်မျိုးနွယ်ရဲ့ သခင်လေးကလည်း ဘာမှမဟုတ်ပါလား”
ဆူဇီမိကလှောင်ရယ်လိုက်၏။
“ငါမင်းကို လူသားမျိုးနွယ်ရဲ့ ဓမ္မပညာရပ်တွေ ပြပေးမယ်”
“မာ... ဟုန်”
သူက သက္ကတဘာသာစကားဖြင့် ရွတ်ဆိုလိုက်၏။ တာမင်းမန္တန်သည် နေရာတစ်ခွင် ပဲ့တင်ထပ်သွား၏။
ဤတစ်ကြိမ်မှာတော့ သူသည် သားရဲနှိမ်နှင်းချိပ်စည်း သို့မဟုတ် မိစ္ဆာနှိမ်နှင်းချိပ်စည်းတို့ကို ထုတ်ဖော်ခြင်းမရှိပေ။ ထိုအစားသူသည် တာမင်းဓမ္မချိပ်စည်း၏ စွမ်းအားအကြီးဆုံး ဓမ္မပညာရပ်နှစ်ခုကို ထုတ်ဖော်လိုက်၏။
မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်းတို့ဖြစ်၏။
ဓမ္မချိပ်စည်းနှစ်ခုက ဆင်းသက်လာခဲ့လေပြီ။
ဧရာမဝရဇိန်လှည်းဘီးတစ်ခုသည် တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ထန်လင်းကျီရှိရာသို့ ဖိချေကျဆင်းလာ၏။
ထန်လင်းကျီသည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ပုံရိပ်က ပျောက်ကွယ်သွား၏။ ထိုနေရာမှာ သွေးနွယ်ပင်တစ်ရာက ကြီးထွားလာပြီး သူတို့၏လက်တံများကို ဝေ့ယမ်းကာ လေထဲတွင်ရှိသော ဝရဇိန်လှည်းဘီးကို ရစ်ပတ်လိုက်ကြ၏။
တာမင်းဓမ္မချိပ်စည်းနှင့် ထန်လင်းကျီက သူ၏အစစ်အမှန်ပုံစံကို မဖြစ်မနေပြောင်းလဲလိုက်ရ၏။
ထိုတုတ်ခိုင်သော သွေးနွယ်ပင်များသည် ထန်လင်းကျီ၏ အသွေးအသားခန္ဓာကိုယ်ဖြစ်၏။
သူအရင်ဆုံးဆင့်ခေါ်ခဲ့သော ဓမ္မပညာရပ်များနှင့်ယှဥ်လျှင် သူတို့သည် လုံးဝကွဲပြားခြားနားနေပြီး ကြောက်စရာကောင်းသောခွန်အားကို ပိုင်ဆိုင်ထား၏။
သွေးနွယ်ပင်တစ်ရာသည် တစ်ပြိုင်နက်တည်းလှုပ်ရှားလာပြီး တစ်ခဏအတွင်းမှာပင် ဝရဇိန်လှည်းဘီးကို တင်းကျပ်စွာရစ်ပတ်လိုက်ကြ၏။
ဝရဇိန်လှည်းဘီးက ရှေ့သို့ဆက်မတက်နိုင်တော့ပေ။
တဖျတ်ဖျတ်တလက်လက် ဝရဇိန်လှည်းဘီးသည် တဖြည်းဖြည်း အရောင်မှိန်ကျသွားပြီး နောက်ဆုံးမှာတော့ နွယ်ပင်များကြားမှာ နစ်မြုပ်သွား၏။ သိပ်မကြာခင် ၎င်းသည် တိုက်စားခံလိုက်ရပြီး စကာပေါက်ဖြစ်လာခဲ၏။
ဘန်း... ဘုန်း...ဘုန်း..
ထိုစဥ်မှာပင် ကြီးမားသောအရိပ်တစ်ခုက သူတို့အပေါ် လွှမ်းခြုံလာ၏။
အလွန်တရာကြီးမားသော နတ်ဘုရားဆန်ဆန်တောင်တစ်လုံးက ဆင်းသက်လာခဲ့၏။ ၎င်းသည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် မဟာမြင်းမိုရ်တောင်ဖြစ်လေသည်။
ဓမ္မချိပ်စည်းများသည် မြင်းမိုရ်တောင်တစ်လုံးအဖြစ် စုဖွဲသွားပြီး အဆုံးမဲ့သောစွမ်းပကားနှင့်အတူ ထန်လင်းကျီကို ဖိနှိမ်လာခဲ့၏။
ရွှစ်...
သွေးနွယ်ပင်တစ်ရာက လေထုကိုဆုတ်ဖြဲ၍ မြင်းမိုရ်တောင်ရှိရာကို ရစ်ပတ်လာကြ၏။
ဖောက်... ဖောက်... ဖောက်...
သို့သော်လည်း နွယ်ပင်များသည် မြင်းမိုရ်တောင်နှင့် ထိတွေ့မိသည့်ခဏမှာပင် သူတို့သည် အထွတ်အမြတ်တောင်ပေါ်ရှိ နတ်ဘုရားစွမ်းအားဖြင့် တွန်းကန်ခြင်းခံရပြီး နေရာမှာပင် ပေါက်ကွဲပြတ်တောက်သွားကြ၏။
“အား...”
ထန်လင်းကျီက မာန်သွင်းဟိန်းဟောက်လိုက်၏။
ထိုကဲ့သို့သောဒဏ်ရာတစ်ခုသည် သူ့ကိုမတားဆီးနိုင်ရုံသာမက သူ့ကိုပို၍ပင် ဒေါသထွက်လာစေ၏။
ပို၍ပင်များပြားသော နွယ်ပင်များက မြင်းမိုရ်တောင်ဆီသို့ တလိပ်လိပ်တက်လာခဲ့၏။
အစက ပေါက်ကွဲစုတ်ပြဲသွားသော နွယ်ပင်များထံမှ ညှီစို့စို့သွေးများက မြင်းမိုရ်တောင်ပေါ်သို့ ပြန့်ကျဲကျဆင်းလာပြီး အထွတ်အမြတ်တောင်ပေါ်ရှိ အလင်းရောင်ကိုမှိန်ကျစေကာ ၎င်း၏စွမ်းအားကို ယုတ်လျော့လာစေ၏။
သွေးနွယ်ပင်မျိုးနွယ်က သွေးဆာရက်စက်မှုအရှိဆုံးဖြစ်၏။
သူတို့၏ မျိုဆက်သွေးတွင် မရေမတွက်နိုင်သော သတ္တဝါများ၏သွေးများက ရောနှောပါဝင်နေပြီး သူတို့၏သွေးက အညစ်ညမ်းဆုံးနှင့် အဆိုးယုတ်ဆုံးဖြစ်လေသည်။
သူတို့နှင့် အမှတ်တမဲ့ထိတွေ့မိပါက ဓမ္မလက်နက်များပင်လျှင် လုံးဝဖျက်ဆီးခံရပေလိမ့်မည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အတွက်တော့ သူတို့၏ နွယ်ပင်များ ပေါက်ကွဲစုတ်ပြဲသွားခြင်းက ဘာမှပြောပလောက်စရာမဟုတ်ပေ။
သူတို့က ချက်ချင်းပင် ပြန်လည်ပေါက်လာနိုင်၏။ သို့သော်လည်း မဟာမြင်းမိုရ်တောင်ချိပ်စည်းသည် ပန်းထွက်လာသော ညစ်ညမ်းဆိုးယုတ်သည့်သွေးများကို ခံနိုင်ရည်မရှိတော့ပေ။
ထန်လင်းကျီသည် ဓမ္မချိပ်စည်းနှစ်ခုကို ချေဖျက်နိုင်သည့်အချက်ကပင် သူကအစွမ်းအစရှိကြောင်း သက်သေပြပြီးလေပြီ။
သို့သော်လည်း တာမင်းဓမ္မချိပ်စည်းနှစ်ခှနှင့် တိုက်ခိုက်နေစဥ်အတွင်း ဆူဇီမိုက ထန်လင်းကျီအနားသို့ ချဉ်းကပ်လာနိုင်ခဲ့ပြီဖြစ်၏။
အနီးကပ်တိုက်ခိုက်ခြင်း...
ဆူဇီမိုသည် သူ၏အားသာချက်ကို အပြည့်အဝအသုံးပြုချင်လေသည်။
ထိုသည်ကိုမြင်သောအခါ အခြားသောသွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဝင်ရောက်တိုက်ခိုက်ခြင်း သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်း ရှိမလာခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏မျက်လုံးများသည် လှောင်ပြောင်သရော်လိုမှုဖြင့် တောက်ပလာခဲ့၏။
တိုက်ပွဲနယ်မြေတွင်...
ဆူဇီမို ဆင်းသက်လာသောအခါ ထန်လင်းကျီသည် သူ၏အစစ်အမှန်ပုံစံသို့ပြောင်းလဲပြီး မြေပြင်မှာပင် အမြစ်တွယ်ရပ်တည်နေ၏။ သူက မလှုပ်ရှားနိုင်တော့ပဲ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပေတော့မည်။
သွေးနွယ်ပင်တစ်ရာက လေထုကို ဆုတ်ဖြဲ၍ ဆူဇီမိုထံသို့ လွှဲရိုက်လာကြ၏။
“ကြေမွစမ်း”
ဆူဇီမိုသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာရင်း ကောင်းကင်ထည်သွားခြေလှမ်းကို ထုတ်ဖော်လိုက်၏။
“ဖောင်း...”
သူခြေတစ်ချက်နင်းလိုက်တိုင်း သွေးနွယ်ပင်ဆယ်ခုကျော်က ပေါက်ကွဲထွက်သွား၏။
သွေးများက ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ပြန့်ကျဲကျဆင်းလာ၏။
ထိုစဥ်မှာပင် ထူးဆန်းသောတစ်စုံတစ်ရာက ဖြစ်ပွားလာခဲ့လေသည်။